Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

နှစ်ထပ်တိုး (Compound Interest) ရဲ့စွမ်းအား

4:30 PM | ,

နှစ်ထပ်တိုးဆိုတာ ကျောင်းမှာသင်္ချာသင်တုံးက တွက်ခဲ့ဖူးကြမှာပါ။ ဒေါ်လာ(၁၀၀)ကို တနှစ်အတိုးနှုန်း(၁၀)ရာခိုင်နှုန်းနဲ့ အပ်ထားလိုက်ရင် တနှစ်ပြည့်တာနဲ့ ဒေါ်လာ(၁၁၀)ဖြစ်လာမယ်။ အတိုးကိုမထုတ်ပဲ ဒေါ်လာ(၁၁၀)ကို ဆက်စုထားရင် ဒုတိယနှစ်ကုန်တဲ့အခါ ငွေရင်း(၁၁၀)ပေါ်မှာ ရတဲ့အတိုးက (၁၁)ဒေါ်လာဖြစ်လို့ စုစုပေါင်းအပ်ငွေဟာ ဒေါ်လာ(၁၂၁)ဖြစ်သွားမယ်။ ဒါကို နှစ်ထပ်တိုးလို့ခေါ်တယ်ဆိုတာ အများသိကြပါတယ်။ ဒီတခါလဲ အတိုးကိုမထုတ်ပဲ ဒေါ်လာ(၁၂၁)ကို ဆက်စုထားရင် တတိယနှစ်ကုန်တဲ့အခါ...
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၄)

9:30 PM | , , ,

စတော့ဈေးနှုန်းဂရပ်ဖြင့် ရောင်းဝယ်နည်း စတော့ဈေးနှုန်းဂရပ်ကို နည်းစနစ်ပိုင်းအရ သုံးသပ်နည်းများကို ထပ်မံ ရှင်းပြတင်ဆက်ထားပါတယ်။ စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်တော့မယ် ဆိုရင် စတော့ဈေးနှုန်းဂရပ်တွေကို စတော့ပွဲစား၊ အရောင်းအဝယ်သမားနှင့် ရင်းနှီးမြှုပ်နှံသူများဟာ နည်းစနစ်ပိုင်း သုံးသပ်မှုပြုလုပ်ကြပါတယ်။ ဒီလို သုံးသပ်ရာတွင် တစ်ချို့ဈေးနှုန်းဂရပ် ပုံသဏ္ဌာန် တွေကို မကြာခဏတွေ့ရတတ်၍ နည်းစနစ်ပိုင်း သုံးသပ်သူများဟာ ၄င်းတို့ကို နာမည်များ ပေးထား တတ်ပါတယ်။...
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၃)

8:30 PM | , , ,

ဈေးနှုန်းထောက်ပံ့မျဉ်း Support Line ပုံ ၆။ ဈေးနှုန်းထောက်ပံ့မျဉ်း Support ဆိုတာ ဈေးနှုန်းနေရာပြမျဉ်း တစ်ခုပဲဖြစ်ပါတယ်။ စတော့ရှယ်ယာ တစ်ခုရဲ့ကျဆင်းနေတဲ့ ဈေးနှုန်းတွေဟာ ထိုမျဉ်းအနားရှိ ဈေးနှုန်းကို ရောက်လာရင် ဆက်မကျတော့ပဲ ပြန်လည် တက်လာတတ်ပါတယ်။ အကြောင်းမှာ အစုရှယ်ယာ တစ်ခု၏ ဈေးနှုန်းက ထောက်ပံ့မျဉ်းပေါ်ရှိ Support ဈေးနှုန်း အနီးသို့ ကျဆင်းလာချိန်တွင် စတော့ဝယ်ရောင်းသူများဟာ ၄င်းရှယ်ယာ၏ဈေး ပေါ်လွန်းနည်းလွန်းသည်ဟု ထင်ပြီး ပြန်လည် ဝယ်ယူမှုများကြောင့်...
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၂)

7:30 PM | , , ,

စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်သည့် အရေအတွက် Volume ပုံ ၄။ စတော့ရှယ်ယာများ အချိန်ကာလတစ်ခုအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် အရေအတွက်ဟာ Volume ဖြစ်ပါတယ်။ ပုံ ၄ မှာ ဝိုင်း၍ ပြထားသလို စတော့တစ်ခုရဲ့ အရောင်းအဝယ် အရေအတွက် ဂရပ်ကို စတော့ဈေးနှုန်းဂရပ် အောက်မှာ သပ်သပ်ပြထားလေ့ရှိပါတယ်။ စတော့အရောင်းအဝယ် Website တွေမှာ စတော့တစ်ခု၏ Volume ဂရပ်ကို အခုလိုဖော်ပြထားပါတယ်။ Volume ဟာ အရေးကြီးပါတယ်။ အကြောင်းမှာ အရောင်းအဝယ် အရေအတွက်များစွာ ဖြစ်ခဲ့တဲ့ စတော့ဈေးနှုန်းတွေဟာ...
Read More

စတော့ဈေးနှုန်းဂရပ်တွေကို ဘယ်လိုသုံးသပ်သလဲ (၁)

6:30 PM | , , ,

စတော့ဈေးနှုန်းဂရပ် ဖတ်ရှုပိုင်းခြားနည်း ဟောလိဝုဒ်က စတော့ပွဲစားတွေအကြောင်း ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း မှတ်ပါလိမ့်မည်။ ထိုရုပ်ရှင်များထဲတွင် စတော့ပွဲစားများသည် တစ်နေကုန် ကွန်ပြူတာရှေ့မှာထိုင်ပြီး အရောင်စုံဘားဂရပ် မျဉ်းကြောင်းဂရပ်လေးတွေကို မျက်ချေမပြတ်ကြည့်နေကာ ဆယ်မိနစ်တစ်ကြိမ်လောက်တိုင်း ဖုန်းဖြင့် အရောင်းအဝယ် ပြုနေတတ်ကြသည်။ စတော့အရောင်းအဝယ် လောကတွင် ၄င်းပွဲစားတွေကို ပုံစံကားချပ်ဖြင့် သုံးသပ်သူများ Chartists ဟုခေါ်ဆိုပြီး ၄င်းပွဲစားများသည်...
Read More

စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ

5:30 PM | ,

စတော့ဈေးနှုန်းနှင့် ၄င်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက်ရန် အလွန်လွယ်ကူပါသည်။ ဥပမာပြ၍ ရှင်းလင်းလိုသဖြင့် အပေါ်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို ရေးစွဲပေးထားပါသည်။ စတော့ဈေးနှုန်းနှင့် အညွှန်းကိန်းများကို ထုတ်ပြန်သည့် Website များ သတင်းဌာနများတွင် ဖော်ပြလေ့ရှိသည့်အတိုင်း စတော့ဈေးနှုန်းဆိုင်ရာ အခြေခံအချက်အလက်တို့ကို တွေ့ရပါမည်။ ဇယားပုံလေးကို မြန်မာပြည်အနေအထားနှင့် ကိုက်ညီအောင် မြန်မာပြည်ရှိ ကုမ္ပဏီအဖွဲ့အစည်းတစ်ချို့တို့၏...
Read More

ကြီးပွားအောင်မြင်မှုရဲ့အဓိကသော့ချက်

4:30 AM | ,

ကမ္ဘာ့ဘီလျံနာများဖြစ်ကြတဲ့ ဝါရင်ဘူဖတ်၊ စတိဗ်ဂျော့နှင့် ဘီလ်ဂိတ်တို့ အားလုံးဟာ သူတို့၏ လျှမ်းလျှမ်းတောက် အောင်မြင်မှုများအတွက် ပဓာနကျတဲ့ အရာတစ်ခုကိုသာ တူညီစွာ ရည်ညွှန်း ကြပါတယ်။ တကယ်တော့ သူတို့ ရည်ညွှန်းတဲ့အရာဟာ အလေ့အထတစ်ခုဖြစ်ပြီး သာမန်လူတွေထက် သောက်သောက်လဲ ပိုမိုအောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရှိနေတတ်ပါတယ်။ ထိုအလေ့အထဟာ ဘာလဲ၊ ထိုအလေ့အထကို မိမိဘဝမှာ တွေ့ကြုံလာမည့် စီးပွားရေးလုပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းကိစ္စရပ်တွေမှာ ဘယ်လိုလက်တွေ့...
Read More

ယနေ့ ကမ္ဘာ့ရေနံဈေး ဘာကြောင့်ကျဆင်းရတာလဲ

6:30 PM | ,

ယခုတလော နေ့စဉ်ထုတ် ကမ္ဘာ့သတင်းစာကြီးများတွင် အဓိကထားပြီး ဖေါ်ပြနေကြသော သတင်းများမှာ ISIS အဖွဲ့ကြီးရဲ့ အကြမ်းဖက်သတင်း ISIS ကို USA နဲ့ မဟာမိတ်နိုင်ငံတွေက ဗုံးကြဲတိုက်ခိုက်တာတွေ၊ ပြင်သစ်နိုင်ငံပါရီမြို့တွင် Charlie_Hedbo မဂ္ဂဇင်းပုံနှိပ်တိုက်ကို မူဆလင်အကြမ်းဖက်သမားနှစ်ဦးက ဝင်စီးပြီး လူ၁၂ယောက်ကို ပစ်သတ်သွားခြင်း၊ အင်ဒိုနီးရှားမှာ ပျက်ကျသွားတဲ့ လေယဉ်တစီးကို ပင်လယ်ထဲက ဆယ်ယူဖို့ ကြိုးပမ်းမှုသတင်းတွေနဲ့အတူ ကမ္ဘာ့ရေနံဈေးကျဆင်းတဲ့ သတင်းတွေ ဖြစ်ကြပါတယ်။...
Read More

မြန်မာ့ငွေကြေးတန်ဖိုး တက်တာကောင်းသလား

5:30 PM | ,

US ဒေါ်လာဆိုတာ ကမ္ဘာမှာ အခိုင်မာဆုံးငွေကြေးဆိုတာ လူတွေအားလုံးက လက်ခံထားကြပါတယ်။ ဒါကြောင့် စီးပွာရေးကိစ္စတွေမှာ US ဒေါ်လာကို ကမ္ဘာ့စံနူန်းတရပ်အဖြစ် ရွှေကဲ့သို့ တန်ဖိုးထားကြပါတယ်။ ကမ္ဘာ့ရွှေဈေး၊ ရေနံစိမ်းဈေး၊ US ဒေါ်လာဈေး အတက်အကျအပြောင်းအလဲတွေဟာ ကမ္ဘာ့စီးပွားရေးကို တနည်းတဖုံရိုက်ခတ် အကျိုးသက်ရောက်တတ်ပါတယ်။ဒေါ်လာဈေးကျရင် မြန်မာ့ငွေကြေးဈေးတက်တတ်တာ ဓမ္မတာပါ။ မြန်မာ့ကျပ်ငွေတက်ရင် တနည်းအားဖြင့် ဒေါ်လာဈေးကျရင် လူတွေဟာ ငါတို့နိုင်ငံရဲ့ ပိုက်ဆံတန်ဖိုးပိုရှိလာတယ်ဆို...
Read More

စတော့ရှယ်ယာ ကစားချင်သူများအတွက်

4:30 PM | ,

တလောက ကျနော်တို့ မြန်မာနိုင်ငံ ရန်ကုန်မှာ စတော့ရှယ်ယာအရောင်းအဝယ် Exchange ကို ဒီနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်တော့မယ်ဆိုတဲ့ သတင်းတပုဒ်ကို အင်တာနက်မှာ ဖတ်လိုက်ရတယ်။ စတော့ရှယ်ယာဆိုတာ နိုင်ငံခြားမှာတော့ အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားငွေ အတက်အကျကို ဈေးကျနေတုံးဝယ်မယ်၊ ဈေးပြန်တက်ရင် ရောင်းမယ်ဆိုတဲ့ FOREX ဆိုတာတို့၊ Government_Bond တို့ USA က Dow_Jones တို့၊ Nesdaq တို့စတာတွေ အများကြီးရှိကြပါတယ်။ နိုင်ငံပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ ကွဲပြားကြပါတယ်။...
Read More

Warren Buffet ရဲ့ ကြီးပွားချမ်းသာစေကြောင်း

4:30 AM | ,

ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ သရဖူဆောင်းထားတဲ့ Warren Buffet ဟာ ရင်းနှီးမြှုပ်နှံသူတွေ အကျိုးစီးပွားအတွက် အကြံဥာဏ်ကောင်း များစွာရှိပါတယ်။ ဒီအကြံဥာဏ်တွေကို ချုပ်ပြောရရင် ဒီလိုပါ။ ငွေကြေးများစွာကို တစ်ခဏအတွင်း ရှာဖွေနိုင်မယ့် မှော်ဆန်တဲ့ ဖော်မြူလာလေးရှိတယ်။ ဒီဖော်မြူလာကို သင်ဟာတခြားလူတွေထက် ပိုပြီးခွင်ရှာတတ်လို့ တွေ့နိုင်လိမ့်မယ်လို့ ထင်နေတာတွေ ရပ်လိုက်ပါ။ လျှောက်မတွေးပါနဲ့ ဆိုတာပဲဖြစ်ပါတယ်။ တကယ်တမ်းတော့ သူ့ရဲ့အကြံပြုချက်တွေကို ခြုံကြည့်ရရင်...
Read More

စာရင်းသေအပ်ငွေဆိုတာ ဘာလဲ

4:30 AM |

ငွေစုလိုသူတွေအတွက် စာရင်းသေအပ်ငွေခေါ် Fixed Deposit Account (FDA) အကြောင်းပြောပါရစေ။ ကာလရှည်ငွေပိုတွေကို ငွေစုချင်တယ်ဆိုရင် FDA က သာမန်စုငွေ Saving Account တွေထက် အကျိုးပိုရှိနိုင်ပါတယ်။ ပထမအကြောင်းကတော့ အတိုးနှုန်းဖြစ်ပြီး FDA ရဲ့ တစ်နှစ်အတိုးနှုန်းဖြစ်တဲ့ ၁၀ရာခိုင်နှုန်းက Saving Account ရဲ့ ၈ရာခိုင်နှုန်းထက် သာလွန်ပါတယ်။ ဒါဟာ သိန်းတစ်ရာစုရင် FDA အကောင့်ပိုင်သူက နှစ်သိန်းပိုရနေတဲ့ အနေအထားပါ။ Saving ရဲ့အတိုးနှုန်းကို ဘဏ်တွေက ၈ရာခိုင်နှုန်းကနေ...
Read More

အမေရိကန်ကို စိမ်ခေါ်လိုက်တဲ့ တရုပ်တို့ရဲ့AIIB

4:30 PM |

ယနေ့ကမ္ဘာ့သတင်းတွေမှာ AIIB ဆိုတဲ့ စကားကို မကြာခဏ ကြားနေရမှာပါ။ AIIB ဆိုတာ Asian_Infrastructure_Investment_Bank ဖြစ်ပါတယ်။ မကြာခင်ကမှ တရုပ်အစိုးရက တည်ထောင်လိုက်တဲ့ ဘဏ်အဖွဲအစည်းတခုဖြစ်ပါတယ်။ AIIB ပေါ်ပေါက်လာပုံက စိတ်ဝင်စားစရာကောင်းလွန်းလို့ ရေးပြလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် (World_Bank) နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ငွေကြေးအဖွဲ့တွေအကြောင်း ကြားဖူးကြမှာပါ။ ဒီအဖွဲ့အစည်းတွေဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးစမှာ စစ်ဘေးဒဏ်ကြောင့်...
Read More

ဘဏ်မှ ငွေချေးမယ်ဆိုရင်

4:30 AM | ,

မြေနှင့်အိမ်၊ တိုက်ကို အပေါင်ထားပြီးဘဏ်မှ ချေးငွေရယူလိုသူများအတွက် လိုအပ်သည့်စာရွက်စာတမ်းနှင့် ဆောင်ရွက်ချက်များ စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်ချဲ့ထွင်ရန်သော်လည်းကောင်း၊ ပိုမိုကျယ်ပြန့်စွာ ကုန်အရောင်းအဝယ် ပြုရန်သော်လည်းကောင်း၊ ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်ရန်အတွက် ကုန်ကြမ်း ပိုမိုဝယ်ယူရန်သော်လည်းကောင်း၊ လှည့်လည်ငွေရင်း Working Capital လုံလောက်စွာရှိရန် လိုအပ်ပါသည်။ ထိုလှည့်လည်ငွေရင်းပမာဏတစ်ခု မိမိလုပ်ငန်းချဲ့ထွင်ရန် လုံလောက်မှုမရှိပါက...
Read More

အစုရှယ်ယာခွဲခြမ်းခြင်း Stock Split ဘာဆိုတာ

3:30 AM |

အစုရှယ်ယာခွဲခြမ်းခြင်းဆိုတာဘာလဲ ဥပမာအလွယ်တစ်ခုဖြစ်စတင်ပါမည်။ ဦးအောင်ဆိုတဲ့သူမှာ ၂၀၁၄ခုနှစ်တွင် Apple ကုမ္ပဏီမှသူဝယ်ထားသော အစုရှယ်ယာ ၁၀ခုရှိသည်ဟုဆိုပါမည်။ ၂၀၁၄ခုနှစ် ဧပြီလ ၁၀ရက်တွင် ထိုအစုရှယ်ယာတစ်ခု၏ ဈေးနှုန်းသည် ဒေါ်လာ ၁၀၀၀ ဖြစ်ပါသည်။ ထို့ကြောင့် ဦးအောင်သည် Apple ကုမ္ပဏီအပေါ်စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ ကန်ဒေါ်လာ ၁၀၀၀၀ဖြစ်ပြီး အစုရှယ်ယာအရေအတွက်မှာ ၁၀ခုဖြစ်ပါသည်။ ထိုနေ့တွင် Apple သည် ၄င်း၏ ဈေးနှုန်းမြင့်မားနေသည့် အစုရှယ်ယာများကို...
Read More

အိမ်ခြံမြေပူဖောင်းပေါက်ခြင်းနဲ့ ဘဏ်များပြိုလဲခြင်း

5:30 PM | ,

ဒီမနက် အလုပ်သွားရင်း ဘတ်စ်ကားပေါ်မှာ အောက်မှာတွဲထားတဲ့ Myanmar_Journal ရဲ့သတင်းကို facebook ပေါ်မှာ friend တယောက်တင်ထားတာ ဖတ်မိတယ်။ အဲဒီသတင်းမှန်၊ မမှန်ဆိုတာကို မြန်မာနိုင်ငံထဲမှာ လက်ရှိနေထိုင်နေသူမဟုတ်တဲ့ ကျနော့်အဖို့ ဘာမှဝေဖန်ချက်မပေးလိုပါဘူး။ ဒါပေမဲ့ အဲဒီသတင်းမှာပါတဲ့ စာသားလေးတကြောင်းကို တွေ့လိုက်တော့ ကျနော် ဒီဆောင်းပါးလေးကို ရေးချင်စိတ်ပေါ်လာပါတယ်။ အဲဒီစာကြောင်းလေးက "အကယ်၍ အိမ်ခြံမြေပူပေါင်းပေါက်ရင် ဘဏ်တွေ bankrupt ဖြစ်လိမ့်မယ်ဆိုတာဘဲ"...
Read More

စတော့အိပ်ချိန်းမှာ ဘာတွေရောင်း

3:30 AM |

သက်သေခံလက်မှတ်များနှင့် စတော့ကြိုရောင်းကြိုဝယ်ဈေးကွက် စတော့ဈေးကွက်စိတ်ဝင်စားသူများ ရင်းနှီးမြှုပ်နှံသူများ နှင့် မိဘပြည်သူများအားလုံးအတွက် ကျွန်တော်တို့ Myanmar Investment Watch ၏ စတော့ဈေးကွက် မိတ်ဆက်အစီအစဉ်မှ ထပ်မံတင်ဆက်လိုက်ပါသည်။ စတော့အိပ်ချိန်းတွင် ရောင်းဝယ်မည့် စတော့ရှယ်ယာ အမျိုးမျိုးအကြောင်းကို ယခင်အပတ်ကအစီအစဉ် ၂မှာ အကျယ်တဝင့်ရှင်းပြခဲ့ပါသည်။ ဤတတိယမြောက် အစီအစဉ်မှာ စတော့ရှယ်ယာအပြင် အိပ်ချိန်းမှာ အခြားရောင်းနိုင်မည့်ဝယ်နိုင်မည့်...
Read More