Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Social Trading (or) eToro

8:57 PM | , ,


အခုမိတ်ဆက်ပေးချင်တာကတော့ Social Trading ကို အသုံးပြုထားတဲ့ eToro အကြောင်းပါပဲ။ "Facebook for Trading" လို့လဲ ပြောကြပါတယ်။ eToro မှာ Trader တစ်ယောက်က အရောင်းအ၀ယ်လုပ်လိုက်ရင် အခြားသူတွေက အဲဒါက ချက်ချင်းမြင်တွေ့နိုင်ပါတယ်။ ပြီးတော့ Trader အချင်းချင်းလဲ နှီးနှောတိုင်ပင် ဆွေးနွေးနိုင်ပါတယ်။ Trader တွေရဲ့ ခန့်မှန်းချက်တွေကိုလဲ ကိုယ့်ရဲ့ Wall မှာ တင်လိုက်ရင် အခြားသူတွေက Like, Comment, Share လုပ်တွေလဲ လုပ်နိုင်ပါတယ်။ အပြန်အလှန် တိုင်ပင်ဆွေးနွေးနိုင်တဲ့အတွက် Trading သီးသန့်နေရာလေးလို့တောင် တင်စားလို့ ရပါတယ်။

နောက်တစ်ခုအနေနဲ့ eToro ရဲ့ အားသာချက်ကတော့ Stock, Forex, Commodities, Stock indices တွေ အားလုံးကို တနေရာတည်းမှာ အရောင်းအ၀ယ် ပြုလုပ်လို့ရတာပါပဲ။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ တော်တော်များများ ရင်းနှီးနေကြပါပြီ။

ဒါပေမယ့် စတော့ဈေးကွက်ကတော့ အခုမှ စတုန်းလို့ ပြောလို့ရပါသေးတယ်။ စတော့အိပ်ချိန်းကနေ အရောင်းအ၀ယ်ပြုလုပ်လို့ ရတာ FMI နဲ့ MTSH နှစ်ခုပဲ ရှိပါသေးတယ်။ ကမ္ဘာတလွှားက နာမည်ကြီးစတော့ရှယ်ယာကတွေကို အရောင်းအ၀ယ်လုပ်ချင်တဲ့သူတွေကတော့ eToro ကနေတဆင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။


eToro ကို 2006 ခုနှစ်မှာ စတင်တည်ထောင်ထားပြီး Cyprus, Israel, UK တို့မှာ တရားဝင်ရုံးတွေ ရှိပါတယ်။ eToro နဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ https://en.wikipedia.org/wiki/EToro မှာ ဆက်လက်ပြီး လေ့လာကြည့်လို့ ရပါတယ်။

eToro ရဲ့ Social Trading Platform
eToro ရဲ့ အားသာချက်တစ်ခုကတော့ Social Trading ကို အသုံးပြုထားတာဖြစ်တဲ့အတွက် Trader အချင်းချင်း ဆက်သွယ်နိုင်တာပါပဲ။ သူ့ရဲ့ Wall ကို သွားရောက်ပြီးတော့ ခန့်မှန်းချက်တွေကို ဖတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ခန့်မှန်းချက်တွေကိုလဲ ပြောပြပြီး အပြန်အလှန် ဆွေးနွေးနိုင်ပါတယ်။ ဘယ်နေ့မှာ ဘယ်ဒေတာတွေ ထွက်မယ်၊ ထွက်လာတဲ့ ရလာဒ်အပေါ်မူတည်ပြီး ဘယ်လိုတွေ ဖြစ်နိုင်တယ် စတာတွေကိုလဲ ရှာဖွေကြည့်နိုင်ပါတယ်။ ကိုယ်က Follow လုပ်ထားမယ်ဆိုရင် သူ Trade အသစ်ဖွင့်လိုက်တာ၊ Post တင်လိုက်တာတွေကို ချက်ချင်းသိရှိနိုင်ပါတယ်။

 
 

eToro ရဲ့ နောက်ထပ် Feature တစ်ခုကတော့ Copy Trade လုပ်လို့ရတာပါပဲ။ eToro မှာရှိတဲ့ Trader တစ်ယောက်ရဲ့ Trading အရှုံးအမြတ်၊ Trade တစ်ခု ဘယ်လောက်ကြာကြာကိုင်ထားတတ်လဲ၊ ဘယ် Currency Pair တွေပေါ်မှာ အများဆုံး Trade လေ့ရှိလဲဆိုတဲ့ အချက်အလက်တွေအားလုံးကို Graph တွေ၊ Charts တွေနဲ့ ကြည့်လို့ရပါတယ်။ သူ့ရဲ့ Trading Style ကို သဘောကျတယ်ဆိုရင် ငွေပမာဏတစ်ခုနဲ့ Copy လုပ်ထားမယ်ဆိုရင် သူ Trade Order ဖွင့်ရင် ကိုယ့်ဆီမှာလဲ အချိုးကျတစ်ခုနဲ့ အလိုလို Order ဖွင့်ပေးပါလိမ့်မယ်။ Copy လုပ်ရမယ့် ငွေပမာဏကတော့ Trader တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

Copy မလုပ်ဘဲ အဲဒီ Trader ကို Follow လုပ်မယ်ဆိုရင် သူ့ Trade တွေကို မြင်နေရပြီး ကိုယ်တိုင်ကြိုက်မှ Trade အသစ်ဖွင့်လို့လဲ ရပါတယ်။

How to Register in eToro
eToro မှာ အကောင့်တစ်ခု ဖွင့်ဖို့က အရမ်းကို လွယ်ကူပါတယ်။ အကောင့်ဖွင့်ဖို့အတွက် ဒီလင့်ကို နှိပ်လိုက်ပါ။


အပေါ်မှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ဖြည့်ပေးလိုက်ပါ။ eToro မှာ Trading လုပ်ဖို့အတွက်ပါ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချက်အလက်တွေကို အမှန်အကန်ဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ ပြီးရင် Join Now ဆိုတာကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် eToro မှာ အကောင့်တစ်ခု ဖွင့်လို့ ပြီးသွားပါပြီ။

ကိုယ်တိုင်က သတင်းတစ်ခုထွက်သွားပြီးလို့ အဲဒီသတင်းအပေါ်မှာ Trader တွေ ဘယ်လိုသဘော ခန့်မှန်းကျတယ်၊ ဘယ်လို Action ယူကြတယ်ဆိုတာကို သိဖို့အတွက်ပဲဆိုရင် (eToro မှာ Trading မလုပ်ဘူးဆိုရင်) အကောင့်ကို Verify လုပ်ဖို့မလိုပါဘူး။ တကယ် Trade မယ့်သူတွေကတော့ Verify လုပ်တဲ့အဆင့်ကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

eToro ရဲ့ Interface မိတ်ဆက်


အပေါ်မှာ ပြထားတဲ့ပုံကတော့ eToro ကို စစချင်းတွေ့ရမယ့်ပုံပါပဲ။


News Feed
ဖေ့ဘုတ်မှာပါတဲ့ News Feed နဲ့ အတူတူပါပဲ။ သူ့ကိုနှိပ်လိုက်မယ်ဆိုရင် ကိုယ် Follow လုပ်ထားတဲ့ Trader တွေရဲ့ Update News တွေ တက်လာပါလိမ့်မယ်။


Portfolio 
Real Portfolio နဲ့ Virtual Portfolio နှစ်ခုကို အပြန်အလှန် ပြောင်းလို့ ရတဲ့နေရာပါ။ eToro မှာလဲ လေ့ကျင့်ဖို့အတွက် demo အကောင့်ပေးထားပါတယ်။ ဒီမှာတော့ demo အကောင့်လို့ မခေါ်ဘဲ Virtual Portfolio လို့ ခေါ်ပါတယ်။ Virtual Portfolio ကို ရွေးလိုက်မယ်ဆိုရင် ဒေါ်လာ 100K ပါတဲ့ Virtual အကောင့်ကို ပြောင်းပေးပါလိမ့်မယ်။



အောက်ဆုံးလိုင်းမှာ AVAILABLE ဆိုပြီး Virtual Money ထည့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီငွေကို အသုံးပြုပြီးတော့ အရောင်းအ၀ယ်ပြုလုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။

Watchlist
Watchlist ဆိုတာက ကိုယ့်အတွက် အရေးပါတဲ့ Pairs တွေ၊ Stock တွေကို အမြန်ကြည့်လို့ရအောင် သီးသန့် List ထဲကို ထည့်ထားတဲ့သဘောပါ။ List ထဲကို ထပ်ပေါင်းထည့်လို့ ရသလို မလိုတော့ဘူးဆိုရင်လဲ List ထဲကနေ ပြန်လည် ထုတ်ပယ်လို့ ရပါတယ်။


အပေါ်က ပုံမှာတော့ APPL (Apple), GOOG (Google) တို့ရဲ့ Stock တွေကို List ထဲမှာ ထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။ ဒီနေ့တစ်နေ့တာအတွက် APPL (Apple), GOOG (Google) တို့ဟာ 1.10% နဲ့ 1.07% အတက်ဖြစ်ခဲ့တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ Sell, Buy ဈေးတွေကိုလဲ ယှဉ်တွဲ ပြထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ eToro ရဲ့ Trader 99% လောက်ရဲ့ Sentiment အခြေအနေအရ Buy အားသန်နေကြတာကိုလဲ တွေ့ရပါလိမ့်မယ်။

Copy People
eToro မှာရှိတဲ့ Trader တစ်ယောက်ရဲ့ Trading Style ကို သဘောကျတယ်ဆိုရင် ငွေပမာဏတစ်ခုနဲ့ Copy လုပ်ထားမယ်ဆိုရင် သူ Trade Order ဖွင့်ရင် ကိုယ့်ဆီမှာလဲ အချိုးကျတစ်ခုနဲ့ အလိုလို Order ဖွင့်ပေးပါလိမ့်မယ်။ Copy လုပ်ရမယ့် ငွေပမာဏကတော့ Trader တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ Copy မလုပ်ဘဲ အဲဒီ Trader ကို Follow လုပ်မယ်ဆိုရင် သူ့ Trade တွေကို မြင်နေရပြီး ကိုယ်တိုင်ကြိုက်မှ Trade အသစ်ဖွင့်လို့လဲ ရပါတယ်။


အပေါ်က ပုံမှာ Trader တစ်ယောက်ရဲ့ Performance ဂရပ်ကို ပြထားပါတယ်။ သူ့ရဲ့ Trading Style ကို သဘောကျလို့ Copy လုပ်ချင်တယ်ဆိုရင် Copy ကို နှိပ်လိုက်ရပါပြီ။ ပြီးရင် ကိုယ့် Copy လုပ်မယ့် ငွေပမာဏကို ရွေးချယ်ပေးပါ။ Virtual Money ကို အသုံးပြုပြီး စမ်းကြည့်နိုင်ပါတယ်။

Copy မလုပ်ဘဲ Follow ပဲ လုပ်ချင်တယ်ဆိုရင်တော့ (+) အပေါင်းလက္ခဏာကို နှိပ်လိုက်ရင် ရပါပြီ။

Trade Markets
eToro မှာ Trade လုပ်နိုင်တဲ့ Stock, Forex, Commodities, Stock indices တွေ အားလုံးကို ရှာဖွေကြည့်နိုင်ပါတယ်။ မိမိစိတ်ကြိုက်ရှာဖွေပြီး Charts တွေနဲ့ ဈေးနှုန်း အပြောင်းအလဲတွေကို တွေ့မြင့်ရပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားတယ်ဆိုရင်တော့ Watchlist ထဲကို ထပ်ပေါင်းထည့်ထားနိုင်ပါတယ်။

Settings
Settings မှာတော့ ကိုယ့်အကောင့်နဲ့ ပက်သက်တဲ့ ဒေတာအချက်အလက်တွေကို ပြင်ဆင်တာ၊ အကောင့်ကို Verify လုပ်ဖို့အတွက် Document တွေ တင်တာ၊ ဖုန်းနံပါတ်အတွက် Verify လုပ်တာတွေ၊ ကိုယ့်အကောင့်ရဲ့ Privacy တွေ ပြင်တာကို ပြုလုပ်နိုင်ပါတယ်။

How to Verify eToro Account
eToro မှာ တကယ့်ငွေအစစ်ထည့်ပြီးတော့ Trading လုပ်မယ်ဆိုရင်တော့ အကောင့်ကို အရင်ဆုံး 100% Verify ဖြစ်အောင် လုပ်ထားဖို့ လိုပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ငွေထည့်ပြီးမှ Verify မဖြစ်တဲ့အတွက် ငွေပြန်ထုတ်မရတာ ဖြစ်နိုင်ပါတယ်။ အရင်ဆုံး Verify ဖြစ်ပြီးမှပဲ ငွေကို ထည့်ဖို့ စဉ်းစားစေချင်ပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Complete Profile ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် ထပ်ပြီးတော့ Complete Profile ဆိုတာကို ထပ်ပြီး နှိပ်လိုက်ပါ။


ကိုယ့်ရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ နေထိုင်ရာ နိုင်ငံတို့ကို ဖြည့်သွင်းပေးပါ။ နာမည်ဖြည့်တဲ့အခါမှာ စာလုံးပေါင်းတွေကို ဘဏ်စာအုပ်၊ Passport တို့ထဲက စာလုံးပေါင်းအတိုင်း သေချာဖြည့်ပေးပါ။


ကိုယ့်ရဲ နေရပ်လိပ်စာတို့ကို ဖြည့်သွင်းပေးပါ။ နေရပ်လိပ်စာကိုလဲ ဘဏ်စာအုပ်တို့လိုမှာပါတဲ့ လိပ်စာအတိုင်း ဖြည့်သွင်းပေးပါ။ ကိုယ်နေထိုင်ရာ မြို့ရဲ့ Zip Code ကို မသိဘူးဆိုရင် ဒီလင့်မှာ http://www.geopostcodes.com/Burma သွားကြည့်နိုင်ပါတယ်။ 


Trading Experience ကတော့ ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်ပေးပါ။


ပြီးရင်တော့ Complete Profile ဆိုတာကို နှိပ်ပေးပါ။ ဒီအဆင့်ပြီးရင်တော့ ကိုယ့်ရဲ့ Profile က 90% လောက်အထိ Verify ဖြစ်သွားပါပြီ။


Phone Verification လုပ်ဖို့အတွက် ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးပါ။ ပြီးရင် Send SMS ကို နှိပ်လိုက်ပါ။ တချို့ဖုန်းတွေမှ SMS မရောက်တာမျိုးဖြစ်တတ်ပါတယ်။ Voice call ကို နှိပ်ပြီးတော့ ကုဒ်ကို နားထောင်ကြည့်ပါ။


နောက်ဆုံးအဆင့်အနေနဲ့တော့ Settings ထဲကနေ Account ဆိုတာကို နှိပ်လိုက်ပါ။ Upload Utility Bill နဲ့ Upload ID ကို ထပ်ပြီး လုပ်ဖို့ ကျန်ပါသေးတယ်။

Upload Utility Bill ဆိုတာက အကောင့်အသုံးပြုသူရဲ့ နေရပ်လိပ်စာကို အတည်ပြုဖို့အတွက်ပါ။ အဲဒီအတွက် CB bank ဘဏ်စာအုပ်က ကိုယ့်နာမည်ပါ တပါတည်းတွဲပါနေတဲ့ နေရပ်လိပ်စာပါ စာမျက်နှာကိုဖြစ်စေ၊ ငွေစာရင်းရှင်းတမ်း (Bank Statement) က နေရပ်လိပ်စာပါ စာမျက်နှာကိုဖြစ်စေ ဓါတ်ပုံရိုက်ပြီး ပို့ပေးနိုင်ပါတယ်။ 

Upload ID ဆိုတာကတော့ ကိုယ့်ရဲ့ ဓါတ်ပုံပါတဲ့ ID ကဒ်တစ်ခုခုကို တင်ပေးရပါမယ်။ ကိုယ့်ရဲ့ဓါတ်ပုံ၊ နာမည်၊ မွေးနေ့တွေဟာ စာလုံးအနေနဲ့ ရှင်းလင်းပြတ်သားနေရမှာ ဖြစ်ပါတယ်။ ကိုယ်ဖြည့်ထားတာတွေနဲ့လဲ ကိုက်ညီရပါမယ်။ Passport ရှိတဲ့သူဆိုရင်တော့ အဆင်ပြေဆုံးပါပဲ။ ဓါတ်ပုံပါ စာမျက်နှာကို Scan လုပ်ပြီး ပို့ပေးနိုင်ပါတယ်။ 
Passport မရှိတဲ့သူဆိုရင်တော့ ယဉ်မောင်းလိုင်စင် (အင်္ဂလိပ်လို ဖြစ်ရပါမယ်။)ရဲ့ရှေ့ဘက်နဲ့ နောက်ကျောဘက်ကို Scan လုပ်ပြီး ပို့ပေးရပါမယ်။

လိုအပ်တာတွေကို ပို့ထားပြီးပြီဆိုရင် Verify မဖြစ်ဖြစ်ကို သေချာအောင် စောင့်နေပေးပါ။ အတည်ပြုချိန် ရက်အနည်းငယ် ကြာနိုင်ပါတယ်။ သူတို့အနေနဲ့ အီးမေးကို ပြန်ပြီး အကြောင်းကြားလာပါလိမ့်မယ်။ Verify မဖြစ်သေးသမျှ ငွေမထည့်ဖို့ ထပ်ပြီး သတိပေးလိုပါတယ်။

Trading in eToro
eToro အကြောင်းကို တော်တော်သိနေပြီလို့ ထင်ပါတယ်။ Trade တွေကို Open/Close လုပ်တာကလည်း အရမ်းကို လွယ်ကူပါတယ်။ Social Trading ကို အသုံးပြုထားတဲ့အတွက် MT4/MT5 ဆော့ဝဲတွေ ထပ်ပြီး တင်ဖို့ မလိုအပ်ပါဘူး။ အဲဒီမှာပဲ တခါတည်း အရောင်းအ၀ယ်လုပ်နိုင်တဲ့ Web Trader ကို အသုံးပြုထားပါတယ်။

Mobile Devices တွေအတွက်တော့ သူ့ရဲ့ သီးသန့် Apps ကို ပြန်ပြီးတင်ရပါမယ်။ အလွယ်တကူပဲ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Forex လောကမှာ အသုံးများနေတဲ့ MT4 ကနေ Trading လုပ်လို့ မရပါဘူး။ တကယ့်ငွေနဲ့ မစခင်မှာ Virtual Money ကို အသုံးပြုပြီး အရင်ဆုံး လေ့လာကြည့်စေချင်ပါတယ်။


ကိုယ်အရောင်းအ၀ယ်လုပ်လိုတဲ့ Stock, Pair တစ်ခုခုကို Wathlist ကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် Trade Markets ကနေ ဖြစ်ဖြစ် ရှာလိုက်ပါ။ အပေါ်က ပုံမှာတော့ နာမည်ကြီး Apple ကို ရွေးချယ်ထားပါတယ်။

နံပါတ် (၁) ကတော့ အဲဒီစတော့ကို Watchlist ထဲကို ထည့်ဖို့အတွက် ဖြစ်ပါတယ်။
နံပါတ် (၂)ကတော့ အရောင်းအ၀ယ်ပြုလုပ်မယ်ဆိုရင် Trade ကို နှိပ်ရပါမယ်။
နံပါတ် (၃)ကတော့ Apple စတော့နဲ့ ပက်သက်ပြီး အခြား Trader တွေရဲ့ အမြင်တွေ၊ ခန့်မှန်းချက်တွေကို ဖတ်ကြည့်ဖို့ အတွက်ပါ။
နံပါတ် (၄) ကတော့ Apple စတော့ရဲ့ ဈေးနှုန်းအတက်အကျ ဂရပ်ကိုကြည့်ပြီး Technical Analysis လုပ်ကြည့်နိုင်ဖို့ အတွက်ပါ။ 
အရောင်းအ၀ယ်ပြုလုပ်မှာ ဖြစ်တဲ့အတွက် Trade ကို နှိပ်လိုက်ပါ။


အပေါ်က ပုံကို သေချာလေ့လာကြည့်လိုက်ပါ။ Trade လုပ်ဖူးတဲ့သူတွေအတွက်ဆိုရင် ရှင်းပြဖို့ ထပ်မလိုတော့ဘူး ထင်ပါတယ်။ 
အပေါ်ဆုံးမှာ Sell/Buy ကို ရွေးချယ်ပေးရပါမယ်။ 
Set Rate မှာတော့ Market Order နဲ့လား၊ ဈေးနှုန်းသတ်မှတ်ပေးမှာလားဆိုတာကို ရွေးချယ်ပေးရပါမယ်။
ပြီးရင် Stop Loss, Leverage, Take Profit အတွက် သတ်မှတ်ပေးရပါမယ်။ Set Order ရဲ့အောက်မှာတော့ Overnight fee ဘယ်လောက်ပေးရမယ်ဆိုတာ ဖော်ပြထားပါတယ်။ ပြီးရင်တော့ Set Order ကို နှိပ်ပေးရပါမယ်။ Stock ဖြစ်တဲ့ အရောင်းအ၀ယ်က ချက်ချင်းမဖြစ်ပါဘူး။ သူတို့ သတ်မှတ်တဲ့အချိန်ရောက်တာနဲ့ အဲဒီစတော့ကို အရောင်းအ၀ယ်လုပ်ထားပေးပြီး ဖြစ်ပါလိမ့်မယ်။


အခုတစ်ခါတော့ EUR/USD Currency Pair ကို အရောင်းအ၀ယ် လုပ်ကြည့်ပါမယ်။ အပေါ်က ရှင်းထားတာကို နားလည်ရင် သူ့အတွက်ကိုလဲ နားလည်နိုင်မယ် ထင်ပါတယ်။ Trade ဆိုတဲ့နေမှာ Down Arrow ကို နှိပ်ပြီး Order အဖြစ် ပြောင်းလဲနိုင်ပါတယ်။
Trade ဆိုရင် ချက်ချင်း အရောင်းအ၀ယ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ Order ဆိုရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ ဈေးနှုန်းကို မရောက်မချင်း အရောင်းအ၀ယ်မဖြစ်သေးပါဘူး။ ပြီးရင်တော့ Open Trade ကို နှိပ်လိုက်ရင် ရပါပြီ။

How to Deposit Funds
ငွေထည့်သွင်းတဲ့ လုပ်ငန်းစဉ်ကိုတော့ အကောင့်ကို 100% Verify ဖြစ်ပြီးမှပဲ လုပ်ဆောင်သင့်ပါတယ်။ ငွေထည့်သွင်းဖို့အတွက် Deposit Funds ဆိုတာကို နှိပ်လိုက်ပါ။


ကိုယ်ဖြည့်သွင်းလို့တဲ့ ငွေပမာဏကို ထည့်သွင်းပါ။ Payment Methods မှာ Credit card, PayPal, Wire Transfer, More ဆိုပြီး ရှိပါတယ်။


More ကို ရွေးချယ်ပြီးတော့ Submit ကို နှိပ်လိုက်ပါ။


ငွေဖြည့်သွင်းလို့ရတဲ့ Online Payment တွေ အားလုံးကို တွေ့ရပါလိမ့်မယ်။ အဲဒီအထဲက ကိုယ်နဲ့ အဆင်ပြေတာ တစ်ခုကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပါတယ်။


မြန်မာနိုင်ငံကနေဆိုရင် Skrill ကို အသုံးပြုသင့်ပါတယ်။ မြန်မာနိုင်ငံအတွက် အခက်အခဲမရှိဘဲ CB bank card, CB bank account တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။ Skrill အကောင့်မရှိသေးဘူးဆိုရင်တော့ ဒီလင့်မှာ http://myanmartrader.blogspot.com/2016/07/skrill.html သွားရောက်ဖတ်ရှုပြီး အကောင့်လုပ်နိုင်ပါတယ်။


Skrill အကောင့်ကနေ ငွေသွင်းမယ်ဆိုရင် Skrill အကောင့်ရဲ့ အီးမေးလိပ်စာကို ဖြည့်သွင်းပေးပါ။ Promotion Code ကတော့ နှစ်သစ်ကူးတွေမှာ eToro ကနေ ပေးလေ့ရှိပါတယ်။ မရှိဘူးဆိုရင်တော့ ကွက်လပ်အတိုင်း ချန်ထားခဲ့နိုင်ပါတယ်။ ပြီးရင် Next ကို နှိပ်လိုက်ရင် Skrill အကောင့်ကို Login လုပ်ခိုင်းပါလိမ့်မယ်။ အဲဒီကနေ ငွေသွင်းနိုင်ပါတယ်။

How To Withdraw Funds 
eToro ကနေ ငွေထုတ်ယူဖို့အတွက် အရင်ဆုံး Verify ဖြစ်ထားပြီးသား လိုပါတယ်။ ကဒ်ကနေ ငွေသွင်းထားတဲ့သူဆိုရင် ကဒ်ရဲ့ရှေ့ဘက်နဲ့ နောက်ကျောဘက်တွေကို Scan လုပ်ပြီး ပို့ပေးရပါမယ်။ ကဒ်နံပါတ် အလယ် ရှစ်လုံးနဲ့ ကဒ်နောက်ကျောက CVV Code ကိုတော့ ဖျက်ထားနိုင်ပါတယ်။

Withdraw Funds  ကိုနှိပ်ပြီးတော့ ကိုယ်ထုတ်ယူလို့တဲ့ ငွေပမာဏနဲ့ Payment စနစ်ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ ငွေထုတ်တာက Verify ဖြစ်သွားပြီးသားဆိုရင် လွယ်ကူပါတယ်။

eToro နှင့် အခြားသိသင့်စရာများ
EUR/USD အတွက် Spread အနေနဲ့ 3 Pips ရှိပြီး GOLD ကတော့ 0.9 ရှိပါတယ်။ အားလုံးအတွက် spread တွေကို ဒီလင့်မှာ http://www.etoro.com/en/customer-service/fees/ သွားရောက်ကြည့်နိုင်ပါတယ်။
ငွေထုတ်ယူဖို့အတွက် Payment စနစ်ပေါ်မူတည်ပြီး အနည်းဆုံး (၃) ရက်ကနေ (၇) ရက်အထိ ကြာမြင့်နိုင်ပါတယ်။
ငွေထုတ်ယူမှုအတွက် ၀န်ဆောင်ခတွေကတော့ (၂၀– ၂၀၀) ဆိုရင် ၅ ဒေါ်လာ၊ (၂၀၀.၀၁ – ၅၀၀) ဆိုရင် ၁၀ ဒေါ်လာ၊ (၅၀၀.၀၁ အထက်) ဆိုရင် ၂၅ ဒေါ်လာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်
Read More

FBS မှာ Trader အကောင့်ဖွင့်ရအောင်

3:30 PM | ,


Forex နဲ့ ပက်သက်ပြီးတော့ လေ့ကျင့်ဖို့အတွက် Etoro ဆိုဒ်မှာ Demo အကောင့်ကို Register လုပ်တာကို ရေးပေးခဲ့ပါတယ်။ Etoro ရဲ့ အားနည်းချက်ကတော့ Trader တွေ အသုံးများတဲ့ MT4 ကို အသုံးပြုတာမဟုတ်ဘဲ ကိုယ်ပိုင် App နဲ့ Web Version တွေကို အသုံးပြုထားပါတယ်။ ပြီးတော့ တကယ့်ငွေနဲ့ Trade မယ့်သူတွေအတွက်ကျတော့လဲ PayPal လို Payment တွေဖြစ်နေတဲ့အတွက် မြန်မာက စိတ်ဝင်စားတဲ့သူတွေ အတွက် အဆင်မပြေတော့ပြန်ပါဘူး။

အခုတစ်ခါ မိတ်ဆက်ပေးချင်တဲ့ FBS ရဲ့ အားသာချက်တွေကတော့
  • နာမည်ကြီး Online Broker ဖြစ်သဖြင့် ယုံကြည်စိတ်ချရပါတယ်။
  • Brokerage Commission မရှိပါဘူး။
  • spread နည်းက အခြား Broker တွေထက် ပိုနည်းပါတယ်။
  • Deposit လုပ်ရင် 100% Bonus ပေးတာတွေလဲ ရှိပါတယ်။ ဒေါ်လာတစ်ရာထည့်တယ်ဆိုရင် ကိုယ့်အတွက် Bonus ဒေါ်လာ ၁၀၀ ပြန်ပေးပါတယ်။
  • MT4 ဆော့ဝဲကို အထောက်အပံ့ပေးထားပါတယ်။ 
  • Demo အကောင့်ကိုလဲ အလွယ်တကူ Register လုပ်နိုင်ပါတယ်။ 
  • မြန်မာကနေ စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။
  • ဖြည့်သွင်းနိုင်တဲ့ ငွေပမာဏတွေကိုလဲ ကိုယ့်ရဲ့အကောင့်အမျိုးအစားပေါ်ကို မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Cent အကောင့်မှာဆိုရင် အနည်းဆုံး 1$, Micro အကောင့်မှာဆိုရင် အနည်းဆုံး 5$, Standard အကောင့်မှာဆိုရင် အနည်းဆုံး 100$ ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတဲ့ အကောင့်ကို ရွေးချယ်ပြီး Register လုပ်နိုင်ပါတယ်။ 
အကောင့်ကို Register လုပ်ရန်အတွက် http://goo.gl/vvVjAa နှိပ်လိုက်ပါ။



အပေါ်မှာ ပြထားတဲ့ပုံအတိုင်း တက်လာပါလိမ့်မယ်။ Open Live Account ဆိုတာကို နှိပ်လိုက်ပါ။


အကောင့်ကို Register လုပ်ဖို့အတွက် အချက်အလက်တွေ ကို ထည့်ပေးရပါလိမ့်မယ်။

Account Type မှာ ကိုယ့်ရဲ့အကောင့်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။
Cent အကောင့်ဆိုရင် အနည်းဆုံး ၁ ဒေါ်လာ၊
Micro အကောင့်ဆိုရင် အနည်းဆုံး ၅ ဒေါ်လာ၊
Standard အကောင့်ဆိုရင် အနည်းဆုံး ၁၀၀ ဒေါ်လာ ကို Deposit အဖြစ်ထည့်ဖို့လိုပါတယ်။
ကျွန်တော့်အနေနဲ့တော့ Standard အကောင့်ကို ရွေးချယ်ပြီး ဒေါ်လာ ၁၀၀ လောက် ထည့်သွင်းဖို့ အကြံပေးချင်ပါတယ်။ နည်းလွန်းရင် တကယ် Trade တဲ့အခါမှာ မလူးသာ၊ မလွန့်သာ ဖြစ်တတ်ပါတယ်။
အောက်မှာဆက်ပြီးတော့ Your Full Name မှာ ကိုယ့်ရဲ့နာမည်အမှန်အကန်အပြည့်အစုံ (ကိုယ့်ရဲ့မှတ်ပုံတင် နာမည်၊ ဘဏ်စာအုပ်တွေမှာ ပါတဲ့နာမည် အင်္ဂလိပ်စာလုံးပေါင်းအတိုင်း)၊ Password မှာ ကိုယ့်အတွက် လုံခြုံတဲ့ Password ကို ထည့်ပေးပါ။

ပြီးရင်တော့ ကိုယ်ရဲ့ အီးမေးလိပ်စာနဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းပေးလိုက်ပါ။

I have alrady had the partner code ဆိုတာရဲ့ အောက်မှာ ကုဒ်ဖြည့်ဖို့အတွက် ကွက်လပ်နေရာလေး ရှိပါတယ်။ တကယ်လို့ ဖြည့်ဖို့အတွက်နေရာမရှိသေးဘူးဆိုရင် the partner code ဆိုတာကို ကလစ်လိုက်ပါ။ ကွက်လပ်နေရာ ပေါ်လာပါလိမ့်မယ်။ FBS မှာ ကျွန်တော်နဲ့ ပါတနာဖြစ်ချင်တဲ့သူတွေက ကျွန်တော့်ရဲ့ ကုဒ်နံပါတ်ဖြစ်တဲ့ 412405 ကို ထည့်ပေးနိုင်ပါတယ်။

ပုံမှာ မြှားပြထားတဲ့နေရာမှာ အမှန်ဖြစ်ပြီး Open an account ဆိုတာကို နှိပ်လိုက်ပါ။


အချက်တွေအားလုံးကို ဖြည့်ပြီးသွားပြီဆိုရင်တော့ ကိုယ့်ရဲ့အီးမေးအကောင့်ထဲကို ၀င်လိုက်ပါ။ FBS ကနေ ပို့ထားတဲ့ အီးမေး စာတစ်စောင်ကို တွေ့ပါလိမ့်မယ်။ ပုံမှာ မြှားပြထားတဲ့နေရာက ကုဒ်ကို ကူးယူထားလိုက်ပါ။ ပြီးရင် FBS ဆိုဒ်ကို ပြန်လာပြီး ကူးယူလာခဲ့တဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းပေးပါ။


ဒီအဆင့်က အရေးကြီးပါတယ်။ အချက်အလက်တွေကို သေချာမှတ်ထားဖို့ လိုအပ်ပါတယ်။

ကုဒ်နံပါတ်ကို ထည့်ပြီးတာနဲ့ ကျွန်တော်တို့အကောင့်အတွက် အချက်အလက်တွေကို ပြပေးပါလိမ့်မယ်။ အဲဒီအချက် အလက်တွေကို Screenshot ဖြစ်ဖြစ် ဒါမှမဟုတ် သေချာမှတ်ထားဖို့အတွက် လိုအပ်ပါတယ်။ ဒါမှမဟုတ် စာအုပ်တွင် မပျောက်အောင်ရေးမှတ်ထားပါ။ ကိုယ့်အတွက် Account နံပါတ်နဲ့ Trading အတွက် Password တို့ပဲ ဖြစ်ပါတယ်။ MT4 ဆော့ဝဲကို Login ၀င်တဲ့အခါမှာ အဲဒီအကောင့်နံပါတ်နဲ့ Password တွေအတိုင်း ၀င်ရမှာ ဖြစ်ပါတယ်။


ကိုယ်ရဲ့ အီးမေးထဲကိုလည်း အချက်အလက်တွေကို ၀င်ကြည့်ဖို့အတွက် လင့်တွေပါတဲ့ အီးမေးတစ်စောင် ထပ်ပို့ပေးပါလိမ့် မယ်။ အရေးကြီးတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် ပထမတစ်ခါထုတ်ပေးတုန်းက မမှတ်လိုက်ရသေးရင် လင့်တွေကို ၀င်ပြီးတော့ သေချာမှတ်ထားလိုက်ပါ။ အချိန် ၂၄ နာရီအတွင်းမှာပဲ လင့်တွေကနေ Password တွေကို ကြည့်လို့ရပါတယ်။ အချိန်ကျော်သွားရင်တော့ မရတော့ပါဘူး။ PIN Code ဆိုရင် အရမ်းအရေးကြီးပါတယ်။ ငွေထုတ်တဲ့အခါမှာ အဲဒီကုဒ်ကို မေးပါလိမ့်မယ်။


နောက်ဆုံးအဆင့်ကတော့ ကျွန်တော်တို့ရဲ့ Trading ဆော့ဝဲဖြစ်တဲ့ Meta Trader 4 ဆော့ဝဲကို ဒေါင်းလုပ်ယူဖို့အတွက် အပေါ်က ပုံမှာပြထားတဲ့အတိုင်း Platforms ဆိုတာကို နှိပ်လိုက်ပါ။


Meta Trader 4 ဆော့ဝဲကတော့ Trader တွေအတွက် အရမ်းကို အသုံးများပြီး နာမည်ကြီးတဲ့ ဆော့ဝဲတစ်ခုပါ။ Broker တွေ အားလုံးကလည်း MT4 ဆော့ဝဲကို အသုံးပြုနိုင်အောင် လုပ်ထားပေးကြပါတယ်။ ကွန်ပြူတာအတွက် ဗားရှင်းနဲ့ Mobile Phone (Android, IOS) အတွက်ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတာကို ဒေါင်းလုပ်လုပ်ပြီး ဆော့ဝဲကို တင်ထားလိုက်ပါ။

အထက်က အဆင့်များအထိပြီးပါက မိမိအကောင့် ဖွင့်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။ နောက်တစ်ဆင့်တွင် Account Verify လုပ်ခြင်းCB Bank ဘဏ်ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်း100% Bonus ရယူခြင်းများကို တင်ပြပေးသွားပါမည်။

မှတ်ချက်။ ။
FBS တွင် အကောင့်လုပ်ပါက အကောင့် (၂) ခုရသည့်သဘောဖြစ်ပါသည်။
  • ‪‎ပထမတစ်ခုကတော့‬ FBS ဆိုဒ်မှာ အသုံးပြုရသော email နှင့် Password ဖြစ်ပါသည်။ ၄င်းကို FBS ၀က်ဆိုဒ်မှ တဆင့် မိမိ၏ Personal Area ထဲ ၀င်၍ မိမိအကောင့်အားစီမံခန့်ခွဲခြင်း၊ ငွေသွင်း၊ငွေထုတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုရပါသည်။
  • ‪‎ဒုတိယတစ်ခုဖြစ်တဲ့‬ Account No. နှင့် Trading Password များကတော့ Meta Trader 4 တွင် Trade လုပ်ရန်သီးသန့်အတွက်သာဖြစ်ပါတယ်။
Read More

မြန်မာဘဏ်နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်သော အွန်လိုင်းငွေပေးချေစနစ် (သို့) Skrill

3:06 AM |


အခုတခါ မိတ်ဆက်ပေးမယ့် Skrill ဆိုတာက အွန်လိုင်းငွေပေးချေမှုစနစ် (Online Payment System) တွေထဲက တစ်ခုပါပဲ။ ပြောရမယ်ဆိုရင် အွန်လိုင်းငွေပေးချေမှုစနစ်တစ်ခုဖြစ်တဲ့ PayPal, Perfect Money တို့လို့ပါပဲ။ ဒါပေမယ့် PayPal ကို မြန်မာနိုင်ငံကနေ အသုံးပြုမယ်ဆိုရင် Verify လုပ်ရခက်တာတွေ၊ မြန်မာနိုင်ငံက ဘဏ်ကဒ်တွေ၊ ဘဏ်အကောင့်တွေ တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုလို့ မရပါဘူး။ Perfect Money ဆိုရင်လဲ ကိုယ်လက်ထဲကို ငွေရောက်ဖို့အတွက် တဆင့်ကြားခံ Exchanger တွေကို အသုံးပြုရပါတယ်။

အခုပြောမယ့် Skrill ရဲ့ အားသာချက်တွေကတော့ Verify လုပ်ရတာ လွယ်ကူတဲ့အပြင် မြန်မာနိုင်ငံက ဘဏ်ကဒ်တွေ၊ ဘဏ်အကောင့်တွေကို တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပြီး အွန်လိုင်းက ငွေကို မြန်မာနိုင်ငံက ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲ တိုက်ရိုက်ထုတ်ယူနိုင်ပါတယ်။

Skrill အကောင့်ဖွင့်ဖို့အတွက်
  1. CB Bank Account တစ်ခု (1000 ကျပ်)၊
  2. CB Visa Card တစ်ကဒ် (8000 ကျပ်)၊ (ကဒ်ထဲအနည်းဆုံး ၅ ဒေါ်လာလောက် ရှိဖို့လိုပါတယ်။)
  3. မိုဘိုင်းဖုန်းနံပါတ်တစ်ခု (1500 ကျပ်) (ဖုန်းနံပါတ် Verify အတွက် MPT Simcard က အဆင်ပြေပါတယ်။ ချက်ချင်း Verify ဖြစ်ပါတယ်။)၊
  4. အီးမေးလိပ်စာတစ်ခု (Free) တို့ လိုအပ်ပါတယ်။
(အခြားဘဏ်တွေက အကောင့်တွေ၊ ကဒ်တွေနဲ့တော့ မစမ်းကြည့်ရသေးပါဘူး။ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ လုပ်ဆောင်ရမယ့် အဆင့်တွေအားလုံး အတူတူပဲ ဖြစ်ပါတယ်။) 

Skrill အကောင့်စဖွင့်ဖို့အတွက် ဒီလင့်ကို https://goo.gl/arxqgs နှိပ်လိုက်ပါ။


ကိုယ့်ရဲ့ အီးမေးလိပ်စာကို ဖြည့်ပါ။ ပြီးရင် Password ကို ရွေးချယ်ပြီး ဖြည့်ပေးပါ။ Password ကို သူလမ်းညွှန်ပေးတဲ့အတိုင် ဂဏန်းတွေ၊ စာလုံးတွေပါအောင် ရွေးချယ်ပေးပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။


အပေါ်မှာ ပြထားတဲ့အတိုင်း ကိုယ့်ရဲ့နာမည်၊ မွေးနေ့တို့ကို ဖြည့်သွင်းပေးပါ။ ဒီမှာ ဖြည့်သွင်းပေးရမယ့် စာလုံးပေါင်းကိုတော့ ကိုယ့်ရဲ့ဘဏ်စာအုပ်၊ တကယ်လို့ ကိုယ့်မှာ Passport လို အင်္ဂလိပ်လိုပါတဲ့ စာရွက်စာတမ်း၊ ယဉ်မောင်းလိုင်စင်တို့ရှိရင် အဲဒီအထဲက စာလုံးပေါင်းအတိုင်း ဖြည့်ပါ။ ပြီးရင် Next ကို နှိပ်ပါ။


အပေါ်မှာ ပြထားတဲ့အတိုင်း ကိုယ်နေထိုင်တဲ့ နိုင်ငံကို ရွေးချယ်ပေးပါ။ Myanmar ဆို အဆင်သင့်ပါပြီး ဖြစ်ပါတယ်။ ရွေးချယ်ပေးလိုက်ပါ။ USD ဒေါ်လာကို ရွေးချယ်ပေးပါ။ ပြီးရင် Next ကို နှိပ်ပေးပါ။


Address 1 ဆိုတဲ့အကွက်မှာ လိပ်စာဖြည့်သွင်းဖို့အတွက် CB Bank အကောင့်ဖွင့်ထားတဲ့ လိပ်စာအတိုင်း ဖြည့်သွင်းပေးပါ။
Address 2 ကိုတော့ ဘာမှမဖြည့်ဘဲ ချန်ထားခဲ့လို့ရပါတယ်။
City မှာတော့ CB Bank အကောင့်ဖွင့်ထားခဲ့တဲ့အတိုင်း ဖြည့်သွင်းပေးပါ။
Postal Code ကိုတော့ ကိုယ်နေထိုင်ရာ မြို့ရဲ့ စာတိုက်နံပါတ်ကို ဖြည့်သွင်းပေးပါ။ တကယ်လို့ မသိဘူးဆိုရင် ဒီလင့်မှာ http://www.geopostcodes.com/Burma ကိုယ်နေထိုင်ရာ မြို့ရဲ့စာတိုက်နံပါတ်ကို ရှာပြီး ဖြည့်သွင်းပေးပါ။ ပြီးရင် Next ကို နှိပ်ပါ။


ပြီးရင် Phone number မှာ +95 ကို ရွေးချယ်ပြီး ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးပါ။ ရှေ့ဆုံးက (0) ကို ထည့်သွင်းပေးဖို့ မလိုပါဘူး။ I'm not a robot မှာ အမှန်ခြစ်ဖြစ်အောင် နှိပ်ပေးလိုက်ပါ။ ပြီးရင် I agree to Skrill TOS မှာ အမှန်ခြစ်ဖြစ်အောင် ကလစ်ပေးပါ။ ပြီးရင် OPEN ACCOUNT ကို နှိပ်လိုက်ပါ။

ဒီအဆင့်ပြီးရင်တော့ Skrill အကောင့်ဖွင့်တာ ပြီးသွားပြီ ဖြစ်ပါတယ်။ Skrill အကောင့်ကို စတင်ဝင်ရောက်ကြည့်လို့ ရပါပြီ။

Skrill အကောင့်အတွက် Email Verify ပြုလုပ်ခြင်း
အကောင့်ဖွင့်ပြီးတာနဲ့ အရင်ဆုံး Email ကို Verify လုပ်ပါမယ်။ အဲဒီအတွက် Skrill အကောင့်ဖွင့်တုန်းက ထည့်ပေးခဲ့တဲ့ အီးမေးကို ၀င်လိုက်ပါ။


Skrill ကနေ ပို့ထားတဲ့ အီးမေးတစ်စောင်ကို တွေ့ပါလိမ့်မယ်။ အီးမေးကို ဖွင့်ပြီးတော့ အထဲမှာပါတဲ့ လင့်ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် Email Verify လုပ်တာ ပြီးသွားပြီ ဖြစ်ပါတယ်။

Skrill အကောင့်အတွက် Phone Verify ပြုလုပ်ခြင်း
Phone Verify လုပ်ဖို့အတွက် အပေါ်ဆုံးအတန်းက Settings ကို နှိပ်လိုက်ပါ။ ပြီးရင် PERSONAL INFO ကို နှိပ်လိုက်ပါ။


ပြီးရင် Change phone numbers မှာ Edit ကို နှိပ်ပြီး အပေါ်မှာ ပြထားတဲ့အတိုင်း Mobile number မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ထပ်ပြီးဖြည့်ပေးလိုက်ပါ။ အရင်စပြီး ဖွင့်ခဲ့တုန်းက ဖုန်းနံပါတ်ကိုပဲ ထပ်ပြီးဖြည့်သွင်းပေးလဲ ရပါတယ်။ ပြီးရင် Save ကို နှိပ်လိုက်ပါ။ ကုဒ်နံပါတ်ထည့်သွင်းပေးဖို့အတွက် Message Box တစ်ခု ပေါ်လာပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။


ကိုယ့်ရဲ့ဖုန်းကို SMS မက်ဆေ့တစ်စောင် ရောက်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Code ကို ဖြည့်သွင်းပေးလိုက်ပါ။ အဲဒါဆိုရင် Skrill အကောင့်အတွက် Phone နံပါတ် Verify လုပ်တာ ပြီးဆုံးသွားပါပြီ။

Skrill အကောင့်အတွက် Account Verify ပြုလုပ်ခြင်း
Skrill အကောင့်ကို အသုံးပြုဖို့အတွက် Account Verify ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ Account Verify မလုပ်ထားဘူးဆိုရင် စုစုပေါင်း ယူရိုငွေ 2500 အထိပဲ အပေးအယူလုပ်လို့ ရပါတယ်။ အဲဒီ Limit ကို ပြည့်သွားပြီဆိုတာနဲ့ ငွေအလွှဲအပြောင်းပြုလုပ်လို့ မရတော့ပါဘူး။ Account Verify ပြုလုပ်ဖို့အတွက် လိုအပ်တာ နှစ်ခုရှိပါတယ်။

1. ဓါတ်ပုံ အတည်ပြုချက်
Passport ရှိတဲ့သူဆိုရင် ကိုယ့် Passport ရဲ့ ဓါတ်ပုံပါ စာမျက်နှာကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ။ စာလုံးတွေ၊ စာသားတွေ၊ ပုံတွေက ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။

တကယ်လို့ Passport မရှိတဲ့သူဆိုရင် ကိုယ့်ရဲ့ ယဉ်မောင်းလိုင်စင်ရဲ့ (အခုနောက်ပိုင်း ထုတ်ပေးလာတဲ့ ယဉ်မောင်းလိုင်စင်တွေ အင်္ဂလိပ်လို ဖြစ်နေပါပြီ။) ရှေ့ဘက်နဲ့ နောက်ကျောဘက်ကို ဓါတ်ပုံရိုက်ယူထားပါ။ စာလုံးတွေ၊ စာသားတွေ၊ ပုံတွေက ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။

တကယ်လို့ အဲဒီနှစ်ခုလုံး မရှိဘူးဆိုရင်တော့ Cards and Bank Accounts ကို Verify လုပ်ပေးပြီး အသုံးပြုရင်လဲ ရပါတယ်။ ဒါပေမယ့် ဒုတိယလိုအပ်ချက်ဖြစ်တဲ့ နေရပ်လိပ်စာ အတည်ပြုချက်ကိုတော့ မဖြစ်မနေ လုပ်ဖို့အတွက် လိုအပ်ပါတယ်။

2. နေရပ်လိပ်စာ အတည်ပြုချက်
နေရပ်လိပ်စာ အတည်ပြုချက်အတွက် အစိုးရရုံးဌာန တစ်ခုခုကနေ ထုတ်ပေးထားတဲ့ ကိုယ့်လိပ်စာပါတဲ့ စာရွက်စာတမ်းဆိုရင် အဆင်ပြေပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုဖြစ်ဖို့ လိုအပ်ပါတယ်။

အလွယ်ဆုံးနည်းလမ်းကတော့ CB bank ကနေ ထုတ်ပေးထားတဲ့ ဘဏ်စာအုပ်က ကိုယ့်လိပ်စာပါတဲ့ စာမျက်နှာကိုဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် CB bank ကနေ ကိုယ့်ဘဏ်အကောင့်အတွက် ငွေစာရင်းရှင်းတမ်း (Bank Statement) က လိပ်စာပါတဲ့ စာမျက်နှာကိုဖြစ်ဖြစ် ဓါတ်ပုံရိုက်ပြီး တင်ပေးလို့ ရပါတယ်။

အဲဒီနှစ်ခုလုံးရှိပြီဆိုရင် ဒီလင့်ကို https://help.skrill.com/en/ContactSkrill သွားလိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Category မှာ Account ကို ရွေးချယ်ပေးပါ။ Problem with မှာ Verification ကို ရွေးချယ်ပေးပါ။ Your message မှာ ကိုယ်တင်ပေးတာကို ပုံမှာပြထားတဲ့အတိုင်း ထည့်ရေးပေးလိုက်ပါ။ ပြီးရင် Upload a document ကနေ ဓါတ်ပုံရိုက်ထားတာတွေကို ရွေးချယ်ပေးပါ။ ပြီးရင် Send message ကို နှိပ်လိုက်ပါ။ ကျွန်တော်တို့အနေနဲ့ Account Verify လုပ်တာ ပြီးသွားပါပြီ။

Skrill အကောင့်အတွက် Bank Card verify ပြုလုပ်ခြင်း
Skrill အကောင့်ထဲကို ငွေသွင်းဖို့အတွက် ဘဏ်ကဒ်နဲ့ Skrill အကောင့်ကို ချိတ်ဆက်ပြီး verify လုပ်ပေးထားဖို့ လိုအပ်ပါတယ်။


Verify ပြုလုပ်ဖို့အတွက် Cards and Bank Accounts ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် Add Credit or Debit Card ဆိုတာကို နှိပ်လိုက်ပါ။


CB Bank ရဲ့ Visa ကဒ်ကို အသုံးပြုပြီး ချိတ်ဆက်မှာ ဖြစ်ပါတယ်။
Card number မှာ ကဒ်ရဲ့ နံပါတ်ကို ထည့်သွင်းပေးပါ။
Expiry date မှာ ကဒ်သက်တမ်းကုန်ဆုံးမယ့် လ နဲ့ နှစ် ကို ရွေးချယ်ပေးပါ။
Security code မှာ ကဒ်ရဲ့နောက်ကျောဘက်က Code နံပါတ် သုံးလုံးကို ထည့်သွင်းပေးပါ။ ပြီးရင် Save and verify card ကို နှိပ်လိုက်ပါ။


1.01$ ကနေ 2.99$ အတွင်းမှာ ရှိတဲ့ ငွေပမာဏတစ်ခုကို ကဒ်ထဲကနေ ဖြတ်ယူသွားပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် ကဒ်ထဲမှာ အနည်းဆုံး ၅ ဒေါ်လာလောက် ရှိနေဖို့ လိုပါတယ်။ ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ရွေးချယ်ပြီး Debit amount and verify ဆိုတာကို နှိပ်လိုက်ပါ။


CB bank ရဲ့ Visa ကဒ်က အွန်လိုင်းကနေ ငွေလက်ကျန်ဘယ်လောက်ရှိတယ်ဆိုတာကို ၀င်ပြီး စစ်ကြည့်လို့ ရပါတယ်။ Skrill ကနေ ကဒ်ချိတ်လိုက်တဲ့အခါ ကဒ်ထဲကနေ USD ငွေပမာဏဘယ်လောက် ဘယ်လောက်ဖြတ်သွားတယ်ဆိုတာကို စစ်ကြည့်လိုက်ပါ။ အပေါ်က ဥပမာပေးထားတာမှာ 2.94 USD ဖြတ်သွားပါတယ်။


ငွေပမာဏ ဘယ်လောက်ဖြတ်သွားတယ်ဆိုတာကို သိပြီဆိုရင် Cards and Bank Accounts က Finish Verification ကို နှိပ်လိုက်ပါ။


Transaction amount မှာ ကဒ်ထဲကနေ ဖြတ်သွားတဲ့ ငွေပမာဏကို ရိုက်ထည့်ပေးပါ။ ကျွန်တော့်မှာတော့ အပေါ်က ပုံမှာပြထားသလို့ 2.94 ဖြတ်သွားတာဖြစ်လို့ 2.94 ဆိုပြီး ရိုက်ထည့်ပါတယ်။ ပြီးတာနဲ့ Submit ကို နှိပ်လိုက်ပါ။


ပြီးတာနဲ့ Bank card ကို verify လုပ်တာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားကြောင်း တွေ့ရပါလိမ့်မယ်။ ဖြတ်သွားတဲ့ငွေကို ကိုယ့် Skrill အကောင့်ထဲကို ပြန်ပြီး ထည့်သွင်းပေးပါလိမ့်မယ်။

Skrill အကောင့်အတွက် Bank Account ထည့်သွင်းခြင်း
Skrill အကောင့်ထဲမှာရှိနေတဲ့ ငွေကို ထုတ်ယူဖို့အတွက် Bank Account ကို အရင်ဆုံး Add လုပ်ထားဖို့ လိုအပ်ပါတယ်။


Cards and Bank Accounts ကနေ Add Bank Account ဆိုတာကို နှိပ်လိုက်ပါ။


Country ဆိုတဲ့နေရာမှာ Myanmar ဆိုတာကို ရွေးချယ်ပေးပါ။
SWIFT ဆိုတဲ့နေရာမှာတော့ CB bank ရဲ့ ဘဏ်အကောင့်နဲ့ ချိတ်ဆက်မှာ ဖြစ်တဲ့အတွက် CB bank ရဲ့ SWIFT ကုဒ်ကို ထည့်သွင်းပေးရပါမယ်။ CB bank ရဲ့ SWIFT ကုဒ်က CPOBMMMY ဖြစ်ပါတယ်။
အခြားဘဏ်တွေရဲ့ SWIFT ကုဒ်ကို သိလိုတယ်ဆိုရင် ဒီလင့်မှာ https://www.swiftcodes.info/myanmar/ သွားကြည့်နိုင်ပါတယ်။
Account number ဆိုတဲ့နေရာမှာတော့ ကိုယ့်ဘဏ်အကောင့်နံပါတ်ကို ထည့်သွင်းပေးပါ။
ပြီးရင် Add account and continue ကို နှိပ်ပေးလိုက်ပါ။


ပြီးတာနဲ့ ကိုယ့်ရဲ့ဘဏ်အကောင့်ကို Skrill မှာ ထည့်သွင်းထားပြီး ဖြစ်တာကို တွေ့ရပါလိမ့်မယ်။

Skrill အကောင့်ထဲကို Bank Card မှ ငွေဖြည့်သွင်းခြင်း
Skrill အကောင့်ထဲကို ငွေဖြည့်တာကို Upload လုပ်တယ်ဆို့ ခေါ်ပါတယ်။ ငွေဖြည့်သွင်းဖို့အတွက် ကဒ်ထဲမှာ ငွေအလုံအလောက်ရှိထားပြီး ဖြစ်ဖို့ လိုပါတယ်။ ကဒ်ကလည်း အပေါ်အဆင့်မှာ လုပ်ရမယ့်အတိုင်း Verify လုပ်ပြီးသား ဖြစ်ရပါမယ်။


ငွေဖြည့်သွင်းမယ်ဆိုရင် Upload ဆိုတာကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်ရဲ့ကဒ်ကို ရွေးချယ်ပေးလိုက်ပါ။ ငွေထည့်သွင်း ချက်ချင်းအကောင့်ထဲကို ရောက်ပါတယ်။ ငွေထည့်သွင်းခအနေနဲ့ 1.9% Fee ပေးရပါတယ်။ ပြီးရင် Continue ကို နှိပ်လိုက်ပါ။


1. Select the amount to upload ဆိုတာမှာ ကိုယ်ဖြည့်သွင်းချင်တဲ့ ငွေပမာဏကို ရိုက်ထည့်ပါ။ ပေးဆောင်ရမယ့် ၀န်ဆောင်ခနဲ့ စုစုပေါင်း ကို အော်တိုတွက်ပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ကဒ်ထဲမှာ စုစုပေါင်း ပမာဏထက် ပိုပြီးရှိနေဖို့ လိုအပ်ပါတယ်။ CB bank card ထဲမှာ အနည်းဆုံး လက်ကျန်ထားရမယ့် ပမာဏ ရှိပါသေးတယ်။ ကဒ်ထဲက ငွေအားလုံးကို ဖြည့်သွင်းမယ်ဆိုရင် ငွေ အလုံအလောက် မရှိဘူးဆိုပြီး Error တက်နိုင်ပါတယ်။
2. Confirm the transaction by entering... ဆိုတာမှာ ဘဏ်ကဒ်ရဲ့ နောက်ကျောဘက်က Security code သုံးလုံးကို ဖြည့်သွင်းပေးပါ။ ပြီးရင် Upload ကို နှိပ်လိုက်ပါ။

ကဒ်ထဲမှာ ငွေအလုံအလောက်ရှိတယ်၊ ထည့်ပေးလိုက်တဲ့ ကုဒ်လဲ မှန်ကန်တယ်ဆိုရင် Skrill အကောင့်ကို ငွေချက်ချင်း ရောက်လာပါလိမ့်မယ်။

Skrill အကောင့်အတွက် လုံခြုံရေးတိုးမြှင့်ခြင်း
Skrill အကောင့်ကို အသုံးပြုပြီး ငွေတွေကို အပေးအယူ၊ အလွှဲအပြောင်းပြုလုပ်မှာဖြစ်တဲ့အတွက် Skrill အကောင့်ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်ထားသင့်ပါတယ်။ 2-factor authentication လို့လဲ ခေါ်ပါတယ်။ Skrill အကောင့်ကို ၀င်ရောက်အသုံးပြုနိုင်ဖို့အတွက် Password အပြင် အချိန်နဲ့လိုက်ပြီးပြောင်းလဲနေတဲ့ Code နံပါတ်တစ်ခုကိုပါ အသုံးပြုထားတာဖြစ်တဲ့ ကိုယ့်အကောင့်ရဲ့လုံခြုံရေးအတွက် အရမ်းကို စိတ်ချရပါတယ်။


အပေါ်က ပုံမှာပြထားတဲ့အတိုင် ACCOUNT SETTINGS ကို နှိပ်လိုက်ပါ။ ပြီးရင် 2-factor authentication မှာ Edit ကို နှိပ်လိုက်ပါ။ ပြီးရင် Turn ON 2-factor authentication ကို ကလစ်လိုက်ပါ။


Scan လုပ်ဖို့အတွက် BarCode တစ်ခုကို ထုတ်ပေးပါလိမ့်မယ်။ Google Authenticator App ကို အသုံးပြုပြီး Scan လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ဖုန်းမှာ  Google Authenticator App ကို အရင်ဆုံး တင်ထားပြီး ဖြစ်ဖို့ လိုပါတယ်။ Android အတွက်ရော iOS အတွက်ပါ ရှိပါတယ်။ ရှာပြီး တင်ထားလိုက်ပါ။


Google Authenticator ကို ဖွင့်လိုက်ပါ။


Skrill အကောင့်ကို Google Authenticator မှာ ထပ်ထည့်မှာဖြစ်တဲ့အတွက် အပေါ်ညာဘက် ထောင့်မှာ ရှိတဲ့ (+) အပေါင်းလက္ခဏာကို နှိပ်လိုက်ပါ။


ပြီးရင် Scan barcode ဆိုတာကို နှိပ်လိုက်ပါ။ ဖုန်းမှာပါတဲ့ Camera ကို အသုံးပြုပြီးတော့ Scan လုပ်မှာဖြစ်တဲ့အတွက် Camera အသုံးပြုခွင့် တောင်းရင် ခွင့်ပြုပေးလိုက်ပါ။ ပြီးရင် ဖုန်း Screen မှာ ပြထားတဲ့ လေးထောင့်ကွက်နဲ့ Skrill အကောင့်က ထုတ်ပေးထားတဲ့ BarCode ကို ချိန်ညှိပေးလိုက်ပါ။ အော်တို Scan လုပ်သွားပါလိမ့်မယ်။


တကယ်လို့ Google Authenticator ကို အသုံးမပြုနိုင်တဲ့အခါ (ဖုန်းပျောက်တာမျိုး)မှာ အသုံးပြုဖို့အတွက် အရေးပေါ်ကုဒ် ၅ ခုကို ထုတ်ပေးထားပါတယ်။ သေချာကူးပြီး သိမ်းထားလိုက်ပါ။


2-factor authentication ကို အသုံးပြုထားတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Skrill အကောင့်ကို ၀င်တဲ့အခါတိုင်းမှာ Password အပြင် Google Authenticator ကနေ Skrill အကောင့်အတွက် ထုတ်ပေးတဲ့ ကုဒ်ကိုပါ ထည့်သွင်းပေးဖို့ တောင်းပါလိမ့်မယ်။ အဲဒီအခါမှာ Google Authenticator ကို ဖွင့်ပြီး Skrill အတွက် ထုတ်ပေးတဲ့ ကုဒ်ကို ထည့်သွင်းပေးလိုက်ပါ။
2-factor authentication အသုံးပြုပြီး လုံခြုံရေးစနစ်တိုးမြှင့်တာ ပြီးသွားပါပြီ။ Google Authenticator က ထုတ်ပေးတဲ့ ကုဒ်က စက္ကန့်သုံးဆယ်မှာ တစ်ခါပြောင်းနေတာဖြစ်တဲ့အတွက် Skrill အကောင့်ရဲ့ လုံခြုံရေးအတွက် အထူးပဲ စိတ်ချရပါတယ်။

Skrill အတွက် အခြားသိသင့်စရာများ

  1. အကောင့်အသုံးပြုတဲ့အတွက် နှစ်စဉ်ကြေး၊ လစဉ်ကြေးများ ပေးဖို့မလိုပါဘူး။
  2. Skrill အကောင့်ကို အသုံးပြုပြီး Merchants ဆီကို ငွေပေးချေမယ်ဆိုရင် အခမဲ့ဖြစ်ပါတယ်။
  3. အကောင့်ကို ၁၂ လအကြာ Login မလုပ်ဘဲထားမယ်ဆိုရင် ၁ ပေါင် ဖြတ်ပါတယ်။
  4. Personal Skrill အကောင့်အချင်းချင်း ငွေပေးချေမှုအတွက် 1% ၀န်ဆောင်ခ ပေးရပါမယ်။
  5. Bank Card ကနေ Skrill အကောင့်ထဲကို ငွေသွင်းမယ်ဆိုရင် 1.9% ၀န်ဆောင်ခ ပေးရပါမယ်။
  6. Bank Account ကို ငွေထုတ်မယ်ဆိုရင် 3.95 ပေါင် ကုန်ကျပါမယ်။
  7. မြန်မာဘဏ်ကတော့ ဘဏ်အကောင့်ထဲကို  ငွေအ၀င် တစ်ကြိမ်အတွက် ကျပ်တစ်သောင်း ဖြတ်ပါတယ်။
အခက်အခဲရှိတယ်ဆိုရင် အောက်မှာ စာရေးထားပြီး ပြောခဲ့လို့ ရပါတယ်။ အဆင်ပြေကြပါစေ။ 
Read More