Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Showing posts with label Etoro. Show all posts
Showing posts with label Etoro. Show all posts

Social Trading (or) eToro

8:57 PM | , ,


အခုမိတ်ဆက်ပေးချင်တာကတော့ Social Trading ကို အသုံးပြုထားတဲ့ eToro အကြောင်းပါပဲ။ "Facebook for Trading" လို့လဲ ပြောကြပါတယ်။ eToro မှာ Trader တစ်ယောက်က အရောင်းအ၀ယ်လုပ်လိုက်ရင် အခြားသူတွေက အဲဒါက ချက်ချင်းမြင်တွေ့နိုင်ပါတယ်။ ပြီးတော့ Trader အချင်းချင်းလဲ နှီးနှောတိုင်ပင် ဆွေးနွေးနိုင်ပါတယ်။ Trader တွေရဲ့ ခန့်မှန်းချက်တွေကိုလဲ ကိုယ့်ရဲ့ Wall မှာ တင်လိုက်ရင် အခြားသူတွေက Like, Comment, Share လုပ်တွေလဲ လုပ်နိုင်ပါတယ်။ အပြန်အလှန် တိုင်ပင်ဆွေးနွေးနိုင်တဲ့အတွက် Trading သီးသန့်နေရာလေးလို့တောင် တင်စားလို့ ရပါတယ်။

နောက်တစ်ခုအနေနဲ့ eToro ရဲ့ အားသာချက်ကတော့ Stock, Forex, Commodities, Stock indices တွေ အားလုံးကို တနေရာတည်းမှာ အရောင်းအ၀ယ် ပြုလုပ်လို့ရတာပါပဲ။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ တော်တော်များများ ရင်းနှီးနေကြပါပြီ။

ဒါပေမယ့် စတော့ဈေးကွက်ကတော့ အခုမှ စတုန်းလို့ ပြောလို့ရပါသေးတယ်။ စတော့အိပ်ချိန်းကနေ အရောင်းအ၀ယ်ပြုလုပ်လို့ ရတာ FMI နဲ့ MTSH နှစ်ခုပဲ ရှိပါသေးတယ်။ ကမ္ဘာတလွှားက နာမည်ကြီးစတော့ရှယ်ယာကတွေကို အရောင်းအ၀ယ်လုပ်ချင်တဲ့သူတွေကတော့ eToro ကနေတဆင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။


eToro ကို 2006 ခုနှစ်မှာ စတင်တည်ထောင်ထားပြီး Cyprus, Israel, UK တို့မှာ တရားဝင်ရုံးတွေ ရှိပါတယ်။ eToro နဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ https://en.wikipedia.org/wiki/EToro မှာ ဆက်လက်ပြီး လေ့လာကြည့်လို့ ရပါတယ်။

eToro ရဲ့ Social Trading Platform
eToro ရဲ့ အားသာချက်တစ်ခုကတော့ Social Trading ကို အသုံးပြုထားတာဖြစ်တဲ့အတွက် Trader အချင်းချင်း ဆက်သွယ်နိုင်တာပါပဲ။ သူ့ရဲ့ Wall ကို သွားရောက်ပြီးတော့ ခန့်မှန်းချက်တွေကို ဖတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ခန့်မှန်းချက်တွေကိုလဲ ပြောပြပြီး အပြန်အလှန် ဆွေးနွေးနိုင်ပါတယ်။ ဘယ်နေ့မှာ ဘယ်ဒေတာတွေ ထွက်မယ်၊ ထွက်လာတဲ့ ရလာဒ်အပေါ်မူတည်ပြီး ဘယ်လိုတွေ ဖြစ်နိုင်တယ် စတာတွေကိုလဲ ရှာဖွေကြည့်နိုင်ပါတယ်။ ကိုယ်က Follow လုပ်ထားမယ်ဆိုရင် သူ Trade အသစ်ဖွင့်လိုက်တာ၊ Post တင်လိုက်တာတွေကို ချက်ချင်းသိရှိနိုင်ပါတယ်။

 
 

eToro ရဲ့ နောက်ထပ် Feature တစ်ခုကတော့ Copy Trade လုပ်လို့ရတာပါပဲ။ eToro မှာရှိတဲ့ Trader တစ်ယောက်ရဲ့ Trading အရှုံးအမြတ်၊ Trade တစ်ခု ဘယ်လောက်ကြာကြာကိုင်ထားတတ်လဲ၊ ဘယ် Currency Pair တွေပေါ်မှာ အများဆုံး Trade လေ့ရှိလဲဆိုတဲ့ အချက်အလက်တွေအားလုံးကို Graph တွေ၊ Charts တွေနဲ့ ကြည့်လို့ရပါတယ်။ သူ့ရဲ့ Trading Style ကို သဘောကျတယ်ဆိုရင် ငွေပမာဏတစ်ခုနဲ့ Copy လုပ်ထားမယ်ဆိုရင် သူ Trade Order ဖွင့်ရင် ကိုယ့်ဆီမှာလဲ အချိုးကျတစ်ခုနဲ့ အလိုလို Order ဖွင့်ပေးပါလိမ့်မယ်။ Copy လုပ်ရမယ့် ငွေပမာဏကတော့ Trader တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။

Copy မလုပ်ဘဲ အဲဒီ Trader ကို Follow လုပ်မယ်ဆိုရင် သူ့ Trade တွေကို မြင်နေရပြီး ကိုယ်တိုင်ကြိုက်မှ Trade အသစ်ဖွင့်လို့လဲ ရပါတယ်။

How to Register in eToro
eToro မှာ အကောင့်တစ်ခု ဖွင့်ဖို့က အရမ်းကို လွယ်ကူပါတယ်။ အကောင့်ဖွင့်ဖို့အတွက် ဒီလင့်ကို နှိပ်လိုက်ပါ။


အပေါ်မှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ဖြည့်ပေးလိုက်ပါ။ eToro မှာ Trading လုပ်ဖို့အတွက်ပါ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချက်အလက်တွေကို အမှန်အကန်ဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ ပြီးရင် Join Now ဆိုတာကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် eToro မှာ အကောင့်တစ်ခု ဖွင့်လို့ ပြီးသွားပါပြီ။

ကိုယ်တိုင်က သတင်းတစ်ခုထွက်သွားပြီးလို့ အဲဒီသတင်းအပေါ်မှာ Trader တွေ ဘယ်လိုသဘော ခန့်မှန်းကျတယ်၊ ဘယ်လို Action ယူကြတယ်ဆိုတာကို သိဖို့အတွက်ပဲဆိုရင် (eToro မှာ Trading မလုပ်ဘူးဆိုရင်) အကောင့်ကို Verify လုပ်ဖို့မလိုပါဘူး။ တကယ် Trade မယ့်သူတွေကတော့ Verify လုပ်တဲ့အဆင့်ကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

eToro ရဲ့ Interface မိတ်ဆက်


အပေါ်မှာ ပြထားတဲ့ပုံကတော့ eToro ကို စစချင်းတွေ့ရမယ့်ပုံပါပဲ။


News Feed
ဖေ့ဘုတ်မှာပါတဲ့ News Feed နဲ့ အတူတူပါပဲ။ သူ့ကိုနှိပ်လိုက်မယ်ဆိုရင် ကိုယ် Follow လုပ်ထားတဲ့ Trader တွေရဲ့ Update News တွေ တက်လာပါလိမ့်မယ်။


Portfolio 
Real Portfolio နဲ့ Virtual Portfolio နှစ်ခုကို အပြန်အလှန် ပြောင်းလို့ ရတဲ့နေရာပါ။ eToro မှာလဲ လေ့ကျင့်ဖို့အတွက် demo အကောင့်ပေးထားပါတယ်။ ဒီမှာတော့ demo အကောင့်လို့ မခေါ်ဘဲ Virtual Portfolio လို့ ခေါ်ပါတယ်။ Virtual Portfolio ကို ရွေးလိုက်မယ်ဆိုရင် ဒေါ်လာ 100K ပါတဲ့ Virtual အကောင့်ကို ပြောင်းပေးပါလိမ့်မယ်။



အောက်ဆုံးလိုင်းမှာ AVAILABLE ဆိုပြီး Virtual Money ထည့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီငွေကို အသုံးပြုပြီးတော့ အရောင်းအ၀ယ်ပြုလုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။

Watchlist
Watchlist ဆိုတာက ကိုယ့်အတွက် အရေးပါတဲ့ Pairs တွေ၊ Stock တွေကို အမြန်ကြည့်လို့ရအောင် သီးသန့် List ထဲကို ထည့်ထားတဲ့သဘောပါ။ List ထဲကို ထပ်ပေါင်းထည့်လို့ ရသလို မလိုတော့ဘူးဆိုရင်လဲ List ထဲကနေ ပြန်လည် ထုတ်ပယ်လို့ ရပါတယ်။


အပေါ်က ပုံမှာတော့ APPL (Apple), GOOG (Google) တို့ရဲ့ Stock တွေကို List ထဲမှာ ထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။ ဒီနေ့တစ်နေ့တာအတွက် APPL (Apple), GOOG (Google) တို့ဟာ 1.10% နဲ့ 1.07% အတက်ဖြစ်ခဲ့တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ Sell, Buy ဈေးတွေကိုလဲ ယှဉ်တွဲ ပြထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ eToro ရဲ့ Trader 99% လောက်ရဲ့ Sentiment အခြေအနေအရ Buy အားသန်နေကြတာကိုလဲ တွေ့ရပါလိမ့်မယ်။

Copy People
eToro မှာရှိတဲ့ Trader တစ်ယောက်ရဲ့ Trading Style ကို သဘောကျတယ်ဆိုရင် ငွေပမာဏတစ်ခုနဲ့ Copy လုပ်ထားမယ်ဆိုရင် သူ Trade Order ဖွင့်ရင် ကိုယ့်ဆီမှာလဲ အချိုးကျတစ်ခုနဲ့ အလိုလို Order ဖွင့်ပေးပါလိမ့်မယ်။ Copy လုပ်ရမယ့် ငွေပမာဏကတော့ Trader တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ Copy မလုပ်ဘဲ အဲဒီ Trader ကို Follow လုပ်မယ်ဆိုရင် သူ့ Trade တွေကို မြင်နေရပြီး ကိုယ်တိုင်ကြိုက်မှ Trade အသစ်ဖွင့်လို့လဲ ရပါတယ်။


အပေါ်က ပုံမှာ Trader တစ်ယောက်ရဲ့ Performance ဂရပ်ကို ပြထားပါတယ်။ သူ့ရဲ့ Trading Style ကို သဘောကျလို့ Copy လုပ်ချင်တယ်ဆိုရင် Copy ကို နှိပ်လိုက်ရပါပြီ။ ပြီးရင် ကိုယ့် Copy လုပ်မယ့် ငွေပမာဏကို ရွေးချယ်ပေးပါ။ Virtual Money ကို အသုံးပြုပြီး စမ်းကြည့်နိုင်ပါတယ်။

Copy မလုပ်ဘဲ Follow ပဲ လုပ်ချင်တယ်ဆိုရင်တော့ (+) အပေါင်းလက္ခဏာကို နှိပ်လိုက်ရင် ရပါပြီ။

Trade Markets
eToro မှာ Trade လုပ်နိုင်တဲ့ Stock, Forex, Commodities, Stock indices တွေ အားလုံးကို ရှာဖွေကြည့်နိုင်ပါတယ်။ မိမိစိတ်ကြိုက်ရှာဖွေပြီး Charts တွေနဲ့ ဈေးနှုန်း အပြောင်းအလဲတွေကို တွေ့မြင့်ရပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားတယ်ဆိုရင်တော့ Watchlist ထဲကို ထပ်ပေါင်းထည့်ထားနိုင်ပါတယ်။

Settings
Settings မှာတော့ ကိုယ့်အကောင့်နဲ့ ပက်သက်တဲ့ ဒေတာအချက်အလက်တွေကို ပြင်ဆင်တာ၊ အကောင့်ကို Verify လုပ်ဖို့အတွက် Document တွေ တင်တာ၊ ဖုန်းနံပါတ်အတွက် Verify လုပ်တာတွေ၊ ကိုယ့်အကောင့်ရဲ့ Privacy တွေ ပြင်တာကို ပြုလုပ်နိုင်ပါတယ်။

How to Verify eToro Account
eToro မှာ တကယ့်ငွေအစစ်ထည့်ပြီးတော့ Trading လုပ်မယ်ဆိုရင်တော့ အကောင့်ကို အရင်ဆုံး 100% Verify ဖြစ်အောင် လုပ်ထားဖို့ လိုပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ငွေထည့်ပြီးမှ Verify မဖြစ်တဲ့အတွက် ငွေပြန်ထုတ်မရတာ ဖြစ်နိုင်ပါတယ်။ အရင်ဆုံး Verify ဖြစ်ပြီးမှပဲ ငွေကို ထည့်ဖို့ စဉ်းစားစေချင်ပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Complete Profile ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် ထပ်ပြီးတော့ Complete Profile ဆိုတာကို ထပ်ပြီး နှိပ်လိုက်ပါ။


ကိုယ့်ရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ နေထိုင်ရာ နိုင်ငံတို့ကို ဖြည့်သွင်းပေးပါ။ နာမည်ဖြည့်တဲ့အခါမှာ စာလုံးပေါင်းတွေကို ဘဏ်စာအုပ်၊ Passport တို့ထဲက စာလုံးပေါင်းအတိုင်း သေချာဖြည့်ပေးပါ။


ကိုယ့်ရဲ နေရပ်လိပ်စာတို့ကို ဖြည့်သွင်းပေးပါ။ နေရပ်လိပ်စာကိုလဲ ဘဏ်စာအုပ်တို့လိုမှာပါတဲ့ လိပ်စာအတိုင်း ဖြည့်သွင်းပေးပါ။ ကိုယ်နေထိုင်ရာ မြို့ရဲ့ Zip Code ကို မသိဘူးဆိုရင် ဒီလင့်မှာ http://www.geopostcodes.com/Burma သွားကြည့်နိုင်ပါတယ်။ 


Trading Experience ကတော့ ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာ တစ်ခုကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်ပေးပါ။


ကိုယ်နဲ့ သင့်တော်ရာကို ရွေးချယ်ပေးပါ။


ပြီးရင်တော့ Complete Profile ဆိုတာကို နှိပ်ပေးပါ။ ဒီအဆင့်ပြီးရင်တော့ ကိုယ့်ရဲ့ Profile က 90% လောက်အထိ Verify ဖြစ်သွားပါပြီ။


Phone Verification လုပ်ဖို့အတွက် ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးပါ။ ပြီးရင် Send SMS ကို နှိပ်လိုက်ပါ။ တချို့ဖုန်းတွေမှ SMS မရောက်တာမျိုးဖြစ်တတ်ပါတယ်။ Voice call ကို နှိပ်ပြီးတော့ ကုဒ်ကို နားထောင်ကြည့်ပါ။


နောက်ဆုံးအဆင့်အနေနဲ့တော့ Settings ထဲကနေ Account ဆိုတာကို နှိပ်လိုက်ပါ။ Upload Utility Bill နဲ့ Upload ID ကို ထပ်ပြီး လုပ်ဖို့ ကျန်ပါသေးတယ်။

Upload Utility Bill ဆိုတာက အကောင့်အသုံးပြုသူရဲ့ နေရပ်လိပ်စာကို အတည်ပြုဖို့အတွက်ပါ။ အဲဒီအတွက် CB bank ဘဏ်စာအုပ်က ကိုယ့်နာမည်ပါ တပါတည်းတွဲပါနေတဲ့ နေရပ်လိပ်စာပါ စာမျက်နှာကိုဖြစ်စေ၊ ငွေစာရင်းရှင်းတမ်း (Bank Statement) က နေရပ်လိပ်စာပါ စာမျက်နှာကိုဖြစ်စေ ဓါတ်ပုံရိုက်ပြီး ပို့ပေးနိုင်ပါတယ်။ 

Upload ID ဆိုတာကတော့ ကိုယ့်ရဲ့ ဓါတ်ပုံပါတဲ့ ID ကဒ်တစ်ခုခုကို တင်ပေးရပါမယ်။ ကိုယ့်ရဲ့ဓါတ်ပုံ၊ နာမည်၊ မွေးနေ့တွေဟာ စာလုံးအနေနဲ့ ရှင်းလင်းပြတ်သားနေရမှာ ဖြစ်ပါတယ်။ ကိုယ်ဖြည့်ထားတာတွေနဲ့လဲ ကိုက်ညီရပါမယ်။ Passport ရှိတဲ့သူဆိုရင်တော့ အဆင်ပြေဆုံးပါပဲ။ ဓါတ်ပုံပါ စာမျက်နှာကို Scan လုပ်ပြီး ပို့ပေးနိုင်ပါတယ်။ 
Passport မရှိတဲ့သူဆိုရင်တော့ ယဉ်မောင်းလိုင်စင် (အင်္ဂလိပ်လို ဖြစ်ရပါမယ်။)ရဲ့ရှေ့ဘက်နဲ့ နောက်ကျောဘက်ကို Scan လုပ်ပြီး ပို့ပေးရပါမယ်။

လိုအပ်တာတွေကို ပို့ထားပြီးပြီဆိုရင် Verify မဖြစ်ဖြစ်ကို သေချာအောင် စောင့်နေပေးပါ။ အတည်ပြုချိန် ရက်အနည်းငယ် ကြာနိုင်ပါတယ်။ သူတို့အနေနဲ့ အီးမေးကို ပြန်ပြီး အကြောင်းကြားလာပါလိမ့်မယ်။ Verify မဖြစ်သေးသမျှ ငွေမထည့်ဖို့ ထပ်ပြီး သတိပေးလိုပါတယ်။

Trading in eToro
eToro အကြောင်းကို တော်တော်သိနေပြီလို့ ထင်ပါတယ်။ Trade တွေကို Open/Close လုပ်တာကလည်း အရမ်းကို လွယ်ကူပါတယ်။ Social Trading ကို အသုံးပြုထားတဲ့အတွက် MT4/MT5 ဆော့ဝဲတွေ ထပ်ပြီး တင်ဖို့ မလိုအပ်ပါဘူး။ အဲဒီမှာပဲ တခါတည်း အရောင်းအ၀ယ်လုပ်နိုင်တဲ့ Web Trader ကို အသုံးပြုထားပါတယ်။

Mobile Devices တွေအတွက်တော့ သူ့ရဲ့ သီးသန့် Apps ကို ပြန်ပြီးတင်ရပါမယ်။ အလွယ်တကူပဲ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Forex လောကမှာ အသုံးများနေတဲ့ MT4 ကနေ Trading လုပ်လို့ မရပါဘူး။ တကယ့်ငွေနဲ့ မစခင်မှာ Virtual Money ကို အသုံးပြုပြီး အရင်ဆုံး လေ့လာကြည့်စေချင်ပါတယ်။


ကိုယ်အရောင်းအ၀ယ်လုပ်လိုတဲ့ Stock, Pair တစ်ခုခုကို Wathlist ကနေဖြစ်ဖြစ်၊ ဒါမှမဟုတ် Trade Markets ကနေ ဖြစ်ဖြစ် ရှာလိုက်ပါ။ အပေါ်က ပုံမှာတော့ နာမည်ကြီး Apple ကို ရွေးချယ်ထားပါတယ်။

နံပါတ် (၁) ကတော့ အဲဒီစတော့ကို Watchlist ထဲကို ထည့်ဖို့အတွက် ဖြစ်ပါတယ်။
နံပါတ် (၂)ကတော့ အရောင်းအ၀ယ်ပြုလုပ်မယ်ဆိုရင် Trade ကို နှိပ်ရပါမယ်။
နံပါတ် (၃)ကတော့ Apple စတော့နဲ့ ပက်သက်ပြီး အခြား Trader တွေရဲ့ အမြင်တွေ၊ ခန့်မှန်းချက်တွေကို ဖတ်ကြည့်ဖို့ အတွက်ပါ။
နံပါတ် (၄) ကတော့ Apple စတော့ရဲ့ ဈေးနှုန်းအတက်အကျ ဂရပ်ကိုကြည့်ပြီး Technical Analysis လုပ်ကြည့်နိုင်ဖို့ အတွက်ပါ။ 
အရောင်းအ၀ယ်ပြုလုပ်မှာ ဖြစ်တဲ့အတွက် Trade ကို နှိပ်လိုက်ပါ။


အပေါ်က ပုံကို သေချာလေ့လာကြည့်လိုက်ပါ။ Trade လုပ်ဖူးတဲ့သူတွေအတွက်ဆိုရင် ရှင်းပြဖို့ ထပ်မလိုတော့ဘူး ထင်ပါတယ်။ 
အပေါ်ဆုံးမှာ Sell/Buy ကို ရွေးချယ်ပေးရပါမယ်။ 
Set Rate မှာတော့ Market Order နဲ့လား၊ ဈေးနှုန်းသတ်မှတ်ပေးမှာလားဆိုတာကို ရွေးချယ်ပေးရပါမယ်။
ပြီးရင် Stop Loss, Leverage, Take Profit အတွက် သတ်မှတ်ပေးရပါမယ်။ Set Order ရဲ့အောက်မှာတော့ Overnight fee ဘယ်လောက်ပေးရမယ်ဆိုတာ ဖော်ပြထားပါတယ်။ ပြီးရင်တော့ Set Order ကို နှိပ်ပေးရပါမယ်။ Stock ဖြစ်တဲ့ အရောင်းအ၀ယ်က ချက်ချင်းမဖြစ်ပါဘူး။ သူတို့ သတ်မှတ်တဲ့အချိန်ရောက်တာနဲ့ အဲဒီစတော့ကို အရောင်းအ၀ယ်လုပ်ထားပေးပြီး ဖြစ်ပါလိမ့်မယ်။


အခုတစ်ခါတော့ EUR/USD Currency Pair ကို အရောင်းအ၀ယ် လုပ်ကြည့်ပါမယ်။ အပေါ်က ရှင်းထားတာကို နားလည်ရင် သူ့အတွက်ကိုလဲ နားလည်နိုင်မယ် ထင်ပါတယ်။ Trade ဆိုတဲ့နေမှာ Down Arrow ကို နှိပ်ပြီး Order အဖြစ် ပြောင်းလဲနိုင်ပါတယ်။
Trade ဆိုရင် ချက်ချင်း အရောင်းအ၀ယ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ Order ဆိုရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ ဈေးနှုန်းကို မရောက်မချင်း အရောင်းအ၀ယ်မဖြစ်သေးပါဘူး။ ပြီးရင်တော့ Open Trade ကို နှိပ်လိုက်ရင် ရပါပြီ။

How to Deposit Funds
ငွေထည့်သွင်းတဲ့ လုပ်ငန်းစဉ်ကိုတော့ အကောင့်ကို 100% Verify ဖြစ်ပြီးမှပဲ လုပ်ဆောင်သင့်ပါတယ်။ ငွေထည့်သွင်းဖို့အတွက် Deposit Funds ဆိုတာကို နှိပ်လိုက်ပါ။


ကိုယ်ဖြည့်သွင်းလို့တဲ့ ငွေပမာဏကို ထည့်သွင်းပါ။ Payment Methods မှာ Credit card, PayPal, Wire Transfer, More ဆိုပြီး ရှိပါတယ်။


More ကို ရွေးချယ်ပြီးတော့ Submit ကို နှိပ်လိုက်ပါ။


ငွေဖြည့်သွင်းလို့ရတဲ့ Online Payment တွေ အားလုံးကို တွေ့ရပါလိမ့်မယ်။ အဲဒီအထဲက ကိုယ်နဲ့ အဆင်ပြေတာ တစ်ခုကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပါတယ်။


မြန်မာနိုင်ငံကနေဆိုရင် Skrill ကို အသုံးပြုသင့်ပါတယ်။ မြန်မာနိုင်ငံအတွက် အခက်အခဲမရှိဘဲ CB bank card, CB bank account တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။ Skrill အကောင့်မရှိသေးဘူးဆိုရင်တော့ ဒီလင့်မှာ http://myanmartrader.blogspot.com/2016/07/skrill.html သွားရောက်ဖတ်ရှုပြီး အကောင့်လုပ်နိုင်ပါတယ်။


Skrill အကောင့်ကနေ ငွေသွင်းမယ်ဆိုရင် Skrill အကောင့်ရဲ့ အီးမေးလိပ်စာကို ဖြည့်သွင်းပေးပါ။ Promotion Code ကတော့ နှစ်သစ်ကူးတွေမှာ eToro ကနေ ပေးလေ့ရှိပါတယ်။ မရှိဘူးဆိုရင်တော့ ကွက်လပ်အတိုင်း ချန်ထားခဲ့နိုင်ပါတယ်။ ပြီးရင် Next ကို နှိပ်လိုက်ရင် Skrill အကောင့်ကို Login လုပ်ခိုင်းပါလိမ့်မယ်။ အဲဒီကနေ ငွေသွင်းနိုင်ပါတယ်။

How To Withdraw Funds 
eToro ကနေ ငွေထုတ်ယူဖို့အတွက် အရင်ဆုံး Verify ဖြစ်ထားပြီးသား လိုပါတယ်။ ကဒ်ကနေ ငွေသွင်းထားတဲ့သူဆိုရင် ကဒ်ရဲ့ရှေ့ဘက်နဲ့ နောက်ကျောဘက်တွေကို Scan လုပ်ပြီး ပို့ပေးရပါမယ်။ ကဒ်နံပါတ် အလယ် ရှစ်လုံးနဲ့ ကဒ်နောက်ကျောက CVV Code ကိုတော့ ဖျက်ထားနိုင်ပါတယ်။

Withdraw Funds  ကိုနှိပ်ပြီးတော့ ကိုယ်ထုတ်ယူလို့တဲ့ ငွေပမာဏနဲ့ Payment စနစ်ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ ငွေထုတ်တာက Verify ဖြစ်သွားပြီးသားဆိုရင် လွယ်ကူပါတယ်။

eToro နှင့် အခြားသိသင့်စရာများ
EUR/USD အတွက် Spread အနေနဲ့ 3 Pips ရှိပြီး GOLD ကတော့ 0.9 ရှိပါတယ်။ အားလုံးအတွက် spread တွေကို ဒီလင့်မှာ http://www.etoro.com/en/customer-service/fees/ သွားရောက်ကြည့်နိုင်ပါတယ်။
ငွေထုတ်ယူဖို့အတွက် Payment စနစ်ပေါ်မူတည်ပြီး အနည်းဆုံး (၃) ရက်ကနေ (၇) ရက်အထိ ကြာမြင့်နိုင်ပါတယ်။
ငွေထုတ်ယူမှုအတွက် ၀န်ဆောင်ခတွေကတော့ (၂၀– ၂၀၀) ဆိုရင် ၅ ဒေါ်လာ၊ (၂၀၀.၀၁ – ၅၀၀) ဆိုရင် ၁၀ ဒေါ်လာ၊ (၅၀၀.၀၁ အထက်) ဆိုရင် ၂၅ ဒေါ်လာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်
Read More