Forex Trading ဆိုတာဘာလဲဗျ‬

3:30 AM | ,


Forex_Trading အကြောင်းရေးပေးပါလို့ ဆိုလာတဲ့မိတ်ဆွေတွေအတွက် လေ့လာထားတဲ့အထဲက အမြည်းသဘောလေး ရေးပေးလိုက်ပါတယ်။ "Forex" ဆိုတာ Foreign_Exchange (နိုင်ငံခြားငွေလဲလှယ်နှုန်း)ရဲ့ အတိုကောက်ပါ။ "FX" လို့လဲရေးကြပါတယ်။ ရိုးရိုးလေးပြောရရင် နိုင်ငံခြားငွေတွေကို ဝယ်ရောင်းလုပ်တာပါ။ ဥပမာအမေရိကန်ဒေါ်လာပေးပြီး ဈေးကျနေတဲ့ ယူရိုငွေဝယ်တယ်။ ယူရိုငွေဈေးပြန်တက်တော့ ယူရိုငွေရောင်းပြီး အမေရိကန်ဒေါ်လာပြန်ဝယ်တယ်။ အမေရိကန်ဒေါ်လာပိုရလို့ မြတ်လိုက်တယ်။ Forex_Tradingနဲ့ စတော့ရှယ်ယာဝယ်ရောင်းတာနဲ့ ဘာကွာသလဲဆိုတာသိချင်ကြပါလိမ့်မယ်။ အကြမ်းဖျင်း ကွာခြားချက်တွေကတော့

၁။ စတော့ရှယ်ယာကို စတော့အိပ်ချိန်း (စတော့ရောင်းဝယ်တဲ့နေရာ)မှာပဲ ပွဲစားကနေတဆင့် ဝယ်ရောင်းလုပ်ရပါတယ်။ Forex_Trading ကတော့အိပ်ချိန်းနေရာမှာ လုပ်စရာမလိုဘူး။ ပွဲစားမလိုဘူး။ ဘယ်နိုင်ငံဘယ်နေရာကနေမဆို ကွန်ပြူတာတလုံးကနေ အင်တာနက်ချိတ်ဆက်ပြီး Membership အဖွဲ့ဝင်ပြီးတာနဲ့ ဝယ်ရောင်းလုပ်လို့ရပြီ။

၂။ နိုင်ငံတကာမှာရှိကြတဲ့ စတော့အိပ်ချိန်းတွေကို ၂၄နာရီ ဖွင့်မထားပါဘူး။ တနေ့မှာ ၇နာရီလောက်ပဲ ဖွင့်ပေးပါတယ်။ Forex_Trading ကတော့၂၄နာရီကို တပတ်မှာ၅ရက် ဖွင့်ထားလို့ အချိန်ပြည့်နီးပါး ဝယ်ရောင်းလုပ်လို့ရတယ်။

၃။ စတော့ရှယ်ယာကတော့ အကျိုးခံစားခွင့်ရှိသလို အခြေအနေကောင်းတဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးဟာရေရှည်ထားရင် တက်လာနိုင်တာမို့ ရေရှည်ရင်းနှီးမြုပ်နှံသူတွေအတွက် ပိုတွက်ခြေကိုက်တယ်။ Forex_Trading ဆိုတာက တနေ့မှာ ငွေကြေးအတက်အကျဟာ ပြားစွန်းလောက်ပဲရှိတာမို့ ရေရှည်မဝယ်ထားကြပါဘူး။ နဲနဲမြတ်တာနဲ့ ထုတ်ရောင်းတာမို့ နေ့ချင်းပြီးအရောင်းအဝယ်လုပ်လိုက်ကြတယ်။ ဒါကြောင့် Day_Trading လို့လဲခေါ်ကြတယ်။ တချို့ဆိုရင် တနေ့ထဲအကြိမ်ပေါင်းများစွာ ဝယ်ရောင်းလုပ်ကြတယ်။

၎။ စတော့ရှယ်ယာရဲ့ တနေတာအရောင်းအဝယ် တန်ဖိုးဟာ ဒေါ်လာဘီလီယံတစ်ထောင်ပဲရှိပေမဲ့ Forex_Exchange ကတော့ တနေ့တာရောင်းဝယ်မှုဟာ ဒေါ်လာဘီလီယံငါးထောင်လောက်ရှိလို့ အရောင်းအဝယ်အရမ်းကြီးပါတယ်။

၅။ စတော့တခုဝယ်မယ်ဆိုရင် ထောင်သောင်းချီတဲ့ကုမ္ပဏီတွေထဲက အခြေအနေကောင်းတဲ့ကုမ္ပဏီကို လေ့လာရွေးချယ်ရတာမို့ အလွန်စိတ်ပင်ပန်းရတယ်။ Forex_Trading ကတော့ ကမ္ဘာမှာ အခိုင်မာဆုံးအသုံးအများဆုံး ငွေကြေး(၈)မျိုးလောက်ကိုပဲ အများဆုံးဝယ်ရောင်းလုပ်ကြလို့ ဝယ်ရောင်းလုပ်ချင်တဲ့ ငွေအမျိုးအစားကို ရွေးချယ်ရတာပိုလွယ်ပါတယ်။ အရောင်းအဝယ် အဓိက လုပ်တဲ့ငွေကြေးတွေကတော့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ဗြိတန်ပေါင်၊ ဂျပန်ယန်းငွေ၊ ဆွစ်ဖရန့်၊ ကနေဒါဒေါ်လာ၊ သြစတေးလီယားဒေါ်လာ၊ နယူးဇီလန်ဒေါ်လာတွေပဲ ဖြစ်ကြပါတယ်။ တခြားငွေကြေးတွေကတော့ အရောင်းအဝယ်လုပ်ကြပေမဲ့ အလွန်နဲပါးပါတယ်။

၆။ စတော့ရှယ်ယာဝယ်ရင် မိမိဝယ်မဲ့ကုမ္ပဏီရဲ့ ခိုင်မာမှု အမြတ်ငွေရှိမရှိ ဆိုတာရယ် သွယ်ဝိုက်ပြီး အကျိုးသက်ရောက်နိုင်တဲ့ ဘဏ်အတိုးနူန်း၊ အစိုးရဲ့စီးပွားရေးဥပဒေတွေကို မျက်မြေပြတ် စောင့်ကြည့်နေဖို့လိုပါတယ်။ Forex_Trading လုပ်သူတွေကတော့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေကို မျက်ခြေမပြတ်လေ့လာနေဖို့လိုပါတယ်။ ဒီနှစ်ဆန်းပိုင်းက အီးယူနိုင်ငံတခုဖြစ်တဲ့ ဂရိနိုင်ငံရဲ့ကြွေးမြီပြဿနာကြောင့် ယူရိုငွေကြေးလှုပ်ပြီး အမေရိကန်ဒေါ်လာဈေးနဲ့ ယှဉ်ရင်ထိုးကျသွားခဲ့ပါတယ်။ ကမ္ဘာ့အရေးအခင်းကျွမ်းကျင်သူဟာ ဘယ်ငွေကြေးအမျိုးအစားက ဈေးတက်မယ်၊ ကျမယ်ကို ကြိုတင်ခန့်မှန်းရာမှာ အားသာပါတယ်။

စာရှည်မှာစိုးလို့ ဒီလောက်ပဲ ရေးပေးလိုက်ပါတယ်။ နောက်မှဆက်ရေးပေးပါမယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

4 comments:

Unknown said...

ဂရပ်​ကြည့်​တာ ဘယ်​လိုကြည့်​ရလဲ ​ကျေးဇူးပြု ပြီး ရှင်းပြ​ပေးပါဦး

Hengky said...

nice post thank

Unknown said...

မြန်မာနိုင်ငံသားများအတွက် အဆင်ပြေသော Broker

ငွေသွင်းငွေထုတ် မိမိဘာသာ စိတ်ကြိုက် စီမံနိုင်ပြီး ကြားလူ မလို သော Broker ဖြစ်ခြင်း
KBZ bank ကနေတစ်ဆင့် အသွင်းအထုတ် လုပ်နိုင်ပြီး မိမိငွေကို မိမိ ဘာသာ စိတ်ကြိုက် စီမံခန့်ခွဲနိုင်သောကြောင့် Exchager များ ကြားခံ Agent မလိုအပ်ပေ။

Reputation ကောင်းပြီး Transaction fee သက်သာခြင်း
Trading အတွက် Commission များ ၊ Spread များသည် အထူးသက်သာသောကြောင့် စိတ်လွတ်ကိုယ်လွတ်ရောင်းဝယ်နိုင်သလို စိတ်ချရသော နာမည်ကောင်းရထားသည့် broker ဖြစ်ခြင်းကြောင့် Server ကျခြင်းများ၊ စျေးမမှန်ခြင်းများအတွက် မစိုးရိမ်ရပေ။

KBZ bank ကတစ်ဆင့် ငွေအသွင်းအထုတ်ပြုလုပ်ပြီး Forex Market တွင်အရောင်းအဝယ်ပြုလုပ်လိုပါက

အောက်ပါ လင့်ခ် ကနေ ဝင်ပြီး အလွယ်တကူ Register လုပ်ပြီး Trade နိုင်ပါပြီ။

မှတ်ချက် ။ ။ Forex Trading သည် ငွေကြေးဆုံးရှုံး နိုင်သော Risk ရှိသောကြောင့် ကျွမ်းကျင်အောင်လေ့လာပြီး မိမိတက်နိုင်သော ပမာဏ ကို သာ ရင်းနှီးမြုတ်နှံပါ။

https://bit.ly/2Dkpu9e

Model Design said...

-Historical Data backtest
-Backtest .CSV data
-Test for MT4-5
-Go back 10-20 years
-Multiple currencies
-Forex ,Crypto ,Gold
-Metals ,Stocks ,Bonds
-Indicators and more

Click
https://bit.ly/3vChIyr



Post a Comment