CB Bank Visa ဖြင့် FBS Account အတွင်းသို့ ငွေသွင်းခြင်း

6:30 PM | ,


အခုပို့စ်မှာတော့ CB Bank ရဲ့ Visa ကဒ်ကို အသုံးပြုပြီးတော့ FBS Trader အကောင့်ထဲကို ငွေထည့်သွင်းပုံကို ပြောပြပေးသွားပါမယ်။ ဒီပို့စ်ကိုတော့ ကိုလင်းဇေယျာကျော် ရေးသားထားတာကို ကူးပြီးတော့ ပြန်လည်တင်ပြထားပေးခြင်းပဲ ဖြစ်ပါတယ်။

  • ပထမဆုံးအနေနဲ့ ကိုယ့်မှာ ငွေဖြည့်သွင်းဖို့အတွက် CB bank ရဲ့ Visa ကဒ် ရရှိထားပြီးသား ဖြစ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကဒ်မရှိသေးဘူးဆိုရင်တော့ နီးစပ်ရာ CB bank မှာ Visa ကဒ်ကို အရင် သွားလုပ်ထားဖို့ လိုအပ်ပါတယ်။ ၃ ရက်လောက်ဆိုရင် ကိုယ့်ကဒ်ရပါပြီ။ 
  • ကိုယ့်အနေနဲ့ FBS မှာ ဖြည့်သွင်းလိုတဲ့ ငွေပမာဏကိုလဲ ကဒ်ထဲမှာ ကြိုတင်ဖြည့်ထားဖို့အတွက် လိုအပ်ပါတယ်။ ကဒ်ထဲမှာ လက်ကျန်ငွေ ဒေါ်လာ ၂၀ ကျန်ရှိရမှာဖြစ်တဲ့အတွက် ကိုယ်ထည့်သွင်းလို့တဲ့ ငွေပမာဏထက် ဒေါ်လာ ၂၀ အပိုထပ်ဆောင်းပြီးတော့ ငွေဖြည့်သွင်းထားဖို့ လိုအပ်ပါတယ်။

ကိုယ်ရဲ့ကဒ်ကို ရရှိလာပြီဆိုရင်တော့ www.cbbankcard.com သွားရောက်ပြီးတော့ မိမိကဒ်ပြုလုပ်ထားခဲ့တဲ့ အီးမေးလိပ်စာဖြင့် Register လုပ်ပါ။ ကိုယ့်ရဲ့အီးမေးထဲကို Activation လုပ်ရမယ့် လင့်ကို ပို့ပါလိမ့်မယ်။ အဲဒီလင့်ကို နှိပ်လိုက်ပါက ကိုယ့်ရဲ့အကောင့်ကို Activated လုပ်ပြီး ဖြစ်ပါပြီ။


ပြီးရင်တော့ ကိုယ် Register လုပ်ခဲ့တုန်းက အသုံးပြုခဲ့သော အီးမေးလိပ်စာ၊ Password တို့ဖြင့် Login ၀င်လိုက်ပါ။


ပြီးရင်တော့ အပေါ်ကပုံမှာ မြှားထိုးပြထားတဲ့ Link Card နေရာကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Form မှာ ကိုယ်ကဒ်လုပ်တုန်းက အချက်အလက်များအတိုင်း ဖြည့်စွက်ပါ။ တကယ်လို့ Link Card လုပ်ရာမှာ အခက်အခဲရှိပါက 01-378905 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Link Card လုပ်လို့ အောင်မြင်ပြီးပါက Card Amount Details သို့ သွားရောက်ပြီး မိမိကဒ်နဲ့ ပက်သက်တဲ့ ငွေလက်ကျန် အသေးစိတ် အချက်အလက်များကို အပေါ်က ပုံနံပါတ် (၁) မှာ ပြထားတဲ့အတိုင်း တွေ့မြင်ရပါလိမ့်မယ်။

ဒုတိယအဆင့်အနေဖြင့် မိမိရဲ့ FBS Trader အကောင့်ကို ငွေဖြည့်သွင်းဖို့အတွက် www.fbs.com ကို သွားရောက်ပြီး မိမိအကောင့်ကို Login ၀င်လိုက်ပါ။ တကယ်လို့ ကိုယ့်မှာ Trader အကောင့်မရှိသေးဘူးဆိုရင် ဒီလင့်မှာ သွားရောက်ဖတ်ပြီး Register လုပ်နိုင်ပါတယ်။


ကိုယ့်ရဲ့အကောင့်ကို Login ၀င်ပြီးပြီဆိုတာနဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Financial operations ကနေ Deposit Funds ကနေ အနီရောင်နဲ့ ပြထားတဲ့ Visa,Master ဆိုတာကို နှိပ်လိုက်ပါ။
  • FBS မှာ Visa Card ဖြင့် ငွေဖြည့်သွင်းပါက ချက်ချင်းရောက်ပါတယ်။
  • Charges ကလည်း Zero ဖြစ်ပါတယ်။
  • ကဒ်ထဲမှာ ဒေါ်လာ ၂၀ လက်ကျန်ထားရှိမှာဖြစ်တဲ့အတွက် မိမိကဒ်ထဲမှာရှိတဲ့ငွေထက် ဒေါ်လာ ၂၀ လျော့ပြီး ငွေသွင်းရမှာ ဖြစ်ပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ်ငွေဖြည့်သွင်းချင်တဲ့ ပမာဏကို ရိုက်ထည့်ပါ။ ဘေးမှာ ကိုယ်ဖြည့်မှာက ဒေါ်လာငွေကြေးဖြင့် ထည့်သွင်းမှာဖြစ်လို့ USD ကို ရွေးထားပေးပါ။ အောက်မှာတော့ ကိုယ်ရဲ့ အကောင့်နံပါတ်ကို မှန်၊မမှန်ဆိုတာကို ပြန်စစ်ကြည့်ပြီး Deposit Funds ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်ကဒ်နံပါတ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ပေးပြီး Continue ကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာပြထားတဲ့အတိုင်း One Time Password ကို တောင်းပါလိမ့်မယ်။ အဲဒီ OTP ကိုတော့ မိမိကဒ်လုပ်တုန်းက ချိတ်ထားခဲ့တဲ့ အီးမေးထဲကို ၀င်ကြည့်ပြီးတော့ ဖြည့်စွက်လိုက်ပါ။


အဲဒါဆိုရင်တော့ မိမိငွေဖြည့်သွင်းတာ အောင်မြင်ကြောင်းနဲ့ မိမိငွေထည့်တဲ့ဝက်ဆိုဒ်ကို မကြာမှီ ပြန်လည်ရောက်မယ့် အကြောင်းကို ပြောပါလိမ့်မယ်။


ပြီးရင်တော့ ငွေဖြည့်သွင်းတာကို Approved ဖြစ်ကြောင်းကို ပြောပါလိမ့်မယ်။


FBS မှာလဲ ငွေဖြည့်သွင်းလိုက်လို့ ငွေရောက်လာကြောင်း ပြောလာပါလိမ့်မယ်။

ကိုယ်တိုင်လက်တွေ့လိုက်လုပ်လိုက်မယ်ဆိုရင် ပိုပြီးရှင်းသွားပါလိမ့်မယ်။ တချို့တွေက ငွေထည့်တာ မရဘူး၊ မအောင်မြင်ဘူးဖြစ်တတ်ဆိုပြီး ပြောပါလိမ့်မယ်။ အဲဒါကတော့ ကဒ်ထဲမှာ လက်ကျန်ငွေ ဒေါ်လာ ၂၀ မချန်ထားခဲ့ဘဲ အကုန်ထည့်တတ်ကြလို့ပါ။ ကဒ်ထဲမှာရှိတဲ့ငွေထက် ဒေါ်လာ ၂၀ လျော့ပြီး ငွေသွင်းရင် အားလုံး အဆင်ပြေပါတယ်။

တကယ်လို့ FBS မှာ Trader အကောင့်မရှိသေးဘူးဆိုရင်တော့ ဒီလင့်မှာ သွားရောက်ဖတ်ပြီး အကောင့်လုပ်နိုင်ပါတယ်။

ဆက်လက်ဖတ်ရန်

8 comments:

phowarso said...

CB bank ရဲ့ visa card နဲ့ ​FBS ထဲကို ​ငွေသွင်းနည်းကို သိရပါပြီ...​ကျေးဇူးတင်​ပါတယ်​... ဆက်​လက်​ပြီး FBS က​နေ ဘယ်​လို ​ငွေပြန်​ထုတ်​ရတယ်​ ဆိုတဲ့ ​ငွေထုတ်​နည်း​လေးကိုလည်း ​ဆွေး​နွေး ​ပေး​စေချင်​ပါတယ်​...အမြတ်​​ငွေ တကယ်​ ပြန်​ထုတ်​​ပေး မ​ပေးလည်း သိလိုပါတယ်​...​ကျေးဇူးတင်​ပါတယ်

Smither the spy said...

Withdrawl လုပ်ရမယိ့နည်းလေးလည်းပြောပြပေးပါ။တတ်နိုင်ရင် ဆောင်းပါးလေးတစ်ခုလောက် How to withdrawl money from FBS real trade account ဆိုတာမေိုးလေးရေးတင်ပေးစေချင်ပါတယ်။

Unknown said...

ဟုတ်​ကဲ့ခုလိုတင်​​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ ကဒ်​ထထဲမှာကျပ်​​ငွေထည့်​ထားရင်​လဲရသလား

Unknown said...

Thanks..

Unknown said...

visa card မှ fbs ကို လွှဲတဲ့ အခါ cb bank မှ OTP နံပါတ်ကို မေးလ် ထဲကို ပို့ပေးပါတယ်။ အဲဒီ နံပါတ်ကို fbs ငွေတောင်းခံလွှာမှာ ရိုက်ထဲ့တဲ့အခါ declined ဖြစ်ဖြစ်နေပါတယ် ခင်ဗျာ။ ဘာကြောင့်ပါလဲ။ သိတဲ့ သူများ ဖြေကြားပေးပါ ခင်ဗျာ။

Unknown said...

အလုပ်လုပ်သေးလား ခင်ဗျာ FBS က

Unknown said...

HI

Model Design said...

-Historical Data backtest
-Backtest .CSV data
-Test for MT4-5
-Go back 10-20 years
-Multiple currencies
-Forex ,Crypto ,Gold
-Metals ,Stocks ,Bonds
-Indicators and more

Click
https://bit.ly/3vChIyr


Post a Comment