Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Showing posts with label Bond. Show all posts
Showing posts with label Bond. Show all posts

Stock နဲ့ Bond ကွာခြားချက်နဲ့ အမျိုးအစားများ‬

4:30 AM | , ,


မှတ်မိလွယ်အောင်အခုလိုပြောလို့ရပါတယ်။

Stock(share) ဝယ်ထားသူဟာ ကုမ္ပဏီပိုင်ရှင်အများကြီးထဲက တယောက်ဖြစ်တယ်။ ဘာလို့လဲ။ ကုမ္ပဏီပိုင်ဆိုင်မှု တစိတ်တပိုင်းကို ရှယ်ယာဝယ်ထားလို့ ကုမ္ပဏီရဲ့ တစိတ်တပိုင်းကိုပိုင်သူပါ။

Bond ဝယ်ထားသူဟာ ကုမ္ပဏီရဲ့ အကြွေးရှင်အများကြီးထဲက တယောက်ဖြစ်တယ်။ ဘာလို့လဲ။ Bondဆိုတဲ့ ငွေချေးစာချုပ်နဲ့ ကုမ္ပဏီကို အတိုးနဲ့ ငွေချေးထားလို့ပါ။ စတော့(ရှယ်ယာ)နဲ့ Bond မတူကြတာသိပြီဆိုရင် အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာ လေ့လာကြည့်ကြရအောင်။

‪‎စတော့(ရှယ်ယာ)မှာ (၂)မျိုးပဲ ရှိပါတယ်။

၁)Common_Stock (သာမန်စတော့အမျိုးအစား)
လူအများစု ဝယ်နေကြတဲ့ စတော့အမျိုးအစားပါ။ ကုမ္ပဏီတခုရဲ့ အစိတ်အပိုင်းတခုကို ဝယ်ယူပိုင်ဆိုင်ကြောင်း သက်သေလက်မှတ်ပါ။ သာမန်စတော့ တခုဝယ်ထားသူဟာ ကုမ္ပဏီရဲ့ အုပ်ချုပ်ရေး ဒါရိုက်တာအဖွဲ့ကို ရွေးချယ်တင်မြောက်ရာမှာ မဲတစ်မဲပေးခွင့်ရှိပါတယ်။ ဒီလို သာမန်စတော့အမျိုးအစားဟာ ကျန်စတော့အမျိုးအစားတွေထက် (ကုမ္ပဏီမြတ်နေရင်) အကျိုးအမြတ်ပိုများပါတယ်။ ဒါပေမဲ့ကုမ္ပဏီရှုံးလို့ ဒေဝါလီခံသွားရင်တော့ ပေးစရာအကြွေးတွေဆပ်မယ်။ ပိုက်ဆံပိုရင် Bondသမားတွေ Preferred_Stock သမားတွေကို ငွေပြန်အမ်းမယ်။ နောက်ဆုံးမှ သာမန်စတော့သမားကို ငွေပြန်အမ်းမှာမို့ ရင်းထားငွေပြန်ရဖို့အခွင့်အလမ်းအနည်းဆုံး စတော့အမျိုးအစားပါ။

၂)Preferred_Stock (အထူးစတော့အမျိုးအစား)
ဒီအမျိုးအစားကတော့ သာမန်စတော့ဝယ်ထားသူလို မဲထည့်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ဒီစတော့ဝယ်ထားသူဟာ ပုံမှန်အတိုးနူန်းရနေကြတယ်။ ကုမ္ပဏီဒေဝါလီခံရရင် ငွေပြန်အမ်းရာမှာ သာမန်စတော့ပိုင်သူထက် ပိုဦးစားပေးခံရပါတယ်။ ကုမ္ပဏီက ဒီစတော့မျိုးကို ပြန်ဝယ်ချင်ရင် တဖက်သတ်ဝယ်ခွင့်ရှိပါတယ်။ ဒီစတော့ဟာ Bond နဲ့ ဆင်တူပေမဲ့ ငွေချေးလက်မှတ်မဟုတ်ပါဘူး။
စတော့မှာ အဓိကက အထက်ကဖေါ်ပြထားတဲ့ နှစ်မျိုးပဲရှိပါတယ်။ ဒါပေမဲ့ကုမ္ပဏီတွေအနေနဲ့ သူတို့လိုချင်တာနဲ့ ကိုက်အောင် စတော့ခံစားခွင့်မှာ အပြောင်းအလဲ လုပ်ထားတတ်ကြပါတယ်။

‪‎Bond (ငွေချေးသက်သေခံလက်မှတ်)မှာ (၃)မျိုးရှိပါတယ်။

၁)Government_Bond (အစိုးရငွေချေးလက်မှတ်)
အမေရိကန်မှာတော့ Treasury_Bond လို့ခေါ်ပါတယ်။ ဒီ Bond မျိုးဟာ အစိုးရကို ငွေချေးပေးထားခြင်းမို့ စတော့ရှယ်ယာတွေ၊ Bondတွေထဲမှာ စိတ်အချရဆုံးဖြစ်ပါတယ်။ စိတ်ချရလို့အတိုးလဲ နည်းပါတယ်။

၂)Municipal_Bond (ပြည်နယ်အစိုးရ ငွေချေးလက်မှတ်)
ပြည်နယ်တွေမှာ လမ်းတံတားဆောက်လုပ်တဲ့ စီမံကိန်းကြီးတွေအတွက် ပြည်နယ်အစိုးရကို ချေးပေးတဲ့ ငွေချေးလက်မှတ်ပါ။ ဒီလက်မှတ်ရဲ့ ကောင်းတာတခုက ရရှိတဲ့အတိုးပေါ်မှာ အစိုးရကို အမြတ်ခွန်ပေးစရာမလိုပါဘူး။

၃)Corporate_Bond (ကုမ္ပဏီငွေချေးလက်မှတ်)
Listed_Company တွေကို အချိန်အတိုင်းအတာတခုအတွက် ပုံသေအတိုးနဲ့ ငွေချေးပေးထားတာပါ။

စတော့နဲ့ Bond တွေမှာ အားသာချက်၊ အားနဲချက်တွေရှိကြပါတယ်။
  • စတော့ရဲ့အားသာချက်က Bondထက် အကျိုးအမြတ်ပိုရတယ်။ အားနဲချက်က စတော့တန်ဖိုးဟာ အပြောင်းအလဲမြန်တယ်။ ကုမ္ပဏီဒေဝါလီခံရရင် ရင်းနှီးထားငွေ ပြန်ရဖို့အခွင့်အလမ်း နည်းလွန်းတယ်။
  • Bond ရဲ့ အားသာချက်က ချေးငွေအတွက် ပုံမှန်အတိုးမှန်မှန်ရနေမယ်။ အားနဲချက်က စတော့လောက် အကျိုးအမြတ်မများဘူး။ ဘဏ်အတိုးနူန်းကျရင် Bond အတိုးနှုန်းလဲ လိုက်ကျတတ်တယ်။
ဒီလောက်ဆိုရင် စတော့နဲ့ Bond ကွာခြားပုံနဲ့ အမျိုးအစားတွေ အကြမ်းဖျင်းသိလောက်ပြီထင်ပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူ တင်ပြခြင်း ဖြစ်ပါသည်။
Read More