Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Showing posts with label FBS. Show all posts
Showing posts with label FBS. Show all posts

FBS မှာ Trader အကောင့်ဖွင့်ရအောင်

3:30 PM | ,


Forex နဲ့ ပက်သက်ပြီးတော့ လေ့ကျင့်ဖို့အတွက် Etoro ဆိုဒ်မှာ Demo အကောင့်ကို Register လုပ်တာကို ရေးပေးခဲ့ပါတယ်။ Etoro ရဲ့ အားနည်းချက်ကတော့ Trader တွေ အသုံးများတဲ့ MT4 ကို အသုံးပြုတာမဟုတ်ဘဲ ကိုယ်ပိုင် App နဲ့ Web Version တွေကို အသုံးပြုထားပါတယ်။ ပြီးတော့ တကယ့်ငွေနဲ့ Trade မယ့်သူတွေအတွက်ကျတော့လဲ PayPal လို Payment တွေဖြစ်နေတဲ့အတွက် မြန်မာက စိတ်ဝင်စားတဲ့သူတွေ အတွက် အဆင်မပြေတော့ပြန်ပါဘူး။

အခုတစ်ခါ မိတ်ဆက်ပေးချင်တဲ့ FBS ရဲ့ အားသာချက်တွေကတော့
  • နာမည်ကြီး Online Broker ဖြစ်သဖြင့် ယုံကြည်စိတ်ချရပါတယ်။
  • Brokerage Commission မရှိပါဘူး။
  • spread နည်းက အခြား Broker တွေထက် ပိုနည်းပါတယ်။
  • Deposit လုပ်ရင် 100% Bonus ပေးတာတွေလဲ ရှိပါတယ်။ ဒေါ်လာတစ်ရာထည့်တယ်ဆိုရင် ကိုယ့်အတွက် Bonus ဒေါ်လာ ၁၀၀ ပြန်ပေးပါတယ်။
  • MT4 ဆော့ဝဲကို အထောက်အပံ့ပေးထားပါတယ်။ 
  • Demo အကောင့်ကိုလဲ အလွယ်တကူ Register လုပ်နိုင်ပါတယ်။ 
  • မြန်မာကနေ စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။
  • ဖြည့်သွင်းနိုင်တဲ့ ငွေပမာဏတွေကိုလဲ ကိုယ့်ရဲ့အကောင့်အမျိုးအစားပေါ်ကို မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Cent အကောင့်မှာဆိုရင် အနည်းဆုံး 1$, Micro အကောင့်မှာဆိုရင် အနည်းဆုံး 5$, Standard အကောင့်မှာဆိုရင် အနည်းဆုံး 100$ ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတဲ့ အကောင့်ကို ရွေးချယ်ပြီး Register လုပ်နိုင်ပါတယ်။ 
အကောင့်ကို Register လုပ်ရန်အတွက် http://goo.gl/vvVjAa နှိပ်လိုက်ပါ။



အပေါ်မှာ ပြထားတဲ့ပုံအတိုင်း တက်လာပါလိမ့်မယ်။ Open Live Account ဆိုတာကို နှိပ်လိုက်ပါ။


အကောင့်ကို Register လုပ်ဖို့အတွက် အချက်အလက်တွေ ကို ထည့်ပေးရပါလိမ့်မယ်။

Account Type မှာ ကိုယ့်ရဲ့အကောင့်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။
Cent အကောင့်ဆိုရင် အနည်းဆုံး ၁ ဒေါ်လာ၊
Micro အကောင့်ဆိုရင် အနည်းဆုံး ၅ ဒေါ်လာ၊
Standard အကောင့်ဆိုရင် အနည်းဆုံး ၁၀၀ ဒေါ်လာ ကို Deposit အဖြစ်ထည့်ဖို့လိုပါတယ်။
ကျွန်တော့်အနေနဲ့တော့ Standard အကောင့်ကို ရွေးချယ်ပြီး ဒေါ်လာ ၁၀၀ လောက် ထည့်သွင်းဖို့ အကြံပေးချင်ပါတယ်။ နည်းလွန်းရင် တကယ် Trade တဲ့အခါမှာ မလူးသာ၊ မလွန့်သာ ဖြစ်တတ်ပါတယ်။
အောက်မှာဆက်ပြီးတော့ Your Full Name မှာ ကိုယ့်ရဲ့နာမည်အမှန်အကန်အပြည့်အစုံ (ကိုယ့်ရဲ့မှတ်ပုံတင် နာမည်၊ ဘဏ်စာအုပ်တွေမှာ ပါတဲ့နာမည် အင်္ဂလိပ်စာလုံးပေါင်းအတိုင်း)၊ Password မှာ ကိုယ့်အတွက် လုံခြုံတဲ့ Password ကို ထည့်ပေးပါ။

ပြီးရင်တော့ ကိုယ်ရဲ့ အီးမေးလိပ်စာနဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းပေးလိုက်ပါ။

I have alrady had the partner code ဆိုတာရဲ့ အောက်မှာ ကုဒ်ဖြည့်ဖို့အတွက် ကွက်လပ်နေရာလေး ရှိပါတယ်။ တကယ်လို့ ဖြည့်ဖို့အတွက်နေရာမရှိသေးဘူးဆိုရင် the partner code ဆိုတာကို ကလစ်လိုက်ပါ။ ကွက်လပ်နေရာ ပေါ်လာပါလိမ့်မယ်။ FBS မှာ ကျွန်တော်နဲ့ ပါတနာဖြစ်ချင်တဲ့သူတွေက ကျွန်တော့်ရဲ့ ကုဒ်နံပါတ်ဖြစ်တဲ့ 412405 ကို ထည့်ပေးနိုင်ပါတယ်။

ပုံမှာ မြှားပြထားတဲ့နေရာမှာ အမှန်ဖြစ်ပြီး Open an account ဆိုတာကို နှိပ်လိုက်ပါ။


အချက်တွေအားလုံးကို ဖြည့်ပြီးသွားပြီဆိုရင်တော့ ကိုယ့်ရဲ့အီးမေးအကောင့်ထဲကို ၀င်လိုက်ပါ။ FBS ကနေ ပို့ထားတဲ့ အီးမေး စာတစ်စောင်ကို တွေ့ပါလိမ့်မယ်။ ပုံမှာ မြှားပြထားတဲ့နေရာက ကုဒ်ကို ကူးယူထားလိုက်ပါ။ ပြီးရင် FBS ဆိုဒ်ကို ပြန်လာပြီး ကူးယူလာခဲ့တဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းပေးပါ။


ဒီအဆင့်က အရေးကြီးပါတယ်။ အချက်အလက်တွေကို သေချာမှတ်ထားဖို့ လိုအပ်ပါတယ်။

ကုဒ်နံပါတ်ကို ထည့်ပြီးတာနဲ့ ကျွန်တော်တို့အကောင့်အတွက် အချက်အလက်တွေကို ပြပေးပါလိမ့်မယ်။ အဲဒီအချက် အလက်တွေကို Screenshot ဖြစ်ဖြစ် ဒါမှမဟုတ် သေချာမှတ်ထားဖို့အတွက် လိုအပ်ပါတယ်။ ဒါမှမဟုတ် စာအုပ်တွင် မပျောက်အောင်ရေးမှတ်ထားပါ။ ကိုယ့်အတွက် Account နံပါတ်နဲ့ Trading အတွက် Password တို့ပဲ ဖြစ်ပါတယ်။ MT4 ဆော့ဝဲကို Login ၀င်တဲ့အခါမှာ အဲဒီအကောင့်နံပါတ်နဲ့ Password တွေအတိုင်း ၀င်ရမှာ ဖြစ်ပါတယ်။


ကိုယ်ရဲ့ အီးမေးထဲကိုလည်း အချက်အလက်တွေကို ၀င်ကြည့်ဖို့အတွက် လင့်တွေပါတဲ့ အီးမေးတစ်စောင် ထပ်ပို့ပေးပါလိမ့် မယ်။ အရေးကြီးတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် ပထမတစ်ခါထုတ်ပေးတုန်းက မမှတ်လိုက်ရသေးရင် လင့်တွေကို ၀င်ပြီးတော့ သေချာမှတ်ထားလိုက်ပါ။ အချိန် ၂၄ နာရီအတွင်းမှာပဲ လင့်တွေကနေ Password တွေကို ကြည့်လို့ရပါတယ်။ အချိန်ကျော်သွားရင်တော့ မရတော့ပါဘူး။ PIN Code ဆိုရင် အရမ်းအရေးကြီးပါတယ်။ ငွေထုတ်တဲ့အခါမှာ အဲဒီကုဒ်ကို မေးပါလိမ့်မယ်။


နောက်ဆုံးအဆင့်ကတော့ ကျွန်တော်တို့ရဲ့ Trading ဆော့ဝဲဖြစ်တဲ့ Meta Trader 4 ဆော့ဝဲကို ဒေါင်းလုပ်ယူဖို့အတွက် အပေါ်က ပုံမှာပြထားတဲ့အတိုင်း Platforms ဆိုတာကို နှိပ်လိုက်ပါ။


Meta Trader 4 ဆော့ဝဲကတော့ Trader တွေအတွက် အရမ်းကို အသုံးများပြီး နာမည်ကြီးတဲ့ ဆော့ဝဲတစ်ခုပါ။ Broker တွေ အားလုံးကလည်း MT4 ဆော့ဝဲကို အသုံးပြုနိုင်အောင် လုပ်ထားပေးကြပါတယ်။ ကွန်ပြူတာအတွက် ဗားရှင်းနဲ့ Mobile Phone (Android, IOS) အတွက်ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတာကို ဒေါင်းလုပ်လုပ်ပြီး ဆော့ဝဲကို တင်ထားလိုက်ပါ။

အထက်က အဆင့်များအထိပြီးပါက မိမိအကောင့် ဖွင့်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးမည်ဖြစ်ပါသည်။ နောက်တစ်ဆင့်တွင် Account Verify လုပ်ခြင်းCB Bank ဘဏ်ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်း100% Bonus ရယူခြင်းများကို တင်ပြပေးသွားပါမည်။

မှတ်ချက်။ ။
FBS တွင် အကောင့်လုပ်ပါက အကောင့် (၂) ခုရသည့်သဘောဖြစ်ပါသည်။
  • ‪‎ပထမတစ်ခုကတော့‬ FBS ဆိုဒ်မှာ အသုံးပြုရသော email နှင့် Password ဖြစ်ပါသည်။ ၄င်းကို FBS ၀က်ဆိုဒ်မှ တဆင့် မိမိ၏ Personal Area ထဲ ၀င်၍ မိမိအကောင့်အားစီမံခန့်ခွဲခြင်း၊ ငွေသွင်း၊ငွေထုတ်ခြင်းများ ဆောင်ရွက်ရာတွင် အသုံးပြုရပါသည်။
  • ‪‎ဒုတိယတစ်ခုဖြစ်တဲ့‬ Account No. နှင့် Trading Password များကတော့ Meta Trader 4 တွင် Trade လုပ်ရန်သီးသန့်အတွက်သာဖြစ်ပါတယ်။
Read More

ShweFx Trading System

8:00 PM | , , ,


အခုတခါတော့ Facebook ပေါ်ကနေ တွေ့ရတဲ့ ShweFx Trading System အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ShweFx Trading System ရဲ့ ဖေ့ဘုတ်စာမျက်နှာကတော့ ဒီလင့်မှာ ဖြစ်ပါတယ်။ တချို့တွေကတော့ အပေါ်က ပုံကို မြင်လိုက်တာနဲ့ သိကြမယ် ထင်ပါတယ်။

မူရင်း System ကတော့ တစ်လကို ဒေါ်လာ ၁၀၀ နဲ့  လစဉ်ကြေးပေးပြီး ၀ယ်ယူသုံးစွဲရပါတယ်။ မူရင်း System ရဲ့ နာမည်ကတော့ ထရစ်ဂါ ဆိုတဲ့ နာမည်နဲ့ပါ။ သူတို့မှာလည်းပဲ Facebook စာမျက်နှာရှိပြီးတော့ သူတို့ System ရဲ့ Daily Performance တွေကို အမြဲတမ်း Update တင်ပေးပါတယ်။ သူတို့ရဲ့ ပင်မ Website မှာလဲ System ရဲ့ Past Performance တွေကို လေ့လာကြည့်ရှုနိုင်ပြီး တိုက်ရိုက် ၀ယ်ယူနိုင်ပါတယ်။

အခုတော့ ShweFx က မူရင်း လစဉ်ကြေးပေးသုံးမှရတဲ့ ex4 ကုဒ်ဖိုင်တွေကို Decompile လုပ်နိုင်သွားပြီ ထင်ပါတယ်။ မကြာခင်မှာ ShweFx Facebook စာမျက်နှာကနေ Demo အနေနဲ့ ပေးသုံးသွားမယ် ထင်ပါတယ်။

ShweFx Trading System မှာ 
  • Trend Following Tool (ဈေးကွက်က အတက်/အကျ ဘယ် Direction ကို ဦးတည်သွားနေလဲဆိုတာ သိဖို့အတွက်)
  • Trend Confirmation Tool (အတက်/အကျ Direction ကို အတည်ပြုဖို့အတွက်)
  • Over Bought/ Over Sold Tool (အ၀ယ်များနေလား၊ အရောင်းများနေလား ကြည့်ဖို့အတွက်)
  • Profit Taking Tool (အမြတ်ယူဖို့အတွက်နေရာ) 
တို့အတွက် အဓိက Indicator (၅)မျိုးနဲ့ အကူ Indicator (၃) မျိုးကို ပေါင်းစပ်အသုံးပြုထားပါတယ်။

Indicator တွေကို ဘယ်လို ပေါင်းစပ်ပြီးတော့ အသုံးပြုထားတယ်ဆိုတာကို ကြည့်ရအောင်ပါ။ အောက်ကပုံမှာတော့ Sell Entry အတွက်ကို ဥပမာအဖြစ်နဲ့ ရှင်းပြပေးထားပါတယ်။


Trend Following Tool အဖြစ် Sell Band နဲ့ Buy Band နှစ်ခုကို အသုံးပြုထားပါတယ်။  Candle က Buy Band ရဲ့အထက်မှာ ရှိနေရင်တော့ Up Trend အဖြစ်သတ်မှတ်နိုင်ပြီးတော့ Sell Band ရဲ့အောက်မှာရှိနေရင် Down Trend အဖြစ်  သတ်မှတ်နိုင်ပါတယ်။

Candle တစ်ခုချင်းစီကလည်း Up Trend နဲ့ Down Trend ကို အရောင်နဲ့ ကိုယ်စားပြုပြီး ဖော်ပြ ပေးထားပါတယ်။ Candle ရဲ့ အရောင်က အစိမ်းရောင်အဖြစ် ရှိနေတယ်ဆိုရင် Up Trend ဖြစ်ပြီးတော့ Candle အရောင်က အနီရောင်အဖြစ် ပြောင်းလဲလာဆိုရင်တော့ Down Trend အဖြစ် ပြောင်းလဲလာပြီလို့ သိနိုင်ပါတယ်။

အပေါ်က ပုံမှာဆိုရင် Sell Signal ပေါ်လာပါပြီဆိုတဲ့ နေရာကို သတိထားကြည့်လိုက်ပါ။ Candle တွေဟာ Sell Band ရဲ့ အောက်မှာ ရောက်ရှိနေပြီးတော့ Candle ရဲ့ အရောင်ကလည်း အနီရောင်အဖြစ် ရှိနေပါပြီ။ ဒီအခြေအနေမှာဆိုရင် Trend Following Tool ကနေ Down Trend အဖြစ် ဦးတည်နေပြီဆိုတာကို သိနိုင်ပါတယ်။

Down Trend အဖြစ် ရှိနေပေမယ့် ကျွန်တော်တို့အနေနဲ့ Sell Entry ကို ချက်ချင်းကြီး အလောတကြီး ဖွင့်ဖို့အတွက် မဖြစ်သင့်သေးပါဘူး။ Trend Confirmation Tool နဲ့ ပြန်ပြီး ညှိကြည့်ရပါဦးမယ်။

Trend Confirmation Tool အနေနဲ့ Volume ကို အခြေခံထားပါတယ်။ ပုံမှာတော့ Main Window မှာမဟုတ်ဘဲ အောက်မှာ Window တစ်ခုအနေနဲ့ ပြထားပါတယ်။ ပုံမှာ အ၀ါရောင် Dot လေးတွေနဲ့ ခရမ်းရောင် Dot လေးတွေကို တွေ့ရပါလိမ့်မယ်။ အ၀ါရောင် Dot လေးတွေက Volume နည်းနေသေးတယ်ဆိုတာကို ကိုယ်စားပြုပြီးတော့ ခရမ်းရောင် Dot လေးတွေကတော့ Volume အားကောင်းလာပြီလို့ ဖော်ပြပါတယ်။ ကျွန်တော်တို့အနေနဲ့ Trade တစ်ခုကို ၀င်တော့မယ်ဆိုရင် အ၀ါရောင် Dot တွေ ရှိနေတုန်းမှာ မ၀င်ရပါဘူး။ ခရမ်းရောင် Dot ကို စပြီးတွေ့ရပြီဆိုမှ Trade ကို ဖွင့်ရပါမယ်။

Trend Confirmation Tool အကြောင်းကို သဘောပေါက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ Trend Following Tool ကနေ အချက်ပေးထားတဲ့ Down Trend ဖြစ်နေပြီလို့ ပြောထားတာနဲ့ ချိန်ထိုးကြည့်ရအောင်ပါ။ ပုံမှာ အထက်အောက် အ၀ါရောင်လိုင်းအရှည်နဲ့ ပြထားတဲ့နေရာကို ကြည့်လိုက်ရအောင်ပါ။ Trend Confirmation Tool မှာလဲ အ၀ါရောင်ကနေ ခရမ်းရောင်ကို ကူးပြောင်းလာပြီဆိုတာ တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက Sell Volume အားကောင်းလာပြီလို့ သိရပါမယ်။

Trend Following Tool နဲ့ Trend Confirmation Tool နှစ်ခုကနေ Down Trend ဆိုတာကို အတည်ပြုပေးလိုက်ပါပြီ။ အဲဒါဆိုရင် ကျွန်တော်တို့က Trade ကို Entry ၀င်ဖို့အတွက် ပြင်ဆင်ရပါတော့မယ်။ Trade ကို ၀င်ဖို့အတွက် လက်ရှိ Candle က Buy Band ရဲ့ အောက်မှာ Close ဖြစ်သည်အထိ စောင့်နေပေးပါ။ လက်ရှိ Candle ပြီးဆုံးဖို့အတွက် အချိန်ဘယ်လောက် ကျန်သေးတယ်ဆိုတာကို Time Indicator ကနေ ဖော်ပြပေးနေပါတယ်။ လက်ရှိ Candle က Buy Band ရဲ့ အောက်မှာ သွားပိတ်ပြီးတော့ နောက် New Candle စစချင်းမှာပဲ Sell Entry ကို စတင်လိုက်ပါ။

အခုတော့ Profit Taking Tool အကြောင်းကို ဆက်ပြီးကြည့်ရအောင်ပါ။ Trader အတွက် အရေးကြီးဆုံးဖြစ်တဲ့ Trade ကနေ ဘယ်အချိန်မှာ အမြတ်ယူရမလဲ (Take Profit) နဲ့ Stop Loss နေရာတွေကိုတော့ Daily Pivots Levels တွေ သိနိုင်ပါတယ်။ Main Window ရဲ့ Chart ပေါ်မှာလဲ Level လိုင်းတွေကို ရေးဆွဲပေးထားတဲ့အတွက် ကိုယ့်အတွက် အလွယ်တကူပဲ မြင်နိုင်ပါတယ်။ ဒီ Level တွေဟာ ကိုယ့်အတွက် အရေးကြီးတဲ့ Take Profit/ Stop Loss နဲ့ Resistance/ Support တွေ ဖြစ်တယ်ဆိုတာကို သိရပါမယ်။

တကယ်လို့ Chart မှာပြထားတဲ့ Resistance/Support Level နေရာတွေကို ကိုယ် Entry ၀င်ထားခဲ့တဲ့ နေရာနဲ့ အရမ်းနီးတယ်ဆိုရင်တော့ နောက် Level တစ်ခုကို အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကိုယ်ခန့်မှန်းထားတဲ့ Entry က မှန်ကန်ပေမယ့် Stop Loss တွေက အရမ်းနီးလွန်းတဲ့အတွက် Trade က အရှုံးနဲ့ ပိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

အခုတော့ ကျွန်တော်တို့ Entry ၀င်ထားခဲ့တဲ့ Sell Entry ကို ပြန်ပြီးတော့ ဆက်ကြည့်လိုက်ရအောင်ပါ။ ကျွန်တော်တို့ရဲ့ Sell Entry က Take Profit Level ကို ထိပြီး အမြတ်ရပြီး ဖြစ်နေပြီ။

တကယ်လို့ Take Profit မလုပ်သေးဘဲ အမြတ်ထပ်ယူချင်တဲ့သူ ဒါမှမဟုတ် ထပ်ပြီးတော့ Re-entry လုပ်ချင်တဲ့သူတွေကတော့ Price က Level လိုင်းကို သိသိသာသာ ဖြတ်သွားပြီးမှ Close ဖြစ်လားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရပါမယ်။ ပြီးတော့ Volume အခြေအနေကိုလဲ လေ့လာကြည့်နေရပါတယ်။ တကယ်လို့ Close တွေက အဲဒီ Level နားမှာပဲ တ၀ဲလည်လည်ဖြစ်နေပြီးတော့ ပိတ်နေတယ်ဆိုရင်တော့ Re-entry အတွက် ထပ်မစဉ်းဘဲ Take Profit လုပ်ရပါမယ်။

အခုတခါတော့ Buy Entry အတွက်ကို ပြောပြပေးထားပါတယ်။ အပေါ်မှာ ပြောထားခဲ့တာတွေကို ပြောင်းပြန်လှန်လိုက်ရင် Buy Entry ကို အလွယ်တကူပဲ နားလည်နိုင်ပါတယ်။


အပေါ်က ပုံမှာ Buy Signal ပေါ်လာပါပြီဆိုတဲ့ နေရာကို သတိထားပြီး ကြည့်လိုက်ပါ။ Candle တွေရဲ့ အရောင်ဟာ အစိမ်းရောင်အခြေအနေမှာ ရှိနေပြီးတော့ Buy Band ရဲ့ အပေါ်မှာ Close ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ Candle တွေကလည်းပဲ Sell Band ရဲ့ အထက်မှာ သွားပြီး ပိတ်နေပါတယ်။ Trend Following Tool ကတော့ Up Trend စတင်နေပြီဆိုတာကို ပြောနေပါပြီ။

ဒုတိယအဆင့်အနေနဲ့ Trend Confirmation Tool နဲ့ ထပ်ပြီးတော့ ချိန်ညှိဆုံးဖြတ်ကြည့်ရအောင်ပါ။ Trend Following Tool ကနေ Up Trend လို့ အချက်ပြပေးနေပေမယ့် Trend Confirmation Tool မှာတော့ အ၀ါရောင် Dot တွေပဲ ပြနေပါသေးတယ်။  Volume အားနည်းသေးတယ်ဆိုပြီး ပြောနေပါတယ်။ အဲဒီအခြေအနေမှာတော့ ကျွန်တော်တို့က Trade ကို ဖွင့်ဖို့မလုပ်ရဘဲ Volume အားကောင်းလာတဲ့အထိ ဆက်ပြီး စောင့်ကြည့်နေရပါမယ်။

Trend Confirmation Tool ကို ဆက်ပြီး စောင့်ကြည့်နေတာမှာ အ၀ါရောင် Dot ကနေ ခရမ်းရောင် Dot အဖြစ် ပြောင်းလဲလာပြီဆိုတာကို တွေ့ရပါပြီ။ Volume အားကောင်းလာနေပါပြီ။ အဲဒီအခါမှာတော့ Trend Following Tool ကိုပြန်ပြီးတော့ ကြည့်ရပါဦးမယ်။ Trend Following Tool မှာလဲ Up Trend အခြေအနေမှာပဲ ရှိနေပါသေးတယ်။ အဲဒါဆိုရင်တော့ လက်ရှိ Candle Close ဖြစ်တဲ့အချိန်ကို စောင့်ပြီးတော့ Buy Entry ကို စတင်နိုင်ပါပြီ။

ဒီလောက်ဆိုရင်တော့ ShweFx Trading System ရဲ့ Buy/Sell Entry တွေအတွက် အခြေခံ အလုပ်လုပ်ပုံကို နားလည်နိုင်လောက်ပြီ ထင်ပါတယ်။ ဒီနေရာမှာတော့ အကူ Indicator (၃)မျိုးတော့ မထည့်ထားသေးပါဘူး။ အဲဒီ Indicator သုံးမျိုးကတော့ Over Bought/Over Sold ကို သိနိုင်တဲ့ Indicator နှစ်မျိုးနဲ့ Support/Resistance အတွက် Fibonacci Level တွေကို ပြပေးတဲ့ Indicator တစ်ခုတို့ပါ။

ကျွန်တော်ကတော့ Over Bought/Over Sold ဖြစ်နေလားဆိုတာကို Volume အားကောင်းနေလား၊ အားမကောင်းဘူးလားဆိုတဲ့ အပေါ်ကိုပဲ မူတည်ပြီးတော့ ဆုံးဖြတ်ထားတာပါ။ Daily Pivot Level တွေကိုပဲ အသုံးပြုထားပြီးတော့ Fibonacci Level တွေကို ထပ်ပြီး မသုံးတော့တာပါ။ Support/Resistance အတွက် Indicator တစ်ခုကိုပဲ အသုံးပြုမယ်ဆိုရင် လုံလောက်ပါတယ်။ ShweFx Trading System ကို သုံးတဲ့ အခြားသူတွေကတော့ မိမိနှစ်သက်ရာတစ်ခုကို အသုံးပြုနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာ တစ်ခုတော့ ကျန်ပါသေးတယ်။ အဲဒါကတော့ There is no Holy Grail in trading ဆိုတာပါပဲ။

ဘလော့ရဲ့ Template ကြောင့် ပုံအရွယ်အစားတွေ သေးပြီးတော့ ပုံတွေမှာပါတဲ့ စာသားတွေကို ဖတ်လို့မရဘူးဆိုရင်တော့ ဒီလင့်မှာ ဒေါင်းလုပ်ချပြီး ဖတ်နိုင်ပါတယ်။ To DownLoad
Read More

FBS မှာ 100% Bonus ရယူခြင်း

9:30 PM | ,


အခုတစ်ခါမှာတော့ ငွေထည့်တဲ့ Trader တွေအတွက် FBS ကနေ ပေးထားတဲ့ Promotions တွေထဲက တစ်ခုဖြစ်တဲ့  100% Bonus အကြောင်းနဲ့ အဲဒီ Bonus ကို ဘယ်လိုရယူရတယ်ဆိုတာကို ပြောပြပေးပါမယ်။

အဲဒီ Bonus ကို ရရှိဖို့အတွက် ကိုယ့်ရဲ့ Trader အကောင့်ကို အရင်ဆုံး ငွေဖြည့်သွင်းထားပြီး ဖြစ်ဖို့လိုပါတယ်။ ငွေဖြည့်ရမယ့် ပမာဏကို ဘယ်လောက် အနည်းဆုံးထည့်ရမယ်ဆိုပြီးတော့ ကန့်သတ်ထားတာ မရှိပါဘူး။ ကိုယ့်ဖြည့်လိုက်တဲ့ ငွေပမာဏအတိုင်း FBS ကနေ Bonus ပြန်ပြီး ပေးမှာပါ။


အရင်ဆုံး ကိုယ့်ရဲ့ အကောင့်ကို ငွေမဖြည့်သွင်းရသေးဘူးဆိုရင် ငွေဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အကောင့်ကို ငွေဖြည့်သွင်းပြီးတာနဲ့ FBS ဆိုဒ်မှာ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Promotions and bonuses ကနေ Bonus 100% ဆိုတာကို နှိပ်လိုက်ပါ။ အပေါ်က ပုံမှာ မြှားပြထားတဲ့နေရာကအတိုင်း get bonus ကို နှိပ်လိုက်ရင် ကိုယ့်ဖြည့်သွင်းလိုက်တဲ့ ပမာဏအတိုင်း Bonus ပြန်ရပါပြီ။


Bonus ကတော့ ကိုယ့်ရဲ့ အကောင့်ထဲကို ချက်ချင်းအော်တို ရောက်လာပါတယ်။ ကိုယ်ရဲ့ Bonus ပမာဏကို ပြန်လည်ထုတ်ယူနိုင်ဖို့အတွက် (Trading ကနေရလာတဲ့ အမြတ်ကို ပြောတာမဟုတ်) FBS ကနေ သတ်မှတ်ထားတဲ့ ပမာဏပြည့်အောင် Trading လုပ်နေဖို့ လိုအပ်ပါတယ်။ အဲဒီ ပမာဏကို ပြည့်အောင် Trading လုပ်ပြီးပြီးဆိုရင်တော့ Bonus ငွေကိုပါ ထုတ်ယူလို့ ရပါပြီ။

ဆက်လက်ဖတ်ရန်
Read More

How to Login MT4 wiht FBS Account

9:30 PM | ,


ဒီတစ်ခါတော့ ကိုယ့်ရဲ့ကွန်ပြူတာနေ အွန်လိုင်းကနေ ငွေကြေးအရောင်းအ၀ယ်ကို စတင်နိုင်ဖို့အတွက် MT4 ဆော့ဝဲကို အသုံးပြုပြီးတော့ FBS Trader အကောင့်ကို ဘယ်လို Login ၀င်ရတယ်ဆိုတာကို ပြောပြသွားပါမယ်။


FBS မှာ Trader အကောင့်ကို Register လုပ်တုန်းက အပေါ်က ပုံမှာ ပြထားတဲ့ အချက်အလက်တွေကို သေချာမှတ်ထားဖို့ လိုတဲ့အကြောင်းကို ပြောခဲ့ပါတယ်။ ကိုယ့်အတွက် Account နံပါတ်နဲ့ Trading အတွက် Password တို့ပဲ ဖြစ်ပါတယ်။ MT4 ဆော့ဝဲကို Login ၀င်တဲ့အခါမှာ အဲဒီအကောင့်နံပါတ်နဲ့ Password တွေအတိုင်း ၀င်ရမှာ ဖြစ်ပါတယ်။


ကိုယ်ရဲ့ အီးမေးထဲကိုလည်း အချက်အလက်တွေကို ၀င်ကြည့်ဖို့အတွက် လင့်တွေပါတဲ့ အီးမေးတစ်စောင် ရှိပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေပါ။ PIN Code ဆိုရင် အရမ်းအရေးကြီးပါတယ်။ ငွေထုတ်တဲ့အခါမှာ အဲဒီကုဒ်ကို မေးပါလိမ့်မယ်။


နောက်ဆုံးအဆင့်ကတော့ ကျွန်တော်တို့ရဲ့ Trading ဆော့ဝဲဖြစ်တဲ့ Meta Trader 4 ဆော့ဝဲကို ဒေါင်းလုပ်ယူဖို့အတွက် FBS ဆိုဒ်ကို ၀င်ရောက်ပြီးတော့ အပေါ်က ပုံမှာပြထားတဲ့အတိုင်း Platforms ဆိုတာကို နှိပ်လိုက်ပါ။


Meta Trader 4 ဆော့ဝဲကတော့ Trader တွေအတွက် အရမ်းကို အသုံးများပြီး နာမည်ကြီးတဲ့ ဆော့ဝဲတစ်ခုပါ။ Broker တွေ အားလုံးကလည်း MT4 ဆော့ဝဲကို အသုံးပြုနိုင်အောင် လုပ်ထားပေးကြပါတယ်။ ကွန်ပြူတာအတွက် ဗားရှင်းနဲ့ Mobile Phone (Android, IOS) အတွက်ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတာကို ဒေါင်းလုပ်လုပ်ပြီး ဆော့ဝဲကို တင်ထားလိုက်ပါ။ အခုတော့ ကွန်ပြူတာကို သုံးပြီးတော့ ပြောပြမှာဖြစ်တဲ့အတွက် ကွန်ပြူတာအတွက် ဗားရှင်းကို တင်ထားလိုက်ပါ။

အောက်မှာတော့ FBS Trader အကောင့်ကို MT4 မှာ ဘယ်လို Login ၀င်ရတယ်ဆိုတာကို http://www.zawfx.com မှ ကိုဇော်မိုးဟန်က ဗွီဒီယိုဖိုင်ဖြင့် သေချာရှင်းပြထားတာကို ပြန်လည်ကူးယူပြီး ဖော်ပြထားပါတယ်။


ဆက်လက်ဖတ်ရန်
Read More

CB Bank Visa ဖြင့် FBS Account အတွင်းသို့ ငွေသွင်းခြင်း

6:30 PM | ,


အခုပို့စ်မှာတော့ CB Bank ရဲ့ Visa ကဒ်ကို အသုံးပြုပြီးတော့ FBS Trader အကောင့်ထဲကို ငွေထည့်သွင်းပုံကို ပြောပြပေးသွားပါမယ်။ ဒီပို့စ်ကိုတော့ ကိုလင်းဇေယျာကျော် ရေးသားထားတာကို ကူးပြီးတော့ ပြန်လည်တင်ပြထားပေးခြင်းပဲ ဖြစ်ပါတယ်။

  • ပထမဆုံးအနေနဲ့ ကိုယ့်မှာ ငွေဖြည့်သွင်းဖို့အတွက် CB bank ရဲ့ Visa ကဒ် ရရှိထားပြီးသား ဖြစ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကဒ်မရှိသေးဘူးဆိုရင်တော့ နီးစပ်ရာ CB bank မှာ Visa ကဒ်ကို အရင် သွားလုပ်ထားဖို့ လိုအပ်ပါတယ်။ ၃ ရက်လောက်ဆိုရင် ကိုယ့်ကဒ်ရပါပြီ။ 
  • ကိုယ့်အနေနဲ့ FBS မှာ ဖြည့်သွင်းလိုတဲ့ ငွေပမာဏကိုလဲ ကဒ်ထဲမှာ ကြိုတင်ဖြည့်ထားဖို့အတွက် လိုအပ်ပါတယ်။ ကဒ်ထဲမှာ လက်ကျန်ငွေ ဒေါ်လာ ၂၀ ကျန်ရှိရမှာဖြစ်တဲ့အတွက် ကိုယ်ထည့်သွင်းလို့တဲ့ ငွေပမာဏထက် ဒေါ်လာ ၂၀ အပိုထပ်ဆောင်းပြီးတော့ ငွေဖြည့်သွင်းထားဖို့ လိုအပ်ပါတယ်။

ကိုယ်ရဲ့ကဒ်ကို ရရှိလာပြီဆိုရင်တော့ www.cbbankcard.com သွားရောက်ပြီးတော့ မိမိကဒ်ပြုလုပ်ထားခဲ့တဲ့ အီးမေးလိပ်စာဖြင့် Register လုပ်ပါ။ ကိုယ့်ရဲ့အီးမေးထဲကို Activation လုပ်ရမယ့် လင့်ကို ပို့ပါလိမ့်မယ်။ အဲဒီလင့်ကို နှိပ်လိုက်ပါက ကိုယ့်ရဲ့အကောင့်ကို Activated လုပ်ပြီး ဖြစ်ပါပြီ။


ပြီးရင်တော့ ကိုယ် Register လုပ်ခဲ့တုန်းက အသုံးပြုခဲ့သော အီးမေးလိပ်စာ၊ Password တို့ဖြင့် Login ၀င်လိုက်ပါ။


ပြီးရင်တော့ အပေါ်ကပုံမှာ မြှားထိုးပြထားတဲ့ Link Card နေရာကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Form မှာ ကိုယ်ကဒ်လုပ်တုန်းက အချက်အလက်များအတိုင်း ဖြည့်စွက်ပါ။ တကယ်လို့ Link Card လုပ်ရာမှာ အခက်အခဲရှိပါက 01-378905 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Link Card လုပ်လို့ အောင်မြင်ပြီးပါက Card Amount Details သို့ သွားရောက်ပြီး မိမိကဒ်နဲ့ ပက်သက်တဲ့ ငွေလက်ကျန် အသေးစိတ် အချက်အလက်များကို အပေါ်က ပုံနံပါတ် (၁) မှာ ပြထားတဲ့အတိုင်း တွေ့မြင်ရပါလိမ့်မယ်။

ဒုတိယအဆင့်အနေဖြင့် မိမိရဲ့ FBS Trader အကောင့်ကို ငွေဖြည့်သွင်းဖို့အတွက် www.fbs.com ကို သွားရောက်ပြီး မိမိအကောင့်ကို Login ၀င်လိုက်ပါ။ တကယ်လို့ ကိုယ့်မှာ Trader အကောင့်မရှိသေးဘူးဆိုရင် ဒီလင့်မှာ သွားရောက်ဖတ်ပြီး Register လုပ်နိုင်ပါတယ်။


ကိုယ့်ရဲ့အကောင့်ကို Login ၀င်ပြီးပြီဆိုတာနဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Financial operations ကနေ Deposit Funds ကနေ အနီရောင်နဲ့ ပြထားတဲ့ Visa,Master ဆိုတာကို နှိပ်လိုက်ပါ။
  • FBS မှာ Visa Card ဖြင့် ငွေဖြည့်သွင်းပါက ချက်ချင်းရောက်ပါတယ်။
  • Charges ကလည်း Zero ဖြစ်ပါတယ်။
  • ကဒ်ထဲမှာ ဒေါ်လာ ၂၀ လက်ကျန်ထားရှိမှာဖြစ်တဲ့အတွက် မိမိကဒ်ထဲမှာရှိတဲ့ငွေထက် ဒေါ်လာ ၂၀ လျော့ပြီး ငွေသွင်းရမှာ ဖြစ်ပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ်ငွေဖြည့်သွင်းချင်တဲ့ ပမာဏကို ရိုက်ထည့်ပါ။ ဘေးမှာ ကိုယ်ဖြည့်မှာက ဒေါ်လာငွေကြေးဖြင့် ထည့်သွင်းမှာဖြစ်လို့ USD ကို ရွေးထားပေးပါ။ အောက်မှာတော့ ကိုယ်ရဲ့ အကောင့်နံပါတ်ကို မှန်၊မမှန်ဆိုတာကို ပြန်စစ်ကြည့်ပြီး Deposit Funds ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်ကဒ်နံပါတ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ပေးပြီး Continue ကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာပြထားတဲ့အတိုင်း One Time Password ကို တောင်းပါလိမ့်မယ်။ အဲဒီ OTP ကိုတော့ မိမိကဒ်လုပ်တုန်းက ချိတ်ထားခဲ့တဲ့ အီးမေးထဲကို ၀င်ကြည့်ပြီးတော့ ဖြည့်စွက်လိုက်ပါ။


အဲဒါဆိုရင်တော့ မိမိငွေဖြည့်သွင်းတာ အောင်မြင်ကြောင်းနဲ့ မိမိငွေထည့်တဲ့ဝက်ဆိုဒ်ကို မကြာမှီ ပြန်လည်ရောက်မယ့် အကြောင်းကို ပြောပါလိမ့်မယ်။


ပြီးရင်တော့ ငွေဖြည့်သွင်းတာကို Approved ဖြစ်ကြောင်းကို ပြောပါလိမ့်မယ်။


FBS မှာလဲ ငွေဖြည့်သွင်းလိုက်လို့ ငွေရောက်လာကြောင်း ပြောလာပါလိမ့်မယ်။

ကိုယ်တိုင်လက်တွေ့လိုက်လုပ်လိုက်မယ်ဆိုရင် ပိုပြီးရှင်းသွားပါလိမ့်မယ်။ တချို့တွေက ငွေထည့်တာ မရဘူး၊ မအောင်မြင်ဘူးဖြစ်တတ်ဆိုပြီး ပြောပါလိမ့်မယ်။ အဲဒါကတော့ ကဒ်ထဲမှာ လက်ကျန်ငွေ ဒေါ်လာ ၂၀ မချန်ထားခဲ့ဘဲ အကုန်ထည့်တတ်ကြလို့ပါ။ ကဒ်ထဲမှာရှိတဲ့ငွေထက် ဒေါ်လာ ၂၀ လျော့ပြီး ငွေသွင်းရင် အားလုံး အဆင်ပြေပါတယ်။

တကယ်လို့ FBS မှာ Trader အကောင့်မရှိသေးဘူးဆိုရင်တော့ ဒီလင့်မှာ သွားရောက်ဖတ်ပြီး အကောင့်လုပ်နိုင်ပါတယ်။

ဆက်လက်ဖတ်ရန်
Read More

How to Verify FBS Real Trading Account

5:30 PM | ,


FBS မှာ Trader အကောင့်ဖွင့်တာကို အရင်ပို့စ်မှာ ပြောခဲ့ပြီးပါပြီ။ အခုတစ်ခုမှာတော့ FBS မှာ ကိုယ့်ရဲ့ အကောင့်ကို Verify ဖြစ်အောင်လုပ်ဖို့အတွက် ပြောပြပေးသွားပါမယ်။ ကိုယ့်ရဲ့ အကောင့်က Verify ဖြစ်သွားမှပဲ ငွေထုတ်တဲ့အခါမှာ အလွယ်တကူ အဆင်ပြေပါတယ်။


သူ့ဆိုဒ်ကို သွားပြီးတော့ ကိုယ့်ရဲ့ FBS အကောင့်ကို Trader အကောင့်ဖွင့်တုန်းက E-mail နဲ့ Password ကို အသုံးပြုပြီးတော့ Login ၀င်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း မြှားပြထားတဲ့နေရာကို ကလစ်လိုက်ပါ။ ပြီးရင် အနီရောင်ပြထားတဲ့ Verification ဆိုတာကို နှိပ်လိုက်ပါ။ အောက်မှာ ပြထားတဲ့ပုံအတိုင်း တွေ့ရပါလိမ့်မယ်။


အပေါ်ကပုံမှာ တောင်းဆိုထားတဲ့အချက်အလက်တွေကတော့
  • ID/Passport number: ဒီနေရာမှာတော့ ပတ်စပို့စ်ရှိတဲ့သူဆိုရင် ကိုယ်ရဲ့ပတ်စပို့နံပါတ်ကို ဖြည့်ပေးရပါမယ်။ ပတ်စပို့ မရှိတဲ့သူဆိုရင်တော့ ကိုယ်ရဲ့မှတ်ပုံတင်နံပါတ်အမှန်အကန်ကို ဖြည့်စွက်ပေးရပါမယ်။ ဘဏ်စာအုပ်ရှိတယ်ဆိုရင်တော့ ဘဏ်စာအုပ်ထဲက ဒေတာတွေအတိုင်း ဖြည့်စွက်ပေးလဲ ရပါတယ်။
  • Date of Birth: ကိုယ့်ရဲ့မွေးနေ့အပြည်အစုံကို ဖြည့်စွက်ပေးရပါမယ်။
  • City: ကိုယ်နေထိုင်တဲ့ မြို့ကို ဖြည့်စွက်ပေးပါ။
  • Home Address: ကိုယ့်ရဲ့အိမ်လိပ်စာကို ဖြည့်စွက်ပေးပါ။

ပြီးရင်တော့ Choose File ဆိုတဲ့ နေရာကိုနှိပ်၍ ဘဏ်စာအုပ်လိပ်စာပါ စာမျက်နှာနှင့် ပတ်စ်ပို့စာအုပ် (သို့မဟုတ်) မှတ်ပုံတင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်ကို Attached လုပ်ပေးပြီး Send Request ဆိုတာကိုနှိပ်ပါ။


ပြီးရင်တော့ Verification အတွက် စာရွက်စာတမ်းများ လက်ခံရရှိကြောင်းကို အီးမေးပို့လာပါလိမ့်မယ်။ Verify ဖြစ်ဖို့အတွက် တစ်ရက်နှစ်ရက်လောက် စောင့်ရနိုင်ပါတယ်။


Verify ဖြစ်သွားပြီးဆိုရင် FBS ကနေ အီးမေးထပ်ပြီး ပို့လာပါလိမ့်မယ်။ အပေါ်က ပုံအတိုင်း အီးမေးရောက်လာပြီးဆိုရင်တော့ ကိုယ့်ရဲ့ အကောင့်ကို Verify လုပ်လို့ ပြီးစီးသွားပါပြီ။


FBS မှာ ကိုယ့်ရဲ့ Personal Area ထဲကို ၀င်ပြီးတော့လဲ ကြည့်နိုင်ပါတယ်။ ကိုယ့်ရဲ့ Trader အကောင့်ကို Verify ပြုလုပ်ထားပြီးကြောင်း တွေ့ရပါလိမ့်မယ်။

ထပ်မံဖြည့်စွက်ချက်များ
  • ကိုယ့်ရဲ့ Trader အကောင့်ကို နာမည်အမှန်၊ အချက်အလက်ဒေတာ အမှန်အကန်များဖြင့်သာ ဖွင့်ပါ။ တကယ်လို့ ဘဏ်စာအုပ် (သို့) ပတ်စပို့စ်ရှိတယ်ဆိုရင် အဲဒီမှာ ပြထားတဲ့ အချက်အလက်တွေအတိုင်း Trader အကောင့်ကို ဖွင့်ပါ။
  • ကိုယ်ရဲ့ Trader အကောင့်မှာ ပေးခဲ့တဲ့နာမည်နဲ့ အီးမေးလိပ်စာနာမည်၊ ငွေသွင်းငွေထုတ်ပြုလုပ်တဲ့ Perfect Money မှာ ပေးတဲ့ နာမည်၊ ကိုယ့်ရဲ့ ဘဏ်ကဒ်မှာ ပေးတဲ့နာမည်များ အားလုံးတူညီနေရင် ပိုပြီးတော့ ကောင်းပါတယ်။
  • ကိုယ်က အစမ်းလေ့ကျင့်ဖို့အတွက်ပဲ မဟုတ်ဘူးဆိုရင်တော့ ပေးထားတဲ့နာမည်တွေကလဲ တစ်မျိုးစီ ဖြစ်နေတယ်ဆိုရင်တော့ Trader အကောင့်အသစ်ကို အချက်အလက် အမှန်အကန်များဖြင့် ပြန်ပြီး Register လုပ်သင့်ပါတယ်။ Register လုပ်ပုံလုပ်နည်းကို ဒီလင့်မှာ ရှင်းပြထားပါတယ်။

Read More