Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Stock Market နဲ့ Forex Market ကွာခြားချက်များ

4:00 AM | ,


လူအများစုက stock market ကို forex market နဲ့ အတူတူပဲလို့ ထင်တတ်ကြတယ်။ ရင်းနှီးမြှုပ်နှံခြင်းနဲ့ အရောင်းအဝယ်ပြုလုပ်ခြင်းပုံစံ သဘောတရားတွေတူပေမယ့် မတူညီသော တချို့အချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

1) Operating Hour
Stock market တွေဟာ အများအာဖြင့် တနေ့ကို ၈ နာရီခန့်နဲ့ တပတ်ကို ၅ ရက် တနင်္လာနေ့ကနေ သောကြာနေ့အထိ အရောင်းဝယ်ပြုလုပ်ကြပါတယ်။ ဥပမာ Australian securities Exchange (ASX) ဆိုရင် Sydney time မနက် ၁၀ နာရီမှာဖွင့်ပြီး ညနေ ၉:၃၀ မှာပိတ်ပါတယ်။ New York stock exchange (NYSE) နဲ့ US stock exchange (NASDAQ ) ကတော့ 9:30am to 4:00pm အတွင်း၊ Singapore stock exchange (SGX) ကလည်း SG time 08:00am to 06:00pm အတွင်းမှာ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတယောက်အနေနဲ့  US stock market မှ stock တခုကို ဝယ်ချင်ရင် US stock market ဖွင့်ချိန်ဖြစ်တဲ့ မနက် 9:30 am ( မြန်မာအချိန်ည ၉ နာရီ ) မှသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်၊၊ Forex market ကျတော့ တနေ့ကို ၂၄ နာရီနဲ့ US, Europeans သို့မဟုတ် Asian trading hour ဆိုပြီး ကြိုက်ရာရွေးချယ်ကာ တပတ်ကို ၅ ရက် အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်၊

2) Location of Market
Stock market ထဲမှာ company ရဲ့ stock share တွေကို ဝယ်ယူရောင်းဝယ်တာတွေ အဆင်ပြေစေဖို့  မြန်မာနိုင်ငံကလွှဲလို့  နိုင်ငံတော်တော်များများမှာ stock exchange ရုံးဌာနတွေ ခမ်းနားထည်ဝါစွာ ဖွင့်လှစ်ထားတာကို တွေ့ မြင်နိုင်ပါတယ်။ (stock လောကအကြောင်းကို သိချင်ရင်တော့ မင်းသား လီယိုနာဒိုဒီကာပရီယို ရိုက်ထားတဲ့ The Wolf of Wall Street ဆိုတဲ့ ရုပ်ရှင်ကားကို ရှာဖွေ ကြည့်ကြပါတော့။) အင်တာနက်တွေမပေါ်ခင်က ရောင်းသူနဲ့ ဝယ်သူတွေဟာ stock exchange ရုံးတွေမှာ တွေ့ဆုံပြီး ဒါမှမဟုတ် ဖုန်းနဲ့ order မှာပြီး အရောင်းအဝယ်ဖြစ်ကြပါတယ်၊၊ နောက်ပိုင်း နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ stock exchange ကို သွားစရာမလိုတော့ဘဲ online မှာ brokerage account ဖွင့်ထားပြီး အဲဒီ account မှတဆင့် မိမိကြိုက်ရာ stock share တွေကို broker တွေဆီကို commission ကော်မရှင်ခပေးပြီး broker တွေရဲ့ website က trading platform တွေပေါ်မှာ အရောင်းဝယ် ပြုလုပ်နိုင်ကြပါတယ်။ Stock market မှာ ရင်းနှီးမြှုပ်နှံရန်အတွက် Brokerage account တခုဖွင့်ဖို့  Broker တွေ အပေါ်မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အထိ သတ်မှတ်ထားလေ့ရှိကြပါတယ်၊၊

Forex market ကျတော့ stock market ကဲ့သို့  Exchange ရုံးဌာနတွေမရှိဘဲ internet Network ပေါ်က broker ရဲ့ website တွေပေါ်က Forex Platform တွေ၊ iPhone, IPad တွေမှတဆင့်လည်း account ဖွင့်ပြီး currency (နိုင်ငံတကာငွေကြေး) များကို Broker တွေကို သီးသန့်ကော်မရှင်ခ ပေးစရာမလိုဘဲ လွယ်ကူစွာ ၂၄ နာရီ trading လုပ်နိုင်ပါတယ်။ Broker တွေက currency တွေရဲ့ bid price နဲ့  Ask price (Bid price ဆိုတာ trader က buyer ကို ရောင်းဈေးဖြစ်ပြီး Ask price ဆိုတာက trader က seller ဆီက ဝယ်တဲ့ဈေးဖြစ်ပါတယ်။) တို့ရဲ့ spread (ဈေးနှုန်းကွာဟချက်)တွေမှတဆင့် ဝင်ငွေရရှိပါတယ်။ Forex market မှာ trading လုပ်ရန်အတွက် account တခုဖွင့်ဖို့  အနိမ့်ဆုံး၂၅ ဒေါ်လာလောက်နဲ့တောင်မှ စတင်ပြီး အရောင်းအဝယ် ပြုလုပ်နိုင်ကြပါတယ်၊၊ Forex market ဟာ currency တွေကို ဝယ်ယူတဲ့အခါ Leverage လို့ ခေါ်တဲ့ ငွေပမာဏ အနည်းငယ်နဲ့ ဆတိုးအချိုးကျ ဝယ်ယူခွင့်ပြုထားတဲ့အတွက် နည်းနည်းရင်းရုံနဲ့ အမြတ်အဆမတန်ရနိုင်ပါတယ်။ ဥပမာ Leverage 20:1 ကို အသုံးပြုပြီး currency တွေကို ဝယ်မယ်ဆိုရင် $1000 ပဲရှိတဲ့ small account လေးက အဆ ၂၀ များပြီး $20,000 တန်ဖိုးရှိတဲ့ currency တွေကို အရောင်းဝယ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်၊၊

3) Liquidity & Size of Market
Forex market ဟာကမ္ဘာပေါ်မှာ ငွေဖြစ်အလွယ်ဆုံး market တခုဖြစ်ပါတယ်။ forex market ထဲမှာ ကြီးမားတဲ့ ပုဂ္ဂလိကဘဏ်ကြီးတွေ၊ ဗဟိုဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံဖို့ သီးသန့်ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးတွေ၊ ငွေကြေးတွေကို ဈေးကစားနေတဲ့ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့စည်းတွေနဲ့ သာမန်ရောင်းဝယ်နေကြတဲ့ trader လေးတွေဟာ နေ့စဉ် 4 trillion နီးပါး trading လုပ်နေကြတဲ့အတွက် stock market ထက် အဆပေါင်းများစွာ ကြီးမားတဲ့ market ကြီးတခု ဖြစ်ပါတယ်။ stock market ကတော့ forex market လောက် ငွေဖြစ်မလွယ်ပေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံတဲ့အခါ compound interest ဆိုတဲ့ ပေါင်းစပ်အတိုးတွေကြောင့် forex ထက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်ပါတယ်။ Forex နဲ့စာရင် stock market က volatility (ဈေးနှုန်းမတည်ငြိမ်မှု) နည်းတဲ့အတွက် risk နည်းတယ်လို့လည်း ဆိုနိုင်ပါတယ်၊၊ stock market မှာ သိန်းပေါင်းများစွာသော company တွေရဲ့ stock share တွေ၊ အမျိုးမျိုးသော sector တွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ company ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေနေတွေကို analyse လုပ်ရတာ အနည်းငယ် ပိုရှုပ်ထွေးပါတယ်။ Forex market မှာကတော့ အရောင်းအဝယ်လုပ်စရာဆိုလို့  currency တွေပဲရှိတော့ market ကို analyse လုပ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် ရေရှည် ရင်းနှီးမြှုပ်နှံမယ့်သူတွေက Stock market ကိုရွေးချယ်ကြပြီး ရေတို အရောင်းအဝယ်လုပ်ပြီး ငွေအမြန်ပေါ်ချင်တဲ့သူတွေက forex market မှာ trading လုပ်လေ့ရှိပါတယ်။

ရေးသားသူ - Aung Mon Chan
http://www.myanmarleaders.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

ရန်ကုန်စတော့အိတ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံမှုအရွေ့

3:00 PM |


လာမည့်လအနည်းငယ်အတွင်း စတင်အသက်ဝင်လာမည့် ‪‎ရန်ကုန်စတော့အိတ်ချိန်း (YSX) သည် မြန်မာပြည်၏ ရင်းနှီးမြှုပ်နှံမှုလောကကို မည်မျှအထိ ဂယက်ရိုက်ခတ်မည်နည်း။

အိမ်ခြံမြေနှင့်ကားအကျ
သင့်အနေဖြင့် လွန်ခဲ့သောနှစ်ဝက်ခန့်အလွန်ကာလ များက မြန်မာပြည်အတွင်းက ရင်းနှီးမြှုပ်နှံမှုအကြောင်း မေးလျင် အိမ်ခြံမြေဈေးကွက်အကြောင်းကိုသာ ပထမဆုံးကြားရလိမ့်မည်။ ဘယ်နေရာက ဘယ်ခြံဝင်း၊ ဘယ်တိုက်ခန်းက ဈေးဘယ်လောက် တက်သွားပြီ၊ ဘယ်မြို့နယ်က အိမ်ခြံမြေ အရောင်းသွက်နေပြီ၊ ဘယ် အိမ်ခြံမြေ ရောင်းဝယ်သူကတော့ ဘယ်လောက်ထောသွားပြီ စသည့်သတင်းစကားကလည်း သင့်အတွက် နားလျံမတတ် ဖြစ်ခဲ့ပေလိမ့်မည်။

ပြီးခဲ့သည့် သုံးလေးနှစ်အတွင်း ပြောင်းလဲလာသည့် အိမ်ခြံမြေဈေးကွက်‬၏ အခြေနေကို ပြောရလျင် အံ့သြစရာဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးကိုကြည့်လျင် ဖွံ့ဖြိုးဆဲ(Developing) အဆင့်။ အိမ်ခြံမြေဈေးက ကမ္ဘာနှင့် ရင်ပေါင်တန်းနေသည်။ စီးပွားရေးမြို့ တော်ရန်ကုန်မြို့လယ်က ကုမ္ပဏီ ရုံးခန်းအဆောက်အအုံ၏ အခန်းငှားခက ဘန်ကောက်မြို့က အခန်းငှားခများထက် မြင့်နေသည်။ မကြာခဏ ထုတ်ပြန်သည့် ကမ္ဘာ့အဖွဲ့အစည်းအချို့၏ စစ်တမ်းများတွင် မြန်မာပြည်တွင်း စီးပွားရေးလုပ်ရာတွင် အဟန့်အတား ဖြစ်နေသည့် အချက်များတွင် အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုက ထိပ်ဆုံးက ပါဝင်နေခဲ့သည်။ အဆမတန် ထိုးတက်ခဲ့သော ဈေးနှုန်းများကြောင့် မကြာခင်ကာလအတွင်း အိမ်ခြံမြေပူဖောင်း ပေါက်လာမည်လော ဟူသော မေးခွန်းများကိုလည်း မီဒီယာစာမျက်နှာထက် မကြာခဏဆိုသလို တွေ့လာရသည်။
ယခုထိတော့ ဘာပူဖောင်းမှ ပေါက်သံမကြားရသေး။ သို့သော် ပူဖောင်းလေလျော့လာသည်ဟုပဲ ပြောရမည်လားမသိ။ အိမ်ခြံမြေဈေးကွက်က ၂၀၁၄ ခုနှစ်ကုန်ပိုင်းလောက်မှ စတင်ကာ တဖြည်းဖြည်း အေးလာခဲ့သည်။

''လက်ရှိ အရောင်းအ၀ယ်ဖြစ်နေတဲ့ တိုက်ခန်းတွေကတော့ ခေါ်ဈေးထက် ၁၅ ရာခိုင်နှုန်းလောက် လျော့ရောင်းနေတာ တွေ့ရတယ်။ အထူးသဖြင့် တန်ဖိုးကြီး အဆောက်အအုံတွေနဲ့ ပတ်သက်ရင်တော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတဲ့သဘော ရှိတယ်။ အရောင်းအ၀ယ် မဖြစ်ဘူး'' ဟု ယူနတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်ကပြောသည်။

ဈေးကွက်အေးလာသည့် အကြောင်းအရင်းကိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို စောင့်ကြည့်နေသောကြောင့်၊ အိမ်ခြံ မြေဈေးကွက်သို့ တရားမ၀င်ငွေကြေးများ အဓိကစီးဆင်းခဲ့ရာမှ ယခုအခါ ယင်းငွေကြေးခ၀ါချမှုကို အစိုးရက တိုက်ဖျက်နေသောကြောင့် စသည်ဖြင့် အမျိုးမျိုး ဝေဖန်ကြသည်။ ၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးရောက်ရှိခဲ့သည့်ကာလဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းမှ စတင်ကာအရောင်းအ၀ယ် သိသိသာသာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေဈေးကွက်ထက် စောစီးစွာ နောက်ပြန်ဆုတ်ခဲ့သည်က မော်တော်ကားဈေးကွက်‬ ဖြစ်သည်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကားတင်သွင်းခွင့်ကို ဖြေလျော့ပေးမှုကြောင့် ကားဝယ်လိုအား ထိုးတက်ခဲ့သလို ကားပွဲစားနှင့် ကားဝယ်ရောင်းတို့ ပွပေါက်တိုးခဲ့ကြသည်။ တိုးပွားလာသော ကားအစီးရေကြောင့် ပြီးခဲ့သည့် နှစ်နှစ်လောက်မှစ၍ ရန်ကုန်မြို့သည် ယာဉ်လမ်းကြော အလွန်အမင်းပိတ်ဆို့သော မြို့အဖြစ်သို့ ရောက်ရှိခဲ့သည်။ ယခုဆို Ford၊ Marcede၊ Chevrolet၊ KIA အစရှိသည့် ကမ္ဘာကျော် အမှတ်တံဆိပ်ကားများကို ရန်ကုန်မြို့အနှံ့ရှိနေသော ကားအရောင်းပြခန်းတွင် အခန့်သား တွေ့မြင်နိုင်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကိုသာ ဖြေရှင်းမရသေးသော်လည်း ကားအရောင်းအ၀ယ်ကတော့ ယခင်ကလို လှုပ်လှုပ်ခတ်ခတ် မဟုတ်တော့။ တည်ငြိမ်လာသည်။ ''မြန်မာပြည်က ကားငတ်နေတာလည်း ကြာပြီဆိုတော့ စပြီးပေါ်လာတဲ့အချိန်မှာ လူတွေကလည်း အရင်တုန်းကနဲ့စာရင် ဆယ်ဆ၊ အဆ ၂၀ လောက် သက်သာသွားပြီဆိုတော့ ကားဝယ်တယ်။ ယခုအချိန် သုံးနှစ်ကျော်တည်ငြိမ်စ ပြုလာပြီ'' ဟု Famar Auto Showroom ၏ CEO ဒေါက်တာစိုးထွန်းက ပြောသည်။ ယင်းအခြေအနေကြောင့်ပင် ကားဈေးကွက်၌ ပေါ်ပင်ရင်းနှီးမြှုပ်နှံသူတို့ မရှိတော့ဘဲ ရေရှည်ရင်နှီးမြှုပ်နှံမည့်သူများသာ ကျန်ရစ်တော့သည်ဟုလည်း ၄င်းကဆိုပါသည်။

ဒေါ်လာနှင့်ရွှေခုန်တက်
''သူတို့က မော်တော်ကားဈေးကွက်ကောင်းတယ်ဆို အဲဒီ ရောက်သွားတာ။ မော်တော်ကားဈေးကွက် ပျက်သွားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်လှည့်တာ''။ ငွေကြေးဆိုင်ရာကျွမ်းကျင်သူ ဘဏ်အရာရှိကြီးတစ်ဦး၏ မှတ်ချက်ဖြစ်သည်။ သူ၏မှတ်ချက်ကို ကိုးကားပြောရလျင် ''မော်တော်ကားဈေးကွက်၊ အိမ်ခြံမြေဈေးကွက်ပျက်လို့ ဒေါ်လာဈေးကွက်၊ ရွှေဈေးကွက် ရောက်လာတာဟုပင် ဆိုရမလို ဖြစ်နေသည်။ မော်တော်ကားနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းချိန်တွင် ဒေါ်လာဈေးကွက်နှင့် ရွှေဈေးကွက်က ကြောက်ခမန်းလိလိ လှုပ်ရှားနေသည်။ ဇွန်လ ၁၀ ရက်တွင် အစိုးရသစ်လက်ထက် စံချိန်တင်သည့်အနေဖြင့် အမေရိကန်ဒေါ်လာတစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁,၂၃၀ အထိ ပေါက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တုန်းက တစ်ဒေါ်လာ ရှစ်ရာကျော်ကျော်မှ ၂၀၁၄ ခုနှစ်ကုန်တွင် ၁,၀၄၀ လောက်ပေါက်ခဲ့ပြီး ယခုနှစ် ငါးလကျော်အတွင်း စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ‪‎ဒေါ်လာဈေး‬တက်ရသည့် အကြောင်းအရင်းမှာ အမေရိကန် စီးပွားရေးတိုးတက်လို့ဟူသော အကြောင်းပြချက်အပြင် မြန်မာ့ကုန်သွယ်မှုတွင် လိုငွေပြနေမှု စသောအချက်များကြောင့်ဟုလည်း ဝေဖန်ကြသည်။

ဒေါ်လာဈေးမြင့်တက်မှုနှင့် ဈေးကွက်သည်လည်း နောက်က လိုက်တတ်လာသည်။ အခေါက်ရွှေ တစ်ကျပ်သား၏ တန်ဖိုးမှာ မေလကုန်ပိုင်းက ၇၂၀,၀၀၀ ကျပ်သာရှိခဲ့ပြီး ဇွန်လ ၉ ရက်တွင် ၇၅၀,၀၀၀ ကျော်ထိ တက်ခဲ့သည်။ ''နိုင်ငံတကာဈေးကွက်မှာဆိုရင် ဒေါ်လာဈေးတက်ရင် ရွှေဈေး လိုက်တက်လေ့မရှိဘူး။ မြန်မာနိုင်ငံမှာကျတော့ ငွေကြေးဖောင်းပွတဲ့အတွက် ဒေါ်လာဈေးနဲ့အတူ ရွှေဈေး‬ လိုက်တက်နေတာ။ ရွှေဈေးကိုတော့ ဈေးကွက်တွက်မှာရှိတဲ့ ၀ယ်လိုအား၊ ရောင်းလိုအား၊ နိုင်ငံတကာရွှေဈေးနဲ့ ငွေလဲဈေး စတာတွေအပေါ်မှာ မူတည်ပြီး ဈေးဖွင့်တာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောသည်။ မြန်မာလူမျိုးတို့၏ အစဉ်အလာ ယဉ်ကျေးမှုကြီးတစ်ခုက လက်ထဲပိုက်ဆံရှိလျင် ရွှေဝယ်ထားလေ့ ရှိကြသည်။

ဈေးကွက်သစ်
မြန်မာပြည်က ရင်းနှီးမြှုပ်နှံသူတို့အဖို့ နောက်ထပ် ဈေးကွက်သစ်တစ်ခုက ယခုနှစ်ကုန်ပိုင်းတွင် အကောင်အထည် ပေါ်လာမည့် စတော့ရှယ်ယာဈေးကွက်‬ ဖြစ်သည်။ မေလကုန်ပိုင်းက ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ရန်ကုန်စတော့အိတ်ချိန်း ထူထောင်ရေးစီမံကိန်းမှာ ၇၂ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အိတ်ချိန်းနေရာအတွက် ပြင်ဆင်နေမှုက ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ဇူလိုင်လလောက်တွင် အားလုံးလောက်နီးနီး ပြီးစီးသွားမည်ဟု ပြောကြားခဲ့သည်။

သူတို့က ယခင်က YSX ကို ကြိုတင်ကြေညာထားသည့် အောက်တိုဘာအမီ စတင်နိုင်ဖို့ စိုင်းပြင်းနေခဲ့ကြသော်လည်း မကြာသေးခင်က သတင်းတွေအရတော့ ရွေးကောက်ပွဲအလွန်မှသာ စတင်နိုင်လိမ့်မည် ဖြစ်သည်။ ယခု ဆောင်းပါးရေးနေချိန်အထိတော့ စတော့ဈေးကွက်တွင် Main Player အဖြစ် ပါဝင်ရမည့် Listed Company ဘယ်နှစ်ခုနှင့် စတင်မလဲဆိုသည်ကိုပင် အတိအကျ မပြောနိုင်သေးပေ။ သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးက ''ရှယ်ယာထုတ်ရောင်းတဲ့ ကုမ္ပဏီဘယ်နှစ်ခုရှိမလဲဆိုတဲ့ အပေါ်လည်းမူတည်တယ်။ ဒါကလည်း ပြောလို့ မရသေးဘူးပေါ့။ Listed ကလည်း အခြေအနေပေါ် မူတည်ပါတယ်'' ဟုပြောသည်။

အစောပိုင်းက ထင်ရှားသည့် သူဌေးကြီးဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (‪AGD‬) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (‪MRF‬) က လွန်ခဲ့သည့်သုံးနှစ်လောက်က တည်ထောင်ထားသည့် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး အများပိုင်ကော်ပိုရေးရှင်း (‪MAPCO‬) တို့ နှစ်ခုသာ နာမည်ထွက်ခဲ့ပြီး နောက်ပိုင်းတွင် FMI Group အမည်ပါ ပါဝင်လာခဲ့သည်။ ‪FMI‬ Group သည် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းကို အဓိကလုပ်ကိုင်နေပြီး ယခင်ကတည်းက စင်ကာပူစတော့အိတ်ချိန်းတွင် Listing လုပ်ထားသည့် ကုမ္ပဏီဖြစ်သည်။ မြန်မာပြည်တွင် အများပိုင်ကုမ္ပဏီ နှစ်ရာခန့်ရှိသည် ဆိုသော်လည်း အများစုက ရှယ်ယာထည့်ဝင်သူ လေးငါးဦးဖြင့် လည်ပတ်နေသော အမည်ခံ အများပိုင်ကုမ္ပဏီများသာ ဖြစ်သည်။

၂၀၁၅ အလွန် ရင်းနှီးမြှုပ်နှံမှုအရွေ့
စီးပွားရေးတံခါး စတင်ဖွင့်လှစ်ချိန်တွင် စတော့ဈေးကွက် တစ်ခုကို ဒရောသောပါး အကောင်အထည်ဖော်ခြင်းကို ပြစ်တင် ဝေဖန်သူများရှိသလို အကောင်းမြင်သူများလည်း ရှိသည်။ တော်တော်များများကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တကယ့်အခြေအနေမှန်ကို ထည့်မတွက်ဘဲ ဖြစ်ချင်သောတစ်ခုဖြင့်သာ လုပ်နေကြောင်း ပြစ်ပြစ်နှစ်နှစ်ဝေဖန်သည်။ သို့သော် အကောင်းမြင်သူများကတော့ မရှိသေးတာထက် စနိုင်သည့်အချိန်တွင် စလိုက်ခြင်းက ပိုကောင်းသည်ဟု ဆိုသည်။

မည်သို့ဆိုစေ ရန်ကုန်စတော့အိတ်ချိန်းကတော့ ၂၀၁၅ ခုနှစ်မကုန်မီ အကောင်အထည်ပေါ်လာမည်ဖြစ်ရာ ၂၀၁၅ အလွန် ကာလတွင် စတော့ရှယ်ယာ ဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်၊ ကား ဈေးကွက်၊ ဒေါ်လာနှင့် ရွှေဈေးကွက်စသည့် ရင်းနှီးမြှုပ်နှံစရာ ဈေးကွက်အသီးသီးတွင် မည်သည့်ဈေးကွက်က ထိပ်ဆုံးမှ ဦးဆောင်သွားမည်လဲ ရင်ခုန်စရာကောင်းသည်။ ပထမဦးဆုံးအနေဖြင့် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များ၏ အလားအလာကို မှန်းကြည့်ချင်သည်။ ရှေ့တွင်ဆိုခဲ့သလို အိမ်ခြံမြေဈေးကွက်က လတ်တလောတွင် အရောင်းအ၀ယ် ထိုင်နေသည်။ သို့သော် ဈေးက ထင်သလောက်ကြီး ကျဆင်းသွားခြင်းတော့ မဟုတ်။ ဇွန်လအစောပိုင်းက မြန်မာနိုင်ငံ၏ မြေဈေးကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံ ထိပ်တန်းလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Saha Group က မြန်မာနိုင်ငံတွင် စက်မှုဇုန် လာရောက်တည်ဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

အိမ်ခြံမြေကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏အိမ်ခြံ မြေဈေးကွက်မှာ အနာဂတ်တွင်လည်း ကျဆင်းသွားဖွယ်ရှိသည့်တိုင် ရုပ်ပျက်ဆင်းပျက်တော့ ဖြစ်သွားလိမ့်မည်မဟုတ်ဟု ခန့်မှန်းကြသည်။ ''၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အိမ်ခြံမြေဈေးကွက်က ဒီထက်ပိုပြီး စိုက်ဆင်းသွားစရာလည်း သိပ်တော့အကြောင်းမရှိဘူး။ ပြင်ပအခြေအနေတွေ အပေါ်မူတည်ပြီးတော့ ဆက်တက်သွားနိုင်စရာလည်း အကြောင်းတော့မရှိဘူး'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဦးက ခန့်မှန်းသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်လာဖို့ရှိသလို အိမ်ရာ လိုအပ်ချက်ကလည်း မြင့်မားနေဆဲဖြစ်ရာ အိမ်ခြံမြေ၀ယ်လိုအား (Demand) ကတော့ ဆက်ကောင်းနေသေးသည်။

မော်တော်ကားဈေးကွက်သည်လည်း ဆက်လက်ရင်းနှီး မြှုပ်နှံစရာအခွင့်အလမ်း ရှိနေသည်။ ယခု ကားတကယ် ၀ယ်ယူထားသူများမှာ ရန်ကုန်မြို့နေပြည်သူများသာ ဖြစ်သည်။ အကယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး စီးပွားရေးသာတက်လာပါက ကားဝယ်ယူမှုက ဆက်လက်မြင့်တက်နေဦးမည် ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် ကားအစီးရေ ငါးသိန်းကျော်ရှိနေပြီး ယင်းမှာ တစ်နိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ အိမ်ခြံမြေ၊ ကားနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများမှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုများသာဖြစ်ပြီး ငွေနှင့် ရွှေဈေးကွက်တို့ကတော့ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံလိုသူတို့အတွက်လည်း အခွင့်အလမ်း ရှိသည်။ ဆိုလိုသည်မှာ အိမ်ခြံမြေ၊ ကားတို့တွင် ရင်းနှီးမြှုပ်နှံဖို့က မြန်မာငွေကို သိန်းရာဂဏန်း၊ ထောင်ဂဏန်းလောက်နှင့် စကားပြောနေရသော်လည်း ငွေနှင့် ရွှေက သိန်းဆယ်ဂဏန်းလောက်နှင့် လုံလောက်သည်။

ဤဈေးကွက်များက တစ်ခါတစ်ရံ အလှုပ်အခတ်များတတ်သော်လည်း အချိန် တော်တော်များများ တည်ငြိမ်သည့် သဘောရှိသလို သိပ်အလုပ်ဖြစ်လှသည်တော့ မဟုတ်ပေ။ မည်သို့ရှိစေ ပိုက်ဆံရှိလျင် ခေါင်းအုံးအောက် သိမ်းထားသည့်ဓလေ့၊ ပိုက်ဆံရှိလျင် ရွှေဝယ်ထားသည့် ယဉ်ကျေးမှုကလည်း မြန်မာပြည်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေဆဲ ဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုများအရ စတော့ဈေးကွက် ပေါ်လာချိန်တွင် ယခင်ရှိပြီးသား ဈေးကွက်များကို ကြီးကြီးမားမား မထိခိုက်နိုင်၊ ငွေကြေးအရင်းအနှီး စီးဆင်းမှု တစ်ဖက်စောင်းနင်းမဖြစ်နိုင်ဟု တွက်ဆကြသည်။ စတော့ရှယ်ယာနှင့် ပတ်သက်ပြီး ဆောင်းပါးများ ရေးသားနေသူ ဆရာထွန်းသက်ထွန်းက ''Weight ကတော့ မျှသွားမှာပေါ့။ အိမ်ခြံမြေရော၊ ရွှေရော၊ တစ်ဖက်မှာ စတော့ရော အားလုံးက မျှသွားမှာပေါ့။ အဓိကကတော့ စတော့အိတ်ချိန်းဆိုတာ Middle Class ကို Nurture လုပ်တဲ့ ဈေးကွက်ဖြစ်တဲ့အတွက် Middle Class တွေအနေနဲ့တော့ Investment Opportunity တွေ ပိုပြီးတော့ များလာမယ်'' ဟုသုံးသပ်သည်။

စတော့ဈေးကွက်၏ အလားအလာနှင့် ဈေးကွက်ဟောင်းများ၏ အလားအလာများကို ချိန်ထိုးသုံးသပ်ကြည့်လျင်လည်း သူ့သုံးသပ်ချက်က သဘာဝတော့ကျသည်။ စတော့ဈေးကွက်ကို အကောင်းမြင်သူများသည်ပင် ရန်ကုန်စတော့အိတ်ချိန်း တကယ်တက်ကြွလှုပ်ရှားဖို့က အနည်းဆုံး လေးငါးနှစ်ခန့် အချိန်ယူရလိမ့်မည်ဟု ကောက်ချက်ချသည်။ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်က ထူထောင်ခဲ့သော လာအို စတော့အိတ်ချိန်းနှင့် ကမ္ဘောဒီးယား စတော့အိတ်ချိန်းတို့ကတော့ အခုထိ Listed Company တစ်ခု၊ နှစ်ခုတည်းဖြင့်သာ လည်ပတ်နေသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီလေးငါးခုလောက်နှင့် စတင်နိုင်လိမ့်မည်ဟု ဘဏ္ဍာရေးဒုဝန်ကြီးက ပြောကြားထားသည်။ သို့သော်လည်း စတော့ဈေးကွက်နှင့် စိမ်းနေသေးသော မြန်မာ ရင်းနှီးမြှုပ်နှံသူများအဖို့ ဈေးကွက် စတင်လျှင်စတင်ချင်း အလောတကြီး ၀င်ကစားကြမည်မဟုတ်မှာ သေချာသည်။ ယခုထိ စတော့ အိတ်ချိန်းသတင်းများက မီဒီယာ၊ ပညာရှင်အချို့နှင့် စီးပွားရေးသမားအချို့အတွက်လောက်ပဲ ဖတ်စရာ ဖြစ်နေသည်။ အဓိက ရင်းနှီးမြှုပ်နှံမည့် အလယ်အလတ် ၀င်ငွေရှိလူတန်းစားအလွှာက ဤဈေးကွက်နှင့် အစိမ်းသက်သက် ဖြစ်နေသေးသည်။ မေးမြန်းမှုများအရ အများစုမှာ စိတ်ဝင်စားမှုတော့ရှိကြောင်း၊ နားမလည်သေးကြောင်းနှင့် စောင့်ကြည့်ဦးမည် ဖြစ်ကြောင်းသာ ပြောကြသည်။ မြန်မာပြည်တွင် လက်ရှိ စတော့ဈေးကွက် မပေါ်သေးခင်ကာလ၌လည်း ရှယ်ယာထုတ်ရောင်းနေသော အများပိုင်ကုမ္ပဏီများ ရှိနေပြီး ယင်းတို့ထဲက နှစ်ခုသုံးခုလောက်သာ အတန်ငယ် အလုပ်ဖြစ်နေသည်။ လာမည့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းပေါက်မည့် MAPCO သည်ပင် လက်ရှိအချိန်ထိ ကုမ္ပဏီတည်ထောင်သူများ၏ ရှယ်ယာက အဓိက ဖြစ်နေသည်ဟု ဆိုသည်။ ယင်းသည် ပြည်တွင်း ရှယ်ယာရှင်အများဆုံးဖြင့် လည်ပတ်နေသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်ပေါင်း ၁,၃၀၀ ခန့် ရှိသည်ဟု သိရသည်။ သို့သော် စုစုပေါင်းရှယ်ယာ၏ ၉၀ ရာခိုင်နှုန်းကို တည်ထောင်သူများက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

MAPCO ၏ အမှုဆောင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ''အရေအတွက်သာ များတာ Capital ကတော့ တက်မလာဘူး။ ဒီရှယ်ယာတွေကလည်း တောင်းဆိုတာ။ တစ်နှစ်ကျော်လာပြီ အမြတ်မခွဲသေးဘူးလား၊ ဘာလားဆိုတာ ဖြစ်လာတာပေါ့။ မြန်မာပြည်မှာက ရှယ်ယာထည့်ရင် အမြတ်ဘယ်လောက် ရမလဲပေါ့။ Dividend ကိုပဲ စဉ်းစားတာ။ စတော့ ဈေးကွက်ပေါ်လာရင်လည်း ကျွန်တော်အမြင်အရတော့ သိပ် Change တော့ဖြစ်လာမှာ မဟုတ်ဘူး'' ဟု MAPCO ၏ ရှယ်ယာ ထည့်ဝင်မှုအခြေအနေနှင့် ချိန်ထိုးပြောကြားသည်။ ထို့ကြောင့်ပင် အမြတ်လွယ်လွယ် မြင်ရလွယ်သော ရွှေ ၀ယ်ထားခြင်းမျိုး၊ ဘဏ်၌ ငွေစုထားခြင်းမျိုးတို့က ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍအတွင်း စုဆောင်းအပ်ငွေပမာဏ ကျပ် ၂၂ ထရီလီယံ ရှိနေသည်ဟု New Crossroad Asia (NCRA) သုတေသနအဖွဲ့က ဆိုသည်။ မြန်မာပြည်တွင် ဘဏ်စုငွေ၏ အတိုးနှုန်းက ၈ ရာခိုင်နှုန်းအထိ ရှိနေသဖြင့်လည်း မက်လောက်စရာ ဖြစ်နေသည်။ ကမ္ဘာဇဘဏ်၏ အကြီးတန်း အကြံပေးဦးသန်းလွင်ကလည်း စတော့မားကက်က လေးငါးနှစ် အချိန်ယူရဦးမည်ဖြစ်သဖြင့် ဘဏ်မှာ စုဆောင်းထားသော အပ်ငွေအချို့ စတော့မားကတ်ဘက်သို့ ရောက်သွားနိုင်ခြေရှိသည့်တိုင် သိပ်များများစားစားတော့ ပြောင်းရွှေ့ဖွယ်မရှိဟု ဆိုသည်။ ၄င်းက ''အန်ကယ်တို့ကတော့ မစိုးရိမ်ဘူး။ နိုင်ငံခြားမှာတော့ စတော့မားကက်နဲ့ ဘဏ်ဆိုရင် Investment Relationship။ ဘဏ်အတိုးနှုန်း ကျသွားပြီဆိုရင် ဒီကလူတွေက ဘဏ်က ငွေတချို့တစ်ဝက်ကို စတော့မားကက်မှာ ရင်းနှီးမြှုပ်နှံကြတာပေါ့။ တစ်ခါတလေ အစုရှယ်ယာဈေးကွက်တွေ ကျနေပြီ။ မတည်မငြိမ် ဖြစ်နေပြီဆိုရင် အဲဒီငွေတွေကို ထုတ်ပြီး ဘဏ်ကို လာထည့်တာ'' ဟု ဘဏ်နှင့်စတော့ကို ယှဉ်တွဲသုံးသပ်သည်။ ၄င်းက Money Market ဘဏ်နှင့် Capital Market စတော့ဈေးကွက်တို့က တိုင်းပြည်၏ အရေးအကြီးဆုံး ဒေါက်တိုင်နှစ်ခုဟုလည်း မှတ်ချက်ပြုပါသည်။

ရှေ့တွင်ဆိုခဲ့သလို ယခုနှစ်မကုန်ခင် မြန်မာပြည်တွင် စတော့ဈေးကွက်က ရင်းနှီးမြှုပ်နှံမှု ဈေးကွက်အသစ်တစ်ခုအနေဖြင့် အသက်ဝင်လာမည်။ အိမ်ခြံမြေ၊ ကား၊ ငွေ၊ ရွှေ စသည့် ဈေးကွက်များက အလားအလာရှိနေသေးသလို ဘဏ်တိုးနှုန်းကလည်း မက်လောက်စရာအခြေအနေတွင် ရှိနေသည်။ အခြားတစ်ဖက်၌ စတော့ဈေးကွက်ကလည်း အရှိန်ရရန်ကာလတစ်ခု ယူရဦးမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုက စတော့ဈေးကွက်တစ်ခုတည်းသို့ ပြုံတိုးဖွယ်မရှိဘဲ သူ့ကဏ္ဍအလိုက် ပုံမှန်အခြေအနေလောက်သာ ရှိနေမည်ဟုသာ ခန့်မှန်းရပါသည်။

ရေးသူ-ဟိန်းဇော်
http://www.myanmarb2bmagazine.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

ဒေါ်လာ ၁၆ ထရီလီယံကို ကိုင်တွယ်နေသော အမျိုးသမီး

4:00 PM |


၁၉၅၀ ပြည့်လွန်နှစ်တွေမှာ Brooklyn ကမ်းနား အလုပ်သမား ရပ်ကွက်အနီးအနားမှာကြီးပြင်းခဲ့တဲ့ Janet Yellen ဟာ စီးပွားရေး ပညာထဲကလူသားရဲ့ကဏ္ဍနဲ့ပတ်သက်ပြီး အများကြီး လေ့လာထားခဲ့ပါတယ်။ "ကျွန်မရဲ့အဖေဟာ မိသားစုဆရာဝန်တစ်ယောက်ပါ။ အဖေနဲ့ အမေနှစ်ယောက်စလုံး စီးပွားရေး အကျပ်အတည်းကြီးကို ဖြတ်သန်းခဲ့ကြတယ်။ အဲဒီအကျပ်အတည်းကြီးအကြောင်း ပုံပြင်တွေကို ကျွန်မ အများကြီး ကြားဖူးတယ်" လို့ သူကပြောပါတယ်။ Brooklyn သင်္ဘောကျင်းအလုပ်သမားတွေ၊ စက်ရုံအလုပ်သမားတွေ အခြေအနေပေါ်မူတည်ပြီး နှစ်ဒေါ်လာပေးပြီး၊ ဒါမှမဟုတ် မပေးဘဲ သူ့အဖေရဲ့အိမ်ကဆေးခန်းကို ၀င်ကြထွက်ကြတာတွေကို သူမြင်ဖူးခဲ့ပါတယ်။

"လူတွေအပေါ်သက်ရောက်ချင် သက်ရောက်ခဲ့မယ့် အလုပ် အကိုင်မရှိမှုရဲ့သက်ရောက်မှုကို လူသားဆန်တဲ့နည်းလမ်းနဲ့ ကျွန်မ နားလည်လာခဲ့ပါတယ်"။

အဲဒီနောက် ဆယ်စုနှစ် ငါးခုကြာတဲ့အခါ ဆန်ဖရန်စစ္စကို ဗဟိုဘဏ်ရဲ့အကြီးအကဲဖြစ်တဲ့ Yellen ဟာ မသေချာတဲ့ ချေးငွေတွေထဲက ပေါ်လာခါစပူဖောင်းတစ်ခုနဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ပါတယ်။ အဲဒီ ပူဖောင်းဟာ စီးပွားရေးပျက်ကပ်ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဆိုးဝါးဆုံး စီးပွားရေးပျက်ယွင်းမှုတစ်ခုအဖြစ်ကို ရောက်အောင် ကြီးထွားသွားလိမ့်မယ်လို့ စိုးရိမ်ခဲ့တာပါ။ FED ရဲ့မူဝါဒချမှတ်သူ ၁၉ ဦးထဲမှာ သူဟာ ဒီလိုဖြစ်မှာကို စိုးရိမ်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ Yellen ဟာ ချုံးချုံးကျနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အဖိုးတန်ပိုင်ဆိုင်ပစ္စည်းတွေထဲက ထရီလီယံနဲ့ချီနေတဲ့ ဒေါ်လာတွေဝယ်ဖို့ဆိုတဲ့ အငြင်းပွားစရာအစီအစဉ်တစ်ခုရဲ့နောက်ပိုင်းအဆင့်တွေကို အကြံပေးပြီး ကူညီနေရတဲ့ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်နေပါပြီ။ အမေရိကန်စီးပွားရေး အဆောက်အအုံကြီးထဲက သန်းနဲ့ချီနေတဲ့ အလုပ်သမားတွေအတွက်တော့ အရေအတွက် သက်သာလျော့ပါးရေးဆိုတဲ့ ဗဟိုဘဏ်ရဲ့ အဲဒီ အစီအစဉ်ဟာ အလုပ်တစ်ခုက ပြုတ်သွားတာနဲ့ အလုပ်တစ်ခုမှာမြဲနေတာရဲ့ကွာခြားမှု၊ အချည်းနှီးရှာဖွေမှုနဲ့ အခွင့်အလမ်းတစ်ခု တွေ့ရှိမှုရဲ့ကွာခြားမှု ကောင်းကောင်းကြီး ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။

ဇန်န၀ါရီလ ၆ ရက်နေ့မှာ အထက်လွှတ်တော်က အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်စနစ်ရဲ့ ၁၅ ဦးမြောက်ဥက္ကဋ္ဌအဖြစ် Janet Louise Yellen ကို အတည်ပြုပေးခဲ့ပါတယ်။ သူဟာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးတစ်ခုရဲ့ နေရာမှာထားပြီး အမေရိကန်နိုင်ငံမှာသာမကပဲ ကမ္ဘာ့နေရာအများစုမှာပါ ငွေတွေ ဘယ်ကို၊ ဘယ်လို စီးဆင်းရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ တာဝန်ယူရပါတယ်။ သူဟာ ဒီလုပ်ငန်းကိုကိုင်တွယ်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာက သူဟာ ပွင့်လင်းတဲ့ ပြုပြင်ရေးစိတ်ဓာတ်ရှိတဲ့ အယူဝါဒကိုခံယူသူ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်နေတာပါပဲ။ အဲဒါရဲ့အဓိပ္ပာယ်ကတော့ ငွေကြေးမူဝါဒဟာ အလုပ်သမားတွေနဲ့ ငွေရှင်ကြေးရှင်တွေအတွက် စီးပွားရေး အဆောက်အအုံကို အားဖြည့်ပေးပြီး စီးပွားရေးယန္တရားရဲ့ ပြောင်းလဲမှုကို ညင်သာအောင်လုပ် ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို သူဖက်တွယ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အသက် ၆၇ နှစ် အရွယ် အရပ်ခပ်ပြတ်ပြတ်နဲ့ မကြာခဏပြုံးတတ်တဲ့ Yellen ကို တွေ့ရမှာကတော့ ခုနစ်မီတာရှည်တဲ့ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ အစည်းအဝေးစားပွဲကြီးရဲ့ ထိပ်က သူ့နာမည်ရေးထိုးထားတဲ့ ကြေးပြားကြီးရှိတဲ့ ကုလားထိုင်ကြီးပေါ်မှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ စီးပွားရေးလမ်းကြောင်းကိုရေးနေဆွဲတဲ့ အချိန်မဟုတ်ရင် Yellen ဟာ အစားအသောက်နဲ့ အချက်အပြုတ် ၀ါသနာကြီးသူတစ်ယောက်ဖြစ်ပြီး နိုဘယ်ဆုရှင်တစ်ဦးဖြစ်သူ သူ့ရဲ့ခင်ပွန်းနဲ့ အတူခရီး သွားရတာကို ပျော်မွေ့သလို လမ်းတစ်လျှောက် သူတို့တွေ့ရတဲ့ စားသောက်ဆိုင်မှန်သမျှကိုလည်း ၀င်ပြီးနားတတ်ပါတယ်။

ရှေ့လာမယ့် လတွေ၊ နှစ်တွေထဲမှာတော့ သူ့ရဲ့အပြုံးတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သူ့အနေနဲ့ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဗဟိုဘဏ်မှာ လုပ်သက် ၃၆ နှစ်ရှိခဲ့တဲ့ ၀ါရင့် Yellen ဟာ မရေမရာတွေဖြစ်နေတဲ့ အချိန်အခါကြီးမှာ သူ့ရဲ့အလုပ်အသစ်ကို စပြီးကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းလျော့ကျသွားပြီး စီးပွားရေးပြန်ပြီးဦးမော့လာနေပေမဲ့ အခုအချိန်မှာ ဗဟိုဘဏ်အနေနဲ့ အရင်ကမလုပ်ခဲ့ဖူးသေးတဲ့ အရေအတွက် လျော့ပါးသက်သာရေး အစီအစဉ်ကို ဖြေလျှော့ပေးရပါလိမ့်မယ်။ ငွေတိုက်ငွေချေးစာချုပ်နဲ့ အပေါင်ပစ္စည်း ကျောထောက်နောက်ခံ ပိုင်ဆိုင်ပစ္စည်းဝယ်ယူမှု တစ်လ ဒေါ်လာ ၇၅ ဘီလီယံကို အလွန်အကျွံ မြန်မြန်ကြီး လျော့နည်းသွားအောင်လုပ်ရင် စီးပွားရေး နာလန်ထမှုဟာ တန့်သွားနိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးကို အထောက်အပံ့ဖြတ်လိုက်တာ နှေးကွေးလွန်းရင်လည်း အဖိုးတန် ပိုင်ဆိုင်ပစ္စည်းပူဖောင်းတွေနဲ့ ကာလပိုရှည်မယ့် ငွေကြေးဖောင်းပွမှုတွေရဲ့ အန္တရာယ်တွေက နောက်ထပ်တိုးလာနိုင်ပါတယ်။ ထင်ရှားတဲ့ ဗဟိုဘဏ်သမိုင်းပညာရှင် Allan Meltzer လို ဝေဖန်ရေးသမားတွေက အဲဒါတွေကို ကြီးမားတဲ့ ပြဿနာတွေပဲလို့ ယုံကြည်ထားပါတယ်။ အဲဒါတွေကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို ဘယ်သူမှ အမှန်တကယ် ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ ဘယ်ကိုရောက်နေသလဲဆိုတဲ့ လမ်းပြမြေပုံမရှိသလို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေမှာလည်း ဒီလိုလုပ်ခဲ့တဲ့အစဉ်အလာ မရှိခဲ့လို့ပါပဲ။

ဘာမှမဟုတ်တဲ့ Yellen (အဲဒီလိုမပြောရင် တရားမျှတမှု မရှိပါဘူး) က ဒီကြီးမားတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ သူအကောင်းဆုံး လုပ်နေပါတယ်၊ အရာရာဟာ အမေရိကအတွက် ကောင်းလာနေပါပြီလို့ ပြောပါတယ်။ သူ့ရဲ့ခန့်အပ်မှုကို အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့နေ့မှာ သီးသန့်လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Yellen က ၂၀၁၄ ခုနှစ်ဟာ အမေရိကန်စီးပွားရေးအတွက် တိုးတက်မှုရှိမယ့်နှစ်ဖြစ်လိမ့်မယ်လို့ သူယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ "ဒီနှစ် မှာ ပိုပြီး အားကောင်းတဲ့ တိုးတက်မှုကို မြင်ရလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ GDP တိုးတက်မှုရဲ့ထိပ်စီးဂဏန်းဟာ ၂ အစား ၃ ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မနဲ့ ဗဟိုဘဏ်မူဝါဒချမှတ်ရေးကော်မတီထဲက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အများစုမှာ မျှော်လင့်ချက်အပြည့်ရှိပါတယ်"။ (၂၀၁၃ ခုနှစ်ရဲ့ ကာလအများစုမှာ အမေရိကန်စီးပွားရေးဟာ ပျမ်းမျှ ၂ ရာခိုင်နှုန်းနဲ့ပဲ နှေးနှေးကွေးကွေး တိုးတက်ခဲ့ပါတယ်။) ပြီးခဲ့တဲ့ ဆောင်းဦးတုန်းက ခဏတာ နှေးကွေးလေးလံခဲ့တဲ့ အိမ်ဈေးကွက်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ဦးတည်နေပြီလို့လည်း Yellen က ယူဆပါတယ်။ "အဲဒါ တက်လာပြီလို့ ကျွန်မမျှော်လင့်တယ်။ နောက်ထပ် ထပ်ပြီးဦးမော့လာဦးမယ်လို့လည်း ကျွန်မမျှော်လင့်တယ်။" စားသုံးသူတွေက အရင်ကထက်ပိုပြီး သုံးစွဲကြလိမ့်မယ်။ စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံပြီး အလုပ်သမားတွေ ပိုပြီးမြန်မြန် ခန့်ကြလိမ့်မယ်။ ဗဟိုဘဏ်ကြေညာချက်တွေမှာ အမြဲ ညွှန်ပြနေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆိုးဝါးမှုတွေဟာ နောက်ဆုံးမှာ လျော့ပါးလာနေပါပြီ။ အလွန် အကျွံမဖြစ်အောင် ထိန်းတဲ့အနေနဲ့ နောက်ဆုံး Yellen က ဦးမော့မှုဟာ စိတ်ပျက်စရာကောင်းအောင် နှေးကွေးခဲ့ပါတယ်။ ဒါပေမဲ့ လူတွေကို အလုပ်ပြန်လုပ်အောင်လုပ်တဲ့ နေရာမှာ ကျွန်မတို့ တိုးတက်မှုရှိနေတဲ့အတွက် ငွေကြေးဖောင်းပွမှုဟာ ကျွန်မတို့ရဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ ၂ ရာခိုင်နှုန်းဆီကို ပြန်ဆင်းလာလိမ့်မယ်လို့ မျှော်လင့်ပြင်ဆင်ထားပါတယ်" လို့ပြောခဲ့ပါတယ်။
ဒီနှစ်မှာ သက်တမ်း ၁၀၁ နှစ်ပြည့်မယ့် ဗဟိုဘဏ်ဟာ အခုဆိုရင် အလုပ်လက်မဲ့နှုန်းနဲ့ ငွေကြေးဖောင်းပွမှု နှစ်ခုစလုံးကို နည်းအောင်ထိန်းနေရတဲ့ တာဝန်နှစ်ခုနဲ့ အန္တရာယ်ရှိတဲ့အနေအထားမှာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ အဲဒီတာဝန်တွေထဲမှာ ဇွဲကောင်းကောင်းနဲ့ သူ့ကိုယ်သူနှစ်မြှုပ်ထားခဲ့တယ်လို့ Yellen က အလေးထားပြီး ပြောခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ငွေကြေးဖောင်းပွမှု ဆက်ပြီး အားပျော့နေသေးလို့ပါပဲ။ ဒါဟာ လေးနှစ်ခွဲ ကြာပြီးတဲ့နောက်မှာ အားကောင်းလာရုံကလေးပဲရှိသေးတဲ့ စီးပွားရေး ဦးမော့လာမှုရဲ့လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ "ကြေညာချက်တစ်ခုကို ပြုစုဖို့အတွက် ဥက္ကဋ္ဌ Bernanke နဲ့ တခြားပုဂ္ဂိုလ်တွေနဲ့အတူ ဗဟိုဘဏ်မှာ ကျွန်မ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ကျွန်မတို့ရဲ့ရည်မှန်းချက်နှစ်ခုကို ကျွန်မတို့ ဘယ်လိုနားလည်တယ်ဆိုတဲ့အကြောင်း ကျွန်မတို့က ပြောပြထားပါတယ်။ အဲဒီဟာ နှစ်ခုစလုံးဟာ စားပွဲပေါ်မှာ တန်းတူပဲရှိပါတယ်" လို့ သူက ပြောပါတယ်။ 

ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူ့ရဲ့ပထမဦးစားပေးအလုပ်က အလုပ်လက်မဲ့နှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းရဲ့ အောက်ကို နောက်ဆုံးမှာ ၅.၂ ရာခိုင်နှုန်းက ၅.၈ ရာခိုင်နှုန်းအထိ ရောက်အောင်ချပေးဖို့ဖြစ်ပြီး အဲဒီနှုန်းဟာ ဒီနေ့အမေရိကန်တွေ အပြည့်အ၀ အလုပ်ရရှိမှုကို ကိုယ်စားပြုထားတယ်လို့ ဗဟိုဘဏ်ရဲ့မူဝါဒချမှတ်သူတွေက ယုံကြည်ကြပါတယ်။ "လုပ်ခတွေ အမှန်တကယ် တက်သွားတာကို ကျွန်မမြင်ချင်ပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ ညှိထားတဲ့ သာမန် အမေရိကန် အလုပ်သမားအမျိုးသားတွေရဲ့ လုပ်ခတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ တန့်နေတာနဲ့ ကျသွားတာပဲ ရှိခဲ့ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

ဒီစကားလုံးတွေဟာ ဘာမှထူးခြားမှုမရှိသလို ဖြစ်ချင်ဖြစ်နေပါမယ်။ ဒါပေမဲ့ မကြာမကြာ ရိုးရိုးဘာသာစကားနဲ့ ပြောမယ့်အစား ပြဿနာဖြေရှင်းနည်းနဲ့ ပြောနေကြတဲ့လူတွေနဲ့ စာရင်းအင်းကိန်း ဂဏန်း ပူဖောင်းတစ်ခုထဲမှာနေနေကြတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ စီးပွားရေးရာအပေါ်မှာ လူသားတွေရဲ့ သက်ရောက်မှုကို အာရုံစူးစိုက်တဲ့ Yellen ရဲ့ အာရုံစူးစိုက်မှုကတော့ ပြောင်းလဲမှုတစ်ခုအစစ် အမှန်ဖြစ်ပါတယ်။ "ဗဟိုဘဏ်က လူတွေမှာ အများပြည်သူဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး အရေးပါတဲ့အခန်းကဏ္ဍရှိပြီး အဲဒီကဏ္ဍထဲမှာ ၀င်လုပ်ဖို့ဆိုတာဟာ ကိုယ်ကျင့်တရားတစ်ခုအနေနဲ့ တာဝန်ရှိပါတယ်" လို့ သူကပြောပါတယ်။ သူ့ရဲ့အမြင်မှာတော့ ဒီအလုပ်ဟာ "ငွေကြေးဖောင်းပွတာကို တိုက်ခိုက်ရုံ၊ ငွေကြေးစနစ်ကို စောင့်ကြည့် ကြီးကြပ်ရုံသက်သက်မဟုတ်ပါဘူး။ သာမန်အိမ်ထောင်စုတွေကို သူတို့ခြေထောက်ပေါ် သူတို့ပြန်ရပ်နိုင်အောင် ကူညီဖို့ကြိုးစားရတာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ လုံခြုံမှုရှိရှိအလုပ်လုပ်ပြီး ရှေ့ကိုတိုးတက် သွားနိုင်မယ့် အလုပ်သမား ဈေးကွက်ကြီးတစ်ခုကို ဖန်တီးပေးတာနဲ့ ပတ်သက်ပါတယ်"။

Yellen ဟာ ၁၉၆၃ ခုနှစ်မှာ အထက်တန်းကျောင်းက အမှတ်အကောင်းဆုံးနဲ့ ကျောင်းပြီးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ပွဲထုတ်မှုကတော့ တက္ကသိုလ်မှာ သူ့ရဲ့ပထမဆုံး Macroeconomics အတန်းကိုတက်နေတဲ့ အချိန်အတွင်းမှာမှ ရောက်လာခဲ့ပါတယ်။ "ကျွန်မက သင်္ချာကို စိတ်ဝင်စားတယ်။ စဉ်းစားရင် ယုတ္တိဗေဒနည်းကျကျ စဉ်းစားတယ်၊ အတန်းထဲမှာထိုင်ပြီး စီးပွားရေးပျက်ကပ်ကြီး ဖြစ်နေတဲ့ကာလတုန်းက လူတွေရဲ့ဒုက္ခတွေအားလုံးကို သက်သာအောင်လုပ်ဖို့ ချကောင်းချခဲ့ကြမယ့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ ဘယ်လိုရှိခဲ့မလဲဆိုတာနဲ့ ပတ်သက်ပြီးလေ့လာခဲ့တာကို ကျွန်မ မှတ်မိနေပါသေးတယ်။ အဲဒါဟာ ကျွန်မအတွက်တော့ တကယ်ကို နှစ်သက်စွဲလမ်းစရာအချိန် တစ်ခုဖြစ်ခဲ့တာပါပဲ။ ပြည်သူ့ရေးရာမူဝါဒဟာ ဒီလိုပြဿနာတွေကို ကိုင်တွယ်လို့ရတယ်၊ ကိုင်တွယ်သင့်တယ်လို့ ကျွန်မသဘောပေါက်ခဲ့ပါတယ်"။

Yellen ဟာ ယေးလ်တက္ကသိုလ်က ထင်ရှားကျော်ကြားတဲ့ Keyne ၀ါဒီပညာရှင် James Toblin ရဲ့လက်အောက်မှာ Ph.D ဘွဲ့ရအောင်လုပ်ဖို့ သွားခဲ့ပါတယ်။ စီးပွားရေးပညာဟာ "စစ်မှန်တဲ့ လူထုကိုစောင့်ရှောက်မှုနဲ့ ပတ်သက်ရမယ်" လို့ Toblin က သူနဲ့ တခြားကျောင်းသားတွေကိုသင်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူဟာ Toblin ရဲ့ သင်ကြားရေးလက်ထောက်တစ်ယောက်အနေနဲ့ သင်ခန်း စာတွေကို သင်ယူတာ ကောင်းလွန်းတဲ့အတွက် သူ့ရဲ့စာသင်ခန်းမှတ်စုတွေဟာ သင်တန်းအတွက် စံနမူနာတွေ ဖြစ်လာပါတယ်။ "အဲဒီ မှတ်စုတွေကကောင်းလွန်းလို့ နှစ်တွေတော်တော်ကြာအောင် ဖြန့်ခဲ့ ရတယ်" လို့ ယေးလ်တက္ကသိုလ်မှာ Yellen နဲ့ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး Yellen ရဲ့နောက်ပိုင်းမှာ Toblin ရဲ့ သင်ကြားရေး လက်ထောက်တစ်ယောက်လုပ်ခဲ့တဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Jeffrey Shafer က ပြောပါတယ်။ နောင်နှစ်တော်တော်ကြာတဲ့အချိန်မှာ အဲဒီအတန်းမှာပဲ အဲဒီစာအုပ်တွေကို ဆက်ပြီးသုံးခဲ့တဲ့ ဟားဗတ် တက္ကသိုလ်ပါမောက္ခနဲ့ ရှေးရိုးစွဲစီးပွားရေးပညာရှင် Ken Rogoff က "Toblin က အဲဒီစာအုပ်တွေ ကျွန်တော့ကိုပေးပြီး 'ဒီစာအုပ်တွေကို သုံးကွ။ အဲဒီစာအုပ်တွေက ငါ့စာအုပ်တွေထက် အများကြီး ပိုကောင်းတယ်' လို့ပြောခဲ့ပါတယ်။ Yellen ရေးတာတွေက သိပ်ရှင်းတာပဲ။ တကယ်ကို ရှုပ်ထွေးနက်နဲတဲ့ အယူအဆတွေကို နားလည်လွယ်အောင် တော်တော်ကိုရေးတတ်တယ်" လို့ ပြန်ပြောပြပါတယ်။
 
ချမ်းသာသူတွေက ဆင်းရဲသားတွေကို အကျိုးပြုသွားလိမ့်မယ်ဆိုတဲ့ စီးပွားရေးသီအိုရီ၊ သမားရိုးကျ ရှုမြင်တွေးခေါ်မှုအဖြစ်ကို ရောက်မလာခင် ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ Yellen ရဲ့ပညာပိုင်းဆိုင်ရာကို ပုံသွင်းပေးတဲ့ကာလတွေ ရောက်လာခဲ့ပါတယ်။ ယေးလ်တက္ကသိုလ်မှာ သူဟာ အတွေးအခေါ်လွတ်လပ်တဲ့ စီးပွားရေးပညာရှင် Joseph Stiglitz ရဲ့လက်အောက်မှာ ပညာသင်ယူခဲ့ပြီး Stiglitz က Yellen ကို သူ့ရဲ့ အတော်ဆုံးတပည့်တွေထဲမှာပါတယ်လို့ ပြောခဲ့ပါတယ်။သူ့ရဲ့အလုပ်က ဈေးကွက်တွေဟာ လူတွေ ထင်ထားသလောက် အမှန်တကယ် အကျိုးမဖြစ်ထွန်းပုံ၊ မဖြစ်ထွန်းနည်းအပေါ်မှာ ဇောင်းပေးခဲ့တာ ဖြစ်ပါတယ်။ Stiglitz ဟာ အကျိုးဖြစ်ထွန်းတဲ့ဈေးကွက်တွေနဲ့ ပတ်သက်တဲ့ သမားရိုးကျအယူအဆအပေါ်မှာ နောက်ထပ်မေးခွန်း ထုတ်ခဲ့သူတစ်ယောက်ဖြစ်တဲ့ George Akerlof နဲ့အတူ နိုဘယ်လ်ဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။ အဲဒီ Akerlof က နောက်ဆုံးမှာ Yellen ရဲ့ခင်ပွန်းဖြစ်လာခဲ့ပါတယ်။

Yellen နဲ့ Akerlof တို့ဟာ ၁၉၇၇ ခုနှစ်မှာ ဗဟိုဘဏ်ရဲ့ကော်ဖီဆိုင်မှာ တွေ့ဆုံကြပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ အဲဒီတုန်းက Akerlof က ဧည့်ပညာသင် တစ်နှစ်လုပ်နေတာဖြစ်ပြီး Yellen က သုတေသန၀န်ထမ်းသစ် တစ်ယောက်ဖြစ်ပါတယ်။ "ဆွေးနွေးပွဲကို ကျွန်မတို့နှစ်ယောက်အတူ သွားခဲ့ကြပြီး ဆွေးနွေးပွဲမှာ ဟောပြောတဲ့ပုဂ္ဂိုလ်ကို နေ့လယ်စာစားဖို့ ကျွန်မတို့ခေါ်ထုတ်ခဲ့တယ်။ စားပွဲမှာ လူတွေသိပ်များနေလို့ နောက်ထပ်ထည့်ပေးတဲ့ အပိုဆောင်းစားပွဲမှာပဲ ကျွန်မတို့ထိုင်လိုက်ရတယ်" လို့ သူက ပြုံးပြီး ပြောပါတယ်။ "အဲဒီမှာပဲ ကျွန်မတို့ချင်း လုံးဝအဆင်ပြေသွားပြီး ကျွန်မတို့ရဲ့အမြင်တွေ၊ စရိုက်တွေ ကောင်းကောင်းကြီး အံဝင်ခွင်ကျ ရောစပ်မိသွားပါတယ်။ အဲဒါက နိုဝင်ဘာလမှာပါ။ နှစ်သစ်ကူး အကြိုကာလမှာတော့ ကျွန်မတို့ချင်း စေ့စပ်ပြီးသွားပါပြီ"။

Akerlof ဟာ (Toblin နဲ့အတူ) ပညာပိုင်းမှာ သူ့အပေါ် အများဆုံးလွှမ်းမိုးခဲ့ပါတယ်လို့ Yellen က ပြောပါတယ်။ Akerlof ဟာ သူ့ကို ထောက်ခံသူနဲ့ အားပေးသူ နံပါတ် ၁ ဖြစ်ပြီး မိခင်ဘ၀နဲ့ ထိပ်တန်းပညာသည်အလုပ်ကို ထိန်းညှိနိုင်အောင်လုပ်ပေးခဲ့တယ် လို့လည်း သူကပြောပါတယ်။ (အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ သူတို့ရဲ့ သား Robert ဟာ အင်္ဂလန်က Warwick တက္ကသိုလ်မှာ စီးပွားရေး ပညာပါမောက္ခတစ်ယောက်ဖြစ်ပါတယ်)။ သူတို့နှစ်ယောက်ဟာ ယူကေက Berkeley ၊ ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်စစ္စကိုနဲ့ ၀ါရှင်တန်မှာရှိတဲ့ အလုပ်တာဝန်တွေကိုယ်စီနဲ့ ကမ္ဘာအနှံ့ ခရီးတွေ အတူတူသွားခဲ့ကြပါတယ်။ Akerlof ရဲ့သင်ကြားရေး အလုပ်က Yellen ရဲ့ မူဝါဒရေးရာအလုပ်နဲ့ ပထ၀ီဒေသအရ လိုက်လျောညီထွေရှိခဲ့ပါတယ်။ "ကျွန်မရဲ့အိမ်ထောင်ဖက်က ဘ၀မှာ လုံးဝ အပြည့်အ၀လက်တွဲဖို့ သူ့ကိုယ်သူပုံအပ်ထားတဲ့ တကယ့် ဘ၀ကြင်ဖော်တစ်ယောက်ပါပဲ။ သူက အိမ်မှာ ကလေးကို အနှီးလဲပေးသလို ပန်းကန်ဆေးတဲ့အလုပ်ကို ၀င်လုပ်ဖို့လည်း ၀န်မလေးပါဘူး" လို့ Yellen က ပြောပါတယ်။

Yellen နဲ့ Akerlof တို့ဟာ ဆန်းသစ်တဲ့ သုတေသနလုပ်ငန်းတွေကို လုပ်ပြီး စီးပွားရေး ပညာရှင်တွေအနေနဲ့လည်း ပူးပေါင်းခဲ့ကြရင်း သူတို့ရဲ့ အလုပ်နဲ့ မိသားစုအတွေ့အကြုံတွေကို ရောစပ်ခဲ့ကြပါတယ်။ လုပ်ခနည်းပါးရင် အလုပ်အကိုင်တွေပိုပြီး ရကြတယ်ဆိုတာမျိုး အမြဲမဖြစ်တာဟာ ဘာကြောင့်လဲဆိုတဲ့ Berkeley မှာ လူပြောများခဲ့တဲ့ သူတို့ရဲ့ စာတမ်းတစ်စောင်ဟာ သူတို့ ပထမဆုံးအကြိမ် ကလေးထိန်းငှားခဲ့တဲ့ အတွေ့အကြုံဆီက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ "တံခါးဝမှာ အလုပ်လိုချင်တဲ့လူတွေ တန်းစီနေရင်တောင်မှ ကုမ္ပဏီတွေက လုပ်ခလစာကို ဖြတ်ချင်တဲ့စိတ် အမြဲရှိနေတာ မဟုတ်ပါဘူး။ ဒါဆိုရင် သူတို့ အဲဒီလိုဘာ ကြောင့်မဖြတ်ချင် ကြတာလဲ" လို့ Yellen က မေးပါတယ်။ ဒီလင် မယားနှစ်ယောက်ရဲ့ ကောက်ချက်ကတော့ ဈေးကွက်က လုပ်ခနှုန်းတွေကို အပြိုင်လျှော့ချဖို့ အသင့်ဖြစ်နေတဲ့အချိန်မှာတောင် တချို့အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို သူတို့က တန်ဖိုးထားတယ်ဆိုတာကို လက်တွေ့ပြဖို့အတွက် တစ်နည်းအားဖြင့် သူတို့ကို အလုပ်ကောင်းကောင်း လုပ်ချင်အောင် စိတ်ဓာတ်မြှင့်တင်ပေးဖို့အတွက် လစာတွေကို ပိုပြီးမြင့်မြင့် သတ်မှတ်ပေးကြတယ်ဆိုတာပါပဲ။ ဘယ်မိဘမဆို ကလေးထိန်းတစ်ယောက်ကို သူသိထားတဲ့ ပေါက်ဈေးနှုန်းထက်ပိုပြီး ပေးနေကြတဲ့အတွက် ကလေးစောင့်ရှောက်မှုဟာ သမားရိုးကျအတွေးအခေါ်က အမြဲတမ်း ထိန်းချုပ်ထားလို့မရတဲ့ အလုပ်သမားဈေးကွက်တစ်ခု ဖြစ်နေပါတယ်။ ကလေးထိန်းတစ်ယောက်ကို သင်ငှားတဲ့အခါ သင့်ကိုယ်သင်မေးတဲ့မေးခွန်းက 'ငါ့ရဲ့ အဖိုးတန်သားသမီးအတွက် ဘာကအကောင်းဆုံးလဲ' ဆိုတဲ့ မေးခွန်းပါပဲ။ သင့်ရဲ့ဘ၀ရည်မှန်းချက်ဟာ သင့်ရဲ့ကလေးအတွက် သင်သုံးစွဲတဲ့စရိတ်ကို အနည်းဆုံးဖြစ်အောင်လုပ်ဖို့ပဲလို့ တစ်ယောက်ယောက်က ထင်သွားမှာကို သင် အမှန်တကယ် လိုလားပါသလား။ အဲဒီစာတမ်းက လုပ်ခလစာတွေဟာ မျှော်လင့်ထားတာထက် မြင့်တက်နေနိုင်တယ်ဆိုတဲ့ အချက်ကိုသာမက အလုပ်သမားဈေးကွက်ထဲမှာ လူသားတွေရဲ့ စိတ်ခံစားမှုက အရေးကြီးတယ်ဆိုတဲ့အချက်ကိုပါ မီးမောင်းထိုးပြခဲ့ပါတယ်။ တကယ်တော့ Yellen ဟာ ဗဟိုဘဏ်က တခြားလူအများစုနဲ့မတူပဲ အမူအကျင့်ဆိုင်ရာ စီးပွားရေးပညာရဲ့ နယ်ပယ်သစ်တစ်ခုကို ပွေ့ဖက်ထားတာပါ။ အဲဒီပညာရပ်နယ်ပယ်ကတော့ Adam Smith ရဲ့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတယ်ဆိုတဲ့ 'လူ' ကို သူ့ရဲ့စိတ်ခံစားမှုတွေက ခဏခဏ ဦးဆောင်နေတဲ့အတွက် သမားရိုးကျ သီအိုရီတွေက မျှော်လင့်ထားတာတွေနဲ့ တော်တော်ကွာခြားတဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို လေ့လာတဲ့နယ်ပယ်ပဲဖြစ်ပါတယ်။

တော်တော် ရှင်းရှင်းလင်းလင်းတွေ့ရတဲ့ အချက်တစ်ချက်ကတော့ Yellen မှာ သာမန်ဘ၀တွေအပေါ် ယထာဘူတအမြင်ရှိသလို ဘာကိုပဲတွေ့ရတွေ့ရ အမှန်တရားကို မေးခွန်းထုတ်ပြီးရှာဖွေချင်တဲ့ စိတ်အားထက်သန်မှု ရှိတယ်ဆိုတာပါပဲ။ သူ့ရဲ့ပုံစံက ဣနြေ္ဒကြီးပေမဲ့ အာဏာပိုင်တွေကို စိန်ခေါ်ဖို့တော့ ဘယ်တော့မှ မကြောက်ပါဘူး။ မစ်ချီဂန်တက္ကသိုလ်က စီးပွားရေးပညာရှင် Jim Adams က ဟားဗတ်တက္ကသိုလ်မှာ သူနဲ့ခဏကလေးဆုံလိုက်ရတဲ့ Yellen ဟာ လက်ဝါးကြီးအုပ် ဈေးနှုန်းသတ်မှတ်မှုနဲ့ ပတ်သက်တဲ့ပြဿနာတစ်ခုမှာ သူ့ကို ဘယ်လိုကူညီခဲ့တယ်ဆိုတာကို ပြန်ပြောပြခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ Five Easy Pieces ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက စားသောက်ဆိုင်တစ်ခုထဲက မြင်ကွင်းပေါ်မှာ အခြေခံပြီး စာတမ်းတစ်စောင်ကို ပူးတွဲရေးသားခဲ့ကြပါတယ်။ ဒီစာတမ်းက ကုမ္ပဏီတွေဟာ ၀န်ဆောင်မှုတွေကို သီးသန့်ခွဲပြီး ရောင်းရမယ့်အစား ဘာကြောင့် မဆိုင်တာတွေကို ရောထွေးပြီးထည့်ဖို့ ကြိုးစားနေကြတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပြီး အဲဒီစာတမ်းက ရခဲ့တဲ့ရလဒ်တွေက ဆက်သွယ်ရေးလုပ်ငန်းကို ပုံဖော်တဲ့နေရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။ "Janet မှာ တကယ့်ပညာရှင် တစ်ယောက်ရဲ့ စိတ်နေသဘောထားရှိတယ်။ မျက်စိနဲ့မြင်မှ ယုံတယ်ဆိုတဲ့ စီးပွားရေးပညာရှင်တွေထဲမှာ သူ မပါဘူး။ သူက ဆွေးနွေးငြင်းခုန်တာကို ကြိုဆိုတယ်။ သူဟာ သတင်းအချက်အလက်တွေကို စိတ်ရှည်ရှည်ထားပြီး ဘက်မလိုက်ဘဲ မျှမျှတတ စုဆောင်းတယ်။ ဒါကြောင့် သူစကားပြောဖို့လိုလာတဲ့အခါ ပညာသည်ဆန်တဲ့ လေလုံးမိုးလုံးတွေ၊ ခြိမ်းခြောက်မှုတွေအပေါ်မှာ အားကိုးစရာမလိုတော့ဘူး" လို့ Adams က ပြောပါတယ်။

Yellen ဟာ အနာဂတ်မှာ ဘယ်လို အကျပ်အတည်းမျိုးထဲမှာပဲဖြစ်ဖြစ် စီးပွားရေးကို ကောင်းကောင်း အကျိုးဆောင်ပေးနိုင်တဲ့ အေးဆေးတည်ငြိမ်မှုကိုလည်း ပြနေပါတယ်။ သိသာထင်ရှားတဲ့ သာဓကကတော့ သမ္မတအိုဘားမားက သူ့ကိုဗဟိုဘဏ်ရဲ့ အလုပ်အတွက် သင့်တော်တယ်လို့ပြောမယ်၊ မပြောဘူးနဲ့ ပတ်သက်တဲ့ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်ပါပဲ။ စောစောပိုင်းတုန်းကတော့ Yellen ဟာ Bernanke ရဲ့ နေရာကို အလွယ်တကူဆက်ခံမယ့်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ တီးတိုးစကားက စပြီးဖြစ်လာခဲ့ပါတယ်။ တချို့က Yellen ဟာ ငွေကြေးဈေးကွက်ကို နားမလည်ဘူးလို့ပြောကြပြီး တချို့က သူ့မှာ ထိပ်တန်းက အလုပ်အတွက် လေးနက်တဲ့ အရည်အချင်းမရှိဘူးလို့ ပြောကြပါတယ်။ အဲဒီ တီးတိုးစကားတွေနဲ့အတူ Lawrence Summers ကလည်း ဒီရာထူးအတွက် အများကြီးပိုပြီး တစ်ပြေးနေတယ်ဆိုတဲ့ ဂယက်ရိုက်မှုတစ်ခု ပေါ်လာပါတယ်။ Lawrence Summers ဟာ သမ္မတကလင်တန်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး ဘဏ္ဍာရေးအကျပ်အတည်းတုန်းက သမ္မတအိုဘားမားရဲ့ အဓိက အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ Lawrence Summers က ဒီဗဟိုဘဏ်ရာထူးကို အသေအလဲ လိုချင်နေတဲ့အတွက် သူ့ကိုထောက်ခံသူတွေဟာ နိုင်ငံရေးအသိုင်း အ၀ိုင်းထဲမှာ Yellen ကို ထူးထူးဆန်းဆန်း ချိုးနှိမ်တဲ့ဝေဖန်ချက်တွေ တစ်သီကြီး လွှင့်ထုတ်ခဲ့ကြပါတယ်။ Summers ကို ဘေးတီးပေးတဲ့ အသံတွေက ကျယ်လောင်လာပြီး Yellen က ရုတ်တရက် မှေးမှိန်သွားပါတယ်။
ဒါပေမဲ့ ပျောက်တော့ မသွားခဲ့ပါဘူး။ Summers က ရှေ့ကပြေးနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်နေတဲ့အချိန်မှာ Yellen ဟာ Constitution ရိပ်သာလမ်းမှာရှိတဲ့ ဗဟိုဘဏ်ရဲ့ စကျင်ကျောက်ခင်းထားတဲ့ သူ့ရဲ့ရုံးမှာ ဘာမှ အပူအပင်မရှိတဲ့ပုံစံနဲ့ ထိုင်နေပါတယ်။ "သူက ပြုံးတယ်ဆိုရုံကလေး ပြုံးပြီး 'ကျွန်မကိုတော့ ဘေးဖယ်မထားလိုက်ပါနဲ့ဦး' လို့ပြောတယ်" လို့ Laurence Meyer က ပြန်ပြောပြပါတယ်။ Meyer ဟာ နာမည်ကြီးတဲ့ စီးပွားရေး ကြိုတင်ခန့်မှန်းသူနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး စက်တင်ဘာလတုန်းက Yellen ဆီကို သွားပြီး တွေ့ခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ကံကြမ္မာက တစ်ပတ် ပြန်လည်ခဲ့ပါတယ်။ နိုဘယ်လ်ဆုရှင်တစ်ယောက်နဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းတစ်ယောက်ပါတဲ့ ထိပ်တန်းစီးပွားရေးပညာရှင် ငါးရာကျော်က Yellen ကို ထောက်ခံတဲ့စာတစ်စောင်ကို လက်မှတ်ထိုးပြီး သမ္မတအိုဘားမားဆီကို ပို့လိုက်ကြပါတယ်။ အထက် လွှတ်တော်အမတ် Elizbeth Warren နဲ့ Dick Durbin လို လစ်ဘရယ်ဒီမိုကရက်တွေကလည်း အဲဒီအထဲကို ၀င်ပြီးပါလာကြပါတယ်။ Yellen ကို ထောက်ခံသူတွေက Yellen ဟာ Hedge Fund တစ်ခုဆီက လာတဲ့ ချမ်းသာတဲ့ ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့ Summers နဲ့ လားလားမှ မတူဘဲ ငွေကြေးစနစ်ကို ပိုပြီးလုံခြုံစိတ်ချရအောင် ဘဏ်ကြီးတွေကို တစ်ခုခုလုပ်မယ့်သူတစ်ယောက် ဖြစ်တယ်လို့ ထောက်ခံပြောဆိုကြပါတယ်။ စက်တင်ဘာလလယ်မှာတော့ Summers က သူ့ရဲ့အမည်တင်သွင်းထားမှုကို ပြန်ရုပ်သိမ်းသွားခဲ့ပြီး နောက်ထပ်ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ သူ့ရဲ့ပါတီထဲကပဲ သာမန်လူတန်းစား အကျိုးစီးပွားဝါဒီတွေရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်နေရတဲ့ အိုဘားမားဟာ အဲဒီရာထူးအတွက် Yellen ကို အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
အဲဒီဖြစ်စဉ်တွေတစ်လျှောက်မှာ နိုင်ငံရေးသမားတွေ၊ ကုန်သည်ကြီးတွေကိုပဲ အကျိုးပြုတဲ့ နိုင်ငံရေးကို မုန်းတီးတဲ့ Yellen ဟာ ဒီဇာတ်လမ်းကို သူ့ဘာသာဆက်လိမ့်သွားအောင် လွှတ်ပေးထားလိုက်ပြီး ဇွဲကောင်းကောင်းနဲ့ ဒီအတိုင်း ပေပြီးထိုင်နေခဲ့ပါတယ်။ "ဒီကိစ္စကြီးတစ်ခုလုံးကို Jenet ရဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်းဟာ သူ့အပေါ်မှာရှိပြီးသား ကျွန်တော့်ရဲ့ အထင်ကြီးလေးစားမှုကို ပိုပြီးကြီးထွား သွားစေခဲ့တာအမှန်ပါပဲ" လို့ Dallas မြို့က ဗဟိုဘဏ် President ဖြစ်တဲ့ Richard Fisher က ပြောခဲ့ပါတယ်။ Fisher ဟာ မူဝါဒရေးရာနဲ့ပတ်သက်ပြီး Yellen နဲ့ မကြာခဏ သဘောထားကွဲလွဲပေမဲ့ Yellen ကို အမည်တင်သွင်းလိုက်တာကို ထောက်ခံခဲ့ပါတယ်။ "သူက တည်ငြိမ်တယ်။ မျှတမှု ရှိတယ်။ အလွန်အကျွံ မတုန့်ပြန်ဘူး။ ဗဟိုဘဏ် ခေါင်းဆောင်တစ်ယောက်အတွက် ခင်ဗျားတို့လိုချင်တာ အဲဒါတွေပဲ မဟုတ်လား။ တစ်ခါတလေကျတော့ လူကောင်းတွေနဲ့မှ လုပ်လို့ရတယ်ဗျ" လို့ Fisher ကပြောပါတယ်။
Federal Open Market Committee မှာ ပါနေတဲ့ ဗဟိုဘဏ်ကမူဝါဒချမှတ်တဲ့ တခြားပုဂ္ဂိုလ် ၁၈ ယောက် (ဒေသဆိုင်ရာ President ၁၂ ယောက်နဲ့ ၀ါရှင်တန်က အုပ်ချုပ်ရေးမှူး ခြောက်ယောက်) ကို သူ့ဘက်ပါအောင် စည်းရုံးဖို့အတွက် သူ့မှာ စိတ်ရှည်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု နှစ်မျိုးစလုံး လိုပါလိမ့်မယ်။ Federal Open Market Committee ဟာ ငွေကြေးမူဝါဒချမှတ်တဲ့ အဓိကအုပ်စုဖြစ်ပြီး သူတို့ထဲက တော်တော်များများဟာ စီးပွားရေး အဆောက်အအုံကြီး ဘယ်ကို ဦးတည်ပြီးသွားနေသလဲဆိုတဲ့အပေါ် သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ဖြန့်ဖို့အတွက် အစည်းအဝေးတွေ ပြီးဆုံးတိုင်း ရဲရဲဝံ့ဝံ့ပဲ CNCB ရုပ်မြင်သံကြားသတင်းဌာနကို အပြေးအလွှား သွားတတ်ကြပါတယ်။ မိနစ် ၈၀ ကြာတဲ့ အင်တာဗျူး တစ်ခုမှာ Yellen က "လွတ်လပ်တဲ့တွေးခေါ်မှုနဲ့ လွတ်လပ်တဲ့ ရှုထောင့်အမြင်တွေ ထုတ်ဖော်ပြသတာကို သူ့အနေနဲ့ သဘောကျတာမှန်ပေမဲ့ သူ့ရဲ့အလုပ်က အများရဲ့ရှုထောင့်အမြင်ကို ဖော်ထုတ်ဖို့ဖြစ်ပြီး အဲဒီ ရှုထောင့်အမြင်ကိုပဲ ဈေးကွက်တွေက တုံ့ပြန်ရမှာဖြစ်တယ်" လို့ ရှင်းရှင်း လင်းလင်းပြောခဲ့ပါတယ်။ အဲဒီအထဲမှာ သတင်းစာရှင်းလင်းပွဲတွေ ခဏခဏပိုပြီး လုပ်ပေးတာလည်း ပါဝင်ပြီး အဲဒီသတင်းစာ ရှင်းလင်းပွဲတွေကို သူက တော်တော် လိုလိုလားလားရှိနေတယ်လို့ သူနဲ့ရင်းနှီးတဲ့လူ တွေတော်တော်များက ခန့်မှန်းကြပါတယ်။

ကျိုးပဲ့သွားလို့ ပြန်ဆက်ထားတဲ့ စီးပွားရေးကြီး ပြန်ကောင်းလာအောင် ကျောက်ပတ်တီးလို လုပ်ဆောင်ပေးခဲ့တဲ့ 'အရေအတွက် လျှော့ချရေးအစီအစဉ်' တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြီးကြပ်တဲ့ အလုပ်ဟာ Yellen ရဲ့ပထမဦးဆုံးစိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။ စီးပွားရေးဆိုင်ရာ အရေးကြီးတဲ့လက္ခဏာတွေ စပြီး အထစ်အငေါ့ ဖြစ်လာပြီဆိုရင် အဖိုးတန်ပစ္စည်းဝယ်ယူမှု လျော့နည်းသွားမှုနဲ့ 'ရှေ့သို့လမ်းညွှန်မှု' ဆီကို ရွေ့လျားမှုတွေက စီးပွားရေးပြန်လည်ဦးမော့မှုကို ထိန်းထားကြလိမ့်ဦးမယ်ဆိုတာကို သူက သေချာအောင် လုပ်ရပါလိမ့်မယ်။ ရှေ့သို့လမ်းညွှန်မှုဆိုတာကတော့ စီးပွားရေးအဆောက်အအုံကြီး နောက်ထပ် ပိုကောင်းလာတဲ့အထိ အတိုးနှုန်းတွေကို နည်းအောင်ထိန်းထားဖို့ ကာလပိုပြီးကြာကြာတာဝန်ယူမှုတွေနဲ့ ပတ်သက်နေတဲ့ ဗဟိုဘဏ်ရဲ့ ကြေညာချက်တွေကိုဆိုလိုတာဖြစ်ပါတယ်။ (ဗဟိုဘဏ်က အပြည့်အ၀ မထိန်းချုပ်နိုင်တဲ့ အတိုးနှုန်းပေါက်ဈေးတွေ အလွယ်တကူ စတက်ပြီး အိမ်ဈေးကွက်လိုဟာတွေကို လမ်းလွဲရောက်သွားအောင် လုပ်ပစ်မယ့် အန္တရာယ်တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက အဖိုးတန် ပစ္စည်းဝယ်ယူမှု လျော့ကျသွားလိမ့်မယ်လို့ ဗဟိုဘဏ်က ပထမဆုံးအရိပ်အမြွက် ပြလိုက်တဲ့အခါမှာ အဲဒီလိုဖြစ်ခဲ့ပါတယ်။)

လက်ရှိသူ့ရဲ့ နေရာကိုဝင်ပြီး ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်လာဖွယ်ရာရှိတဲ့ ခိုင်မာပြီး လွတ်လပ်တဲ့ စိတ်ဓာတ်ရှိတဲ့ အစ္စရေးဗဟိုဘဏ်အကြီးအကဲ နဲ့ ကမ္ဘာ့ဘဏ်အကြီးအကဲဟောင်း Stanley Fischer နဲ့ ဘယ်လို ပူးပေါင်းလုပ်ကိုင်ရမလဲဆိုတာကိုလည်း Yellen တွက်ချက်ရမှာပါ။ အဲဒါကို သူလုပ်နိုင်မယ်လို့ ယူဆပြီး အတွင်းလူတွေနဲ့ နာမည်ကြီးရင်းနှီးမြှုပ်နှံသူတွေတော်တော်များက PIMCO ရဲ့ CEO ဖြစ်သူ Mohamed El-Erian ရဲ့ "အဲဒီနှစ်ယောက်ပေါင်းမိသွားရင် ဘယ်သူမှ လိုက်လို့ မီတော့မှာမဟုတ်ဘူး" ဆိုတဲ့ အကဲဖြတ်ချက်ကို သဘောတူခဲ့ကြပါတယ်။ အဲဒီ နှစ်ယောက်တွဲလိုက်ရင် Yellen ရဲ့အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ Fischer ရဲ့နက်ရှိုင်းတဲ့ စီးပွားရေးဆိုင်ရာ ဖန်တီးမှုတွေအမြင်တွေကို ပေါင်းစပ်ကြပါလိမ့်မယ်။ "သူက သူ့ရဲ့ အလုပ်မှာရော ပုဂ္ဂိုလ်ရေးကိစ္စမှာပါ သူ့နံဘေးမှာ အရမ်းတော်ပြီး အားကောင်းတဲ့လူတွေနဲ့ ၀န်းရံထားတာဗျ" လို့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီးဟောင်းက ပြောပါတယ်။

Yellen ဟာ Dodd-Frank ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တော်တော်များရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုတွေကို ကြီးကြပ်ကွပ်ကဲဖို့နဲ့ မအောင်မြင်လို့ မဖြစ်တော့တဲ့ ဧရာမ ပြဿနာကြီးက နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့နောက်ကျောကို ရောက်နေ၊ မနေ အကဲဖြတ်ဖို့ ကြိုးစားရတဲ့အတွက် သူ့အနေနဲ့ အခုထက် နောက်ထပ်နည်းနည်းပိုပြီး လုပ်ရပါလိမ့်ဦးမယ်။ ဘဏ်လုပ်ငန်း စနစ်ကို လုံခြုံစိတ်ချရအောင် ဘယ်လို အာမခံရမလဲဆိုတာကို ဖော်ထုတ်ရတဲ့အလုပ်ဟာ သူ့ကို သူချစ်တဲ့ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ နယ်မြေဆီက (Yellen ဟာအပြင်ကို ခရီးရှည် လမ်းလျှောက်ထွက်ရတာကို တော်တော်စွဲလမ်းနှစ်သက်ပါတယ်) ၀ါရှင်တန်ကို ပြန်ဆွဲခေါ် သွားခဲ့တဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းက ချေးငွေတွေပြန်မဆပ်တဲ့ အကျပ်အတည်းကြီးရဲ့ ရှေ့တန်းမှာနေခဲ့ပြီးတဲ့ Yellen ဟာ အခုတစ်ခါ ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးမှာ ကျန်နေသေးတဲ့ ယိုပေါက်တွေကို ပိတ်တဲ့နေရာမှာ ကူညီဖို့ ဆန္ဒပြင်းပြနေပြန်ပါတယ်။

"ငွေကြေး အကျပ်အတည်းတစ်ခု ရှိလာတဲ့အခါ ဗဟိုဘဏ်ဟာ အစအနတွေကို လိုက်ကောက်ရတဲ့အဖွဲ့ အစည်းပဲ အမြဲဖြစ်ခဲ့တာပါ။ သူ့ကို တီထွင်ဖန်တီးခဲ့တာကလည်း အဲဒီ အလုပ်ကိုလုပ်ဖို့ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ငွေကြေးတည်ငြိမ်မှုအပေါ် ခြိမ်းခြောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို အကဲဖြတ်ဖို့ကြိုးစားတဲ့ တက်ကြွတဲ့ အစီအစဉ်တစ်ခုတော့ ကျွန်မတို့မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး" လို့ သူက ပြောပါတယ်။
အခုဆိုရင် စီးပွားရေးအကျပ်အတည်းကြီးရဲ့ နောက်ပိုင်းမှာဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 'ငွေကြေးတည်ငြိမ်မှု ကြီးကြပ်ကွပ်ကဲရေးကောင်စီ' ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌဟာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေအတွက် လုပ်ငန်းတွေ၊ ကဏ္ဍတွေနဲ့ အဖွဲ့အစည်းတွေကို အနှံ့လိုက်ကြည့်နေပါလိမ့်မယ်။ 'Dodd-Frank ဟာ လမ်းပြမြေပုံကောင်းတစ်ခုဖြစ်ပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အများဆုံးခင်းကျင်းထားတယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့မလုပ်ဖူးခဲ့သေးတဲ့ နောက်ထပ် လုပ်ငန်းစဉ်တချို့ကိုလည်း ကျွန်မတို့လုပ်ဖို့ လိုကောင်းလိုလိမ့်မယ်" လို့ သူက ပြောပါတယ်။ ဥပမာအားဖြင့် ဗဟိုဘဏ်ဟာ နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကြီးတွေအတွက် ပိုပြီးမြင့်မားတဲ့ ရင်းနှီးငွေလိုအပ်ချက်ကို ထောက်ခံအားပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းနိုင်ဖွယ်ရာရှိတဲ့ နိုင်ငံတကာစံနှုန်းအသစ်တွေထက်တောင် ပိုပြီးမြင့်မားမယ့် ရင်းနှီးငွေတွေကို ထောက်ခံခဲ့တာပါ။ (အဲဒီနှုန်းတွေဟာ ဘယ်လောက်အထိ မြင့်သင့်တယ်ဆိုတာကို ဝေဖန်ချက်တွေပေးဖို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်) ဒါတွေအားလုံးက Yellen ဟာ စည်းမျဉ်းစည်းကမ်း ပိုမိုတင်းကျပ်ရေးကို Alan Greenspan ထက်ရော သူ့ရှေ့ကဥက္ကဋ္ဌ Bernanke ထက်ပါ ဘယ်လောက်အထိ ပိုပြီးထောက်ခံတယ်ဆိုတာကို အထင်အရှားပြနေပါတယ်။
နောက်ဆုံးတော့ နေ့ဆိုတာ ကုန်ဆုံးသွားတဲ့အခါ နေ့စဉ် နေ့တိုင်းရဲ့စီးပွားရေးဦးစီးချုပ်ကြီးဖြစ်တဲ့ Jenet Yellen ဟာ Wall Street ရဲ့အမြင်နဲ့ မဟုတ်ဘဲ Main Street ရဲ့ ကျန်းမာရေးနဲ့ သူ့ကိုယ်သူ အကဲဖြတ်ပါလိမ့်မယ်။ "ဒါဟာ (အဖိုးတန်ပစ္စည်းတွေ ၀ယ်တာဟာ) လူချမ်းသာတွေကိုပဲ အထောက်အကူဖြစ်လိမ့်မယ်လို့ လူတော်တော်များက ပြောနေကြတယ်ဆိုတာကို ရှင်တို့ အသိပါပဲ။ ဒါပေမဲ့ အဲဒါ မမှန်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒက ငွေသုံးစွဲမှုကို အားပေးပြီး စီးပွားရေး ဦးမော့လာမှုကို အထောက်အကူပြုတဲ့ ကာလရှည် အတိုးနှုန်းတွေကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ပါတယ်။ (စီးပွားရေးကို လှုံ့ဆော်ပေးတဲ့အရာ) ရဲ့တစ်စိတ်တစ်ဒေသဟာ အိမ်တွေနဲ့ စတော့တွေရဲ့ ပိုပြီးမြင့်မားတဲ့ဈေးနှုန်းတွေကို ဖြတ်သန်းလာပါတယ်။ အဲဒီ ဈေးနှုန်းတွေက အိမ်တွေ၊ စတော့တွေရှိတဲ့ လူတွေကို ငွေတွေပိုပြီး သုံးစွဲအောင် လုပ်ပေးပါတယ်။ အဲဒီဟာက စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံးထဲမှာ အလုပ်အကိုင်တွေကို ဖန်တီးအောင်လုပ်ပေးပြီး ၀င်ငွေတွေကို တိုးအောင်လုပ်ပေးပါတယ်" လို့ သူက ပြောပါတယ်။ တက်နေတဲ့ဒီရေဟာ သင်္ဘောအားလုံးကို မြင့်တက်သွားအောင် လုပ်ပေးနိုင်ပါတယ်။ ဒီစကားဟာ မကြာသေးခင်နှစ်တွေတုန်းက ကွန်ဆာဗေးတစ်တွေ အမြဲသုံးနှုန်းခဲ့ကြတဲ့ စကားဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစကားကို သမ္မတကနေဒီက အရင်ဆုံးပြောခဲ့တယ်ဆိုတာကို သတိရသင့်ပါတယ်။ Yellen ကတော့ အဲဒီစကားကို အခုထိယုံကြည်နေတုန်းပါပဲ။

http://www.myanmarb2bmagazine.com မှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
Read More

ရန်ကုန်စတော့အိတ်ချိန်း အလားအလာ

5:00 PM | ,


ဘဏ္ဍာရေးကျွမ်းကျင်သူ ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း
(ဟိန်းဇော် တွေ့ဆုံမေးမြန်းသည်)

လာမည့်လအနည်းငယ်အတွင်း မြန်မာပြည်၌ စတော့အိတ်ချိန်းကစတင် အသက်ဝင်တော့မည်ဖြစ်သည်။ ယင်းရန်ကုန်စတော့အိတ်ချိန်း (YSX)ကို အောင်မြင်နိုင်ခြေမရှိ၊ ဟန်ပြသက်သက်သာဖြစ်မည်ဟု ဝေဖန်နေသူများရှိသလို မြန်မာပြည်၏ စီးပွားရေးအလားအလာကောင်းကြောင့် အကောင်းမြင်မှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ရန်ကုန်စတော့အိတ်ချိန်းအလားအလာအချို့နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် ThuraSwiss ကုမ္ပဏီ၏ CEO ဒေါက်တာအောင်သူရနှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မင်္ဂလာပါ ကိုအောင်သူရရေ။ မကြာသေးခင်ကဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စတော့အိတ်ချိန်းစဖို့အတွက်ပြင်ဆင်မှုက ရာခိုင်နှုန်း ၆၀-၇၀ လောက်ပြီးသွားပြီလို့ ပြောပါတယ်။ လာမယ့်အောက်တိုဘာမှာစမယ်၊ အချိန်ကသိပ်မလိုတော့ဘူးဆိုတော့ လက်ရှိပြင်ဆင်ပြီးသား အနေအထားကိုသုံးသပ်ကြည့်ရင် လာမယ့်အောက်တိုဘာမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ စနိုင်ပါ့မလား။

ဒါကတော့ သိပ်တော့မပြောတတ်ဘူး။ နှစ်ဖက်ရှိတာဆိုတော့ စတော့အိတ်ချိန်းအတွက်ဥပဒေ၊ နည်းဥပဒေက အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ စတော့အိတ်ချိန်းဘက်က ကျန်တယ်။ စတော့အိတ်ချိန်းဘက်က အဆောက်အအုံကိုတော့ ပြင်ဆင်နေတယ်လို့ ပြောတယ်။ ပြီးမှ IT System တွေ ဘာတွေ အကုန်လုံး Install လုပ်ရမယ်။ Setup လုပ်ရမယ်။ အဲဒီအပိုင်းတော့ ဂျပန်တွေနဲ့ လုပ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် အစ်ကိုတို့လည်း သိပ်မသိလှဘူး။ ဟို တစ်လောက ICTအတွက် တင်ဒါခေါ်ထားတယ်။ အဲဒီဟာတွေက ဘယ်လောက်မြန်မလဲဆိုတော့ အစ်ကိုတို့လည်း မပြောတတ်ဘူး။ နောက်တစ်ပိုင်းကတော့ Securities ကုမ္ပဏီဘက်က ရှိမယ်။ လိုင်စင်တွေဘာတွေ ချပေးပြီးရင် လုပ်ရမယ့်ကိစ္စ နှစ်ခုရှိတယ်။ တစ်ခုက IT Infrastructure ကို ပြင်ဆင်ရမယ်။ စတော့အိတ်ချိန်းနဲ့ သူတို့ ချိတ်ရမယ်။ ဒုတိယအပိုင်းကတော့ ၀န်ထမ်းတွေခန့်ရမယ်။ Training ပေးရမယ်။ ဒါကအချိန်ကတော့ တော်တော်ကပ်နေပြီ။ ဖိဖိစီးစီး လိုင်စင်ချပြီးခါစ လုပ်ရင်တော့ ဖြစ်နိုင်တယ်ပေါ့။ အစပိုင်းမှာ ဒီစတော့အိတ်ချိန်းက Business ကလည်း များဦးမှာမဟုတ်သေးဘူးလို့ ထင်ပါတယ်။ Listed ကုမ္ပဏီဆိုရင်လည်း များဦးမှာ မဟုတ်သေးဘူး။ လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ စလုပ်နိုင်ပြီးရင် Step by Step တွေ အကုန်လုံးကို ပိုပြီးကောင်းအောင် လုပ်သွားလို့ ရပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Listing လုပ်ဖို့ MAPCO နဲ့ AGD ကတော့ နာမည်ထွက်နေတယ်။ အစ်ကိုတို့ ကြားမိသလောက် ဘယ်ကုမ္ပဏီတွေ ဖြစ်နိုင်သေးလဲ။ စတဲ့အချိန်မှာ ဘယ်နှခုလောက် Operate လုပ်ဖြစ်မယ်ထင်လဲ။ Securities ကုမ္ပဏီအနေနဲ့ဆိုရင်ကော ဘယ်နှခုလောက်ရှိမှ စတော့မားကက်အတွက် Effective ဖြစ်နိုင်မလဲ။

ပြောဖို့ကတော့ ခက်ပါတယ်။ AGD တို့၊ MAPCO တို့ ဆိုတာကတော့ လူတွေ ပြောနေကြတာပေါ့။ ဒါပေမဲ့ ဘယ်ဟာမှတော့ Confirm မဖြစ်ထားပါဘူး။ သိသလောက်ကတော့ FMI လည်း ကြိုးစားနေတယ်။ ဒါလည်း ဘယ်လောက်အထိ ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ်လည်း Process ထဲမှ ပါထားတာ မဟုတ်ဘူးလေ။ အစပိုင်းမှာတော့ ကုမ္ပဏီတစ်ခုနဲ့ပဲစစ၊ ငါးခုနဲ့ပဲစစ စဖို့ အရေးကြီးတယ်။ ကုမ္ပဏီနည်းနည်းနဲ့ပဲ စလို့ မအောင်မြင်ဘူးလို့ ပြောလို့မရဘူး။ အစပိုင်းကတော့ အစမ်းသပ်ခံကာလလို့ ပြောလို့ရပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ကုမ္ပဏီတစ်ခုပြီးတစ်ခု တိုးလာမှာပဲ။ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီဘယ်နှစ်ခုရှိရမယ်ဆိုတာ အရေးမကြီးဘူး။ Infrastructure အဆင်သင့်ဖြစ်ဖို့ အရေးကြီးတယ်။ ထားလိုက်ပါတော့ ကုမ္ပဏီတစ်ခုနဲ့ စပြီးတော့ နောက်နှစ်လနေပြီးတော့မှ ကုမ္ပဏီတစ်ခု တိုးလာတယ်။ နောက်သုံးလေးလနေမှ နှစ်ခု၊ သုံးခု တိုးလာတယ်ဆိုလည်း အဆင်ပြေတယ်။ ဗီယက်နမ်မှာဆိုရင် ၂၀၀၀-၂၀၀၆ ကာလတုန်းက OTC (Over The Counter Market) နဲ့ စခဲ့တာ။ စတော့အိတ်ချိန်းနဲ့ စခဲ့တာမဟုတ်ဘူး။ OTC ဈေးကွက်မှာလည်း သူတို့ သုညနဲ့ စခဲ့ပြီးတော့ နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်ရောက်တော့ သုံးရာကျော်သွားပြီ။ စတာတော့ သုည နဲ့ စမှာပဲ။ အဲဒီတော့ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီငါးခုရှိမှ အောင်မြင်တယ်၊ ဆယ်ခုရှိမှ အောင်မြင်တယ်လို့ ပြောလို့ မရဘူး။ အများကြီးနဲ့ စပြီးမှ နောက်ပိုင်း System မနိုင်လို့၊ ဒါမှမဟုတ် မကျွမ်းကျင်လို့ Crash ဖြစ်သွားတာနဲ့စာရင် နည်းနည်းလေးနဲ့ပဲ စပြီးတော့ နိုင်နိုင်နင်းနင်းတိုးသွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

Securities ကုမ္ပဏီကတော့ ဘယ်နှခုလောက်ဆိုရင် ဒီဈေးကွက် အတွက် Effective ဖြစ်မလဲ။

အစပိုင်းမှာ Listed ကုမ္ပဏီက မများဘူးဆိုတော့ Securities ကုမ္ပဏီကလည်း အများကြီးမလိုဘူး။ ပထမနှစ်နှစ်လောက်က ကုမ္ပဏီဘယ်နှခုချပေးမလဲ မသိဘူး။ များများချပေးရင်လည်း ပထမနှစ်နှစ်လောက်က မမြတ်နိုင်သေးဘူး။ ပထမနှစ်နှစ်၊ သုံးနှစ်လောက်က Investment Period လို့ပဲ ကြည့်ရမှာပဲ။ ၀င်ငွေမရသေးပေမဲ့ ၀န်ထမ်းလစာတွေပေးရမယ်၊ ကုန်ကျစရိတ်တွေရှိမယ်ဆိုတဲ့အတွက် အဲဒီအချိန်အတွင်းမှာရှုံးဖို့ များတယ်။ ပြီးတော့မှ Listed ကုမ္ပဏီတွေလည်း များလာပြီး Investorတွေ ပိုရှာတွေ့တယ်ဆိုမှ အမြတ်တွေဘာတွေ ဖြစ်ချင်ဖြစ်လာမယ်။ Securities ကုမ္ပဏီတွေက အစပိုင်းမှာ သူတို့အနေနဲ့ Investment Period လို့ ယူဆရမှာပါ။

ခုနကပြောသွားတဲ့အထဲမှာ ဗီယက်နမ်က ပထမငါးနှစ်လောက်မှာ OTC နဲ့ စခဲ့တယ်။ ကျွန်တော်တို့နဲ့ ဖွံ့ဖြိုးမှုချင်းနီးစပ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားမှာဆိုရင် ကုမ္ပဏီနှစ်ခုသုံးခုလောက်နဲ့ပဲ တော်တော်လေး ဈေးကွက်အေးနေတဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ဆီမှာကော စစချင်းမှာ စတော့ဈေးကွက်ကငြိမ်နေပြီး OTC ကပဲ အားကောင်းတာမျိုး ဖြစ်လာနိုင်လား။

ဒါကလည်း အစိုးရရဲ့ Incentive (မက်လုံး) ပေါ် မူတည်ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုက စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူဦးရေအရပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ယှဉ်လို့မရဘူး။ အဲဒီတော့ မြန်မာနိုင်ငံက ယှဉ်မယ်ဆိုရင် ဗီယက်နမ်နဲ့ပဲ ပိုယှဉ်လို့ ရမယ်ထင်တယ်။ အရေးကြီးတာက ဗီယက်နမ်မှာတော့ လက်ရှိ ငါးရာလောက်ရှိတယ် ထင်တယ်။ ဗီယက်နမ်ဘက်မှာ အစပိုင်းမှာ Listed ကုမ္ပဏီက ဘယ်ကလာလဲဆိုတော့ State Owned Enterprise တွေဆီက လာတယ်။ State Owned (အစိုးရပိုင်) ကုမ္ပဏီတွေကို Public ပြောင်းပြီးတော့ Listing လုပ်လိုက်တယ်။ မြန်မာပြည်မှာက State Owned တွေဆီကတော့ သိပ်လာမယ်မထင်ဘူး။ လက်ရှိ Public ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းကို တင်ဖို့ သိပ်အဆင်မပြေလှဘူး။ နှစ်ရာလောက် ရှိတယ်။ ဒါပေမဲ့ အဲဒီ Public ကုမ္ပဏီ တော်တော်များများက လုပ်ငန်း စလုပ်ခါစလေးတွေ၊ ဒါမှမဟုတ် သေးသေးလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာစခဲ့တဲ့ ကုမ္ပဏီတွေ များတယ်။ ကျွန်တော့်အမြင်မှာတော့ စတော့အိတ်ချိန်းမှာ Listing လုပ်တဲ့ ကုမ္ပဏီတွေက Private Sector က လာမယ်ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေက Public ကုမ္ပဏီတွေ အဖြစ်ပြောင်းပြီး Listing လုပ်တာ အားသာချက်တစ်ခုတွေ့တယ်ဆိုရင် သူတို့ လုပ်လိမ့်မယ်လို့ ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေဆိုတာ များသောအားဖြင့် သူဌေးတစ်ဦးတည်းပိုင်တဲ့၊ ဒါမှမဟုတ် အများအားဖြင့် သူဌေးတစ်ဦးစီ Control လုပ်နေတဲ့ ကုမ္ပဏီတွေပဲလေ။ သူတို့အနေနဲ့ ဘာကိုစဉ်းစားမလဲဆိုတော့ Listing လုပ်ရင် သူတို့အတွက် ဘာဖြစ်သွားမလဲ။ Cost တွေ ပိုများသွားမယ်၊ Transparency ပိုလုပ်ရမယ်၊ ပိုခက်မယ်၊ ခါတိုင်း သူတို့ တစ်ယောက်တည်း ဆုံးဖြတ်နေကျကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတော့ဘူး။

ဘာလို့လဲဆိုတော့ Shareholder တွေ ထပ်ဝင်လာရင် နဂိုပိုင်ရှင်က Majority ကိုင်ထားရင်တောင် ဒီအကြောင်းကြောင့် ဒီလိုမျိုး Decision လုပ်ခဲ့တယ်ဆိုတာကို တင်ပြရတော့မယ်။ သူတို့အတွက်က Mentality ပြောင်းဖို့ ပိုလိုလာမယ်။ Accounting တွေဘာတွေကအစ Transparency ရှိဖို့ ပိုလိုလာမယ်။ အားနည်းချက်က အဲဒါတွေရှိတယ်ဆိုတော့ သူတို့အတွက် အားသာချက်က ဘာတွေရှိမလဲစဉ်းစားမယ်။ ဒီအားသာချက်က ပိုများနေရင်သူတို့ Listing လုပ်ဖို့ စိတ်ဝင်စားမယ်။ အားသာချက်က ဘာဖြစ်နိုင်လဲဆိုတော့ အဓိကက သူတို့ လုပ်ငန်းတွေ တိုးချဲ့ချင်တယ်၊ နိုင်ငံခြား ကုမ္ပဏီဝင်လာပြီး အပြိုင်အဆိုင်များလာရင် သူတို့ရဲ့ Capital နဲ့ မလုံလောက်တော့ဘူး။ သူတို့အနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ ပိုက်ဆံရှာနေပြီဆိုရင် ဘဏ်တွေဆီက သွားချေးဖို့ အဆင်မပြေဘူးဆိုရင် Investor ထပ်ရှာနိုင်မှ သူတို့ရဲ့ လုပ်ငန်းတွေ တိုးချဲ့လို့ရမယ်။ သူတို့အနေနဲ့ အစက ၁၀၀ရာခိုင်နှုန်းပိုင်နေတဲ့ အနေအထားကနေ နောက်ပိုင်း ၅၁ရာခိုင်နှုန်းလောက်ပဲ ပိုင်ချင်ပိုင်တော့မယ်။ ဒါပေမဲ့ အဲဒီ ၅၁ ရာခိုင်နှုန်းပဲ ပိုင်တဲ့ကုမ္ပဏီက အရမ်းပိုအောင်မြင်တဲ့၊ ပိုပြီးကြီးတဲ့ ကုမ္ပဏီဖြစ်နိုင်တယ်။

ငွေကြေးပမာဏအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီကြီးရဲ့ ၅၁ ရာခိုင်နှုန်းက ကုမ္ပဏီအသေးရဲ့ ၁၀၀ ရာခိုင်နှုန်းထက် ပိုများနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီတွေဝင်လာလို့ သူတို့နဲ့ Partner လုပ်မယ်ဆိုရင်လည်း Position ပိုကောင်းတယ်။ Competition ဆိုရင်လည်း ကိုယ့်ကုမ္ပဏီက ပိုပြီးတော့ ယှဉ်နိုင်တယ်။ အခုလူတွေ တော်တော်များက ဘာတွေ့ကြလဲဆိုတော့ Mr. Serge Pun တို့ အုပ်စုဆိုရင် YOMA Strategic ရှိတယ်။ သူက မြန်မာပြည်မှာ Listing လုပ်ထားတာတော့မဟုတ်ပါဘူး။ စင်ကာပူမှာ Listing လုပ်ထားတာ။ ဒါပေမဲ့ အဲဒီလို Listing လုပ်ထားတဲ့အတွက် သူတို့ အုပ်စုက စိတ်ချရတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်။ Image ပို ကောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Listing လုပ်ဖို့ဆိုတာက Criteria တွေကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်မှ Listing လုပ်ခွင့်ပေးတာကိုး။ ပြီးတော့ စတော့အိတ်ချိန်းကလည်း တောက်လျောက် စောင့်ကြည့်နေတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဥပမာ- KFC တို့၊ ဒါမှမဟုတ်လည်း ကုမ္ပဏီအကြီးကြီးတစ်ခုက မြန်မာပြည်ကိုဝင်လာရင် ဘယ်သူနဲ့ Partner လုပ်မလဲ သူတို့ စဉ်းစားတော့မယ်။ ဒီကုမ္ပဏီက Listed ကုမ္ပဏီတစ်ခုဖြစ်နေတယ်ဆိုရင် စတော့အိတ်ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် အဲဒီ Listed ကုမ္ပဏီတစ်ခုနဲ့ သူတို့တွဲလုပ်ဖို့ သူတို့ ပိုလွယ်တယ်။ Private ကုမ္ပဏီတစ်ခုကျတော့ သူတို့ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ သူတို့အကြောင်းကို ဘာမှမသိဘူး။ Transparent မဖြစ်ဘူးဆိုရင် အရွယ်အစားချင်း တူရင်တောင် Listed ကုမ္ပဏီနဲ့ပဲ တွဲလုပ်လိမ့်မယ်။ အဲဒီတော့ မြန်မာပြည်ကလည်း နောက်ငါးနှစ်၊ ဆယ်နှစ်မှာ လုပ်ငန်းတွေ ပိုတိုးချဲ့လာမယ်ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လည်း တော်တော်လေးဆိုင်တယ်။ န်ုင်ငံခြားရင်းနှီးမြှုပ်နှံသူနဲ့ တွဲလုပ်နိုင်တဲ့ ကုမ္ပဏီကလည်း ပိုပြီးတော့ အောင်မြင်နိုင်မယ်။ အဲဒီတော့ တချို့ကုမ္ပဏီတွေက Listing လုပ်ထားတယ်ဆိုရင်၊ စတော့အိတ် ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် Listing လုပ်လိုက်တယ်ဆိုရင် အားသာချက်တစ်ခု ဖြစ်သွားတယ်။ Listing မလုပ်တဲ့ ကုမ္ပဏီတွေကတော့ ပြတ်ကျန်သွားမယ်။ အဲဒီမှာ Competition ပေါ်လာတယ်။ တချို့တွေ ပိုအောင်မြင်သွားတယ်။ တချို့တွေက သူတို့ မပြောင်းတဲ့အတွက် မအောင်မြင်ဘူးဆိုရင် အဲဒီဘက်မှာ Pressure ဖြစ်ပြီးတော့ Listing လုပ်ဖို့ တော်တော်များများ စိတ်ဝင်စားလာလိမ့်မယ်။

ကိုအောင်သူရတို့ Thura Swiss အနေနဲ့ OTC မားကက်ကို စိတ်ဝင်စားတယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ သိပါရစေ။

OTC မားကက်ဆိုတာကတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ထားသလဲဆိုတော့ ဆော့ဖ်ဝဲကိုရေးထားတာ အိုင်တီပလက်ဖောင်းအနေနဲ့ ပြင်ဆင်ထားတာ။ နောက်ပိုင်း OTC မားကက်တွေ ဘာတွေလုပ်လို့ရမယ့် အချိန်ကျရင် အိုင်တီပလက်ဖောင်းရှိတယ်။ အရောင်းအ၀ယ်တွေလုပ်လို့ရအောင် ပလက်ဖောင်းတစ်ခု ပြင်ဆင်ထားတဲ့သဘောပါပဲ။ စိတ်ဝင်စားတာကတော့ Securities လုပ်ငန်းကို ဘယ်အပိုင်းမဆို စိတ်ဝင်စားပါတယ်။

ဒါတော့ ဘယ်အပိုင်းမှာလုပ်ခွင့်ရမယ်၊ မရဘူးဆိုတာကိုလည်း မသိသေးပါဘူး။ အစိုးရကလည်း လိုင်စင်တွေ ဘယ်လိုချပေးမယ်ဆိုတာကိုလည်း အတိအကျမသိသေးတဲ့အတွက် ဘယ်အပိုင်းမှာ ပါလို့ရတယ်၊ မရဘူးဆိုတာတော့ ကိုယ်လည်းပြောလို့ မရသေးဘူးပေါ့။ အစ်ကိုတို့အနေနဲ့ကတော့ Securities Market ကို တစ်နည်းမဟုတ်တစ်နည်းတော့ ပါချင်တယ်။ Contribute လုပ်ချင်တယ်။ ဘယ်လိုလုပ်လို့ရမလဲဆိုတာတော့ နောက်ပိုင်း ပိုပြီးရှင်းလာတဲ့အချိန်ကျမှ သတ်မှတ်လို့ရမှာပေါ့။

စတော့ဈေးကွက်မှာရှိတဲ့ စိန်ခေါ်မှု တော်တော်များများထဲက တစ်ခုပေါ့။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူ မြန်မာပြည်မှာက စတော့မားကက်ဆိုတာက အခုမှ ပြန်လုပ်ကြတာ။ အဆက်ပြတ်နေတာကြာပြီဆိုတော့ လူ့စွမ်းအားအရင်းမြစ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကိုပဲ အဓိကသုံးလာနိုင်လား၊ ဒါမှမဟုတ် ပြည်တွင်းကပဲ လုံလုံလောက်လောက်ရနိုင်မလား။

Securities ကုမ္ပဏီတစ်ခုအနေနဲ့က Division တွေ အမျိုးမျိုးရှိတယ်။ တစ်ခုက Investment Banking Division ရှိမယ်။ Investment Banking Division က ဘာလုပ်မလဲဆိုရင် ကုမ္ပဏီတစ်ခု ငွေရှာနေတယ်ဆိုရင် သူတို့ ရှယ်ယာတွေကို ထုတ်ရောင်းဖို့၊ ဒါမှမဟုတ် Bond တွေကို ထုတ်ရောင်းဖို့ အကြံပေးတယ်။ အကြံပေးရုံတင် မဟုတ်ဘူး။ ရှယ်ယာတွေ၊ ဒါမှမဟုတ် Bond တွေထုတ်ရောင်းတဲ့ Process တစ်ခုလုံးကို ၀န်ဆောင်မှုပေးတယ်။ Valuation လုပ်ပေးတယ်။ ရှယ်ယာတွေ ထုတ်ရောင်းတဲ့အထိ အကုန်လုံး လုပ်သွားတယ်။ ပြီးရင် Underwriting ကအစ သူတို့ လုပ်နိုင်တယ်။ Underwriting ဆိုတာ အာမခံပြီးတော့ မရောင်းရတဲ့ရှယ်ယာတွေကို သူတို့ ကိုယ်တိုင်ဝယ်တယ်။ အဲဒီ Division ကတော့ ပညာတော်တော်လိုတယ်။ အဲဒါကို ဆုံးဖြတ်နိုင်ဖို့၊ ဝေဖန်နိုင်ဖို့ ကုမ္ပဏီတစ်ခုကို တန်ဖိုးဖြတ်နိုင်ဖို့ မြန်မာတော်တော်များများက သိပ်မရှိသေးဘူး။ အဲဒီနေရာမှာ ဦးဆောင်မယ့်သူတွေကတော့ အစပိုင်းမှာအတွေ့အကြုံရှိတဲ့ Investment၊ Banking မှာ လုပ်ဖူးတဲ့သူတွေ လိုတယ်။ ဒီ Capacity မြန်မာပြည်မှာ သိပ်မရှိသေးဘူး။ ဒါပေမဲ့ အဲဒီမှာဝင်လုပ်တဲ့ တခြားသူတွေကတော့၊ ဥပမာ Accounting ကို ကျွမ်းကျင်တဲ့ မြန်မာတွေ၊ အင်္ဂလိပ်လိုလည်း ကျွမ်းကျင်ရမယ်။ Business အမြော်အမြင်ရှိတဲ့သူမျိုး ဖြစ်နိုင်တယ်။ သူတို့က ဒီ Process တွေ နားလည်အောင် ငါးနှစ်၊ ဆယ်နှစ်လောက်တော့ သင်ရလိမ့်မယ်။ Investment Banking Division မှာ အစပိုင်းတော့ နိုင်ငံခြားအကူအညီ လိုလိမ့်မယ်။

နောက်တစ်ခုက Sales & Trading Division ရှိတယ်။ Brokerage တို့၊ အရောင်းအ၀ယ်လုပ်တာတို့၊ ရှိပြီးသား ရှယ်ယာတွေ အရောင်းအ၀ယ်လုပ်တဲ့ အပိုင်းတွေပေါ့။ အဲဒီ Division ကတော့ နိုင်ငံခြားသားတွေက အတိုင်းအတာတစ်ခုထိပဲ လိုအပ်တယ်။ Broker တွေဆိုတာ Client Relationship ကို တည်ဆောက်ရမှာ။ အဲဒါတွေကျတော့ မြန်မာတွေက လုပ်တတ်တယ်။ နိုင်ငံခြားသားဆိုရင်လည်း အောင်မြင်မှာ မဟုတ်ဘူး။ Local ပညာတတ်တွေ လိုမယ်။ Customer တွေနဲ့ ဆွေးနွေးနိုင်ရမယ်။ Customer တွေကို ရှင်းပြနိုင်ရမယ်။ ဘယ်ရှယ်ယာတွေကို ဘာကြောင့် ၀ယ်သင့်တယ်။ ဘာကြောင့် ရောင်းသင့်တယ်။ သူတို့ကိုယ်တိုင် Knowledge က Research တွေ ဘာတွေ လုပ်တဲ့အဆင့်ထိ မဟုတ်ဘူး။ ရှိပြီးသား Research တွေကို ဖတ်ပြီးတော့ Client တွေကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ဆိုရင် ရတယ်။ ဒါက Local တွေနဲ့ ဆိုင်တယ်။

တတိယ Division က ဘာလဲဆိုတော့ Research Division ဆိုတာ ရှိတယ်။ Research Division က ဈေးကွက်ကြီး တစ်ခုလုံးရော ကုမ္ပဏီတစ်ခုရဲ့ အခြေအနေကိုပါ လေ့လာတယ်။ Report တွေဖတ်မယ်၊ သတင်းစာတွေ ဖတ်မယ်၊ Annual General Meeting တွေ သွားမယ်။ Management နဲ့ ဆွေးနွေးမယ်။ အဲဒါတွေကို အခြေခံပြီးတော့ Independent Report တွေ ရေးရမယ်။ Independent ဆိုတာ အဲဒီကုမ္ပဏီဘက်က အားနာပြီးတော့ လိုက်မရေးရဘူး။ သူတို့ အမြင်အရ ဒီကုမ္ပဏီဆီက ရှယ်ယာဝယ်သင့်တယ်၊ မ၀ယ်သင့်ဘူးဆိုတာကို ရေးရတယ်။ သူတို့ကလည်း Independent ဆိုတာကလည်း Broker တွေဆီကနေ Independent ဖြစ်ရမယ်။ Broker တွေက ဒီကုမ္ပဏီတွေကို ၀ယ်စေချင်လို့ Report တွေကို ဒီလိုရေးပေးပါဆိုရင် ရေးပေးလို့ မရဘူး။ အဲဒီဝန်ထမ်းတွေက Broker တွေနဲ့ သတ်သတ်ခွဲထားရမယ်။ Research လုပ်မယ့်ဝန်ထမ်းတွေကျတော့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံဆိုတာက ကုမ္ပဏီကို တန်ဖိုးဖြတ်နိုင်ရမယ်။ Report တွေ ရေးတတ်ရမယ်။ အဲဒါတွေက Research အပိုင်းမှာ အတွေ့အကြုံလိုတယ်။ အဲဒါကျတော့ နိုင်ငံခြားသားအကူအညီ လိုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံခြားသားအကူအညီနဲ့လည်း မပြီးနိုင်ဘူး။ Local လည်း လိုအပ်တယ်။ နိုင်ငံခြားသားက နည်းပညာတွေနဲ့ Valuation Method တွေသိမယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ Mangement နဲ့ သွားတွေ့ဖို့၊ ဒါမှမဟုတ် Financial Statement တွေ ဖတ်ဖို့ တချို့က မြန်မာလို ရေးထားတယ်။ Financial Statement ကို မြန်မာပြည်မှာ ဘယ်လိုရေးတယ်ဆိုတာ နားလည်ဖို့ လိုလည်းလိုတယ်။ နိုင်ငံခြားသားကျတော့ သိချင်မှသိမယ်။ အဲဒီနေရာကျတော့ နိုင်ငံခြားသားနဲ့ တွဲလုပ်ဖို့ လိုတယ်။ ဒါကတော့ Knowledge ပိုလိုတယ်။ အဲဒီ Report ကို အခြေခံပြီးတော့မှ Broker က အဲဒါကိုဖတ်ပြီးတော့ ဘယ်ရှယ်ယာကို ၀ယ်သင့်တယ်၊ ဘယ်ရှယ်ယာကို ရောင်းသင့်တယ်ဆိုတာကို အကြံပေးတယ်။ အဲဒီတော့ Division တစ်ခုနဲ့ တစ်ခုမတူဘူး။ Investment Banking Division မှာ နိုင်ငံခြားသားအကူအညီ တော်တော်လေးလိုမယ်။ အဲဒါက Underwriting နဲ့ ဆိုင်တဲ့ Business ပေါ့။ Brokerage Business ကျတော့ တော်တော်လေး Local နဲ့ ဖြစ်နိုင်တဲ့မားကက်၊ Research မားကက်ကျတော့နိုင်ငံခြားသားရော၊ ပြည်တွင်းပါ လိုမယ်။

လက်ရှိ ကျွန်တော်တို့ လေ့လာမိသလောက်တော့ ပြည်တွင်းမှာ တခြား Sector တွေထက် Banking Sector က စတော့အိတ်ချိန်းမှာဝင်ပြီး Listing လုပ်ဖို့ ပိုပြီးများ စိတ်ဝင်စားနေသလားလို့။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း စပြီး Boom ဖြစ်လာတဲ့ Sector တွေလည်း အများကြီး ရှိပါတယ်။ ဥပမာ- IT Sector တွေလိုမျိုးပေါ့။ အဲဒီတော့ အစ်ကို့ရဲ့အမြင်အရနောက်ပိုင်းကျရင် စတော့ဈေးကွက်၊ OTC ဈေးကွက်တွေမှာ ဘယ် Sector တွေက ကုမ္ပဏီတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းမိလဲ။

ဘဏ်တွေက ဘာကြောင့်စိတ်ဝင်စားလဲဆိုရင် ဗဟိုဘဏ်က အမြဲစောင့်ကြည့်နေတော့ သူတို့ရဲ့ Accounting Standard က တခြား Sector တွေနဲ့ ယှဉ်ရင် ပိုပြီး Clean ဖြစ်နေပြီလို့ ပြောလို့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ စတော့အိတ်ချိန်းကိုတင်မယ်ဆိုရင် မခက်တော့ဘူး။ အကုန်လုံးက ပြင်ဆင်ပြီးသားလို ဖြစ်နေတယ်။ ကျန်တဲ့ ကုမ္ပဏီကျတော့ တချို့က အရင်တုန်းက အခွန်မဆောင်တာတွေ၊ စာရင်းတွေ နှစ်မျိုးကိုင်တာတွေရှိတဲ့အတွက် စတော့အိတ်ချိန်းကို လက်ရှိ တင်ချင်တယ်ဆိုရင်တောင် မလွယ်ဘူး။ သူတိုရဲ့ Standard တွေကိုပြန်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အဲဒီကုမ္ပဏီတွေ တော်တော်များများက အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ဆီက သိပ်မကြားရဘူး။

နောက်ဆုံးမေးချင်တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ရင်းနှီးမြှုပ်နှံမှုအား အရမ်းကောင်းခဲ့တဲ့ အိမ်ခြံမြေဈေးကွက်က အခုလက်တလောတော့ အနည်းငယ် အေးနေတာ တွေ့ရပါတယ်။ ပြီးတော့ ကားဈေးကွက်တို့ ဘာတို့ဆိုရင်လည်း အခြေအနေ သိပ်မကောင်းလှဘူး။ အဲဒီတော့ စတော့ဈေးကွက် ပေါ်လာတဲ့အခါကျရင် ရင်းနှီးမြှုပ်နှံမှုအရွေ့က ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ အိမ်ခြံမြေ၊ ကား၊ ဘဏ်၊ စတော့ရှယ်ယာစတာတွေထဲမှာ လူတွေပိုရင်းနှီးမြှုပ်နှံမယ့်ဈေးကွက်ပေါ့။

ဒါကတော့ စတော့ဈေးကွက်လည်း Investment တစ်မျိုး ဖြစ်သွားမှာပဲ။ အိမ်ခြံမြေဈေးကွက်က တစ်ခုရှိတယ်။ Foreign Exchange ရှိတယ်။ Commodity အရောင်းအ၀ယ်လုပ်တာလည်းရှိမယ်။ အဲဒီအတိုင်းပဲ စတော့အိတ်ချိန်းပေါ်လာမယ်ဆိုရင်လည်း ဒီရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံမှုတစ်မျိုး ဖြစ်လာမှာပဲ။ အိမ်ခြံမြေဈေးကွက်မှာဆိုရင် တချို့တွေက ပိုက်ဆံတွေ ပိုနေပြီးတော့၊ ဒါမှမဟုတ် ငွေမည်းတွေကို ဘယ်မှာထားရမှန်းမသိလို့ အဲဒီမှာ သွားဝယ်ပြီး လုပ်ကြတာရှိတယ်။ အခုလောလောဆယ် ရှိနေတဲ့ပုံစံက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်မယ်ဆိုရင် ငွေဖြူဖြစ်သွားတယ်။ ခြံကို ပြန်ရောင်းလိုက်ရင်လည်း ငွေဖြူ ဖြစ်သွားတယ်။ စတော့အိတ်ချိန်းမှာလည်း အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်။ အန္တရာယ် ရှိတယ်။ စတော့အိတ်ချိန်းမှာလည်း ငွေမည်း ရှိတယ်။ ငွေမည်းကို ရှယ်ယာဝယ်လိုက်တယ်။ ပြန်ရောင်းလိုက်ရင် ထွက်လာတဲ့ပိုက်ဆံက ငွေဖြူဖြစ်ရင် လူတွေက စတော့အိတ်ချိန်းမှာ ရင်းနှီးတာက ငွေဖြူဖော်ဖို့ ဖြစ်သွားနိုင်တယ်။ ငွေဖြူဖော်ဖို့အတွက်ပဲ ရင်းနှီးတယ်ဆိုရင် ရေရှည်မှာ အလားအလာ မကောင်းနိုင်ဘူး။ ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်တွေက ကုမ္ပဏီတွေနဲ့ မဆိုင်တော့ဘူး။ ငွေဖြူဖော်ချင်ရင် ရှယ်ယာဝယ်လိုက်တဲ့ အချိန်မှာ စတော့ဈေးကွက်က အရမ်း ထိုးတက်သွားရော။ အထူးသဖြင့် ကုမ္ပဏီသိပ်မများတဲ့အချိန်မှာ ဖြစ်နိုင်တယ်။ ထိုးတက်တာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ ဘာမှမဆိုင်ဘဲ ထိုးတက်သွားတာ။ ပြီးမှ ငွေဖြူပေါ်ပြီဆိုပြီး ပြန်ရောင်းထုတ်တဲ့အချိန်မှာ ထိုးကျသွားရော။ တချို့ဟာတွေကျတော့ Seasonal (အချိန်ရာသီအလိုက်) ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးဖြစ်တယ်ဆိုရင် စတော့ဈေးကွက်ကြီး ထိုးတက်၊ ထိုးကျတာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ မဆိုင်ဘဲနဲ့ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် ရေရှည်မှာ မကောင်းဘူး။ အိမ်ခြံမြေဈေးကွက်လည်း အဲဒီအတိုင်းဖြစ်နေတာ။ တကယ်တော့ မကောင်းဘူး။ အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ ရေရှည်မှာ စီးပွားရေးတစ်ခုလုံးကို ထိခိုက်တယ်။ အစိုးရအနေနဲ့ ဘာကိုစဉ်းစားသင့်သလဲဆိုတော့ အစိုးရအနေနဲ့ ငွေဖြူဖော်ဖို့အတွက် Investment နည်းလမ်း မဟုတ်တာမျိုး တခြားနည်းလမ်း ရှာပေးသင့်တယ်။ အစိုးရဘက်က ဘယ်လိုမျိုး ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းဖို့လက်ခံပြီး ဘယ်လိုဟာမျိုးကိုတော့ လက်မခံဘူးဆိုတာပေါ့။ ဥပမာ မူးယစ်ဆေးဝါးကို လက်မခံဘူးဆိုရင် ခွင့်မပေးနဲ့။ တချို့ဟာကျတော့ အရင်တုန်းက အခွန်မဆောင်ထားတဲ့ ငွေမည်းတွေ ရှိမယ်။ အဲဒါမျိုးကျတော့ သူတို့အနေနဲ့ ငွေဖြူပြန်ဖြစ်ဖို့ အစိုးရကလက်ခံတယ်ဆိုရင် လမ်းဖွင့်ပေးဖို့ လိုမယ်။ တချို့ကျတော့လည်း မှောင်ခိုလုပ်ထားတာ၊ ကျောက်တွေဘာတွေ လုပ်ထားတာ အဲဒါကိုလည်း ငွေဖြူအဖြစ်ပြန် ဖော်ဖို့ အစိုးရအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်တို့၊ စတော့ဈေးကွက်တို့ကို အလွဲသုံးစားလုပ်မယ့်အစား သူတို့အနေနဲ့ တိုက်ရိုက် လမ်းဖွင့်ပေးလိုက်။ ကိုယ့်မှာ ငွေမည်းရှိတယ်ဆိုရင် ဘယ်ကလာတဲ့ ငွေမည်းလဲဆိုတာကို ကြေညာရမယ်။ ကြေညာပြီးရင် အဲဒါကို အခွန်ဘယ်လောက်ဆောင်လိုက်ဆိုရင် ငွေဖြူဖြစ်သွားမယ်။ အဲဒါမျိုးကိုလုပ်ဖို့ဆိုရင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပေါ့။ နှစ်နှစ်အတွင်းမှာ ငွေမည်းမှန်သမျကို ငွေဖြူအဖြစ် ပြောင်းရမယ်။ အခွန်ဘယ်လောက်ဆောင်ရမယ်။ ဒီနှစ်နှစ်အတွင်းမှာ အစိုးရက သတ်မှတ်ထားတဲ့ နည်းလမ်းကိုသုံးသွားမယ်ဆိုရင် အခွန်ဆောင်တာကလွဲလို့ တခြားဘာမှ အရေးမယူဘူးဆိုတာကို အစိုးရက အာမခံဖို့ လိုမယ်။ အဲဒီနှစ်နှစ်ကျော်သွားလို့ ငွေမည်းကို တွေ့တယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ် ထင်တယ်။ အဲဒါအတွက် ဘာလို့လဲဆိုရင် အစိုးရက လွှတ်တော်ကတစ်ဆင့် ဥပဒေတစ်ခု လိုမယ်။ ဥပဒေက လွှတ်တော်ဆီကတစ်ဆင့်ဆိုရင် ပြောင်းဖို့ မလွယ်ဘူး။ တကယ့် ဥပဒေနဲ့ သွားမယ်ဆိုရင် လူတွေက ပိုပြီးယုံကြည်မှု ရှိမယ်။ အဲဒါကို ငွေဖြူဖော်တယ်ဆိုရင် အဲဒီငွေဖြူကို နေရာတိုင်းမှာ သုံးလို့ ရတယ်။ မြေ၀ယ်မလား၊ စတော့အိတ်ချိန်းမှာ ရင်းနှီးမလား၊ တခြားဟာ ဘာလုပ်မလဲပေါ့။ အဲဒီလိုမျိုး လိုမယ်ထင်တယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

၂၀၁၅ ဇူလိုင်လထုတ် ‪B2BMagazine‬ ပါ ‪Interview‬ ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Read More

ShweFx Trading System

8:00 PM | , , ,


အခုတခါတော့ Facebook ပေါ်ကနေ တွေ့ရတဲ့ ShweFx Trading System အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ShweFx Trading System ရဲ့ ဖေ့ဘုတ်စာမျက်နှာကတော့ ဒီလင့်မှာ ဖြစ်ပါတယ်။ တချို့တွေကတော့ အပေါ်က ပုံကို မြင်လိုက်တာနဲ့ သိကြမယ် ထင်ပါတယ်။

မူရင်း System ကတော့ တစ်လကို ဒေါ်လာ ၁၀၀ နဲ့  လစဉ်ကြေးပေးပြီး ၀ယ်ယူသုံးစွဲရပါတယ်။ မူရင်း System ရဲ့ နာမည်ကတော့ ထရစ်ဂါ ဆိုတဲ့ နာမည်နဲ့ပါ။ သူတို့မှာလည်းပဲ Facebook စာမျက်နှာရှိပြီးတော့ သူတို့ System ရဲ့ Daily Performance တွေကို အမြဲတမ်း Update တင်ပေးပါတယ်။ သူတို့ရဲ့ ပင်မ Website မှာလဲ System ရဲ့ Past Performance တွေကို လေ့လာကြည့်ရှုနိုင်ပြီး တိုက်ရိုက် ၀ယ်ယူနိုင်ပါတယ်။

အခုတော့ ShweFx က မူရင်း လစဉ်ကြေးပေးသုံးမှရတဲ့ ex4 ကုဒ်ဖိုင်တွေကို Decompile လုပ်နိုင်သွားပြီ ထင်ပါတယ်။ မကြာခင်မှာ ShweFx Facebook စာမျက်နှာကနေ Demo အနေနဲ့ ပေးသုံးသွားမယ် ထင်ပါတယ်။

ShweFx Trading System မှာ 
  • Trend Following Tool (ဈေးကွက်က အတက်/အကျ ဘယ် Direction ကို ဦးတည်သွားနေလဲဆိုတာ သိဖို့အတွက်)
  • Trend Confirmation Tool (အတက်/အကျ Direction ကို အတည်ပြုဖို့အတွက်)
  • Over Bought/ Over Sold Tool (အ၀ယ်များနေလား၊ အရောင်းများနေလား ကြည့်ဖို့အတွက်)
  • Profit Taking Tool (အမြတ်ယူဖို့အတွက်နေရာ) 
တို့အတွက် အဓိက Indicator (၅)မျိုးနဲ့ အကူ Indicator (၃) မျိုးကို ပေါင်းစပ်အသုံးပြုထားပါတယ်။

Indicator တွေကို ဘယ်လို ပေါင်းစပ်ပြီးတော့ အသုံးပြုထားတယ်ဆိုတာကို ကြည့်ရအောင်ပါ။ အောက်ကပုံမှာတော့ Sell Entry အတွက်ကို ဥပမာအဖြစ်နဲ့ ရှင်းပြပေးထားပါတယ်။


Trend Following Tool အဖြစ် Sell Band နဲ့ Buy Band နှစ်ခုကို အသုံးပြုထားပါတယ်။  Candle က Buy Band ရဲ့အထက်မှာ ရှိနေရင်တော့ Up Trend အဖြစ်သတ်မှတ်နိုင်ပြီးတော့ Sell Band ရဲ့အောက်မှာရှိနေရင် Down Trend အဖြစ်  သတ်မှတ်နိုင်ပါတယ်။

Candle တစ်ခုချင်းစီကလည်း Up Trend နဲ့ Down Trend ကို အရောင်နဲ့ ကိုယ်စားပြုပြီး ဖော်ပြ ပေးထားပါတယ်။ Candle ရဲ့ အရောင်က အစိမ်းရောင်အဖြစ် ရှိနေတယ်ဆိုရင် Up Trend ဖြစ်ပြီးတော့ Candle အရောင်က အနီရောင်အဖြစ် ပြောင်းလဲလာဆိုရင်တော့ Down Trend အဖြစ် ပြောင်းလဲလာပြီလို့ သိနိုင်ပါတယ်။

အပေါ်က ပုံမှာဆိုရင် Sell Signal ပေါ်လာပါပြီဆိုတဲ့ နေရာကို သတိထားကြည့်လိုက်ပါ။ Candle တွေဟာ Sell Band ရဲ့ အောက်မှာ ရောက်ရှိနေပြီးတော့ Candle ရဲ့ အရောင်ကလည်း အနီရောင်အဖြစ် ရှိနေပါပြီ။ ဒီအခြေအနေမှာဆိုရင် Trend Following Tool ကနေ Down Trend အဖြစ် ဦးတည်နေပြီဆိုတာကို သိနိုင်ပါတယ်။

Down Trend အဖြစ် ရှိနေပေမယ့် ကျွန်တော်တို့အနေနဲ့ Sell Entry ကို ချက်ချင်းကြီး အလောတကြီး ဖွင့်ဖို့အတွက် မဖြစ်သင့်သေးပါဘူး။ Trend Confirmation Tool နဲ့ ပြန်ပြီး ညှိကြည့်ရပါဦးမယ်။

Trend Confirmation Tool အနေနဲ့ Volume ကို အခြေခံထားပါတယ်။ ပုံမှာတော့ Main Window မှာမဟုတ်ဘဲ အောက်မှာ Window တစ်ခုအနေနဲ့ ပြထားပါတယ်။ ပုံမှာ အ၀ါရောင် Dot လေးတွေနဲ့ ခရမ်းရောင် Dot လေးတွေကို တွေ့ရပါလိမ့်မယ်။ အ၀ါရောင် Dot လေးတွေက Volume နည်းနေသေးတယ်ဆိုတာကို ကိုယ်စားပြုပြီးတော့ ခရမ်းရောင် Dot လေးတွေကတော့ Volume အားကောင်းလာပြီလို့ ဖော်ပြပါတယ်။ ကျွန်တော်တို့အနေနဲ့ Trade တစ်ခုကို ၀င်တော့မယ်ဆိုရင် အ၀ါရောင် Dot တွေ ရှိနေတုန်းမှာ မ၀င်ရပါဘူး။ ခရမ်းရောင် Dot ကို စပြီးတွေ့ရပြီဆိုမှ Trade ကို ဖွင့်ရပါမယ်။

Trend Confirmation Tool အကြောင်းကို သဘောပေါက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ Trend Following Tool ကနေ အချက်ပေးထားတဲ့ Down Trend ဖြစ်နေပြီလို့ ပြောထားတာနဲ့ ချိန်ထိုးကြည့်ရအောင်ပါ။ ပုံမှာ အထက်အောက် အ၀ါရောင်လိုင်းအရှည်နဲ့ ပြထားတဲ့နေရာကို ကြည့်လိုက်ရအောင်ပါ။ Trend Confirmation Tool မှာလဲ အ၀ါရောင်ကနေ ခရမ်းရောင်ကို ကူးပြောင်းလာပြီဆိုတာ တွေ့ရပါလိမ့်မယ်။ ဆိုလိုတာက Sell Volume အားကောင်းလာပြီလို့ သိရပါမယ်။

Trend Following Tool နဲ့ Trend Confirmation Tool နှစ်ခုကနေ Down Trend ဆိုတာကို အတည်ပြုပေးလိုက်ပါပြီ။ အဲဒါဆိုရင် ကျွန်တော်တို့က Trade ကို Entry ၀င်ဖို့အတွက် ပြင်ဆင်ရပါတော့မယ်။ Trade ကို ၀င်ဖို့အတွက် လက်ရှိ Candle က Buy Band ရဲ့ အောက်မှာ Close ဖြစ်သည်အထိ စောင့်နေပေးပါ။ လက်ရှိ Candle ပြီးဆုံးဖို့အတွက် အချိန်ဘယ်လောက် ကျန်သေးတယ်ဆိုတာကို Time Indicator ကနေ ဖော်ပြပေးနေပါတယ်။ လက်ရှိ Candle က Buy Band ရဲ့ အောက်မှာ သွားပိတ်ပြီးတော့ နောက် New Candle စစချင်းမှာပဲ Sell Entry ကို စတင်လိုက်ပါ။

အခုတော့ Profit Taking Tool အကြောင်းကို ဆက်ပြီးကြည့်ရအောင်ပါ။ Trader အတွက် အရေးကြီးဆုံးဖြစ်တဲ့ Trade ကနေ ဘယ်အချိန်မှာ အမြတ်ယူရမလဲ (Take Profit) နဲ့ Stop Loss နေရာတွေကိုတော့ Daily Pivots Levels တွေ သိနိုင်ပါတယ်။ Main Window ရဲ့ Chart ပေါ်မှာလဲ Level လိုင်းတွေကို ရေးဆွဲပေးထားတဲ့အတွက် ကိုယ့်အတွက် အလွယ်တကူပဲ မြင်နိုင်ပါတယ်။ ဒီ Level တွေဟာ ကိုယ့်အတွက် အရေးကြီးတဲ့ Take Profit/ Stop Loss နဲ့ Resistance/ Support တွေ ဖြစ်တယ်ဆိုတာကို သိရပါမယ်။

တကယ်လို့ Chart မှာပြထားတဲ့ Resistance/Support Level နေရာတွေကို ကိုယ် Entry ၀င်ထားခဲ့တဲ့ နေရာနဲ့ အရမ်းနီးတယ်ဆိုရင်တော့ နောက် Level တစ်ခုကို အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကိုယ်ခန့်မှန်းထားတဲ့ Entry က မှန်ကန်ပေမယ့် Stop Loss တွေက အရမ်းနီးလွန်းတဲ့အတွက် Trade က အရှုံးနဲ့ ပိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။

အခုတော့ ကျွန်တော်တို့ Entry ၀င်ထားခဲ့တဲ့ Sell Entry ကို ပြန်ပြီးတော့ ဆက်ကြည့်လိုက်ရအောင်ပါ။ ကျွန်တော်တို့ရဲ့ Sell Entry က Take Profit Level ကို ထိပြီး အမြတ်ရပြီး ဖြစ်နေပြီ။

တကယ်လို့ Take Profit မလုပ်သေးဘဲ အမြတ်ထပ်ယူချင်တဲ့သူ ဒါမှမဟုတ် ထပ်ပြီးတော့ Re-entry လုပ်ချင်တဲ့သူတွေကတော့ Price က Level လိုင်းကို သိသိသာသာ ဖြတ်သွားပြီးမှ Close ဖြစ်လားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရပါမယ်။ ပြီးတော့ Volume အခြေအနေကိုလဲ လေ့လာကြည့်နေရပါတယ်။ တကယ်လို့ Close တွေက အဲဒီ Level နားမှာပဲ တ၀ဲလည်လည်ဖြစ်နေပြီးတော့ ပိတ်နေတယ်ဆိုရင်တော့ Re-entry အတွက် ထပ်မစဉ်းဘဲ Take Profit လုပ်ရပါမယ်။

အခုတခါတော့ Buy Entry အတွက်ကို ပြောပြပေးထားပါတယ်။ အပေါ်မှာ ပြောထားခဲ့တာတွေကို ပြောင်းပြန်လှန်လိုက်ရင် Buy Entry ကို အလွယ်တကူပဲ နားလည်နိုင်ပါတယ်။


အပေါ်က ပုံမှာ Buy Signal ပေါ်လာပါပြီဆိုတဲ့ နေရာကို သတိထားပြီး ကြည့်လိုက်ပါ။ Candle တွေရဲ့ အရောင်ဟာ အစိမ်းရောင်အခြေအနေမှာ ရှိနေပြီးတော့ Buy Band ရဲ့ အပေါ်မှာ Close ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ Candle တွေကလည်းပဲ Sell Band ရဲ့ အထက်မှာ သွားပြီး ပိတ်နေပါတယ်။ Trend Following Tool ကတော့ Up Trend စတင်နေပြီဆိုတာကို ပြောနေပါပြီ။

ဒုတိယအဆင့်အနေနဲ့ Trend Confirmation Tool နဲ့ ထပ်ပြီးတော့ ချိန်ညှိဆုံးဖြတ်ကြည့်ရအောင်ပါ။ Trend Following Tool ကနေ Up Trend လို့ အချက်ပြပေးနေပေမယ့် Trend Confirmation Tool မှာတော့ အ၀ါရောင် Dot တွေပဲ ပြနေပါသေးတယ်။  Volume အားနည်းသေးတယ်ဆိုပြီး ပြောနေပါတယ်။ အဲဒီအခြေအနေမှာတော့ ကျွန်တော်တို့က Trade ကို ဖွင့်ဖို့မလုပ်ရဘဲ Volume အားကောင်းလာတဲ့အထိ ဆက်ပြီး စောင့်ကြည့်နေရပါမယ်။

Trend Confirmation Tool ကို ဆက်ပြီး စောင့်ကြည့်နေတာမှာ အ၀ါရောင် Dot ကနေ ခရမ်းရောင် Dot အဖြစ် ပြောင်းလဲလာပြီဆိုတာကို တွေ့ရပါပြီ။ Volume အားကောင်းလာနေပါပြီ။ အဲဒီအခါမှာတော့ Trend Following Tool ကိုပြန်ပြီးတော့ ကြည့်ရပါဦးမယ်။ Trend Following Tool မှာလဲ Up Trend အခြေအနေမှာပဲ ရှိနေပါသေးတယ်။ အဲဒါဆိုရင်တော့ လက်ရှိ Candle Close ဖြစ်တဲ့အချိန်ကို စောင့်ပြီးတော့ Buy Entry ကို စတင်နိုင်ပါပြီ။

ဒီလောက်ဆိုရင်တော့ ShweFx Trading System ရဲ့ Buy/Sell Entry တွေအတွက် အခြေခံ အလုပ်လုပ်ပုံကို နားလည်နိုင်လောက်ပြီ ထင်ပါတယ်။ ဒီနေရာမှာတော့ အကူ Indicator (၃)မျိုးတော့ မထည့်ထားသေးပါဘူး။ အဲဒီ Indicator သုံးမျိုးကတော့ Over Bought/Over Sold ကို သိနိုင်တဲ့ Indicator နှစ်မျိုးနဲ့ Support/Resistance အတွက် Fibonacci Level တွေကို ပြပေးတဲ့ Indicator တစ်ခုတို့ပါ။

ကျွန်တော်ကတော့ Over Bought/Over Sold ဖြစ်နေလားဆိုတာကို Volume အားကောင်းနေလား၊ အားမကောင်းဘူးလားဆိုတဲ့ အပေါ်ကိုပဲ မူတည်ပြီးတော့ ဆုံးဖြတ်ထားတာပါ။ Daily Pivot Level တွေကိုပဲ အသုံးပြုထားပြီးတော့ Fibonacci Level တွေကို ထပ်ပြီး မသုံးတော့တာပါ။ Support/Resistance အတွက် Indicator တစ်ခုကိုပဲ အသုံးပြုမယ်ဆိုရင် လုံလောက်ပါတယ်။ ShweFx Trading System ကို သုံးတဲ့ အခြားသူတွေကတော့ မိမိနှစ်သက်ရာတစ်ခုကို အသုံးပြုနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာ တစ်ခုတော့ ကျန်ပါသေးတယ်။ အဲဒါကတော့ There is no Holy Grail in trading ဆိုတာပါပဲ။

ဘလော့ရဲ့ Template ကြောင့် ပုံအရွယ်အစားတွေ သေးပြီးတော့ ပုံတွေမှာပါတဲ့ စာသားတွေကို ဖတ်လို့မရဘူးဆိုရင်တော့ ဒီလင့်မှာ ဒေါင်းလုပ်ချပြီး ဖတ်နိုင်ပါတယ်။ To DownLoad
Read More

Candle Time Indicator

4:00 PM | , ,


Open, High, Low, Close, Volume အစရှိတာတွေ သုံးပြီးတော့ Technical Analysis လုပ်တဲ့နေရာမှာ အဓိကအကျဆုံးဟာ ဘာလို့ထင်ပါသလဲ။ စဉ်းစားကြည့်ပါဦး။

Closing Price ဆိုရင် ထင်တာမှန်ပါတယ်။ တက်လိုက်၊ ကျလိုက် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးဘယ်လောက်နဲ့ ပိတ်သွားသလဲဟာ အရေးအကြီးဆုံးပါ။ ဒါပေမယ့် Trader အများစုဟာ Closing Price က အရေးကြီးမှန်း သိကြပေမယ့် Entry တစ်ခုကို ၀င်တဲ့အခါမှာ လက်ရှိ Candle ပြီးအောင်အထိ မစောင့်နိုင်ကြပါဘူး။ အရမ်းလောကြီးသွားတတ်ကြပြီး Trade ကို မြန်မြန်ပဲ ဖွင့်လိုက်ကြပါတယ်။

ဥပမာအနေနဲ့ တချို့ Trader တွေက Trend ကိုရှာဖို့အတွက်၊ Buy (or) Sell အတွက် Trigger အဖြစ်နဲ့ Moving Average Crossover ကို သုံးလေ့ရှိကြပါတယ်။ Trader တစ်ယောက်နဲ့ တစ်ယောက် အသုံးပြုကြတဲ့ Method တွေ မတူကြတဲ့အတွက် Time Frame နဲ့ MA တန်ဖိုးတွေမှာ ကွာခြားမှုရှိကြပေမယ့် အားလုံးကတော့ MA ဖြတ်မှတ်ကို ရှာဖွေကြတာချည်းပါပဲ။ စိတ်လောတတ်တဲ့ Trader ဆိုရင်တော့ MA နှစ်ခု စဖြတ်နေပြီဆိုတာနဲ့ Trade ကို ကောက်ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် Trade ကို ဖွင့်လိုက်ပြီး မကြာခင်မှာ MA တွေ မဖြတ်တော့ပြန်ဘူး။

အဲဒီလို ဘာလို့ဖြစ်ရတာလဲဆိုတော့ ကိုယ်အသုံးပြုနေတဲ့ Method ရဲ့ Time Frame မှာ လက်ရှိ ရှိနေတဲ့ Candle ကို ပြီးအောင် မစောင့်လိုက်တဲ့အတွက်ကြောင့်ပါ။ Signal အမှားပေါ်မှာ Trade ဖွင့်လိုက်မိတဲ့ အတွက်ကြောင့်ပါ။

အခု Indicator လေးကတော့ လက်ရှိ Candle ရဲ့ ပြီးဆုံးဖို့အတွက် အချိန်ဘယ်လောက် ကျန်သေးတယ်ဆိုတာကို Candle ရဲ့ဘေးမှာ ဖော်ပြပေးပါလိမ့်မယ်။ Trader အနေနဲ့ ကိုယ့်ရဲ့ Entry ကို ၀င်ဖို့အတွက် Candle ပြီးဆုံးတဲ့အထိ၊ Closing Price က Confirm ဖြစ်တဲ့အထိ အချိန်ဘယ်လောက်ကြာအောင် စောင့်ရဦးမယ်ဆိုတာကို အလွယ်အကူ ကြည့်နိုင်ပါတယ်။


Indicator ရဲ့ အချိန်ကို ပြမယ့် စာသားရဲ့အရောင်၊ Font အရွယ်အစား၊ Font အမျိုးအစားတွေကို Input ကနေ ကိုယ့်စိတ်ကြိုက်အတိုင်း ပြန်လည်ပြုပြင်ပြီးတော့ ထည့်သွင်းနိုင်ပါတယ်။ မူရင်းအတိုင်း ဘာမှမပြုပြင်ဘဲ အသုံးပြုမယ်ဆိုလဲ အဆင်ပြေပါတယ်။
Click Here To Download

Template ဖိုင်တွေ၊ Indicator ဖိုင်တွေကို ထည့်သွင်း အသုံးပြုနည်းကို မသိသေးဘူးဆိုရင်တော့ ဒီလင့်မှာ ပုံတွေနဲ့အတူ ရှင်းပြပေးထားပါတယ်။ အခက်အခဲရှိသေးတယ်ဆိုရင်တော့ မေးမြန်းထားခဲ့လို့လဲ ရပါတယ်။
Read More

အရှုံးဆိုတာ မရှိ (၂)

2:00 AM | , ,


Stop-loss အကြောင်းပြောရင် Technical Analysis ကို ဘယ်လိုမှ ချန်ထားလို့ မရပါဘူး။ Long-term Fundamental based investor တွေတောင်မှ Technical Analysis ကို သုံးမယ်ဆိုရင် Stock တစ်ခုကို Invest လုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shorting လုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock (ဈေးတက်လျင် အမြတ်ရခြင်း) ဘက်ကနေပဲ ပြောသွားပါ့မယ်။

Oldest and Simplest are the Best
Technical Analysis ရဲ့ ရှေးအကျဆုံးနဲ့ အရိုးရှင်းဆုံး Trend line, Support, Resistance လိုင်းတွေဟာ Stop-loss, Profit-taking point တွေ Define လုပ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းတွေပါပဲ။ ကျွန်တော် အဲဒါတွေအကြောင်း အသေးစိတ် ရေးဖူးပါတယ်။ Trade တစ်ခုကို မစခင် အရေးအကြီးဆုံးသိရမှာတွေက
  • Profit is made at the Entry, not at the Exit. (ဘယ်ဈေးက ဝင်မလဲဆိုတာ အရမ်း အရေးကြီးပါတယ်)။
  • အနီးဆုံး Support နားကို ကျလာတဲ့အထိစောင့်ပါ။ စောင့်ရလို့ ဘာမှဖြစ်မသွားပါဘူး။
  • Support ကို ထိပြီဆိုရင် Close တွေဟာ Support အပေါ်မှာ ပိတ်သလား ကြည့်ရပါမယ်။ ဈေးတက်ပြီး ပိတ်သွားတဲ့နေ့မှာ Volume ကောင်းလားဆိုတာကိုလည်း ကြည့်ရပါမယ်။
  • Trade တစ်ခု Open မလုပ်ခင်မှာ Support အောက်နား မနီးမဝေးဟာ ကိုယ့်ရဲ့ Stop-loss လို့ သိထားရပါမယ်။ Trade တစ်ခုကို မဝင်ခင် ဒီဈေး အထိကျလာရင် Cut Loss လုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
  • အဲဒီ့ဆုံးဖြတ်ချက်ချပြီးမှ Trade တစ်ခုကို သေချာ Open လုပ်ပါ။
နည်းနည်းထပ်ကွန့်ချင်ရင် Nearest Resistance လိုင်းဟာ ကိုယ် Profit-taking လုပ်သင့်တဲ့ နေရာပါပဲ။ ဒါပေမယ့် ဒီနည်းဟာ လှေနံဓါးထစ်မှတ်ထားလို့တော့ မရပါဘူး။ သတင်းဆိုးတစ်ခုခု ထွက်လာခဲ့ရင် အဲဒီ့ Resistance ကို ထိမှာကို မဟုတ်တော့ပါဘူး။ ပြီးရင် ကိုယ် Trade လုပ်မယ့် Interval ပေါ်လည်း မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဘာမှဖြစ်မလာတော့လည်း ရသလောက်နဲ့ Exit လုပ်သင့်ရင် လုပ်ရမှာပါပဲ။ Uptrend ကို Clearly Broken ဖြစ်နေတဲ့ Sign ပြနေရင်လည်း မြန်မြန်ပိတ်ရမှာပါပဲ။

Mindset
ပထမဆုံးနားလည်ဖို့က အပေါ်မှာပြောသွားတဲ့ Technical Analysis ဟာ ကိုယ့်ရဲ့ trading risk ကို အနည်းဆုံးလျော့ချနိုင်ဖို့ပဲ သုံးစားလို့ရတယ်လို့ နားလည်ရပါမယ်။ ကိုယ်ဝင်တဲ့ Entry ဟာ Chart ပေါ်မှာ လှလှလေးပေါ်နေပေမယ့် ဒါဟာ Profitable Trade ဖြစ်လိမ့်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုငါ သေချာမြတ်မယ့် Technical Analysis တစ်မျိုးသင်ပေးမယ်ဆိုရင် too good to be true လို့ သဘောပေါက်ရပါမယ်။

Gambler and Lotto Player
အပျော်တမ်းလောင်းကစားတတ်တဲ့သူ၊ ထီထိုးပြီး စိတ်ကူးကောင်းကောင်း ယဉ်တတ်တဲ့သူတွေဟာ Stock Trading ဝင်လုပ်ရင် ဒုက္ခကောင်းကောင်းရောက်နိုင်ပါတယ်။ ထီထိုးပြီး စိတ်ကူးယဉ်တတ်တဲ့ Mindset ဟာ Trader တစ်ယောက်ကို Realistic decision ချဖို့ ကောင်းကောင်းကြီးကို နှောက်ယှက်နိုင်ပါတယ်။ အဆိုးရွားဆုံးက တစ်ချို့လောင်းကစားနည်းတွေနဲ့ ထီထိုးရင် ဘာလုပ်လို့ မရဘူးလဲ။ သိသလားမသိဘူး။ တွေးကြည့်ပါဦး။

အဖြေကတော့ You can't stop-loss! ထီထိုးပြီးသွားရင် ဘွာတေးလုပ်လို့ရသေးလား။ ကိုယ့်ပိုက်ဆံကတော့ အဆုံးပဲ။ ထီပေါက်ဖို့ Probability က 1 in a several millions။ ထီထိုးပြီး ထိုင်စောင့်တတ်တဲ့အကျင့်ဟာ ထီအပျော်ထိုးတဲ့ကိစ္စမှာ ပိုက်ဆံဘာမှမများပေမယ့် အဲဒီ့ Mindset ကို Trading ထဲကို သယ်လာရင် You're as good as dead! နောက်တနည်းတွေးလို့ ရတာကတော့ Stop-loss မရှိရင်၊ မလိုက်နာရင် ဒါဟာ လောင်းကစားနေတာလို့ပဲ မြင်ရပါမယ်။

Can't bear the feeling of losing money
ဟုတ်ပါတယ်။ အဆိုးဆုံးပဲ။ ပိုက်ဆံဆိုတာ ကိုယ့်အိတ်ထဲကနေ တတိတိနဲ့ ထွက်နေရင် ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလဲ။ မရောင်းသေးသရွေ့တော့ တကယ်မရှုံးသေးဘူး။ (Realized Loss) ဟုတ်တယ်မဟုတ်လား။ အဲဒီ့ ကိုယ့်ပိုက်ဆံလေးပြန်ရနိုး၊ ပြန်ရနိုးနဲ့ စောင့်တဲ့အလုပ်ဟာ Trading မှာ အဆိုးရွားဆုံးပဲ။ အဲဒီလို Bad Feeling မခံစားရအောင်က ကိုယ့်ရဲ့ Perspective ကို ပြောင်းဖို့ လိုပါတယ်။

Think like a business man
အခုဒီစာဖတ်နေတဲ့သူဟာ Business တစ်ခုမှာ Employee အနေနဲ့ လုပ်နေဖို့က တော်တော်လေး Probability များမှာပါ။ ကိုယ့်တစ်လတစ်လရရနေတဲ့ လခက အဲဒီ့ Business ရဲ့ Income ဘက်မှာရှိသလား၊ Expense ဘက်မှာရှိသလား။ ရှင်းပါတယ်၊ ကိုယ်ရမှတော့ Expense ပေါ့။ ဒီတော့ ကိုယ့်ကို ခန့်ထားတဲ့ အလုပ်ရှင်ဟာ ကိုယ့်ကို လခပေးသလောက်မှ အနည်းဆုံးပြန်အမြတ်မရရင် ကိုယ့်ကို ခန့်ထားပါ့မလား။ No way unless it's your daddy's business. အလုပ်မှာ ကိုယ်ဟာ Contribution သိပ်မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ Employer ရဲ့ Business ဟာ သိပ်မစွံတော့ရင်ဖြစ်ဖြစ် နောက်ဆုံးမှာ ဘာလုပ်ခံရမလဲ။ The famous "L" word လေ။ Layoff!

ဒီတော့တွေးရမှာက ကိုယ့်ကိုယ်ကို Business Owner လိုသဘောထားပြီး Loss တွေဟာ ကိုယ့် Business ရဲ့ Expenses တွေပဲလို့ နားလည်ရပါမယ်။ Profit တွေကတော့ Revenue/Income ပေါ့။ ဒီတော့ Stop-loss မလုပ်ဘဲ Trader ဖြစ်ချင်တဲ့သူဟာ Expense မရှိတဲ့ Business ကို Run ချင်နေတဲ့သူနဲ့ အတူတူပဲလို့ နားလည်ရပါမယ်။ Trade တစ်ခုဟာ ကိုယ်ထင်သလိုဖြစ်မလာရင် အသုံးမကျတဲ့အလုပ်သမားကို ထုတ်ပစ်သလို အဲဒီ့ Trade ကို Sack လုပ်ပစ်ရပါမယ်။ Technical Analysis ကိုသုံးပြီး Analysis လုပ်တာဟာ ကိုယ်ခန့်မယ့် အလုပ်သမားရဲ့ Resume ကို ကြည့်သလိုပဲလို့ သဘောပေါက်ရမယ်။ သဘောကျလို့ ခန့်ပြီးတိုင်း တကယ်သုံးစားလို့ ရချင်မှရမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒီတော့ အသုံးမကျတဲ့အလုပ်သမားကို ဖြုတ်ပစ်နိုင်ရင် Professional trader ဖြစ်ဖို့ နီးစပ်လာပြီလို့ မှတ်ထားနိုင်ပါတယ်။

ရေးသားသူ - Ko Aung Myo Htet
www.aunginvestment.blogspot.com မှ ကူးယူဖော်ပြပါသည်။
Read More

အရှုံးဆိုတာ မရှိ (၁)

12:00 AM | , ,


အရှုံးဆိုတာ မရှိဆိုလို့ ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Trading လုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Management လုပ်ရမလဲ ဆိုတာကို စိတ်ဝင်စားအောင် Title ပေးထားတာပါ။ တချို့ Concept တွေဟာ Robert Kiyosaki နဲ့ Dr. Alexander Elder ရဲ့ Intellectual Property တွေဖြစ်ပါတယ်။

Trading vs. Investing
ပထမဆုံးပြောချင်တာကတော့ အများစုဟာ Trading နဲ့ Investing ကို ရောနေတာပါပဲ။ Trading ဟာ Short-term focused ဖြစ်ပြီး Investing ကတော့ Long-term အတွက်ပါ။ Investing ဟာ တကယ်တမ်းတော့ Day job လည်းရှိ၊ ငွေပိုငွေလျှံနည်းနည်းရှိတဲ့သူတွေ Financial Advisor, Broker အစရှိတဲ့သူတွေရဲ့ Tips တွေနဲ့ ဝယ်ပြီး ပစ်ထားတတ်တဲ့အရာလို့ Generally Definition ဖွင့်နိုင်ပါတယ်။ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကသူတွေကိုသာ ကြည့်ကြည့်ပါ။ အများစုဟာ Market ထဲမှာ Directly (သို့) Indirectly Invest လုပ်ထားကြပါတယ်။ အခုကျွန်တော်ပြောနေတဲ့ Investing ဆိုတာ Direct Investing ကို ပြောနေတာပါ။ ကိုယ်ဝယ်ခဲ့တဲ့ Stock က solid bluechip stock ဆိုရင်တော့ တော်ရုံအရှုံးပေါ်နေရင်တောင် အချိန်တန်ရင် (အချိန်ဟာ ၃လကနေ ၃နှစ်ဖြစ်နိုင်ပါတယ်) ကိုယ့်ပိုက်ဆံတော့ ပြန်ရတတ်ပါတယ်။ ကြားထဲမှာရတဲ့ Dividends ကပဲ အမြတ်ပေါ့။ တချို့က ပြောကြတယ်။ Time in the Market is More Important than Timing in the Market ဆိုပြီးတော့ပါ။ အချိန်တန်ရင်တော့ နွားပိန်ကန်မယ်ပေါ့။ "အရှုံးဆိုတာမရှိ" တမျိုးပေါ့လေ။ ဒီလိုနည်းနဲ့ Invest လုပ်မယ်ဆိုရင်တော့ တစ်ခုပဲပြောချင်ပါတယ်။ You are going to need a lot of LUCK.

Trading is a totally different ball game
အများစု Trading ဝင်လုပ်ပြီး Market ထဲကနေ Washed Out ဖြစ်ဖြစ်သွားရတဲ့ အဓိကတရားခံကတော့ အဲဒီ့ Long-term investing mindset ကို Trading area ထဲကို ဆွဲခေါ်လာလို့ပါပဲ။ Trading လုပ်ဖို့ Totally different mindset လိုပါတယ်။ 3M (mindset, method, management) ဟာ အရမ်းကို အရေးကြီးပါတယ်။ Technical Analysis(TA) နဲ့ Fundamental Analysis(FA) ကို လေ့လာနိုင်သလောက် တတ်နိုင်ပါတယ်။ ဒါပေမယ့် TA နဲ့ FA သိတဲ့လူတိုင်း ဘာလို့ ပိုက်ဆံမရှာနိုင်ရသလဲ။ အဓိကကတော့ mindset နဲ့ management ပိုင်းမှာ တယောက်နဲ့တယောက် ကွာသွားလို့ပါပဲ။

Mythbusting
Trading နဲ့ပတ်သက်ပြီး Myth တွေတော်တော်များများရှိပါတယ်။ ဦးနှောက်အရမ်းကောင်းရမယ်၊ ပိုက်ဆံအများကြီး အရင်းရှိရမယ်၊ ဈေးကြီးတဲ့ Market Analysis Report တွေ ဝယ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးဟာ Myth တွေကြီးပါပဲ။ Trading လုပ်ရင် သေချာမှာတွေ ကျွန်တော်ပြောပြမယ်။
  • သေချာလေ့လာ Analysis လုပ်ပြီး Entry ကောင်းကောင်းလေးဝင်ထားဦး။ ရှုံးနိုင်သေးတယ်။
  • မသေမချာဘဲနဲ့ သူများပြောတိုင်းလိုက်ဝင်၊ ရှုံးဖို့ တော်တော်လေးသေချာတယ်။
  • လောင်းကစားသလို မျက်စိမှိတ်ပြီး ကောက်သာဝင် သေချာပေါက်ရှုံးမယ်။
ဒီအချက်သုံးချက်ကနေ ဘာကိုကောက်ချက်ချနိုင်သလဲဆိုတော့ Trading လုပ်ရင် ရှုံးဖို့ Chance က ပိုများပါလားလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် သန်းထောင်နဲ့ချီပြီး တစ်နေ့တစ်နေ့ Market ထဲမှာ Trade နေကြတာ ဘယ်လိုများ ပိုက်ဆံရှာနေကြသလဲဆိုပြီး မေးနိုင်ပါတယ်။

အဖြေကတော့ Professionals တွေ၊ Institutions တွေဟာ "ရှုံးတာထက် မြတ်တာက ပိုများလို့ပါ"။ မြန်မာလိုပြောတော့ အဓိပ္ပါယ်က နည်းနည်းလုံးသွားတယ်။ တိတိကျကျပြောရရင် ရှုံးတဲ့အကြိမ်က မြတ်တဲ့အကြိမ်ထက် ပိုများချင်များမယ်၊ ဒါပေမယ့် ရှုံးရင်ငွေနည်းနည်းပဲရှုံးပြီး မြတ်ရင် ငွေများများပိုမြတ်တဲ့အခါမှာ Net balance ဟာ Positive ပြနိုင်ပါတယ်။

Lose Less, Make More
အခုလောက်ဆိုရင် Trading ရဲ့ Core Principle ကို သိပြီထင်ပါတယ်။ အဓိကကတော့ Loss တွေကို သေချာ Manage လုပ်ဖို့ပါပဲ။ Loss ကိုနိုင်နင်းရင် Profit ပိုင်းက Automatic handle လုပ်သွားပါလိမ့်မယ်။ Stop-loss, Stop-loss ဆိုပြီး ရေးရေးနေတာ တွေ့ဖူးမှာဖြစ်သလို၊ သူများတွေပြောတာ၊ Trading Book တွေထဲမှာ ပြောပြောနေတာ တွေ့ဖူးမှာပါပဲ။ အပြောလွယ်သလောက် အလုပ်ခက်ဆိုတဲ့အရာထဲမှာ အဲဒီ့ Discipline ဟာ ထိပ်ဆုံးမှာပါပါတယ်။ အားလုံးနားလည်အောင်ပြောရရင် ဘာနဲ့တူသလဲဆိုတော့ Weight ချတာနဲ့ အတူတူပဲ။ နည်းနည်းလေ့လာလိုက်ရင် လူတိုင်းဘယ်လို Weight ချရမလဲ သိတယ်မဟုတ်လား။ ဒါပေမယ့် တကယ်လည်းလုပ်ရော သိတဲ့အတိုင်းပဲ။

ရေးသားသူ - Ko Aung Myo Htet
www.aunginvestment.blogspot.com မှ ကူးယူဖော်ပြပါသည်။
Read More

FX Trader များအတွက် Indicators နှင့် ပက်သက်သမျှ

12:00 AM | , ,

တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာ ငုတ်တုတ်ထိုင်ပြီး Trading chart ကို ကြည့်လိုက် pros တွေ ဖန်တီးထားတဲ့ indicators တွေ လေ့လာလိုက်နဲ့ Trade တွေ ၀င်လိုက်ထွက်လိုက်၊ ဆရာသမားတွေရေးတဲ့ posts တွေ ဖတ်လိုက်၊ ကိုယ့်ဖာသာကိုယ် နည်းစနစ်တွေ ရှာဖွေစဉ်းစား လုပ်ကိုင်ကြည့်ရင်းနဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်နေရတာကို လူ့သဘာဝအရ နည်းနည်းငြီးငွေ့လာတာနဲ့ ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားနေစဉ်မှာပဲ Auto Trading အကြောင်းကို ခေါင်းထဲဝင်လာပါတယ်။ အဲ့ဒါနဲ့ပဲ Auto Trading အကြောင်း လေ့လာကြည့်တဲ့အခါမှာ အဲ့ဒီမှာ မပါမဖြစ်တဲ့ EA နဲ့ Indicators တွေ အကြောင်း သိဖို့လိုလာပါတယ်။ ဒါကတော့ TA သမားတွေ အတွက်ပါ။

Indicators တွေကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Platform တွေမှာ အများကြီး ပါရှိနေပါတယ်။ တစ်ခုစီ တစ်ခုစီကို နားလည်ဖို့လည်း အချိန်ယူ လေ့လာကြရပါတယ်။ Indicator တိုင်းမှာ ဖန်တီးသူရဲ့ formula အရ တွက်ထုတ်ယူထားတဲ့ နည်းစနစ်ပုံစံတွေကလည်း ကွဲပြားကြပါတယ်။ ဒီနေရာမှာ မိမိကိုယ်ပိုင် နည်းစနစ်တွေနဲ့ ဖန်တီးရယူနိုင်တဲ့ customer indicators တွေလည်း ပါဝင်ပါတယ်။

Forex Traders တွေဟာ buy or sell ဆိုတဲ့ ဈေးကွက်ထဲကို ၀င်ဖို့ရာမှာ အဲ့ဒီမှာ အမြတ်များများရရန်၊ အရှုံးနည်းနိုင်သမျှ နည်းနိုင်ရန် ဆိုတဲ့ တူညီတဲ့ရလဒ်တွေကို ရရှိဖို့ နည်းစနစ်တွေကို ရှာဖွေကြတဲ့အခါမှာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အသုံးချရပါတယ်။ လွယ်လွယ်နဲ့တော့ မရပါဘူး။ ကျွန်တော်တို့ဟာ Forex markets ကို Trade လုပ်ဖို့ တစ်ခုပဲလုပ်မယ်ဆိုရင်တော့ မကြာမှီပဲ လက်လျော့သွားပါလိမ့်မယ်။ အောင်မြင်တဲ့ Trader တစ်ယောက်အတွက်ကတော့ အမျိုးမျိုးသော indicator တွေကို လေ့လာ၊ သင်ယူနေရပါဦးမယ်။ Indicators တွေဟာ forex cross rate (The currency exchange rate between two currencies) တစ်ခု buy or sell လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ကို ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ညွန်ပြနိုင်ပါတယ်။

အဓိက,ကတော့ ကျွန်တော်တို့ FX Traders တွေ သိရမယ့်၊ သိသင့်တဲ့ Indicators အမျိုးအစား လေးမျိုး ရှိပါတယ်။ ဒါတွေကတော့ အောင်မြင်သော forex traders တွေ အများစု အားထားမှီခိုရတဲ့ market indicators (၄) ခုလည်း ဖြစ်ပါတယ်။

Indicator No.1: A Trend-Following Tool
Trading လုပ်ဖို့အတွက် counter trend တစ်ခုကို အသုံးပြုရတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း Traders အများစုအတွက် ပိုမိုလွယ်ကူတဲ့နည်းကတော့ major trend ရဲ့ direction ကို စဉ်းစားအသုံးပြုပြီးတော့ Trend ရဲ့ direction အတိုင်း Trading လုပ်တာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ trend-following tools ကို အသုံးပြုရမှာ ဖြစ်ပါတယ်။


လူအများ နားလည်မှုလွဲနေတာကတော့ Trend-following tools တွေကို သူနေရာနဲ့သူ အသုံးမပြုဘဲ မတူညီတဲ့ Trading systems တွေမှာ အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက Trend-following tools ကို Entry, Exit, Confirmation တွေ နေရာမှာ မှားယွင်းစွာ အသုံးချနေတာကို ဆိုလိုပါတယ်။ အမှန်တကယ် trend-following tool တစ်ခုရဲ့ လုပ်ဆောင်ချက်က long position or short position တစ်ခု ၀င်ဖို့အတွက် ရှာဖွေဖို့ အချိန်ရောက်နေပြီဆိုတာကို ညွန်ပြပေးခြင်း တစ်ခုပါပဲ။ အရိုးရှင်းဆုံး trend-following methods တွေထဲက တစ်ခုကို ဥပမာအဖြစ်ပေးရမယ်ဆိုရင်တော့ moving average crossover ပါပဲ။ အခြားသော indicators တွေလည်း များစွာ ရှိပါတယ်။ ကိုယ်တိုင်လည်း customer indicator အဖြင့် ရှာဖွေနိုင်ပါတယ်။ ဒီနေရာမှာ Trend-following tool ကို ပေါ်လွင်စေဖို့ moving average crossover ရဲ့ create လုပ်ပုံ method, formula ကို အကြမ်းဖျဉ်း ပြောပြပေးချင်ပါတယ်။ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။

Moving average ဆိုတာက မိမိအသုံးပြုတဲ့ Time frame အလိုက် သတ်မှတ်ထားတဲ့ (ဥပမာ Daily Timeframe မှာဆိုလျှင်) နေ့ အရေအတွက်အပေါ်မှာ ပျဉ်းမျှ closing price ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ (H1 Timeframe မှာဆိုလျှင် သတ်မှတ်ထားတဲ့ Hours အရေအတွက်ကို ကိုယ်စားပြုပါတယ်။) ဒါက moving average မှာ ပါဝင်တဲ့ လိုင်းတစ်လိုင်းခြင်းရဲ့ ဖန်တီးထားမှုကို ပြောပြတာဖြစ်ပါတယ်။ ဒီနေရာမှာ မတူညီတဲ့ပမာဏ combination (ဥပမာ 50 day/ 200 day လိုင်းနှစ်လိုင်းပေါ့။) moving average crossover တွေကို ဖန်တီးရယူနိုင်ပါတယ်။ ဥပမာ 50 day moving average ဟာ 200 day moving average ရဲ့ အထက်မှာ ရှိနေတယ်ဆိုရင်၊ ဒါမှမဟုတ် အောက်မှာရှိတယ်ဆိုရင် နောက်ပိုင်းအလားအလာအတွက် long position ကောင်းမှာလား၊ Short position ကောင်းမှာလားဆိုတာကို ဝေဖန်ဆန်းစစ်ရမှာပါ။ ဒါကတော့ moving average ရဲ့ create လုပ်ထားပုံနဲ့ အသုံးပြုပုံကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို နောက်ပိုင်း အလားအလာ Long position ကောင်းနိုင်တယ်ဆိုရင် Up Trend လို့ သတ်မှတ်ပြီးတော့ Short Position ကောင်းတယ် ဆိုရင်တော့ Down Trend လို့ သတ်မှတ်နိုင်တဲ့ Tool ကို trend-following tool ခေါ်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Investors အများစုဟာ အကောင်းဆုံးဖြစ်နိုင်တဲ့ combination အချက်အလက်တွေကို ကြော်ငြာလေ့ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အစစ်အမှန် အကောင်းဆုံး moving average combination ဖြစ်မလာပါဘူး။ ရှာရင်းဖွေရင်းနဲ့ပဲ နောက်ဆုံးမှာတော့ Forex traders တွေဟာ သူတို့အသုံးပြုတဲ့ Timeframe အလိုက် အကျိုးအမြတ်များများ ရစေနိုင်တဲ့ combinations တွေကို တိတိကျကျ ရှာဖွေဆုံးဖြတ်ချက် ချနိုင်သွားပါတယ်။ သို့သော်လည်း ဒီနေရာမှာ Traders အများစုကို တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ Long trade တာပဲဖြစ်ဖြစ်၊ Short trade တာပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါမျိုးမှာ ဒီလိုမျိုး Trend တွေကို ဖော်ပြတဲ့ indicators တွေကို Entries and Exits တွေ လုပ်တဲ့အချိန်မှာ အားမကိုးသင့်ပါဘူး။

Indicator No.2: A Trend-Confirmation Tool
ယခု ကျွန်တော်တို့မှာ Trend-following tool တစ်ခုကို major trend ကနေပြီးတော့ ရယူပြီးသွားပြီး ဆိုပါတော့။ Up trend ပဲ ဖြစ်ဖြစ် Down Trend ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဒီ indicator ဟာ ဘယ်လောက် ယုံကြည်အားထားရဖို့ ကောင်းပါသလဲ။ ရှေးဦးပထမ ပြောခဲ့သလိုပါပဲ trend-following tools တွေဟာ whipsaw တွေ ဖြစ်ပေါ်ပြီးတော့ confirm ဖြစ်ဖို့အတွက် အားနည်းနေပြန်ပါသေးတယ်။ ဒါကြောင့်မို့လို့ current trend-following indicator တွေဟာ ပိုမိုမှန်ကန်မှုရှိသလား၊ မရှိဘူးလားဆိုတာကို တိုင်းတာဖို့ နည်းလမ်းတစ်ခုရှိဖို့ ထပ်မံ လိုအပ်လာပြန်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ Trend-confirmation tool တစ်ခုကို ရှာဖွေဖော်ထုတ်ဖို့ လိုလာပါတယ်။ အများအားဖြင့် သိထားရမှာကတော့ trend-following tool တစ်ခု၊ trend-confirmation tool တစ်ခုဟာ buy or sell signals တွေကို တိတိကျကျ သိဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ရှာဖွေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲ့ဒီ Tool နှစ်ခုစလုံး agree ဖြစ်တယ်ဆိုတဲ့အထိ စောင့်ကြည့်နေရပါမယ်။ အချုပ်အားဖြင့်ဆိုရလျှင် ဖော်ပြပါ Tool နှစ်ခုစလုံး ဟာ bullish ဖြစ်နေပါက Trader တစ်ယောက်ဟာ အဲ့ဒီ currency pair မှာ ယုံကြည်စိတ်ချစွာ long trade တစ်ခုကို ၀င်ဖို့အတွက် ဆုံဖြတ်ချက်ချနိုင်ပါပြီ။ အလားတူစွာ အဲ့ဒီ Tool နှစ်ခုစလုံးဟာ bearish ဖြစ်နေပါက sell short လုပ်ဖို့အတွက် focus လုပ်နိုင်ပါတယ်။


အများဆုံး popular ဖြစ်နေတဲ့ Trend-confirmation tool အတွက် indicator တစ်ခုကို ဥပမာ ပေးရမယ်ဆိုရင် MACD (moving average convergence divergence) ကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးပါဦးမည်။ ဒီ indicator ကို ပထမဦးစွာ တိုင်းတာထားတဲ့ moving averages နှစ်ခုရဲ့ ထပ်ညွန်းကိန်း ( smoothed moving averages ) တန်ဖိုးတွေရဲ့ ခြားနားချက်တွေကို ကိုယ်စားပြု ဆွဲသားထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ကွာခြားချက်နဲ့ မူလ moving average တွေကို compared ပြန်လုပ်ပါတယ်။ အဲ့ဒီလို compare ပြန်လုပ်တဲ့အခါမှာ Current smoothed average ဟာ မူလ moving average ရဲ့ အထက်မှာ ရှိနေတဲ့ အချိန်ဆိုရင် Histogram ဟာ Positive အနေနဲ့ ပြပါတယ်။ ဒါကို Uptrend အတွက် confirmed လုပ်ပါတယ်။ အခြားပြောင်းပြန်အနေနဲ့ Current smoothed average ဟာ မူလ moving average ရဲ့ အောက်မှာ ရှိတယ်ဆိုရင်တော့ Histogram ဟာ negative အနေနဲ့ ဖော်ပြပါတယ်။ ဒါကို Downtrend ကို confirmed လုပ်ပါတယ်။ ဒါကတော့ MACD အကြောင်းကို ယေဘုယျအားဖြင့် ဖော်ပြပေးတာပါ။

အချုပ်အားဖြင့်ဆိုရလျှင် trend-following moving average combination ဟာ bearish (Short-term average below long-term average) ဖြစ်နေတယ်၊ ပြီးတော့ MACD Histogram ကလည်း negative ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ confirm လုပ်နိုင်တာက Downtrend ပါပဲ။ နှစ်ခုစလုံးဟာ Positive ဖြစ်နေတယ် ဆိုရင်တော့ Uptrend ပေါ့။ အခြားသော trend-confirmation tool တွေလည်း ရှိနေပါသေးတယ်။ ROC (rate of change indicator) လိုမျိုးပေါ့။ ဒီနေရာမှာတော့ Post အရမ်း ရှည်မည်စိုးသဖြင့် မဖေါ်ပြတော့ပါ။ Indicators တွေအကြောင်း အကြမ်းဖျဉ်း သိရုံသာရည်ရွယ်ပါသည်။

ဒီမှာလည်းပဲ Trend-following tool လိုပဲ အခြားအခြားသော indicator တွေ၊ custom indicator တွေကို trend-confirmation tool အဖြစ် သုံးနိုင်ပါသည်။ ဒါကတော့ trend-confirmation tool အကြောင်းပါပဲ။

Indicator No.3: An Overbought/Oversold Tool
Traders တွေဟာ major trend တွေရဲ့ direction တွေမှာ trade လုပ်ကြဖို့ ပြောနေစဉ်မှာပဲ သူတို့ဟာ ပိုမိုကောင်းမွန်တယ်လို့ ထင်တဲ့ short timeframe တွေမှာ လုပ်ဖို့ကြိုးစားကြပြန်ပါတယ်။ ဒါဟာ Tool တွေကို ချိန်ညှိဖို့အတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ pullback တစ်ခု ဖြစ်ပွားပြီးနောက် သို့မဟုတ် clear trend တစ်ခု အခြေခိုင်နေပြီး မကြာခင်မှာပဲ ယခင် indicator tools နှစ်ခုဖြင့် ဆန့်ကျင်နေပါစေ ပိုမိုကောင်းမွန်တဲ့ အခြေအနေဆိုပြီး opposite Trade တွေဝင်ဖို့ကို ဆုံးဖြတ်ချက် ချပါတော့တယ်။ ဒါဟာ မှားယွင်းမှု တစ်ခုပါပဲ။ အမှန်တကယ်ဆိုရင် trend ကို bullish ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချထားပြီးဆိုလျှင် ရွေးချယ်မှုဟာ ၀ယ်ဖို့အတွက် အားကောင်းတယ် သို့မဟုတ် ၀ယ်ဖို့အတွက် အားနည်းတယ်ဆိုတာသာ ဖြစ်လာရမှာပါ။ ၀ယ်ဖို့အတွက်သာလျှင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အားကောင်းတယ်ဆိုရင် ၀ယ်မယ်၊ အားနည်းတယ်ဆိုရင် ၀ယ်ဖို့ နည်းနည်း စဉ်းစားမယ် ဆိုတာမျိုးဖြစ်ပါတယ်။ ရောင်းဖို့ လုံးဝ(လုံးဝ) မစဉ်းစားရပါဘူး။ လျှင်လျှင်မြန်မြန် ဆုံးဖြတ်ချက်ကို ချတက်သူဆိုလျှင် သင်ဟာ Uptrend or downtrend ဟာ confirmed ဖြစ်လာတာနဲ့ မကြာမှီမှာပဲ Trade တစ်ခုကို ၀င်ဖို့အတွက် တွေးတောနေပါတော့တယ်။

တကယ်တော့ မျှော်လင့်ထားချက်အရ the larger overall primary trend ဖြစ်ပေါ်လာနေစဉ်အတွင်း မူလ direction အတိုင်း ဆက်သွားရန် ကျွန်တော်တို့အနေနဲ့ pullback တစ်ခုအတွက် စောင့်သင့်ပါတယ်။ စောင့်ကို စောင့်ရမှာပါ။ ဒါဟာ နည်းပါးတဲ့ risk တစ်ခုကို ဖြစ်စေနိုင်တဲ့ အခွင့်အရေးရနိုင်လို့ပါပဲ။ ဒီအတွက် ကျွန်တော်တို့ဟာ overbought/oversold indicator ပေါ်မှာ မှီခို အားထားရပါလိမ့်မယ်။ ဒါဟာ Overbought/Oversold Tool ပါပဲ။ ဒီမှာလည်းပဲ များပြားသော သင့်လျော်သော indicators တွေ ရှိနိုင်ပါတယ်။


ဒီ Indicator ခေါင်းစဉ်အတွက် အသုံးများတဲ့ indicator တစ်ခုကို ဥပမာပေး ရွေးချယ်ရမယ်ဆိုရင် three-day relative strength index (three-day RSI) ကို အနည်းငယ် ဖော်ပြချင်ပါတယ်။ ဒီ indicator က ဘယ်လို တွက်ထုတ်ထားတာလဲဆိုတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Timeframe D1 မှာ ဆိုရင် တဆက်တည်း တက်သွားတဲ့ အတက်ရက်တွေ ပေါင်းခြင်းနဲ့ အဆင်းရက်တွေ ပေါင်းခြင်းကို တွက်ထုတ်ထားတာ ဖြစ်ပါတယ်။ ပမာဏအနေနဲ့ကတော့ Zero မှ 100 သို့ ရှိပါတယ်။ အခြားသော Timeframe တွေမှာလည်းပဲ ထို့အတူပဲ ဖြစ်ပါတယ်။ H1 ဆိုရင် Hours အလိုက် ဖြစ်ပြီးတော့ H4 ဆိုရင်လည်း 4 Hours အလိုက် ဖြစ်ပါတယ်။ ဒီမှာတော့ Daily Timeframe ကို ယူသုံးထားတာ ဖြစ်ပါတယ်။

Price action တွေအားလုံးဟာ အပေါ်ဘက်မှာ ရှိနေတယ်ဆိုရင် indicator ဟာ 100 ကို ချဉ်းကပ်သွားပါတယ်။ အကယ်၍ အောက်ဖက်မှာရှိတယ်ဆိုရင်တော့ indicator ဟာ Zero ကို ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ 50 အမှတ်ကတော့ neutral အဖြင့် စဉ်းစားပါတယ်။ RSI အကြောင်းကို Trader အတော်များများ သိပြီးသားလည်း ဖြစ်မှာပါ။ ဒီနေရာမှာ ယေဘုယျအားဖြင့် ဖေါ်ပြတာ ဖြစ်တဲ့အတွက် မသိသေးတဲ့သူများ အနည်းငယ် ရှုတ်ထွေးနေကောင်း ရှုတ်ထွေးနေနိုင်ပါတယ်။ ဆိုလိုတာက RSI မှာ ကျွန်တော်တို့ Pullbacks တွေကို ရှာဖွေပြီးတော့ ၀င်မှတ်တွေကို ရွေးချယ်တာပါပဲ။ အထက်တွင် ဖေါ်ပြထားပြိး ဖြစ်သော Trend-following Tool နှင့် Trend-confirmation tool တို့မှ Trend ကို confirm လုပ်ပြီးသားဖြစ်တဲ့အတွက် Long လုပ်မလား၊ Short လုပ်မလား ဆိုတာကို သိထားပြီး ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် Entry အတွက် ရှာဖွေတာပဲ ဖြစ်ပါတယ်။ Price action ဟာ pullback ဖြစ်တဲ့ အချိန်ကို RSI မှာ ရှာပြီး ၀င်ဖို့အတွက် ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ Long လုပ်မယ်ဆိုရင် RSI ဟာ certain trigger level 20 ရဲ့ အောက်ဖက်ကို နိမ့်ကျဆင်းသွားရင် oversold position အဖြင့် ညွန်ပြနေတဲ့ အတွက် အဲ့ဒီနေရာမှာ long လုပ်ပါမယ်။ ဆန့်ကျင်ဘက်အနေဖြင့် RSI certain trigger level 80 ရဲ့ အထက်ကို တက်သွားတဲ့ အချိန်မှာ overbought position တစ်ခုအဖြစ် ညွန်ပြနေတဲ့ အတွက် အဲ့ဒီနေရာမှာ Short Trade ၀င်ဖို့အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်။ အများအားဖြင့် Traders တွေဟာ trigger levels တွေကို သတ်မှတ်ကြတာ တူလေ့မရှိကြပါဘူး။ ဒါကတော့ Overbought/Oversold Tool အတွက် ဥပမာအဖြစ် ဖေါ်ပြတာဖြစ်ပါတယ်။

Indicator No.4: A Profit-Taking Tool
နောက်ဆုံးအမျိုးအစား indicator ကတော့ forex trader တစ်ယောက်အတွက် winning trade တစ်ခုအပေါ်မှာ အမြတ်တွေကို ရယူတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် လိုအပ်နေတဲ့ Indicator ပါပဲ။ ဒီမှာလည်းပဲ အမျိုးမျိုးသော indicator များကို ရွေးချယ်နိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ three-day RSI ကိုလည်း ပြန်သုံးနိုင်ပါတယ်။ ဥပမာ Long position တစ်ခုကို ကိုင်ထားတဲ့ Trader တစ်ယောက်အတွက် three-day RSI ဟာ 80 or more ကို မြင့်တက် သွားတယ် ဆိုရင် အမြတ်အချို့ကို ရယူနိုင်သလို Short position ကို ကိုင်ထားတဲ့ သူကလည်း RSI 20 or less ဆိုရင် အမြတ်အချို့ကို ရယူနိုင်ပါတယ်။ Bollinger Bands, Tralling stop ကဲ့သို့သော အခြား အခြားသော indicators တွေ များစွာကိုလည်း profit-Taking tool အနေဖြင့် အသုံးပြုနိုင်ကြပါသေးတယ်။


အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော်တို့ဟာ forex market ထဲကို ၀င်ဖို့အတွက် ချီတုံချတုံ ဖြစ်နေတယ်၊ ပြီးတော့ ထင်ရှားသိသာတဲ့ entry point ကို စောင့်နေတယ်ဆိုရင် အချိန်ကာလတစ်ခုအဖြစ် ရင်းနှီးပြီး ကိုယ်တိုင် ရှာဖွေနေရပါမယ်။ forex indicators တွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်တိုင် အချိန်ကုန်သက်သာပြီး သင့်လျော်သော strategies တွေကို ရွေးချယ်ဆုံးဖြတ်နိုင်၍ အမြတ်များကို လုပ်ယူနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ platforms တွေမှာ အလွယ်တကူ ပါဝင်နေတဲ့ indicators တွေကို မသုံးချင်ဘဲ မိမိတို့ကိုယ်တိုင် custom indicators တွေကို ဖန်တီးယူမယ်ဆိုရင်လည်း ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။

Custom indicators တွေကို ဘယ်လို ရယူဖန်တီးမလဲ ဆိုတာကတော့ post အတော်ရှည်သွားပြီး ဖြစ်တဲ့အတွက် နောက်မှပဲ ဆက်လက် ရေးသားပါဦးမည်။ Traders တွေအားလုံး အောင်မြင်ပါစေ။

Facebook Page မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

Wall St နှင့် ငွေကြေးကဏ္ဍ အပိုင်း(၃)

5:00 PM | ,


Wall St နှင့် ငွေကြေးကဏ္ဍ

အရင်းရှင်လောကအတွက် ငွေရင်း (capital) ဟာ အရေးအကြီးဆုံးပဲ။ သာမာန်အားဖြင့်တော့ ငွေလိုချင်ရင် ဘဏ်တွေမှာ ချေးပေါ့။

အမှန်က ငွေကြေးနဲ့ ပက်သက်တာအားလုံးကို Financial Sector ငွေကြေးကဏ္ဍလို့ ခေါ်ပါတယ်။
ငွေကြေးကဏ္ဍအတွင်းမှာမှ ငွေရင်းဖေါ်ထုတ်တဲ့၊ ငွေရင်း (မ)တည်တဲ့ ဈေးကွက်သက်သက်ကိုမှ Capital Market ငွေရင်းဈေးကွက်လို့ ခေါ်သလို နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်သက်သက်ကိုမှ FOREX (Foreign Exchange) Market လို့ ခေါ်ပါတယ်။ တချိန်တည်းမှာ ဆန်ကဲ့သို့ အစားအစာ၊ ရွှေ၊ သံမဏိကဲ့သို့ တွင်းထွက်ပစ္စည်းစတဲ့ ကုန်ကြမ်းနဲ့ ရေနံကဲ့သို့ အဓိကထွက်ကုန်တို့ကို လဲလှယ်ရာ Comomodity Market လူသုံးကုန်ဈေးကွက်နဲ့ ဈေးကစားရာဈေးကွက် Option market ဆိုပြီး ဆိုင်ရာဆိုင်ရာ ဈေးကွက်အသီးသီး ရှိကြပါတယ်။

ဘဏ်ဆိုတိုင်းလည်း အများသိကြတာက ဘဏ်ဆိုတာနဲ့ မိမိတို့ငွေအပ်နှံရာဌာနနဲ့ မိမိလုပ်ငန်းအတွက် ငွေချေးနိုင်တဲ့ဌာနလို့ပဲ မြင်မိကြမယ်လို့ ထင်မိတယ်။ ဒါကို ရောင်းဝယ်ရေးဘဏ် Commercial Banks လို့ ခေါ်ပါတယ်။ ဒီဘဏ်တွေရဲ့ လုပ်ငန်းစဉ်က ရှင်းရှင်းလေးပါ။ လူတွေက ငွေလာအပ်နှံထားကြတယ်။ ဘဏ်က အတိုးနဲနဲပေးတယ်။ မထုတ်ဘဲ ကြာကြာထားရင် အတိုးများများရတယ်။ ဒီငွေကို စုပြီး ဘဏ်တွေက ငွေလိုတဲ့လုပ်ငန်း (Businesses) တွေကို ငွေချေးတယ်။ ဘဏ်က အတိုးရတယ်။ ဒီလိုငွေလည်ပတ်သွားတော့ အရင်းအနှီးတွေ ပိုလာတယ်။

အမေရိကားနဲ့ တိုးတက်ပြီး နိုင်ငံအများစုမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြီးမားတဲ့ဘဏ်တွေအပြင် ဒေသ၊ တိုင်းဒေသဘဏ် (Regional Banks) ဆိုတာတွေရှိသလို Saving and Loans လို့ခေါ်တဲ့ Mortage အဆောက်အဦအကြွေးလည်းလုပ်တဲ့ ဘဏ်တွေရှိပြန်တယ်။

အရင်းအနှီးဘဏ် (Investment Banks)
အရေးအကြီးဆုံးက Investment Banks လို့ခေါ်တဲ့ ရင်းနှီးမှုဘဏ် ဆိုတာတွေရှိတယ်။ ဒီဘဏ်တွေက ရိုးရိုးပြည်သူတွေအတွက် မဟုတ်၊ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီကြီးတွေ ငွေရင်းလိုတဲ့အခါ (ငွေရင်း)ရှာဖို့နဲ့ ငွေရှိသူတွေ ရင်းနှီးဖို့ (Investment) အတွက်ဖြစ်တယ်။ ဥပမာ စတော့ (Stocks) နဲ့ ဘွန်း (Bonds) တွေ ထုတ်ပေးတယ်။ Brokerage လို့ခေါ်တဲ့ (ပွဲစား) အလုပ်လည်း လုပ်တယ်။ Private Banking လို့ ခေါ်တဲ့ ငွေရှင်တွေအတွက် ရင်းနှီးမှုကိုလည်း တာဝန်ယူပေးတဲ့ အလုပ်ကိုလုပ်တယ်။ မိမိကိုယ်တိုင်လည်း Stocks & Bonds ကို အရောင်း/အ၀ယ် လုပ်တယ်။

ကုမ္ပဏီကြီးတခုက နောက်ကုမ္ပဏီတခုကို ၀ယ်ချင်ရင် ဒါကို (M&A) Merger & Acquisition ပေါင်းစပ်ခြင်းနဲ့ သိမ်းယူခြင်းလို့ ခေါ်ပါတယ်။ ဒီလို (M&A) လုပ်ရင် ၀ယ်ချင်တဲ့ ကုမ္ပဏီက ပစ်မှတ်ကုမ္ပဏီရဲ့ အကြောင်းနဲ့ Stock history စတော့ရာဇ၀င်အားလုံးကို သိဖို့လိုပါတယ်။ နောက်ပြီး ၀ယ်ရင် Public ကုမ္ပဏီဖြစ်ရင် ပစ်မှတ်ကုမ္ပဏီရဲ့ စတော့တန်ဖိုးက ဘယ်လောက်ရှိတယ်၊ ဘယ်ဈေးနဲ့ ပေးဝယ်မယ်ကအစ ဒီ Investment Banks ရဲ့လက်အပ်ရတာပဲ။ ၀ယ်ရင်လည်း မြန်မာနိုင်ငံမှာလို ငွေအလုံးအရင်း ပေးဝယ်တာမဟုတ်ဘဲ Stocks နဲ့ ချေတာများပါတယ်။

တခါတရံလည်း Public ကုမ္ပဏီကို Private လုပ်တာတွေရှိတယ်။ Public ကုမ္ပဏီဆိုတာက Public လူထုကို Stocks တွေ ထုတ်ရောင်းထားတဲ့အတွက် သုံးလတခါ မိမိရဲ့ ငွေစာရင်းအခြေအနေကို ရှင်းပြရပါတယ်။ ငွေကြေးရှင်းတမ်း Financial Statement လို့ ခေါ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး Stocks Analyst လို့ခေါ်တဲ့ စတော့လေ့လာသူတွေက ဝေဖန်ကြပြီး ဒီစတော့ရဲ့ တန်ဖိုးဟာ ဒီ (၃)လ၊ (၆)လ၊ တနှစ်အတွင်း ဘယ်လောက်အထိ ဈေးတက်နိုင်တယ်၊ ကျနိုင်တယ်ဆိုပြီး ထင်မြင်ချက်ပေးကြတယ်။ အရင်းနှီးပြုသူ Investors တွေက ဒီလို ရီပေါ့ (Report) တွေကို ကြည့်ပြီး ၀ယ်/ရောင်းမယ်ဆိုတာကို ဆုံးဖြတ်ကြရတယ်။ Private ဆိုတာက ပုဂ္ဂလိက ပိုင်ဆိုင်တာကြောင့် စတော့ထုတ်ရောင်းစရာလည်း မလိုသလို၊ (၃)လပတ်ရှင်းတမ်းလည်း ထုတ်စရာမလိုပါ။ ရှုံးရှုံးမြတ်မြတ် ပိုင်ဆိုင်သူနဲ့သာ ဆိုင်တာကိုး။

စတော့ နဲ့ ဘွန်း (Stocks & Bonds)
စတော့ နဲ့ ဘွန်း (Stocks & Bonds) ဆိုတာတွေကတော့ တကယ်တော့ ငွေရှာ/ ငွေချေးတာပါပဲ။ အရင်းရှင်စနစ်မှာ အဓိက အကျဆုံးက (၀င်ငွေ) ရှိဖို့ လိုအပ်ပါတယ်။ အလုပ်သမားက အလုပ်ရှိရင် (၀င်ငွေ) ရှိတယ်။ လစာ (Salary) လို့ခေါ်ပါတယ်။

Blue Collar သမားက နာရီနဲ့ရတာ များတယ်။ White Collar အလုပ်သမားက လစာရကြတယ်ပေါ့။
အမေရိကားမှာတော့ နှစ်ပတ်တခါ လစာထုတ်ကြတာ များတယ်။

အလုပ်ရှင်တွေ၊ ကုမ္ပဏီတွေလည်း (၀င်ငွေ) ရှိတယ်။ လုပ်ငန်းကုန်ကျငွေဟာ ၀င်ငွေထက်နည်းရင် (အမြတ်) ရှိတယ်။ သုံးငွေနဲ့ ၀င်ငွေ မမျှရင် (အရှုံး) ပေါ်တာပေါ့။ Financial Statement က ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေကို သာမာန်အားဖြင့် ဖေါ်ပြကြပါတယ်။

အရင်းရှင် ငွေကြေးစနစ်က ၀င်ငွေပြနိုင်ရင် ဒီဝင်ငွေအပေါ်မူတည်ပြီး (အကြွေး) ယူနိုင်တယ်။ အကြွေး ယူရင် (အတိုး) ပေးရတယ်။ ဒီ(အတိုး)က ဘဏ်နဲ့ ငွေချေးရာဌာန (Financial Institution) အတွက် (၀င်ငွေ) လာဖြစ်တယ်။

ငွေချေးပြီးပြန်ဆပ်တော့ ပေးဆပ်သူက (အတိုး) နဲ့ (အရင်း) ပေါင်းပြီး တလဘယ်လောက်သွင်းဆိုပြီး ပြန်ဆပ်ရတယ်။ ဘာကြောင့် ပြန်ဆပ်နိုင်တာလဲ။ လစဉ် လစာရှိရင်ရှိ၊ မရှိရင် (၀င်ငွေ) ရှိရမယ်။ ဥပမာ ရင်းနှီးမှု (Investment) ကနေ ၀င်ငွေ ရှိချင်ရှိမယ်။ ပင်စင် လစာရချင်ရမယ်။

နောက်ဆုံးတော့ (၀င်ငွေ) ရှိရင် ငွေလည်သွားပြီ။ (ငွေ) ကို အသေမထားဘူး။ (အရှင်) ထားတယ်။ ဒီတော့ (ငွေ) က (ငွေ) ကိုပြန်ဖေါ်တာပဲ။

ကျနော်တို့ ဗမာနိုင်ငံမှာတော့ အိပ်ရာအောက်သိမ်း၊ ဟိုသိမ်းဒီသိမ်း၊ ဟိုမြှုပ်ဒီမြှပ် လုပ်ကြတာ ဘယ်လောက် (နာ) တယ် ထင်ပါသလဲ။(စနစ်) မရှိတာပါ။ ကြားထဲ ခိုးလို့ဖြစ်စေ၊ ဓါးပြအတိုက်ခံရလို့ ဖြစ်စေ ဆုံးရှူံးမှုတွေ ရှိတယ်။

Leverage လုပ်တယ်ဆိုတာဘာလဲ။
အရင်းရှင်စနစ်မှာ ငွေကို အသေမထားရဘူး။ ဒါကြောင့် (၀င်ငွေ) ရှိရင် ဒါကို (အရင်း) ပြုပြီး ငွေဖေါ်ရမယ်။ ဒါကို Leverage လုပ်တယ်လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် ၀င်ငွေရှိတဲ့ လုပ်ငန်းကို (အပေါင်) ထားပြီး ငွေဖေါ်တာပါပဲ။

ဥပမာ ကျနော်က ရန်ကုန်-မန္တလေးအဝေးပြေး ခရီးသည်ဘတ်စ်ကားလိုင်း ထောင်ချင်တယ် ဆိုပါတော့။ ယမုံနာ အဝေးပြေးကားကုမ္ပဏီလို့ ခေါ်ကြရအောင်။

ဘတ်စကားတွေ ၀ယ်ရမယ်။ ကားမောင်းသမား ငှားရမယ်။ လက်မှတ်အရောင်းစာရေးတွေ ခန့်ရမယ်။ ကားပျက်ရင်ပြင်ဖို့ ငွေရှိရမယ်ပေါ့။ အလုပ်သမားလစာ ပေးတာတို့၊ နေ့စဉ်လက်မှတ် ရိုက်တာတို့စတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်။ ဒါကို Operating Cost လည်ပတ်မှုအတွက် ကုန်ကျစရိတ်လို့ ခေါ်ပါတယ်။

နောက်လုပ်ငန်းအောင်မြင်လို့ တိုးချဲ့ဖို့ ကားအသစ်တွေ ၀ယ်ရမယ်။ ကားပြင်ဖို့ hydraulic တွေ ၀ယ်ရမယ်၊ ကားပြင်ဖို့ စက်ကရိယာတွေ၊ ကွန်ပြူတာတွေ ၀ယ်ရမယ်ဆိုပါစို့။ ဒါတွေကို Capital cost ငွေရင်းလိုတာမို့ ငွေရင်းငွေလို့ ခေါ်ပါတယ်။ လုပ်ငန်းတိုင်းမှာ Operating Cost နဲ့ Capital cost ဆိုတာ ရှိကြပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် ငွေရင်းကို ဘယ်ကရမှာလဲ။ ဘဏ်ဆိုတာက collateral လို့ခေါ်တဲ့ ပိုင်ဆိုင်မှု အပေါင်ပစ္စည်းရှိမှ။ ပြန်ရစရာ အိုးအိမ်နဲ့ စိန်ရွှေရတနာရှိမှ ငွေချေးမှာကိုး။ ငွေချေးရင် အတိုးပေးရတယ်။ တနှစ်လောက်အကြာမှာ စာရေးသူရဲ့ လုပ်ငန်းက ပုံမှန်ဝင်ငွေရှိလာပြီ။ တိုးချဲ့ချင်တယ် ဆိုပါစို့။ ငွေရင်းဘယ်က ရမှာလဲ။ ဘဏ်ကနေ ထပ်ချေး၊ အတိုးထပ်ပေးရုံပဲ ရှိတယ်။

အရင်းရှင်နိုင်ငံမှာတော့ မိမိလုပ်ငန်းဝင်ငွေရှိပြီ။ ဒါကို leverage ယူပြီး Stock တွေ ထုတ်ရောင်းလို့ ရပါတယ်။ ဒါကို IPO (Initial Public Offering) လို့ ခေါ်ပါတယ်။ ပထမဦးဆုံး Stock စရောင်းတာမို့ပါ။
တဖက်ကကြည့်ရင် Stock ရောင်းတယ် ဆိုတာက မိမိရဲ့ လုပ်ငန်းအောင်မြင်မှုကို Public လူအများနဲ့ share မျှဝေခံစားတာပဲ။ ငွေရှိတဲ့သူက အောင်မြင်တဲ့လုပ်ငန်းရဲ့ တစိတ်တဒေသကို ငွေနဲ့ ၀ယ်ယူတာပဲ ဖြစ်တယ်။ ကုမ္ပဏီဖက်ကကြည့်ရင် မိမိရဲ့အောင်မြင်မှုကို အရင်းတည်ပြီး (leverage) လုပ်ပြီး ငွေဖော်တာပဲ။ Stock ရောင်းလို့ရတဲ့ ငွေနဲ့ Capital cost ကို တိုးချဲ့နိုင်တာကြောင့် ကားအသစ်တွေ ၀ယ်နိုင်မယ်၊ အလုပ်သမားသစ်တွေ တိုးငှားနိုင်မယ်။ ဒါကြောင့် ရန်ကုန်/မန္တလေးအပြင်၊ မန္တလေး/မေမြို့/ တောင်ကြီး လိုင်းသစ်တွေကို တိုးချဲ့နိုင်မယ်။ ဈေးကွက်ချဲ့နိုင်တာကြောင့် ၀င်ငွေတိုးမယ်။ ၀င်ငွေမှန်မှန်တိုးပြီး လုပ်ငန်းပိုအခြေကြလာရင် လူတွေက စာရေးသူရဲ့ ယမုံနာကုမ္ပဏီကို ပိုယုံကြည်လာပြီး stock ဈေးတက်တော့ ရင်းထားတဲ့လူတွေလည်း အကျိုးရှိတာပေါ့။

ကုမ္ပဏီလည်း Stock တွေ ပိုထုတ်နိုင်သလို Bond ထုတ်ရောင်းရင် လူတွေဝယ်ကြတော့မှာပေါ့။ Stock ဆိုတာဟာ (ပိုင်ဆိုင်မှု) ပါလာပြီး အတက်အကျရှိတယ်။ စွန့်စားမှု Risk ရှိတယ်။

Bond ဆိုတာကတော့ (ငွေချေး) စာချုပ်သက်သက်ပဲ။ ရေတို/ရေရှည် Bond ရှိတယ်။ အချိန်ကိုလိုက်ပြီး အတိုးအမျိုးစုံ ရှိတယ်။ Bond ၀ယ်သူက အတိုးစားရမယ်။ ၂ နှစ် Bond ဆိုရင် ၂ နှစ်မှာငွေပြန်ရမယ်။ ၁၀နှစ် Bond ဆိုရင် ၁၀နှစ်မှာမှ အရင်းပြန်ရမယ်။ mature date လို့ ခေါ်ပါတယ်။

ဒါတွေက အကြမ်းဖျင်းပဲ ရှိသေးတယ်။ Controlling Share ထိန်းချုပ်မှုရှယ်ယာ လို့ခေါ်ပါတယ်။ ဥပမာ ယနေ့ Rudolf Murdoch ရဲ့ News Corp ဆိုတာ ပြဿနာတွေ ပေါ်နေတယ်။ ဒါပေမဲ့ Murdoch ရဲ့ မိသားစုက Controlling Shares တွေကို ကိုင်ထားတဲ့အတွက် Share Holders meeting ရှယ်ယာ ပိုင်ရှင်တွေ တွေ့ဆုံပွဲမှာ Murdoch မိသားစုကို မကျော်နိုင်။

ဒါကြောင့် Stock & Share ထုတ်ဝေတော့မယ်၊ Bond ထုတ်ရောင်းမယ်ဆိုရင် ဒီ Investment ဘဏ်တွေကို ငှားရတာပါပဲ။

ငွေအသေမခံ
အရင်းရှင်လောကမှာ ငွေကို အရှင်ထားကစားတာပဲ။ ငွေကို အသေမခံချင်ကြဘူး။ Secondary Mortage နဲ့ Mortage Based Bonds တွေ အကြောင်း၊ ၂၀၀၇ ငွေကြေးပြဿနာအကြောင်းရေးတုန်းက ရေးပြပြီးပါပြီ။ ဥပမာ စားသုံးသူ Consumer လူထုဟာ ဘဏ်တွေက အကြွေးကဒ် (Credit Card) ထုတ်ပြီး အကြွေးစားသုံးကြတယ်။ အများက ဒီလ $ ၁၀၀၀ သုံးရင် အကုန်ပြန် မဆပ်နိုင်ကြဘူး။ $ ၅၀၀ ပဲ ပြန်ဆပ်နိုင်တယ်ဆိုရင် $ ၅၀၀ အကြွေးတင်ရင် ဒီ $ ၅၀၀ အပေါ်မှာ အတိုးပေးတော့ပေါ့။ ဘဏ်တွေက ဒီ (Credit Card) အကြွေးတွေကို စုပေါင်းပြီး Bond ထုတ်ပြီးပြန်ရောင်းတယ်။ ဥပမာ ဘဏ်က စားသုံးသူဆီမှာ ၄% နဲ့ အတိုးယူရင် ၁% ပဲစားပြီး ၃% ကို Bond ၀ယ်သူကို ပေးစားလိုက်တယ်။ ၁% ပဲ အတိုးစားလို့ သူတော်ကောင်းလို့ မထင်လိုက်ပါနဲ့။ ဘီလျံနဲ့ချီတော့ အတိုးခက သန်းနဲ့ချီရပါတယ်။ ငွေပြန်ဖေါ်တာလေ။ တခါ ပေါ်လာတဲ့ (ငွေ) နဲ့ ပြန်ချေး ငွေထပ်ဖေါ်ပေါ့။

ကြံရည်ညှစ်သလို ဒီငွေကို အကြိမ်ကြိမ်ချေး၊ အကြိမ်ကြိမ် (၀င်ငွေ) ရအောင်လုပ်တာပါ။ ဒီလို Bond မျိုးစုံကို retail ပြန်ရောင်းတော့လည်း ဒီ Investment Banks တွေကပဲ ပြန်ရောင်းပေါ့။

အစိုးရ ဘွန်း (Bonds)
ရပ်ကွက်၊ ပြည်နယ်၊ တိုင်းပြည်ကို အုပ်စိုးရတဲ့ အစိုးရတိုင်းမှာလည်း (၀င်ငွေ) ဆိုတာရှိပါတယ်။ (အခွန်) TAX ဆိုတာ အစိုးရတိုင်းအတွက် ၀င်ငွေပါပဲ။ ဒါကြောင့် ဒီဝင်ငွေကို leverage အရင်းတည်ပြီး ငွေချေးလို့ရပါတယ်။ Bond တွေ ထုတ်ရောင်းလို့ရပါတယ်။

Capital market ငွေရင်းရှာတဲ့ ဈေးကွက်မရှိတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ တံတားတွေဆောက်ချင်တယ်၊ လမ်းတွေဖောက်ချင်တယ်ဆိုရင်၊ အစိုးရဟာ မိမိတို့ရဲ့ဘတ်ဂျက်ငွေထဲက ငွေနဲ့ပဲ ဆောက်ရပါမယ်။ ကံကောင်းချင်တော့ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်တဲ့နိုင်ငံဖြစ်ပြီး သယံဇာတမှန်သမျှ အစိုးရပိုင်လို့ သတ်မှတ်တဲ့အတွက် ၀င်ငွေရှိတာကြောင့် ဘတ်ဂျက်ရှိပေမဲ့ ဒီငွေတွေကို အလုံးအရင်း မပေးရဘဲ သတ်မှတ်ထားတဲ့ အတိုးနဲ့အရင်းကို မျှပေးနိုင်ရင် သန်း ၁၀၀ သာတတ်နိုင်မဲ့အစား သန်း ၂၀၀ သန်း ၃၀၀ တတ်နိုင်ရင် တိုးတက်မှု ပိုမမြန်နိုင်ဘူးလား။ မဆလခေတ်မှာ ဘာမှ မဆောက်နိုင်ခဲ့တာ ဘတ်ဂျက်မရှိလို့ မဟုတ်ပါလား။

တခြားနိုင်ငံတွေမှာတော့ မြူနီစပယ်အစိုးရက ငွေလိုချင်ရင်တောင် Bond ထုတ်ရောင်းကြပါတယ်။ မြူနီစပယ် Bond မို့၊ မြူနီ (Muni) လို့ ခေါ်ပါတယ်။ ငွေချေးပြီး တည်ဆောက်ကြတာပါ။

အမေရိကန်နိုင်ငံမှာ အစိုးရကချေးတဲ့ Bond ကို Treasury Notes လို့ခေါ်ပါတယ်။ အမေရိကန် နိုငံရေးသမားတွေဟာ ကိုယ့်ပိုက်ဆံမဟုတ်တိုင်း တိုင်းပြည်ပိုက်ဆံကို မတရား ဖြုန်းကြတယ်။ ယနေ့ အမေရိကားမှာ အခွန်ကနေ လက်ငင်းရငွေ တလ ၁၇၀ ဘီလျံရှိပြီး သုံးငွေက ဘီလျံ ၃၀၀ ကျော်ပါတယ်။ အသုံးလျော့ဖို့ ၀ိုင်းပြောတာလဲ မရပ်နိုင်ကြ။ သမ္မတ ဘုဒ်ဟာ သူ့သက်တမ်း (၈) နှစ်မှာ ဒေါ်လာ (၄) ထီလျံ သုံးသွားတယ်။ အိုဘာမားက (၃) နှစ်ကျော်ကျော်လေးမှာ (၅) ထီလျံ ဖြုန်းပြီးပြီ။ စာရေးသူရဲ့ အမြင်အရ အိုဘားမားဟာ ရပ်ကွက် အက်တစ်ဗစ်အဆင့်ကနေ အီလီနွိုင်ပြည်နယ်အတွက် ဆီနေတာ သက်တမ်းပြီးအောင်တောင် တာဝန်ကို မထမ်းဆောင်ရသေးဘူး။ တရားအဟော ကောင်းတာနဲ့ အမဲကွဆိုပြီး လက်ဝဲလစ်ဖရယ်တွေက ၀ိုင်းမြှောက်တင်လိုက်ကြတာ သမ္မတဖြစ်လာပေမဲ့ အုပ်ချုပ်ရေးရော၊ နိုင်ငံခြားရေးရော နားမလည်သလို စီးပွားရေးအကြောင်းကို (ဂဃဏန) မသိ၊ အစက စသင်နေရတယ်။ ဟီလာရီကလင်တန်နဲ့ တခြားစီပဲ။ ခုမှ လက်ဝဲတွေ၊ လစ်ဖရယ်တွေ ဈေးဝယ်မှားတဲ့ နောင်တ Buyers Remorse ရနေကြပြီ။ အမေရိကန်နိုင်ငံဟာ လောလောဆယ် အကြွေးဟာ ၁၅ ထီလျံ ကျော်သွားပြီ။ GDP က ၁၂ ထီလျံကျော်ကျော်။ အကြွေးသိပ်ထူလာရင် အတိုးနှုန်းတက်လာပြီး ဂရိနိုင်ငံလို သူတောင်းစားနိုင်ငံဖြစ်မှာကို ဥာဏ်ရှိသူတွေက တွေးပူနေကြရပြီ။

ဒီအစိုးရ Bond တွေ ထုတ်ရောင်းတာအတွက်ရော၊ Treasury Notes တွေရောင်းဖို့ ပွဲစားလုပ်တာ အားလုံး Investment နဲ့ Banks Brokerage တွေရဲ့ လက်ထဲပဲအပ်ရတာပဲ။ အမှန်တော့ ဒီ Investment Bankers တွေဟာ ကြားပွဲစားအကြီးစားတွေပဲ။ ဟိုဖက်ဒီဖက် နှစ်ဖက်(ခွ)စားတာပဲ။ ဒါကြောင့် regulation လျော့သွားတဲ့အခါ လောဘမထိန်းနိုင်ပဲ (အစား)လွန်သွားတော့ ၂၀၀၇ Financial Crisis ဖြစ်ရတာပဲ။

ဒီရစ်ဗစ်တစ် (Derivatives)
သင်္ချာဘာသာရဲ့ ကဲကုလပ် Calculus ဘာသာရပ်မှာ အမှီခံတန်ဖိုး Input ပြောင်းသွားရင် မှီခိုတန်ဖိုး function တခုဟာ ၎င်း၏တန်ဖိုးက ဘယ်လိုပြောင်းသွားသလဲဆိုတဲ့ တိုင်းတာမှုကို ဒီရစ်ဗစ်တစ် Derivatives လို့ခေါ်ပါတယ်။ ဥပမာ ရွေ့ရှားနေတဲ့ အရာဝတ္ထုရဲ့အချိန်နဲ့ ယှဉ်တဲ့နေရာ (Position) ဟာ အဲဒီဝတ္ထုရဲ့ (အမြန်နှုန်း) (velocity) ဖြစ်တယ်။ ထို့နည်းတူစွာပဲ စီးပွားရေးမှာလည်း သူ့ဟာသူ တန်ဖိုးမရှိပေမဲ့ အခြားအရာကနေ တန်ဖိုးဖြစ်လာတာကို Derivatives လို့ခေါ်ပါတယ်။ ဒါတွေကို Financial Instrument ငွေကြေးကရိယာလို့ ခေါ်ပါတယ်။ ဒါတွေကို လက်နက်အဖြစ် အသုံးပြုပြီး ငွေကြေးကစားကြတယ်လို့ ခေါ်ပါတယ်။ နဲနဲရှုပ်ထွေးတဲ့အတွက် လွယ်လွယ်ပြောရရင် နောက်ဆက်တွဲ ငွေရှာနည်းတွေ အများကြီးရှိတယ်လို့ ယေဘူယျအားဖြင်သာ မှတ်သားထားစေချင်ပါတယ်။ ၂၀၀၇ ငွေကြေးပြဿနာ 2007 Financial Crisis အကြောင်းရေးခဲ့တဲ့ ဆောင်းပါးမှာ CDO နဲ့ (Collateralized debt obligations) CDS တွေရဲ့ အကြောင်းကို လုံးစေ့ပတ်စေ့ ဖော်ပြပြီးခဲ့ပါပြီ။ CDS ဟာ Credit Derivatives အမျိုးအစားထဲမှာပါပါတယ်။

ဒါတွေဟာ တကယ်တော့ ရှုံးနိုင်တဲ့ စွန့်စားမှု Risk ပါလာပါတယ်။ ဒါကြောင့် ဒီလို ငွေကြေးကရိယာ Financial Instrument တွေဟာ လောင်းကစားဆန်လာတယ် ဆိုလည်းမမှားပါဘူး။ ဒါထက် ပိုဆိုးတာက ဒီကရိယာတွေဟာ ရှုပ်ထွေးလွန်းတာကြောင့် Investment Banks တွေကို အုပ်ချုပ်နေတဲ့ ထိပ်ဆုံးပုဂ္ဂိုလ် CEO တွေတောင် အသေးစိပ်သိကြသည်မဟုတ်။ မိုးကောင်းနေတုန်း၊ ၀င်ငွေများနေချိန်မှာ သတိရှိရန်လည်း မသိခဲ့ကြ။ ထို့ပြင် သမ္မတဘုဒ်က အသေးစိပ်ကို ဂရုစိုက်တတ်သည့် ဥာဉ်မရှိ။ အဲဒန်စမစ် စကားအတိုင်း ဈေးကွက်က တာဝန်ယူလိမ့်မည်ဟု သဘောထားသူ။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍကိုထိန်းရမည့် အစိုးရထိန်းကွပ်သူ regulators များကို ခန့်ရာတွင် လောဘီရစ် Lobbyist တွေကို ဆွဲခန့်တော့ ကြက်အိမ်အထဲ မြေခွေးထည့်ပေးလိုက်သလို ဘဏ်သမား Bankers တွေအဖို့ သကာတွေ့ ကိန်းကြုံရပါတော့တယ်။ လောဘီရစ် Lobbyist ဆိုတာက မိမိအကျိုးဆောင်ဖို့အတွက် အမတ်မင်းတွေကို ပေါင်းပြီး ရှေ့နေလိုက်ပေးသူများ ဖြစ်ကြပါတယ်။ ထို့ကြောင့် Lobbyist Firm အများစုဟာ ၀ါရှင်တန် K St မှာရှိတဲ့ ရှေ့နေဥပဒေ အကျိုးဆောင်အုပ်စုတွေရဲ့ အစိတ်အပိုင်းအဖြစ် ရပ်တည်ကြပါတယ်။ နဂိုကမှ ရှုပ်ထွေးတဲ့ အရောင်း/အ၀ယ်ကိစ္စကို ကြပ်ကြပ်မတ်မတ်ထိန်းပေးရမှာကို ထိန်းသိမ်းသူ regulator တွေက ကိုယ့်လူဖြစ်နေတာကြောင့် အထိန်းအကွပ်မရှိ လုပ်ချင်ရာလုပ်လာခဲ့ကြရာ ၂၀၀၇ ငွေကြေးပြဿနာပေါ်မှ အမေကယ်ပါ၊ အဖေကယ်ပါကိန်း ဆိုက်ခဲ့ကြရတာပါ။

တခြားကရိယာတွေ
အရင်းရှင်စနစ်ဆိုတာ (လောဘ) ကို အင်အား၊ လက်နက်သဖွယ် အသုံးပြုပြီး ခိုင်းစားတာကြောင့် ရေယိုပေါက်ရှာသလို၊ ဘယ်နေရာက (အမြတ်) ရသလဲ ဆိုတာတွေကို အမြဲစဉ်းစားနေကြသူများ ဖြစ်သည်။ ၁၉၈၀ ခုနှစ်များက သမ္မတ ရောနယ်ရီကင် လက်ထက်မှာ Junk Bonds၊ LBO leverage Buy Out၊ Arbitrage ဆိုတဲ့ ငွေကြေးကရိယာ Financial Instruments တွေဟာ ခေတ်စားခဲ့ပါတယ်။ တခေတ်တခါ က Junk Bonds ဥာဏ်ရှင် Michael Milken ရဲ့ Drexel ကုမ္ပဏီဆိုတာ နာမည်ကျော်ပေါ့။ နောက်ဆုံး Drexel ကုမ္ပဏီလည်းပျက်သွားပြီး Michael Milken လည်း ငွေကြေးနယ်ပယ်မှာ (မလုပ်ရ) ဆိုပြီး နယ်နှင်ခံရသလို ထောင်ဒဏ် (၁၀) နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ ဒါက ၈၀ ခုနှစ်က လွန်ကျွံမှု (Excesses) တွေပါ။ တခါ ၉၀ ခုနှစ်တွေမှာ Y2K, Tech Boom, Telecom Boom ဆိုတာတွေဖြစ်တော့ တခါ Wall St မှာ ပျော်ကြ၊ ပါးကြ၊ စားကြ၊ ၀ါးကြပေါ့။ ၂၀၀၀ ခုနှစ် အကုန်လောက်မှာ Bust ဖြစ်တော့ ၀ုန်းဆို လူတွေအလုပ်ပြုတ်ကြ၊ ငိုကြယိုကြပေါ့။ Enron တို့လို ကုမ္ပဏီတွေရဲ့ လိမ်ညာမှုတွေပေါ်ပြီး ပြုတ်ကုန်၊ ကုမ္ပဏီလူကြီးတွေ တရားစွဲခံရ၊ ကုမ္ပဏီလည်းပြုတ်၊ စာရင်းတွေ ၀ိုင်းလိမ်ပေးတဲ့ နံမည်ကျော် Arthur Anderson လို ကုမ္ပဏီကြီးပါ လုံးလုံးပြုတ်ပေါ့။ Wall St က လူလည်တွေက Bust ဖြစ်ပြီဆိုတာနဲ့ ရှိသမျှ အရင်ရောင်းပြီး ငွေပုံပေါ် ထိုင်နေကြတာ။ ၂၀၀၂ ကျော်တော့ ဟော Real Estate အိမ်ရောင်း/အိမ်ဝယ် ဈေးကွက်ကို ငွေဝင်ပုံအောကြပြန်ရော။ ဒီ Boom ကို လိုက်စီးဖို့ Country Wide Mortage လို ကုမ္ပဏီ မျိုးတွေပေါ်လာပြီး လှိမ့်စားကြပေါ့။ ဒီ Housing Boom လို့ခေါ်တဲ့ စီးပွားရေးဖေါင်းပွမှု လှိုင်းကိုလှေကြုံ လိုက်စီးရင်း ငွေရွှင်ကြ၊ ငွေပုံပေါ် စံကြပြန်တာပေါ့။

အမေရိကန် တီထွင်မှု ထိုးထွင်းဥာဏ်
အမေရိကန်လူမျိုးတွေ အလွန်ဂုဏ်ယူကြတာာရှိတယ်။ အဲဒါကတော့ အမေရိကန်တို့ရဲ့ တီထွင်မှု ထိုးထွင်းဥာဏ်လို့ပြောရမဲ့ American Ingenuity ပါပဲ။ အရေးကြုံလာရင် အဖြေရအောင်ရှာမယ်၊ တီထွင်ယူမယ်၊ လမ်းရှာမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ အမေရိကန်နိုင်ငံသားတွေ အင်မတန် ဂုဏ်ယူကြတဲ့ စိတ်ဓါတ်နောက်တစ်ခုက (Can Do Attitude) လို့ခေါ်ပါတယ်။ ရအောင် လုပ်ပြမယ်၊ မဖြစ်ဖြစ်အောင် လုပ်ပြမယ်ဆိုတဲ့ စိတ်ဓါတ်ပါပဲ။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တာနဲ့ ခပ်ဆင်ဆင်ပဲလို့ ပြောရမယ်ထင်ပါတယ်။ ဒီစိတ်ဓါတ်ကြောင့် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ Venture Capital ဆိုတာ ပေါ်ခဲ့ရတယ်။ စစ်ကြီးအပြီး ပြန်လာတဲ့ စစ်ဗိုလ်စစ်သားတွေ ကုမ္ပဏီထောင်ပြီး အလုပ်လုပ်နိုင်အောင် စဉ်းစားကြရင်းက ပေါ်ပေါက်ခဲ့ရတာပါပဲ။

လူတစ်ဦး သို့မဟုတ် လူတစ်စုဟာ ကုမ္ပဏီထောင်ဖို့ အလွန်ကောင်းတဲ့ အကြံဥာဏ် ရရှိကြတယ် ဆိုပါစို့။ ဒါဆို ကုမ္ပဏီထောင်ဖို့ ငွေအရင်းအနှီး လိုလာပြီ။ ဘဏ်ဆိုတာက ၀င်ငွေရှိမှ၊ ငွေပြန်ဖေါ်စရာ အပေါင်ရှိမှ၊ ငွေချေးမှာကိုး။ ၂၀ရာစု ပထမပိုင်းမှာ Private Equity လို့ခေါ်တဲ့ အများကို စတော့ထုတ်မရောင်းတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေမှာ ငွေရင်းစိုက်နိုင်တာ ရော်ကာဖယ်လာ (Rockefella) တို့၊ ဖေါ့ (Ford) တို့လို ငွေရှိပြီးသား သူဌေးကြီးတွေ ပဲရှိတာကိုး။ လူတိုင်း ဒီသူဌေးတွေနဲ့ ထိတွေ့နိုင်တာမှ မဟုတ်တာ။ ဒါကြောင့် Venture Capital ဆိုတာ ပေါ်ခဲ့ရတယ်။ စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) လို့ ပြောရမယ်ထင်ပါတယ်။ စပြီးထောင်စ ကုမ္ပဏီတွေကို Startup Companies လို့ ခေါ်ပါတယ်။ တနည်းအားဖြင့် အလားလာကောင်းသော၊ တိုးတက်မှုမြန်သော Startup Companies တွေကို အစပြိုးဖို့ အရဲစွန့်ပြီး စထောင်ဖို့ ငွေရင်းထုတ်ပေးသော လုပ်ငန်းကို Venture Capital လို့ခေါ်တာပါပဲ။

အရဲစွန့်တယ်ဆိုပေမယ့် အသားလွတ် လောင်းကစားသလို အရဲစွန့်ခြင်းမဟုတ်ပါ။ Calculated Risk လို့ခေါ်ရမဲ့ “တွက်ချက်ပြီး စွန့်စားခြင်း” ပါပဲ။

စွန့်စားရဲသော ငွေရင်း (မြှုပ်နှံမှု) Venture Capital ဆိုတာဘာလဲ။
နောင်တစ်ချိန်မှာ ထိပ်ဆုံးရောက်လာမဲ့ အင်တယ်လ် (Intel) ဆိုတဲ့ ကုမ္ပဏီ ဖြစ်ပေါ်လာပုံကို ဥပမာအနေနဲ့ ကြည့်ကြရအောင်။

ရောဘတ်နွစ် (Robert Noyce) နဲ့ ဂေါ်ဒွန်မော (Gordon Moore) ဆိုတဲ့ အင်ဂျင်နီယာနှစ်ယောက်က ၁၉၆၈ခုနှစ်မှာ Integrated Circuit ဆိုတာကို တီထွင်နိုင်ခဲ့ကြတယ်။ ဒီအခါမှာ သူတို့နှစ်ယောက်က ကုမ္ပဏီအသစ်ထောင်ဖို့ ဆုံးဖြတ်ကြတယ်။ သူတို့ နှစ်ယောက်နဲ့အတူ မကြာခင်မှာပဲ အရင်အတူ အလုပ်လုပ်ခဲ့ကြတဲ့ ဟန်ဂေရီနိုင်ငံက ရေဖြူဂျီ (refugee) အနေနဲ့ ရောက်လာတဲ့ အင်ဒရူးဂရို့ Andrew Grove က လာပေါင်းခဲ့တယ်။ အင်ဂျင်နီယာနှစ်ယောက်ဟာ သူတို့သိတဲ့ အာသာရော့က် Arthur Rock အမည်ရှိတဲ့ Venture Capitalist ကို အစပြိုးဖို့ငွေရင်းရဖို့ ချဉ်းကပ်ခဲ့ကြတယ်။ ဒီနှစ်ယောက်ရဲ့ အရည်အသွေးကိုသိတဲ့ အာသာက ငွေရင်း ဒေါ်လာ ၂ သန်း ထုတ်ပေးခဲ့တယ်။ စစချင်း စထောင်တဲ့သူတွေကို Founders လို့ ခေါ်ပါတယ်။ ဒီ စတည်ထောင်သူတွေအတွက် မူလသဘောတူညီချက်အရ Founder’s Stocks လို့ ခေါ်တဲ့ (စ)ထူထောင်သူစတော့တွေ ရပါတယ်။ အများအားဖြင့် ငွေရင်းစိုက်သူတွေက အများအပြား ယူကြတာပါပဲ။

သာမန်အားဖြင့် အရင်းရှင်စနစ်မှာ ဘယ်တော့မှ ဥအားလုံးကို ခြင်းတစ်ခုထဲ မထည့်ရဘူး။ ကောင်းတယ်လို့၊ အောင်မြင်နိုင်စရာရှိတဲ့ အခွင့်အရေးတွေ့ရင် ကိုယ်ကဦးစီးပြီး အရင်းထည့်ပြီး နီးစပ်ရာ တခြား Venture Capitalist တွေကို စုပြီး (မ)တည်ငွေ အရင်းထောင်ပေးရတယ်။ ဒါကို Initial Round ပထမအရစ်အနေနဲ့ ပေးရတယ်။ ဒီကမှတဆင့် တခြားအင်ဂျင်နီယာနဲ့ အုပ်ချုပ်သူတွေငှားပြီး (စ)တီထွင်ရတော့တယ်။ ဒီကမှတဆင့် တိုးတက်မှု ရှိလာတယ်၊ ဖြစ်နိုင်စရာရှိတယ်ဆိုမှ ဒုတိယအရစ်၊ တတိယအရစ် စသည်ဖြင့် တိုးတက်မှုအပေါ်မှီပြီး ငွေကို လီပေးရတယ်။ ဒီငွေတွေ ထပ်တိုးတိုင်း စတော့ကို ငွေရင်းအချိုးကျ ထပ်မံ ထုတ်ဝေပေးရပါတယ်။ ယေဘူယျအားဖြင့် စတော့တစ်ခုကို (၅)ပြား၊ (၁၀) ပြား စသည်ဖြင့် (ပြား) ဂဏန်းနဲ့ ရကြတာပါ။ သာမန်အားဖြင့် (၁၈)လ (သို့) တစ်နှစ်ခွဲလောက်ဆို product လို့ခေါ်တဲ့ တီထွင်မှုကရိယာဟာ ရုပ်လုံးပေါ်လာပါပြီ။ ဒီအခါမှာ အရောင်းသမား Sales Person တွေငှားပြီး မိမိတို့ကုမ္ပဏီပစ္စည်းကို စရောင်းနိုင်ပြီ။ ဒီတော့ (၀င်ငွေ) ရှိလာပြီ။ မိမိရဲ့ ပစ္စည်းဟာ ရောင်းကောင်းပြီဆိုလာရင် မိမိတို့ကုမ္ပဏီကို ပုဂ္ဂလိကပိုင်မှ အများပိုင်သို့ပြောင်းနိုင်ပြီ။ မိမိတို့ကုမ္ပဏီရဲ့ စတော့တွေကို စတော့ဈေးကွက်မှာ တင်ရောင်းရင် အများပိုင် Public Company လို့ သတ်မှတ်ပါတယ်။

ဒီလို မိမိတို့ကုမ္ပဏီရဲ့ စတော့ကို ပုဂ္ဂလိကပိုင်မှ အများပြည်သူသို့ စတင်ရောင်းချခြင်းကို Initial Public Offering (IPO) လို့ခေါ်ပါတယ်။

ဒီလို အိုင်ပီအို (IPO) သွားတော့မယ်ဆိုရင် မိမိဘာသာ လုပ်ဆောင်၍ မရပါ။ အရင်းပြုဘဏ် (Investment Banks) တွေ လက်ကို အပ်ရပါတယ်။ သူတို့က မိမိပစ္စည်းရဲ့ ဈေးကွက်၊ မိမိပစ္စည်း၏ ရောင်းအား၊ နာမည်ရမှု အခြေအနေတွေအားလုံးကို ကြည့်ပြီးမှ စထွက်ဈေး ဘယ်လောက်ရှိသင့်တယ်လို့ သတ်မှတ်ပေးပါတယ်။ တစ်ချိန်တည်းမှာ စတော့ဖြန့်ဝေမှု အလုံးစုံကို တာဝန်ယူပေးကြပါတယ်။ ဒီလို မသတ်မှတ်ခင်၊ ငွေရင်းဈေးကွက်၏ ဘရာမင်များ ဖြစ်ကြကုန်သော၊ ငွေရှင်များ ဖြစ်ကြကုန်သော အာမခံကုမ္ပဏီများ၊ ပင်စင်ရံပုံငွေ (Pension Funds) ၊ မြူချယ်ဖန်း (Mutual Funds) များနဲ့ သီးသန့်ချမ်းသာသူများ (Independently Wealthy) များနဲ့ အမြို့မြို့မှာ ကုမ္ပဏီအကြီးအကဲ (CEO) နဲ့ တွေ့ဆုံပွဲတွေ လုပ်ပေးပါတယ်။ ဒီပွဲတွေမှာ မိမိကုမ္ပဏီကို ရောင်းပေတော့ပဲ။ နောက် (၆)လ၊ နောက်တစ်နှစ်မှာ ဘာတွေထပ်ထုတ်ဖို့ အစီအစဉ်တွေရှိပါတယ်။ မိမိတို့ရဲ့ပစ္စည်း Product ဟာ ပြိုင်ဖက်တွေနဲ့ ဘယ်လောက်သာပါတယ်ဆိုပြီး ရှင်းပြပေါ့၊ တစ်ဖက်ကလည်း သတင်းသမားတွေနဲ့ ပေါင်းပြီး မိမိပစ္စည်းကောင်းကြောင်း ဆောင်းပါးတွေရေးလာအောင် ချော့ပြီးပေါင်း၊ Trade Show လို့ခေါ်တဲ့ ပညာရပ်ဆိုင်ရာပြပွဲတွေမှာ ပြပြီးကြော်ငြာပေါ့။ အကောင်းဆုံး သက်သေတွေကတော့ မိမိရဲ့ဖေါက်သည် Customers တွေပါပဲ။

မိမိရဲ့ပစ္စည်း ဈေးကွက်မှာ နာမည်ရပြီဆိုရင် IPO မထွက်ခင် စထွက်ထွက်ချင်း ဈေးနဲ့ရဖို့ရာ ကြိုအော်ဒါမှာသူတွေ ၀ိုင်းနေတာပေါ့။ ဒီဝယ်အားကိုကြည့်ပြီး အရင်းပြုဘဏ် (Investment Banks) တွေက စတော့ ဈေးသတ်မှတ်ကြတာပါ။

သာမန်အားဖြင့် ဒေါ်လာ ၂၀၊၃၀၊၄၀၊၅၀ စသည်ဖြင့် ဖွင့်ကြတာပါပဲ။ အောင်မြင်တဲ့ ကုမ္ပဏီတွေကြတော့ ဒေါ်လာ ၃၀၊၄၀ လောက်နဲ့ဖွင့်ပြီး ၀ုန်းဆို ရာကျော်သွားတာတွေ ရှိပါတယ်။ သာမန်အားဖြင့် (စ)ထောင်တဲ့ ဖောင်ဒါတွေဟာ စတော့သိန်းမက သန်းနဲ့ချီ ရကြပါတယ်။ အများကတော့ Venture Capitalist တွေကပဲ ယူထားကြတာပါ။ ဒီတော့ ကုမ္ပဏီတစ်ခု အောင်မြင်သွားပြီဆိုရင် တခါတရံ သန်းနဲ့မဟုတ် ဘီလျံနဲ့ချီ (ပွ)သွားကြပါတယ်။ ပြားဂဏန်းနဲ့ ရထားတဲ့ စတော့တွေ ဆယ်ဂဏန်း၊ ရာဂဏန်း တက်သွားရင် (စား)ပေတော့ပဲ။ ဒါကြောင့် ကုမ္ပဏီတစ်ခုထဲကို ပုံမအောကြပဲ ကုမ္ပဏီအများကြီးကို နည်းနည်းစီထည့်ပြီး (ဝေစား) ကြတာပဲ။ ဒါ အရင်းရှင်စနစ် (ချမ်းသာမှုကို ဖေါ်ထုတ်ခြင်း) Wealth Creation ပါပဲ။

တကယ်တော့ အသေအချာ လေ့လာကြည့်ရင် ဒီ Venture Capitalist ဆိုသူတွေဟာ ခေတ်သစ်ချစ်တီး တွေပါပဲ။ သို့သော် သူတို့ရှိလို့လဲ ဒီလိုအောင်မြင်မှုကို ဖေါ်ဆောင်နိုင်တာလို့ ငြင်းချက်ထုတ်လာရင်တော့ အဖြေရအခက်သား။

အဲလ်ပယ် (Apple) စတင် တည်ထောင်ကတည်းက ပါခဲ့တဲ့လူတစ်ယောက်ဟာ မစွန့်စားရဲတာကြောင့် စတော့အားလုံးကို ရာဂဏန်းနဲ့ပဲ ရောင်းပစ်ခဲ့တယ်။ အခုအထိ ဆက်ကိုင်ထားရင် ဘီလျံနဲ့ချီ တန်နေပြီ။
အရင်းရှင်စနစ်ဆိုတာ စွန့်စားရဲမှကိုး။

စတော့ကို ငွေကြေးအဖြစ် အသုံးပြုခြင်း
ဆိုရှယ်လစ် ဦးနေ၀င်းလက်ထက်မှာ ကြီးပြင်းခဲ့ရပြီး မာ့က်ဝါဒီသမား ဦးဘငြိမ်ရဲ့ ဆိုရှယ်လစ်စီးပွားရေး စနစ်အောက်မှာ ငတ်ခဲ့ကြရတဲ့ စာရေးသူ မြန်မာနိုင်ငံသားဟာ စတော့ဆိုတာ ဘယ်လိုနားလည်မှာလဲ။ စာရေးသူ စီလီကွန်ဗယ်လီကို ပြူးတူးတူးကြောင်တောင်တောင် ရောက်သွားတော့ အဆင့်မြင့် အတတ်ပညာ ကုမ္ပဏီ (High Tech Firms) တွေဟာ စတော့ဝယ်ခွင့် (Stock Option) ကို ငွေစက္ကူပမာ Currency အဖြစ် အသုံးပြုနေကြပြီ။

စတော့ဆိုတာက ကုမ္ပဏီရဲ့ ရောင်အားနဲ့ အမြတ် အပေါ်မူတည်ပြီး အတက်အကျ ဖြစ်တာကိုး။

သုံးလပတ်တစ်ခါ စာရင်းရှင်းတမ်းအပြီးမှာ ကုမ္ပဏီအကြီးအကဲတွေဟာ Stock Analyst ဆိုတဲ့ စတော့လေ့လာသူတွေနဲ့ တယ်လီဖုံးကွန်ဖရင့် လုပ်ကြရပါတယ်။ ဒီမှာ နောင်(၃)လအတွက် အခြေအနေ၊ ထွက်မဲ့ Product ပစ္စည်းအသစ်တွေနဲ့ မိမိထင်မြင်ချက်ကို တင်ပြကြလေ့ရှိပါတယ်။ ဒါကို စတော့လေ့လာသူတွေက အသေအချာ သုံးသပ်ကြပြီးမှ ၀င်ငွေ ဘယ်လောက်ရနိုင်သလဲဆိုတာကို သုံးသပ်ပြီးမှ စတော့ဈေး ဘယ်လောက်ရှိသင့်သလဲဆိုပြီး ထင်မြင်ချက်ပေးလေ့ရှိတယ်။ စာရေးသူလုပ်ခဲ့တဲ့ စစ္စကို Cisco လို ကုမ္ပဏီတွေက ကွက်တိပြောတဲ့အတိုင်းဖြစ်အောင် လိုက်ဆောင်ရွက်နိုင်ကြတယ်။ ဒီလို မှန်းချက်ကိုက်အောင် ဆောင်ရွက်နိုင်ရင် ဈေးကွက်က ယုံကြည်မှုရှိပြီး မိမိစတော့ဈေးတွေ၊ တရိပ်ရိပ် တက်ပြန်ရော။ ဒီလိုဖြစ်ဖို့ရာ အသုံးစရိတ်ကို သုံးရာမှာ စည်းကမ်းရှိဖို့လိုတယ်။ ဒါကြောင့် အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ မိမိဝန်ထမ်းတွေကို လစာပေးရာမှာ တခြားသူတွေထက် ၁၀%လောက် လျော့ပေးတယ်။ အစစအရာရာ အသုံးစရိတ်မှာ ခြွေတာကြတယ်။ ဈေးကွက်က မျှော်လင့်သလို (အမြတ်) များများရအောင် ကြိုးစားကြတယ်။ အမြတ်များများရမှ မိမိတို့ကုမ္ပဏီ စတော့တွေဈေးတက်မှာကိုး။

ဒီလို ကုမ္ပဏီတစ်ခုလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြတာက အလုပ်ကြိုးစားသူတွေကို အုပ်ချုပ်သူတွေက စတော့ဝယ်ခွင့် Stock Option ပေးပိုင်ခွင့်ရှိကြတယ်။ တနည်းအားဖြင့် (ပိုင်ဆိုင်ခွင့်) သို့မဟုတ် ကုမ္ပဏီရဲ့ အောင်မြင်မှုကို ၀န်ထမ်းတွေအားလုံး ပါဝင်ခံစားခွင့်ပေးပြီး (ချည်)လိုက်တာပဲ။ တနည်းအားဖြင့်လည်း (ပိုင်ဆိုင်ခွင့်) ပေးပြီး (ငါ) ဆိုတာကို (ရစ်ပတ်ချည်နှောင်) ပေးလိုက်တာ။

စာဖတ်သူ လူငယ်လေးတွေကို သတိပြုစေချင်တာက အရင်းရှင်စနစ်အရ အောင်မြင်ဖို့အတွက် တစ်ဦးချင်းစွမ်းဆောင်နိုင်မှု (Individualism) ကို အားပြုထားပေမဲ့ စတော့ဆိုတာက အားလုံးနဲ့ ဆိုင်တယ်။ အားလုံးက ပါဝင်ထမ်းဆောင်မှ (အမြတ်) များများရမယ်။ ဒါကြောင့် (အကျိုး) အတွက်ကြတော့ (အများ) ဆိုတဲ့ Collectivism ကို ဆွဲချည်ပေးလိုက်တာ။ သိပ်လှတဲ့ သိပ်ပညာပါတဲ့ လုပ်ကွက်။ အတုယူသင့်တယ်။ American Ingenuity ဆိုတာဒါပါပဲ။

စတော့က ဘယ်လို အကျိုးရမှာလဲ။
စာရေးသူ စစ္စကိုရောက်တော့ ကုမ္ပဏီက အထွဋ်အထိပ်ရောက်ချိန်လို့ ပြောရမယ်ထင်တယ်။ သူ့ဈေးကွက်မှာ နံပတ်တစ်ပဲ။ ထိုစဉ်က အင်တာနက်တည်ဆောက်မှုမှာ စစ္စကိုပစ္စည်း Product 85% လောက်ကို ပါတယ်။ ပြိုင်ဖက် မရှိသလောက်ပဲ။ ဒါကြောင့် ထိုစဉ်က စစ္စကိုကုမ္ပဏီမျိုးကို ၀င်ဖို့ရာ သိပ်ခက်တယ်။ စာရေးသူ ရောက်ခဲ့စဉ်က ၀န်ထမ်း ၃၅၀၀ လောက်ပဲ ရှိတယ်။ Startup လို့ ခေါ်တဲ့ စစချင်း အခြေအနေသာသာလေးပဲ ရှိသေးတယ်။ တစ်ဖက်ကလည်း ကုမ္ပဏီတိုင်းဟာ လူတော်တွေကို ၀ိုင်းလုရသလို၊ မိမိကုမ္ပဏီက လူတော်တွေကို တခြားကလာဆွဲမှာ စိုးရိမ်ရတယ်။ အကောင်းဆုံးနည်းက စတော့ပေးပြီး မသွားနိုင်အောင် ဆွဲချည်ထားလိုက်တာပဲ။

စာရေးသူတို့အဆင့်မှာ ကုမ္ပဏီကိုဝင်ရင် sign-on bonus လို့ခေါ်တဲ့ တခြားက မိမိကုမ္ပဏီကို ၀င်ရောက်လာတဲ့အတွက် ကြိုဆိုတဲ့သဘောနဲ့ စတော့အပိုရပါတယ်။ ဥပမာ စတော့ ၄၀၀၀ ရတယ် ဆိုပါစို့။ စတော့ကို ရော့ဆိုပြီး ပေးလိုက်တာ မဟုတ်ပါ။ စတော့ကို အဲဒီအချိန်မှာ ရှိတဲ့ပေါက်ဈေးနဲ့ ၀ယ်ခွင့် ပြုလိုက်တာပါ။ စစ္စကို ကုမ္ပဏီက စတော့ဈေးကို ဒေါ်လာ ၄၀နဲ့ ၈၀ အကြား ထားပြီးတော့ ကစားလေ့ရှိပါတယ်။ စတော့ဈေး သိပ်ကြီးသွားရင် ၀ယ်နိုင်သူအရေအတွက် နည်းမှာစိုးတာကြောင့် သာမန်အားဖြင့် ၄၀က တဖြည်းဖြည်းတက်လာရင် ၈၀ လောက်ရောက်ရင် split လုပ်တယ်ခေါ်ပါတယ်။ စတော့ကို နှစ်ဆ၊တစ်ဆ ခွဲပစ်လိုက်ပါတယ်။ နှစ်ဆတစ်ဆခွဲရင် လက်ရှိ စတော့တစ်ခုဟာ နှစ်ခုဖြစ်သွားပြီး ဈေးက ၈၀ ကနေ ၄၀ ဖြစ်သွားပါတယ်။ ကုမ္ပဏီရဲ့ ပစ္စည်းတွေရောင်းကောင်းရင် စစ္စကို စတော့ကို ၀ယ်ကိုင်ချင်သူတွေများတာကြောင့် စတော့ဈေးတွေ ထပ်တက်ပေါ့။ ဒီလိုဖြစ်တာ အဲဒီချိန်က တစ်လမှာ တစ်ကြိမ်လောက် စတော့က ကွဲတယ်။ Split ဖြစ်တယ်။

ဒီတော့ အလုပ်ဝင်ပြီး (၈)လမှာ စတော့ကွဲရင် မူရင်း စတော့ ၄၀၀၀ ဟာ ၈၀၀၀ ဖြစ်သွားပြီး မိမိက ၄၀နဲ့ ၀ယ်ခွင့်ရထားခဲ့ရင် ၀ယ်ဈေး ၂၀ ဖြစ်သွားရော။ နောက်ထပ်တစ်ခါ စတော့ထပ်ကွဲရင် မိမိဝယ်ခွင့်ရထားတဲ့ စတော့အရည်အတွက်က ၁၆၀၀၀ ဖြစ်သွားပြီး ၀ယ်ခွင့်ရတဲ့ဈေးက ၁၀ ဖြစ်သွားရော။ အကယ်၍ တစ်နှစ်ပြည့်တဲ့အချိန်မှာ စတော့ဈေးက ၅၀ ဆိုရင်၊ ၀ယ်ခွင့်ရတဲ့ ဈေးက ၂၀ ဒေါ်လာဆိုတော့ကာ စတော့ တစ်ခုကို ဒေါ်လာ ၃၀ မြတ်နေပြီ။ မိမိ ၀ယ်ပိုင်ခွင့်စတော့ပေါင်း ၂၀၀၀ ဆိုရင် တစ်နှစ်အတွင်း အမြတ်ငွေ ဒေါ်လာ ၆၀၀၀၀ ရနေပြီ။ ကုမ္ပဏီတွေက စတော့ပေးပြီး လူတွေကို မိမိဆီမှာနေအောင် ဆွဲထားချင်တာကြောင့် စတော့တစ်ခါပေးရင် သက်တမ်းက (၄) နှစ်ပြည့်အောင် စောင့်ရမယ်။ ဆိုလိုတာက ဒီစတော့ကရမဲ့ အမြတ်ကို လိုချင်ရင် ဒီကုမ္ပဏီမှာ (၄) နှစ်နေမှ အပြည့်အ၀ ခံစားခွင့်ရှိမည်။ တစ်နှစ်နေရင် ရပိုင်ခွင့်စတော့ထဲက လေးပုံတစ်ပုံကို ခံစားပိုင်ခွင့်ရှိတယ်။ ၀င်ဝင်ချင်း စတော့ (stock) ရသလို တစ်နှစ်တစ်ခါ ကုမ္ပဏီက အလုပ်ကြိုးစားတဲ့သူတွေကို စတော့ ချီးမြှင့်ပြန်တယ်။

ဘယ်သူတွေ ရထိုက်တယ်ဆိုတာကို မန်နေဂျာတွေ လက်ထဲအပ်ထားတယ်။ လူတိုင်းမရ။ အလုပ်ကြိုးစားတယ်၊ လူတော်ဆိုရင် မရတဲ့နှစ် မရှိပါဘူး။ ဒါ ၀န်ထမ်းတွေ အလုပ်ကြိုးစားအောင် မြူဆွယ်ထားတာပါ။ အလုပ်ပြီးအောင် လူတစ်ဦးချင်းအပေါ် မူတည်ပေမယ့် စတော့ဈေးတက်ဖို့ကြတော့ အားလုံးနဲ့ လာဆိုင်တယ်။ တစ်ဦးချင်းအကျိုး (Individualism) ကို အများအကျိုး (Collectivism) နဲ့ စတော့နဲ့ လာချိတ်ပေးထားတာပါပဲ။

တခြားကုမ္ပဏီတွေကို ၀ယ်တော့ကော
အမေရိကန်နိုင်ငံမှာ စက်မှုတော်လှန်ရေး (Industrial Revolution) လို့ခေါ်တဲ့ ရော့ကယ်ဖယ်လား (Rockefeller) တို့၊ ဖေါ့စ် (Ford) ခေတ်ကနေ၊ အိုင်ဖီအမ် (IBM) ခေတ်အချိန်အထိ အရင်းရှင်စနစ်ကို ဒေါင်လိုက် (Vertically) ထူထောင်ခဲ့ကြတယ်။ ဆိုလိုတာက လိုသမျှပစ္စည်းအားလုံးကို ငါတို့ ကုမ္ပဏီအတွင်းမှာပဲ ထွင်မယ်၊ တည်ဆောက်မယ်ပေါ့။ ဆိုးကျိုးက လူတွေအများကြီး ငှားပြီးဆောင်ရွက်ရတော့ ၀န်ပိုလာတယ်။ တချိန်တည်းမှာ အလုပ်သမားအဖွဲ့အစည်း Unions တွေက တောင်းဆိုတာများတော့ အလုပ်သမားစရိတ်ကြီးပြီး cost of Business အလုပ်ဝန်ဆောင်ခ ကြီးလာတယ်။ တစ်ဖက်ကလည်း မိမိကုမ္ပဏီက အားလုံးထွင်မှကောင်းမယ်လို့ ထင်တာကြောင့် research တီထွင်မှုစမ်းသပ်ခြင်းကိုလည်း မိမိကုမ္ပဏီမှာပဲ လုပ်တာကြောင့် စရိတ်တက်လာတယ်။ အောင်မြင်တာလည်း ရှိသလို၊ မအောင်မြင်တာတွေလည်း ရှိမှာကိုး။ စီးပွားရေးကျတဲ့အချိန်မှာ ဒီစရိတ်တွေက ထောင်းလာတော့မယ်။

ဒါကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အရင်းရှင်စနစ်ဟာ ပုံစံပြောင်းပြီး ဒေါင်လိုက်ကနေ အလျားလိုက် (Horizontal) ပုံသဏ္ဍန်ကို ပြောင်းပစ်လိုက်တယ်။ ဥပမာ ထုတ်လုပ်မှု (manufacturing) ကို ကြည့်ရအောင်။ မိမိကိုယ်တိုင် ထုတ်လုပ်ရင် အလုပ်သမားတွေ ငှားရမယ်။ ယူနီယံတွေက လာရှုပ်ကြဦးမယ်။ ဒီတော့ ထုတ်လုပ်မှုကို ကျွမ်းကျင်တဲ့ ကုမ္ပဏီကို ၀ကွက်အပ်လိုက်တယ်။ ဒါကို ကွန်တရက် ပေး၍ထုတ်လုပ်မှု (Contract Manufacturing) လို့ ခေါ်ပါတယ်။ အခုတော့ ဒါတွေအားလုံး တရုပ်ပြည် ရောက်ကုန်ပြီ။

တီထွင်မှုမှာလည်း စစ္စကိုက ကိုယ်တိုင် စမ်းသပ်စရာမလို။ စီလီကွန်ဗယ်လီ (Silicon Valley) မှာ Startup လို့ခေါ်တဲ့ စထွင်တဲ့ စပေါ်စကုမ္ပဏီ (Startup) တွေပြိုင်ပါစေ။ စစ္စကိုက အရင်းအနှီးပြုစရာမလို။ အနိုင်ရတဲ့ ကုမ္ပဏီ၊ အောင်မြင်မှုရတဲ့ ကုမ္ပဏီကိုမှ စစ္စကိုစတော့ကို (ငွေ) အဖြစ်သုံးပြီး ၀ယ်လိုက်ရုံပဲ။ စတော့သာမှန်မှန် ဈေးတက်ပါစေ၊ လိုချင်သူပေါတဲ့ စတော့ကို (ငွေ) အဖြစ်သုံးပြီ စတည်ထောင်ခါစ ကုမ္ပဏီငယ်လေးတွေကို ၀ယ်လိုက်ရုံပဲ။ သူများစရိတ်နဲ့ ပြိုင်ခိုင်းပြီး အရင်းရှင်နည်းနဲ့ အနိုင်ရသူကို (ငွေ)နဲ့ ပေါက်ဝယ်လိုက်တာပဲ။ အောင်မြင်တဲ့စတော့ (stock) တွေဟာ ငွေစက္ကူထက် ပိုတန်ဖိုး ရှိပါတယ်။

ရေးသားသူ - Bo K Nyein
ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်း Facebook စာမျက်နှာမှာ ဖျက်သိမ်းသွားပြီဖြစ်ပါသဖြင့် လင့်ကို ဖော်ပြနိုင်ခြင်းမရှိပါ။
Read More