FX Trader များအတွက် Indicators နှင့် ပက်သက်သမျှ

12:00 AM | , ,

တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာ ငုတ်တုတ်ထိုင်ပြီး Trading chart ကို ကြည့်လိုက် pros တွေ ဖန်တီးထားတဲ့ indicators တွေ လေ့လာလိုက်နဲ့ Trade တွေ ၀င်လိုက်ထွက်လိုက်၊ ဆရာသမားတွေရေးတဲ့ posts တွေ ဖတ်လိုက်၊ ကိုယ့်ဖာသာကိုယ် နည်းစနစ်တွေ ရှာဖွေစဉ်းစား လုပ်ကိုင်ကြည့်ရင်းနဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်နေရတာကို လူ့သဘာဝအရ နည်းနည်းငြီးငွေ့လာတာနဲ့ ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစားနေစဉ်မှာပဲ Auto Trading အကြောင်းကို ခေါင်းထဲဝင်လာပါတယ်။ အဲ့ဒါနဲ့ပဲ Auto Trading အကြောင်း လေ့လာကြည့်တဲ့အခါမှာ အဲ့ဒီမှာ မပါမဖြစ်တဲ့ EA နဲ့ Indicators တွေ အကြောင်း သိဖို့လိုလာပါတယ်။ ဒါကတော့ TA သမားတွေ အတွက်ပါ။

Indicators တွေကတော့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Platform တွေမှာ အများကြီး ပါရှိနေပါတယ်။ တစ်ခုစီ တစ်ခုစီကို နားလည်ဖို့လည်း အချိန်ယူ လေ့လာကြရပါတယ်။ Indicator တိုင်းမှာ ဖန်တီးသူရဲ့ formula အရ တွက်ထုတ်ယူထားတဲ့ နည်းစနစ်ပုံစံတွေကလည်း ကွဲပြားကြပါတယ်။ ဒီနေရာမှာ မိမိကိုယ်ပိုင် နည်းစနစ်တွေနဲ့ ဖန်တီးရယူနိုင်တဲ့ customer indicators တွေလည်း ပါဝင်ပါတယ်။

Forex Traders တွေဟာ buy or sell ဆိုတဲ့ ဈေးကွက်ထဲကို ၀င်ဖို့ရာမှာ အဲ့ဒီမှာ အမြတ်များများရရန်၊ အရှုံးနည်းနိုင်သမျှ နည်းနိုင်ရန် ဆိုတဲ့ တူညီတဲ့ရလဒ်တွေကို ရရှိဖို့ နည်းစနစ်တွေကို ရှာဖွေကြတဲ့အခါမှာ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အသုံးချရပါတယ်။ လွယ်လွယ်နဲ့တော့ မရပါဘူး။ ကျွန်တော်တို့ဟာ Forex markets ကို Trade လုပ်ဖို့ တစ်ခုပဲလုပ်မယ်ဆိုရင်တော့ မကြာမှီပဲ လက်လျော့သွားပါလိမ့်မယ်။ အောင်မြင်တဲ့ Trader တစ်ယောက်အတွက်ကတော့ အမျိုးမျိုးသော indicator တွေကို လေ့လာ၊ သင်ယူနေရပါဦးမယ်။ Indicators တွေဟာ forex cross rate (The currency exchange rate between two currencies) တစ်ခု buy or sell လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ကို ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ညွန်ပြနိုင်ပါတယ်။

အဓိက,ကတော့ ကျွန်တော်တို့ FX Traders တွေ သိရမယ့်၊ သိသင့်တဲ့ Indicators အမျိုးအစား လေးမျိုး ရှိပါတယ်။ ဒါတွေကတော့ အောင်မြင်သော forex traders တွေ အများစု အားထားမှီခိုရတဲ့ market indicators (၄) ခုလည်း ဖြစ်ပါတယ်။

Indicator No.1: A Trend-Following Tool
Trading လုပ်ဖို့အတွက် counter trend တစ်ခုကို အသုံးပြုရတာပဲ ဖြစ်ပါတယ်။ သို့သော်လည်း Traders အများစုအတွက် ပိုမိုလွယ်ကူတဲ့နည်းကတော့ major trend ရဲ့ direction ကို စဉ်းစားအသုံးပြုပြီးတော့ Trend ရဲ့ direction အတိုင်း Trading လုပ်တာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ trend-following tools ကို အသုံးပြုရမှာ ဖြစ်ပါတယ်။


လူအများ နားလည်မှုလွဲနေတာကတော့ Trend-following tools တွေကို သူနေရာနဲ့သူ အသုံးမပြုဘဲ မတူညီတဲ့ Trading systems တွေမှာ အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ ဆိုလိုတာက Trend-following tools ကို Entry, Exit, Confirmation တွေ နေရာမှာ မှားယွင်းစွာ အသုံးချနေတာကို ဆိုလိုပါတယ်။ အမှန်တကယ် trend-following tool တစ်ခုရဲ့ လုပ်ဆောင်ချက်က long position or short position တစ်ခု ၀င်ဖို့အတွက် ရှာဖွေဖို့ အချိန်ရောက်နေပြီဆိုတာကို ညွန်ပြပေးခြင်း တစ်ခုပါပဲ။ အရိုးရှင်းဆုံး trend-following methods တွေထဲက တစ်ခုကို ဥပမာအဖြစ်ပေးရမယ်ဆိုရင်တော့ moving average crossover ပါပဲ။ အခြားသော indicators တွေလည်း များစွာ ရှိပါတယ်။ ကိုယ်တိုင်လည်း customer indicator အဖြင့် ရှာဖွေနိုင်ပါတယ်။ ဒီနေရာမှာ Trend-following tool ကို ပေါ်လွင်စေဖို့ moving average crossover ရဲ့ create လုပ်ပုံ method, formula ကို အကြမ်းဖျဉ်း ပြောပြပေးချင်ပါတယ်။ သိတဲ့သူများလည်း သိပြီးသား ဖြစ်မှာပါ။

Moving average ဆိုတာက မိမိအသုံးပြုတဲ့ Time frame အလိုက် သတ်မှတ်ထားတဲ့ (ဥပမာ Daily Timeframe မှာဆိုလျှင်) နေ့ အရေအတွက်အပေါ်မှာ ပျဉ်းမျှ closing price ကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ (H1 Timeframe မှာဆိုလျှင် သတ်မှတ်ထားတဲ့ Hours အရေအတွက်ကို ကိုယ်စားပြုပါတယ်။) ဒါက moving average မှာ ပါဝင်တဲ့ လိုင်းတစ်လိုင်းခြင်းရဲ့ ဖန်တီးထားမှုကို ပြောပြတာဖြစ်ပါတယ်။ ဒီနေရာမှာ မတူညီတဲ့ပမာဏ combination (ဥပမာ 50 day/ 200 day လိုင်းနှစ်လိုင်းပေါ့။) moving average crossover တွေကို ဖန်တီးရယူနိုင်ပါတယ်။ ဥပမာ 50 day moving average ဟာ 200 day moving average ရဲ့ အထက်မှာ ရှိနေတယ်ဆိုရင်၊ ဒါမှမဟုတ် အောက်မှာရှိတယ်ဆိုရင် နောက်ပိုင်းအလားအလာအတွက် long position ကောင်းမှာလား၊ Short position ကောင်းမှာလားဆိုတာကို ဝေဖန်ဆန်းစစ်ရမှာပါ။ ဒါကတော့ moving average ရဲ့ create လုပ်ထားပုံနဲ့ အသုံးပြုပုံကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို နောက်ပိုင်း အလားအလာ Long position ကောင်းနိုင်တယ်ဆိုရင် Up Trend လို့ သတ်မှတ်ပြီးတော့ Short Position ကောင်းတယ် ဆိုရင်တော့ Down Trend လို့ သတ်မှတ်နိုင်တဲ့ Tool ကို trend-following tool ခေါ်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Investors အများစုဟာ အကောင်းဆုံးဖြစ်နိုင်တဲ့ combination အချက်အလက်တွေကို ကြော်ငြာလေ့ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အစစ်အမှန် အကောင်းဆုံး moving average combination ဖြစ်မလာပါဘူး။ ရှာရင်းဖွေရင်းနဲ့ပဲ နောက်ဆုံးမှာတော့ Forex traders တွေဟာ သူတို့အသုံးပြုတဲ့ Timeframe အလိုက် အကျိုးအမြတ်များများ ရစေနိုင်တဲ့ combinations တွေကို တိတိကျကျ ရှာဖွေဆုံးဖြတ်ချက် ချနိုင်သွားပါတယ်။ သို့သော်လည်း ဒီနေရာမှာ Traders အများစုကို တိုက်တွန်းချင်တာကတော့ ကျွန်တော်တို့ Long trade တာပဲဖြစ်ဖြစ်၊ Short trade တာပဲဖြစ်ဖြစ် လုပ်ကြတဲ့အခါမျိုးမှာ ဒီလိုမျိုး Trend တွေကို ဖော်ပြတဲ့ indicators တွေကို Entries and Exits တွေ လုပ်တဲ့အချိန်မှာ အားမကိုးသင့်ပါဘူး။

Indicator No.2: A Trend-Confirmation Tool
ယခု ကျွန်တော်တို့မှာ Trend-following tool တစ်ခုကို major trend ကနေပြီးတော့ ရယူပြီးသွားပြီး ဆိုပါတော့။ Up trend ပဲ ဖြစ်ဖြစ် Down Trend ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဒီ indicator ဟာ ဘယ်လောက် ယုံကြည်အားထားရဖို့ ကောင်းပါသလဲ။ ရှေးဦးပထမ ပြောခဲ့သလိုပါပဲ trend-following tools တွေဟာ whipsaw တွေ ဖြစ်ပေါ်ပြီးတော့ confirm ဖြစ်ဖို့အတွက် အားနည်းနေပြန်ပါသေးတယ်။ ဒါကြောင့်မို့လို့ current trend-following indicator တွေဟာ ပိုမိုမှန်ကန်မှုရှိသလား၊ မရှိဘူးလားဆိုတာကို တိုင်းတာဖို့ နည်းလမ်းတစ်ခုရှိဖို့ ထပ်မံ လိုအပ်လာပြန်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ Trend-confirmation tool တစ်ခုကို ရှာဖွေဖော်ထုတ်ဖို့ လိုလာပါတယ်။ အများအားဖြင့် သိထားရမှာကတော့ trend-following tool တစ်ခု၊ trend-confirmation tool တစ်ခုဟာ buy or sell signals တွေကို တိတိကျကျ သိဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ရှာဖွေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲ့ဒီ Tool နှစ်ခုစလုံး agree ဖြစ်တယ်ဆိုတဲ့အထိ စောင့်ကြည့်နေရပါမယ်။ အချုပ်အားဖြင့်ဆိုရလျှင် ဖော်ပြပါ Tool နှစ်ခုစလုံး ဟာ bullish ဖြစ်နေပါက Trader တစ်ယောက်ဟာ အဲ့ဒီ currency pair မှာ ယုံကြည်စိတ်ချစွာ long trade တစ်ခုကို ၀င်ဖို့အတွက် ဆုံဖြတ်ချက်ချနိုင်ပါပြီ။ အလားတူစွာ အဲ့ဒီ Tool နှစ်ခုစလုံးဟာ bearish ဖြစ်နေပါက sell short လုပ်ဖို့အတွက် focus လုပ်နိုင်ပါတယ်။


အများဆုံး popular ဖြစ်နေတဲ့ Trend-confirmation tool အတွက် indicator တစ်ခုကို ဥပမာ ပေးရမယ်ဆိုရင် MACD (moving average convergence divergence) ကို အကြမ်းဖျဉ်းအားဖြင့် ဖော်ပြပေးပါဦးမည်။ ဒီ indicator ကို ပထမဦးစွာ တိုင်းတာထားတဲ့ moving averages နှစ်ခုရဲ့ ထပ်ညွန်းကိန်း ( smoothed moving averages ) တန်ဖိုးတွေရဲ့ ခြားနားချက်တွေကို ကိုယ်စားပြု ဆွဲသားထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ကွာခြားချက်နဲ့ မူလ moving average တွေကို compared ပြန်လုပ်ပါတယ်။ အဲ့ဒီလို compare ပြန်လုပ်တဲ့အခါမှာ Current smoothed average ဟာ မူလ moving average ရဲ့ အထက်မှာ ရှိနေတဲ့ အချိန်ဆိုရင် Histogram ဟာ Positive အနေနဲ့ ပြပါတယ်။ ဒါကို Uptrend အတွက် confirmed လုပ်ပါတယ်။ အခြားပြောင်းပြန်အနေနဲ့ Current smoothed average ဟာ မူလ moving average ရဲ့ အောက်မှာ ရှိတယ်ဆိုရင်တော့ Histogram ဟာ negative အနေနဲ့ ဖော်ပြပါတယ်။ ဒါကို Downtrend ကို confirmed လုပ်ပါတယ်။ ဒါကတော့ MACD အကြောင်းကို ယေဘုယျအားဖြင့် ဖော်ပြပေးတာပါ။

အချုပ်အားဖြင့်ဆိုရလျှင် trend-following moving average combination ဟာ bearish (Short-term average below long-term average) ဖြစ်နေတယ်၊ ပြီးတော့ MACD Histogram ကလည်း negative ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ confirm လုပ်နိုင်တာက Downtrend ပါပဲ။ နှစ်ခုစလုံးဟာ Positive ဖြစ်နေတယ် ဆိုရင်တော့ Uptrend ပေါ့။ အခြားသော trend-confirmation tool တွေလည်း ရှိနေပါသေးတယ်။ ROC (rate of change indicator) လိုမျိုးပေါ့။ ဒီနေရာမှာတော့ Post အရမ်း ရှည်မည်စိုးသဖြင့် မဖေါ်ပြတော့ပါ။ Indicators တွေအကြောင်း အကြမ်းဖျဉ်း သိရုံသာရည်ရွယ်ပါသည်။

ဒီမှာလည်းပဲ Trend-following tool လိုပဲ အခြားအခြားသော indicator တွေ၊ custom indicator တွေကို trend-confirmation tool အဖြစ် သုံးနိုင်ပါသည်။ ဒါကတော့ trend-confirmation tool အကြောင်းပါပဲ။

Indicator No.3: An Overbought/Oversold Tool
Traders တွေဟာ major trend တွေရဲ့ direction တွေမှာ trade လုပ်ကြဖို့ ပြောနေစဉ်မှာပဲ သူတို့ဟာ ပိုမိုကောင်းမွန်တယ်လို့ ထင်တဲ့ short timeframe တွေမှာ လုပ်ဖို့ကြိုးစားကြပြန်ပါတယ်။ ဒါဟာ Tool တွေကို ချိန်ညှိဖို့အတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ သူတို့ဟာ pullback တစ်ခု ဖြစ်ပွားပြီးနောက် သို့မဟုတ် clear trend တစ်ခု အခြေခိုင်နေပြီး မကြာခင်မှာပဲ ယခင် indicator tools နှစ်ခုဖြင့် ဆန့်ကျင်နေပါစေ ပိုမိုကောင်းမွန်တဲ့ အခြေအနေဆိုပြီး opposite Trade တွေဝင်ဖို့ကို ဆုံးဖြတ်ချက် ချပါတော့တယ်။ ဒါဟာ မှားယွင်းမှု တစ်ခုပါပဲ။ အမှန်တကယ်ဆိုရင် trend ကို bullish ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချထားပြီးဆိုလျှင် ရွေးချယ်မှုဟာ ၀ယ်ဖို့အတွက် အားကောင်းတယ် သို့မဟုတ် ၀ယ်ဖို့အတွက် အားနည်းတယ်ဆိုတာသာ ဖြစ်လာရမှာပါ။ ၀ယ်ဖို့အတွက်သာလျှင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အားကောင်းတယ်ဆိုရင် ၀ယ်မယ်၊ အားနည်းတယ်ဆိုရင် ၀ယ်ဖို့ နည်းနည်း စဉ်းစားမယ် ဆိုတာမျိုးဖြစ်ပါတယ်။ ရောင်းဖို့ လုံးဝ(လုံးဝ) မစဉ်းစားရပါဘူး။ လျှင်လျှင်မြန်မြန် ဆုံးဖြတ်ချက်ကို ချတက်သူဆိုလျှင် သင်ဟာ Uptrend or downtrend ဟာ confirmed ဖြစ်လာတာနဲ့ မကြာမှီမှာပဲ Trade တစ်ခုကို ၀င်ဖို့အတွက် တွေးတောနေပါတော့တယ်။

တကယ်တော့ မျှော်လင့်ထားချက်အရ the larger overall primary trend ဖြစ်ပေါ်လာနေစဉ်အတွင်း မူလ direction အတိုင်း ဆက်သွားရန် ကျွန်တော်တို့အနေနဲ့ pullback တစ်ခုအတွက် စောင့်သင့်ပါတယ်။ စောင့်ကို စောင့်ရမှာပါ။ ဒါဟာ နည်းပါးတဲ့ risk တစ်ခုကို ဖြစ်စေနိုင်တဲ့ အခွင့်အရေးရနိုင်လို့ပါပဲ။ ဒီအတွက် ကျွန်တော်တို့ဟာ overbought/oversold indicator ပေါ်မှာ မှီခို အားထားရပါလိမ့်မယ်။ ဒါဟာ Overbought/Oversold Tool ပါပဲ။ ဒီမှာလည်းပဲ များပြားသော သင့်လျော်သော indicators တွေ ရှိနိုင်ပါတယ်။


ဒီ Indicator ခေါင်းစဉ်အတွက် အသုံးများတဲ့ indicator တစ်ခုကို ဥပမာပေး ရွေးချယ်ရမယ်ဆိုရင် three-day relative strength index (three-day RSI) ကို အနည်းငယ် ဖော်ပြချင်ပါတယ်။ ဒီ indicator က ဘယ်လို တွက်ထုတ်ထားတာလဲဆိုတော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Timeframe D1 မှာ ဆိုရင် တဆက်တည်း တက်သွားတဲ့ အတက်ရက်တွေ ပေါင်းခြင်းနဲ့ အဆင်းရက်တွေ ပေါင်းခြင်းကို တွက်ထုတ်ထားတာ ဖြစ်ပါတယ်။ ပမာဏအနေနဲ့ကတော့ Zero မှ 100 သို့ ရှိပါတယ်။ အခြားသော Timeframe တွေမှာလည်းပဲ ထို့အတူပဲ ဖြစ်ပါတယ်။ H1 ဆိုရင် Hours အလိုက် ဖြစ်ပြီးတော့ H4 ဆိုရင်လည်း 4 Hours အလိုက် ဖြစ်ပါတယ်။ ဒီမှာတော့ Daily Timeframe ကို ယူသုံးထားတာ ဖြစ်ပါတယ်။

Price action တွေအားလုံးဟာ အပေါ်ဘက်မှာ ရှိနေတယ်ဆိုရင် indicator ဟာ 100 ကို ချဉ်းကပ်သွားပါတယ်။ အကယ်၍ အောက်ဖက်မှာရှိတယ်ဆိုရင်တော့ indicator ဟာ Zero ကို ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ 50 အမှတ်ကတော့ neutral အဖြင့် စဉ်းစားပါတယ်။ RSI အကြောင်းကို Trader အတော်များများ သိပြီးသားလည်း ဖြစ်မှာပါ။ ဒီနေရာမှာ ယေဘုယျအားဖြင့် ဖေါ်ပြတာ ဖြစ်တဲ့အတွက် မသိသေးတဲ့သူများ အနည်းငယ် ရှုတ်ထွေးနေကောင်း ရှုတ်ထွေးနေနိုင်ပါတယ်။ ဆိုလိုတာက RSI မှာ ကျွန်တော်တို့ Pullbacks တွေကို ရှာဖွေပြီးတော့ ၀င်မှတ်တွေကို ရွေးချယ်တာပါပဲ။ အထက်တွင် ဖေါ်ပြထားပြိး ဖြစ်သော Trend-following Tool နှင့် Trend-confirmation tool တို့မှ Trend ကို confirm လုပ်ပြီးသားဖြစ်တဲ့အတွက် Long လုပ်မလား၊ Short လုပ်မလား ဆိုတာကို သိထားပြီး ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် Entry အတွက် ရှာဖွေတာပဲ ဖြစ်ပါတယ်။ Price action ဟာ pullback ဖြစ်တဲ့ အချိန်ကို RSI မှာ ရှာပြီး ၀င်ဖို့အတွက် ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ Long လုပ်မယ်ဆိုရင် RSI ဟာ certain trigger level 20 ရဲ့ အောက်ဖက်ကို နိမ့်ကျဆင်းသွားရင် oversold position အဖြင့် ညွန်ပြနေတဲ့ အတွက် အဲ့ဒီနေရာမှာ long လုပ်ပါမယ်။ ဆန့်ကျင်ဘက်အနေဖြင့် RSI certain trigger level 80 ရဲ့ အထက်ကို တက်သွားတဲ့ အချိန်မှာ overbought position တစ်ခုအဖြစ် ညွန်ပြနေတဲ့ အတွက် အဲ့ဒီနေရာမှာ Short Trade ၀င်ဖို့အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်။ အများအားဖြင့် Traders တွေဟာ trigger levels တွေကို သတ်မှတ်ကြတာ တူလေ့မရှိကြပါဘူး။ ဒါကတော့ Overbought/Oversold Tool အတွက် ဥပမာအဖြစ် ဖေါ်ပြတာဖြစ်ပါတယ်။

Indicator No.4: A Profit-Taking Tool
နောက်ဆုံးအမျိုးအစား indicator ကတော့ forex trader တစ်ယောက်အတွက် winning trade တစ်ခုအပေါ်မှာ အမြတ်တွေကို ရယူတဲ့အခါမျိုးမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် လိုအပ်နေတဲ့ Indicator ပါပဲ။ ဒီမှာလည်းပဲ အမျိုးမျိုးသော indicator များကို ရွေးချယ်နိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ three-day RSI ကိုလည်း ပြန်သုံးနိုင်ပါတယ်။ ဥပမာ Long position တစ်ခုကို ကိုင်ထားတဲ့ Trader တစ်ယောက်အတွက် three-day RSI ဟာ 80 or more ကို မြင့်တက် သွားတယ် ဆိုရင် အမြတ်အချို့ကို ရယူနိုင်သလို Short position ကို ကိုင်ထားတဲ့ သူကလည်း RSI 20 or less ဆိုရင် အမြတ်အချို့ကို ရယူနိုင်ပါတယ်။ Bollinger Bands, Tralling stop ကဲ့သို့သော အခြား အခြားသော indicators တွေ များစွာကိုလည်း profit-Taking tool အနေဖြင့် အသုံးပြုနိုင်ကြပါသေးတယ်။


အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော်တို့ဟာ forex market ထဲကို ၀င်ဖို့အတွက် ချီတုံချတုံ ဖြစ်နေတယ်၊ ပြီးတော့ ထင်ရှားသိသာတဲ့ entry point ကို စောင့်နေတယ်ဆိုရင် အချိန်ကာလတစ်ခုအဖြစ် ရင်းနှီးပြီး ကိုယ်တိုင် ရှာဖွေနေရပါမယ်။ forex indicators တွေကို လေ့လာခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်တိုင် အချိန်ကုန်သက်သာပြီး သင့်လျော်သော strategies တွေကို ရွေးချယ်ဆုံးဖြတ်နိုင်၍ အမြတ်များကို လုပ်ယူနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ သို့သော်လည်းပဲ platforms တွေမှာ အလွယ်တကူ ပါဝင်နေတဲ့ indicators တွေကို မသုံးချင်ဘဲ မိမိတို့ကိုယ်တိုင် custom indicators တွေကို ဖန်တီးယူမယ်ဆိုရင်လည်း ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။

Custom indicators တွေကို ဘယ်လို ရယူဖန်တီးမလဲ ဆိုတာကတော့ post အတော်ရှည်သွားပြီး ဖြစ်တဲ့အတွက် နောက်မှပဲ ဆက်လက် ရေးသားပါဦးမည်။ Traders တွေအားလုံး အောင်မြင်ပါစေ။

Facebook Page မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment