အရှုံးဆိုတာ မရှိ (၂)

2:00 AM | , ,


Stop-loss အကြောင်းပြောရင် Technical Analysis ကို ဘယ်လိုမှ ချန်ထားလို့ မရပါဘူး။ Long-term Fundamental based investor တွေတောင်မှ Technical Analysis ကို သုံးမယ်ဆိုရင် Stock တစ်ခုကို Invest လုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shorting လုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock (ဈေးတက်လျင် အမြတ်ရခြင်း) ဘက်ကနေပဲ ပြောသွားပါ့မယ်။

Oldest and Simplest are the Best
Technical Analysis ရဲ့ ရှေးအကျဆုံးနဲ့ အရိုးရှင်းဆုံး Trend line, Support, Resistance လိုင်းတွေဟာ Stop-loss, Profit-taking point တွေ Define လုပ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းတွေပါပဲ။ ကျွန်တော် အဲဒါတွေအကြောင်း အသေးစိတ် ရေးဖူးပါတယ်။ Trade တစ်ခုကို မစခင် အရေးအကြီးဆုံးသိရမှာတွေက
  • Profit is made at the Entry, not at the Exit. (ဘယ်ဈေးက ဝင်မလဲဆိုတာ အရမ်း အရေးကြီးပါတယ်)။
  • အနီးဆုံး Support နားကို ကျလာတဲ့အထိစောင့်ပါ။ စောင့်ရလို့ ဘာမှဖြစ်မသွားပါဘူး။
  • Support ကို ထိပြီဆိုရင် Close တွေဟာ Support အပေါ်မှာ ပိတ်သလား ကြည့်ရပါမယ်။ ဈေးတက်ပြီး ပိတ်သွားတဲ့နေ့မှာ Volume ကောင်းလားဆိုတာကိုလည်း ကြည့်ရပါမယ်။
  • Trade တစ်ခု Open မလုပ်ခင်မှာ Support အောက်နား မနီးမဝေးဟာ ကိုယ့်ရဲ့ Stop-loss လို့ သိထားရပါမယ်။ Trade တစ်ခုကို မဝင်ခင် ဒီဈေး အထိကျလာရင် Cut Loss လုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
  • အဲဒီ့ဆုံးဖြတ်ချက်ချပြီးမှ Trade တစ်ခုကို သေချာ Open လုပ်ပါ။
နည်းနည်းထပ်ကွန့်ချင်ရင် Nearest Resistance လိုင်းဟာ ကိုယ် Profit-taking လုပ်သင့်တဲ့ နေရာပါပဲ။ ဒါပေမယ့် ဒီနည်းဟာ လှေနံဓါးထစ်မှတ်ထားလို့တော့ မရပါဘူး။ သတင်းဆိုးတစ်ခုခု ထွက်လာခဲ့ရင် အဲဒီ့ Resistance ကို ထိမှာကို မဟုတ်တော့ပါဘူး။ ပြီးရင် ကိုယ် Trade လုပ်မယ့် Interval ပေါ်လည်း မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဘာမှဖြစ်မလာတော့လည်း ရသလောက်နဲ့ Exit လုပ်သင့်ရင် လုပ်ရမှာပါပဲ။ Uptrend ကို Clearly Broken ဖြစ်နေတဲ့ Sign ပြနေရင်လည်း မြန်မြန်ပိတ်ရမှာပါပဲ။

Mindset
ပထမဆုံးနားလည်ဖို့က အပေါ်မှာပြောသွားတဲ့ Technical Analysis ဟာ ကိုယ့်ရဲ့ trading risk ကို အနည်းဆုံးလျော့ချနိုင်ဖို့ပဲ သုံးစားလို့ရတယ်လို့ နားလည်ရပါမယ်။ ကိုယ်ဝင်တဲ့ Entry ဟာ Chart ပေါ်မှာ လှလှလေးပေါ်နေပေမယ့် ဒါဟာ Profitable Trade ဖြစ်လိမ့်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုငါ သေချာမြတ်မယ့် Technical Analysis တစ်မျိုးသင်ပေးမယ်ဆိုရင် too good to be true လို့ သဘောပေါက်ရပါမယ်။

Gambler and Lotto Player
အပျော်တမ်းလောင်းကစားတတ်တဲ့သူ၊ ထီထိုးပြီး စိတ်ကူးကောင်းကောင်း ယဉ်တတ်တဲ့သူတွေဟာ Stock Trading ဝင်လုပ်ရင် ဒုက္ခကောင်းကောင်းရောက်နိုင်ပါတယ်။ ထီထိုးပြီး စိတ်ကူးယဉ်တတ်တဲ့ Mindset ဟာ Trader တစ်ယောက်ကို Realistic decision ချဖို့ ကောင်းကောင်းကြီးကို နှောက်ယှက်နိုင်ပါတယ်။ အဆိုးရွားဆုံးက တစ်ချို့လောင်းကစားနည်းတွေနဲ့ ထီထိုးရင် ဘာလုပ်လို့ မရဘူးလဲ။ သိသလားမသိဘူး။ တွေးကြည့်ပါဦး။

အဖြေကတော့ You can't stop-loss! ထီထိုးပြီးသွားရင် ဘွာတေးလုပ်လို့ရသေးလား။ ကိုယ့်ပိုက်ဆံကတော့ အဆုံးပဲ။ ထီပေါက်ဖို့ Probability က 1 in a several millions။ ထီထိုးပြီး ထိုင်စောင့်တတ်တဲ့အကျင့်ဟာ ထီအပျော်ထိုးတဲ့ကိစ္စမှာ ပိုက်ဆံဘာမှမများပေမယ့် အဲဒီ့ Mindset ကို Trading ထဲကို သယ်လာရင် You're as good as dead! နောက်တနည်းတွေးလို့ ရတာကတော့ Stop-loss မရှိရင်၊ မလိုက်နာရင် ဒါဟာ လောင်းကစားနေတာလို့ပဲ မြင်ရပါမယ်။

Can't bear the feeling of losing money
ဟုတ်ပါတယ်။ အဆိုးဆုံးပဲ။ ပိုက်ဆံဆိုတာ ကိုယ့်အိတ်ထဲကနေ တတိတိနဲ့ ထွက်နေရင် ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလဲ။ မရောင်းသေးသရွေ့တော့ တကယ်မရှုံးသေးဘူး။ (Realized Loss) ဟုတ်တယ်မဟုတ်လား။ အဲဒီ့ ကိုယ့်ပိုက်ဆံလေးပြန်ရနိုး၊ ပြန်ရနိုးနဲ့ စောင့်တဲ့အလုပ်ဟာ Trading မှာ အဆိုးရွားဆုံးပဲ။ အဲဒီလို Bad Feeling မခံစားရအောင်က ကိုယ့်ရဲ့ Perspective ကို ပြောင်းဖို့ လိုပါတယ်။

Think like a business man
အခုဒီစာဖတ်နေတဲ့သူဟာ Business တစ်ခုမှာ Employee အနေနဲ့ လုပ်နေဖို့က တော်တော်လေး Probability များမှာပါ။ ကိုယ့်တစ်လတစ်လရရနေတဲ့ လခက အဲဒီ့ Business ရဲ့ Income ဘက်မှာရှိသလား၊ Expense ဘက်မှာရှိသလား။ ရှင်းပါတယ်၊ ကိုယ်ရမှတော့ Expense ပေါ့။ ဒီတော့ ကိုယ့်ကို ခန့်ထားတဲ့ အလုပ်ရှင်ဟာ ကိုယ့်ကို လခပေးသလောက်မှ အနည်းဆုံးပြန်အမြတ်မရရင် ကိုယ့်ကို ခန့်ထားပါ့မလား။ No way unless it's your daddy's business. အလုပ်မှာ ကိုယ်ဟာ Contribution သိပ်မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ Employer ရဲ့ Business ဟာ သိပ်မစွံတော့ရင်ဖြစ်ဖြစ် နောက်ဆုံးမှာ ဘာလုပ်ခံရမလဲ။ The famous "L" word လေ။ Layoff!

ဒီတော့တွေးရမှာက ကိုယ့်ကိုယ်ကို Business Owner လိုသဘောထားပြီး Loss တွေဟာ ကိုယ့် Business ရဲ့ Expenses တွေပဲလို့ နားလည်ရပါမယ်။ Profit တွေကတော့ Revenue/Income ပေါ့။ ဒီတော့ Stop-loss မလုပ်ဘဲ Trader ဖြစ်ချင်တဲ့သူဟာ Expense မရှိတဲ့ Business ကို Run ချင်နေတဲ့သူနဲ့ အတူတူပဲလို့ နားလည်ရပါမယ်။ Trade တစ်ခုဟာ ကိုယ်ထင်သလိုဖြစ်မလာရင် အသုံးမကျတဲ့အလုပ်သမားကို ထုတ်ပစ်သလို အဲဒီ့ Trade ကို Sack လုပ်ပစ်ရပါမယ်။ Technical Analysis ကိုသုံးပြီး Analysis လုပ်တာဟာ ကိုယ်ခန့်မယ့် အလုပ်သမားရဲ့ Resume ကို ကြည့်သလိုပဲလို့ သဘောပေါက်ရမယ်။ သဘောကျလို့ ခန့်ပြီးတိုင်း တကယ်သုံးစားလို့ ရချင်မှရမှာပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒီတော့ အသုံးမကျတဲ့အလုပ်သမားကို ဖြုတ်ပစ်နိုင်ရင် Professional trader ဖြစ်ဖို့ နီးစပ်လာပြီလို့ မှတ်ထားနိုင်ပါတယ်။

ရေးသားသူ - Ko Aung Myo Htet
www.aunginvestment.blogspot.com မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment