Winning Trading Plan တစ်ခု တည်ဆောက်ရန်

1:30 AM | ,


စီးပွားရေးနယ်ပယ်ထဲမှာ ပြောနေကြ စကားဟောင်းတစ်ခွန်း ရှိပါတယ်။ အဲ့ဒါကတော့ "Fail to plan and you plan to fail" ဆိုတာပါပဲ။ ဒါဟာ ရွှန်းရွှန်းဝေအောင် ပြောတက်သော အဆွယ်ကောင်းသော စကားသံပါပဲ။ သို့သော်လည်း Traders တွေ ပါဝင်တဲ့ အောင်မြင်မှုတွေ ဖြစ်တည်ဖို့ အကြောင်း အလေးအနက်ထားသူတွေရဲ့ အသံလည်းဖြစ်ပါတယ်။ ကျောက်စိုင်ကျောက်ခဲထဲမှာ ထွင်းထားသလိုမျိုး ဒီ စကားလုံး ရှစ်လုံး မှတ်ထားသင့်ပါတယ်။ မပြောင်းလဲသော အခြေခံသဘောတရားတစ်ခုအပေါ်မှာ ငွေရှာခဲ့တဲ့ traders တွေကို မေးကြည့်ပါက သူတို့ဟာ ကျွန်တော်တို့ကို ပြောပါမယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သေသပ်တဲ့ plan တစ်ခု ရေးဆွဲမလား သို့မဟုတ် ကျရှုံးမလား ဆိုတာကိုပါ။

အကယ်၍ ကျွန်တော်တို့မှာ trading သို့မဟုတ် investment plan တစ်ခုရေးထားတာရှိရင် ၀မ်းမြောက်စရာပါပဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ဟာ လူနည်းစုထဲမှာ ရှိနေတာပါ။ ဒါဟာ အောင်မြင်ဖို့ အကြွင်းမဲ့ အာမခံချက်မရှိစဉ်မှာပဲ အဓိက ပိတ်ဆို့မှုတစ်ခုကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ Plan ဟာ ချို့ယွင်းနေတဲ့စနစ် သို့မဟုတ် ကြိုတင်ပြင်ဆင်ထားတာမဟုတ်ပဲ အသုံးပြုမယ်ဆိုရင် အောင်မြင်မှုတွေဟာ ခပ်မြန်မြန်ရမှာ မဟုတ်ပါဘူး။ သို့သော်လည်း plan ရှိနေတဲ့အတွက် အနညှ်းဆုံး ကျွန်တော်တို့ဟာ အစီအစဉ်ဆွဲရန် အနေအထားတစ်ခုထဲမှာ ရှိနေပြီး ကျွန်တော်တို့ရဲ့ လမ်းကြောင်းကို ပြင်ဆင်မွမ်းမံရပါမယ်။ အစီအစဉ်တွေကို မှတ်တမ်းမှတ်ရာများဖြင့် မှတ်တမ်းတင်ခြင်းအားဖြင့် ထပ်တလဲလဲ ကုန်ကျစေမယ့်အမှားတွေကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာနဲ့ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ရမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ plan ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဒီမှာရှိတဲ့ စိတ်ကူးတစ်ချို့ဟာ အစီအစဉ်တွေနဲ့အတူ ကူညီဖို့ပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ဘေးအန္တရာယ်ကို ရှောင်ခြင်း
Trading ဆိုတာ business တစ်ခုပါပဲ။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် ဒါကို ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ စာအုပ်အချို့ကို ဖတ်ခြင်း၊ charting program တစ်ခုကို ၀ယ်ခြင်း၊ brokerage account တစ်ခုကို ဖွင့်ခြင်း နှင့် Trade သို့ စတင်ခြင်းတွဟာ business plan တစ်ခု မဟုတ်ပါဘူး။ ဒါဟာ အန္တရာယ် ဖြစ်ဖို့အတွက် ဆေးဖော်စပ်နည်း ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ Trading plan တစ်ခုမရေးခဲဘူးဆိုလျှင် market သို့ဝင်လိုက်တာနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်လို့ the T-3 Fibs Protrader Program ရဲ့ developer တစ်ယောက်လည်းဖြစ်၊ အတွေ့အကြုံရင့်ကျက်သော trader တစ်ယောက်လည်းဖြစ်တဲ့ John Novak က ပြောခဲ့ပါတယ်။

Trader တစ်ယောက်ဟာ ဈေးကွက်ဟာ ဘယ်နေရာမှာ ရပ်မယ်၊ ပြန်လှည့်မည့် အလားအလာရှိမယ် ဆိုတာကို တစ်ခါလောက် သိတာနဲ့ သူတို့တွေဟာ သင့်လျော်သလို ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့ဟာ trade လုပ်နေစဉ်မှာ ခိုင်ခိုင်မာမာ plan တစ်ခု ရေးဆွဲသင့်ပါတယ်။ သို့သော်လည်း ဈေးကွက် တခါပိတ်တာနဲ့ ဒီကိစ္စရပ်တွေကို တစ်ခါပြန်လည် သုံးသပ်ရမှာပါ။ ဒါဟာ ဈေးကွက် အခြေအနေနှင့်အတူ ပြောင်းလဲလာတဲ့ Trader ရဲ့ ကျွမ်းကျင်တိုးတက်မှု Level ပါပဲ။ trader တစ်ယောက်စီဟာ သူတို့ရဲ့ ကိုယ်ပိုင်အကောင့် ဖြင့် Trade လုပ်သော အယူအဆနှင့် ရည်မှန်းချက်ထဲကမှ မိမိတို့ရဲ့ ကိုယ်ပိုင် plan ကို ရေးဆွဲသင့်ပါတယ်။ တယောက်ယောက် plan ကို အသုံးပြုခြင်းဟာလည်း ကျွန်တော်တို့ရဲ့ Trading ပုံစံ များကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

စံထားလောက်တဲ့ Master Plan တည်ဆောက်ခြင်း
Trading plan ကောင်းကောင်းတစ်ခုရဲ့ အစိတ်အပိုင်းတွေဟာ ဘာတွေပါလဲ။ ဒီမှာကတော့ plan တိုင်းမှာ ပါဝင်သင့်တဲ့ ပဓာနကျတဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးပါမယ်။ သို့သော်လည်း ဒါဟာ အကောင်းဆုံးမဟုတ်ဘူးဆိုတာတော့ မှတ်ထားပေးပါ။

ကျွမ်းကျင်စွာအကဲဖြတ်ခြင်း - Skill Assessment
ကျွန်တော်တို့ဟာ Trade လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ကျွန်တော်တို့ရဲ့ system တွေကို paper trading ဖြင့် စမ်းသပ်စစ်ဆေး ပြီးပြီလား။ ပြီးတော့ ဒါတွေလုပ်ဖို့ ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှု ရှိပါသလား။ တုံ့ဆိုင်းခြင်း ချီတုံချတုံမရှိပဲ ကျွန်တော်တို့ရဲ့ signals တွေနောက်ကို လိုက်နိုင်ပြီးလား။ markets တွေထဲမှာ Trading လုပ်ခြင်းဟာ အပေးနဲ့ အယူတို့ရဲ့ တိုက်ပွဲတစ်ခုပါပဲ။ ကြီးမားသောအမှားတွေဖြင့် ငွေတွေကို ဆုံးရှုံးစေပြီး plan တစ်ခုကိုမျှမရှိတဲ့ Traders အများစု အနားယူချိန်ကျမှ Pros အစစ်တွေဟာ အဆင်သင့် ပြင်ဆင်ပြီးတော့ အမြတ်တွေကို ရယူကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း - Mental Preparation
ကျွန်တော်တို့ ဘယ်လိုခံစားရပါသလဲ။ ကောင်းသော ညတစ်ညရဲ့ အိပ်စက်ခြင်းကို ကျွန်တော်တို့ ရရှိပါ၏ လော။ ရှေ့လျှောက်စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ဘယ်လိုခံစားမှာလဲ။ အကယ်၍ ကျွန်တော်တို့ဟာ စိတ်ထိခိုက်လွယ်တက်ပြီး markets အတွင်းသို့ တိုက်ပွဲဝင်ရန် စိတ်ဓါတ်ရေးရာ အဆင်သင့်မဖြစ်သေးဘူး ဆိုလျှင် အဲ့ဒီနေ့ကို အနားယူလိုက်တာ အကောင်းဆုံးပါပဲ။ အခြားနည်းဖြင့်ဆိုရလျှင် ကျွန်တော်တို့ရဲ့ ရှုံ့းနေတဲ့အရာကို ရပ်တန့်ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ Traders အများစုမှာ နေ့တစ်နေ့မစတင်ခင်မှာပဲ ဈေးကွက် ဂါထာမန္တရား တစ်ခုထပ်ခါတလဲလဲ ရွတ်ဆိုဖို့ကို အဆင်သင့် ဖြစ်နေပါတယ် ။ ဒါဟာ Trading zone ထဲမှာ ကျွန်တော်တို့ ရှိနေဖို့ကို ဖန်တီးလိုက်ပါတာ ဖြစ်ပါတယ်။

Risk Level ထားပါ - Set Risk Level
ဘယ် trade မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရဲ့ risk ကို ဘယ်လောက် ထားသင့်ပါသလဲ။ သတ်မှတ်တဲ့ trading day တစ်နေ့တာအပေါ်မှာ ကျွန်တော်တို့ရဲ့ အရင်းအနှီးရဲ့ ၁% မှ ၅% ထိ ဘယ်လောက်ကိုမဆို ထားနိုင်ပါတယ်။ ဆိုလိုတာက အဲ့ဒီနေ့မှာ ဘယ်အမှတ်မှာမဆို ဒီပမာဏဆုံးရှုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ Tradking desk မှ ထွက်သွားရမယ် ပြီးတော့ ငြိမ်နေရပါမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ Trading style နှင့် risk သည်းခံနိုင်မှုအပေါ်မှာ မှီခိုနေပါလိမ့်မယ်

ရည်ရွယ်ချက်ပန်းတိုင် ထားပါ - Set Goals
Trade တစ်ခုကို မ၀င်ခင်မှာ တိုးသာ၊ ဆုတ်သာတဲ့ အမြတ်ရရှိနိုင်တဲ့ပစ်မှတ်နှင့် အရှုံး-အနိုင်အချိုးကို ထားပါ။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အနည်းဆုံး အရှုံး-အမြတ်ဟာ ဘာပါလဲ ။ Traders အများစုဟာ အနည်းဆုံးလျာထားချက် အမြတ်ဟာ အရှုံးထက် သုံးဆမရှိပဲနဲ့ trade တစ်ခုကိုဝင်မှာ မဟုတ်ပါဘူး။ For example, ဥပမာအားဖြင့် ရှယ်ယာတစ်ခုမှာ တစ်ဒေါ်လာအရှုံးအနေနဲ့ Stop loss ထားမယ်ဆိုရင် သူ့ရဲ့ ပန်းတိုင်းကတော့ သုံးဒေါ်လာမြတ်ဖို့ပါပဲ။ အပတ်စဉ်၊ လစဉ်နှင့် နှစ်ပတ်လည်အမြတ်ပန်တိုင်ကို ဒေါ်လာပမာဏ သို့မဟုတ် ရင်းနှီးငွေရဲ့ရာခိုင်နှုံးတစ်ခုအဖြစ် ထားပါ။ သူတို့ကို ပုံမှန် ထပ်ပေါင်းထည့်ပါ။

ကျွန်တော်တို့ရဲ့ အိမ်စာတွေကို လုပ်ပါ - Do Your Homework
ဈေးကွက်မဖွင့်ခင်မှာ ကမ္ဘာတစ်ဝန်းလုံးမှာ ဘာတွေသွားနေလဲ။ ပြည်ပဈေးကွက်တွေဟာ တက်နေလား ကျနေလား ။ The S&P 500 or Nasdaq 100 exchange traded funds ကဲ့သို့သော အနာဂတ် ရည်ညွန်းကိန်းတွေဟာ အကြိုဈေးကွက်ထဲမှာ တက်နေသလား ကျနေသလား။ အနာဂတ်ရည်ညွန်းကိန်း ဆိုတာ ဈေကွက်မဖွင့်ခင်မှာ ဈေးကွက်အတိုင်းအတာ ဘယ်လိုဖြစ်မလဲဆိုတာကို ပြသနိုင်တဲ့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စီးပွါးရေး သို့မဟုတ် လုပ်ခလစာ ဘယ်လိုအချက်အလက်တွေဟာ ဘယ်အချိန်မှာ ထွက်ပေါ်လာမလဲပေါ့။ ကျွန်တော်တို့ရဲ့ အရှေ့မှာစာရင်းတစ်ခု ချိန်ဆွဲထားပြီးတော့ အရေးကြီးတဲ့ စီးပွားရေးသတင်းပို့ချက် တစ်ခု မတိုင်မှီ Trade လုပ်ချင်ပါက ဆုံဖြတ်ချက်ချပါ။ Trader အများစုအတွက် report ထွက်လာသည့်တိုင်အောင်စောင့်တာက မလိုအပ်တဲ့ ဆုံးရှုံးမှုတွေကို ရယူတာထက် ပိုမို ကောင်းမွန်ပါတယ်။ Pros တွေဟာ probabilities အပေါ်အခြေခံ၍ Trade လုပ်ကြပါတယ်။ သူတို့ဟာ လောင်းကစား မလုပ်ကြပါဘူး။

Trade ပြင်ဆင်ခြင်း - Trade Preparation
Trading day မတိုင်ခင်မှာ ကျွန်တော်တို့ရဲ့ကွန်ပြုတာကို resident memory တွေကို ရှင်းလင်းဖို့အတွက် reboot ပြန်ချပေးပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသုံးပြုတဲ့ trading system and program တွေ၊ support and resistance levels တွေရဲ့ major and minor label တွေ၊ entry and exit signals တွေ အတွက် ထားထားတဲ့ alerts တွေ နှင့် သေသေချာချာ ပြုလုပ်ထားတဲ့ signals အားလုံးဟာ အလွယ်တစ်ကူ မြင်နိုင်အောင် သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်အောင် ကြည်ကြည်လင်လင် မြင်လွယ်ကြားလွယ်နိုင်အောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Trading area ဟာ စိတ်ပျံ့လွင့်စေခြင်းတွေ မရရှိနိုင်တဲ့နေရာ ဖြစ်သင့်ပါတယ်။ ဒါဟာ စီးပွါးရေးတစ်ခု ဖြစ်တယ်ဆိုတာကို သတိထားပါ။ စိတ်ပျံ့လွင့်စေခြင်းသည် တန်ဖိုး ကြီးနိုင်ပါတယ်။

ထွက်ရမည့် စည်းကမ်းဥပဒေထားခြင်း - Set Exit Rules
Traders အများစုဟာ အာရုံစိုက်မှုရဲ့ ၉၀ရာခိုင်းနှုံး အမှားများကို ပြုလုပ်ပါတယ်။ Buy signals တွေကို ရှာဖွေနေစဉ်မှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်နိုင်မှုထက်ကို ပိုပြီးတော့ကို အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်နှင့် ဘယ်နေရာ ထွက်မယ်ဆိုတာကတော့ အလွန်နည်းနည်းပဲ ဂရုစိုက်ကြပါတယ်။ Traders အများအပြားဟာ သူတို့ဟာ ဈေးကျနေခဲ့လို့ရှိရင် မရောင်းနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတိုဟာ အရှုံးတစ်ခုကို မလိုချင်ကြလို့ပါပဲ။ ဒါကို ကျော်ဖြတ်ပါ သို့မဟုတ် ကျွန်တော်တို့ဟာ ဒါမျိုးဆိုရင်တော့ သမာရိုးကျ trader တစ်ယောက်ကဲ့သို့ မလုပ်ရပါဘူး။ ကျွန်တော်တို့ရဲ့ stop ကို ထိသွားတာဟာ ကျွန်တော်တို့ မှားနေတယ်ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ဒါကို ကိုယ်တိုင် မရယူပါနဲ့ ။ Professional traders တွေဟာ သူတို့နိုင်တာထက်ကို ရှုံးတာက ပိုများပါတယ် ဒါပေမယ့် ငွေကြေး စီမံခန့်ခွဲခြင်းနှင့် အရှုံးတွေကို ကန့်သတ်ခြင်းအားဖြင့် သူတို့ဟာ နောက်ဆုံးမှာတော့ အမြတ်တွေကို ရှာဖွေမိပါတယ်။

ကျွန်တော်တို့ဟာ Trade တစ်ခုထဲကို မ၀င်ခင်မှာပင် ထွက်ရမယ့် နေရာတွေကို သိသင့်ပါတယ်။ ဒါဟာ Trade အားလုံးအတွက် အနည်းဆုံး နှစ်နေရာ ရှိပါတယ်။ ပထမနေရာကတော့ အကယ်၍ Trade ဟာ ကျွန်တော်တိုကို ဆန့်ကျင်ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ stop loss ဟာ ဘယ်နေရာမှာ ထားမလဲ။ ဒါကို ချရေးရပါမယ်။ စိတ်ကူးယဉ် stops တွေကို အားမထားရပါ။ ဒုတိယကတော့ Trade တိုင်းမှာ profit target တစ်ခုစီ ရှိနေရပါမယ်။ ဒီနေရာမှာ တစ်ကြိမ်မျှလောက်ရပြီးဆိုရင် ကျွန်တော်တို့ရဲ့ position ကို အပိုင်းခွဲပြီး ရောင်းပါ ပြီးတော့ ကျွန်တော်တို့ရဲ့ Stop loss ကို ကျွန်တော်တို့ ဆန္ဒရှိရင် ရှိသလို အရင်းရသည့် နေရာဖြစ်တဲ့ ကျွန်တော်တို့ရဲ့ position ရပ်နားရာနေရာပေါ်သို့ ရွေ့နိုင်ပါတယ်။ အထက်ပါ ဆွေးနွေးခဲ့သကဲ့သို့ ဘယ် Trade မှာမဆို အရှုံးဟာ ကျွန်တော်တို့ ရဲ့ ရင်းနှီးငွေရဲ့ သတ်မှတ်ထားသော ရာခိုင်နှုံးထက်ကို ဘယ်တော့မှ မကျော်လွန်စေရပါ။

ဝင်ရမည့် စည်းကမ်းဥပဒေကို သတ်မှတ်ခြင်း - Set Entry Rules
ဒီခေါင်းစဉ်ဟာ Exit rules ရဲ့ ခေါင်းစဉ်အောက်မှာ လာရတဲ့ အကြောင်းကတော့ exits တွေဟာ entries တွေထက်ကို ပိုမိုအရေးကြီးလို့ပါပဲ။ စံပြုထိုက်တဲ့ entry rule တစ်ခု ကိုစကားလုံး ရွေးချယ်သုံးနှုံးရမယ် ဆိုရင် (signal A ဟာ ပစ်လိုက်တယ်။ သူဟာ အနိမ့်ဆုံး ပစ်မှတ်တစ်ခု ကို သုံးကြိမ် ထိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Stop loss ဟာ အကောင်းဆုံး ဖြစ်ပြီးတော့ ကျွန်တော်တို့ဟာ Support မှာရှိနေပြီ ဆိုတာပါပဲ။ ထို့နောက် X အဆက်သွယ်တွေ သို့မဟုတ် shares တွေကို ဒီမှာ ၀ယ်ပါတယ်။ ) ကျွန်တော်တို့ရဲ့ system ဟာ ထိရောက်မှု ရှိစေရန် လုံလုံလောက်လောက် ရှုတ်ထွေးနေသင့်တယ်။ သို့သော်လည်း လွယ်ကူချောမွေ့စေသော ဖျက်လတ်သော ဆုံးဖြတ်ချက်များချမှတ်ရန် ဖူလုံသော ရိုးရှင်းမှု ရှိရပါမယ်။ အကယ်၍ ကျွန်တော်တို့မှာ အများစုဟာ subjective ဖြစ်ပြီးတော့ တွေ့ဆုံရမည့် ကန့်သတ်ချက် ၂၀ ရှိတယ်ဆိုရင် အမှန်တကယ် trades တွေ ပြုလုပ်ရန်မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ဟာ ဒါကို ခက်ခက်ခဲခဲ ရှာဖွေရပါလိမ့်မယ်။ ကွန်ပြူတာတွေဟာ မကြာခဏ လူတွေထက်ကို ပိုမိုကောင်းမွန်တဲ့ Traders အဖြစ် ပြုလုပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ computer –program generated ဖြစ်တဲ့ New York Stock Exchange အပေါ်မှာ ယခုတွေ့ရှိနေရတဲ့ Trades အားလုံးရဲ့ ၅၀ ရာခိုင်နှုံးနီးပါးက ရှင်းပြပါတယ်။ ကွန်ပြူတာတွေဟာ trade တစ်ခုကိုလုပ်ရန် တွေးတောရန် သို့မဟုတ် ကောင်းကောင်းခံစား တာတွေ မရှိပါဘူး။ အခြေအနေတွေ ပြည့်စုံတယ်ဆိုရင် သူတို့ဟာ ၀င်ပါတယ်။ Trade ဟာ မှားတဲ့ နည်းလမ်းတွေကို သွားတဲ့အခါ သို့မဟုတ် အမြတ်အမှတ်ကို ထိတဲ့အခါမှာ သူတို့ဟာ ထွက်ပါတယ်။ သူတို့ဟာ ဈေးကွက်မှာ ဒေါသထွက်တာတွေ မရှိပါဘူး။ သို့မဟုတ် ကောင်းတဲ့ trades အနည်းငယ် ရရှိပြီးချိန်တွင်လည်း ခံစားချက်ကင်းမဲ့ပါတယ်။ ဆုံးဖြတ်ချက်တိုင်းဟာ ဖြစ်နိုင်စွမ်းတွေရှိတဲ့အပေါ်မှာ အခြေခံပါတယ်။

ပိုမိုကောင်းမွန်သော မှတ်တမ်းများကို ထိမ်းသိမ်းခြင်း - Keep Excellent Records
အားလုံးသော traders ကောင်းတွေဟာ မှတ်တမ်းထိမ်းသိမ်းကောင်းတဲ့သူတွေလည်းပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ Trade တစ်ခုကို အောင်မြင်ခဲ့လျှင် သူတို့ဟာ ဘာကြောင့်နှင့် ဘယ်လိုဆိုတာကို တိတိကျကျ သိချင်ကြပါတယ်။ ပိုမို အရေးကြီးတာကတော့ သူတို့ ရှုံးတဲ့အခါမှာလည်း တူညီစွာ သိချင်ပါတယ်။ ထိုကြောင့် သူတို့ဟာ မလိုလားအပ်တဲ့ အမှားတွေ ထပ်ရောက်မလာစေချင်ကြပါဘူး။ ပစ်မှတ်၊ trade တစ်ခုစီရဲ့ entry and exit၊ အချိန်၊ support and resistance levels၊ နေ့စဉ် opening range၊ နေ့စဉ် market အဖွင့်နှင့် အပိတ်နှင့် ဘာကြောင့် Trade ကို လုပ်ရတယ် ဆိုတာနဲ့ သင်ခန်းစာသင်ယူခဲ့ပုံ အကြောင်းတွေရဲ့ မှတ်ချက် မှတ်တမ်းတွေကဲ့သို့သော အရာတွေကို အသေးစိပ် ရေးချပါ။ အသေးစိပ် system တစ်ခုအတွက် အရှုံး သို့မဟုတ် အမြတ်ကို စီစစ်ဖို့နဲ့ ပြန်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Trading records တွေကိုလည်းပဲ သိမ်းဆည်းသင့်ပါတယ်။ trading system တစ်ခုကို အသုံးပြုခြင်းကြောင့် trade တစ်ခုစီအတွက် ရှုံးသွားတဲ့ ပမာဏပြမယ့် draw-downs ၊ အချိန်တိုတိုနဲ့ အကျိုးများတဲ့ trade တွေကို တွက်ချက်ဖို့ လိုအပ်တဲ့ trade တစ်ခုစီအတွက် ပျဉ်းမျှအချိန်နှင့် အရေးကြီးသော အခြားအရာများ၊ နှင့် buy and hold strategy တစ်ခုနှင့် သူတို့ကို နှိုင်းယှဉ်ပါ။ ဒါဟာ စီးပွါးရေး တစ်ခုဆိုတာနှင့် ကျွန်တော်တို့ဟာ စာရင်းကိုင်များ ဖြစ်ကြတယ်ဆိုတာကို အမှတ်ရပါ။

Post-mortem တစ်ခု ပြီးမြောက်စေခြင်း - Perform a Post-Mortem
Trading day တစ်ရက် ပြီးတိုင်းမှာ အမြတ် သို့မဟုတ် အရှုံးတွေ ပေါင်းထည့်ခြင်းဟာ ဘာကြောင့်နှင့် ဘယ်လိုဆိုတာ သိနေရန်အတွက်က အဓိက အကြောင်းရင်းမဟုတ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ trading journal မှာသာ ကောက်ချက်ရေးချရမှာ ဖြစ်ပါတယ်။ သို့မှသာ နောက်တစ်ကြိမ်မှာ သူတို့ကို ကျွန်တော်တို့ ကိုးကားနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ real money ဖြင့် Trading စတင်လုပ်တဲ့အခါမှာ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေကို ရရှိလာတဲ့အခါမှာ ကစားပွဲထဲသို့ emotions တွေလည်း ၀င်လာပါတယ်။ successful paper trading ဟာ အာမခံချက် မပေးပါဘူး။ သို့သော်လည်း successful trading ဟာ system ကို တကယ့် အလုပ်မှာ အသုံးပြုသွားတဲ့အခါ ရရှိတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုမျိုး trader ကို ပေးပါတယ်။ System ပေါ်မှာ ဆုံဖြတ်ချက်ချခြင်းဟာ လုံလောက်သော ကျွမ်းကျင်မှုကို ရရှိခြင်းထက် အနည်းငယ် အရေးကြီးပါတယ်။ ဒါကြောင့်မို့ သံသယဖြင့် ဆုံးဖြတ်ချက်များ သို့မဟုတ် မှန်းဆမှုစက္ကန့်များမရှိပဲနဲ့ trades တွေကိုပြုလုပ်ရန် ကျွန်တော်တို့ဟာ ကျွမ်းကျင်လာပါတယ်။

Trade တစ်ခုမှာ ငွေရရှိဖို့အတွက် အာမခံတဲ့နည်းလမ်းမရှိပါဘူး။ Traders တွေရဲ့ အခွင့်အရေးကတော့ winning and losing system နှင့် သူတို့ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ အခြေခံပါတယ်။ အရှုံးမရှိပဲ အနိုင်ရနေတယ့်အရာဆိုတာ မရှိပါဘူး ။ Pros traders တွေဟာ trade တစ်ခုကို မ၀င်ခင်မှာ သိရမှာက ကံကြမ္မာ ဆိုတာ သူတို့ရဲ့ မျက်နှာသာပေးမှုထဲမှာ ရှိနေပါတယ်။ သို့မဟုတ် သူတို့တွေဟာ ဒီမှာ မရှိပါဘူး။ သူတို့ရဲ့ အမြတ်တွေကို ဆက်လက်ခွင့်ပြုခြင်းအားဖြင့် စီးဆင်းစေ၍ အရှုံးတွေကို တိုတိုနဲ့ ဖြတ်နေပါတယ်။ trader တစ်ယောက်ဟာ အချို့သော စစ်ပွဲငယ်လေးတွေမှာ ရှုံးရမယ်။ ဒါပေမယ့် သူတို့ဟာ စစ်ပွဲကြီးမှာ နိုင်ပါလိမ့်မယ်။ traders အများစုနဲ့ investors အများစုဟာ ဒါကို ဆန့်ကျင်ဘက် ပြုလုပ်နေကြပါတယ်။ ဒီအကြောင်းတွေဟာ သူတို့ကို ဘယ်တော့မှ ငွေဖြစ်မလာစေပါဘူး။

အပြောင်းအလဲမရှိစွာ နေနိုင်နေတဲ့ Traders တွေဟာ Trading ကို စီးပွါးရေးတစ်ခုကဲ့သို့ ဆက်ဆံ ထိတွေ့ပါတယ်။ အပြောင်းလဲမရှိစွာ အောင်မြင်မှုနှင့် Trading game မှာ အသက်ရှင်ကျန်ရစ်မှု ဖြစ်လာစေချင်ရင်တော့ plan တစ်ခုရှိခြင်းဟာ အရေးပါပါတယ်။ ဒါဟာ အာမခံချက် မရှိစဉ်မှာပဲ သူတို့ဟာ ငွေလုပ်နိုင်ပါလိမ့်မယ်။

Myanmar Forex Traders Forum မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment