Forex Traders တိုင်းသိထားရမည့် Indicators လေးမျိုး

5:30 PM | , ,

အောက်ပါ Indicators အမျိုးအစားလေးမျိုးက Forex Traders တိုင်း မသိမဖြစ်၊သိထားရမည့် Indicators လေးမျိုးလို့ Senior Trader များက ပြောဆိုတတ်ကြပါတယ်။

ကျွန်တော်တို့ဈေးကွက်ကို ၀င်တဲ့အခါမှာ ဒီ Tools လေးခုကိုဆောင်ထားပြီး အသုံးပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပြီး၊ မှန်ကန်တဲ့အချိန်မှ ဈေးကွက်မှာ အရောင်းအ၀ယ်လုပ်နိုင်ခြင်း၊ ရသင့်ရထိုက်တဲ့ အမြတ်အစွန်းကို ရနိုင်ခြင်းတို့အတွက် သေချာတဲ့ အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။

ဒီ Indicator များကတော့
  1. A Trend-Following Tool (ဈေးကွက်က ဘယ်လားရာကိုရွေ့နေလဲဆိုတာ လိုက်ကြည့်ဖို့အတွက်)
  2. A Trend-Confirmation Tool (အထက်ကမိမိကြည့်မိတဲ့လားရာကို အတည်ပြုဖို့အတွက်)
  3. An Overbought/Oversold Tool (အရောင်းလွန်နေလား၊ အ၀ယ်လွန်နေလား ကြည်ဖို့အတွက်)
  4. A Profit-Taking Tool (အမြတ်ယူဖို့အတွက်)
အထက်ကဖေါ်ပြထားတဲ့ အချက် လေးချက်ကို ထပ်မံပြီး ကျွန်တော်နားလည်သလို ထပ်ရှင်းပြပါရစေ။

1. A Trend-Following Tool
Trend Following Tools (ခေါ်) Indicators ဆိုတာကတော့ ဈေးကွက်ကိုဝင်တဲ့အခါမှာ ဈေးကွက်အနေထားလားရာက ဘယ်လိုဖြစ်နေသလဲ၊ တက်နေသလား၊ကျသလား၊ ဒါတွေကို သိဖို့အသုံးပြုရတဲ့ Indicators များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

ဈေးကွက်ကို ၀င်ရာမှာ မိမိဝင်ရောက်မယ့်ဈေးကွက်ရဲ့ အခြေနေကို သိဖို့က နံပါတ်တစ် အရေးကြီးဆုံး ကိစ္စဖြစ်ပါတယ်။ ဈေးကွက်အခြေနေမသိ၊ လားရာမသိဘဲ ဈေးကွက်ထဲ ၀င်မယ်ဆို ကနဦးရင်ဆိုင်ရမှာက မိမိရဲ့ အရင်းအနှီးဆုံးရှုံးမှုဖြစ်ပါမယ်။ ပြီးရင်တော့ မိမိကိုယ်ယုံကြည်မှုဆိုတဲ့ ယုံကြည်မှုကို ဆုံးရှုံးရပါလိမ့်မယ်။

ဥပမာအားဖြင့် အခုမှစမယ့် အတက်လားရာအခြေနေတစ်ခုမှာ (ဘာဒေတာမှလည်း ထွက်စရာမရှိတဲ့ အချိန်မျိုး၊ Trend Reversal လည်း ဖြစ်ဖို့မရှိတဲ့ အခြေနေမျိုးမှာ) မိမိအနေနဲ့ အရောင်းအော်ဒါ Sell Order ကိုပေးမိမယ်ဆိုရင် အခြေနေကတော့ သိပ်ဆိုးသွားပါလိမ့်မယ်။

ဒီနေရာမှာ တစ်ခု အရေးကြီးပြောလိုတာက ဒီအဆင့် (၁) နေရာမှထားတဲ့ Trend Following Tools က Trend တွေကို လားရာကြည့်ဖို့အတွက် အသုံးပြုဖို့သာဖြစ်ပါတယ်။ ဒီအဆင့်လောက်နဲ့ အရောင်း၊ အ၀ယ် ၀င်မလုပ်စေချင်ပါဘူး။ အောက်မှာ ဆက်ဖေါ်ပြမယ့် အဆင့်တွေကို ပြီးဆုံးနားလည်အောင်ဖတ်ပြီး အဆင့်ဆင့်ဈေးကွက်ကို ၀င်ရမှာဖြစ်ပါတယ်။

ဒီအဆင့်မှာ အသုံးပြုလို့ရတဲ့ Indicators များစွာ ရှိပါလိမ့်မယ်။ အရိုးရှင်းဆုံးနဲ့ အသုံးဝင်ဆုံးဖြစ်နိုင်တာက Moving Average Crossover ဖြစ်ပါလိမ့်မယ်။

Moving Average ကို Chart မှာထည့်တာက တစ်ယောက်နဲ့တစ်ယောက်နဲ့တစ်ယောက်တော့ အိုင်ဒီယာ မတူနိုင်ပါဘူး။ ကျွန်တော်ကတော့ အောက်က အတိုင်းထည့်သုံးထားပါတယ်။

1st SMA>> Period 12, Shift 0, Method Simple, Apply to Close, Style 2 Pixel, Color Red
2nd EMA>>Period 26, Shift 0, Method Simple , Apply to Close, Style 2 Pixel, Color Blue

‪ထည့်ရမယ့် Period ကိုတော့ မိမိဘာသာ စမ်းသပ်လေ့လာ ထည့်သွင်းစေလိုပါတယ်။ တစ်ချို့ကတော့ 10/30၊ 50/200 စသဖြင့် ထည့်သုံးကြတာပါတယ်။ ဖတ်နည်းကတော့ အတူတူပဲဖြစ်ပါတယ်။

အထက်က ဖေါ်ပြထားတဲ့ SMA Indicators တွေရဲ့ အခြေခံအသုံးကတော့ Period အတိုလိုင်းက Period အရှည်လိုင်းကို အပေါ်ကနေ အောက်ကို ဖေါက်မယ်ဆိုရင် DownTrend ကို ဂရုစိုက်ရမှာဖြစ်ပြီး၊ အတိုလိုင်းက အရှည်လိုင်းကို အောက်ကနေ အပေါ်ကို ဖောက်ထွက်မယ်ဆို UpTrend ကို သတိထားရမှာဖြစ်ပါတယ်။ (‪မှတ်ချက်။ Time Frame အတိုမှာအဆင်မပြေပါ၊ ဒါ့အပြင် သတိထားရမယ် ပြောခြင်းပဲဖြစ်ပါတယ်။ ကိုယ်တိုင်လေ့လာသုံးစွဲကြည့်ဖို့ တိုက်တွန်းပါတယ်။)


2. A Trend-Confirmation Tool 
အထက်က Trend Following Tool ခေါ် Indicators အရ ကျွန်တော်တို့ဆီမှာ ဈေးကွက်ရဲ့လားရာ အတက်၊ အကျကို ကြည့်ဖို့ Indicators တစ်ခုတော့ ရပြီးဖြစ်ပါတယ်။ ဒါဆို အဲဒီ Trend က ဘယ်လောက်မှန်မမှန် အတည်ပြုဖို့ နောက်ထပ် Tool တစ်ခုဖြစ်တဲ့ Trend Confirmation Tools နဲ့ အတည်ပြုကြမှာဖြစ်ပါတယ်။


Trend Confirmation Tools နဲ့ အတည်ပြုပြီးမှ ဈေကွက်လားရာကို အမှန်သိပြီး Bear လား Bull လားဆိုတာ ယုံကြည်ချက်ရှိရှိ အတည်ပြုပြီး ဈေးကွက်ဝင်နိုင်မှာလည်း ဖြစ်ပါတယ်။


Trend Confirmation Indicator (or) Tool အနေနဲ့ အသုံးများဆုံးကတော့ Moving Average Convergence Divergence (MACD) ပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် 50-day and 200-day moving averages နဲ့ MACD Default Setting နဲ့တွဲသုံးကြတတ်ပါတယ်။

No. 1 နှင့် No. 2 Tools နှစ်ခုကို အဆင်ပြေသလို သုံးလို့ရပါတယ်။ တစ်ခုက Trend Following ယူရင် နောက်တစ်ခုကို Trend Confirmation အနေနဲ့သုံးပေါ့၊ ရပါတယ်။ ဒါ့အပြင် ဒီနှစ်ခုက ကျွန်တော့်အနေနဲ့ နမူနာအဖြင့်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီထက်သင့်မယ့် Tools/Indicators တွေများစွာရှိပါသေးတယ်။

3. An Overbought/Oversold Tool
တတိယအချက်အနေနဲ့ မိမိအရောင်းအ၀ယ်လုပ်မယ့် အတွဲများရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အရောင်းအ၀ယ် အနေထားကို Overbought/OverSold ကြည့်ရမှာဖြစ်ပါတယ်။ ၀ယ်လိုအားများနေလား၊ ရောင်းလိုအားများနေလားသိမှလည်း ပစ္စည်းတစ်ခုကို ၀ယ်သင့်လား၊ရောင်းသင့်လားဆိုတာ ဆုံးဖြတ်လို့ လွယ်ကူမယ်ထင်ပါတယ်။

ဒီအချက်ကို သိဖို့ Tools တွေ Indicators တွေများစွာရှိနိုင်ပေမယ့် အသုံးအများဆုံးက RSI (Relative Strength Index) ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် 3 Day RSI ကို အတိုအနေနဲ့သုံးတတ်ကြပါတယ်။

သူ့မှာ Netural Line က 50 ဖြစ်ပြီး သူ့အထက် 50+ ဆို Buy Zone ထဲရောက်နေတယ်လို့ပြောလို့ရပြီး၊ 50- ဆို Sell Zone ထဲရောက်နေတယ်လို့ပြောလို့ရပါတယ်။ အကြမ်းအားဖြင့် 30 ကို OverSold လို့ သတ်မှတ်ပြီး 70 ကို OverBought လို့နားလည်ထားရင်ရပါပြီ။

4. A Profit-Taking Tool 
ကဲ နောက်ဆုံးအနေနဲ့ အမြတ်ယူဖို့အတွက် အသုံးပြုနိုင်တဲ့ Tools ကို မိတ်ဆက်ပေးပါ့မယ်။ အထက်က အဆင့် ၃ ဆင့်နဲ့ တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း တိုက်ဆိုင်စစ်ဆေး အတည်ပြုလာပြီးတဲ့နောက်မှာတော့ ဒီအဆင့်မှာ ကျွန်တော်တို့ဟာ အမြတ်ရဖို့အတွက် နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။

ဒီအဆင့်မှာ အထက်က ဖေါ်ပြခဲ့တဲ့ RSI ကို အတိုအတွက်သုံးလို့ရသလို၊ ရေရှည်လော့များအတွက် 80 Day RSI ကိုပြောင်းသုံးလို့လည်းဖြစ်ပါတယ်။


အခြား Tool ကို ပြောင်းသုံးမယ်ဆိုရင်တော့ Bollinger Bands ကိုသုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် 20-day Bollinger Bands ကိုတော့ သုံးကြတာတွေ့ပါတယ်။

Bollinger Bands မှာဆိုရင် Bollinger Upper Band, Bollinger Lower Band and Bollinger Middle Band ဆိုပြီး Bands ၃ မျိုးပါပါတယ်။

Middle Band ကတော့ Moving Average သဘောပါပဲ၊ အထွေအထူးမရှိပါဘူး။ Upper Band နဲ့ Lower Band ကိုကြည့်ပြီးတော့ trends and reversals ကို မြင်ရင်ရပါပြီး၊ Bollinger Band ပုံတင်ပေးထားပါတယ်။ ပုံနှင့်တကွကြည့်လိုက်ရင် ဘာကို ဆုံးဖြတ်ရမလည်းဆိုတာ သိမယ်လို့ ယုံကြည်ပါတယ်။

ဒီအထက်က ရေးသားချက်တွေကတော့ ကျနော်ဖတ်ဖူးထားတာကို အားလုံးသိစေ၊ စမ်းသပ်စေ၊ အသုံးချစေ၊ အမြတ်ရစေနိုင်ဖို့ မြန်မာလိုတတ်စွမ်းသမျှရေးသားလိုက်ပါတယ်။ တကယ်လို့ အမှားအယွင်းရှိခဲ့ပါက ကျွန်တော်၏ ပေါ့ဆမှုကြောင့်သာဖြစ်ပါကြောင်း ကြိုတင်ဝန်ခံတောင်းပန်ပါရစေ။

အထူးအနေနဲ့ အထက်က အချက်လေးချက်ကို ဆက်စပ်တွေးတောကြည့်ပါလို့နဲ့ အချက်တစ်ခုစီမှာ နမူနာသုံးထားတဲ့ ပုံကိုလည်းကောင်း၊ အင်တာနက်ဝက်ဆိုဒ်မှလည်းကောင်း ထပ်မံရှာဖွေလေ့လာပါက ပိုမိုအကျိုးများမည်ဟု ယုံကြည်မိပါကြောင်း။

အားလုံးအောင်မြင်ကြပါစေ။

Facebook Group မှ ကိုလင်းဇေယျာကျော် ပို့စ်ကို ကူးယူဖော်ပြပါသည်။

2 comments:

Colourfulebook said...

Where can i get these tools. download link plz :D

Unknown said...

Thanks

Post a Comment