Slippage အကြောင်း သိကောင်းစရာ

3:30 PM | ,


ဒီနေ့ XAUUSD မှာ Trade တစ်ခုကို ကျွန်တော် T/P နှင့် တကွ S/L ကို ထားပြီး Buy Trade တစ်ခုကို Long လုပ်ထားဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ Price ဟာ ရုတ်တရက် ထိုးကျဆင်းသွားခဲ့ပြီး pips တော်တော်များများကို ဆင်းသွားခဲ့ပါတယ်။ ဥပမာ S/L ကို 1081 မှာ ထားထားတာကို 1073 ရောက်သွားတဲ့ အချိန်ကျမှ Stop Out ဖြစ်သွားပါတယ်။ ကိုယ်အရှုံးခံနိုင်သည့် အကန့်အသတ်အနေဖြင့် ထားထားတဲ့ Risk ထက်ကို အတော်များများ ပိုမိုဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ account ဟာ leverage အတော်များများဖြင့် Trading လုပ်နေတယ်ဆိုပါက မိမိတို့ရဲ့ account ကို ဆုံးရှုံး သွားရဖို့ ရာခိုင်နှုံးအတော်များများ ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဘာကြောင့်ဖြစ်ရပါသလဲဆိုတာကို ကျွန်တော်တို့ ဆက်လေ့လာကြရမှာ ဖြစ်ပါတယ်။

ပထမဦး ဆုံးအနေနဲ့ ဆန်းစစ်ကြည့်ရမှာကတော့ ကျွန်တော်တို့သုံးနေတဲ့ Platform ကိုပါပဲ။ ရုတ်တရက် ထိုးကျသွားတဲ့ Price Action ဟာ ကိုယ်သုံးနေတဲ့ Platform မှာ ရောက်ခဲ့တဲ့ ဈေးသို့ အခြားအခြားသော Platform တွေမှာရော ရောက်ခဲ့သလား ဆိုတာကိုပါပဲ။ Broker platform ပေါ်မူတည်ပြီးတော့ ကွဲပြားတက်တယ်ဆိုတာပါပဲ။ အထူးသဖြင့် volatile ဖြစ်တဲ့အခါဆိုရင် ပိုးဆိုးတက်ပါတယ်။ အငွေ့ပျံလွယ်တဲ့ အခြေအနေပေါ့။ ဈေးတက်လိုက်ကျလိုက် အချိန်တိုတိုအတွင်းမှာ ဈေးအရမ်းကစားတဲ့အချိန်မှာ ဖြစ်တက်တာကို ဆိုလိုပါတယ်။ တစ်ခါတစ်လေ Market အဖွင့်မှာ gap up တို့ gap down ဆိုတဲ့ ဈေးခုန်ကျော်တဲ့အခါလည်း ဖြစ်တက်ပါတယ်။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ account ကို စိတ်ချနိုင်ဖို့ အတွက် ယေဘုယျ အားဖြင့် S/L ကို 100% ယုံကြည် စိတ်ထားလို့ မရနိုင်ပါဘူး ။ အထက်ပါ ဖေါ်ပြခဲ့သော ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်အတွက်ပါ ထည့် စဉ်းစားဖို့ လိုလာတာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုဖြစ်မလဲ။ ကျွန်တော်တို့ Broker တိုင်းကို ယုံကြည်လို့ မရပါဘူး။ အချို့ဈေးပေါပေါ spread ပေးတဲ့ လူလိမ်ပွဲစားတွေ အများကြီး ရှိပါတယ်။

Stock ပဲ ဖြစ်ဖြစ်၊ Forex ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ထားလိုက်တဲ့ S/L တို့ T/P ရောက်တဲ့ အခါကျလျှင် အခြားတစ်ဖက်က ကိုယ့်ကို ဆန့်ကျင်ပြီး ရောင်းမယ့်သူ ၀ယ်မယ့်သူ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဥပမာ ကျွန်တော်တို့က ၀ယ်ထားတဲ့ Trade တစ်ခုကို S/L တို့ T/P တို့ ရောက်လျှင် ပြန်ရောင်းမယ် ဆိုပြီး သတ်မှတ်ထားသော်လည်း အဲ့ဒီ Price ကို ဖြတ်သွားတဲ့ အချိန်က သိပ်မြန်တာရယ် ၀ယ်မယ့်သူ လုံလုံလောက်လောက် မရှိတာရယ်ကြောင့် အဲ့ဒီ Price ကို ကျော်လွန်သွားပြီးမှ ၀ယ်သူ ပေါ်လာလို့လဲ ဖြစ်တက်ပါတယ်။ ဒါဟာ အမှန်တကယ် ဖြစ်တာလဲရှိသလို Broker ကလုပ်တာလည်း ရှိပါတယ်။ တခြား Broker နဲ့ယှဉ်ကြည့်တော့ အဲ့ဒီအချိန်မှာ အဲ့ဒီဈေးကို မရောက်တက်တာလည်းရှိပါတယ်။

နောက်တစ်ခုက illiquidity ဆိုတာက ၀ယ်မည်၊ ရောင်းမည့်သူနည်းပါးတဲ့ အချိန်ပါပဲ။ Trading က နှစ်ဖက် ရောင်းသူဝယ်သူရှိမှ အလုပ်ဖြစ်သွားတက်တာပါပဲ။ Forex လိုမျိုး တကမ္ဘာလုံးက အချိန်နဲ့ တပြေးညီ Trading လုပ်နေကြတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်မျိုးက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တက်ပါတယ်။ ဒါပေမယ့်လည်း ဒါကို အခွင့်ကောင်းယူပြီးတော့ Broker အချို့ကလည်း ရယူအသုံးချတက်ပါတယ်။ ဒါကြောင့်မို့ Broker ရွေးချယ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့လိုပါတယ်။

Slippage ကို အဓိပ္ပါယ်ဖွင့်ဆိုရရင် မိမိတို့ ရည်မှန်းထားသည့် နောက်ကျမှ အလုပ်ပြီးစီးခြင်းလို့ ဆိုရမှာပါ။

Translate slippage to Use over time for: slippage
What is Slippage? Slippage ဆိုတာဘာလဲ။
Slippage is when an order is filled at a price that is different than the requested price.
Slippage ဆိုတာ order တစ်ခုကို requested price ထက်ကို ကွဲပြားခြားနားတဲ့ Price တစ်ခုမှာ filled လုပ်ခြင်းခံရတဲ့ ဖြစ်ရပ်ပါပဲ ။

Trade တစ်ခုရဲ့ မျှော်လင့်ထားတဲ့ဈေးနှုံး နဲ့ အမှန်တကယ် အဲ့ဒီ Trade ရဲ့ အလုပ်ဖြစ်သွားတဲ့ ဈေးနှုံး တွေရဲ့ ကွာခြားချက် ဖြစ်ပေါ်လာပါတယ်။

Slippage ဟာ မြင့်မားသော ဈေးနှုံးကစားတဲ့ အချိန်ပိုင်းတွေမှာ မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ market orders တွေ များစွာပေးတဲ့အခါ၊ ကြီးမားသော orders တွေကို ပြုလုပ်ခိုင်းခံရတဲ့အခါ၊ Trade ရဲ့ ဆုံးဖြတ်မျှော်လင့်ထားသောဈေးနှုံးကို လက်ခံနိုင်ရန် စိတ်ဝင်စားခံရမှု လုံလုံလောက်လောက်မရှိတဲ့ price level တွေမှာ ဖြစ်တက်ပါတယ်။

Slippage ဟာ Forex နှင့် stock trading နှစ်ခုစလုံးမှာ အသုံးပြုလေ့ရှိတဲ့ စကားအသုံးအနှုံး တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးအတွက် တူညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစား trading တစ်ခုစီအတွက် ကွဲပြားခြားနားတဲ့ အခြေအနေတွေမှာ Slippage ကိုတွေရှိရပါတယ်။

Forex မှာဆိုလျှင် order မှာ မူလရည်ရွယ်တာထက် ပိုမိုဆိုးဝါးတဲ့နှုံးတစ်ခုအဖြင့် Limit Order တစ်ခု ဒါမှမဟုတ် Stop Loss တွေ ဖြစ်သွားတယ်ဆိုရင် slippage ဖြစ်ပေါ်လာတာပါပဲ။

Slippage သည် တက်လိုက်ကျလိုက် ဈေးကစားနေသော အချိန်၊ သတင်းအသစ် အဖြစ်အပျက်များ ဖြစ်ကောင်းဖြစ်လာနိုင်သော အချိန်နဲ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တဲ့ သတ်မှတ်ဈေးနှုံးတစ်ခုမှာ order တစ်ခုကို ပြုလုပ်ထားသောအခါမျိုးတွင် မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။

ဒီအခြေအနေမှာ Forex dealers အများစုဟာ နောက်တစ်ကြိမ် အကောင်းဆုံး ဈေးနှုံးမှာမှ Trade ကို ၀င်ကြပါတယ်။

Stocks trading မှာတော့ Slippage ဟာ spread ပြောင်းလဲမှု တစ်ခု ဖြစ်လာတဲ့အခါမှာ မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ ဒီနေရာမှာ trader တွေရဲ့ market order တစ်ခုထားရှိထားမှုဟာ မျှော်လင့်ထားသော ဈေးနှုံးထက်လွဲနေသော ဈေးနှုံးတစ်ခုဖြင့် လက်ခံဆောင်ရွက်တာကို ခံရနိုင်ပါတယ်။

ဒီနေရာမှာ long trade (buy trade) တစ်ခုအတွက်ကတော့ trader တွေအတွက် ၀ယ်ဈေး ask ဟာ မြင့်တက်နေမှာ ဖြစ်ပြီးတော့ short trade (sell trade) အတွက် ရောင်းဈေး bid တွေက နိမ့်ချခံရမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အချိန်မှာ market orders တွေကို ရှောင်နေခြင်းအားဖြင့်

Traders တွေဟာ slippage ဖြစ်ခြင်းမှ သူတို့ကိုယ် သူတို့သာလျှင် ကာကွယ်ကူညီ ရမှာ ဖြစ်ပါတယ်။

စကားစမြည်းအနေနဲ့ ပြောရရင် slippage နှင့်ပက်သက်ပြီး ကျွန်တော်ကြားတာကိုပြောရရင် ဂရုစိုက်ပြီး အလေးထားသင့်တဲ့ အထဲမှာရှိပါတယ်။ အမှန်တကယ် ရှိနေတာ ဖြစ်ပါတယ်။ ပုံမှန် ဈေးကွက် ဖြစ်ပေါ်နေမှုတွေဟာ traders တွေအတွက် ကောင်းသောအရာတွေကို ပေးစွမ်းနိုင်ပါတယ်။ liquidity provider သို့မဟုတ် bank တွေ ဟာ order တွေ ပေးပို့လာတဲ့အခါမှာ သူတို့ဟာ အကောင်းဆုံး ရနိုင်သော ဈေးနှုံး တွေနဲ့ ဖြည့်ပေးခြင်း ခံရပါတယ်။ ဖြည့်ပေးတဲ့ဈေးနှုံးကလဲ price requested ရဲ့ အပေါ် သို့မဟုတ် အောက်မှာရှိတဲ့ ဈေးနှုံးတွေကို ရွေးချယ်ပေးပါတယ်။

ဒီအယူအဆကို မှတ်ကျောက်တင်ရန် ကိန်းဂဏန်းအားဖြင့် ဥပမာပေးရရင် ကျွန်တော်တို့ EURUSD ကို current market rate of 1.3650 မှာ ၀ယ်ဖို့အတွက် အားထုတ်တယ်ဆိုကြပါစို့။ ဒီ order ကို ဖြည့်တဲ့ အခါမှာ potential outcomes အနေနဲ့ 3 ခု ရှိပါတယ်။

Outcome #1 (No Slippage)
တင်ပြခဲ့တဲ့ order နှင့် အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေးဟာ 1.3650 မှာပဲ လက်ခံ ရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းခဲ့တဲ့ ဈေးနှုံး တိတိကျကျပါပဲ) order ဟာ 1.3650 မှာပဲ ပြည့်သွားပါတယ်။

Outcome #2 (Positive Slippage)
တင်ပြခဲ့တဲ့ order နှင့် အကောင်းဆုံး ရနိုင်တဲ့ဝယ်ဈေးဟာ ရုတ်တရတ် ပြောင်းလဲသွားတဲ့ 1.3640 မှာ လက်ခံရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips နည်းနေပါတယ်။) ကျွန်တော်တို့ရဲ့ order ဟာ အကောင်အထည်ဖော်နေပါတယ် ။ order ဟာ ပိုမိုကောင်းမွန်တဲ့ဈေးနှုံး 1.3640 မှာ ပြည့်သွားပါတယ်။

Outcome #3 (Negative Slippage)
တင်ပြခဲ့တဲ့ order နှင့် အကောင်းဆုံးရနိုင်တဲ့ ၀ယ်ဈေးဟာ ရုတ်တရတ် ပြောင်းလဲသွားတဲ့ 1.3660 မှာ လက်ခံရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips များနေပါတယ်) ကျွန်တော်တို့ရဲ့ order ဟာ အကောင်အထည် ဖော်နေပါတယ်။ ဒါကတော့ order ဟာ 1.3660 မှာပဲ အပြည့်သွားမှာ ဖြစ်ပါတယ်။

ဘယ် အချိန်မှာမဆို ကျွန်တော်တို့ရဲ့ order တွေဟာ ကွဲပြားခြားနားတဲ့ price တွေနဲ့ အဖြည့်ခံနေရမှာ ဖြစ်ပါတယ်။ ဒါဟာ slippage ပါပဲ။

Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment