How To Add and Use Custom Indicators To MT4

5:30 AM |

အခုပို့စ်မှာတော့ ကျွန်တော်တို့ အသုံးပြုလိုတဲ့ MT4 Indicators တွေကို ထပ်ပေါင်းထည့်တာကို ပုံတွေနဲ့အတူ ပြောပြပေးသွားပါမယ်။


၁။ အရင်ဆုံး ကိုယ်ထပ်ပေါင်းထည့်ချင်တဲ့ Indicators တွေကို အရင်ဆုံး Copy ကူးထားလိုက်ပါ။ Indicator ဖိုင်တွေက (***.mq4) File extension နဲ့ ဖြစ်ပါတယ်။ ပြီးရင် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း MT4 မှာ File Menu ကနေ Open Data Folder ဆိုတာကို ဖွင့်လိုက်ပါ။


၂။ ပြီးရင် အပေါ်က ပုံမှာပြထားတဲ့အတိုင်း MQL4 ဖိုင်ကို ဖွင့်လိုက်ပါ။


၃။ ပြီးရင် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Indicators Folder ကို ဖွင့်ပြီးတော့ ကူးထားတဲ့ (***.mq4) ဒါမှမဟုတ် (***.ex4) ဖိုင်တွေကို Paste လုပ်ပြီး ကူးထည့်လိုက်ပါ။ ပြီးရင်တော့ MT4 ကို Restart လုပ်ဖို့အတွက် ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ MT4 ကို ပိတ်ပြီးတော့ ပြန်ဖွင့်ဖို့လိုပါတယ်။


၎။ ထည့်သွင်းလိုက်တဲ့ Indicators တွေကိုတော့ အပေါ်ကပုံမှာပြထားတဲ့အတိုင်း Custom ကနေ Indicators နာမည်အတိုင်း ရှာဖွေထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။


၅။ တချို့ Indicators တွေနဲ့အတူ Templates ဖိုင်တွေပါ တပါတည်း ပါလာတတ်ပါတယ်။ Template ဖိုင်တွေက (***.tpl) File Extension နဲ့ ဖြစ်ပါတယ်။ အဲဒီဖိုင်တွေကိုတော့ templates Folder ထဲကို Copy ကူးယူထည့်ပါ။


၆။ Template ဖိုင်ကိုတော့ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Load Template ကနေ template နာမည်နဲ့ ရှာဖွေထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။

Traders တွေအတွက် အသုံးဝင်မယ့် Indicators တွေကို ဆက်လက်ပြီး ပြောပြပေးပါမယ်။ Indicators တွေ ထည့်သွင်းတာမှာ အခက်အခဲရှိတယ်ဆိုရင် အောက်မှာရေးပြီး ပြောထားခဲ့နိုင်ပါတယ်။

2 comments:

Unknown said...

ကျေးဇူးတင်ပါတယ်

Unknown said...

ကျေးဇူးတင်ပါတယ်

Post a Comment