Broker တစ်ခုကို ရွေးချယ်ခြင်း

8:30 PM | ,


World Market သို့ဝင်ရောက် အရောင်းအ၀ယ်ပြုလုပ်နေသော Trader များ အထူးအလေးနက်ထားပြီး စဉ်းစားသင့်သည့် အချက်များ

(၁) အကောင့်အတွင်းရှိ ငွေကြေးပမာဏအတွက် လုံခြုံစိတ်ချခိုင်မာမှု
ဤအချက်သည် Trader တိုင်းအတွက် အရောင်းအ၀ယ်ပြုလုပ်မည့် အကောင့်မဖွင်လှစ်မီ အခြေခံအကျဆုံး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ သင့်ကို အရောင်းအ၀ယ်အကောင့် ၀န်ဆောင်မှုပေးမည့် Broker ကုမ္ပဏီ၏ ဂုဏ်သတင်းနှင့် နောက်ခံခိုင်မာမှုကို အလေးအနက်ထားသိရှိရန်လိုအပ်ပါသည်။

(၂) အကောင့်အတွင်း ငွေသားထည့်သွင်းခြင်းနှင့် အကောင့်မှ ငွေသားထုတ်ယူခြင်း
Broker အများစုသည် သင့်၏ အကောင့်အတွင်း ငွေသားထည့်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ကြပါသည်။ ဤသို့ဆိုလျှင် သင်၏ အကောင့်အတွင်းမှ ငွေသားထုတ်ယူမှုကို လည်း အကောင့်အတွင်း ငွေသားထည့်သွင်းခြင်ကဲ့သို့ လျှင်မြန်ချောမွေ့စွာ ဆောင်ရွက်ပေးရာတွင် Broker အချို့သာ ကောင်းမွန်စွာဆောင်ရွက်ပေးကြပါသည်။ ထို့ကြောင် အကောင့်အတွင်းမှ ငွေသားထုတ်ယူခြင်းကဏ္ဍတွင်လည်း အကြိမ်တိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်သည့် Broker ကို ရွေးချယ်ရန် အလွန်အရေးကြီးပါသည်။

(၃) Spread & Commission
သင့်၏ ဖွင့်လှစ်မည့် အကောင့်အတွင်း အရောင်းအ၀ယ်ပြုလုပ်သမျှ Trade Transaction များအပေါ် Spread ယူထားပြီးသည့်အပြင် ကော်မရှင်ခ ထပ်မံတောင်းယူခြင်းသည် နည်းလမ်းမကျကြောင်း ဦးစွာသိရှိထားရန်လိုအပ်ပါသည်။ ကမ္ဘာ့ ရင်းနှီမြုပ်နှံမှုဈေးကွက်ကြီတွင် ခိုင်မာမှန်ကန်သော Broker မှန်သမျှသည် Spread ယူလျှင် Commission zero သာဖြစ်ပါသည်။ ထိုအချက်ကိုသိရှိထားလျှင် သင့်ကို အရောင်းအ၀ယ်အကောင့် ၀န်ဆောင်မှုပေးမည့် Broker ကုမ္ပဏီသည် မည့်သည့်အမျိုးအစားဖြစ်သည်ကို charges မည်မျှတက်မည်ကို သိရှိတွက်ချက်နိုင်ပါပြီ။

(၄) Broker ကုမ္ပဏီ၏ Customer service ၀န်ဆောင်မှုအရည်အသွေး
သင့်အကောင့်နှင့် ပတ်သက်၍ဖြစ်စေ၊ ငွေသွင်းငွေထုတ်ကိစ္စဖြစ်စေ၊ သင် Trading ပြုလုပ်နေစဉ်အတွင်း အဆင်မပြေမှု တစုံတရာပေါ်လာပါက သင့်ကို ၀န်ဆောင်မှုပေးနေသော Broker ဆီသို့ အကူအညီ အလွယ်တကူ ဆက်သွယ်တောင်းဆိုနိုင်ပါသလား။ သင်၏ အခက်အခဲ အဆင်မပြေမှုကို သင့် Broker မှ အကောင်းဆုံးထိရောက်လျှင်မြန်စွာ တုံပြန်ဆောင်ရွက်ပေးပါသလား။ သင်၏ အခက်အခဲ အဆင်မပြေမှုများကို အကောင်းဆုံးထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးသော Broker သည်သာလျှင် Customer Service အရည်အသွေးပြည့်ဝသည် ဖြစ်၍ ထို Broker မျိုးကို စိစစ်ရွေးချယ်ရန် အထူးအရေးကြီးကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ကို Kyaw Tun ရဲ့ ပို့စ်ကို ပြန်လည် ကူးယူဖော်ပြပါသည်။

မှတ်ချက်။ ။ ကျွန်တော်ကိုယ်တိုင်ကတော့ FBS မှာ Trader အကောင့်ဖွင့်ထားပါတယ်။ FBS အကြောင်းကို ပိုမို သိရှိလိုပါက ဒီလင့်မှာ ဆက်လက်ပြီး ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment