Trader တစ်ယောက် Trade တစ်ခုကို ဖွင့်တော့မယ်ဆိုရင် Stop Loss, Take Profit တို့ကို Support, Resistance တွေကနေ သတ်မှတ်တယ်၊ ပြီးရင် Lot ဆိုဒ် ဘယ်လောက်နဲ့ ဖွင့်မယ်ဆိုတာကို ဆုံးဖြတ်ရပါတယ်။ တချို့တွေကတော့ Lot ဆိုဒ်တွေ မှားဖွင့်မိလို့ ဈေးနှုန်းနည်းနည်းပြောင်းတာနဲ့တင် အရှုံးတွေနဲ့ Trade တွေက Close ဖြစ်ကုန်ကြပါတယ်။
ဒီ Indicator လေးကတော့ Trader တစ်ယောက်အတွက် Lot ဆိုဒ်ဘယ်လောက်နဲ့ Trade ဖွင့်ရမယ်ဆိုတာကို အလိုအလျောက် တွက်ချက်ပေးပါတယ်။ Trading Bot တွေလို Trade ကိုတော့ အော်တိုဖွင့်ပေးမှာ မဟုတ်ပါဘူး။ Trader ကနေ ကိုယ်တိုင်ပဲ Trade ကို ဖွင့်ရမှာဖြစ်ပါတယ်။
Indicator ကနေ Lot ဆိုဒ်ကို အောက်က အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ပေးပါလိမ့်မယ်။ အဓိကအချက်တွေကတော့
Indicator ကတော့ Main Window ပေါ်မှာ အချက်အလက်တွေဖော်ပြတာ (အပေါ်ပုံ) နဲ့ သီးသန့် Window တစ်ခုမှာ အချက်အလက်တွေကို ဖော်ပြတာ (အောက်ပုံ) ဆိုပြီး နှစ်ခုရှိပါတယ်။ ကိုယ်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ အပေါ်က ပုံနှစ်ခုကို ကြည့်လိုက်မယ်ဆိုရင် Chart ပေါ်မှာ ကိုယ်တိုင် ရွေ့ပြောင်းပေးနိုင်တဲ့ မျဉ်းတွေ၊ Entry Level, Stop Loss, Take Profit Level တွေနဲ့ Trader အနေနဲ့ ဖွင့်ရမယ့် Lot ဆိုဒ်ကို အနီရောင်နဲ့ ပြထားပေးတယ်ဆိုတာ တွေ့ပါလိမ့်မယ်။

- ကိုယ့်ရဲ့ Trading အကောင့်ထဲမှာရှိတဲ့ ငွေပမာဏ၊
- Trade တစ်ခုအပေါ်မှာ အဆုံးရှုံးခံနိုင်တဲ့ ငွေပမာဏ (သို့)
- Trade တစ်ခုအပေါ်မှာ အကောင့်ထဲမှာရှိတဲ့ ငွေစုစုပေါင်းရဲ့ အဆုံးရှုံးခံနိုင်တဲ့ ရာခိုင်နှုန်း၊
- ကိုယ်သတ်မှတ်ထားတဲ့ Stop Loss နေရာတို့ပဲ ဖြစ်ပါတယ်။
တွက်ချက်တဲ့အခါမှာလဲ အရမ်းကို လွယ်ကူပါတယ်။ သူက Entry Level, SL, TP level တွေအတွက် Line တွေကို Chart ပေါ်မှာ အော်တိုထည့်ပေးပါတယ်။ ကိုယ်က အဲဒီ Level မျဉ်းတွေကို ရွှေ့ပေးလိုက်တိုင်း Indicator ကနေ ကိုယ်သတ်မှတ်ထားတာရဲ့ ဘယ်လောက် ဆုံးရှုံးတဲ့နေရာကို ရောက်နေပြီဆိုတာနဲ့ Lot ဆိုဒ်ကို အလိုလို တွက်ချက်ပေးပါလိမ့်မယ်။
Indicator ကနေ ထည့်သွင်းပေးရမယ့် အရေးကြီးတဲ့ Input Parameters တွေကိုလဲ နည်းနည်းပြောပြပေးပါမယ်။ အားလုံးကို ဘာမှမပြင်ဘဲ မူရင်းအတိုင်းလဲ ထည့်သွင်းပေးလဲ ရပါတယ်။
EntryType (default = Instant)
Instant ကို ရွေးထားတယ်ဆိုရင် Entry Level မျဉ်းကို ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်းပဲ ပြထားပေးပါတယ်။ Pending ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ Entry Level အတွက် မျဉ်းတစ်ကြောင်း Chart ပေါ်မှာ ထည့်သွင်းပေးပါလိမ့်မယ်။ အဲဒီမျဉ်းကို ကိုယ်ကြိုက်သလို ရွှေ့ပေးနိုင်ပါတယ်။
EntryLevel (default = 0)
ဒီနေရာမှာ ဘာမှမပြင်လဲ ရပါတယ်။ EntryType မှာ Pending ကို ရွေးချယ်ထားခဲ့တယ်ဆိုရင်တော့ Entry Level မျဉ်းကို ရွေ့ပေးလို့ ရပါတယ်။
StopLossLevel (default = 0)
ဒီနေရာမှာ ဘာမှမပြင်လဲ ရပါတယ်။
TakeProfitLevel (default = 0)
Reward/Risk ratio ကို တွက်ဖို့အတွက် Take Profit level မျဉ်းကို ထည့်သွင်းပေးချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Entry Level နဲ့ သိပ်မကွာတဲ့ ဈေးနှုန်းကို ထည့်သွင်းပေးလိုက်ပါ။ Chart ပေါ်မှာ မျဉ်းပေါ်လာမှ ကိုယ်ကြိုက်တဲ့နေရာကို ရွှေ့ပြောင်းနိုင်ပါတယ်။
Risk (default = 1)
ဒီနေရာမှာတော့ ငွေစုစုပေါင်းရဲ့ Trade တစ်ခုအပေါ်မှာ အဆုံးရှုံးခံနိုင်တဲ့ ရာခိုင်နှုန်းကို ထည့်သွင်းပေးရပါမယ်။ မူရင်းကတော့ 1% ဖြစ်ပါတယ်။ ဒီနေရာမှာတော့ Popular Trader တွေ အကြံပေးတာကတော့ 1%-2% အထိပဲ ဖြစ်သင့်ပါတယ်တဲ့။
MoneyRisk (default = 0)
ရာခိုင်နှုန်းတစ်ခုနဲ့မဟုတ်ဘဲ Trade တစ်ခုမှာ ဒေါ်လာ ၂၀ အဆုံးရှုံးခံမယ်ဆိုရင် ဒီနေရာမှာ 20 ဆိုပြီး ရိုက်ထည့်ပေးရပါမယ်။ ရာခိုင်နှုန်းနဲ့ပဲ အသုံးပြုကြတာ များပါတယ်။
CommissionPerLot (default = 0)
1 lot မှာ ပေးရတဲ့ Broker ကော်မရှင်ကို ထည့်သွင်းပေးနိုင်ပါတယ်။ ကော်မရှင်မပေးရဘူးဆိုရင်တော့ မူရင်းအတိုင်းပဲ ထားနိုင်ပါတယ်။
UseMoneyInsteadOfPercentage (default = false)
အဆုံးရှုံးခံနိုင်တာကို ရာခိုင်နှုန်းနဲ့မသုံးဘဲ ငွေပမာဏနဲ့ တွက်ချင်တယ်ဆိုရင် ဒီနေရာမှာ True ကို ရွေးချယ်ပေးပါ။
UseEquityInsteadOfBalance (default = false)
ကိုယ့်ရဲ့ အကောင့် Balance ငွေပမာဏ (ဒါမှမဟုတ်) Equity ငွေပမာဏကို အခြေခံပြီး တွက်မှာလားဆိုတာကို ရွေးချယ်ပေးဖို့အတွက်ပါ။ ကိုယ်က အကောင့်ထဲကို ဒေါ်လာ ၁၀၀ ထည့်တယ်ဆိုပါစို့။ အကောင့် Balance မှာ ဒေါ်လာ ၁၀၀ ဆိုပြီးပြပါတယ်။ ကိုယ်က Trade ဖွင့်ထားတာရှိပြီး ၁၀ ဒေါ်လာလောက် အနှုတ်ပြနေတယ်ဆိုပါစို့။ အဲဒါဆိုရင် ကိုယ့်ရဲ့ Equity က ဒေါ်လာ ၉၀ ဆိုပြီး ဖြစ်နေပါမယ်။ ကိုယ်က ဘယ်ငွေပမာဏအပေါ်မှာ အခြေခံပြီး Lot ဆိုဒ်ကို တွက်မလဲဆိုတာကို ရွေးချယ်ရပါမယ်။ မူရင်းအတိုင်းကတော့ အကောင့် Balance ကို အခြေခံပြီး တွက်ပါတယ်။
DeleteLines (default = false)
တကယ်လို့ ကျွန်တော်တို့က Indicators ကို မသုံးချင်တော့လို့ ပြန်ဖြုတ်တာ၊ ပြန်ထည့်တာတွေ ပြုလုပ်ရင် Indicators ကနေ Chart ပေါ်မှာ ထည့်သွင်းတဲ့ မျဉ်းတွေကို ဖျက်ခိုင်းဖို့အတွက်ပါ။ မူရင်းကတော့ ကိုယ်သတ်မှတ်ထားတဲ့ TP, SL တွေကို မှတ်မိနေအောင် မဖျက်ပါဘူး။
အခြားဟာတွေကတော့ သိပ်အရေးမကြီးတဲ့ ကိုယ့်အကောင့်ရဲ့ Margin ကိုပြတာ၊ လိုင်းတွေရဲ့ အရောင်တွေပြောင်းတာ၊ Font အရွယ်အစားတွေကို ပြောင်းလဲတာ၊ စာလုံးတွေရဲ့ Position တွေကို ပြောင်းတဲ့ Parameter တွေ ဖြစ်နေလို့ မပြောတော့ပါဘူး။

Main Window
Separate Window
Indicator ကတော့ Main Window ပေါ်မှာ အချက်အလက်တွေဖော်ပြတာ (အပေါ်ပုံ) နဲ့ သီးသန့် Window တစ်ခုမှာ အချက်အလက်တွေကို ဖော်ပြတာ (အောက်ပုံ) ဆိုပြီး နှစ်ခုရှိပါတယ်။ ကိုယ်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ အပေါ်က ပုံနှစ်ခုကို ကြည့်လိုက်မယ်ဆိုရင် Chart ပေါ်မှာ ကိုယ်တိုင် ရွေ့ပြောင်းပေးနိုင်တဲ့ မျဉ်းတွေ၊ Entry Level, Stop Loss, Take Profit Level တွေနဲ့ Trader အနေနဲ့ ဖွင့်ရမယ့် Lot ဆိုဒ်ကို အနီရောင်နဲ့ ပြထားပေးတယ်ဆိုတာ တွေ့ပါလိမ့်မယ်။
Indicator တွေကို ထပ်ပေါင်းထည့်ပြီး အသုံးမပြုတတ်ဘူးဆိုရင်တော့ ဒီလင့်မှာ ပုံတွေနဲ့အတူ ရှင်းပြထားပါတယ်။
တကယ်လို့ Trader အကောင့်မရှိသေးဘူးဆိုရင် အွန်လိုင်းကနေ Forex Trading ပြုလုပ်နိုင်ဖို့အတွက် နာမည်ကြီး Broker တစ်ခုဖြစ်တဲ့ FBS မှာ Trader အကောင့်ဖွင့်တာကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။
Indicator ထည့်သွင်းတာမှာ အခက်အခဲရှိတယ်ဆိုရင်တော့ အောက်မှာ ကွန်းမန့်ရေးပြီး ပြောခဲ့နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

2 comments:
အစ်ကိုရေ ပုံထဲကလိုအစုံမပေါ်ဘူးဖြစ်နေတယ်...ဘယ်လိုလုပ်ရမလဲမသိဘူးဗျ
Input Parameters တွေကို ပြန်ပြောင်းပေးရင် ရပါတယ်။ ShowPortfolioRisk နဲ့ ShowMargin တို့မှာ မူရင်း Default က False ဖြစ်နေတာကို True ဆိုပြီး ပြင်ပေးပါ။ အဲလိုပြင်ဖို့အတွက် MetaTrader4 (MT4) ရဲ့ Main Window ကို Right Click ထောက်ပြီး ပေါ်လာတဲ့ Menu ကနေ Indicators List ဆိုတာကို ရွေးပေးပါ။ Shortcut Key အနေနဲ့ဆိုရင်တော့ Ctrl+I ဆိုရင်လဲ ရပါတယ်။ ပြီးရင် ပေါ်လာတဲ့ Indicators တွေထဲက ကိုယ်ပြင်ချင်တာကို ရွေးချယ်ပြီး Edit ဆိုတာကို ရွေးပြီး ပြန်ပြင်ပေးလို့ ရပါတယ်။ အခြား Indicators တွေကိုလဲ ဒီနည်းနဲ့ ပြန်ပြင်လို့ ရပါတယ်။
Post a Comment