Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

မြန်မာဘဏ်နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်သော အွန်လိုင်းငွေပေးချေစနစ် (သို့) Skrill

3:06 AM |


အခုတခါ မိတ်ဆက်ပေးမယ့် Skrill ဆိုတာက အွန်လိုင်းငွေပေးချေမှုစနစ် (Online Payment System) တွေထဲက တစ်ခုပါပဲ။ ပြောရမယ်ဆိုရင် အွန်လိုင်းငွေပေးချေမှုစနစ်တစ်ခုဖြစ်တဲ့ PayPal, Perfect Money တို့လို့ပါပဲ။ ဒါပေမယ့် PayPal ကို မြန်မာနိုင်ငံကနေ အသုံးပြုမယ်ဆိုရင် Verify လုပ်ရခက်တာတွေ၊ မြန်မာနိုင်ငံက ဘဏ်ကဒ်တွေ၊ ဘဏ်အကောင့်တွေ တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုလို့ မရပါဘူး။ Perfect Money ဆိုရင်လဲ ကိုယ်လက်ထဲကို ငွေရောက်ဖို့အတွက် တဆင့်ကြားခံ Exchanger တွေကို အသုံးပြုရပါတယ်။

အခုပြောမယ့် Skrill ရဲ့ အားသာချက်တွေကတော့ Verify လုပ်ရတာ လွယ်ကူတဲ့အပြင် မြန်မာနိုင်ငံက ဘဏ်ကဒ်တွေ၊ ဘဏ်အကောင့်တွေကို တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်ပြီး အွန်လိုင်းက ငွေကို မြန်မာနိုင်ငံက ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲ တိုက်ရိုက်ထုတ်ယူနိုင်ပါတယ်။

Skrill အကောင့်ဖွင့်ဖို့အတွက်
  1. CB Bank Account တစ်ခု (1000 ကျပ်)၊
  2. CB Visa Card တစ်ကဒ် (8000 ကျပ်)၊ (ကဒ်ထဲအနည်းဆုံး ၅ ဒေါ်လာလောက် ရှိဖို့လိုပါတယ်။)
  3. မိုဘိုင်းဖုန်းနံပါတ်တစ်ခု (1500 ကျပ်) (ဖုန်းနံပါတ် Verify အတွက် MPT Simcard က အဆင်ပြေပါတယ်။ ချက်ချင်း Verify ဖြစ်ပါတယ်။)၊
  4. အီးမေးလိပ်စာတစ်ခု (Free) တို့ လိုအပ်ပါတယ်။
(အခြားဘဏ်တွေက အကောင့်တွေ၊ ကဒ်တွေနဲ့တော့ မစမ်းကြည့်ရသေးပါဘူး။ ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်ပါတယ်။ လုပ်ဆောင်ရမယ့် အဆင့်တွေအားလုံး အတူတူပဲ ဖြစ်ပါတယ်။) 

Skrill အကောင့်စဖွင့်ဖို့အတွက် ဒီလင့်ကို https://goo.gl/arxqgs နှိပ်လိုက်ပါ။


ကိုယ့်ရဲ့ အီးမေးလိပ်စာကို ဖြည့်ပါ။ ပြီးရင် Password ကို ရွေးချယ်ပြီး ဖြည့်ပေးပါ။ Password ကို သူလမ်းညွှန်ပေးတဲ့အတိုင် ဂဏန်းတွေ၊ စာလုံးတွေပါအောင် ရွေးချယ်ပေးပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။


အပေါ်မှာ ပြထားတဲ့အတိုင်း ကိုယ့်ရဲ့နာမည်၊ မွေးနေ့တို့ကို ဖြည့်သွင်းပေးပါ။ ဒီမှာ ဖြည့်သွင်းပေးရမယ့် စာလုံးပေါင်းကိုတော့ ကိုယ့်ရဲ့ဘဏ်စာအုပ်၊ တကယ်လို့ ကိုယ့်မှာ Passport လို အင်္ဂလိပ်လိုပါတဲ့ စာရွက်စာတမ်း၊ ယဉ်မောင်းလိုင်စင်တို့ရှိရင် အဲဒီအထဲက စာလုံးပေါင်းအတိုင်း ဖြည့်ပါ။ ပြီးရင် Next ကို နှိပ်ပါ။


အပေါ်မှာ ပြထားတဲ့အတိုင်း ကိုယ်နေထိုင်တဲ့ နိုင်ငံကို ရွေးချယ်ပေးပါ။ Myanmar ဆို အဆင်သင့်ပါပြီး ဖြစ်ပါတယ်။ ရွေးချယ်ပေးလိုက်ပါ။ USD ဒေါ်လာကို ရွေးချယ်ပေးပါ။ ပြီးရင် Next ကို နှိပ်ပေးပါ။


Address 1 ဆိုတဲ့အကွက်မှာ လိပ်စာဖြည့်သွင်းဖို့အတွက် CB Bank အကောင့်ဖွင့်ထားတဲ့ လိပ်စာအတိုင်း ဖြည့်သွင်းပေးပါ။
Address 2 ကိုတော့ ဘာမှမဖြည့်ဘဲ ချန်ထားခဲ့လို့ရပါတယ်။
City မှာတော့ CB Bank အကောင့်ဖွင့်ထားခဲ့တဲ့အတိုင်း ဖြည့်သွင်းပေးပါ။
Postal Code ကိုတော့ ကိုယ်နေထိုင်ရာ မြို့ရဲ့ စာတိုက်နံပါတ်ကို ဖြည့်သွင်းပေးပါ။ တကယ်လို့ မသိဘူးဆိုရင် ဒီလင့်မှာ http://www.geopostcodes.com/Burma ကိုယ်နေထိုင်ရာ မြို့ရဲ့စာတိုက်နံပါတ်ကို ရှာပြီး ဖြည့်သွင်းပေးပါ။ ပြီးရင် Next ကို နှိပ်ပါ။


ပြီးရင် Phone number မှာ +95 ကို ရွေးချယ်ပြီး ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပေးပါ။ ရှေ့ဆုံးက (0) ကို ထည့်သွင်းပေးဖို့ မလိုပါဘူး။ I'm not a robot မှာ အမှန်ခြစ်ဖြစ်အောင် နှိပ်ပေးလိုက်ပါ။ ပြီးရင် I agree to Skrill TOS မှာ အမှန်ခြစ်ဖြစ်အောင် ကလစ်ပေးပါ။ ပြီးရင် OPEN ACCOUNT ကို နှိပ်လိုက်ပါ။

ဒီအဆင့်ပြီးရင်တော့ Skrill အကောင့်ဖွင့်တာ ပြီးသွားပြီ ဖြစ်ပါတယ်။ Skrill အကောင့်ကို စတင်ဝင်ရောက်ကြည့်လို့ ရပါပြီ။

Skrill အကောင့်အတွက် Email Verify ပြုလုပ်ခြင်း
အကောင့်ဖွင့်ပြီးတာနဲ့ အရင်ဆုံး Email ကို Verify လုပ်ပါမယ်။ အဲဒီအတွက် Skrill အကောင့်ဖွင့်တုန်းက ထည့်ပေးခဲ့တဲ့ အီးမေးကို ၀င်လိုက်ပါ။


Skrill ကနေ ပို့ထားတဲ့ အီးမေးတစ်စောင်ကို တွေ့ပါလိမ့်မယ်။ အီးမေးကို ဖွင့်ပြီးတော့ အထဲမှာပါတဲ့ လင့်ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် Email Verify လုပ်တာ ပြီးသွားပြီ ဖြစ်ပါတယ်။

Skrill အကောင့်အတွက် Phone Verify ပြုလုပ်ခြင်း
Phone Verify လုပ်ဖို့အတွက် အပေါ်ဆုံးအတန်းက Settings ကို နှိပ်လိုက်ပါ။ ပြီးရင် PERSONAL INFO ကို နှိပ်လိုက်ပါ။


ပြီးရင် Change phone numbers မှာ Edit ကို နှိပ်ပြီး အပေါ်မှာ ပြထားတဲ့အတိုင်း Mobile number မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ထပ်ပြီးဖြည့်ပေးလိုက်ပါ။ အရင်စပြီး ဖွင့်ခဲ့တုန်းက ဖုန်းနံပါတ်ကိုပဲ ထပ်ပြီးဖြည့်သွင်းပေးလဲ ရပါတယ်။ ပြီးရင် Save ကို နှိပ်လိုက်ပါ။ ကုဒ်နံပါတ်ထည့်သွင်းပေးဖို့အတွက် Message Box တစ်ခု ပေါ်လာပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။


ကိုယ့်ရဲ့ဖုန်းကို SMS မက်ဆေ့တစ်စောင် ရောက်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Code ကို ဖြည့်သွင်းပေးလိုက်ပါ။ အဲဒါဆိုရင် Skrill အကောင့်အတွက် Phone နံပါတ် Verify လုပ်တာ ပြီးဆုံးသွားပါပြီ။

Skrill အကောင့်အတွက် Account Verify ပြုလုပ်ခြင်း
Skrill အကောင့်ကို အသုံးပြုဖို့အတွက် Account Verify ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ Account Verify မလုပ်ထားဘူးဆိုရင် စုစုပေါင်း ယူရိုငွေ 2500 အထိပဲ အပေးအယူလုပ်လို့ ရပါတယ်။ အဲဒီ Limit ကို ပြည့်သွားပြီဆိုတာနဲ့ ငွေအလွှဲအပြောင်းပြုလုပ်လို့ မရတော့ပါဘူး။ Account Verify ပြုလုပ်ဖို့အတွက် လိုအပ်တာ နှစ်ခုရှိပါတယ်။

1. ဓါတ်ပုံ အတည်ပြုချက်
Passport ရှိတဲ့သူဆိုရင် ကိုယ့် Passport ရဲ့ ဓါတ်ပုံပါ စာမျက်နှာကို ဓါတ်ပုံရိုက်ယူထားလိုက်ပါ။ စာလုံးတွေ၊ စာသားတွေ၊ ပုံတွေက ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။

တကယ်လို့ Passport မရှိတဲ့သူဆိုရင် ကိုယ့်ရဲ့ ယဉ်မောင်းလိုင်စင်ရဲ့ (အခုနောက်ပိုင်း ထုတ်ပေးလာတဲ့ ယဉ်မောင်းလိုင်စင်တွေ အင်္ဂလိပ်လို ဖြစ်နေပါပြီ။) ရှေ့ဘက်နဲ့ နောက်ကျောဘက်ကို ဓါတ်ပုံရိုက်ယူထားပါ။ စာလုံးတွေ၊ စာသားတွေ၊ ပုံတွေက ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။

တကယ်လို့ အဲဒီနှစ်ခုလုံး မရှိဘူးဆိုရင်တော့ Cards and Bank Accounts ကို Verify လုပ်ပေးပြီး အသုံးပြုရင်လဲ ရပါတယ်။ ဒါပေမယ့် ဒုတိယလိုအပ်ချက်ဖြစ်တဲ့ နေရပ်လိပ်စာ အတည်ပြုချက်ကိုတော့ မဖြစ်မနေ လုပ်ဖို့အတွက် လိုအပ်ပါတယ်။

2. နေရပ်လိပ်စာ အတည်ပြုချက်
နေရပ်လိပ်စာ အတည်ပြုချက်အတွက် အစိုးရရုံးဌာန တစ်ခုခုကနေ ထုတ်ပေးထားတဲ့ ကိုယ့်လိပ်စာပါတဲ့ စာရွက်စာတမ်းဆိုရင် အဆင်ပြေပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုဖြစ်ဖို့ လိုအပ်ပါတယ်။

အလွယ်ဆုံးနည်းလမ်းကတော့ CB bank ကနေ ထုတ်ပေးထားတဲ့ ဘဏ်စာအုပ်က ကိုယ့်လိပ်စာပါတဲ့ စာမျက်နှာကိုဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် CB bank ကနေ ကိုယ့်ဘဏ်အကောင့်အတွက် ငွေစာရင်းရှင်းတမ်း (Bank Statement) က လိပ်စာပါတဲ့ စာမျက်နှာကိုဖြစ်ဖြစ် ဓါတ်ပုံရိုက်ပြီး တင်ပေးလို့ ရပါတယ်။

အဲဒီနှစ်ခုလုံးရှိပြီဆိုရင် ဒီလင့်ကို https://help.skrill.com/en/ContactSkrill သွားလိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Category မှာ Account ကို ရွေးချယ်ပေးပါ။ Problem with မှာ Verification ကို ရွေးချယ်ပေးပါ။ Your message မှာ ကိုယ်တင်ပေးတာကို ပုံမှာပြထားတဲ့အတိုင်း ထည့်ရေးပေးလိုက်ပါ။ ပြီးရင် Upload a document ကနေ ဓါတ်ပုံရိုက်ထားတာတွေကို ရွေးချယ်ပေးပါ။ ပြီးရင် Send message ကို နှိပ်လိုက်ပါ။ ကျွန်တော်တို့အနေနဲ့ Account Verify လုပ်တာ ပြီးသွားပါပြီ။

Skrill အကောင့်အတွက် Bank Card verify ပြုလုပ်ခြင်း
Skrill အကောင့်ထဲကို ငွေသွင်းဖို့အတွက် ဘဏ်ကဒ်နဲ့ Skrill အကောင့်ကို ချိတ်ဆက်ပြီး verify လုပ်ပေးထားဖို့ လိုအပ်ပါတယ်။


Verify ပြုလုပ်ဖို့အတွက် Cards and Bank Accounts ဆိုတာကို နှိပ်လိုက်ပါ။ ပြီးရင် Add Credit or Debit Card ဆိုတာကို နှိပ်လိုက်ပါ။


CB Bank ရဲ့ Visa ကဒ်ကို အသုံးပြုပြီး ချိတ်ဆက်မှာ ဖြစ်ပါတယ်။
Card number မှာ ကဒ်ရဲ့ နံပါတ်ကို ထည့်သွင်းပေးပါ။
Expiry date မှာ ကဒ်သက်တမ်းကုန်ဆုံးမယ့် လ နဲ့ နှစ် ကို ရွေးချယ်ပေးပါ။
Security code မှာ ကဒ်ရဲ့နောက်ကျောဘက်က Code နံပါတ် သုံးလုံးကို ထည့်သွင်းပေးပါ။ ပြီးရင် Save and verify card ကို နှိပ်လိုက်ပါ။


1.01$ ကနေ 2.99$ အတွင်းမှာ ရှိတဲ့ ငွေပမာဏတစ်ခုကို ကဒ်ထဲကနေ ဖြတ်ယူသွားပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် ကဒ်ထဲမှာ အနည်းဆုံး ၅ ဒေါ်လာလောက် ရှိနေဖို့ လိုပါတယ်။ ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ရွေးချယ်ပြီး Debit amount and verify ဆိုတာကို နှိပ်လိုက်ပါ။


CB bank ရဲ့ Visa ကဒ်က အွန်လိုင်းကနေ ငွေလက်ကျန်ဘယ်လောက်ရှိတယ်ဆိုတာကို ၀င်ပြီး စစ်ကြည့်လို့ ရပါတယ်။ Skrill ကနေ ကဒ်ချိတ်လိုက်တဲ့အခါ ကဒ်ထဲကနေ USD ငွေပမာဏဘယ်လောက် ဘယ်လောက်ဖြတ်သွားတယ်ဆိုတာကို စစ်ကြည့်လိုက်ပါ။ အပေါ်က ဥပမာပေးထားတာမှာ 2.94 USD ဖြတ်သွားပါတယ်။


ငွေပမာဏ ဘယ်လောက်ဖြတ်သွားတယ်ဆိုတာကို သိပြီဆိုရင် Cards and Bank Accounts က Finish Verification ကို နှိပ်လိုက်ပါ။


Transaction amount မှာ ကဒ်ထဲကနေ ဖြတ်သွားတဲ့ ငွေပမာဏကို ရိုက်ထည့်ပေးပါ။ ကျွန်တော့်မှာတော့ အပေါ်က ပုံမှာပြထားသလို့ 2.94 ဖြတ်သွားတာဖြစ်လို့ 2.94 ဆိုပြီး ရိုက်ထည့်ပါတယ်။ ပြီးတာနဲ့ Submit ကို နှိပ်လိုက်ပါ။


ပြီးတာနဲ့ Bank card ကို verify လုပ်တာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားကြောင်း တွေ့ရပါလိမ့်မယ်။ ဖြတ်သွားတဲ့ငွေကို ကိုယ့် Skrill အကောင့်ထဲကို ပြန်ပြီး ထည့်သွင်းပေးပါလိမ့်မယ်။

Skrill အကောင့်အတွက် Bank Account ထည့်သွင်းခြင်း
Skrill အကောင့်ထဲမှာရှိနေတဲ့ ငွေကို ထုတ်ယူဖို့အတွက် Bank Account ကို အရင်ဆုံး Add လုပ်ထားဖို့ လိုအပ်ပါတယ်။


Cards and Bank Accounts ကနေ Add Bank Account ဆိုတာကို နှိပ်လိုက်ပါ။


Country ဆိုတဲ့နေရာမှာ Myanmar ဆိုတာကို ရွေးချယ်ပေးပါ။
SWIFT ဆိုတဲ့နေရာမှာတော့ CB bank ရဲ့ ဘဏ်အကောင့်နဲ့ ချိတ်ဆက်မှာ ဖြစ်တဲ့အတွက် CB bank ရဲ့ SWIFT ကုဒ်ကို ထည့်သွင်းပေးရပါမယ်။ CB bank ရဲ့ SWIFT ကုဒ်က CPOBMMMY ဖြစ်ပါတယ်။
အခြားဘဏ်တွေရဲ့ SWIFT ကုဒ်ကို သိလိုတယ်ဆိုရင် ဒီလင့်မှာ https://www.swiftcodes.info/myanmar/ သွားကြည့်နိုင်ပါတယ်။
Account number ဆိုတဲ့နေရာမှာတော့ ကိုယ့်ဘဏ်အကောင့်နံပါတ်ကို ထည့်သွင်းပေးပါ။
ပြီးရင် Add account and continue ကို နှိပ်ပေးလိုက်ပါ။


ပြီးတာနဲ့ ကိုယ့်ရဲ့ဘဏ်အကောင့်ကို Skrill မှာ ထည့်သွင်းထားပြီး ဖြစ်တာကို တွေ့ရပါလိမ့်မယ်။

Skrill အကောင့်ထဲကို Bank Card မှ ငွေဖြည့်သွင်းခြင်း
Skrill အကောင့်ထဲကို ငွေဖြည့်တာကို Upload လုပ်တယ်ဆို့ ခေါ်ပါတယ်။ ငွေဖြည့်သွင်းဖို့အတွက် ကဒ်ထဲမှာ ငွေအလုံအလောက်ရှိထားပြီး ဖြစ်ဖို့ လိုပါတယ်။ ကဒ်ကလည်း အပေါ်အဆင့်မှာ လုပ်ရမယ့်အတိုင်း Verify လုပ်ပြီးသား ဖြစ်ရပါမယ်။


ငွေဖြည့်သွင်းမယ်ဆိုရင် Upload ဆိုတာကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်ရဲ့ကဒ်ကို ရွေးချယ်ပေးလိုက်ပါ။ ငွေထည့်သွင်း ချက်ချင်းအကောင့်ထဲကို ရောက်ပါတယ်။ ငွေထည့်သွင်းခအနေနဲ့ 1.9% Fee ပေးရပါတယ်။ ပြီးရင် Continue ကို နှိပ်လိုက်ပါ။


1. Select the amount to upload ဆိုတာမှာ ကိုယ်ဖြည့်သွင်းချင်တဲ့ ငွေပမာဏကို ရိုက်ထည့်ပါ။ ပေးဆောင်ရမယ့် ၀န်ဆောင်ခနဲ့ စုစုပေါင်း ကို အော်တိုတွက်ပေးပါလိမ့်မယ်။ ကိုယ့်ရဲ့ကဒ်ထဲမှာ စုစုပေါင်း ပမာဏထက် ပိုပြီးရှိနေဖို့ လိုအပ်ပါတယ်။ CB bank card ထဲမှာ အနည်းဆုံး လက်ကျန်ထားရမယ့် ပမာဏ ရှိပါသေးတယ်။ ကဒ်ထဲက ငွေအားလုံးကို ဖြည့်သွင်းမယ်ဆိုရင် ငွေ အလုံအလောက် မရှိဘူးဆိုပြီး Error တက်နိုင်ပါတယ်။
2. Confirm the transaction by entering... ဆိုတာမှာ ဘဏ်ကဒ်ရဲ့ နောက်ကျောဘက်က Security code သုံးလုံးကို ဖြည့်သွင်းပေးပါ။ ပြီးရင် Upload ကို နှိပ်လိုက်ပါ။

ကဒ်ထဲမှာ ငွေအလုံအလောက်ရှိတယ်၊ ထည့်ပေးလိုက်တဲ့ ကုဒ်လဲ မှန်ကန်တယ်ဆိုရင် Skrill အကောင့်ကို ငွေချက်ချင်း ရောက်လာပါလိမ့်မယ်။

Skrill အကောင့်အတွက် လုံခြုံရေးတိုးမြှင့်ခြင်း
Skrill အကောင့်ကို အသုံးပြုပြီး ငွေတွေကို အပေးအယူ၊ အလွှဲအပြောင်းပြုလုပ်မှာဖြစ်တဲ့အတွက် Skrill အကောင့်ရဲ့ လုံခြုံရေးစနစ်ကို တိုးမြှင့်ထားသင့်ပါတယ်။ 2-factor authentication လို့လဲ ခေါ်ပါတယ်။ Skrill အကောင့်ကို ၀င်ရောက်အသုံးပြုနိုင်ဖို့အတွက် Password အပြင် အချိန်နဲ့လိုက်ပြီးပြောင်းလဲနေတဲ့ Code နံပါတ်တစ်ခုကိုပါ အသုံးပြုထားတာဖြစ်တဲ့ ကိုယ့်အကောင့်ရဲ့လုံခြုံရေးအတွက် အရမ်းကို စိတ်ချရပါတယ်။


အပေါ်က ပုံမှာပြထားတဲ့အတိုင် ACCOUNT SETTINGS ကို နှိပ်လိုက်ပါ။ ပြီးရင် 2-factor authentication မှာ Edit ကို နှိပ်လိုက်ပါ။ ပြီးရင် Turn ON 2-factor authentication ကို ကလစ်လိုက်ပါ။


Scan လုပ်ဖို့အတွက် BarCode တစ်ခုကို ထုတ်ပေးပါလိမ့်မယ်။ Google Authenticator App ကို အသုံးပြုပြီး Scan လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ဖုန်းမှာ  Google Authenticator App ကို အရင်ဆုံး တင်ထားပြီး ဖြစ်ဖို့ လိုပါတယ်။ Android အတွက်ရော iOS အတွက်ပါ ရှိပါတယ်။ ရှာပြီး တင်ထားလိုက်ပါ။


Google Authenticator ကို ဖွင့်လိုက်ပါ။


Skrill အကောင့်ကို Google Authenticator မှာ ထပ်ထည့်မှာဖြစ်တဲ့အတွက် အပေါ်ညာဘက် ထောင့်မှာ ရှိတဲ့ (+) အပေါင်းလက္ခဏာကို နှိပ်လိုက်ပါ။


ပြီးရင် Scan barcode ဆိုတာကို နှိပ်လိုက်ပါ။ ဖုန်းမှာပါတဲ့ Camera ကို အသုံးပြုပြီးတော့ Scan လုပ်မှာဖြစ်တဲ့အတွက် Camera အသုံးပြုခွင့် တောင်းရင် ခွင့်ပြုပေးလိုက်ပါ။ ပြီးရင် ဖုန်း Screen မှာ ပြထားတဲ့ လေးထောင့်ကွက်နဲ့ Skrill အကောင့်က ထုတ်ပေးထားတဲ့ BarCode ကို ချိန်ညှိပေးလိုက်ပါ။ အော်တို Scan လုပ်သွားပါလိမ့်မယ်။


တကယ်လို့ Google Authenticator ကို အသုံးမပြုနိုင်တဲ့အခါ (ဖုန်းပျောက်တာမျိုး)မှာ အသုံးပြုဖို့အတွက် အရေးပေါ်ကုဒ် ၅ ခုကို ထုတ်ပေးထားပါတယ်။ သေချာကူးပြီး သိမ်းထားလိုက်ပါ။


2-factor authentication ကို အသုံးပြုထားတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Skrill အကောင့်ကို ၀င်တဲ့အခါတိုင်းမှာ Password အပြင် Google Authenticator ကနေ Skrill အကောင့်အတွက် ထုတ်ပေးတဲ့ ကုဒ်ကိုပါ ထည့်သွင်းပေးဖို့ တောင်းပါလိမ့်မယ်။ အဲဒီအခါမှာ Google Authenticator ကို ဖွင့်ပြီး Skrill အတွက် ထုတ်ပေးတဲ့ ကုဒ်ကို ထည့်သွင်းပေးလိုက်ပါ။
2-factor authentication အသုံးပြုပြီး လုံခြုံရေးစနစ်တိုးမြှင့်တာ ပြီးသွားပါပြီ။ Google Authenticator က ထုတ်ပေးတဲ့ ကုဒ်က စက္ကန့်သုံးဆယ်မှာ တစ်ခါပြောင်းနေတာဖြစ်တဲ့အတွက် Skrill အကောင့်ရဲ့ လုံခြုံရေးအတွက် အထူးပဲ စိတ်ချရပါတယ်။

Skrill အတွက် အခြားသိသင့်စရာများ

  1. အကောင့်အသုံးပြုတဲ့အတွက် နှစ်စဉ်ကြေး၊ လစဉ်ကြေးများ ပေးဖို့မလိုပါဘူး။
  2. Skrill အကောင့်ကို အသုံးပြုပြီး Merchants ဆီကို ငွေပေးချေမယ်ဆိုရင် အခမဲ့ဖြစ်ပါတယ်။
  3. အကောင့်ကို ၁၂ လအကြာ Login မလုပ်ဘဲထားမယ်ဆိုရင် ၁ ပေါင် ဖြတ်ပါတယ်။
  4. Personal Skrill အကောင့်အချင်းချင်း ငွေပေးချေမှုအတွက် 1% ၀န်ဆောင်ခ ပေးရပါမယ်။
  5. Bank Card ကနေ Skrill အကောင့်ထဲကို ငွေသွင်းမယ်ဆိုရင် 1.9% ၀န်ဆောင်ခ ပေးရပါမယ်။
  6. Bank Account ကို ငွေထုတ်မယ်ဆိုရင် 3.95 ပေါင် ကုန်ကျပါမယ်။
  7. မြန်မာဘဏ်ကတော့ ဘဏ်အကောင့်ထဲကို  ငွေအ၀င် တစ်ကြိမ်အတွက် ကျပ်တစ်သောင်း ဖြတ်ပါတယ်။
အခက်အခဲရှိတယ်ဆိုရင် အောက်မှာ စာရေးထားပြီး ပြောခဲ့လို့ ရပါတယ်။ အဆင်ပြေကြပါစေ။ 
Read More

ငွေဖောင်းပွမှုရဲ့ ဇစ်မြစ်များ

3:51 PM | , ,


ငွေဖောင်းပွမှု အကြောင်းကို စိတ်ကူးဥပမာလေးနဲ့ ရှင်းပြရင် ပိုနားလည်လွယ်မယ် ထင်ပါတယ်။ ခင်ဗျားဟာ ကျွန်းနိုင်ငံလေးတခုမှာ နေထိုင်ပြီး ဒီနိုင်ငံလေးမှာ ရွှေဒင်္ဂါးအနေနဲ့ လှည့်ပတ်နေတဲ့ငွေကြေးဟာ ဒေါ်လာသန်း ၁၀၀ ဖိုးရှိတယ်ဆိုပါစို့ ။ တဒေါ်လာတန် ရွှေဒင်္ဂါးတပြားနဲ့ ကြက်ဥတဒါဇင် ဝယ်လို့ရတယ်ဆိုပါဆို့။ အစိုးရက ရွှေဒင်္ဂါး ဒေါ်လာသန်း ၁၀၀ ကို ငွေစက္ကူ သန်း ၁၀၀ နဲ့ လဲလှယ် အစားထိုးလိုက်ရင် တဒေါ်လာတန် ငွေစက္ကူ နဲ့ ကြက်ဥတဒါဇင် ဝယ်လို့ရနေဦးမှာပါ။ ဒီအထိ အားလုံးကောင်းပါသည်ပေါ့။

ဒါပေမယ့် အစိုးရအဖွဲ့ထဲက လူလိမ်လူကောက် တယောက်ဟာ ဒေါ်လာတွေထပ်ရိုက်ပြီး သုံးစွဲလို့ရတာပဲလို့ စိတ်ကူးရသွားတယ် ဆိုပါစို့။ အစိုးရဟာ ဒီအပိုရိုက်လိုက်တဲ့ ငွေစက္ကူတွေထဲက တဒေါ်လာနဲ့ ကြက်ဥသွားဝယ်ရင် ဆိုင်ရှင်က ဒီတဒေါ်လာဟာ မူလသန်းတရာထဲက တဒေါ်လာလို့ ယုံမှတ်မှာပါ။ အစိုးရကို ကြက်ဥတဒါဇင် ပေးလိုက်မှာပါ။ အစိုးရကဒီလို အကြိမ်ကြိမ်ဆက်လုပ်နေရင် တချိန်မှာ နိုင်ငံတွင်းလည်ပတ်ငွေဟာ ဒေါ်လာသန်း ၁၀၀ ကနေ သန်း ၂၀၀ ဖြစ်သွားမှာပါ။

အစိုးရက ငွေပိုသုံးရင် စီးပွားရေးလုပ်ငန်းတွေ အကျိုးရပါတယ်။ အစိုးရ ကန်ထရိုက်ကြီးတွေရတော့ လူတွေလည်း ဝင်ငွေပိုကောင်းကြပါတယ်။ ကြက်ဥ တဒါဇင်ကို တဒေါ်လာနဲ့ ရောင်းနေတဲ့ ဆိုင်ရှင်ဟာ လူတွေ ရုတ်တရက် ငွေပိုသုံးနိုင်လာကြပြီး သူ့ရဲ့ ကြက်ဥတွေကို ဈေးပိုပေးဖို့ ဝန်မလေးတာကို တချိန်မှာ သတိပြုမိသွားမှာပါ။ ကြည်ဥတဒါဇင်ကို နှစ်ဒေါ်လာနဲ့ရောင်းလည်း လူတွေရဲ့ ဝယ်ချင်စိတ်ကို မထိခိုက်တဲ့အတွက် တဒေါ်လာနဲ့ ရောင်းတုန်းကလောက် ရောင်းရတာကို တွေ့သွားမှာပါ။

ပစ္စည်းတခုကို ရောင်းချတဲ့ လေလံပွဲတခုမှာ လေလံဆွဲသူက ခင်ဗျားနဲ့ကျနော် နှစ်ယောက်တည်း ရှိပြီး တယောက်ကို ဒေါ်လာ ၅၀ စီပါလာတယ်လို့ တွေးကြည့်ပါ။ လေလံပစ္စည်းအတွက် အများဆုံးပေးမယ့် ဈေးက ဒေါ်လာ ၅၀ ထက်မပိုပါဘူး။ တကယ်လို့ ခင်ဗျားနဲ့ ကျနော်ဆီမှာ ဒေါ်လာ ၁၀၀ စီပါလာရင် လေလံပစ္စည်းအတွက် အများဆုံးပေးမယ့်ဈေးက ဒေါ်လာ ၁၀၀ ဖြစ်သွားပါမယ်။

ငွေပေါများလာတဲ့အခါ ဈေးနှုန်းတွေလည်း လိုက်တက်လေ့ရှိတာက ပြသနာပါ။ ဆိုင်ရှင်ဟာ ကြက်ဥတဒါဇင်ကို ၂ ဒေါ်လာနဲ့ ရောင်းလာပေမယ့် တဒေါ်လာနဲ့ ရောင်းတုန်းကထက် ပိုချမ်းသာလာတယ်လို့ မဆိုနိုင်ပါဘူး။ သူရဲ့ ဝယ်နိုင်စွမ်းအား (purchasing power) ဟာ တက်မလာလို့ပါ။ သူ ကြက်ခြံပိုင်ရှင်ဆီက ကြက်ဥသွားဝယ်တဲ့အခါ ငွေပိုပေးရမှာပါ။ ကြက်ခြံပိုင်ရှင်လည်း ပိုမချမ်းသာလာပါဘူး။ သူ ကြက်သားပေါက်ကလေးတွေနဲ့ ကြက်စာသွားဝယ်ရင် ငွေပိုပေးရမှာပါ။ အရင်က ဒေါ်လာ ၁၀၀ ရှိတဲ့သူဟာ အခု ဒေါ်လာ ၂၀၀ ရှိလာပေမယ့် ပိုမချမ်းသာလာပါဘူး။ အရင်က ဒေါ်လာ ၁၀၀ နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းကို အခု ဒေါ်လာ ၂၀၀ ပေးပြီး ဝယ်ရတော့မှာကြောင့်ပါ။

အစိုးရရဲ့ ကစားကွက်က ခင်ဗျားရဲ့ပစ္စည်းကို ဖောင်းပွလာတဲ့ဒေါ်လာနဲ့ မဖောင်းပွခင်က ဈေးနှုန်းပေးပြီး ဝယ်တာပါ။ အစိုးရတွေမှာ ခင်ဗျားငွေရဲ့ တန်ဖိုးအစစ်ကို လျှော့ချညာယူတဲ့ နည်းလမ်းကို ရထားတဲ့သဘောပါ။

ပထမကမ္ဘာစစ်က စပြီး ကမ္ဘာတလွှားက အစိုးရတွေဟာ ငွေဖောင်းပွအောင် လုပ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၀ ခုနှစ်မှာ ၅ ဆင့်ပေးရတဲ့ သကြားလုံး တလုံးကို အခု ၅၀ ဆင့်ပေးရတာပါ။ ဒီကာလအတွင်းမှာ မက်ဒေါ်နယ် ဟမ်ဘာဂါတလုံးဟာ ၁၅ ဆင့်ကနေ ၇၅ ဆင့်ဖြစ်သွားပါတယ်။ နှင်းလျောစီးဖို့ တောင်ထိပ်တက်ခဟာ ၅ ဒေါ်လာကနေ ၄၅ ဒေါ်လာဖြစ်သွားပါတယ်။ ဒါတွေဟာ ငွေစက္ကူတွေကို အဆက်မပြတ် ရိုက်ထုတ်မှုရဲ့ အကျိုးဆက်ပါ။

အမေရိကန်နိုင်ငံရဲ့ ငွေဖောင်းပွနှုန်းဟာ ၅% လောက်ရှိပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမဏီနဲ့ စစ်အေးလွန် ရုရှားမှာ တနှစ်ငွေဖောင်းပွနှုန်းဟာ ၅၀% ကျော်ခဲ့ပါတယ်။

ဒေါ်လာငွေကို ကိုင်ထားရင် ဒေါ်လာငွေဖောင်းပွမှု နှုန်းအတိုင်း တန်ဖိုးကျဆင်းနေမှာ ဖြစ်ပါတယ်။ ငွေဖောင်းပွနှုန်း ၂၅% ရှိရင် ကိုယ့်ငွေရဲ ဝယ်ယူနိုင်အားဟာ ၂၅% ကျဆင်းနေမှာပါ။ ငွေကြေးဖောင်းပွမှုကို အမှီလိုက်ပြီး ကိုယ့်ဝယ်ယူနိုင်အားကို ထိမ်းထားဖို့ဆိုရင် အကျိုးအမြတ် အနည်းဆုံး ၂၅% ရတဲ့ ရင်းနီးမြုပ်မှုကို လုပ်ရမယ်လို့ ဝါရင်းဘတ်ဖက်က ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုဟာ အမြဲတမ်းရှိနေမယ်လို့ ဝါရင်းယုံကြည်ပါတယ်။ အကြောင်းကတော့ ငွေကြေးဖောင်းပွမှုမရှိရင် ငွေကြေးကျုံ့မှု (deflation) ဖြစ်လာမှာမို့ပါ။ ငွေကြေးကျုံ့ မှုကို ဘယ်အစိုးရမှ လက်မခံနိုင်ပါဘူး။ ငွေကြေးဖောင်းပွမှုဟာ လူတွေကို ပိုချမ်းသာသယောင် ခံစားရပါစေတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဒေါ်လာ ၁၀၀,၀၀၀ နဲ့ ဝယ်ထားတဲ့အိမ်ဟာ အခုဒေါ်လာ ၅၀၀,၀၀၀ ဈေးဖြစ်လာတော့ အိမ်ပိုင်ရှင်ဟာ ကျေနပ်ပါတယ်။ ပိုချမ်းသာလာတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ဒီအိမ်ကို ရောင်းပြီး အဆင့်တူအိမ်တလုံးကို ပြန်ဝယ်ရင် ဒေါ်လာ ၅၀၀,၀၀၀ ကုန်သွားမှာပါ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က တနှစ်ဝင်ငွေ ဒေါ်လာ ၂၀,၀၀၀ ရှိသူဟာ အခုဒေါ်လာ ၁၀၀,၀၀၀ ရတယ်ထားပါ။ ဝင်ငွေပိုလာတယ် ထင်ရပေမယ့် အခု ဒေါ်လာ ၁၀၀,၀၀၀ ဟာ ဟိုတုန်းက ဒေါ်လာ ၂၀,၀၀၀ ထက် ဝယ်ယူနိုင်အား (purchasing power) ပိုမများပါ။ ပိုချမ်းသာလာတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဘာမှမထူးပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ဝင်ငွေဟာ ပုံသေဖြစ်နေမယ်၊ ဒါမှမဟုတ် ရေရှည်ငွေချေးစာချုပ်ကို ဝယ်ထားမယ်၊ ဒါမှ မဟုတ် ငွေကို ဒီအတိုင်းကိုင်ထားမယ်ဆိုရင် ကိုယ့်ရဲ့ကြွယ်ဝမှုဟာ လျော့ကျသွားဖို့ သေချာသလောက် ရှိပါတယ်။

ငွေချေးယူလေ့ရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ကော်ပိုရေးရှင်းတွေဟာ ငွေဖောင်းပွမှုကို အသုံးချပြီး အမြတ်ထွက်အောင် လုပ်တတ်ပါတယ်။ အခုချေးယူထားတဲ့ ဒေါ်လာကို နောက်မှ ဖောင်းပွလာတဲ့ဒေါ်လာနဲ့ ပြန်ဆပ်ကြပါတယ်။ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေ၊ အိမ်ယာတည်ဆောက်တဲ့ကုမ္ပဏီတွေ၊ စက်မှုလုပ်ငန်းကြီးတွေလည်း ဒီလိုပဲ လုပ်ကြပါတယ်။ ဝေါစထရိက တခါတရံ ထုတ်ရောင်းတဲ့ နှစ်တရာငွေချေးစာချုပ် အကြောင်း စဉ်းစားကြည့်ပါ။ အခုနေ ဒေါ်လာ ၁၀၀,၀၀၀ ချေးယူပြီး နောင်အနှစ် ၁၀၀ မှာ ပြန်ဆပ်တယ်ဆိုရင် ဝယ်ယူနိုင်အား ဘယ်တောင်ကွာဟသွားမလဲ။ ငွေဖောင်းပွမှုနှုန်း ၆% ရှိတယ်ဆိုရင်ပဲ နောင်အနှစ် ၁၀၀ မှာ ရှိမယ့် ဒေါ်လာ ၁၀၀,၀၀၀ ရဲ့ ဝယ်ယူနိုင်အားဟာ အခုဒေါ်လာ ၂၉၄ ရဲ့ ဝယ်ယူနိုင်အားနဲ့ အတူတူပဲဖြစ်ပါတယ်။

ငွေဖောင်းပွတာရဲ့ ဆန့်ကျင်ဖက်က ငွေကျုံ့တာ (deflation) ပါ။ ငွေကျုံ့ရင် ကုန်ဈေးနှုန်းတွေ ကျဆင်းပါမယ်။ အပေါ်ယံကြည့်ရင်တော့ ကောင်းတယ်လို့ ထင်ရပါတယ်။ အားလုံးဟာ ဈေးပေါသွားမှာကိုး။ ပြသနာက ခင်ဗျားရဲ့ လစာလည်း နည်းသွားမှာပါ။ ခင်ဗျားရဲ့ အိမ်တန်ဖိုးလည်း ကျသွားမှာပါ။ ဘဏ်ချေးငွေ ဒေါ်လာ ၅၀၀,၀၀၀ နဲ့ အိမ်ဝယ်ပြီးမှ ခင်ဗျားလစာနည်းသွားလို့ ဘဏ်ကို ပြန်မဆပ်နိုင်ရင် ခင်ဗျားဒုက္ခတွေ့ပြီ။ ဘဏ်က ခင်ဗျားအိမ်ကို သိမ်းပြီး လေလံတင်ရောင်းမှာပဲ။ ငွေကျုံ့မှုကြောင့် အိမ်ဈေးတွေကျနေတဲ့အတွက် ဘဏ်ကလည်း အရှုံးပေါ်မှာပဲ။ ဒါမျိုးတွေများလာရင် ဘဏ်တွေပြိုကွဲပြီး၊ ဘဏ်မှာ ရင်းနှီးမြုပ်နှံထားသူတွေ ငွေကြေးဆုံးရှုံးကုန်မှာပဲ။ ဒါမျိုးတွေများလာရင် စီးပွားပျက်ကပ် (depression) ဆိုက်မှာပဲ။ စီးပွားပျက်ကပ်ဆိုက်ရင် လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်မယ်။ ဒေါ်သထွက်နေတဲ့ လူထုကြီးပေါ်လာမယ်။ အစိုးရတွေ ပြုတ်ကျမယ်။ ဒါကြောင့် ငွေဖောင်းပွမှုနဲ့ ငွေကျုံ့နှစ်ခုမှာ တခုကို ရွေးဆိုရင် အစိုးရတွေဟာ ငွေဖောင်းပွမှုကိုပဲ ရွေးမှာပါ။

အစိုးရတွေဟာ ငွေဖောင်းပွအောင် တကယ်ပဲ လုပ်နိုင်သလားလို့ ခင်ဗျားတွေးမိကောင်း တွေးမိမယ်။ အထွေထွေ ငွေကြေးဖောင်းပွမှုဆိုတာ တိုင်းပြည်တခုအတွင်းမှာ လည်ပတ်နေတဲ့ ငွေပမာဏတိုးလာလို့ ဖြစ်တာပါ။ တိုင်းပြည်တွင်းလည်ပတ်နေတဲ့ ငွေပမာဏကို တိုင်းပြည်မှာရှိတဲ့ ရွှေပမာဏနဲ့ သတ်မှတ်တဲ့ခေတ်မှာ ငွေဖောင်းပွစေချင်ရင် ရွှေပမာဏကို တိုးမှပဲရပါမယ်။ ဒါပေမယ့် ရွှေပမာဏကို နေ့ချင်းညချင်းတိုးလို့မရပါဘူး။ ရွှေကို ပုံနှိပ်စက်နဲ့ ရိုက်ထုတ်လို့ မရပါဘူး။ ဒါပေမယ့် ငွေစက္ကူနဲ့ တိုင်းပြည်တွင်းလည်ပတ်တဲ့ငွေပဏာကို သတ်မှတ်တဲ့ခေတ်ကို ရောက်လာတော့ ငွေဖောင်းပွချင်ရင် ပုံနှိပ်စက်တွေကို မောင်းလိုက်ယုံပါပဲ။

ငွေကျုံ့တာဟာ နိုင်ငံရေးနဲ့ စီးပွားရေးပျက်စီးမှုကို ဦးတည်တဲ့အတွက် အစိုးရတွေဟာ ရွေးချယ်ခွင့်ရနေသမျှတော့ ငွေဖောင်းပွမှုကိုပဲ ရွေးမှာပါ။ ငွေကျုံ့ တာဟာ ငွေဖောင်းပွတာထက် ဆိုးပါတယ်။ (ငွေဖောင်းပွနှုန်းမြင့်လွန်းရင်တော့ မကောင်းပါ။)

ငွေဖောင်းပွမှုဟာ စီးပွားရေးနယ်ပယ်မှာ အမြဲတမ်းရှိနေမယ်လို့ သိထားတဲ့ ဝါရင်းဟာ ရင်းနှီးမြုပ်နှံမှု လုပ်တော့မယ်ဆိုတိုင်း ငွေဖောင်းပွမှုရဲ့ အနုတ်သဘော သက်ရောက်မှုကို ထည့်တွက်စမြဲပါ။

W&A Business and Finance Facebook စာမျက်နှာမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

Stock Market နဲ့ Forex Market ကွာခြားချက်များ

4:00 AM | ,


လူအများစုက stock market ကို forex market နဲ့ အတူတူပဲလို့ ထင်တတ်ကြတယ်။ ရင်းနှီးမြှုပ်နှံခြင်းနဲ့ အရောင်းအဝယ်ပြုလုပ်ခြင်းပုံစံ သဘောတရားတွေတူပေမယ့် မတူညီသော တချို့အချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

1) Operating Hour
Stock market တွေဟာ အများအာဖြင့် တနေ့ကို ၈ နာရီခန့်နဲ့ တပတ်ကို ၅ ရက် တနင်္လာနေ့ကနေ သောကြာနေ့အထိ အရောင်းဝယ်ပြုလုပ်ကြပါတယ်။ ဥပမာ Australian securities Exchange (ASX) ဆိုရင် Sydney time မနက် ၁၀ နာရီမှာဖွင့်ပြီး ညနေ ၉:၃၀ မှာပိတ်ပါတယ်။ New York stock exchange (NYSE) နဲ့ US stock exchange (NASDAQ ) ကတော့ 9:30am to 4:00pm အတွင်း၊ Singapore stock exchange (SGX) ကလည်း SG time 08:00am to 06:00pm အတွင်းမှာ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတယောက်အနေနဲ့  US stock market မှ stock တခုကို ဝယ်ချင်ရင် US stock market ဖွင့်ချိန်ဖြစ်တဲ့ မနက် 9:30 am ( မြန်မာအချိန်ည ၉ နာရီ ) မှသာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်၊၊ Forex market ကျတော့ တနေ့ကို ၂၄ နာရီနဲ့ US, Europeans သို့မဟုတ် Asian trading hour ဆိုပြီး ကြိုက်ရာရွေးချယ်ကာ တပတ်ကို ၅ ရက် အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်၊

2) Location of Market
Stock market ထဲမှာ company ရဲ့ stock share တွေကို ဝယ်ယူရောင်းဝယ်တာတွေ အဆင်ပြေစေဖို့  မြန်မာနိုင်ငံကလွှဲလို့  နိုင်ငံတော်တော်များများမှာ stock exchange ရုံးဌာနတွေ ခမ်းနားထည်ဝါစွာ ဖွင့်လှစ်ထားတာကို တွေ့ မြင်နိုင်ပါတယ်။ (stock လောကအကြောင်းကို သိချင်ရင်တော့ မင်းသား လီယိုနာဒိုဒီကာပရီယို ရိုက်ထားတဲ့ The Wolf of Wall Street ဆိုတဲ့ ရုပ်ရှင်ကားကို ရှာဖွေ ကြည့်ကြပါတော့။) အင်တာနက်တွေမပေါ်ခင်က ရောင်းသူနဲ့ ဝယ်သူတွေဟာ stock exchange ရုံးတွေမှာ တွေ့ဆုံပြီး ဒါမှမဟုတ် ဖုန်းနဲ့ order မှာပြီး အရောင်းအဝယ်ဖြစ်ကြပါတယ်၊၊ နောက်ပိုင်း နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ stock exchange ကို သွားစရာမလိုတော့ဘဲ online မှာ brokerage account ဖွင့်ထားပြီး အဲဒီ account မှတဆင့် မိမိကြိုက်ရာ stock share တွေကို broker တွေဆီကို commission ကော်မရှင်ခပေးပြီး broker တွေရဲ့ website က trading platform တွေပေါ်မှာ အရောင်းဝယ် ပြုလုပ်နိုင်ကြပါတယ်။ Stock market မှာ ရင်းနှီးမြှုပ်နှံရန်အတွက် Brokerage account တခုဖွင့်ဖို့  Broker တွေ အပေါ်မူတည်ပြီး အနိမ့်ဆုံး ဒေါ်လာ ၂၀၀၀ မှ ၄၀၀၀ အထိ သတ်မှတ်ထားလေ့ရှိကြပါတယ်၊၊

Forex market ကျတော့ stock market ကဲ့သို့  Exchange ရုံးဌာနတွေမရှိဘဲ internet Network ပေါ်က broker ရဲ့ website တွေပေါ်က Forex Platform တွေ၊ iPhone, IPad တွေမှတဆင့်လည်း account ဖွင့်ပြီး currency (နိုင်ငံတကာငွေကြေး) များကို Broker တွေကို သီးသန့်ကော်မရှင်ခ ပေးစရာမလိုဘဲ လွယ်ကူစွာ ၂၄ နာရီ trading လုပ်နိုင်ပါတယ်။ Broker တွေက currency တွေရဲ့ bid price နဲ့  Ask price (Bid price ဆိုတာ trader က buyer ကို ရောင်းဈေးဖြစ်ပြီး Ask price ဆိုတာက trader က seller ဆီက ဝယ်တဲ့ဈေးဖြစ်ပါတယ်။) တို့ရဲ့ spread (ဈေးနှုန်းကွာဟချက်)တွေမှတဆင့် ဝင်ငွေရရှိပါတယ်။ Forex market မှာ trading လုပ်ရန်အတွက် account တခုဖွင့်ဖို့  အနိမ့်ဆုံး၂၅ ဒေါ်လာလောက်နဲ့တောင်မှ စတင်ပြီး အရောင်းအဝယ် ပြုလုပ်နိုင်ကြပါတယ်၊၊ Forex market ဟာ currency တွေကို ဝယ်ယူတဲ့အခါ Leverage လို့ ခေါ်တဲ့ ငွေပမာဏ အနည်းငယ်နဲ့ ဆတိုးအချိုးကျ ဝယ်ယူခွင့်ပြုထားတဲ့အတွက် နည်းနည်းရင်းရုံနဲ့ အမြတ်အဆမတန်ရနိုင်ပါတယ်။ ဥပမာ Leverage 20:1 ကို အသုံးပြုပြီး currency တွေကို ဝယ်မယ်ဆိုရင် $1000 ပဲရှိတဲ့ small account လေးက အဆ ၂၀ များပြီး $20,000 တန်ဖိုးရှိတဲ့ currency တွေကို အရောင်းဝယ်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်၊၊

3) Liquidity & Size of Market
Forex market ဟာကမ္ဘာပေါ်မှာ ငွေဖြစ်အလွယ်ဆုံး market တခုဖြစ်ပါတယ်။ forex market ထဲမှာ ကြီးမားတဲ့ ပုဂ္ဂလိကဘဏ်ကြီးတွေ၊ ဗဟိုဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံဖို့ သီးသန့်ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးတွေ၊ ငွေကြေးတွေကို ဈေးကစားနေတဲ့ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့စည်းတွေနဲ့ သာမန်ရောင်းဝယ်နေကြတဲ့ trader လေးတွေဟာ နေ့စဉ် 4 trillion နီးပါး trading လုပ်နေကြတဲ့အတွက် stock market ထက် အဆပေါင်းများစွာ ကြီးမားတဲ့ market ကြီးတခု ဖြစ်ပါတယ်။ stock market ကတော့ forex market လောက် ငွေဖြစ်မလွယ်ပေမယ့် ရေရှည်ရင်းနှီးမြှုပ်နှံတဲ့အခါ compound interest ဆိုတဲ့ ပေါင်းစပ်အတိုးတွေကြောင့် forex ထက် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်ပါတယ်။ Forex နဲ့စာရင် stock market က volatility (ဈေးနှုန်းမတည်ငြိမ်မှု) နည်းတဲ့အတွက် risk နည်းတယ်လို့လည်း ဆိုနိုင်ပါတယ်၊၊ stock market မှာ သိန်းပေါင်းများစွာသော company တွေရဲ့ stock share တွေ၊ အမျိုးမျိုးသော sector တွေကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ company ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေနေတွေကို analyse လုပ်ရတာ အနည်းငယ် ပိုရှုပ်ထွေးပါတယ်။ Forex market မှာကတော့ အရောင်းအဝယ်လုပ်စရာဆိုလို့  currency တွေပဲရှိတော့ market ကို analyse လုပ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် ရေရှည် ရင်းနှီးမြှုပ်နှံမယ့်သူတွေက Stock market ကိုရွေးချယ်ကြပြီး ရေတို အရောင်းအဝယ်လုပ်ပြီး ငွေအမြန်ပေါ်ချင်တဲ့သူတွေက forex market မှာ trading လုပ်လေ့ရှိပါတယ်။

ရေးသားသူ - Aung Mon Chan
http://www.myanmarleaders.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

ရန်ကုန်စတော့အိတ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံမှုအရွေ့

3:00 PM |


လာမည့်လအနည်းငယ်အတွင်း စတင်အသက်ဝင်လာမည့် ‪‎ရန်ကုန်စတော့အိတ်ချိန်း (YSX) သည် မြန်မာပြည်၏ ရင်းနှီးမြှုပ်နှံမှုလောကကို မည်မျှအထိ ဂယက်ရိုက်ခတ်မည်နည်း။

အိမ်ခြံမြေနှင့်ကားအကျ
သင့်အနေဖြင့် လွန်ခဲ့သောနှစ်ဝက်ခန့်အလွန်ကာလ များက မြန်မာပြည်အတွင်းက ရင်းနှီးမြှုပ်နှံမှုအကြောင်း မေးလျင် အိမ်ခြံမြေဈေးကွက်အကြောင်းကိုသာ ပထမဆုံးကြားရလိမ့်မည်။ ဘယ်နေရာက ဘယ်ခြံဝင်း၊ ဘယ်တိုက်ခန်းက ဈေးဘယ်လောက် တက်သွားပြီ၊ ဘယ်မြို့နယ်က အိမ်ခြံမြေ အရောင်းသွက်နေပြီ၊ ဘယ် အိမ်ခြံမြေ ရောင်းဝယ်သူကတော့ ဘယ်လောက်ထောသွားပြီ စသည့်သတင်းစကားကလည်း သင့်အတွက် နားလျံမတတ် ဖြစ်ခဲ့ပေလိမ့်မည်။

ပြီးခဲ့သည့် သုံးလေးနှစ်အတွင်း ပြောင်းလဲလာသည့် အိမ်ခြံမြေဈေးကွက်‬၏ အခြေနေကို ပြောရလျင် အံ့သြစရာဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးကိုကြည့်လျင် ဖွံ့ဖြိုးဆဲ(Developing) အဆင့်။ အိမ်ခြံမြေဈေးက ကမ္ဘာနှင့် ရင်ပေါင်တန်းနေသည်။ စီးပွားရေးမြို့ တော်ရန်ကုန်မြို့လယ်က ကုမ္ပဏီ ရုံးခန်းအဆောက်အအုံ၏ အခန်းငှားခက ဘန်ကောက်မြို့က အခန်းငှားခများထက် မြင့်နေသည်။ မကြာခဏ ထုတ်ပြန်သည့် ကမ္ဘာ့အဖွဲ့အစည်းအချို့၏ စစ်တမ်းများတွင် မြန်မာပြည်တွင်း စီးပွားရေးလုပ်ရာတွင် အဟန့်အတား ဖြစ်နေသည့် အချက်များတွင် အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုက ထိပ်ဆုံးက ပါဝင်နေခဲ့သည်။ အဆမတန် ထိုးတက်ခဲ့သော ဈေးနှုန်းများကြောင့် မကြာခင်ကာလအတွင်း အိမ်ခြံမြေပူဖောင်း ပေါက်လာမည်လော ဟူသော မေးခွန်းများကိုလည်း မီဒီယာစာမျက်နှာထက် မကြာခဏဆိုသလို တွေ့လာရသည်။
ယခုထိတော့ ဘာပူဖောင်းမှ ပေါက်သံမကြားရသေး။ သို့သော် ပူဖောင်းလေလျော့လာသည်ဟုပဲ ပြောရမည်လားမသိ။ အိမ်ခြံမြေဈေးကွက်က ၂၀၁၄ ခုနှစ်ကုန်ပိုင်းလောက်မှ စတင်ကာ တဖြည်းဖြည်း အေးလာခဲ့သည်။

''လက်ရှိ အရောင်းအ၀ယ်ဖြစ်နေတဲ့ တိုက်ခန်းတွေကတော့ ခေါ်ဈေးထက် ၁၅ ရာခိုင်နှုန်းလောက် လျော့ရောင်းနေတာ တွေ့ရတယ်။ အထူးသဖြင့် တန်ဖိုးကြီး အဆောက်အအုံတွေနဲ့ ပတ်သက်ရင်တော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတဲ့သဘော ရှိတယ်။ အရောင်းအ၀ယ် မဖြစ်ဘူး'' ဟု ယူနတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်ကပြောသည်။

ဈေးကွက်အေးလာသည့် အကြောင်းအရင်းကိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို စောင့်ကြည့်နေသောကြောင့်၊ အိမ်ခြံ မြေဈေးကွက်သို့ တရားမ၀င်ငွေကြေးများ အဓိကစီးဆင်းခဲ့ရာမှ ယခုအခါ ယင်းငွေကြေးခ၀ါချမှုကို အစိုးရက တိုက်ဖျက်နေသောကြောင့် စသည်ဖြင့် အမျိုးမျိုး ဝေဖန်ကြသည်။ ၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးရောက်ရှိခဲ့သည့်ကာလဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းမှ စတင်ကာအရောင်းအ၀ယ် သိသိသာသာ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

အိမ်ခြံမြေဈေးကွက်ထက် စောစီးစွာ နောက်ပြန်ဆုတ်ခဲ့သည်က မော်တော်ကားဈေးကွက်‬ ဖြစ်သည်။ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ကားတင်သွင်းခွင့်ကို ဖြေလျော့ပေးမှုကြောင့် ကားဝယ်လိုအား ထိုးတက်ခဲ့သလို ကားပွဲစားနှင့် ကားဝယ်ရောင်းတို့ ပွပေါက်တိုးခဲ့ကြသည်။ တိုးပွားလာသော ကားအစီးရေကြောင့် ပြီးခဲ့သည့် နှစ်နှစ်လောက်မှစ၍ ရန်ကုန်မြို့သည် ယာဉ်လမ်းကြော အလွန်အမင်းပိတ်ဆို့သော မြို့အဖြစ်သို့ ရောက်ရှိခဲ့သည်။ ယခုဆို Ford၊ Marcede၊ Chevrolet၊ KIA အစရှိသည့် ကမ္ဘာကျော် အမှတ်တံဆိပ်ကားများကို ရန်ကုန်မြို့အနှံ့ရှိနေသော ကားအရောင်းပြခန်းတွင် အခန့်သား တွေ့မြင်နိုင်သည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကိုသာ ဖြေရှင်းမရသေးသော်လည်း ကားအရောင်းအ၀ယ်ကတော့ ယခင်ကလို လှုပ်လှုပ်ခတ်ခတ် မဟုတ်တော့။ တည်ငြိမ်လာသည်။ ''မြန်မာပြည်က ကားငတ်နေတာလည်း ကြာပြီဆိုတော့ စပြီးပေါ်လာတဲ့အချိန်မှာ လူတွေကလည်း အရင်တုန်းကနဲ့စာရင် ဆယ်ဆ၊ အဆ ၂၀ လောက် သက်သာသွားပြီဆိုတော့ ကားဝယ်တယ်။ ယခုအချိန် သုံးနှစ်ကျော်တည်ငြိမ်စ ပြုလာပြီ'' ဟု Famar Auto Showroom ၏ CEO ဒေါက်တာစိုးထွန်းက ပြောသည်။ ယင်းအခြေအနေကြောင့်ပင် ကားဈေးကွက်၌ ပေါ်ပင်ရင်းနှီးမြှုပ်နှံသူတို့ မရှိတော့ဘဲ ရေရှည်ရင်နှီးမြှုပ်နှံမည့်သူများသာ ကျန်ရစ်တော့သည်ဟုလည်း ၄င်းကဆိုပါသည်။

ဒေါ်လာနှင့်ရွှေခုန်တက်
''သူတို့က မော်တော်ကားဈေးကွက်ကောင်းတယ်ဆို အဲဒီ ရောက်သွားတာ။ မော်တော်ကားဈေးကွက် ပျက်သွားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်လှည့်တာ''။ ငွေကြေးဆိုင်ရာကျွမ်းကျင်သူ ဘဏ်အရာရှိကြီးတစ်ဦး၏ မှတ်ချက်ဖြစ်သည်။ သူ၏မှတ်ချက်ကို ကိုးကားပြောရလျင် ''မော်တော်ကားဈေးကွက်၊ အိမ်ခြံမြေဈေးကွက်ပျက်လို့ ဒေါ်လာဈေးကွက်၊ ရွှေဈေးကွက် ရောက်လာတာဟုပင် ဆိုရမလို ဖြစ်နေသည်။ မော်တော်ကားနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းချိန်တွင် ဒေါ်လာဈေးကွက်နှင့် ရွှေဈေးကွက်က ကြောက်ခမန်းလိလိ လှုပ်ရှားနေသည်။ ဇွန်လ ၁၀ ရက်တွင် အစိုးရသစ်လက်ထက် စံချိန်တင်သည့်အနေဖြင့် အမေရိကန်ဒေါ်လာတစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁,၂၃၀ အထိ ပေါက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တုန်းက တစ်ဒေါ်လာ ရှစ်ရာကျော်ကျော်မှ ၂၀၁၄ ခုနှစ်ကုန်တွင် ၁,၀၄၀ လောက်ပေါက်ခဲ့ပြီး ယခုနှစ် ငါးလကျော်အတွင်း စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ‪‎ဒေါ်လာဈေး‬တက်ရသည့် အကြောင်းအရင်းမှာ အမေရိကန် စီးပွားရေးတိုးတက်လို့ဟူသော အကြောင်းပြချက်အပြင် မြန်မာ့ကုန်သွယ်မှုတွင် လိုငွေပြနေမှု စသောအချက်များကြောင့်ဟုလည်း ဝေဖန်ကြသည်။

ဒေါ်လာဈေးမြင့်တက်မှုနှင့် ဈေးကွက်သည်လည်း နောက်က လိုက်တတ်လာသည်။ အခေါက်ရွှေ တစ်ကျပ်သား၏ တန်ဖိုးမှာ မေလကုန်ပိုင်းက ၇၂၀,၀၀၀ ကျပ်သာရှိခဲ့ပြီး ဇွန်လ ၉ ရက်တွင် ၇၅၀,၀၀၀ ကျော်ထိ တက်ခဲ့သည်။ ''နိုင်ငံတကာဈေးကွက်မှာဆိုရင် ဒေါ်လာဈေးတက်ရင် ရွှေဈေး လိုက်တက်လေ့မရှိဘူး။ မြန်မာနိုင်ငံမှာကျတော့ ငွေကြေးဖောင်းပွတဲ့အတွက် ဒေါ်လာဈေးနဲ့အတူ ရွှေဈေး‬ လိုက်တက်နေတာ။ ရွှေဈေးကိုတော့ ဈေးကွက်တွက်မှာရှိတဲ့ ၀ယ်လိုအား၊ ရောင်းလိုအား၊ နိုင်ငံတကာရွှေဈေးနဲ့ ငွေလဲဈေး စတာတွေအပေါ်မှာ မူတည်ပြီး ဈေးဖွင့်တာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောသည်။ မြန်မာလူမျိုးတို့၏ အစဉ်အလာ ယဉ်ကျေးမှုကြီးတစ်ခုက လက်ထဲပိုက်ဆံရှိလျင် ရွှေဝယ်ထားလေ့ ရှိကြသည်။

ဈေးကွက်သစ်
မြန်မာပြည်က ရင်းနှီးမြှုပ်နှံသူတို့အဖို့ နောက်ထပ် ဈေးကွက်သစ်တစ်ခုက ယခုနှစ်ကုန်ပိုင်းတွင် အကောင်အထည် ပေါ်လာမည့် စတော့ရှယ်ယာဈေးကွက်‬ ဖြစ်သည်။ မေလကုန်ပိုင်းက ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ရန်ကုန်စတော့အိတ်ချိန်း ထူထောင်ရေးစီမံကိန်းမှာ ၇၂ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အိတ်ချိန်းနေရာအတွက် ပြင်ဆင်နေမှုက ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ဇူလိုင်လလောက်တွင် အားလုံးလောက်နီးနီး ပြီးစီးသွားမည်ဟု ပြောကြားခဲ့သည်။

သူတို့က ယခင်က YSX ကို ကြိုတင်ကြေညာထားသည့် အောက်တိုဘာအမီ စတင်နိုင်ဖို့ စိုင်းပြင်းနေခဲ့ကြသော်လည်း မကြာသေးခင်က သတင်းတွေအရတော့ ရွေးကောက်ပွဲအလွန်မှသာ စတင်နိုင်လိမ့်မည် ဖြစ်သည်။ ယခု ဆောင်းပါးရေးနေချိန်အထိတော့ စတော့ဈေးကွက်တွင် Main Player အဖြစ် ပါဝင်ရမည့် Listed Company ဘယ်နှစ်ခုနှင့် စတင်မလဲဆိုသည်ကိုပင် အတိအကျ မပြောနိုင်သေးပေ။ သတင်းစာရှင်းလင်းပွဲတွင် ဒုဝန်ကြီးက ''ရှယ်ယာထုတ်ရောင်းတဲ့ ကုမ္ပဏီဘယ်နှစ်ခုရှိမလဲဆိုတဲ့ အပေါ်လည်းမူတည်တယ်။ ဒါကလည်း ပြောလို့ မရသေးဘူးပေါ့။ Listed ကလည်း အခြေအနေပေါ် မူတည်ပါတယ်'' ဟုပြောသည်။

အစောပိုင်းက ထင်ရှားသည့် သူဌေးကြီးဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (‪AGD‬) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (‪MRF‬) က လွန်ခဲ့သည့်သုံးနှစ်လောက်က တည်ထောင်ထားသည့် မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး အများပိုင်ကော်ပိုရေးရှင်း (‪MAPCO‬) တို့ နှစ်ခုသာ နာမည်ထွက်ခဲ့ပြီး နောက်ပိုင်းတွင် FMI Group အမည်ပါ ပါဝင်လာခဲ့သည်။ ‪FMI‬ Group သည် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းကို အဓိကလုပ်ကိုင်နေပြီး ယခင်ကတည်းက စင်ကာပူစတော့အိတ်ချိန်းတွင် Listing လုပ်ထားသည့် ကုမ္ပဏီဖြစ်သည်။ မြန်မာပြည်တွင် အများပိုင်ကုမ္ပဏီ နှစ်ရာခန့်ရှိသည် ဆိုသော်လည်း အများစုက ရှယ်ယာထည့်ဝင်သူ လေးငါးဦးဖြင့် လည်ပတ်နေသော အမည်ခံ အများပိုင်ကုမ္ပဏီများသာ ဖြစ်သည်။

၂၀၁၅ အလွန် ရင်းနှီးမြှုပ်နှံမှုအရွေ့
စီးပွားရေးတံခါး စတင်ဖွင့်လှစ်ချိန်တွင် စတော့ဈေးကွက် တစ်ခုကို ဒရောသောပါး အကောင်အထည်ဖော်ခြင်းကို ပြစ်တင် ဝေဖန်သူများရှိသလို အကောင်းမြင်သူများလည်း ရှိသည်။ တော်တော်များများကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တကယ့်အခြေအနေမှန်ကို ထည့်မတွက်ဘဲ ဖြစ်ချင်သောတစ်ခုဖြင့်သာ လုပ်နေကြောင်း ပြစ်ပြစ်နှစ်နှစ်ဝေဖန်သည်။ သို့သော် အကောင်းမြင်သူများကတော့ မရှိသေးတာထက် စနိုင်သည့်အချိန်တွင် စလိုက်ခြင်းက ပိုကောင်းသည်ဟု ဆိုသည်။

မည်သို့ဆိုစေ ရန်ကုန်စတော့အိတ်ချိန်းကတော့ ၂၀၁၅ ခုနှစ်မကုန်မီ အကောင်အထည်ပေါ်လာမည်ဖြစ်ရာ ၂၀၁၅ အလွန် ကာလတွင် စတော့ရှယ်ယာ ဈေးကွက်၊ အိမ်ခြံမြေ ဈေးကွက်၊ ကား ဈေးကွက်၊ ဒေါ်လာနှင့် ရွှေဈေးကွက်စသည့် ရင်းနှီးမြှုပ်နှံစရာ ဈေးကွက်အသီးသီးတွင် မည်သည့်ဈေးကွက်က ထိပ်ဆုံးမှ ဦးဆောင်သွားမည်လဲ ရင်ခုန်စရာကောင်းသည်။ ပထမဦးဆုံးအနေဖြင့် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များ၏ အလားအလာကို မှန်းကြည့်ချင်သည်။ ရှေ့တွင်ဆိုခဲ့သလို အိမ်ခြံမြေဈေးကွက်က လတ်တလောတွင် အရောင်းအ၀ယ် ထိုင်နေသည်။ သို့သော် ဈေးက ထင်သလောက်ကြီး ကျဆင်းသွားခြင်းတော့ မဟုတ်။ ဇွန်လအစောပိုင်းက မြန်မာနိုင်ငံ၏ မြေဈေးကြီးမြင့်မှုကြောင့် ထိုင်းနိုင်ငံ ထိပ်တန်းလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီ Saha Group က မြန်မာနိုင်ငံတွင် စက်မှုဇုန် လာရောက်တည်ဆောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

အိမ်ခြံမြေကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏အိမ်ခြံ မြေဈေးကွက်မှာ အနာဂတ်တွင်လည်း ကျဆင်းသွားဖွယ်ရှိသည့်တိုင် ရုပ်ပျက်ဆင်းပျက်တော့ ဖြစ်သွားလိမ့်မည်မဟုတ်ဟု ခန့်မှန်းကြသည်။ ''၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အိမ်ခြံမြေဈေးကွက်က ဒီထက်ပိုပြီး စိုက်ဆင်းသွားစရာလည်း သိပ်တော့အကြောင်းမရှိဘူး။ ပြင်ပအခြေအနေတွေ အပေါ်မူတည်ပြီးတော့ ဆက်တက်သွားနိုင်စရာလည်း အကြောင်းတော့မရှိဘူး'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဦးက ခန့်မှန်းသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်လာဖို့ရှိသလို အိမ်ရာ လိုအပ်ချက်ကလည်း မြင့်မားနေဆဲဖြစ်ရာ အိမ်ခြံမြေ၀ယ်လိုအား (Demand) ကတော့ ဆက်ကောင်းနေသေးသည်။

မော်တော်ကားဈေးကွက်သည်လည်း ဆက်လက်ရင်းနှီး မြှုပ်နှံစရာအခွင့်အလမ်း ရှိနေသည်။ ယခု ကားတကယ် ၀ယ်ယူထားသူများမှာ ရန်ကုန်မြို့နေပြည်သူများသာ ဖြစ်သည်။ အကယ်၍ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး စီးပွားရေးသာတက်လာပါက ကားဝယ်ယူမှုက ဆက်လက်မြင့်တက်နေဦးမည် ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် ကားအစီးရေ ငါးသိန်းကျော်ရှိနေပြီး ယင်းမှာ တစ်နိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ အိမ်ခြံမြေ၊ ကားနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများမှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုများသာဖြစ်ပြီး ငွေနှင့် ရွှေဈေးကွက်တို့ကတော့ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံလိုသူတို့အတွက်လည်း အခွင့်အလမ်း ရှိသည်။ ဆိုလိုသည်မှာ အိမ်ခြံမြေ၊ ကားတို့တွင် ရင်းနှီးမြှုပ်နှံဖို့က မြန်မာငွေကို သိန်းရာဂဏန်း၊ ထောင်ဂဏန်းလောက်နှင့် စကားပြောနေရသော်လည်း ငွေနှင့် ရွှေက သိန်းဆယ်ဂဏန်းလောက်နှင့် လုံလောက်သည်။

ဤဈေးကွက်များက တစ်ခါတစ်ရံ အလှုပ်အခတ်များတတ်သော်လည်း အချိန် တော်တော်များများ တည်ငြိမ်သည့် သဘောရှိသလို သိပ်အလုပ်ဖြစ်လှသည်တော့ မဟုတ်ပေ။ မည်သို့ရှိစေ ပိုက်ဆံရှိလျင် ခေါင်းအုံးအောက် သိမ်းထားသည့်ဓလေ့၊ ပိုက်ဆံရှိလျင် ရွှေဝယ်ထားသည့် ယဉ်ကျေးမှုကလည်း မြန်မာပြည်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေဆဲ ဖြစ်သည်။ တွေ့ဆုံမေးမြန်းမှုများအရ စတော့ဈေးကွက် ပေါ်လာချိန်တွင် ယခင်ရှိပြီးသား ဈေးကွက်များကို ကြီးကြီးမားမား မထိခိုက်နိုင်၊ ငွေကြေးအရင်းအနှီး စီးဆင်းမှု တစ်ဖက်စောင်းနင်းမဖြစ်နိုင်ဟု တွက်ဆကြသည်။ စတော့ရှယ်ယာနှင့် ပတ်သက်ပြီး ဆောင်းပါးများ ရေးသားနေသူ ဆရာထွန်းသက်ထွန်းက ''Weight ကတော့ မျှသွားမှာပေါ့။ အိမ်ခြံမြေရော၊ ရွှေရော၊ တစ်ဖက်မှာ စတော့ရော အားလုံးက မျှသွားမှာပေါ့။ အဓိကကတော့ စတော့အိတ်ချိန်းဆိုတာ Middle Class ကို Nurture လုပ်တဲ့ ဈေးကွက်ဖြစ်တဲ့အတွက် Middle Class တွေအနေနဲ့တော့ Investment Opportunity တွေ ပိုပြီးတော့ များလာမယ်'' ဟုသုံးသပ်သည်။

စတော့ဈေးကွက်၏ အလားအလာနှင့် ဈေးကွက်ဟောင်းများ၏ အလားအလာများကို ချိန်ထိုးသုံးသပ်ကြည့်လျင်လည်း သူ့သုံးသပ်ချက်က သဘာဝတော့ကျသည်။ စတော့ဈေးကွက်ကို အကောင်းမြင်သူများသည်ပင် ရန်ကုန်စတော့အိတ်ချိန်း တကယ်တက်ကြွလှုပ်ရှားဖို့က အနည်းဆုံး လေးငါးနှစ်ခန့် အချိန်ယူရလိမ့်မည်ဟု ကောက်ချက်ချသည်။ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်က ထူထောင်ခဲ့သော လာအို စတော့အိတ်ချိန်းနှင့် ကမ္ဘောဒီးယား စတော့အိတ်ချိန်းတို့ကတော့ အခုထိ Listed Company တစ်ခု၊ နှစ်ခုတည်းဖြင့်သာ လည်ပတ်နေသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ကုမ္ပဏီလေးငါးခုလောက်နှင့် စတင်နိုင်လိမ့်မည်ဟု ဘဏ္ဍာရေးဒုဝန်ကြီးက ပြောကြားထားသည်။ သို့သော်လည်း စတော့ဈေးကွက်နှင့် စိမ်းနေသေးသော မြန်မာ ရင်းနှီးမြှုပ်နှံသူများအဖို့ ဈေးကွက် စတင်လျှင်စတင်ချင်း အလောတကြီး ၀င်ကစားကြမည်မဟုတ်မှာ သေချာသည်။ ယခုထိ စတော့ အိတ်ချိန်းသတင်းများက မီဒီယာ၊ ပညာရှင်အချို့နှင့် စီးပွားရေးသမားအချို့အတွက်လောက်ပဲ ဖတ်စရာ ဖြစ်နေသည်။ အဓိက ရင်းနှီးမြှုပ်နှံမည့် အလယ်အလတ် ၀င်ငွေရှိလူတန်းစားအလွှာက ဤဈေးကွက်နှင့် အစိမ်းသက်သက် ဖြစ်နေသေးသည်။ မေးမြန်းမှုများအရ အများစုမှာ စိတ်ဝင်စားမှုတော့ရှိကြောင်း၊ နားမလည်သေးကြောင်းနှင့် စောင့်ကြည့်ဦးမည် ဖြစ်ကြောင်းသာ ပြောကြသည်။ မြန်မာပြည်တွင် လက်ရှိ စတော့ဈေးကွက် မပေါ်သေးခင်ကာလ၌လည်း ရှယ်ယာထုတ်ရောင်းနေသော အများပိုင်ကုမ္ပဏီများ ရှိနေပြီး ယင်းတို့ထဲက နှစ်ခုသုံးခုလောက်သာ အတန်ငယ် အလုပ်ဖြစ်နေသည်။ လာမည့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းပေါက်မည့် MAPCO သည်ပင် လက်ရှိအချိန်ထိ ကုမ္ပဏီတည်ထောင်သူများ၏ ရှယ်ယာက အဓိက ဖြစ်နေသည်ဟု ဆိုသည်။ ယင်းသည် ပြည်တွင်း ရှယ်ယာရှင်အများဆုံးဖြင့် လည်ပတ်နေသော အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှယ်ယာရှင်ပေါင်း ၁,၃၀၀ ခန့် ရှိသည်ဟု သိရသည်။ သို့သော် စုစုပေါင်းရှယ်ယာ၏ ၉၀ ရာခိုင်နှုန်းကို တည်ထောင်သူများက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

MAPCO ၏ အမှုဆောင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက ''အရေအတွက်သာ များတာ Capital ကတော့ တက်မလာဘူး။ ဒီရှယ်ယာတွေကလည်း တောင်းဆိုတာ။ တစ်နှစ်ကျော်လာပြီ အမြတ်မခွဲသေးဘူးလား၊ ဘာလားဆိုတာ ဖြစ်လာတာပေါ့။ မြန်မာပြည်မှာက ရှယ်ယာထည့်ရင် အမြတ်ဘယ်လောက် ရမလဲပေါ့။ Dividend ကိုပဲ စဉ်းစားတာ။ စတော့ ဈေးကွက်ပေါ်လာရင်လည်း ကျွန်တော်အမြင်အရတော့ သိပ် Change တော့ဖြစ်လာမှာ မဟုတ်ဘူး'' ဟု MAPCO ၏ ရှယ်ယာ ထည့်ဝင်မှုအခြေအနေနှင့် ချိန်ထိုးပြောကြားသည်။ ထို့ကြောင့်ပင် အမြတ်လွယ်လွယ် မြင်ရလွယ်သော ရွှေ ၀ယ်ထားခြင်းမျိုး၊ ဘဏ်၌ ငွေစုထားခြင်းမျိုးတို့က ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍအတွင်း စုဆောင်းအပ်ငွေပမာဏ ကျပ် ၂၂ ထရီလီယံ ရှိနေသည်ဟု New Crossroad Asia (NCRA) သုတေသနအဖွဲ့က ဆိုသည်။ မြန်မာပြည်တွင် ဘဏ်စုငွေ၏ အတိုးနှုန်းက ၈ ရာခိုင်နှုန်းအထိ ရှိနေသဖြင့်လည်း မက်လောက်စရာ ဖြစ်နေသည်။ ကမ္ဘာဇဘဏ်၏ အကြီးတန်း အကြံပေးဦးသန်းလွင်ကလည်း စတော့မားကက်က လေးငါးနှစ် အချိန်ယူရဦးမည်ဖြစ်သဖြင့် ဘဏ်မှာ စုဆောင်းထားသော အပ်ငွေအချို့ စတော့မားကတ်ဘက်သို့ ရောက်သွားနိုင်ခြေရှိသည့်တိုင် သိပ်များများစားစားတော့ ပြောင်းရွှေ့ဖွယ်မရှိဟု ဆိုသည်။ ၄င်းက ''အန်ကယ်တို့ကတော့ မစိုးရိမ်ဘူး။ နိုင်ငံခြားမှာတော့ စတော့မားကက်နဲ့ ဘဏ်ဆိုရင် Investment Relationship။ ဘဏ်အတိုးနှုန်း ကျသွားပြီဆိုရင် ဒီကလူတွေက ဘဏ်က ငွေတချို့တစ်ဝက်ကို စတော့မားကက်မှာ ရင်းနှီးမြှုပ်နှံကြတာပေါ့။ တစ်ခါတလေ အစုရှယ်ယာဈေးကွက်တွေ ကျနေပြီ။ မတည်မငြိမ် ဖြစ်နေပြီဆိုရင် အဲဒီငွေတွေကို ထုတ်ပြီး ဘဏ်ကို လာထည့်တာ'' ဟု ဘဏ်နှင့်စတော့ကို ယှဉ်တွဲသုံးသပ်သည်။ ၄င်းက Money Market ဘဏ်နှင့် Capital Market စတော့ဈေးကွက်တို့က တိုင်းပြည်၏ အရေးအကြီးဆုံး ဒေါက်တိုင်နှစ်ခုဟုလည်း မှတ်ချက်ပြုပါသည်။

ရှေ့တွင်ဆိုခဲ့သလို ယခုနှစ်မကုန်ခင် မြန်မာပြည်တွင် စတော့ဈေးကွက်က ရင်းနှီးမြှုပ်နှံမှု ဈေးကွက်အသစ်တစ်ခုအနေဖြင့် အသက်ဝင်လာမည်။ အိမ်ခြံမြေ၊ ကား၊ ငွေ၊ ရွှေ စသည့် ဈေးကွက်များက အလားအလာရှိနေသေးသလို ဘဏ်တိုးနှုန်းကလည်း မက်လောက်စရာအခြေအနေတွင် ရှိနေသည်။ အခြားတစ်ဖက်၌ စတော့ဈေးကွက်ကလည်း အရှိန်ရရန်ကာလတစ်ခု ယူရဦးမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုက စတော့ဈေးကွက်တစ်ခုတည်းသို့ ပြုံတိုးဖွယ်မရှိဘဲ သူ့ကဏ္ဍအလိုက် ပုံမှန်အခြေအနေလောက်သာ ရှိနေမည်ဟုသာ ခန့်မှန်းရပါသည်။

ရေးသူ-ဟိန်းဇော်
http://www.myanmarb2bmagazine.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More

ဒေါ်လာ ၁၆ ထရီလီယံကို ကိုင်တွယ်နေသော အမျိုးသမီး

4:00 PM |


၁၉၅၀ ပြည့်လွန်နှစ်တွေမှာ Brooklyn ကမ်းနား အလုပ်သမား ရပ်ကွက်အနီးအနားမှာကြီးပြင်းခဲ့တဲ့ Janet Yellen ဟာ စီးပွားရေး ပညာထဲကလူသားရဲ့ကဏ္ဍနဲ့ပတ်သက်ပြီး အများကြီး လေ့လာထားခဲ့ပါတယ်။ "ကျွန်မရဲ့အဖေဟာ မိသားစုဆရာဝန်တစ်ယောက်ပါ။ အဖေနဲ့ အမေနှစ်ယောက်စလုံး စီးပွားရေး အကျပ်အတည်းကြီးကို ဖြတ်သန်းခဲ့ကြတယ်။ အဲဒီအကျပ်အတည်းကြီးအကြောင်း ပုံပြင်တွေကို ကျွန်မ အများကြီး ကြားဖူးတယ်" လို့ သူကပြောပါတယ်။ Brooklyn သင်္ဘောကျင်းအလုပ်သမားတွေ၊ စက်ရုံအလုပ်သမားတွေ အခြေအနေပေါ်မူတည်ပြီး နှစ်ဒေါ်လာပေးပြီး၊ ဒါမှမဟုတ် မပေးဘဲ သူ့အဖေရဲ့အိမ်ကဆေးခန်းကို ၀င်ကြထွက်ကြတာတွေကို သူမြင်ဖူးခဲ့ပါတယ်။

"လူတွေအပေါ်သက်ရောက်ချင် သက်ရောက်ခဲ့မယ့် အလုပ် အကိုင်မရှိမှုရဲ့သက်ရောက်မှုကို လူသားဆန်တဲ့နည်းလမ်းနဲ့ ကျွန်မ နားလည်လာခဲ့ပါတယ်"။

အဲဒီနောက် ဆယ်စုနှစ် ငါးခုကြာတဲ့အခါ ဆန်ဖရန်စစ္စကို ဗဟိုဘဏ်ရဲ့အကြီးအကဲဖြစ်တဲ့ Yellen ဟာ မသေချာတဲ့ ချေးငွေတွေထဲက ပေါ်လာခါစပူဖောင်းတစ်ခုနဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ပါတယ်။ အဲဒီ ပူဖောင်းဟာ စီးပွားရေးပျက်ကပ်ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဆိုးဝါးဆုံး စီးပွားရေးပျက်ယွင်းမှုတစ်ခုအဖြစ်ကို ရောက်အောင် ကြီးထွားသွားလိမ့်မယ်လို့ စိုးရိမ်ခဲ့တာပါ။ FED ရဲ့မူဝါဒချမှတ်သူ ၁၉ ဦးထဲမှာ သူဟာ ဒီလိုဖြစ်မှာကို စိုးရိမ်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ Yellen ဟာ ချုံးချုံးကျနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အဖိုးတန်ပိုင်ဆိုင်ပစ္စည်းတွေထဲက ထရီလီယံနဲ့ချီနေတဲ့ ဒေါ်လာတွေဝယ်ဖို့ဆိုတဲ့ အငြင်းပွားစရာအစီအစဉ်တစ်ခုရဲ့နောက်ပိုင်းအဆင့်တွေကို အကြံပေးပြီး ကူညီနေရတဲ့ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်နေပါပြီ။ အမေရိကန်စီးပွားရေး အဆောက်အအုံကြီးထဲက သန်းနဲ့ချီနေတဲ့ အလုပ်သမားတွေအတွက်တော့ အရေအတွက် သက်သာလျော့ပါးရေးဆိုတဲ့ ဗဟိုဘဏ်ရဲ့ အဲဒီ အစီအစဉ်ဟာ အလုပ်တစ်ခုက ပြုတ်သွားတာနဲ့ အလုပ်တစ်ခုမှာမြဲနေတာရဲ့ကွာခြားမှု၊ အချည်းနှီးရှာဖွေမှုနဲ့ အခွင့်အလမ်းတစ်ခု တွေ့ရှိမှုရဲ့ကွာခြားမှု ကောင်းကောင်းကြီး ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။

ဇန်န၀ါရီလ ၆ ရက်နေ့မှာ အထက်လွှတ်တော်က အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်စနစ်ရဲ့ ၁၅ ဦးမြောက်ဥက္ကဋ္ဌအဖြစ် Janet Louise Yellen ကို အတည်ပြုပေးခဲ့ပါတယ်။ သူဟာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးတစ်ခုရဲ့ နေရာမှာထားပြီး အမေရိကန်နိုင်ငံမှာသာမကပဲ ကမ္ဘာ့နေရာအများစုမှာပါ ငွေတွေ ဘယ်ကို၊ ဘယ်လို စီးဆင်းရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ တာဝန်ယူရပါတယ်။ သူဟာ ဒီလုပ်ငန်းကိုကိုင်တွယ်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာက သူဟာ ပွင့်လင်းတဲ့ ပြုပြင်ရေးစိတ်ဓာတ်ရှိတဲ့ အယူဝါဒကိုခံယူသူ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်နေတာပါပဲ။ အဲဒါရဲ့အဓိပ္ပာယ်ကတော့ ငွေကြေးမူဝါဒဟာ အလုပ်သမားတွေနဲ့ ငွေရှင်ကြေးရှင်တွေအတွက် စီးပွားရေး အဆောက်အအုံကို အားဖြည့်ပေးပြီး စီးပွားရေးယန္တရားရဲ့ ပြောင်းလဲမှုကို ညင်သာအောင်လုပ် ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို သူဖက်တွယ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အသက် ၆၇ နှစ် အရွယ် အရပ်ခပ်ပြတ်ပြတ်နဲ့ မကြာခဏပြုံးတတ်တဲ့ Yellen ကို တွေ့ရမှာကတော့ ခုနစ်မီတာရှည်တဲ့ ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ အစည်းအဝေးစားပွဲကြီးရဲ့ ထိပ်က သူ့နာမည်ရေးထိုးထားတဲ့ ကြေးပြားကြီးရှိတဲ့ ကုလားထိုင်ကြီးပေါ်မှာဖြစ်ပါတယ်။ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ စီးပွားရေးလမ်းကြောင်းကိုရေးနေဆွဲတဲ့ အချိန်မဟုတ်ရင် Yellen ဟာ အစားအသောက်နဲ့ အချက်အပြုတ် ၀ါသနာကြီးသူတစ်ယောက်ဖြစ်ပြီး နိုဘယ်ဆုရှင်တစ်ဦးဖြစ်သူ သူ့ရဲ့ခင်ပွန်းနဲ့ အတူခရီး သွားရတာကို ပျော်မွေ့သလို လမ်းတစ်လျှောက် သူတို့တွေ့ရတဲ့ စားသောက်ဆိုင်မှန်သမျှကိုလည်း ၀င်ပြီးနားတတ်ပါတယ်။

ရှေ့လာမယ့် လတွေ၊ နှစ်တွေထဲမှာတော့ သူ့ရဲ့အပြုံးတွေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သူ့အနေနဲ့ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဗဟိုဘဏ်မှာ လုပ်သက် ၃၆ နှစ်ရှိခဲ့တဲ့ ၀ါရင့် Yellen ဟာ မရေမရာတွေဖြစ်နေတဲ့ အချိန်အခါကြီးမှာ သူ့ရဲ့အလုပ်အသစ်ကို စပြီးကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အလုပ်လက်မဲ့နှုန်းလျော့ကျသွားပြီး စီးပွားရေးပြန်ပြီးဦးမော့လာနေပေမဲ့ အခုအချိန်မှာ ဗဟိုဘဏ်အနေနဲ့ အရင်ကမလုပ်ခဲ့ဖူးသေးတဲ့ အရေအတွက် လျော့ပါးသက်သာရေး အစီအစဉ်ကို ဖြေလျှော့ပေးရပါလိမ့်မယ်။ ငွေတိုက်ငွေချေးစာချုပ်နဲ့ အပေါင်ပစ္စည်း ကျောထောက်နောက်ခံ ပိုင်ဆိုင်ပစ္စည်းဝယ်ယူမှု တစ်လ ဒေါ်လာ ၇၅ ဘီလီယံကို အလွန်အကျွံ မြန်မြန်ကြီး လျော့နည်းသွားအောင်လုပ်ရင် စီးပွားရေး နာလန်ထမှုဟာ တန့်သွားနိုင်ပါတယ်။ ဒါပေမဲ့ စီးပွားရေးကို အထောက်အပံ့ဖြတ်လိုက်တာ နှေးကွေးလွန်းရင်လည်း အဖိုးတန် ပိုင်ဆိုင်ပစ္စည်းပူဖောင်းတွေနဲ့ ကာလပိုရှည်မယ့် ငွေကြေးဖောင်းပွမှုတွေရဲ့ အန္တရာယ်တွေက နောက်ထပ်တိုးလာနိုင်ပါတယ်။ ထင်ရှားတဲ့ ဗဟိုဘဏ်သမိုင်းပညာရှင် Allan Meltzer လို ဝေဖန်ရေးသမားတွေက အဲဒါတွေကို ကြီးမားတဲ့ ပြဿနာတွေပဲလို့ ယုံကြည်ထားပါတယ်။ အဲဒါတွေကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို ဘယ်သူမှ အမှန်တကယ် ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော်တို့ ဘယ်ကိုရောက်နေသလဲဆိုတဲ့ လမ်းပြမြေပုံမရှိသလို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေမှာလည်း ဒီလိုလုပ်ခဲ့တဲ့အစဉ်အလာ မရှိခဲ့လို့ပါပဲ။

ဘာမှမဟုတ်တဲ့ Yellen (အဲဒီလိုမပြောရင် တရားမျှတမှု မရှိပါဘူး) က ဒီကြီးမားတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ သူအကောင်းဆုံး လုပ်နေပါတယ်၊ အရာရာဟာ အမေရိကအတွက် ကောင်းလာနေပါပြီလို့ ပြောပါတယ်။ သူ့ရဲ့ခန့်အပ်မှုကို အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့နေ့မှာ သီးသန့်လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Yellen က ၂၀၁၄ ခုနှစ်ဟာ အမေရိကန်စီးပွားရေးအတွက် တိုးတက်မှုရှိမယ့်နှစ်ဖြစ်လိမ့်မယ်လို့ သူယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ "ဒီနှစ် မှာ ပိုပြီး အားကောင်းတဲ့ တိုးတက်မှုကို မြင်ရလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ GDP တိုးတက်မှုရဲ့ထိပ်စီးဂဏန်းဟာ ၂ အစား ၃ ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မနဲ့ ဗဟိုဘဏ်မူဝါဒချမှတ်ရေးကော်မတီထဲက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် အများစုမှာ မျှော်လင့်ချက်အပြည့်ရှိပါတယ်"။ (၂၀၁၃ ခုနှစ်ရဲ့ ကာလအများစုမှာ အမေရိကန်စီးပွားရေးဟာ ပျမ်းမျှ ၂ ရာခိုင်နှုန်းနဲ့ပဲ နှေးနှေးကွေးကွေး တိုးတက်ခဲ့ပါတယ်။) ပြီးခဲ့တဲ့ ဆောင်းဦးတုန်းက ခဏတာ နှေးကွေးလေးလံခဲ့တဲ့ အိမ်ဈေးကွက်ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ဦးတည်နေပြီလို့လည်း Yellen က ယူဆပါတယ်။ "အဲဒါ တက်လာပြီလို့ ကျွန်မမျှော်လင့်တယ်။ နောက်ထပ် ထပ်ပြီးဦးမော့လာဦးမယ်လို့လည်း ကျွန်မမျှော်လင့်တယ်။" စားသုံးသူတွေက အရင်ကထက်ပိုပြီး သုံးစွဲကြလိမ့်မယ်။ စီးပွားရေးလုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံပြီး အလုပ်သမားတွေ ပိုပြီးမြန်မြန် ခန့်ကြလိမ့်မယ်။ ဗဟိုဘဏ်ကြေညာချက်တွေမှာ အမြဲ ညွှန်ပြနေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆိုးဝါးမှုတွေဟာ နောက်ဆုံးမှာ လျော့ပါးလာနေပါပြီ။ အလွန် အကျွံမဖြစ်အောင် ထိန်းတဲ့အနေနဲ့ နောက်ဆုံး Yellen က ဦးမော့မှုဟာ စိတ်ပျက်စရာကောင်းအောင် နှေးကွေးခဲ့ပါတယ်။ ဒါပေမဲ့ လူတွေကို အလုပ်ပြန်လုပ်အောင်လုပ်တဲ့ နေရာမှာ ကျွန်မတို့ တိုးတက်မှုရှိနေတဲ့အတွက် ငွေကြေးဖောင်းပွမှုဟာ ကျွန်မတို့ရဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ ၂ ရာခိုင်နှုန်းဆီကို ပြန်ဆင်းလာလိမ့်မယ်လို့ မျှော်လင့်ပြင်ဆင်ထားပါတယ်" လို့ပြောခဲ့ပါတယ်။
ဒီနှစ်မှာ သက်တမ်း ၁၀၁ နှစ်ပြည့်မယ့် ဗဟိုဘဏ်ဟာ အခုဆိုရင် အလုပ်လက်မဲ့နှုန်းနဲ့ ငွေကြေးဖောင်းပွမှု နှစ်ခုစလုံးကို နည်းအောင်ထိန်းနေရတဲ့ တာဝန်နှစ်ခုနဲ့ အန္တရာယ်ရှိတဲ့အနေအထားမှာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ အဲဒီတာဝန်တွေထဲမှာ ဇွဲကောင်းကောင်းနဲ့ သူ့ကိုယ်သူနှစ်မြှုပ်ထားခဲ့တယ်လို့ Yellen က အလေးထားပြီး ပြောခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် ငွေကြေးဖောင်းပွမှု ဆက်ပြီး အားပျော့နေသေးလို့ပါပဲ။ ဒါဟာ လေးနှစ်ခွဲ ကြာပြီးတဲ့နောက်မှာ အားကောင်းလာရုံကလေးပဲရှိသေးတဲ့ စီးပွားရေး ဦးမော့လာမှုရဲ့လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ "ကြေညာချက်တစ်ခုကို ပြုစုဖို့အတွက် ဥက္ကဋ္ဌ Bernanke နဲ့ တခြားပုဂ္ဂိုလ်တွေနဲ့အတူ ဗဟိုဘဏ်မှာ ကျွန်မ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ကျွန်မတို့ရဲ့ရည်မှန်းချက်နှစ်ခုကို ကျွန်မတို့ ဘယ်လိုနားလည်တယ်ဆိုတဲ့အကြောင်း ကျွန်မတို့က ပြောပြထားပါတယ်။ အဲဒီဟာ နှစ်ခုစလုံးဟာ စားပွဲပေါ်မှာ တန်းတူပဲရှိပါတယ်" လို့ သူက ပြောပါတယ်။ 

ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူ့ရဲ့ပထမဦးစားပေးအလုပ်က အလုပ်လက်မဲ့နှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းရဲ့ အောက်ကို နောက်ဆုံးမှာ ၅.၂ ရာခိုင်နှုန်းက ၅.၈ ရာခိုင်နှုန်းအထိ ရောက်အောင်ချပေးဖို့ဖြစ်ပြီး အဲဒီနှုန်းဟာ ဒီနေ့အမေရိကန်တွေ အပြည့်အ၀ အလုပ်ရရှိမှုကို ကိုယ်စားပြုထားတယ်လို့ ဗဟိုဘဏ်ရဲ့မူဝါဒချမှတ်သူတွေက ယုံကြည်ကြပါတယ်။ "လုပ်ခတွေ အမှန်တကယ် တက်သွားတာကို ကျွန်မမြင်ချင်ပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ ညှိထားတဲ့ သာမန် အမေရိကန် အလုပ်သမားအမျိုးသားတွေရဲ့ လုပ်ခတွေဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ တန့်နေတာနဲ့ ကျသွားတာပဲ ရှိခဲ့ပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

ဒီစကားလုံးတွေဟာ ဘာမှထူးခြားမှုမရှိသလို ဖြစ်ချင်ဖြစ်နေပါမယ်။ ဒါပေမဲ့ မကြာမကြာ ရိုးရိုးဘာသာစကားနဲ့ ပြောမယ့်အစား ပြဿနာဖြေရှင်းနည်းနဲ့ ပြောနေကြတဲ့လူတွေနဲ့ စာရင်းအင်းကိန်း ဂဏန်း ပူဖောင်းတစ်ခုထဲမှာနေနေကြတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ စီးပွားရေးရာအပေါ်မှာ လူသားတွေရဲ့ သက်ရောက်မှုကို အာရုံစူးစိုက်တဲ့ Yellen ရဲ့ အာရုံစူးစိုက်မှုကတော့ ပြောင်းလဲမှုတစ်ခုအစစ် အမှန်ဖြစ်ပါတယ်။ "ဗဟိုဘဏ်က လူတွေမှာ အများပြည်သူဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး အရေးပါတဲ့အခန်းကဏ္ဍရှိပြီး အဲဒီကဏ္ဍထဲမှာ ၀င်လုပ်ဖို့ဆိုတာဟာ ကိုယ်ကျင့်တရားတစ်ခုအနေနဲ့ တာဝန်ရှိပါတယ်" လို့ သူကပြောပါတယ်။ သူ့ရဲ့အမြင်မှာတော့ ဒီအလုပ်ဟာ "ငွေကြေးဖောင်းပွတာကို တိုက်ခိုက်ရုံ၊ ငွေကြေးစနစ်ကို စောင့်ကြည့် ကြီးကြပ်ရုံသက်သက်မဟုတ်ပါဘူး။ သာမန်အိမ်ထောင်စုတွေကို သူတို့ခြေထောက်ပေါ် သူတို့ပြန်ရပ်နိုင်အောင် ကူညီဖို့ကြိုးစားရတာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ လုံခြုံမှုရှိရှိအလုပ်လုပ်ပြီး ရှေ့ကိုတိုးတက် သွားနိုင်မယ့် အလုပ်သမား ဈေးကွက်ကြီးတစ်ခုကို ဖန်တီးပေးတာနဲ့ ပတ်သက်ပါတယ်"။

Yellen ဟာ ၁၉၆၃ ခုနှစ်မှာ အထက်တန်းကျောင်းက အမှတ်အကောင်းဆုံးနဲ့ ကျောင်းပြီးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ပွဲထုတ်မှုကတော့ တက္ကသိုလ်မှာ သူ့ရဲ့ပထမဆုံး Macroeconomics အတန်းကိုတက်နေတဲ့ အချိန်အတွင်းမှာမှ ရောက်လာခဲ့ပါတယ်။ "ကျွန်မက သင်္ချာကို စိတ်ဝင်စားတယ်။ စဉ်းစားရင် ယုတ္တိဗေဒနည်းကျကျ စဉ်းစားတယ်၊ အတန်းထဲမှာထိုင်ပြီး စီးပွားရေးပျက်ကပ်ကြီး ဖြစ်နေတဲ့ကာလတုန်းက လူတွေရဲ့ဒုက္ခတွေအားလုံးကို သက်သာအောင်လုပ်ဖို့ ချကောင်းချခဲ့ကြမယ့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေ ဘယ်လိုရှိခဲ့မလဲဆိုတာနဲ့ ပတ်သက်ပြီးလေ့လာခဲ့တာကို ကျွန်မ မှတ်မိနေပါသေးတယ်။ အဲဒါဟာ ကျွန်မအတွက်တော့ တကယ်ကို နှစ်သက်စွဲလမ်းစရာအချိန် တစ်ခုဖြစ်ခဲ့တာပါပဲ။ ပြည်သူ့ရေးရာမူဝါဒဟာ ဒီလိုပြဿနာတွေကို ကိုင်တွယ်လို့ရတယ်၊ ကိုင်တွယ်သင့်တယ်လို့ ကျွန်မသဘောပေါက်ခဲ့ပါတယ်"။

Yellen ဟာ ယေးလ်တက္ကသိုလ်က ထင်ရှားကျော်ကြားတဲ့ Keyne ၀ါဒီပညာရှင် James Toblin ရဲ့လက်အောက်မှာ Ph.D ဘွဲ့ရအောင်လုပ်ဖို့ သွားခဲ့ပါတယ်။ စီးပွားရေးပညာဟာ "စစ်မှန်တဲ့ လူထုကိုစောင့်ရှောက်မှုနဲ့ ပတ်သက်ရမယ်" လို့ Toblin က သူနဲ့ တခြားကျောင်းသားတွေကိုသင်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူဟာ Toblin ရဲ့ သင်ကြားရေးလက်ထောက်တစ်ယောက်အနေနဲ့ သင်ခန်း စာတွေကို သင်ယူတာ ကောင်းလွန်းတဲ့အတွက် သူ့ရဲ့စာသင်ခန်းမှတ်စုတွေဟာ သင်တန်းအတွက် စံနမူနာတွေ ဖြစ်လာပါတယ်။ "အဲဒီ မှတ်စုတွေကကောင်းလွန်းလို့ နှစ်တွေတော်တော်ကြာအောင် ဖြန့်ခဲ့ ရတယ်" လို့ ယေးလ်တက္ကသိုလ်မှာ Yellen နဲ့ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ခဲ့ပြီး Yellen ရဲ့နောက်ပိုင်းမှာ Toblin ရဲ့ သင်ကြားရေး လက်ထောက်တစ်ယောက်လုပ်ခဲ့တဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Jeffrey Shafer က ပြောပါတယ်။ နောင်နှစ်တော်တော်ကြာတဲ့အချိန်မှာ အဲဒီအတန်းမှာပဲ အဲဒီစာအုပ်တွေကို ဆက်ပြီးသုံးခဲ့တဲ့ ဟားဗတ် တက္ကသိုလ်ပါမောက္ခနဲ့ ရှေးရိုးစွဲစီးပွားရေးပညာရှင် Ken Rogoff က "Toblin က အဲဒီစာအုပ်တွေ ကျွန်တော့ကိုပေးပြီး 'ဒီစာအုပ်တွေကို သုံးကွ။ အဲဒီစာအုပ်တွေက ငါ့စာအုပ်တွေထက် အများကြီး ပိုကောင်းတယ်' လို့ပြောခဲ့ပါတယ်။ Yellen ရေးတာတွေက သိပ်ရှင်းတာပဲ။ တကယ်ကို ရှုပ်ထွေးနက်နဲတဲ့ အယူအဆတွေကို နားလည်လွယ်အောင် တော်တော်ကိုရေးတတ်တယ်" လို့ ပြန်ပြောပြပါတယ်။
 
ချမ်းသာသူတွေက ဆင်းရဲသားတွေကို အကျိုးပြုသွားလိမ့်မယ်ဆိုတဲ့ စီးပွားရေးသီအိုရီ၊ သမားရိုးကျ ရှုမြင်တွေးခေါ်မှုအဖြစ်ကို ရောက်မလာခင် ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ Yellen ရဲ့ပညာပိုင်းဆိုင်ရာကို ပုံသွင်းပေးတဲ့ကာလတွေ ရောက်လာခဲ့ပါတယ်။ ယေးလ်တက္ကသိုလ်မှာ သူဟာ အတွေးအခေါ်လွတ်လပ်တဲ့ စီးပွားရေးပညာရှင် Joseph Stiglitz ရဲ့လက်အောက်မှာ ပညာသင်ယူခဲ့ပြီး Stiglitz က Yellen ကို သူ့ရဲ့ အတော်ဆုံးတပည့်တွေထဲမှာပါတယ်လို့ ပြောခဲ့ပါတယ်။သူ့ရဲ့အလုပ်က ဈေးကွက်တွေဟာ လူတွေ ထင်ထားသလောက် အမှန်တကယ် အကျိုးမဖြစ်ထွန်းပုံ၊ မဖြစ်ထွန်းနည်းအပေါ်မှာ ဇောင်းပေးခဲ့တာ ဖြစ်ပါတယ်။ Stiglitz ဟာ အကျိုးဖြစ်ထွန်းတဲ့ဈေးကွက်တွေနဲ့ ပတ်သက်တဲ့ သမားရိုးကျအယူအဆအပေါ်မှာ နောက်ထပ်မေးခွန်း ထုတ်ခဲ့သူတစ်ယောက်ဖြစ်တဲ့ George Akerlof နဲ့အတူ နိုဘယ်လ်ဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။ အဲဒီ Akerlof က နောက်ဆုံးမှာ Yellen ရဲ့ခင်ပွန်းဖြစ်လာခဲ့ပါတယ်။

Yellen နဲ့ Akerlof တို့ဟာ ၁၉၇၇ ခုနှစ်မှာ ဗဟိုဘဏ်ရဲ့ကော်ဖီဆိုင်မှာ တွေ့ဆုံကြပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ အဲဒီတုန်းက Akerlof က ဧည့်ပညာသင် တစ်နှစ်လုပ်နေတာဖြစ်ပြီး Yellen က သုတေသန၀န်ထမ်းသစ် တစ်ယောက်ဖြစ်ပါတယ်။ "ဆွေးနွေးပွဲကို ကျွန်မတို့နှစ်ယောက်အတူ သွားခဲ့ကြပြီး ဆွေးနွေးပွဲမှာ ဟောပြောတဲ့ပုဂ္ဂိုလ်ကို နေ့လယ်စာစားဖို့ ကျွန်မတို့ခေါ်ထုတ်ခဲ့တယ်။ စားပွဲမှာ လူတွေသိပ်များနေလို့ နောက်ထပ်ထည့်ပေးတဲ့ အပိုဆောင်းစားပွဲမှာပဲ ကျွန်မတို့ထိုင်လိုက်ရတယ်" လို့ သူက ပြုံးပြီး ပြောပါတယ်။ "အဲဒီမှာပဲ ကျွန်မတို့ချင်း လုံးဝအဆင်ပြေသွားပြီး ကျွန်မတို့ရဲ့အမြင်တွေ၊ စရိုက်တွေ ကောင်းကောင်းကြီး အံဝင်ခွင်ကျ ရောစပ်မိသွားပါတယ်။ အဲဒါက နိုဝင်ဘာလမှာပါ။ နှစ်သစ်ကူး အကြိုကာလမှာတော့ ကျွန်မတို့ချင်း စေ့စပ်ပြီးသွားပါပြီ"။

Akerlof ဟာ (Toblin နဲ့အတူ) ပညာပိုင်းမှာ သူ့အပေါ် အများဆုံးလွှမ်းမိုးခဲ့ပါတယ်လို့ Yellen က ပြောပါတယ်။ Akerlof ဟာ သူ့ကို ထောက်ခံသူနဲ့ အားပေးသူ နံပါတ် ၁ ဖြစ်ပြီး မိခင်ဘ၀နဲ့ ထိပ်တန်းပညာသည်အလုပ်ကို ထိန်းညှိနိုင်အောင်လုပ်ပေးခဲ့တယ် လို့လည်း သူကပြောပါတယ်။ (အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ သူတို့ရဲ့ သား Robert ဟာ အင်္ဂလန်က Warwick တက္ကသိုလ်မှာ စီးပွားရေး ပညာပါမောက္ခတစ်ယောက်ဖြစ်ပါတယ်)။ သူတို့နှစ်ယောက်ဟာ ယူကေက Berkeley ၊ ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်စစ္စကိုနဲ့ ၀ါရှင်တန်မှာရှိတဲ့ အလုပ်တာဝန်တွေကိုယ်စီနဲ့ ကမ္ဘာအနှံ့ ခရီးတွေ အတူတူသွားခဲ့ကြပါတယ်။ Akerlof ရဲ့သင်ကြားရေး အလုပ်က Yellen ရဲ့ မူဝါဒရေးရာအလုပ်နဲ့ ပထ၀ီဒေသအရ လိုက်လျောညီထွေရှိခဲ့ပါတယ်။ "ကျွန်မရဲ့အိမ်ထောင်ဖက်က ဘ၀မှာ လုံးဝ အပြည့်အ၀လက်တွဲဖို့ သူ့ကိုယ်သူပုံအပ်ထားတဲ့ တကယ့် ဘ၀ကြင်ဖော်တစ်ယောက်ပါပဲ။ သူက အိမ်မှာ ကလေးကို အနှီးလဲပေးသလို ပန်းကန်ဆေးတဲ့အလုပ်ကို ၀င်လုပ်ဖို့လည်း ၀န်မလေးပါဘူး" လို့ Yellen က ပြောပါတယ်။

Yellen နဲ့ Akerlof တို့ဟာ ဆန်းသစ်တဲ့ သုတေသနလုပ်ငန်းတွေကို လုပ်ပြီး စီးပွားရေး ပညာရှင်တွေအနေနဲ့လည်း ပူးပေါင်းခဲ့ကြရင်း သူတို့ရဲ့ အလုပ်နဲ့ မိသားစုအတွေ့အကြုံတွေကို ရောစပ်ခဲ့ကြပါတယ်။ လုပ်ခနည်းပါးရင် အလုပ်အကိုင်တွေပိုပြီး ရကြတယ်ဆိုတာမျိုး အမြဲမဖြစ်တာဟာ ဘာကြောင့်လဲဆိုတဲ့ Berkeley မှာ လူပြောများခဲ့တဲ့ သူတို့ရဲ့ စာတမ်းတစ်စောင်ဟာ သူတို့ ပထမဆုံးအကြိမ် ကလေးထိန်းငှားခဲ့တဲ့ အတွေ့အကြုံဆီက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ "တံခါးဝမှာ အလုပ်လိုချင်တဲ့လူတွေ တန်းစီနေရင်တောင်မှ ကုမ္ပဏီတွေက လုပ်ခလစာကို ဖြတ်ချင်တဲ့စိတ် အမြဲရှိနေတာ မဟုတ်ပါဘူး။ ဒါဆိုရင် သူတို့ အဲဒီလိုဘာ ကြောင့်မဖြတ်ချင် ကြတာလဲ" လို့ Yellen က မေးပါတယ်။ ဒီလင် မယားနှစ်ယောက်ရဲ့ ကောက်ချက်ကတော့ ဈေးကွက်က လုပ်ခနှုန်းတွေကို အပြိုင်လျှော့ချဖို့ အသင့်ဖြစ်နေတဲ့အချိန်မှာတောင် တချို့အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို သူတို့က တန်ဖိုးထားတယ်ဆိုတာကို လက်တွေ့ပြဖို့အတွက် တစ်နည်းအားဖြင့် သူတို့ကို အလုပ်ကောင်းကောင်း လုပ်ချင်အောင် စိတ်ဓာတ်မြှင့်တင်ပေးဖို့အတွက် လစာတွေကို ပိုပြီးမြင့်မြင့် သတ်မှတ်ပေးကြတယ်ဆိုတာပါပဲ။ ဘယ်မိဘမဆို ကလေးထိန်းတစ်ယောက်ကို သူသိထားတဲ့ ပေါက်ဈေးနှုန်းထက်ပိုပြီး ပေးနေကြတဲ့အတွက် ကလေးစောင့်ရှောက်မှုဟာ သမားရိုးကျအတွေးအခေါ်က အမြဲတမ်း ထိန်းချုပ်ထားလို့မရတဲ့ အလုပ်သမားဈေးကွက်တစ်ခု ဖြစ်နေပါတယ်။ ကလေးထိန်းတစ်ယောက်ကို သင်ငှားတဲ့အခါ သင့်ကိုယ်သင်မေးတဲ့မေးခွန်းက 'ငါ့ရဲ့ အဖိုးတန်သားသမီးအတွက် ဘာကအကောင်းဆုံးလဲ' ဆိုတဲ့ မေးခွန်းပါပဲ။ သင့်ရဲ့ဘ၀ရည်မှန်းချက်ဟာ သင့်ရဲ့ကလေးအတွက် သင်သုံးစွဲတဲ့စရိတ်ကို အနည်းဆုံးဖြစ်အောင်လုပ်ဖို့ပဲလို့ တစ်ယောက်ယောက်က ထင်သွားမှာကို သင် အမှန်တကယ် လိုလားပါသလား။ အဲဒီစာတမ်းက လုပ်ခလစာတွေဟာ မျှော်လင့်ထားတာထက် မြင့်တက်နေနိုင်တယ်ဆိုတဲ့ အချက်ကိုသာမက အလုပ်သမားဈေးကွက်ထဲမှာ လူသားတွေရဲ့ စိတ်ခံစားမှုက အရေးကြီးတယ်ဆိုတဲ့အချက်ကိုပါ မီးမောင်းထိုးပြခဲ့ပါတယ်။ တကယ်တော့ Yellen ဟာ ဗဟိုဘဏ်က တခြားလူအများစုနဲ့မတူပဲ အမူအကျင့်ဆိုင်ရာ စီးပွားရေးပညာရဲ့ နယ်ပယ်သစ်တစ်ခုကို ပွေ့ဖက်ထားတာပါ။ အဲဒီပညာရပ်နယ်ပယ်ကတော့ Adam Smith ရဲ့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတယ်ဆိုတဲ့ 'လူ' ကို သူ့ရဲ့စိတ်ခံစားမှုတွေက ခဏခဏ ဦးဆောင်နေတဲ့အတွက် သမားရိုးကျ သီအိုရီတွေက မျှော်လင့်ထားတာတွေနဲ့ တော်တော်ကွာခြားတဲ့ စီးပွားရေးဆုံးဖြတ်ချက်တွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို လေ့လာတဲ့နယ်ပယ်ပဲဖြစ်ပါတယ်။

တော်တော် ရှင်းရှင်းလင်းလင်းတွေ့ရတဲ့ အချက်တစ်ချက်ကတော့ Yellen မှာ သာမန်ဘ၀တွေအပေါ် ယထာဘူတအမြင်ရှိသလို ဘာကိုပဲတွေ့ရတွေ့ရ အမှန်တရားကို မေးခွန်းထုတ်ပြီးရှာဖွေချင်တဲ့ စိတ်အားထက်သန်မှု ရှိတယ်ဆိုတာပါပဲ။ သူ့ရဲ့ပုံစံက ဣနြေ္ဒကြီးပေမဲ့ အာဏာပိုင်တွေကို စိန်ခေါ်ဖို့တော့ ဘယ်တော့မှ မကြောက်ပါဘူး။ မစ်ချီဂန်တက္ကသိုလ်က စီးပွားရေးပညာရှင် Jim Adams က ဟားဗတ်တက္ကသိုလ်မှာ သူနဲ့ခဏကလေးဆုံလိုက်ရတဲ့ Yellen ဟာ လက်ဝါးကြီးအုပ် ဈေးနှုန်းသတ်မှတ်မှုနဲ့ ပတ်သက်တဲ့ပြဿနာတစ်ခုမှာ သူ့ကို ဘယ်လိုကူညီခဲ့တယ်ဆိုတာကို ပြန်ပြောပြခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ Five Easy Pieces ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက စားသောက်ဆိုင်တစ်ခုထဲက မြင်ကွင်းပေါ်မှာ အခြေခံပြီး စာတမ်းတစ်စောင်ကို ပူးတွဲရေးသားခဲ့ကြပါတယ်။ ဒီစာတမ်းက ကုမ္ပဏီတွေဟာ ၀န်ဆောင်မှုတွေကို သီးသန့်ခွဲပြီး ရောင်းရမယ့်အစား ဘာကြောင့် မဆိုင်တာတွေကို ရောထွေးပြီးထည့်ဖို့ ကြိုးစားနေကြတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပြီး အဲဒီစာတမ်းက ရခဲ့တဲ့ရလဒ်တွေက ဆက်သွယ်ရေးလုပ်ငန်းကို ပုံဖော်တဲ့နေရာမှာ အထောက်အကူဖြစ်ခဲ့ပါတယ်။ "Janet မှာ တကယ့်ပညာရှင် တစ်ယောက်ရဲ့ စိတ်နေသဘောထားရှိတယ်။ မျက်စိနဲ့မြင်မှ ယုံတယ်ဆိုတဲ့ စီးပွားရေးပညာရှင်တွေထဲမှာ သူ မပါဘူး။ သူက ဆွေးနွေးငြင်းခုန်တာကို ကြိုဆိုတယ်။ သူဟာ သတင်းအချက်အလက်တွေကို စိတ်ရှည်ရှည်ထားပြီး ဘက်မလိုက်ဘဲ မျှမျှတတ စုဆောင်းတယ်။ ဒါကြောင့် သူစကားပြောဖို့လိုလာတဲ့အခါ ပညာသည်ဆန်တဲ့ လေလုံးမိုးလုံးတွေ၊ ခြိမ်းခြောက်မှုတွေအပေါ်မှာ အားကိုးစရာမလိုတော့ဘူး" လို့ Adams က ပြောပါတယ်။

Yellen ဟာ အနာဂတ်မှာ ဘယ်လို အကျပ်အတည်းမျိုးထဲမှာပဲဖြစ်ဖြစ် စီးပွားရေးကို ကောင်းကောင်း အကျိုးဆောင်ပေးနိုင်တဲ့ အေးဆေးတည်ငြိမ်မှုကိုလည်း ပြနေပါတယ်။ သိသာထင်ရှားတဲ့ သာဓကကတော့ သမ္မတအိုဘားမားက သူ့ကိုဗဟိုဘဏ်ရဲ့ အလုပ်အတွက် သင့်တော်တယ်လို့ပြောမယ်၊ မပြောဘူးနဲ့ ပတ်သက်တဲ့ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်ပါပဲ။ စောစောပိုင်းတုန်းကတော့ Yellen ဟာ Bernanke ရဲ့ နေရာကို အလွယ်တကူဆက်ခံမယ့်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ တီးတိုးစကားက စပြီးဖြစ်လာခဲ့ပါတယ်။ တချို့က Yellen ဟာ ငွေကြေးဈေးကွက်ကို နားမလည်ဘူးလို့ပြောကြပြီး တချို့က သူ့မှာ ထိပ်တန်းက အလုပ်အတွက် လေးနက်တဲ့ အရည်အချင်းမရှိဘူးလို့ ပြောကြပါတယ်။ အဲဒီ တီးတိုးစကားတွေနဲ့အတူ Lawrence Summers ကလည်း ဒီရာထူးအတွက် အများကြီးပိုပြီး တစ်ပြေးနေတယ်ဆိုတဲ့ ဂယက်ရိုက်မှုတစ်ခု ပေါ်လာပါတယ်။ Lawrence Summers ဟာ သမ္မတကလင်တန်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး ဘဏ္ဍာရေးအကျပ်အတည်းတုန်းက သမ္မတအိုဘားမားရဲ့ အဓိက အကြံပေးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ Lawrence Summers က ဒီဗဟိုဘဏ်ရာထူးကို အသေအလဲ လိုချင်နေတဲ့အတွက် သူ့ကိုထောက်ခံသူတွေဟာ နိုင်ငံရေးအသိုင်း အ၀ိုင်းထဲမှာ Yellen ကို ထူးထူးဆန်းဆန်း ချိုးနှိမ်တဲ့ဝေဖန်ချက်တွေ တစ်သီကြီး လွှင့်ထုတ်ခဲ့ကြပါတယ်။ Summers ကို ဘေးတီးပေးတဲ့ အသံတွေက ကျယ်လောင်လာပြီး Yellen က ရုတ်တရက် မှေးမှိန်သွားပါတယ်။
ဒါပေမဲ့ ပျောက်တော့ မသွားခဲ့ပါဘူး။ Summers က ရှေ့ကပြေးနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်နေတဲ့အချိန်မှာ Yellen ဟာ Constitution ရိပ်သာလမ်းမှာရှိတဲ့ ဗဟိုဘဏ်ရဲ့ စကျင်ကျောက်ခင်းထားတဲ့ သူ့ရဲ့ရုံးမှာ ဘာမှ အပူအပင်မရှိတဲ့ပုံစံနဲ့ ထိုင်နေပါတယ်။ "သူက ပြုံးတယ်ဆိုရုံကလေး ပြုံးပြီး 'ကျွန်မကိုတော့ ဘေးဖယ်မထားလိုက်ပါနဲ့ဦး' လို့ပြောတယ်" လို့ Laurence Meyer က ပြန်ပြောပြပါတယ်။ Meyer ဟာ နာမည်ကြီးတဲ့ စီးပွားရေး ကြိုတင်ခန့်မှန်းသူနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး စက်တင်ဘာလတုန်းက Yellen ဆီကို သွားပြီး တွေ့ခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ကံကြမ္မာက တစ်ပတ် ပြန်လည်ခဲ့ပါတယ်။ နိုဘယ်လ်ဆုရှင်တစ်ယောက်နဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းတစ်ယောက်ပါတဲ့ ထိပ်တန်းစီးပွားရေးပညာရှင် ငါးရာကျော်က Yellen ကို ထောက်ခံတဲ့စာတစ်စောင်ကို လက်မှတ်ထိုးပြီး သမ္မတအိုဘားမားဆီကို ပို့လိုက်ကြပါတယ်။ အထက် လွှတ်တော်အမတ် Elizbeth Warren နဲ့ Dick Durbin လို လစ်ဘရယ်ဒီမိုကရက်တွေကလည်း အဲဒီအထဲကို ၀င်ပြီးပါလာကြပါတယ်။ Yellen ကို ထောက်ခံသူတွေက Yellen ဟာ Hedge Fund တစ်ခုဆီက လာတဲ့ ချမ်းသာတဲ့ ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့ Summers နဲ့ လားလားမှ မတူဘဲ ငွေကြေးစနစ်ကို ပိုပြီးလုံခြုံစိတ်ချရအောင် ဘဏ်ကြီးတွေကို တစ်ခုခုလုပ်မယ့်သူတစ်ယောက် ဖြစ်တယ်လို့ ထောက်ခံပြောဆိုကြပါတယ်။ စက်တင်ဘာလလယ်မှာတော့ Summers က သူ့ရဲ့အမည်တင်သွင်းထားမှုကို ပြန်ရုပ်သိမ်းသွားခဲ့ပြီး နောက်ထပ်ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ သူ့ရဲ့ပါတီထဲကပဲ သာမန်လူတန်းစား အကျိုးစီးပွားဝါဒီတွေရဲ့ တုံ့ပြန်မှုကို ရင်ဆိုင်နေရတဲ့ အိုဘားမားဟာ အဲဒီရာထူးအတွက် Yellen ကို အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
အဲဒီဖြစ်စဉ်တွေတစ်လျှောက်မှာ နိုင်ငံရေးသမားတွေ၊ ကုန်သည်ကြီးတွေကိုပဲ အကျိုးပြုတဲ့ နိုင်ငံရေးကို မုန်းတီးတဲ့ Yellen ဟာ ဒီဇာတ်လမ်းကို သူ့ဘာသာဆက်လိမ့်သွားအောင် လွှတ်ပေးထားလိုက်ပြီး ဇွဲကောင်းကောင်းနဲ့ ဒီအတိုင်း ပေပြီးထိုင်နေခဲ့ပါတယ်။ "ဒီကိစ္စကြီးတစ်ခုလုံးကို Jenet ရဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်းဟာ သူ့အပေါ်မှာရှိပြီးသား ကျွန်တော့်ရဲ့ အထင်ကြီးလေးစားမှုကို ပိုပြီးကြီးထွား သွားစေခဲ့တာအမှန်ပါပဲ" လို့ Dallas မြို့က ဗဟိုဘဏ် President ဖြစ်တဲ့ Richard Fisher က ပြောခဲ့ပါတယ်။ Fisher ဟာ မူဝါဒရေးရာနဲ့ပတ်သက်ပြီး Yellen နဲ့ မကြာခဏ သဘောထားကွဲလွဲပေမဲ့ Yellen ကို အမည်တင်သွင်းလိုက်တာကို ထောက်ခံခဲ့ပါတယ်။ "သူက တည်ငြိမ်တယ်။ မျှတမှု ရှိတယ်။ အလွန်အကျွံ မတုန့်ပြန်ဘူး။ ဗဟိုဘဏ် ခေါင်းဆောင်တစ်ယောက်အတွက် ခင်ဗျားတို့လိုချင်တာ အဲဒါတွေပဲ မဟုတ်လား။ တစ်ခါတလေကျတော့ လူကောင်းတွေနဲ့မှ လုပ်လို့ရတယ်ဗျ" လို့ Fisher ကပြောပါတယ်။
Federal Open Market Committee မှာ ပါနေတဲ့ ဗဟိုဘဏ်ကမူဝါဒချမှတ်တဲ့ တခြားပုဂ္ဂိုလ် ၁၈ ယောက် (ဒေသဆိုင်ရာ President ၁၂ ယောက်နဲ့ ၀ါရှင်တန်က အုပ်ချုပ်ရေးမှူး ခြောက်ယောက်) ကို သူ့ဘက်ပါအောင် စည်းရုံးဖို့အတွက် သူ့မှာ စိတ်ရှည်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု နှစ်မျိုးစလုံး လိုပါလိမ့်မယ်။ Federal Open Market Committee ဟာ ငွေကြေးမူဝါဒချမှတ်တဲ့ အဓိကအုပ်စုဖြစ်ပြီး သူတို့ထဲက တော်တော်များများဟာ စီးပွားရေး အဆောက်အအုံကြီး ဘယ်ကို ဦးတည်ပြီးသွားနေသလဲဆိုတဲ့အပေါ် သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ဖြန့်ဖို့အတွက် အစည်းအဝေးတွေ ပြီးဆုံးတိုင်း ရဲရဲဝံ့ဝံ့ပဲ CNCB ရုပ်မြင်သံကြားသတင်းဌာနကို အပြေးအလွှား သွားတတ်ကြပါတယ်။ မိနစ် ၈၀ ကြာတဲ့ အင်တာဗျူး တစ်ခုမှာ Yellen က "လွတ်လပ်တဲ့တွေးခေါ်မှုနဲ့ လွတ်လပ်တဲ့ ရှုထောင့်အမြင်တွေ ထုတ်ဖော်ပြသတာကို သူ့အနေနဲ့ သဘောကျတာမှန်ပေမဲ့ သူ့ရဲ့အလုပ်က အများရဲ့ရှုထောင့်အမြင်ကို ဖော်ထုတ်ဖို့ဖြစ်ပြီး အဲဒီ ရှုထောင့်အမြင်ကိုပဲ ဈေးကွက်တွေက တုံ့ပြန်ရမှာဖြစ်တယ်" လို့ ရှင်းရှင်း လင်းလင်းပြောခဲ့ပါတယ်။ အဲဒီအထဲမှာ သတင်းစာရှင်းလင်းပွဲတွေ ခဏခဏပိုပြီး လုပ်ပေးတာလည်း ပါဝင်ပြီး အဲဒီသတင်းစာ ရှင်းလင်းပွဲတွေကို သူက တော်တော် လိုလိုလားလားရှိနေတယ်လို့ သူနဲ့ရင်းနှီးတဲ့လူ တွေတော်တော်များက ခန့်မှန်းကြပါတယ်။

ကျိုးပဲ့သွားလို့ ပြန်ဆက်ထားတဲ့ စီးပွားရေးကြီး ပြန်ကောင်းလာအောင် ကျောက်ပတ်တီးလို လုပ်ဆောင်ပေးခဲ့တဲ့ 'အရေအတွက် လျှော့ချရေးအစီအစဉ်' တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြီးကြပ်တဲ့ အလုပ်ဟာ Yellen ရဲ့ပထမဦးဆုံးစိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။ စီးပွားရေးဆိုင်ရာ အရေးကြီးတဲ့လက္ခဏာတွေ စပြီး အထစ်အငေါ့ ဖြစ်လာပြီဆိုရင် အဖိုးတန်ပစ္စည်းဝယ်ယူမှု လျော့နည်းသွားမှုနဲ့ 'ရှေ့သို့လမ်းညွှန်မှု' ဆီကို ရွေ့လျားမှုတွေက စီးပွားရေးပြန်လည်ဦးမော့မှုကို ထိန်းထားကြလိမ့်ဦးမယ်ဆိုတာကို သူက သေချာအောင် လုပ်ရပါလိမ့်မယ်။ ရှေ့သို့လမ်းညွှန်မှုဆိုတာကတော့ စီးပွားရေးအဆောက်အအုံကြီး နောက်ထပ် ပိုကောင်းလာတဲ့အထိ အတိုးနှုန်းတွေကို နည်းအောင်ထိန်းထားဖို့ ကာလပိုပြီးကြာကြာတာဝန်ယူမှုတွေနဲ့ ပတ်သက်နေတဲ့ ဗဟိုဘဏ်ရဲ့ ကြေညာချက်တွေကိုဆိုလိုတာဖြစ်ပါတယ်။ (ဗဟိုဘဏ်က အပြည့်အ၀ မထိန်းချုပ်နိုင်တဲ့ အတိုးနှုန်းပေါက်ဈေးတွေ အလွယ်တကူ စတက်ပြီး အိမ်ဈေးကွက်လိုဟာတွေကို လမ်းလွဲရောက်သွားအောင် လုပ်ပစ်မယ့် အန္တရာယ်တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက အဖိုးတန် ပစ္စည်းဝယ်ယူမှု လျော့ကျသွားလိမ့်မယ်လို့ ဗဟိုဘဏ်က ပထမဆုံးအရိပ်အမြွက် ပြလိုက်တဲ့အခါမှာ အဲဒီလိုဖြစ်ခဲ့ပါတယ်။)

လက်ရှိသူ့ရဲ့ နေရာကိုဝင်ပြီး ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဖြစ်လာဖွယ်ရာရှိတဲ့ ခိုင်မာပြီး လွတ်လပ်တဲ့ စိတ်ဓာတ်ရှိတဲ့ အစ္စရေးဗဟိုဘဏ်အကြီးအကဲ နဲ့ ကမ္ဘာ့ဘဏ်အကြီးအကဲဟောင်း Stanley Fischer နဲ့ ဘယ်လို ပူးပေါင်းလုပ်ကိုင်ရမလဲဆိုတာကိုလည်း Yellen တွက်ချက်ရမှာပါ။ အဲဒါကို သူလုပ်နိုင်မယ်လို့ ယူဆပြီး အတွင်းလူတွေနဲ့ နာမည်ကြီးရင်းနှီးမြှုပ်နှံသူတွေတော်တော်များက PIMCO ရဲ့ CEO ဖြစ်သူ Mohamed El-Erian ရဲ့ "အဲဒီနှစ်ယောက်ပေါင်းမိသွားရင် ဘယ်သူမှ လိုက်လို့ မီတော့မှာမဟုတ်ဘူး" ဆိုတဲ့ အကဲဖြတ်ချက်ကို သဘောတူခဲ့ကြပါတယ်။ အဲဒီ နှစ်ယောက်တွဲလိုက်ရင် Yellen ရဲ့အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ Fischer ရဲ့နက်ရှိုင်းတဲ့ စီးပွားရေးဆိုင်ရာ ဖန်တီးမှုတွေအမြင်တွေကို ပေါင်းစပ်ကြပါလိမ့်မယ်။ "သူက သူ့ရဲ့ အလုပ်မှာရော ပုဂ္ဂိုလ်ရေးကိစ္စမှာပါ သူ့နံဘေးမှာ အရမ်းတော်ပြီး အားကောင်းတဲ့လူတွေနဲ့ ၀န်းရံထားတာဗျ" လို့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီးဟောင်းက ပြောပါတယ်။

Yellen ဟာ Dodd-Frank ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တော်တော်များရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုတွေကို ကြီးကြပ်ကွပ်ကဲဖို့နဲ့ မအောင်မြင်လို့ မဖြစ်တော့တဲ့ ဧရာမ ပြဿနာကြီးက နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့နောက်ကျောကို ရောက်နေ၊ မနေ အကဲဖြတ်ဖို့ ကြိုးစားရတဲ့အတွက် သူ့အနေနဲ့ အခုထက် နောက်ထပ်နည်းနည်းပိုပြီး လုပ်ရပါလိမ့်ဦးမယ်။ ဘဏ်လုပ်ငန်း စနစ်ကို လုံခြုံစိတ်ချရအောင် ဘယ်လို အာမခံရမလဲဆိုတာကို ဖော်ထုတ်ရတဲ့အလုပ်ဟာ သူ့ကို သူချစ်တဲ့ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ နယ်မြေဆီက (Yellen ဟာအပြင်ကို ခရီးရှည် လမ်းလျှောက်ထွက်ရတာကို တော်တော်စွဲလမ်းနှစ်သက်ပါတယ်) ၀ါရှင်တန်ကို ပြန်ဆွဲခေါ် သွားခဲ့တဲ့ စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းက ချေးငွေတွေပြန်မဆပ်တဲ့ အကျပ်အတည်းကြီးရဲ့ ရှေ့တန်းမှာနေခဲ့ပြီးတဲ့ Yellen ဟာ အခုတစ်ခါ ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးမှာ ကျန်နေသေးတဲ့ ယိုပေါက်တွေကို ပိတ်တဲ့နေရာမှာ ကူညီဖို့ ဆန္ဒပြင်းပြနေပြန်ပါတယ်။

"ငွေကြေး အကျပ်အတည်းတစ်ခု ရှိလာတဲ့အခါ ဗဟိုဘဏ်ဟာ အစအနတွေကို လိုက်ကောက်ရတဲ့အဖွဲ့ အစည်းပဲ အမြဲဖြစ်ခဲ့တာပါ။ သူ့ကို တီထွင်ဖန်တီးခဲ့တာကလည်း အဲဒီ အလုပ်ကိုလုပ်ဖို့ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ငွေကြေးတည်ငြိမ်မှုအပေါ် ခြိမ်းခြောက်နေတဲ့ ခြိမ်းခြောက်မှုတွေကို အကဲဖြတ်ဖို့ကြိုးစားတဲ့ တက်ကြွတဲ့ အစီအစဉ်တစ်ခုတော့ ကျွန်မတို့မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး" လို့ သူက ပြောပါတယ်။
အခုဆိုရင် စီးပွားရေးအကျပ်အတည်းကြီးရဲ့ နောက်ပိုင်းမှာဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 'ငွေကြေးတည်ငြိမ်မှု ကြီးကြပ်ကွပ်ကဲရေးကောင်စီ' ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌဟာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေအတွက် လုပ်ငန်းတွေ၊ ကဏ္ဍတွေနဲ့ အဖွဲ့အစည်းတွေကို အနှံ့လိုက်ကြည့်နေပါလိမ့်မယ်။ 'Dodd-Frank ဟာ လမ်းပြမြေပုံကောင်းတစ်ခုဖြစ်ပြီး လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အများဆုံးခင်းကျင်းထားတယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့မလုပ်ဖူးခဲ့သေးတဲ့ နောက်ထပ် လုပ်ငန်းစဉ်တချို့ကိုလည်း ကျွန်မတို့လုပ်ဖို့ လိုကောင်းလိုလိမ့်မယ်" လို့ သူက ပြောပါတယ်။ ဥပမာအားဖြင့် ဗဟိုဘဏ်ဟာ နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကြီးတွေအတွက် ပိုပြီးမြင့်မားတဲ့ ရင်းနှီးငွေလိုအပ်ချက်ကို ထောက်ခံအားပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းနိုင်ဖွယ်ရာရှိတဲ့ နိုင်ငံတကာစံနှုန်းအသစ်တွေထက်တောင် ပိုပြီးမြင့်မားမယ့် ရင်းနှီးငွေတွေကို ထောက်ခံခဲ့တာပါ။ (အဲဒီနှုန်းတွေဟာ ဘယ်လောက်အထိ မြင့်သင့်တယ်ဆိုတာကို ဝေဖန်ချက်တွေပေးဖို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်) ဒါတွေအားလုံးက Yellen ဟာ စည်းမျဉ်းစည်းကမ်း ပိုမိုတင်းကျပ်ရေးကို Alan Greenspan ထက်ရော သူ့ရှေ့ကဥက္ကဋ္ဌ Bernanke ထက်ပါ ဘယ်လောက်အထိ ပိုပြီးထောက်ခံတယ်ဆိုတာကို အထင်အရှားပြနေပါတယ်။
နောက်ဆုံးတော့ နေ့ဆိုတာ ကုန်ဆုံးသွားတဲ့အခါ နေ့စဉ် နေ့တိုင်းရဲ့စီးပွားရေးဦးစီးချုပ်ကြီးဖြစ်တဲ့ Jenet Yellen ဟာ Wall Street ရဲ့အမြင်နဲ့ မဟုတ်ဘဲ Main Street ရဲ့ ကျန်းမာရေးနဲ့ သူ့ကိုယ်သူ အကဲဖြတ်ပါလိမ့်မယ်။ "ဒါဟာ (အဖိုးတန်ပစ္စည်းတွေ ၀ယ်တာဟာ) လူချမ်းသာတွေကိုပဲ အထောက်အကူဖြစ်လိမ့်မယ်လို့ လူတော်တော်များက ပြောနေကြတယ်ဆိုတာကို ရှင်တို့ အသိပါပဲ။ ဒါပေမဲ့ အဲဒါ မမှန်ပါဘူး။ ကျွန်မတို့ရဲ့မူဝါဒက ငွေသုံးစွဲမှုကို အားပေးပြီး စီးပွားရေး ဦးမော့လာမှုကို အထောက်အကူပြုတဲ့ ကာလရှည် အတိုးနှုန်းတွေကို ထိန်းချုပ်ထားဖို့ ရည်ရွယ်ပါတယ်။ (စီးပွားရေးကို လှုံ့ဆော်ပေးတဲ့အရာ) ရဲ့တစ်စိတ်တစ်ဒေသဟာ အိမ်တွေနဲ့ စတော့တွေရဲ့ ပိုပြီးမြင့်မားတဲ့ဈေးနှုန်းတွေကို ဖြတ်သန်းလာပါတယ်။ အဲဒီ ဈေးနှုန်းတွေက အိမ်တွေ၊ စတော့တွေရှိတဲ့ လူတွေကို ငွေတွေပိုပြီး သုံးစွဲအောင် လုပ်ပေးပါတယ်။ အဲဒီဟာက စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံးထဲမှာ အလုပ်အကိုင်တွေကို ဖန်တီးအောင်လုပ်ပေးပြီး ၀င်ငွေတွေကို တိုးအောင်လုပ်ပေးပါတယ်" လို့ သူက ပြောပါတယ်။ တက်နေတဲ့ဒီရေဟာ သင်္ဘောအားလုံးကို မြင့်တက်သွားအောင် လုပ်ပေးနိုင်ပါတယ်။ ဒီစကားဟာ မကြာသေးခင်နှစ်တွေတုန်းက ကွန်ဆာဗေးတစ်တွေ အမြဲသုံးနှုန်းခဲ့ကြတဲ့ စကားဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစကားကို သမ္မတကနေဒီက အရင်ဆုံးပြောခဲ့တယ်ဆိုတာကို သတိရသင့်ပါတယ်။ Yellen ကတော့ အဲဒီစကားကို အခုထိယုံကြည်နေတုန်းပါပဲ။

http://www.myanmarb2bmagazine.com မှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
Read More

ရန်ကုန်စတော့အိတ်ချိန်း အလားအလာ

5:00 PM | ,


ဘဏ္ဍာရေးကျွမ်းကျင်သူ ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း
(ဟိန်းဇော် တွေ့ဆုံမေးမြန်းသည်)

လာမည့်လအနည်းငယ်အတွင်း မြန်မာပြည်၌ စတော့အိတ်ချိန်းကစတင် အသက်ဝင်တော့မည်ဖြစ်သည်။ ယင်းရန်ကုန်စတော့အိတ်ချိန်း (YSX)ကို အောင်မြင်နိုင်ခြေမရှိ၊ ဟန်ပြသက်သက်သာဖြစ်မည်ဟု ဝေဖန်နေသူများရှိသလို မြန်မာပြည်၏ စီးပွားရေးအလားအလာကောင်းကြောင့် အကောင်းမြင်မှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ရန်ကုန်စတော့အိတ်ချိန်းအလားအလာအချို့နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် ThuraSwiss ကုမ္ပဏီ၏ CEO ဒေါက်တာအောင်သူရနှင့် ယခုလို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မင်္ဂလာပါ ကိုအောင်သူရရေ။ မကြာသေးခင်ကဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စတော့အိတ်ချိန်းစဖို့အတွက်ပြင်ဆင်မှုက ရာခိုင်နှုန်း ၆၀-၇၀ လောက်ပြီးသွားပြီလို့ ပြောပါတယ်။ လာမယ့်အောက်တိုဘာမှာစမယ်၊ အချိန်ကသိပ်မလိုတော့ဘူးဆိုတော့ လက်ရှိပြင်ဆင်ပြီးသား အနေအထားကိုသုံးသပ်ကြည့်ရင် လာမယ့်အောက်တိုဘာမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ စနိုင်ပါ့မလား။

ဒါကတော့ သိပ်တော့မပြောတတ်ဘူး။ နှစ်ဖက်ရှိတာဆိုတော့ စတော့အိတ်ချိန်းအတွက်ဥပဒေ၊ နည်းဥပဒေက အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ စတော့အိတ်ချိန်းဘက်က ကျန်တယ်။ စတော့အိတ်ချိန်းဘက်က အဆောက်အအုံကိုတော့ ပြင်ဆင်နေတယ်လို့ ပြောတယ်။ ပြီးမှ IT System တွေ ဘာတွေ အကုန်လုံး Install လုပ်ရမယ်။ Setup လုပ်ရမယ်။ အဲဒီအပိုင်းတော့ ဂျပန်တွေနဲ့ လုပ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် အစ်ကိုတို့လည်း သိပ်မသိလှဘူး။ ဟို တစ်လောက ICTအတွက် တင်ဒါခေါ်ထားတယ်။ အဲဒီဟာတွေက ဘယ်လောက်မြန်မလဲဆိုတော့ အစ်ကိုတို့လည်း မပြောတတ်ဘူး။ နောက်တစ်ပိုင်းကတော့ Securities ကုမ္ပဏီဘက်က ရှိမယ်။ လိုင်စင်တွေဘာတွေ ချပေးပြီးရင် လုပ်ရမယ့်ကိစ္စ နှစ်ခုရှိတယ်။ တစ်ခုက IT Infrastructure ကို ပြင်ဆင်ရမယ်။ စတော့အိတ်ချိန်းနဲ့ သူတို့ ချိတ်ရမယ်။ ဒုတိယအပိုင်းကတော့ ၀န်ထမ်းတွေခန့်ရမယ်။ Training ပေးရမယ်။ ဒါကအချိန်ကတော့ တော်တော်ကပ်နေပြီ။ ဖိဖိစီးစီး လိုင်စင်ချပြီးခါစ လုပ်ရင်တော့ ဖြစ်နိုင်တယ်ပေါ့။ အစပိုင်းမှာ ဒီစတော့အိတ်ချိန်းက Business ကလည်း များဦးမှာမဟုတ်သေးဘူးလို့ ထင်ပါတယ်။ Listed ကုမ္ပဏီဆိုရင်လည်း များဦးမှာ မဟုတ်သေးဘူး။ လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ စလုပ်နိုင်ပြီးရင် Step by Step တွေ အကုန်လုံးကို ပိုပြီးကောင်းအောင် လုပ်သွားလို့ ရပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Listing လုပ်ဖို့ MAPCO နဲ့ AGD ကတော့ နာမည်ထွက်နေတယ်။ အစ်ကိုတို့ ကြားမိသလောက် ဘယ်ကုမ္ပဏီတွေ ဖြစ်နိုင်သေးလဲ။ စတဲ့အချိန်မှာ ဘယ်နှခုလောက် Operate လုပ်ဖြစ်မယ်ထင်လဲ။ Securities ကုမ္ပဏီအနေနဲ့ဆိုရင်ကော ဘယ်နှခုလောက်ရှိမှ စတော့မားကက်အတွက် Effective ဖြစ်နိုင်မလဲ။

ပြောဖို့ကတော့ ခက်ပါတယ်။ AGD တို့၊ MAPCO တို့ ဆိုတာကတော့ လူတွေ ပြောနေကြတာပေါ့။ ဒါပေမဲ့ ဘယ်ဟာမှတော့ Confirm မဖြစ်ထားပါဘူး။ သိသလောက်ကတော့ FMI လည်း ကြိုးစားနေတယ်။ ဒါလည်း ဘယ်လောက်အထိ ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ်လည်း Process ထဲမှ ပါထားတာ မဟုတ်ဘူးလေ။ အစပိုင်းမှာတော့ ကုမ္ပဏီတစ်ခုနဲ့ပဲစစ၊ ငါးခုနဲ့ပဲစစ စဖို့ အရေးကြီးတယ်။ ကုမ္ပဏီနည်းနည်းနဲ့ပဲ စလို့ မအောင်မြင်ဘူးလို့ ပြောလို့မရဘူး။ အစပိုင်းကတော့ အစမ်းသပ်ခံကာလလို့ ပြောလို့ရပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ကုမ္ပဏီတစ်ခုပြီးတစ်ခု တိုးလာမှာပဲ။ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီဘယ်နှစ်ခုရှိရမယ်ဆိုတာ အရေးမကြီးဘူး။ Infrastructure အဆင်သင့်ဖြစ်ဖို့ အရေးကြီးတယ်။ ထားလိုက်ပါတော့ ကုမ္ပဏီတစ်ခုနဲ့ စပြီးတော့ နောက်နှစ်လနေပြီးတော့မှ ကုမ္ပဏီတစ်ခု တိုးလာတယ်။ နောက်သုံးလေးလနေမှ နှစ်ခု၊ သုံးခု တိုးလာတယ်ဆိုလည်း အဆင်ပြေတယ်။ ဗီယက်နမ်မှာဆိုရင် ၂၀၀၀-၂၀၀၆ ကာလတုန်းက OTC (Over The Counter Market) နဲ့ စခဲ့တာ။ စတော့အိတ်ချိန်းနဲ့ စခဲ့တာမဟုတ်ဘူး။ OTC ဈေးကွက်မှာလည်း သူတို့ သုညနဲ့ စခဲ့ပြီးတော့ နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်ရောက်တော့ သုံးရာကျော်သွားပြီ။ စတာတော့ သုည နဲ့ စမှာပဲ။ အဲဒီတော့ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီငါးခုရှိမှ အောင်မြင်တယ်၊ ဆယ်ခုရှိမှ အောင်မြင်တယ်လို့ ပြောလို့ မရဘူး။ အများကြီးနဲ့ စပြီးမှ နောက်ပိုင်း System မနိုင်လို့၊ ဒါမှမဟုတ် မကျွမ်းကျင်လို့ Crash ဖြစ်သွားတာနဲ့စာရင် နည်းနည်းလေးနဲ့ပဲ စပြီးတော့ နိုင်နိုင်နင်းနင်းတိုးသွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

Securities ကုမ္ပဏီကတော့ ဘယ်နှခုလောက်ဆိုရင် ဒီဈေးကွက် အတွက် Effective ဖြစ်မလဲ။

အစပိုင်းမှာ Listed ကုမ္ပဏီက မများဘူးဆိုတော့ Securities ကုမ္ပဏီကလည်း အများကြီးမလိုဘူး။ ပထမနှစ်နှစ်လောက်က ကုမ္ပဏီဘယ်နှခုချပေးမလဲ မသိဘူး။ များများချပေးရင်လည်း ပထမနှစ်နှစ်လောက်က မမြတ်နိုင်သေးဘူး။ ပထမနှစ်နှစ်၊ သုံးနှစ်လောက်က Investment Period လို့ပဲ ကြည့်ရမှာပဲ။ ၀င်ငွေမရသေးပေမဲ့ ၀န်ထမ်းလစာတွေပေးရမယ်၊ ကုန်ကျစရိတ်တွေရှိမယ်ဆိုတဲ့အတွက် အဲဒီအချိန်အတွင်းမှာရှုံးဖို့ များတယ်။ ပြီးတော့မှ Listed ကုမ္ပဏီတွေလည်း များလာပြီး Investorတွေ ပိုရှာတွေ့တယ်ဆိုမှ အမြတ်တွေဘာတွေ ဖြစ်ချင်ဖြစ်လာမယ်။ Securities ကုမ္ပဏီတွေက အစပိုင်းမှာ သူတို့အနေနဲ့ Investment Period လို့ ယူဆရမှာပါ။

ခုနကပြောသွားတဲ့အထဲမှာ ဗီယက်နမ်က ပထမငါးနှစ်လောက်မှာ OTC နဲ့ စခဲ့တယ်။ ကျွန်တော်တို့နဲ့ ဖွံ့ဖြိုးမှုချင်းနီးစပ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားမှာဆိုရင် ကုမ္ပဏီနှစ်ခုသုံးခုလောက်နဲ့ပဲ တော်တော်လေး ဈေးကွက်အေးနေတဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ဆီမှာကော စစချင်းမှာ စတော့ဈေးကွက်ကငြိမ်နေပြီး OTC ကပဲ အားကောင်းတာမျိုး ဖြစ်လာနိုင်လား။

ဒါကလည်း အစိုးရရဲ့ Incentive (မက်လုံး) ပေါ် မူတည်ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုက စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူဦးရေအရပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ယှဉ်လို့မရဘူး။ အဲဒီတော့ မြန်မာနိုင်ငံက ယှဉ်မယ်ဆိုရင် ဗီယက်နမ်နဲ့ပဲ ပိုယှဉ်လို့ ရမယ်ထင်တယ်။ အရေးကြီးတာက ဗီယက်နမ်မှာတော့ လက်ရှိ ငါးရာလောက်ရှိတယ် ထင်တယ်။ ဗီယက်နမ်ဘက်မှာ အစပိုင်းမှာ Listed ကုမ္ပဏီက ဘယ်ကလာလဲဆိုတော့ State Owned Enterprise တွေဆီက လာတယ်။ State Owned (အစိုးရပိုင်) ကုမ္ပဏီတွေကို Public ပြောင်းပြီးတော့ Listing လုပ်လိုက်တယ်။ မြန်မာပြည်မှာက State Owned တွေဆီကတော့ သိပ်လာမယ်မထင်ဘူး။ လက်ရှိ Public ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းကို တင်ဖို့ သိပ်အဆင်မပြေလှဘူး။ နှစ်ရာလောက် ရှိတယ်။ ဒါပေမဲ့ အဲဒီ Public ကုမ္ပဏီ တော်တော်များများက လုပ်ငန်း စလုပ်ခါစလေးတွေ၊ ဒါမှမဟုတ် သေးသေးလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာစခဲ့တဲ့ ကုမ္ပဏီတွေ များတယ်။ ကျွန်တော့်အမြင်မှာတော့ စတော့အိတ်ချိန်းမှာ Listing လုပ်တဲ့ ကုမ္ပဏီတွေက Private Sector က လာမယ်ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေက Public ကုမ္ပဏီတွေ အဖြစ်ပြောင်းပြီး Listing လုပ်တာ အားသာချက်တစ်ခုတွေ့တယ်ဆိုရင် သူတို့ လုပ်လိမ့်မယ်လို့ ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေဆိုတာ များသောအားဖြင့် သူဌေးတစ်ဦးတည်းပိုင်တဲ့၊ ဒါမှမဟုတ် အများအားဖြင့် သူဌေးတစ်ဦးစီ Control လုပ်နေတဲ့ ကုမ္ပဏီတွေပဲလေ။ သူတို့အနေနဲ့ ဘာကိုစဉ်းစားမလဲဆိုတော့ Listing လုပ်ရင် သူတို့အတွက် ဘာဖြစ်သွားမလဲ။ Cost တွေ ပိုများသွားမယ်၊ Transparency ပိုလုပ်ရမယ်၊ ပိုခက်မယ်၊ ခါတိုင်း သူတို့ တစ်ယောက်တည်း ဆုံးဖြတ်နေကျကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတော့ဘူး။

ဘာလို့လဲဆိုတော့ Shareholder တွေ ထပ်ဝင်လာရင် နဂိုပိုင်ရှင်က Majority ကိုင်ထားရင်တောင် ဒီအကြောင်းကြောင့် ဒီလိုမျိုး Decision လုပ်ခဲ့တယ်ဆိုတာကို တင်ပြရတော့မယ်။ သူတို့အတွက်က Mentality ပြောင်းဖို့ ပိုလိုလာမယ်။ Accounting တွေဘာတွေကအစ Transparency ရှိဖို့ ပိုလိုလာမယ်။ အားနည်းချက်က အဲဒါတွေရှိတယ်ဆိုတော့ သူတို့အတွက် အားသာချက်က ဘာတွေရှိမလဲစဉ်းစားမယ်။ ဒီအားသာချက်က ပိုများနေရင်သူတို့ Listing လုပ်ဖို့ စိတ်ဝင်စားမယ်။ အားသာချက်က ဘာဖြစ်နိုင်လဲဆိုတော့ အဓိကက သူတို့ လုပ်ငန်းတွေ တိုးချဲ့ချင်တယ်၊ နိုင်ငံခြား ကုမ္ပဏီဝင်လာပြီး အပြိုင်အဆိုင်များလာရင် သူတို့ရဲ့ Capital နဲ့ မလုံလောက်တော့ဘူး။ သူတို့အနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ ပိုက်ဆံရှာနေပြီဆိုရင် ဘဏ်တွေဆီက သွားချေးဖို့ အဆင်မပြေဘူးဆိုရင် Investor ထပ်ရှာနိုင်မှ သူတို့ရဲ့ လုပ်ငန်းတွေ တိုးချဲ့လို့ရမယ်။ သူတို့အနေနဲ့ အစက ၁၀၀ရာခိုင်နှုန်းပိုင်နေတဲ့ အနေအထားကနေ နောက်ပိုင်း ၅၁ရာခိုင်နှုန်းလောက်ပဲ ပိုင်ချင်ပိုင်တော့မယ်။ ဒါပေမဲ့ အဲဒီ ၅၁ ရာခိုင်နှုန်းပဲ ပိုင်တဲ့ကုမ္ပဏီက အရမ်းပိုအောင်မြင်တဲ့၊ ပိုပြီးကြီးတဲ့ ကုမ္ပဏီဖြစ်နိုင်တယ်။

ငွေကြေးပမာဏအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီကြီးရဲ့ ၅၁ ရာခိုင်နှုန်းက ကုမ္ပဏီအသေးရဲ့ ၁၀၀ ရာခိုင်နှုန်းထက် ပိုများနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီတွေဝင်လာလို့ သူတို့နဲ့ Partner လုပ်မယ်ဆိုရင်လည်း Position ပိုကောင်းတယ်။ Competition ဆိုရင်လည်း ကိုယ့်ကုမ္ပဏီက ပိုပြီးတော့ ယှဉ်နိုင်တယ်။ အခုလူတွေ တော်တော်များက ဘာတွေ့ကြလဲဆိုတော့ Mr. Serge Pun တို့ အုပ်စုဆိုရင် YOMA Strategic ရှိတယ်။ သူက မြန်မာပြည်မှာ Listing လုပ်ထားတာတော့မဟုတ်ပါဘူး။ စင်ကာပူမှာ Listing လုပ်ထားတာ။ ဒါပေမဲ့ အဲဒီလို Listing လုပ်ထားတဲ့အတွက် သူတို့ အုပ်စုက စိတ်ချရတယ်ဆိုတဲ့ အမြင်မျိုးရှိတယ်။ Image ပို ကောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Listing လုပ်ဖို့ဆိုတာက Criteria တွေကို ကိုယ့်ဘက်က ဖြည့်ဆည်းပေးနိုင်မှ Listing လုပ်ခွင့်ပေးတာကိုး။ ပြီးတော့ စတော့အိတ်ချိန်းကလည်း တောက်လျောက် စောင့်ကြည့်နေတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဥပမာ- KFC တို့၊ ဒါမှမဟုတ်လည်း ကုမ္ပဏီအကြီးကြီးတစ်ခုက မြန်မာပြည်ကိုဝင်လာရင် ဘယ်သူနဲ့ Partner လုပ်မလဲ သူတို့ စဉ်းစားတော့မယ်။ ဒီကုမ္ပဏီက Listed ကုမ္ပဏီတစ်ခုဖြစ်နေတယ်ဆိုရင် စတော့အိတ်ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် အဲဒီ Listed ကုမ္ပဏီတစ်ခုနဲ့ သူတို့တွဲလုပ်ဖို့ သူတို့ ပိုလွယ်တယ်။ Private ကုမ္ပဏီတစ်ခုကျတော့ သူတို့ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ သူတို့အကြောင်းကို ဘာမှမသိဘူး။ Transparent မဖြစ်ဘူးဆိုရင် အရွယ်အစားချင်း တူရင်တောင် Listed ကုမ္ပဏီနဲ့ပဲ တွဲလုပ်လိမ့်မယ်။ အဲဒီတော့ မြန်မာပြည်ကလည်း နောက်ငါးနှစ်၊ ဆယ်နှစ်မှာ လုပ်ငန်းတွေ ပိုတိုးချဲ့လာမယ်ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လည်း တော်တော်လေးဆိုင်တယ်။ န်ုင်ငံခြားရင်းနှီးမြှုပ်နှံသူနဲ့ တွဲလုပ်နိုင်တဲ့ ကုမ္ပဏီကလည်း ပိုပြီးတော့ အောင်မြင်နိုင်မယ်။ အဲဒီတော့ တချို့ကုမ္ပဏီတွေက Listing လုပ်ထားတယ်ဆိုရင်၊ စတော့အိတ် ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် Listing လုပ်လိုက်တယ်ဆိုရင် အားသာချက်တစ်ခု ဖြစ်သွားတယ်။ Listing မလုပ်တဲ့ ကုမ္ပဏီတွေကတော့ ပြတ်ကျန်သွားမယ်။ အဲဒီမှာ Competition ပေါ်လာတယ်။ တချို့တွေ ပိုအောင်မြင်သွားတယ်။ တချို့တွေက သူတို့ မပြောင်းတဲ့အတွက် မအောင်မြင်ဘူးဆိုရင် အဲဒီဘက်မှာ Pressure ဖြစ်ပြီးတော့ Listing လုပ်ဖို့ တော်တော်များများ စိတ်ဝင်စားလာလိမ့်မယ်။

ကိုအောင်သူရတို့ Thura Swiss အနေနဲ့ OTC မားကက်ကို စိတ်ဝင်စားတယ်လို့ ကြားရပါတယ်။ အဲဒီအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ သိပါရစေ။

OTC မားကက်ဆိုတာကတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ထားသလဲဆိုတော့ ဆော့ဖ်ဝဲကိုရေးထားတာ အိုင်တီပလက်ဖောင်းအနေနဲ့ ပြင်ဆင်ထားတာ။ နောက်ပိုင်း OTC မားကက်တွေ ဘာတွေလုပ်လို့ရမယ့် အချိန်ကျရင် အိုင်တီပလက်ဖောင်းရှိတယ်။ အရောင်းအ၀ယ်တွေလုပ်လို့ရအောင် ပလက်ဖောင်းတစ်ခု ပြင်ဆင်ထားတဲ့သဘောပါပဲ။ စိတ်ဝင်စားတာကတော့ Securities လုပ်ငန်းကို ဘယ်အပိုင်းမဆို စိတ်ဝင်စားပါတယ်။

ဒါတော့ ဘယ်အပိုင်းမှာလုပ်ခွင့်ရမယ်၊ မရဘူးဆိုတာကိုလည်း မသိသေးပါဘူး။ အစိုးရကလည်း လိုင်စင်တွေ ဘယ်လိုချပေးမယ်ဆိုတာကိုလည်း အတိအကျမသိသေးတဲ့အတွက် ဘယ်အပိုင်းမှာ ပါလို့ရတယ်၊ မရဘူးဆိုတာတော့ ကိုယ်လည်းပြောလို့ မရသေးဘူးပေါ့။ အစ်ကိုတို့အနေနဲ့ကတော့ Securities Market ကို တစ်နည်းမဟုတ်တစ်နည်းတော့ ပါချင်တယ်။ Contribute လုပ်ချင်တယ်။ ဘယ်လိုလုပ်လို့ရမလဲဆိုတာတော့ နောက်ပိုင်း ပိုပြီးရှင်းလာတဲ့အချိန်ကျမှ သတ်မှတ်လို့ရမှာပေါ့။

စတော့ဈေးကွက်မှာရှိတဲ့ စိန်ခေါ်မှု တော်တော်များများထဲက တစ်ခုပေါ့။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူ မြန်မာပြည်မှာက စတော့မားကက်ဆိုတာက အခုမှ ပြန်လုပ်ကြတာ။ အဆက်ပြတ်နေတာကြာပြီဆိုတော့ လူ့စွမ်းအားအရင်းမြစ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကိုပဲ အဓိကသုံးလာနိုင်လား၊ ဒါမှမဟုတ် ပြည်တွင်းကပဲ လုံလုံလောက်လောက်ရနိုင်မလား။

Securities ကုမ္ပဏီတစ်ခုအနေနဲ့က Division တွေ အမျိုးမျိုးရှိတယ်။ တစ်ခုက Investment Banking Division ရှိမယ်။ Investment Banking Division က ဘာလုပ်မလဲဆိုရင် ကုမ္ပဏီတစ်ခု ငွေရှာနေတယ်ဆိုရင် သူတို့ ရှယ်ယာတွေကို ထုတ်ရောင်းဖို့၊ ဒါမှမဟုတ် Bond တွေကို ထုတ်ရောင်းဖို့ အကြံပေးတယ်။ အကြံပေးရုံတင် မဟုတ်ဘူး။ ရှယ်ယာတွေ၊ ဒါမှမဟုတ် Bond တွေထုတ်ရောင်းတဲ့ Process တစ်ခုလုံးကို ၀န်ဆောင်မှုပေးတယ်။ Valuation လုပ်ပေးတယ်။ ရှယ်ယာတွေ ထုတ်ရောင်းတဲ့အထိ အကုန်လုံး လုပ်သွားတယ်။ ပြီးရင် Underwriting ကအစ သူတို့ လုပ်နိုင်တယ်။ Underwriting ဆိုတာ အာမခံပြီးတော့ မရောင်းရတဲ့ရှယ်ယာတွေကို သူတို့ ကိုယ်တိုင်ဝယ်တယ်။ အဲဒီ Division ကတော့ ပညာတော်တော်လိုတယ်။ အဲဒါကို ဆုံးဖြတ်နိုင်ဖို့၊ ဝေဖန်နိုင်ဖို့ ကုမ္ပဏီတစ်ခုကို တန်ဖိုးဖြတ်နိုင်ဖို့ မြန်မာတော်တော်များများက သိပ်မရှိသေးဘူး။ အဲဒီနေရာမှာ ဦးဆောင်မယ့်သူတွေကတော့ အစပိုင်းမှာအတွေ့အကြုံရှိတဲ့ Investment၊ Banking မှာ လုပ်ဖူးတဲ့သူတွေ လိုတယ်။ ဒီ Capacity မြန်မာပြည်မှာ သိပ်မရှိသေးဘူး။ ဒါပေမဲ့ အဲဒီမှာဝင်လုပ်တဲ့ တခြားသူတွေကတော့၊ ဥပမာ Accounting ကို ကျွမ်းကျင်တဲ့ မြန်မာတွေ၊ အင်္ဂလိပ်လိုလည်း ကျွမ်းကျင်ရမယ်။ Business အမြော်အမြင်ရှိတဲ့သူမျိုး ဖြစ်နိုင်တယ်။ သူတို့က ဒီ Process တွေ နားလည်အောင် ငါးနှစ်၊ ဆယ်နှစ်လောက်တော့ သင်ရလိမ့်မယ်။ Investment Banking Division မှာ အစပိုင်းတော့ နိုင်ငံခြားအကူအညီ လိုလိမ့်မယ်။

နောက်တစ်ခုက Sales & Trading Division ရှိတယ်။ Brokerage တို့၊ အရောင်းအ၀ယ်လုပ်တာတို့၊ ရှိပြီးသား ရှယ်ယာတွေ အရောင်းအ၀ယ်လုပ်တဲ့ အပိုင်းတွေပေါ့။ အဲဒီ Division ကတော့ နိုင်ငံခြားသားတွေက အတိုင်းအတာတစ်ခုထိပဲ လိုအပ်တယ်။ Broker တွေဆိုတာ Client Relationship ကို တည်ဆောက်ရမှာ။ အဲဒါတွေကျတော့ မြန်မာတွေက လုပ်တတ်တယ်။ နိုင်ငံခြားသားဆိုရင်လည်း အောင်မြင်မှာ မဟုတ်ဘူး။ Local ပညာတတ်တွေ လိုမယ်။ Customer တွေနဲ့ ဆွေးနွေးနိုင်ရမယ်။ Customer တွေကို ရှင်းပြနိုင်ရမယ်။ ဘယ်ရှယ်ယာတွေကို ဘာကြောင့် ၀ယ်သင့်တယ်။ ဘာကြောင့် ရောင်းသင့်တယ်။ သူတို့ကိုယ်တိုင် Knowledge က Research တွေ ဘာတွေ လုပ်တဲ့အဆင့်ထိ မဟုတ်ဘူး။ ရှိပြီးသား Research တွေကို ဖတ်ပြီးတော့ Client တွေကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ဆိုရင် ရတယ်။ ဒါက Local တွေနဲ့ ဆိုင်တယ်။

တတိယ Division က ဘာလဲဆိုတော့ Research Division ဆိုတာ ရှိတယ်။ Research Division က ဈေးကွက်ကြီး တစ်ခုလုံးရော ကုမ္ပဏီတစ်ခုရဲ့ အခြေအနေကိုပါ လေ့လာတယ်။ Report တွေဖတ်မယ်၊ သတင်းစာတွေ ဖတ်မယ်၊ Annual General Meeting တွေ သွားမယ်။ Management နဲ့ ဆွေးနွေးမယ်။ အဲဒါတွေကို အခြေခံပြီးတော့ Independent Report တွေ ရေးရမယ်။ Independent ဆိုတာ အဲဒီကုမ္ပဏီဘက်က အားနာပြီးတော့ လိုက်မရေးရဘူး။ သူတို့ အမြင်အရ ဒီကုမ္ပဏီဆီက ရှယ်ယာဝယ်သင့်တယ်၊ မ၀ယ်သင့်ဘူးဆိုတာကို ရေးရတယ်။ သူတို့ကလည်း Independent ဆိုတာကလည်း Broker တွေဆီကနေ Independent ဖြစ်ရမယ်။ Broker တွေက ဒီကုမ္ပဏီတွေကို ၀ယ်စေချင်လို့ Report တွေကို ဒီလိုရေးပေးပါဆိုရင် ရေးပေးလို့ မရဘူး။ အဲဒီဝန်ထမ်းတွေက Broker တွေနဲ့ သတ်သတ်ခွဲထားရမယ်။ Research လုပ်မယ့်ဝန်ထမ်းတွေကျတော့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံဆိုတာက ကုမ္ပဏီကို တန်ဖိုးဖြတ်နိုင်ရမယ်။ Report တွေ ရေးတတ်ရမယ်။ အဲဒါတွေက Research အပိုင်းမှာ အတွေ့အကြုံလိုတယ်။ အဲဒါကျတော့ နိုင်ငံခြားသားအကူအညီ လိုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံခြားသားအကူအညီနဲ့လည်း မပြီးနိုင်ဘူး။ Local လည်း လိုအပ်တယ်။ နိုင်ငံခြားသားက နည်းပညာတွေနဲ့ Valuation Method တွေသိမယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ Mangement နဲ့ သွားတွေ့ဖို့၊ ဒါမှမဟုတ် Financial Statement တွေ ဖတ်ဖို့ တချို့က မြန်မာလို ရေးထားတယ်။ Financial Statement ကို မြန်မာပြည်မှာ ဘယ်လိုရေးတယ်ဆိုတာ နားလည်ဖို့ လိုလည်းလိုတယ်။ နိုင်ငံခြားသားကျတော့ သိချင်မှသိမယ်။ အဲဒီနေရာကျတော့ နိုင်ငံခြားသားနဲ့ တွဲလုပ်ဖို့ လိုတယ်။ ဒါကတော့ Knowledge ပိုလိုတယ်။ အဲဒီ Report ကို အခြေခံပြီးတော့မှ Broker က အဲဒါကိုဖတ်ပြီးတော့ ဘယ်ရှယ်ယာကို ၀ယ်သင့်တယ်၊ ဘယ်ရှယ်ယာကို ရောင်းသင့်တယ်ဆိုတာကို အကြံပေးတယ်။ အဲဒီတော့ Division တစ်ခုနဲ့ တစ်ခုမတူဘူး။ Investment Banking Division မှာ နိုင်ငံခြားသားအကူအညီ တော်တော်လေးလိုမယ်။ အဲဒါက Underwriting နဲ့ ဆိုင်တဲ့ Business ပေါ့။ Brokerage Business ကျတော့ တော်တော်လေး Local နဲ့ ဖြစ်နိုင်တဲ့မားကက်၊ Research မားကက်ကျတော့နိုင်ငံခြားသားရော၊ ပြည်တွင်းပါ လိုမယ်။

လက်ရှိ ကျွန်တော်တို့ လေ့လာမိသလောက်တော့ ပြည်တွင်းမှာ တခြား Sector တွေထက် Banking Sector က စတော့အိတ်ချိန်းမှာဝင်ပြီး Listing လုပ်ဖို့ ပိုပြီးများ စိတ်ဝင်စားနေသလားလို့။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း စပြီး Boom ဖြစ်လာတဲ့ Sector တွေလည်း အများကြီး ရှိပါတယ်။ ဥပမာ- IT Sector တွေလိုမျိုးပေါ့။ အဲဒီတော့ အစ်ကို့ရဲ့အမြင်အရနောက်ပိုင်းကျရင် စတော့ဈေးကွက်၊ OTC ဈေးကွက်တွေမှာ ဘယ် Sector တွေက ကုမ္ပဏီတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းမိလဲ။

ဘဏ်တွေက ဘာကြောင့်စိတ်ဝင်စားလဲဆိုရင် ဗဟိုဘဏ်က အမြဲစောင့်ကြည့်နေတော့ သူတို့ရဲ့ Accounting Standard က တခြား Sector တွေနဲ့ ယှဉ်ရင် ပိုပြီး Clean ဖြစ်နေပြီလို့ ပြောလို့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ စတော့အိတ်ချိန်းကိုတင်မယ်ဆိုရင် မခက်တော့ဘူး။ အကုန်လုံးက ပြင်ဆင်ပြီးသားလို ဖြစ်နေတယ်။ ကျန်တဲ့ ကုမ္ပဏီကျတော့ တချို့က အရင်တုန်းက အခွန်မဆောင်တာတွေ၊ စာရင်းတွေ နှစ်မျိုးကိုင်တာတွေရှိတဲ့အတွက် စတော့အိတ်ချိန်းကို လက်ရှိ တင်ချင်တယ်ဆိုရင်တောင် မလွယ်ဘူး။ သူတိုရဲ့ Standard တွေကိုပြန်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အဲဒီကုမ္ပဏီတွေ တော်တော်များများက အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ဆီက သိပ်မကြားရဘူး။

နောက်ဆုံးမေးချင်တာက ပြီးခဲ့တဲ့နှစ်တွေအတွင်း ရင်းနှီးမြှုပ်နှံမှုအား အရမ်းကောင်းခဲ့တဲ့ အိမ်ခြံမြေဈေးကွက်က အခုလက်တလောတော့ အနည်းငယ် အေးနေတာ တွေ့ရပါတယ်။ ပြီးတော့ ကားဈေးကွက်တို့ ဘာတို့ဆိုရင်လည်း အခြေအနေ သိပ်မကောင်းလှဘူး။ အဲဒီတော့ စတော့ဈေးကွက် ပေါ်လာတဲ့အခါကျရင် ရင်းနှီးမြှုပ်နှံမှုအရွေ့က ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ အိမ်ခြံမြေ၊ ကား၊ ဘဏ်၊ စတော့ရှယ်ယာစတာတွေထဲမှာ လူတွေပိုရင်းနှီးမြှုပ်နှံမယ့်ဈေးကွက်ပေါ့။

ဒါကတော့ စတော့ဈေးကွက်လည်း Investment တစ်မျိုး ဖြစ်သွားမှာပဲ။ အိမ်ခြံမြေဈေးကွက်က တစ်ခုရှိတယ်။ Foreign Exchange ရှိတယ်။ Commodity အရောင်းအ၀ယ်လုပ်တာလည်းရှိမယ်။ အဲဒီအတိုင်းပဲ စတော့အိတ်ချိန်းပေါ်လာမယ်ဆိုရင်လည်း ဒီရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံမှုတစ်မျိုး ဖြစ်လာမှာပဲ။ အိမ်ခြံမြေဈေးကွက်မှာဆိုရင် တချို့တွေက ပိုက်ဆံတွေ ပိုနေပြီးတော့၊ ဒါမှမဟုတ် ငွေမည်းတွေကို ဘယ်မှာထားရမှန်းမသိလို့ အဲဒီမှာ သွားဝယ်ပြီး လုပ်ကြတာရှိတယ်။ အခုလောလောဆယ် ရှိနေတဲ့ပုံစံက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်မယ်ဆိုရင် ငွေဖြူဖြစ်သွားတယ်။ ခြံကို ပြန်ရောင်းလိုက်ရင်လည်း ငွေဖြူ ဖြစ်သွားတယ်။ စတော့အိတ်ချိန်းမှာလည်း အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်။ အန္တရာယ် ရှိတယ်။ စတော့အိတ်ချိန်းမှာလည်း ငွေမည်း ရှိတယ်။ ငွေမည်းကို ရှယ်ယာဝယ်လိုက်တယ်။ ပြန်ရောင်းလိုက်ရင် ထွက်လာတဲ့ပိုက်ဆံက ငွေဖြူဖြစ်ရင် လူတွေက စတော့အိတ်ချိန်းမှာ ရင်းနှီးတာက ငွေဖြူဖော်ဖို့ ဖြစ်သွားနိုင်တယ်။ ငွေဖြူဖော်ဖို့အတွက်ပဲ ရင်းနှီးတယ်ဆိုရင် ရေရှည်မှာ အလားအလာ မကောင်းနိုင်ဘူး။ ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်တွေက ကုမ္ပဏီတွေနဲ့ မဆိုင်တော့ဘူး။ ငွေဖြူဖော်ချင်ရင် ရှယ်ယာဝယ်လိုက်တဲ့ အချိန်မှာ စတော့ဈေးကွက်က အရမ်း ထိုးတက်သွားရော။ အထူးသဖြင့် ကုမ္ပဏီသိပ်မများတဲ့အချိန်မှာ ဖြစ်နိုင်တယ်။ ထိုးတက်တာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ ဘာမှမဆိုင်ဘဲ ထိုးတက်သွားတာ။ ပြီးမှ ငွေဖြူပေါ်ပြီဆိုပြီး ပြန်ရောင်းထုတ်တဲ့အချိန်မှာ ထိုးကျသွားရော။ တချို့ဟာတွေကျတော့ Seasonal (အချိန်ရာသီအလိုက်) ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးဖြစ်တယ်ဆိုရင် စတော့ဈေးကွက်ကြီး ထိုးတက်၊ ထိုးကျတာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ မဆိုင်ဘဲနဲ့ အဲဒီလိုမျိုး ဖြစ်တယ်ဆိုရင် ရေရှည်မှာ မကောင်းဘူး။ အိမ်ခြံမြေဈေးကွက်လည်း အဲဒီအတိုင်းဖြစ်နေတာ။ တကယ်တော့ မကောင်းဘူး။ အဲဒီလိုမျိုး မဖြစ်သင့်ဘူး။ ရေရှည်မှာ စီးပွားရေးတစ်ခုလုံးကို ထိခိုက်တယ်။ အစိုးရအနေနဲ့ ဘာကိုစဉ်းစားသင့်သလဲဆိုတော့ အစိုးရအနေနဲ့ ငွေဖြူဖော်ဖို့အတွက် Investment နည်းလမ်း မဟုတ်တာမျိုး တခြားနည်းလမ်း ရှာပေးသင့်တယ်။ အစိုးရဘက်က ဘယ်လိုမျိုး ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းဖို့လက်ခံပြီး ဘယ်လိုဟာမျိုးကိုတော့ လက်မခံဘူးဆိုတာပေါ့။ ဥပမာ မူးယစ်ဆေးဝါးကို လက်မခံဘူးဆိုရင် ခွင့်မပေးနဲ့။ တချို့ဟာကျတော့ အရင်တုန်းက အခွန်မဆောင်ထားတဲ့ ငွေမည်းတွေ ရှိမယ်။ အဲဒါမျိုးကျတော့ သူတို့အနေနဲ့ ငွေဖြူပြန်ဖြစ်ဖို့ အစိုးရကလက်ခံတယ်ဆိုရင် လမ်းဖွင့်ပေးဖို့ လိုမယ်။ တချို့ကျတော့လည်း မှောင်ခိုလုပ်ထားတာ၊ ကျောက်တွေဘာတွေ လုပ်ထားတာ အဲဒါကိုလည်း ငွေဖြူအဖြစ်ပြန် ဖော်ဖို့ အစိုးရအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်တို့၊ စတော့ဈေးကွက်တို့ကို အလွဲသုံးစားလုပ်မယ့်အစား သူတို့အနေနဲ့ တိုက်ရိုက် လမ်းဖွင့်ပေးလိုက်။ ကိုယ့်မှာ ငွေမည်းရှိတယ်ဆိုရင် ဘယ်ကလာတဲ့ ငွေမည်းလဲဆိုတာကို ကြေညာရမယ်။ ကြေညာပြီးရင် အဲဒါကို အခွန်ဘယ်လောက်ဆောင်လိုက်ဆိုရင် ငွေဖြူဖြစ်သွားမယ်။ အဲဒါမျိုးကိုလုပ်ဖို့ဆိုရင် အချိန်အတိုင်းအတာတစ်ခု ပေးလိုက်ပေါ့။ နှစ်နှစ်အတွင်းမှာ ငွေမည်းမှန်သမျကို ငွေဖြူအဖြစ် ပြောင်းရမယ်။ အခွန်ဘယ်လောက်ဆောင်ရမယ်။ ဒီနှစ်နှစ်အတွင်းမှာ အစိုးရက သတ်မှတ်ထားတဲ့ နည်းလမ်းကိုသုံးသွားမယ်ဆိုရင် အခွန်ဆောင်တာကလွဲလို့ တခြားဘာမှ အရေးမယူဘူးဆိုတာကို အစိုးရက အာမခံဖို့ လိုမယ်။ အဲဒီနှစ်နှစ်ကျော်သွားလို့ ငွေမည်းကို တွေ့တယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ် ထင်တယ်။ အဲဒါအတွက် ဘာလို့လဲဆိုရင် အစိုးရက လွှတ်တော်ကတစ်ဆင့် ဥပဒေတစ်ခု လိုမယ်။ ဥပဒေက လွှတ်တော်ဆီကတစ်ဆင့်ဆိုရင် ပြောင်းဖို့ မလွယ်ဘူး။ တကယ့် ဥပဒေနဲ့ သွားမယ်ဆိုရင် လူတွေက ပိုပြီးယုံကြည်မှု ရှိမယ်။ အဲဒါကို ငွေဖြူဖော်တယ်ဆိုရင် အဲဒီငွေဖြူကို နေရာတိုင်းမှာ သုံးလို့ ရတယ်။ မြေ၀ယ်မလား၊ စတော့အိတ်ချိန်းမှာ ရင်းနှီးမလား၊ တခြားဟာ ဘာလုပ်မလဲပေါ့။ အဲဒီလိုမျိုး လိုမယ်ထင်တယ်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

၂၀၁၅ ဇူလိုင်လထုတ် ‪B2BMagazine‬ ပါ ‪Interview‬ ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Read More