Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

တစ်နှစ်အတွင်းမှာ ဒေါ်လာတစ်သန်းဝင်အောင် ဘယ်လိုရှာမလဲ

6:00 PM | ,


ဒေါ်လာတစ်သန်းဆိုတာ အရင်တုန်းကလို အရမ်းအများကြီးမဟုတ်တော့ပေမယ့် နှစ်စဉ် ၀င်ငွေတစ်သန်း ရှိတယ်ဆိုရင်တော့ တော်တော်များတယ်လို့ ပြောလို့ရပါတယ်။ ဒါဆိုရင် အဲဒီလို ၀င်ငွေတွေရှိအောင် ဘယ်လိုလုပ်မလဲ။

ကျွန်တော်လည်း ဒီလိုဝင်ငွေမျိုးရအောင် မရှာနိုင်သေးဘူးဆိုတော့ တစ်နှစ်ကို ၀င်ငွေအနည်းဆုံးတစ်သန်း ၀င်ငွေရှိတဲ့လူတွေကို ဆက်သွယ်ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။

၁။ Customer တွေကိုချစ်ပါ။ 
ကိုယ်လုပ်သမျှအရာတွေ အကုန်လုံးက ကိုယ်ရဲ့ customer ကို ဗဟိုပြုတာဖြစ်သင့်တယ်။ အလည်အပတ်ခရီး သွားတာကအစ customer တွေကို သက်ရောက်မှုရှိနိုင်မလားဆိုတာ စဉ်းစားသင့်တယ်။ ၀န်ထမ်းတွေကို ပိုတိုးတက်လာအောင် လုပ်ပေးမယ်ဆိုရင်လည်း customer တွေအပေါ် ဘယ်လောက်သက်ရောက်မှုရှိနိုင်မှာလဲ ဆိုတာကို စဉ်းစားသင့်တယ်။ ရောင်းအားတွေ ပိုက်ဆံတွေအပေါ်မှာ အာရုံမစိုက်ပါနဲ့ customer အပေါ်မှာပဲ အဓိကအာရုံစိုက်ပါ။
Tim Nguyen၊ - BeSmartee ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူနဲ့ CEO

၂။ ပေါင်းသင်းဆက်ဆံရေးနဲ့ အဆက်အသွယ်ကောင်းအောင် လုပ်ပါ။
ပေါင်းသင်းဆက်ဆံရေး ကောင်းအောင်လုပ်ပါဆိုတာ ရင်းနှီးမြှုပ်နှံသူတွေအပါအ၀င် ဘဏ်လုပ်ငန်းရှင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ကောင်းတာတွေပါဝင်ပါတယ်။ လုပ်ငန်းကနေ အမြတ်ကောင်းကောင်းရတဲ့ အချိန်တိုင်း အဆက်အသွယ်ကောင်းတွေကြောင့်ဖြစ်ပါတယ်။
Margot Micallef, Gabriella’s Kitchen ရဲ့ CEO နဲ့ တည်ထောင်သူ

၃။ ကုမ္ပဏီရဲ့ လည်ပတ်ပုံကို အာရုံစိုက်ပါ။
ကုမ္ပဏီရဲ့ လည်ပတ်ပုံကို ကောင်းအောင်လုပ်မယ်ဆိုရင် ကုမ္ပဏီက အောင်မြင်လာမှာပါ။ ကျွန်တော့် လုပ်ဖော် ကိုင်ဖက်ဆီက ရှယ်ယာတွေ အကုန်လုံးဝယ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ နှစ်နှစ်တိတိ ကုမ္ပဏီရဲ့လည်ပတ်ပုံ၊ လုပ်ကိုင်ပုံနဲ့ ထုံးတမ်းဓလေ့တွေကို ပြောင်းလဲခဲ့ရပါတယ်။ ပြီးတဲ့အခါမှာ အမြတ်ငွေတွေ တိုးတက်ခဲ့ပါတယ်၊ ၁၅ ရာခိုင်နှုန်း (၂ သန်းကျော်) တိုးလာပါတယ်။ ဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီက လူတွေကို ဘယ်အရာက အလုပ်ကောင်းကောင်းလုပ်အောင် လှုံ့ဆော်ပေးနိုင်သလဲဆိုတာကို သိထားဖို့ လိုပါတယ်။ အများစုကတော့ စိတ်အားထက်သန်မှုကြောင့်ဖြစ်ပြီး အဲဒီစိတ်အားထက်သန်မှုကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်း နိုင်မယ်ဆိုရင် အောင်မြင်နိုင်မှာပါ။
StarrDesign မှ Steve Starr

၎။ ထုတ်ကုန်နဲ့ တိုးတက်မှုကို အာရုံစိုက်ပါ။
သန်းကြွယ်တွေရဲ့ အဖွဲ့ထဲကို ၀င်ချင်တယ်ဆိုရင်တော့ တကယ်ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ပြီးတော့ အဲဒီထုတ်ကုန် တိုးတက်အောင်ပဲ အာရုံစိုက်ပါ။ ရောင်းရတဲ့ ပစ္စည်းအရေအတွက် ဒါမှမဟုတ် အမြတ်ငွေက မနေ့ကထက် ဒီနေ့ ပိုပိုတိုးလာအောင်လုပ်ပါ။
Simon Slade - Affilorama ရဲ့ CEO နဲ့ တွဲဖက်တည်ထောင်သူ

၅။ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ၊ လူတွေရဲ့ ကြောက်ရွံ့မှုတွေကို နားလည်ထားပါ။
ဟုတ်ပါတယ်။ ကျွန်တော် တစ်နှစ်ကို တစ်သန်းထက်ပိုရပါတယ်။ ဒီလိုရလာတာဟာ လူမှုအဖွဲ့အစည်းတွေမှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေနဲ့ စိုးရိမ်မှုတွေကို နားလည်လို့ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ customer တွေကို အဲဒီစိုးရိမ်မှုတွေ လျော့နည်းအောင် ကူညီပေးပြီး သူတို့လိုချင်တဲ့ ပန်းတိုင်ရောက်အောင် ကူညီခဲ့ပါတယ်။ အဓိကပြောချင်တာကတော့ ပိုက်ဆံအများကြီးသုံးတော့မယ့် client တွေမှာ ဖြစ်တတ်တဲ့ စိုးရိမ်မှုတွေကို နားလည်ထားပြီး မကြောက်အောင် လုပ်ပေးနိုင်ရပါမယ်။
Ted Leonhardt - အလုပ်အကိုင် အကြံပေးကျွမ်းကျင်သူ

၆။ ဇွဲမလျှော့ပါနဲ့။
လုပ်ငန်းတစ်ခုမှာ အောင်မြင်နိုင်ဖို့ဆိုတာ ကိုယ်ထင်ထားတာတက် ပိုခက်၊ ပိုကုန်ပြီးတော့ ပိုလည်းကြာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇွဲမလျှော့ဖို့ အကြံပေးချင်ပါတယ်။
GMR Transcription မှ Ajay Prasad

၇။ မရပ်မနား အလုပ်လုပ်ပါ။
ကျွန်မ အသက် ၃၂ နှစ်မှာ နယူးယောက်မြို့က အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုမှာ
အလုပ်စလုပ်ခဲ့ပါ တယ်။ ပထမ သုံးနှစ်တုန်းက တစ်နေ့လုံး မရပ်မနား အလုပ်လုပ်ခဲ့ရပါတယ်။ သုံးနှစ်ပြည့်ခါနီးလောက်မှာ စပြီးတော့ ပိုက်ဆံကောင်းကောင်းဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ၀င်ငွေက ဂဏန်းခြောက်လုံးရှိလာပြီးတော့ တစ်နှစ်ကို တစ်သန်းကျော်ကျော်လောက် ၀င်ငွေရှိလာပါတယ်။ ဒီလိုတွေရရှိလာတာဟာ အစပိုင်းက မဆုတ်မနစ်နဲ့ မရပ်မနားအလုပ်လုပ်ခဲ့လို့ဖြစ်ပါတယ်။
Heidi Burkhart - Dane Professional Consulting Group မှ CEO

၈။ လူတွေနဲ့ personal အရ ရင်းနှီးအောင်လုပ်ပါ။
Royce ဟာ သူ့ရဲ့ customer တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးအောင်နေလို့ တစ်နှစ်ကို ဒေါ်လာ ခြောက်သန်း ၀င်ငွေရရှိတာလို့ ပြောပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီဟာ customer တွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို အဓိကထားတဲ့ကုမ္ပဏီဖြစ်ပါတယ်။ လူတိုင်းကို တော်ရုံသင့်ရုံ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုထက် customer တွေကို မိသားစုလိုမျိုး ရင်းနှီးစွာပေါင်းသင်းဆက်ဆံတဲ့ ကုမ္ပဏီမျိုးဖြစ်ပါတယ်။
Andrew Royce Bauer - Royce ရဲ့ CEO

၉။ ပန်းတိုင်ကိုပဲ အာရုံစိုက်ပါ။
ကျွန်တော်ပေးချင်တဲ့ အကြံကတော့ ကိုယ်လိုချင်တဲ့အရာ၊ ပန်းတိုင်ကိုပဲ စိတ်ထဲမှာထားပါ၊ လျှောက်လှမ်းရင်းနဲ့ လမ်းမှာ ဘာတွေဖြစ်သွားနိုင်သလဲဆိုတာကို တွေးပြီးကြောက်မနေပါနဲ့။ သင်စိုးရိမ်နေတဲ့အရာတွေရဲ့ ၉၉ ရာခိုင်နှုန်းက ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်မမျှော်လင့်ထားတဲ့ဟာတွေပဲ ဖြစ်လာမှာပါ။
Zach Halmstad - JAMF Software ရဲ့ တွဲဖက်တည်ထောင်သူ

စာညွှန်း - Inc.com မှာ ဖော်ပြထားတဲ့ How to Make $1 Million in a Single Year
ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
ဓာတ်ပုံ - www.millionairegroupsociety.com

ရေးသားသူ- သီဟ
SFJ Strategy First Journal မှ ကူးယူဖော်ပြပါသည်။
Read More

Forex Trading Sessions

8:00 PM | , ,


အွန်လိုင်းငွေကြေး အရောင်းအ၀ယ်ဈေးကွက်မှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄နာရီ ကာလပတ်လုံး အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် တနေ့လုံးတော့ ငွေလဲလှယ်နှုန်းတွေဟာ သိသိသာသာ တက်နေ၊ ကျနေတာ မဟုတ်ပါဘူး။

ကိုယ့်အတွက် အကျိုးအမြတ်တကယ်ဖြစ်စေတဲ့ အချိန်တွေကတော့ ငွေလဲလှယ်နှုန်း သိသာစွာ တက်နေ (သို့) ကျနေတဲ့ အချိန်တွေပါ။ နေ့တစ်နေ့မှာ အရောင်းအ၀ယ်လုပ်လို့ အကောင်းဆုံးအချိန်တွေကို အောက်မှာ ရှင်းပြထားပါတယ်။ ငွေကြေးအရောင်းအ၀ယ်ဈေးကွက်မှာ အဓိက အရောင်းအ၀ယ် လုပ်ကြတဲ့ အချိန်ပိုင်းကြီး လေးပိုင်းရှိပါတယ်။
  • သြစတြေးလျက ဆစ်ဒနီရုံးဖွင့်ချိန်၊
  • ဂျပန်က တိုကျိုရုံးဖွင့်ချိန်၊
  • ဗြိတိန်က လန်ဒန်ရုံးဖွင့်ချိန်၊
  • အမေရိကန်က နယူးယောက်ရုံးဖွင့်ချိန်တို့ပဲ ဖြစ်ပါတယ်။
သြစတြေးလျက ဆစ်ဒနီရုံးဖွင့်ချိန်နဲ့ ဂျပန်က တိုကျိုရုံးဖွင့်ချိန်တို့ဟာ ကွာခြားမှုသိပ်မရှိတဲ့အတွက် နှစ်ခုပေါင်းကို အာရှရုံးဖွင့်ချိန်အဖြစ် သဘောထားကြပါတယ်။ အဲဒီတော့ အဓိကအရောင်းအ၀ယ် လုပ်ကြတဲ့ အချိန်ပိုင်းကြီး သုံးပိုင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

တချို့နိုင်ငံများဟာ ရာသီအပြောင်းအလဲကိုလိုက်ပြီး တစ်နှစ်အတွင်းမှာ နာရီအချိန်ကို ရှေ့တိုး၊ နောက်ဆုတ် ရွှေ့လေ့ရှိတဲ့အတွက် အနည်းငယ်အပြောင်းအလဲ ရှိနိုင်ပါတယ်။


တိုကျိုရုံးဖွင့်ချိန်
တိုကျို (သို့) အာရှရုံးဖွင့်ချိန်ဟာ တနေ့တာ ငွေကြေးအရောင်းအ၀ယ်ဈေးကွက်ရဲ့ ဦးဆုံးအချိန်ပိုင်းကြီးပါ။ ဂျပန်ဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ငွေကြေးအရောင်းအ၀ယ် စင်တာကြီးဖြစ်ပြီး ဒီအချိန်ပိုင်းမှာ ယန်းငွေလဲလှယ်မှုပမာဏက ငွေကြေးအားလုံးရဲ့ ၁၆.၅% ခန့် ရှိပါတယ်။ တနေ့တာ ငွေကြေးအရောင်းအ၀ယ်ပမာဏရဲ့ ၂၁% လောက်ကို ဒီအာရှအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဂျပန်၊ သြစတြေးလျနဲ့ နယူးဇီးလန်နိုင်ငံများရဲ့ စီးပွားရေးအခြေအနေများနဲ့ဆိုင်တဲ့ သတင်းတွေထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့အတွဲတွေကို အရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံးအချိန်ပိုင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ တရုတ်ကလဲ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံကြီးဖြစ်တာကြောင့် တရုတ်က ထုတ်လွင့်လိုက်တဲ့သတင်းတွေဟာလဲ ငွေကြေးအတက်အကျကို များစွားပြောင်းလဲစေနိုင်ပါတယ်။ ဂျပန်နဲ့ သြစတြေးလျဟာ တရုတ်ရဲ့စီးပွားရေးတိုးတက်မှုအပေါ်မှာ များစွားမူတည်နေတာကြောင့် တရုတ်သတင်းတွေပေါ်မူတည်ပြီး ဂျပန်၊ သြစတြေးလျ ငွေကြေးအတွဲကို အရောင်းအ၀ယ်လုပ်လို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

လန်ဒန်ရုံးဖွင့်ချိန်
အာရှက ငွေကြေးရောင်းဝယ်နေကြတဲ့ ရုံးတွေကိုပိတ်ဖို့ တစ်နာရီလောက်အလိုမှာ ဥရောပက ငွေကြေးအရောင်းအ၀ယ်လုပ်မယ့် ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်။ ဥရောပမှာ ရုံးတွေ အများကြီးရှိပေမယ့် ငွေကြေးအရောင်းအ၀ယ် သမိုင်းတလျောက်မှာ မဟာဗျူဟာကျတဲ့နေရာမှာ တည်ရှိနေတာက လန်ဒန်ဈေးကွက်ပဲ ဖြစ်ပါတယ်။ တနေ့တာ ငွေကြေး အရောင်းအ၀ယ်ပမာဏရဲ့ ၃၀% လောက်ဟာ ဒီလန်ဒန်အချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ ဗြိတိန်၊ ဥရောပ နဲ့ ဆွစ်ဇာလန်နိုင်ငံများရဲ့ ငွေကြေးအတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့ အတွဲတွေကို အရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်း ဖြစ်ပါတယ်။

နယူးယောက် ရုံးဖွင့်ချိန်
ဥရောပက ငွေကြေးရောင်းဝယ်နေကြတဲ့သူတွေ ထမင်းစားပြန်လာချိန်လောက်မှာ အမေရိကက ငွေကြေးရောင်းဝယ်မယ့်ရုံးတွေဟာ စတင်ဖွင့်လှစ်လာပါတယ်။ အမေရိကန်ဟာ လက်ရှိအနေအထားအရ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံကြီးဖြစ်တာကြောင့် ဒီအချိန်ပိုင်းမှာ အမေရိကန်ဒေါ်လာ လဲလှယ်မှုပမာဏဟာ ငွေကြေးအားလုံးရဲ့ ၈၅% ခန့်ရှိပါတယ်။ တနေ့တာ ငွေကြေးအရောင်းအ၀ယ် ပမာဏရဲ့ ၅၀% လောက်ဟာ ဒီအချိန်ပိုင်းမှာ ရောင်းဝယ်လေ့ရှိပါတယ်။

ဒီအချိန်ပိုင်းမှာ အမေရိကန်နဲ့ ကနေဒါနိုင်ငံများရဲ့ ငွေကြေးအတက်အကျနဲ့ဆိုင်တဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အတွက် အဲဒီငွေကြေးပါတဲ့အတွဲတွေကို အရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံး အချိန်ပိုင်းပဲ ဖြစ်ပါတယ်။

ဥရောပနဲ့ အမေရိကရုံးတွေ ရုံးဖွင့်ချိန်ထပ်နေတဲ့ အချိန်လေးနာရီလောက်မှာ ငွေကြေးအတက်အကျ ကြမ်းတတ်ပြီး အရောင်းအ၀ယ်လုပ်ဖို့ အခွင့်ကောင်းတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။

ရုံးဖွင့်ချိန် ထပ်နေသော အချိန်ပိုင်းများ

တိုကျို – လန်ဒန် ရုံးဖွင့်ချိန်ထပ်ခြင်း
အများအားဖြင့် အာရှအချိန်ပိုင်းမှာ ငွေကြေးအတက်အကျ သိပ်မကြမ်းတတ်သလို ဥရောပအနေနဲ့လဲ ရုံးစဖွင့်ချိန်ဖြစ်တာကြောင့် တိုကျို – လန်ဒန်ရုံးဖွင့်ချိန်ထပ်နေတဲ့ တစ်နာရီအတွင်းမှာ ငွေကြေး အတက်အကျမကြမ်းတတ်ဘဲ အရောင်းအ၀ယ် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လေ့ မရှိပါဘူး။

လန်ဒန် – နယူးယောက် ရုံးဖွင့်ချိန်ထပ်ခြင်း
လန်ဒန်နဲ့ နယူးယောက် ရောင်းဝယ်ချိန်ထပ်နေတဲ့ လေးနာရီကာလကတော့ ကမ္ဘာ့အကြီးဆုံး ငွေကြေး အရောင်းအ၀ယ်စင်တာကြီးနှစ်ခု အပြိုင်ရောင်းဝယ်နေကြချိန်ဖြစ်တဲ့အတွက် တနေ့တာလုံးမှာ ငွေကြေး အတက်အကျ အကြမ်းဆုံး၊ ငွေကြေးကုန်သည်များအတွက် အလုပ်အရှုပ်ဆုံးဖြစ်သလို ကိုယ့်အတွက်လဲ အရောင်းအ၀ယ်အခွင့်အလမ်းကောင်းတွေ အများဆုံးရရှိနိုင်တဲ့ အချိန်ပိုင်း ဖြစ်ပါတယ်။ ဒီအချိန်ပိုင်းအတွင်းမှာ အမေရိကနဲ့ ကနေဒါနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေငြာချိန်လဲဖြစ်ပါတယ်။

အရှေ့က လန်ဒန်အချိန်ပိုင်းမှာ အတက်(သို့)အကျ လမ်းကြောင်းတွေ ဖြစ်ပေါ်ထားခဲ့တယ်ဆိုရင် ဒီအချိန်ပိုင်းအတွင်းမှာ အခြားစီးပွားရေး(အရေးကြီး)သတင်းတွေ မကြေငြာခင်အချိန်ထိ အရှေ့ကမူလလမ်းကြောင်းအတိုင်း ဆက်သွားလေ့ရှိပါတယ်။ အရေးကြီးတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ သတင်းတွေ ကြေငြာပြီးချိန်တွေမှာတော့ ငွေကြေးလဲလှယ်မှုနှုန်းတွေ သိသာစွာ ပြောင်းလဲနိုင်ပြီး အရှေ့ကဖြစ်ပေါ်နေတဲ့ အတက်အကျလမ်းကြောင်းတွေလဲ ပြောင်းလဲနိုင်ပါတယ်။

တပတ်အတွင်း ငွေကြေးအရောင်းအ၀ယ်လုပ်ရန် အကောင်းဆုံးနေ့များ
တပတ်အတွင်းမှာ အလယ်ရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေဟာ ငွေကြေးအရောင်းအ၀ယ်လုပ်ဖို့ အကောင်းဆုံးနေ့တွေဖြစ်ပါတယ်။ တနင်္လာနေ့ရဲ့ ပထမနေ့ဝက်မှာ အတက်အကျလမ်းကြောင်းမှားတွေ ဖြစ်ပေါ်နိုင်သလို သောကြာနေ့ရဲ့ ဒုတိယနေ့ဝက်ဟာလဲ ပိတ်ရက်တွေနဲ့ နီးလာတာကြောင့် အတက်အကျသိပ်မရှိတတ်ပါဘူး။

သင့်ရဲ့အချိန်တွေကို အမျှော်အမြင်ရှိရှိနဲ့ စီမံပါ။
အွန်လိုင်းငွေကြေးအရောင်းအ၀ယ်ဈေးကွက်ဟာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ၂၄ နာရီ ကာလပတ်လုံး အရောင်းအ၀ယ် လုပ်နိုင်တာဖြစ်ပေမယ့် အမြဲသိသာစွာတက်နေကျနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အနားယူချိန်နဲ့ မိသားစုအတွက်အချိန်ပေးဖို့ဆိုတာလဲ အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် ဘယ်အချိန်တွေမှာ ငွေကြေးအရောင်းအ၀ယ်လုပ်သင့်ပြီး ဘယ်အချိန်တွေမှာ မလုပ်သင့်ဘူးဆိုတာကို ကုန်သည်တိုင်း သိထားသင့်ပါတယ်။

အရောင်းအ၀ယ်လုပ်ရန် အကောင်းဆုံးအချိန်များ
  • လန်ဒန် - နယူးယောက် အရောင်းအ၀ယ်ထပ်ချိန်ကာလအတွင်း။
  • လန်ဒန်ရုံးဖွင့်ချိန်အတွင်း။
  • နေ့အားဖြင့် အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့များ။
အရောင်းအ၀ယ်လုပ်ရန် မကောင်းဆုံးအချိန်များ
  • အဓိကနိုင်ငံတစ်ခုဧ။် ရုံးပိတ်ရက်နေ့များ။
  • သောကြာနေ့ လန်ဒန်ရုံးပိတ်ချိန် နောက်ပိုင်း။
  • အရမ်းအရေးပါသော စီးပွားရေးသတင်း ထွက်ပေါ်ချိန်များ။ (ထိုအချိန်များတွင် မိနစ်ပိုင်းအတွင်း ငွေကြေးလဲလှယ်မှုနှုန်း အတက်အကျ ကြီးမားလျှင်မြန်စွာ ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် ကျွမ်းကျင်မှု မရှိပါက အရောင်းအ၀ယ် မလုပ်သင့်ပါ။)
www.myanmarforextradingeducation.com မှ ကူးယူဖော်ပြပါသည်။
Read More

Abenomics အကြောင်း တစေ့တစောင်း

8:00 PM | ,


(ပုံကြီး ကြည့်ပြီး လန့်သွားပြီလား... ဟဲဟဲ။ လူရှိန်အောင်ပါ။)

အာဏာရနိုင်ငံရေးသမားတွေ၊ ၀န်ကြီးချုပ် စတာတွေဟာ စီးပွားရေးပေါ်လစီသစ်တွေကို ဖော်ဆောင်လေ့ရှိကြတယ်။ (အင်း.... စကတည်းက ပျင်းစရာတော့ ကောင်းပြီနဲ့ တူပါတယ်.... ဘာတွေ ပြောမလို့လဲ မသိဘူး.... ၀ါး။)

နာမည်ကြီးနိုင်ငံရေးသမားများ ဖော်ဆောင်တဲ့ ပေါ်လစီတွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့နာမည်တွေနဲ့ ပူးတွဲပြီး ကျန်နေလေ့ ရှိတတ်တယ်။ ဥပမာ သမ္မတကလင်တန် ဖော်ဆောင်ခဲ့တဲ့ economics ပေါ်လစီတွေကို Clintonomics လို့ သမုတ်ကြပါတယ်။ မာဂရက်သက်ချာရဲ့ free market အခြေခံပေါ်လစီတွေကိုတော့ Thatcherite policies လို့ ခေါ်ရုံတင်မကဘဲ ၀ါဒတစ်ခုအနေနဲ့ Thatcherisim လို့တောင် အမည်တွင်ကျန်ခဲ့သတဲ့။ အာဂမိန်းမနော်။ ကိုယ့်နာမည်ကြီးနဲ့ ism တစ်ခုကျန်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးတဲ့.... ဘာမှတ်တုန်း။ သက်ချာနဲ့ သိပ်ကို အတိုင်အဖောက်ညီခဲ့တဲ့ အမေရိကန်သမ္မ ရော်နယ်ရေဂင်ရဲ့ မူဝါဒတွေကိုကျတော့ Regonomics လို့ သမုတ်ကြပြန်ပါတယ်။

အခုတခါ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေက ဂျပန်ကို စီးပွားရေးအကြပ်အတည်းထဲက ဆွဲထုတ်ရာမှာ သုံးနေတဲ့ ပေါ်လစီတွေကိုကျတော့ Abenomics ပါတဲ့။ ဒီတော့ ဇာတ်လိုက်ကလေး ''အဘေ Abe'' က နိပွန်းပြည်ကြီးကို ကယ်တင်ဖို့ ဘာတွေ ကြံစည်မင်းလုပ်နေသလဲဆိုတာ တစွန်းတစ စပ်စုကြရအောင်။


''အဘေ Abe'' က ဘာကို ရည်မှန်းထားလဲ ဆိုတော့ အနှစ် (၂၀)လောက် ''တန့်'' နေတဲ့ ဂျပန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဖို့တဲ့။ တန့်နေတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဂျပန်တွေမှာ ဈေးမ၀ယ်ချင်ကြတဲ့ ရောဂါထနေတယ်၊ ဈေးဝယ်မယ်ဆိုရင် လက်တွန့်နေကြတယ်။ နောက်လည်း ဈေးတွေ ကျဦးမှပဲဆိုတဲ့ အတွေးကြီးက လူတိုင်းမှာ စွဲကပ်နေတော့ ၀ယ်လိုအားတွေကျ၊ ဒီတော့ ဈေးကွက်က အရှိန်အဟုန်နဲ့ ကောင်းကောင်းမလည်ပတ်နိုင်၊ မလည်ပတ်နိုင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက လက်တွန့်၊ ရင်းနှီးမယ့်လူတွေ လက်တွန့်တော့ ဈေးကွက်ကြီးက ခြောက်သွေ့နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ အနှစ် (၂၀) လောက်ရှိပြီဆိုဘဲ။ ဒီတော့ ဈေးကွက်ကို ''ဆွ'' ဖို့ ဗျူဟာတွေ ချရတော့တာတာပေါ့။ ပြောတော့လွယ်လိုက်တာအေ။ ဈေးကွက်ဆိုတာဂျီးကို ဘယ်လို ဆွမှာလဲ လင်းစမ်းပါဦး။
ဟုတ်ကဲ့.... ''အဘေ'' က ပေါ်လစီ သုံးခုချလိုက်တယ်။ အဲဒီ ပေါ်လစီသုံးခုကို ဘေးကနေ စောင့်ကြည့်ဘုတော... အဲလေ... ဝေဖန်သူတွေက သူ့နာမည်ကို အစွဲပြုပြီး Abenomics လို့ ခေါ်တယ် ။ Abenomics ရဲ့ အဲဒီပေါ်လစီသုံးခုကိုတော့ Three arrows လို့ တင်စားကြတယ်။ လာထား... မြှားသုံးချောင်းနဲ့ ဇာတ်လိုက်ကလေးက ဘာကို ချိန်ထားသလဲ ကြည့်လိုက်ရအောင်။


Abenomics ရဲ့ ''မြှားသုံးချောင်း'' လို့ ခေါ်ကြတဲ့ ပေါ်လစီသုံးခုကတော့
  1. Monetary policy (ငွေကြေးမူဝါဒ)
  2. Fiscal stimulus (ဈေးကွက်ထဲ ငွေတွေ ရိုက်သွင်းပြီး ၀ယ်လိုအားကို ''ဆွ'' ခြင်း)
  3. Structural reforms (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှု)
အဲဒီ မြှားသုံးခုနဲ့ တို့ဇာတ်လိုက်ကလေး အဘေက ဂျပန်ရဲ့စီးပွားရေးကို ကယ်တင်မယ်ဆိုဘဲ။

(1) Monetary Policy ဆိုတာ ဘာကြီးတုန်း
ဘာကြီးမှ မဟုတ်ပါဘူးအေ။ ဘဏ်မှာ ငွေအပ်ဖူးတယ် မဟုတ်လား။ မြန်မာပြည်မှာ တချို့တွေဆို ဟိုးအရင်ကတည်းက ဘဏ်မှာ ငွေတွေနင်းကန်အပ်၊ အတိုးတွေ ထိုင်ထုတ်ပြီး အလုပ်မလုပ်ဘဲ နေနိုင်ကြတယ်လေ။ အတိုးကလည်း ဘယ်မှာမှမရတဲ့ ၁၃ ရာခိုင်နှုန်းတောင် မဟုတ်လား။ အခုတော့ လျှော့ချဖို့ ပြင်နေပြီဆိုတော့ တချို့လည်း ချိတ်တွေ ညစ်နေကြတယ်တဲ့ (အတိုးလေးနဲ့ ငြိမ့်လာတာကိုးလို့။ ဟင့်... ခုတော့)။

အဲလို ဗဟိုဘဏ်ကနေ အတိုးတွေကို တိုးလိုက် လျှော့လိုက် လုပ်တာဟာ Monetary Policy ဆိုတာကြီးထဲ ပါတာပေါ့။ တနည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ရှိမယ့် ငွေပမာဏကို ထိန်းချုပ်ထားတာ တဲ့။

စီးပွားရေးဆိုတာကြီးရဲ့ သဘောက သင်္ချာလို ဖော်မြူလာ၊ အီကွေးရှင်းတွေ အတိအကျချရုံနဲ့ တိတိကျကျ အဖြေမထွက်တတ်ဘူး လို့ ကြားဖူးတယ် အေ့။ တသမတ်တည်း မနေဘူးပေါ့အေ။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ mindset တွေ trend တွေကို ထည့်စဉ်းစားရသေးတယ် လေ။ အတွင်းအပြင် နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်သေးတယ် တဲ့။ အဲဒီတော့ အစိုးရတွေမှာလည်း ဟိုလိုဒီလို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ကို ဘယ်လို ထိန်းမလဲဆိုတာ အချိန်နဲ့အမျှ ဦးနှောက်စားနေရတာပေါ့။ တိုတိုပြောရရင်တော့ ဗဟိုဘဏ်ကြီးက အတိုးနှုန်းကို မြှင့်လိုက် လျှော့လိုက် ကစားပြီး ကိုယ်လိုချင်တဲ့ ရလာဘ်ကို ဖော်တာဟာ Monetary Policy လို့ ပြောရင် မမှားဘူးပေါ့ ယောက်မရယ်။ 

ဥပမာအားဖြင့် ဘဏ်တိုးနှုန်းတွေ မြင့်နေရင် လူတွေက ပိုက်ဆံတွေကို ဘဏ်မှာအပ်ပြီး အတိုးတွေ ထိုင်ထုတ်နေမှာပေါ့။ ဒါဆိုရင် ငွေတွေက ဘဏ်မှာ ပိုများနေပြီး ဈေးကွက်ထဲမှာ ၀ယ်လိုအားကျမယ်။ အတိုးကို မက်နေတော့ တော်ရုံတန်ရုံ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လက်တွန့်ကြမယ်။ ဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး အဆောက်အဦးကြီးက ကြာရင် ဒွတ်ခ မရောက်ဖူးလား လို့။

ဒီတော့ ၀ယ်လိုအားကို တက်အောင်လုပ်ချင်ရင် ဘဏ်တိုးနှုန်းကို လျှော့လိုက်ရတယ် တဲ့။ ဒီလိုဆို ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးထိုင်ထုတ်နေမယ့် လူတွေ နည်းသွားမယ်လေ။ ဆက်ပြီး တွေးကြည့်လိုက်ပေါ့ အေရယ်။ ဘဏ်ကနေ ပိုက်ဆံချေးရတာ အတိုးနည်းနည်းဘဲ ပေးရတယ်ဆိုရင် ချေးချင်သူတွေ မများလာဘူးလား။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ ပိုက်ဆံချေးပြီး စီးပွားရေးလှုပ်ငန်းသစ်တွေကို လုပ်လာကြမယ်။ ဈေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပိုများလာမယ်။ ဒီတော့ တန့်နေတဲ့ စီးပွားရေးတွေ ပြန်လည်ပတ်လာမယ်။ အဲဒါကြီးကို (Expansionary Monetary Policy) လို့ ခေါ်တယ်အေ့... တံတွေးစင်သွားရင် ခွေးလွှတ်နော်။


ဒါပေမယ့် အဲလို စီးပွားရေး ပြန်လည်ပတ်လာပြန်ရင်လည်း သတိထားရသေးတယ် တဲ့တော်။ ၀ယ်လိုအားတွေများပြီး ဈေးတွေ စွတ်တက်လာရင် တခါ ဗဟိုဘဏ်က ၀င်ပြီး ထိန်းရပြန်သတဲ့။ ဘယ်လို ထိန်းသလဲဆိုတော့ အတိုးနှုန်းကို တက်လိုက်ရပြန်သတဲ့။

တနည်းအားဖြင့် လူတွေ အသုံးကြမ်းလာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ် မဟုတ်လား။ လူတွေမှာ ဖြုန်းအားကောင်းလာရင် ဈေးကွက်မှာ ပစ္စည်းရှားလာတတ်ပြန်ရော တဲ့။ ဒါကြောင့် ကုန်ဈေးနှုန်းတက်နေတဲ့ တိုင်းပြည်တွေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းကို တက်ပစ်တတ်တာဟာ Inflation ကို ထိန်းတဲ့ နည်းတနည်းဆိုဘဲ။ ဘိလပ်လိုတော့ (Deflationary Monetary Policy) တဲ့။


ညည်းမှတ်မိတယ် မဟုတ်လား... ၂၀၀၇ က စပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆိုတာကြီး စလာတော့ နိုင်ငံတွေ တော်တော်များများ စီးပွားကျပြီး တိုင်ပတ်နေကြတယ် ဆိုတာလေ။ ဆင်လည်း ဆင့်အထွာ ဆိတ်လည်း ဆိတ်အထွာနဲ့ အားလုံး ခေါင်းကိုက်နေကြတာ အခုထိ ဆိုပါတော့။

နိပွန်းပြည်ကြီးလည်း ဘယ်လွတ်ပါ့မလ။ ဒါပေမယ့် ဂျပန်ဈေးကွက်ကြီး ထိုင်းနေတဲ့ ပြသနာ ဖြစ်နေတာက ၂၀၀၇ မှာ စတာမဟုတ်ဘူး၊ အနှစ် (၂၀) လောက်ကိုရှိပြီလို့ အဘေကလေးက ငါ့ကို မနေ့က ရင်ဖွင့်သွားတယ်။ အခုလို စီးပွားကျပ်ချိန်ဆိုတော့ သူ့ခမျာ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့အေ။

၁၉၉၀ နှစ်များမှာ ဂျပန်အိမ်ခြံမြေဈေးကွက် နင်းကန်တက်လာရာကနေ ဈေးကွက်ပြိုလဲမှု ဆိုတာ ဖြစ်ခဲ့သတဲ့။ ဘာလို့လည်း ဆိုတော့ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာ ဂျပု... အဲ... ဂျပန်တွေဟာ ငွေတွေ နင်းကန်စုကြသတဲ့။ အဲဒီတော့ ဘဏ်တွေမှာ ငွေတွေပေါလာပြီး ငွေချေးချင်တဲ့လူတွေအတွက် ကန့်သတ်ချက်တွေ နည်းလာတယ်၊ ငွေချေးရတာ လွယ်လာတယ်။ ဒီတော့ နင်းကန်ချေးကြတော့ကြပေါ့။


ဒီကြားထဲမှာ ဂျပန်ယန်းငွေကလည်း တန်ဖိုးတွေတက်လာတော့ အိမ်ယာမြေတွေ အဆပေါင်းများစွာ ဈေးတက်လာတယ်။ အဲသလို တကယ့်တန်ဖိုးထက် အဆပေါင်းများစွာ ဈေးတက်နေလာတာကို စီးပွားရေးမှာ Bubble လို့ ခေါ်တယ်။ ပူပေါင်းလေးလိုပေါ့အေ။ ကြာရှည်ခံမယ့် တိုးတက်ခြင်းမျိုး မဟုတ်ဘူးပေါ့။ ဈေးတွေ ထိန်းလို့မရအောင် မြောက်လွန်းလာတော့ ဗဟိုဘဏ်က ၀င်ထိန်းရတယ်၊ ဘယ်လို ၀င်ထိန်းသလဲဆိုတော့ အတိုးနှုန်းကို မြှင့်လိုက်ရတယ် တဲ့။ လွယ်လွယ်ရနေတဲ့ ချေးငွေတွေကို ထိန်းလိုက်တဲ့သဘောပေါ့။ အဲဒီတော့ Market panic လို့ခေါ်တဲ့ ဈေးကွက်လန့်တာတွေဖြစ်ပြီး ဈေးတွေ ဗြုန်းဆို ပြုတ်ကျတော့တာဘဲ။ အဲဒီ မြောက်တက်နေတဲ့ ဈေးကွက်ပြိုလဲတာကိုတော့ Bubble burst လို့ ခေါ်သတဲ့။ ပူပေါင်းကလေး ဖောက်ခနဲ ပေါက်သွားသလိုပေါ့အေ။

Bubble burst ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတာပေါ့အေ။ နောက်မှဘဲ အဲ့အကြောင်းကို ဆက်ပြီး အာလူးဖုတ်တော့မယ်။ ဒီမှာတော့ အဘေကလေးအကြောင်းကို မရောက်ဘဲနေမှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောရအောင် (တော်သေးတာပေါ့... လိုရင်းမို့လို့)။

အဲလို Bubble burst ဖြစ်ပြီး ဈေးတွေကျရာကနေ အလုပ်လက်မဲ့နှုန်းများလာပြီး ၀ယ်လိုအားကျလာခဲ့တာ အခု မျက်မှောက်ကာလထိဘဲ တဲ့။ ကုန်ဈေးနှုန်းကျတော့ လူတွေက invest မလုပ်ကြ၊ ဈေးဝယ်နည်းလာကြတယ်။ ဈေးတွေ စွတ်ကျနေမှတော့ တစ်ခုခု ၀ယ်မယ် လုပ်တိုင်း ''ဟင်း... နောက်ဆို ဈေးက ဆက်ကျဦးမှာ၊ ၀ယ်လို့ မဖြစ်သေးပါဘူး'' ဆိုတဲ့ စိတ်ကလေး ညည်းဆိုရင်ရော မ၀င်နိုင်ဘူးလား စဉ်းစားကြည့်။ ငါတို့ အဘေက အခု ဒီပြသာနာတွေ ရှင်းရမှာတဲ့ တော့။

(၂) Stimulus ဆိုတာ ဘာလဲ
အဘေက သူ့အကြံအစည်ကြီးရဲ့ ဒုတိယအဆင့်ကို လုပ်ဖို့ ငွေကြေးဖောင်းပွမှု (Inflation) ကို ၂% ထိ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် တဲ့။ ဟင်... ကယ်တင်ပါမယ်ဆိုမှ ဘယ်နှယ် ငွေကြေးဖောင်းပွအောင် လုပ်ရတာလဲ လို့မထင်လိုက်နဲ့ဦး။ သူ့ဗျူဟာက တမျိုးအေ့... Inflation ဖြစ်အောင်လုပ်တယ်ဆိုတာ ဈေးကွက်ထဲမှာ ငွေစက္ကူတွေ ပေါပေါလောလော ဖြစ်အောင်လုပ်တာမဟုတ်လား ။ ငွေတွေပွလာရင် ငွေတန်ဖိုးကျမယ်လေ။ ဒါကြောင့် ယန်းငွေတွေကို အကန့်အသန့်မရှိ (unlimited yen) ထုတ်ဖို့ ခိုင်းလိုက်သတဲ့။

ဒီလိုနဲ့ ၂၀၁၃ အစပိုင်းမှာ ဂျပန်ဗဟိုဘဏ်က ငွေစက္ကူတွေ နင်းကန်ရိုက်ထုတ်တော့တာပေါ့။ ပြီးရင် အဲ့ငွေတွေကို ဈေးကွက်ထဲကို ရိုက်သွင်းဖို့ အစီအစဉ်ချသတဲ့။ ရိုက်သွင်းတယ်ဆိုတာ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူးနော်... အဲ့ပိုက်ပိုက်တွေကို သုံးပြီး ဗဟိုဘဏ်က ပြည်တွင်းအစုရှယ်ရာတွေ၊ မြေယာ စတာတွေကို လိုက်ဝယ်တာတာတဲ့တော်။ ဒါမှမဟုတ်ရင်လည်း နည်းလမ်းတမျိုးမျိုး ရှာပြီး သုံးလိုက်တာကို ပြောတာ။ အဓိကက အဲ့ငွေတွေ ဈေးကွက်ထဲရောက်ဖို့ဘဲ။

ဒီတော့ ဈေးကွက်ထဲကို အစိုးရငွေတွေ ဒလဟော ၀င်လာပြီး ထိုင်းနေတဲ့ ၀ယ်လိုအား ပြန်ကြွလာရော မဟုတ်လား။ (ဟင်း....မဖြစ်လို့သာ နားထောင်နေရတယ်၊ တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခတ်နေတာဘဲ)။ အဲလို မောင်းသွင်းတာကို stimulus လုပ်တယ်လို့ ခေါ်သတဲ့။ stimulate လုပ်တယ်ဆိုတာ လှုံဆော်တာကို ဆိုလိုတာ မဟုတ်လားအေ။ ဒီတော့ stimulus ဆိုတာ ဈေးကွက်မှာ ၀ယ်အားတက်လာအောင် လှုံဆော်တာကို ပြောတာပေါ့။ ဒီထက် ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့ Quantitative Easing လို့လည်း ခေါ်သတဲ့။ (စင်ပြန်ပြီ... တံတွေး)။


အဲအဲ... ငါပြောတာ ဘယ်ရောက်သွားပြီလဲ... သြော် အင်း... ဒီလိုနဲ့ ဇာတ်လိုက်ကလေး ရှင်ဇိုအဘေရဲ့ ပလန်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွအောင်လုပ်ရတော့တာပေါ့။ အဲလို လုပ်ဖို့ဘဲ ငွေတွေ ဘယ်လောက် သုံးသလဲသိလား။ ဂျပန် GDP ရဲ့ ၁၀% လောက်ထိ နှစ်စဉ် သုံးမတဲ့ အေ့။ ဒါဟာ ဒေါ်လာ ''သန်း'' ထောင်ပေါင်း ၅၀၀ လောက်သော ငွေနဲ့ ညီသတဲ့ (အင်း... ဒေါ်လတွေ သန်း နဲ့ချီပြီး ပြောရတာ တော်တော် အရသာတွေ့နေပုံဘဲ... သူ့ဖြင့် တစ်ပြားတောင် မရှိဘဲနဲ့)။

တစ်ယောက်တည်း ပြော၊ တစ်ယောက်တည်း ထောက်ခံနေရာတာ အာခြောက်လိုက်တာအေ... ရေလေးဘာလေးလည်း တိုက်ပါဦး... ဂွပ်...ဂွပ် (ရေသောက်သံ)။ အင်း... ခုမှဘဲ ရင်ထဲကို အေးသွားတော့တယ်... ညည်းကလည်း အင်းမလှုပ် အဲမလှုပ်... ဟွန်း။ ဒီတော့ ဆက်ရရင် အဲဒီလို ငွေဈေးကို ချပစ်တော့ ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅%နီးပါး တန်ဖိုးကျသွားရော တဲ့။ ညည်းစဉ်းစားကြည့်ပေါ့... အဲလို ငွေဈေးကျတော့ ဂျပန်ပို့ကုန်တွေ ဈေးသက်သာမသွားဘူးလား။ ငါပြောတာ ရှုပ်သွားပြီလား။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပို့တဲ့ကုန်မဟုတ်လား။ နိုင်ငံခြားတိုင်းပြည်တွေက ဒေါ်လာလို နိုင်ငံခြားငွေတမျိုးမျိုးနဲ့ ကိုယ့်ဆီက ၀ယ်ကြရတာလေ။ အဲလို ၀ယ်ဖို့ လိုကယ်မန်းနီးနဲ့ ဒေါ်လာ မလဲလှယ်ရဘူးလား။ အဲလို လှဲလှယ်တဲ့အခါ ကိုယ့်တိုင်းပြည်က ငွေက တန်ဖိုးကျနေရင် ကိုယ့်ကုန်တွေ ဈေးသက်သာနေတာပေါ့။ ငါလည်း ဒီထက်ပိုမရှင်းတတ်တော့ဘူးအေ။ မလည်လည်း လည်တယ်လို့ဘဲ မှတ်လိုက်ပြီ နော်။ 

အဲလို ကိုယ့်တိုင်းပြည်က ပို့ကုန်တွေ ဈေးချိုတော့ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ့်ပစ္စည်းတွေကို ပိုဝယ်ကြရော မဟုတ်လား။ ဒါဆို export လုပ်သူတွေ အဆင်ပြေတယ်လေ။ အဘေက ပလန်က အဲလို export ကို မြှင့်ဖို့လည်း ပါတယ်တဲ့ဟ။ သူ့အကြံကလည်း သိပ်ဆိုးပုံတော့ မရပါဘူးလေ။ လုပ်ငန်းရှင်တွေ အမြတ်များရင် အလုပ်သမားတွေ လုပ်အားခ ပိုများနိုင်တယ်။ အလုပ်ခွင်ထဲက facilities တွေအတွက် ပိုသုံးနိုင်မယ် မဟုတ်လား။


ဒါပေမယ့် ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သူတွေကတော့ ဒီ plan ရဲ့ risk တွေကိုလည်း တင်ပြကြသတဲ့။ တကယ်လို့ ဈေးတွေ ပြန်တက်လာရင် တဖြည်းဖြည်းနဲ့ အတိုးနှုန်းကလည်း ပြန်တတ်လာမှာဘဲ။ Bond လို့ ခေါ်တဲ့ ချေးငွေလက်မှတ်တွေအတွက် အတိုးက မြင့်လာဦးမှာဘဲ။

အဆိုးဆုံးအခြေအနေထိဖြစ်လာနိုင်တာကတော့ အဲဒီအကြွေးတွေကိုပေးဖို့ အစိုးရအနေနဲ့ ငွေစက္ကူတွေ ပိုရိုက်ထုတ်လာရပြန်ဦးမယ်၊ ဒီတော့ တခါ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်ဦးမယ်။ အစိုးရအနေနဲ့ အခွန်တိုးကောက်ရတာတွေ၊ austerity measure လို့ ခေါ်တဲ့ (လူမှုဖူလုံရေးအတွက်) သုံးတဲ့ စရိတ်တွေကို ဟိုဖြတ်ဒီဖြတ်လုပ်ရတာတွေ လုပ်ရပေဦးမယ်၊ ဒါဆို တ၀ဲလည်လည်နဲ့ ဂျာအေး သူ့အမေရိုက်တဲ့ Vicious cycle ကြီး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုတယ်အေ့။



နောက်တစ်ခုက တန်ဖိုးကျ weak ဖြစ်လာတဲ့ ယန်းငွေပြသာနာပေါ့။ ငွေတန်ဖိုးကျလာတော့ သူများနိုင်ငံဆီက ၀ယ်ရတဲ့ import တွေအတွက် ဈေးမကြီးသွားဘူးလား။ အထူးသဖြင့် ၂၀၁၁ စူနာမီနဲ့ ငလျင်ကိစ္စကတည်းက ပိတ်လိုက်ရတဲ့ ဂျပန် နူးကလီးယားစက်ရုံတွေကြောင့် ဂျပန်မှာ energy မလုံလောက်တဲ့ ပြသာနာဖြစ်နေသတဲ့။ ငါတို့ဆီမှာလိုတော့ ဘယ်အဆင့်မှီပါ့မလဲအေ။ သူတို့ခမျာမယ် စွမ်းအင်တွေကို နိုင်ငံခြားက ပိုသွင်းနေရတယ်တဲ့... ကျွတ်ကျွတ်။ တို့ဆီမှာလို ပိုလျှံလို့ ရောင်းတောင် ယူရပြီး ဖယောင်းတိုင်ထွန်းနေရတဲ့ အဆင့်ဆိုတာ နည်းနည်းနောနောလားအေရယ်။ ဒီတော့ ဂျပန်အနေနဲ့ အဲလို နိုင်ငံခြားက ၀ယ်သွင်းရတဲ့ ပစ္စည်းတွေအဖို့ ယန်းငွေ တန်ဖိုးကျနေရင် မကွိုင်ဘူးလားအေ။ (တိဘူးလေ)


ဒါနဲ့ မမေ့ခင် ပြောရဦးမယ်။ stimulus လုပ်ပြီး ရိုက်သွင်းလိုက်တဲ့ငွေတွေကို infrastucture တွေ ဆောက်ရာမှာလည်း သုံးပြီး ဈေးကွက်ကို ဆွဦးမှာ တဲ့။ ဒီအတွက် သုံးဖို့ မှန်းထားတဲ့ ငွေကချည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၁၄ billion တဲ့ အေ့။ billion ဆိုတာ သန်းတစ်ထောင် မဟုတ်လား။ ဒေါ်လာ ၁၁၄ billion ဆိုတာ မြန်မာလို ဘယ်လောက်လဲ အုံးစားကြည့်စမ်းပါ။ အဲဒီငွေတွေကို ကျောင်းတွေ လမ်းတွေ ငလျင်ဒဏ်ခံနိုင်အောင်သုံးတာတွေ ဆောက်ရာမှာ သုံးမယ်လို့ ဆိုတယ်။ သိပ္ပံသုသေတနလုပ်တဲ့နေရာနဲ့ အသစ်တဖန်ပြည်လည်သုံးလို့ရတဲ့ renewable energy တွေ ထုတ်ရာမှာလည်း သုံးမယ်လို့ ဆိုတယ်။


ဒီနေရာမှာ မှတ်ထားဦး တော်ရေ... ဂျပန်ရဲ့ လက်ရှိအကြွေးက ဘယ်လောက်ရှိသလဲဆိုတာ။ တိုင်းပြည် GDP ရဲ့ ၂၄၀% ရှိသတဲ့။ ဒါဟာ စက်မှုနိုင်ငံတွေထဲမှာ အမြင့်ဆုံးပါဘဲ တဲ့။ အကြွေး ၂၄၀% ဆိုတာ ဥပမာ တိုင်းပြည်ဝင်ငွေက တစ်ကျပ်ရှိနေရင် အဲ့တိုင်းပြည်မှတင်နေတဲ့ အကြွေးက ၂ ကျပ်ခွဲလောက် ရှိနေတာကို ပြောတာအေ့။ ဒီလောက် ဆိုရင် မြန်မာပြည်လာပြီး ရှင်ဇိုအဘေက အကြွေးလျှော်ပစ်တယ် ဘာညာဆိုတာ စာဖတ်သူကြီးကို ယုံကြည်လွန်းလို့ ဒါမှမဟုတ်လည်း ဘပြောင်ကို အားပေးချင်လို့ ဒါမှမဟုတ်လည်း ဒေါ်စုကို လေးစားလွန်းလို့ စတဲ့ ဘာညာသာရကာဟာ အာပလာတွေပါဆိုတာ သဘောပေါက်ရဲ့ မဟုတ်လား။ ဘယ်သူက အကျိုးမမြင်ဘဲ အပင်ရေလောင်းမှာတုန်းဟယ်... ကိုယ့်ဖြင့် ဆပ်စရာ အကြွေးတစ်ပုံရှိနေသားနဲ့။

အဘေခမျာမလဲ သနားပါတယ်ဟယ်... လုပ်သာလုပ်နေရတယ်၊ ဝေဖန်သူတွေ အပြောကို ကျော့ကော့အောင် ခံစားနေရရှာ... ''ဒီလို လုပ်နေတာဖြင့် ကြာလှပြီ လိုချင်တဲ့ ရလာဘ်လည်း မထွက်သေးဘူး'' လို့ ဆိုသူက ဆိုတယ်။'' ဒီပလန်ကြီးသာ အလုပ်မဖြစ်ရင် အပိုသုံးမိတဲ့ ငွေနဲ့တင် တိုင်းပြည်အကြွေးဒီထက် နစ်မယ်'' လို့ သုံးသပ်သူက သုံးသပ်သတဲ့။

(၃) Struttural Reforms ဆိုတာကရော ဘာလဲ
အဲဒါက စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ လုပ်မယ့် reform တွေလေ။ ဒီ reform တွေအတွက် အသေးစိတ် စီမံကိန်းတွေ ချမှတ်ဖို့လိုသေးပေမယ့် စတော့ စနေပြီတဲ့။ ဒီမှာ အရေးကြီးတာ တစ်ခုရှိတယ်... ဂျပန်က TTP ဆိုတဲ့ အဖွဲ့ထဲ ၀င်ဖို့ လုပ်နေတယ် အေ့။ TPP ဆိုတာ ဘာလဲဆိုတော့ နိုင်ငံ ( ၁၁) နိုင်ငံ ပါဝင်ဆွေးနွေးနေတဲ့ Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့တဲ့။ အဲဒီအဖွဲ့မှာ ဂျပန်က သူပါ ပါချင်တယ်လို့ ကမ်းလှမ်းထားသတဲ့။

အဲဒါကို ဂျပန်လယ်သမားတွေက စိုးရိမ်နေကြတယ်လေ။ ဘာလို့လဲဆိုတော့ ဒီသဘောတူညီမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ အဆင်ပြေပြေနဲ့ ကုန်သွယ်နိုင်ရေး တဲ့။ ဟင်... ဒါများ ဘာမကောင်းတာလဲ ရှိလဲလို့ ထင်နေပြီ မဟုတ်လား။ ဒီလို အေရဲ့... Tariff ဆိုတဲ့ စကားကို ကြားဖူးတယ် မဟုတ်လား... ကိုယ့်နိုင်ငံထဲ ၀င်လာတဲ့ နိုင်ငံခြားသွင်းကုန်တွေကို စည်းကျပ်ထားတဲ့ အခွန်လေ။


အဲဒီ Tariff ဆိုတာကြီးက အရေးကြီးမှကြီးဘဲ တဲ့။ ဘာလို့လည်းဆိုရင် အဲ့ဒီအခွန်မှမရှိရင် ပြည်တွင်းကို တခြားနိုင်ငံက ကုန်တွေ နင်းကန်ဝင်လာနိုင်တယ်လေ။ ဥပမာပြောရရင်အေ... အခု တရုတ်က solar panel တွေ နင်းကန် ဥရောပကို တင်သွင်းလာတယ်။ တရုတ်ဈေးက အနောက်နိုင်ငံတွေက ထုတ်တဲ့ solar panel တွေနဲ့ ယှဉ်လိုက်ရင် ဈေးတွေက သိပ်ပေါနေတာပေါ့။ ဒီတော့ ဥရောပတိုင်းပြည်တွေက ထုတ်တဲ့ solar panel လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ် မဟုတ်လား။ ဒီတော့ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ရာ အခုဆိုရင် ဥရောပနိုင်ငံတွေက တရုတ် solar panel တွေ အပေါ်မှာ Tariff အများကြီး ကောက်ဖို့ လုပ်နေတယ်လေ။ အဲဒါကို ဘောဂဗေဒမှာ Protectionism လို့ ခေါ်တယ် အေ့။ ပြည်ပသွင်းကုန်တွေပေါ်မှာ Tariff အခွန်ကြီးကြီးကောက်ပြီး မိမိတိုင်းပြည်ထဲက လုပ်ငန်းတွေကို ကာကွယ်ပေးထားပေါ့အေ။

ဂျပန်က အဲဒီ Protectionism ဆိုတာကို ကျင့်သုံးတယ်။ အထူးသဖြင့် လယ်ယာကဏ္ဍမှာပေါ့။ အခု ရှင်ဇိုအဘေက အဲဒီ TPP ထဲကို ၀င်ချင်တယ် ဆိုတော့ TPP ရဲ့ မူကို ကျင့်သုံးရတော့မှာမယ်။ TPP ရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ tariff တွေ လျှော့ချဖို့၊ ဖြစ်နိုင်ရင် tariff တွေ လုံးဝမကောက်ဖို့ ရည်ရွယ်ထားကြတယ်။ ဒီလောက်ဆို ဂျပန် လယ်သမားတွေ ဘာကြောင့် ဒေါကီးနေသလဲ ဆိုတာ ရိပ်မိပြီ မဟုတ်လား။ TPP Agreement သာ လုပ်ဖြစ်လို့ tariff ကို လျော့လိုက်ရင် စိုက်ပျိုးရေးကဏ္ဍအတွက် risk ရှိတယ် လေ။ တခြားနိုင်ငံတွေက agricultural products တွေ ကိုယ့်နိုင်ငံထဲကို လှိမ့်ဝင်လာနိုင်တယ် မဟုတ်လား။ ဂျပန် လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေနိုင်တယ်။ သက်ကြီးပိုင်းလယ်သမားတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုအပေါ် ဒီထက် ပိုမှီခိုလာရနိုင်တယ်။ အစိုးရ ဘဏ္ဍာအတွက် ၀န်ပိနိုင်တာပေါ့။



တချို့ကတော့ tariff တွေ လျော့ချလို့ အစားအသောက်ဈေးတွေကျရင် ကောင်းတယ်။ ၀ယ်လိုအားတက်မယ်။ ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးလာနိုင်တယ် လို့ ဆိုပြန်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ဇိုအဘေ အခုလုပ်နေတဲ့ မူဝါဒတွေဟာ ဂျပန်သမိုင်းမှာ အတော်ကို ရဲတင်းတဲ့ မူဝါဒတွေ လို့ ပညာရှင်တွေက ဆိုသတဲ့။ အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့... ငါတို့ကတော့ လေညာက အနေသာကြီးဘဲနော့။ အကြွေးကလေး ကျေသွားလို့ မိုးမမြင်လေမမြင် ၀မ်းသာပီတိ ဂွမ်းဆီထိနေချိန်မှာ ဂူကလေးတော့ မြင်အောင် သတိကလေး မူထားရမှာပေါ့ အေရယ်... ဟုတ်ဖူးလား။

စာရေးသူ Spring Flowers
Facebook မှ ကူးယူဖော်ပြပါသည်။
Read More

Myfxbook: Online Automated Analytical Tool

8:00 PM | , ,


Forex Trading မှာ အောင်မြင်နေတဲ့သူတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ Keep Records ဆိုတာပါပဲ။ Trader ကောင်းဖြစ်ဖို့အတွက် မှတ်တမ်းထိမ်းကောင်းသူလဲ ဖြစ်ဖို့ လိုပါတယ်တဲ့။ သူတို့ဟာ Trade တစ်ခု အောင်မြင်ခဲ့ရင်လဲ ဘာကြောင့်၊ ဘယ်လိုဆိုတာ သိချင်ကြပါတယ်။ ပိုပြီး အရေးကြီးတာကတော့ ရှုံးတဲ့အခါမှာလဲ ဘာကြောင့် ရှုံးတာလဲဆိုတာကို တိတိကျကျ သိချင်ကြပါတယ်။ ဒါမှလဲ မလိုလားအပ်တဲ့အမှားတွေ ထပ်ပြီး မရောက်လာမှာကိုး။

သူတို့ပြောလေ့ရှိတာကတော့ ပစ်မှတ်ထားမယ့်နေရာ၊ Trade တစ်ခုချင်းစီရဲ့ အ၀င်နဲ့ အထွက်၊ အချိန်၊ Support နဲ့ Resistance နေရာတွေ၊ နေ့စဉ် ဈေးကွက်အဖွင့်နဲ့ အပိတ်၊ ဘာကြောင့် Trade ကို လုပ်ရတယ်၊ သင်ခန်းစာယူခဲ့ပုံ အကြောင်းတွေကို မှတ်ချက်တွေနဲ့တကွ မှတ်တမ်းလို အသေးစိတ် ချပြီးရေးခိုင်းပါတယ်။ ကိုယ်ရဲ့ Trading System တစ်ခုအတွက် အရှုံး ဒါမှမဟုတ် အမြတ်ကို ပြန်စီစစ်နိုင်ဖို့ အတွက်လဲ ဒီအချက်အလက်တွေက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ တကယ်လို့ အမြတ်ထက် အရှုံးကများနေတယ်ဆိုရင် Trading System ကို ပြောင်းလဲဖို့ လိုနေပါပြီ။ နောက် System တွေကိုလဲ သေချာနှိုင်းယှဉ်ကြည့်ပါ။ Forex Trading လုပ်နေတာဟာ လောင်းကစားလုပ်နေတာမဟုတ်ဘဲ စီးပွားရေးလုပ်နေတယ်ဆိုတာနဲ့ ကျွန်တော်တို့ဟာ ကိုယ်တိုင်စာရင်းကိုင် လုပ်နေရတယ်ဆိုတာကို အမြဲတမ်း အမှတ်ရပါ။

Trader အများစုကတော့ အဲဒီလို မှတ်တမ်းတွေကို သိမ်းဆည်းဖို့အတွက် စာအုပ်မှာ ရေးမှတ်ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အချက်အလက်တွေကို ကိုယ်တိုင်ကူးရေးရတာလေ။ Trade တစ်ခုတည်းကိုပဲ Trade ဖွင့်တဲ့အခါမှာ တစ်ခါရေးလိုက်ရ၊ Trade ပိတ်တဲ့အခါမှာ နောက်ထပ် ထပ်ရေးလိုက်ရ၊ အမြတ်တွေကို သိချင်တဲ့အခါ ပေါင်းလိုက်ရ၊ အရှုံးတွေကို သိချင်လို့ အရှုံးတွေချည်းပဲ လိုက်ပေါင်းလိုက်ရ၊ ငွေဖြည့်တာ၊ ငွေထုတ်တာလုပ်ရင် အဲဒါတွေကို ထည့်ပြီးတွက်ရ၊ ဒီကြားထဲ Trade တစ်ခုချင်းစီအတွက် မှတ်ချက်သဘောတွေကို လိုက်ပြီး ရေးရဦးမယ်ဆိုတော့ ဒီအလုပ်ကြီးက တွေးကြည့်တာနဲ့တင် တော်တော်မလွယ်ဘူးဆိုတာကို သိကြမှာပါ။ အဲဒါကြောင့်လဲ ရေရှည်မှာ ပုံမှန်မှတ်တမ်းထားတဲ့သူ တော်တော်ကို နည်းမယ်ထင်ပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ Trading System ကို နှိုင်းယှဉ်ကြည့်ဖို့ နေနေသာသာ ဘယ်တုန်းက ဘယ် Trade ကို ဖွင့်ပြီး ဘယ်လို ပိတ်ခဲ့တယ်ဆိုတောင် မမှတ်မိကြတော့ပါဘူး။

အဲဒီလို ကိုယ်တိုင်လိုက်ကူးရေးနေရတဲ့ အချက်အလက်တွေကို အလိုလို အော်တိုစနစ်နဲ့ မှတ်တမ်းတင်ပေးနေပြီး ကိုယ်က ကိုယ်ရဲ့မှတ်ချက်လေးပဲ ရေးလို့ရရင် ကောင်းမှာပဲလို့ တွေးမိကြဖူးလား။

အဲဒါဆိုရင်တော့ စာဖတ်သူအနေနဲ့ ၀မ်းသာလိုက်ပါတော့။ ကိုယ့်ရဲ့ Trading အချက်အလက်တွေကို အဲဒီလို လုပ်ပေးနိုင်တဲ့ Online Automated Analytical Tool ရှိပါတယ်။ MT4 က Trade တစ်ခုချင်းစီရဲ့ အချက်အလက်တွေကို ငါးမိနစ်တစ်ကြိမ် အော်တိုရယူပြီး မှတ်တမ်းပြုလုပ်ထားပေးမှာပါ။ ပိတ်ခဲ့ပြီးတဲ့ Trade တွေရော၊ လက်ရှိ ဖွင့်ထားဆဲ Trade တွေကိုရော အားလုံးကို မှတ်တမ်းရယူထားပါလိမ့်မယ်။ ကိုယ့်ရဲ့ အရှံးအမြတ်တွေကို ဂရပ်တွေနဲ့ သေသေချာချာ စမ်းစစ်ကြည့်လို့ ရပါတယ်။

Trader တွေကတော့ myfxbook ဆိုရင် သိကြမယ် ထင်ပါတယ်။ Trader အများစုကတော့ ဒီဆိုဒ်မှာ Economic Calendar ကို ကြည့်မယ်၊ သတင်းတွေကို ဖတ်မယ်၊ ပြီးတော့ ကိုယ့်မှာဘလော့ရေးထားတာ ရှိတယ်ဆိုရင် ဘလော့အတွက် Widgets တွေကို ယူပြီး အသုံးချတာတွေ ရှိပါတယ်။

Myfxbook ကို နောက်တစ်မျိုးအနေနဲ့ အသုံးပြုလို့ ရတာကတော့ ကိုယ်ရဲ့ Forex Trading Account အတွက် Online Automated Analytical Tool တစ်ခုအနေနဲ့လဲ အသုံးပြုလို့ ရပါတယ်။

အဲဒီလို အသုံးပြုဖို့အတွက်ဆိုရင်တော့ အရင်ဆုံးအနေနဲ့ myfxbook မှာ အကောင့်တစ်ခု Register လုပ်ထားဖို့အတွက် လိုအပ်ပါတယ်။ အကောင့် ပြုလုပ်ဖို့အတွက် ဒီလင့်ကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ဖြည့်စွက်ပြီးတာနဲ့ Sign Me Up! ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင်တော့ ကိုယ့်ရဲ့ အီးမေးထဲကို ၀င်ပြီးတော့ myfxbook ကနေ ပို့ထားပေးတဲ့ Activation လင့်ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင်တော့ myfxbook မှာ အကောင့်လုပ်တာ ပြီးသွားပါပြီ။ အရမ်းကို လွယ်ကူပါတယ်။


ပြီးတာနဲ့ ကိုယ့်ရဲ့ Trader အကောင့်နဲ့ myfxbook ကို ချိတ်ဆက်ပေးဖို့ လိုပါတယ်။ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Portfolio ကနေ Add Account... ဆိုတာကို နှိပ်လိုက်ပါ။

myfxbook မှာ ကိုယ့်ရဲ့ Trader အကောင့်ကို ချိတ်ဆက်ပေးရမယ်ဆိုလို့ ကိုယ့်အကောင့်ရဲ့ လုံခြုံရေးကို စိတ်ပူဖို့ မလိုပါဘူး။ Trader Password ကို အသုံးပြုဖို့ မလိုအပ်ပဲ အကောင့်နံပါတ်ကိုပဲ အသုံးပြုမှာဖြစ်လို့ အကောင့်လုံခြုံရေးကတော့ 100% စိတ်ချရပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Add Account ဆိုတာကို ထပ်ပြီးတော့ နှိပ်ပေးပါ။


အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း ဖြည့်ပေးရမယ့် အချက်အလက်တွေကတော့

My Platform is ဆိုတဲ့နေရာမှာ MetaTrader4 (Publisher) ဆိုတာကို ရွေးချယ်ပေးပါ။

My Broker is ဆိုတဲ့နေရာမှာတော့ ကျွန်တော်ကတော့ ယခုလက်ရှိ FBS ကို အသုံးပြုနေတာဖြစ်လို့ FBS ကို ရွေးချယ်လိုက်ပါ။ အခြား Broker ကို သုံးတဲ့သူတွေကတော့ ကိုယ့်ရဲ့ Broker နာမည်ကို ရှာပြီးတော့ ရွေးချယ်ပေးပါ။

ဒီနေရာမှာ နည်းနည်းတော့  ကြော်ငြာဝင်ပါဦးမယ်။ အဲဒါကတော့ FBS အကြောင်းကို မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ မိတ်ဆက်လေးပါ။  FBS မှာ Trader အကောင့် Register လုပ်ပုံလုပ်နည်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

မိတ်ဆက်ပေးချင်တဲ့ FBS ရဲ့ အားသာချက်တွေကတော့
  • နာမည်ကြီး Online Broker ဖြစ်သဖြင့် ယုံကြည်စိတ်ချရပါတယ်။
  • Brokerage Commission မရှိပါဘူး။
  • spread နည်းက အခြား Broker တွေထက် ပိုနည်းပါတယ်။
  • Deposit လုပ်ရင် 100% Bonus ပေးပါတယ်။ ဒေါ်လာတစ်ရာထည့်တယ်ဆိုရင် ကိုယ့်အတွက် Bonus ဒေါ်လာ ၁၀၀ ပြန်ပေးပါတယ်။
  • MT4 ဆော့ဝဲကို အထောက်အပံ့ပေးထားပါတယ်။ 
  • Demo အကောင့်ကိုလဲ အလွယ်တကူ Register လုပ်နိုင်ပါတယ်။ 
  • မြန်မာကနေ စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။
  • ဖြည့်သွင်းနိုင်တဲ့ ငွေပမာဏတွေကိုလဲ ကိုယ့်ရဲ့အကောင့်အမျိုးအစားပေါ်ကို မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Cent အကောင့်မှာဆိုရင် အနည်းဆုံး 1$, Micro အကောင့်မှာဆိုရင် အနည်းဆုံး 5$, Standard အကောင့်မှာဆိုရင် အနည်းဆုံး 100$ ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတဲ့ အကောင့်ကို ရွေးချယ်ပြီး Register လုပ်နိုင်ပါတယ်။ 
ဆက်လက်ပြီးတော့ ကိုယ်ရဲ့ Trader အကောင့်ရဲ့ Information တွေကို ဖြည့်သွင်း ပေးရပါမယ်။ သိပ်ပြီးတော့ အရေးမကြီးပါဘူး။ ဒီအလက်အချက်တွေကို နောက်ပိုင်းမှ ပြန်ပြင်လို့လဲ ရပါတယ်။

Choose a name: ဆိုတဲ့နေရာမှာ ကိုယ့်အတွက် အဆင်ပြေမယ့် နာမည်တစ်ခုကို ပေးပါ။
System type: TA (or) FA ကို ရွေးပေးပါ။ ကိုယ်က FA သမားဆိုရင်တော့ FA ကို ရွေးပေးပါ။
Trading type: ဒါကတော့ Manual လား၊ EA တွေကို သုံးတာလား မေးတာပါ။
Account type: ဒါကတော့ Real အကောင့်လား၊ Demo အကောင့်လားဆိုတာကို ရွေးပေးပါ။
Leverage: ကိုယ်သုံးနေတဲ့ Leverage ကို ရွေးချယ်ပေးပါ။

ပြီးရင်တော့ ကိုယ့်ရဲ့ Trading Result တွေကို အခြားသူတွေ ၀င်ရောက်ကြည့်လို့ရအောင် ရှယ်ယာလုပ်မှာလား (Public)၊ ဒါမှမဟုတ် ကိုယ်တစ်ယောက်တည်းပဲ ကြည့်လို့ရအောင် ထားမှာလား (Private) ဆိုတာကို ရွေးချယ်ပေးပါ။ ပြီးရင် Save ဆိုတာကို နှိပ်လိုက်ပါ။


အားလုံးဖြည့်ပြီးသွားလို့ Save ကို နှိပ်လိုက်ရင် အပေါ်က ပုံအတိုင်း တွေ့ရပါလိမ့်မယ်။ အချက်အလက်တွေကို ပြန်ပြင်ချင်တယ်ဆိုရင် Edit ဆိုတာကို နှိပ်ပြီး ပြင်နိုင်ပါတယ်။ နောက်ထပ် အကောင့်တွေရှိသေးလို့ အကောင့်အသစ်နဲ့ ထပ်ပြီး ချိတ်ချင်တယ်ဆိုရင်တော့ Add Account ကို နှိပ်ပြီး ချိတ်နိုင်ပါတယ်။ 

Connection ဆိုတဲ့ နေရာမှာ Pending ဆိုပြီး ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ MT4 မှာ သွားပြီးတော့ အချက်အလက်တွေ ထည့်သွင်းပြီး ချိတ်ဆက်ပေးဖို့ လိုပါသေးတယ်။ အဲဒီအတွက် အပေါ်က ပုံမှာ အနီရောင်နဲ့ ၀ှိုက်ပြထားတဲ့နေရာက ဂဏန်းနံပါတ်ကို သေချာမှတ်ထားပါ။ MT4 မှာ အဲဒီ ဂဏန်းနံပါတ်ကို ထည့်သွင်းပေးရပါမယ်။


ပြီးရင်တော့ ကိုယ့်ရဲ့ MT4 ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် Tools ကနေ Options ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် FTP ဆိုတာကို နှိပ်ပေးပါ။ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ထည့်သွင်းပေးဖို့ အတွက် တွေ့ရပါလိမ့်မယ်။


FTP server: ဆိုတဲ့နေရာမှာ  ftp.myfxbook.com:21 ဆိုတာကို ဖြည့်စွက်ပေးပါ။

FTP path: ဘာမှ ဖြည့်သွင်းပေးဖို့ မလိုပါဘူး။ ဖြည့်သွင်းထားတာရှိရင် ဖျက်ပစ်ပါ။

FTP Login: ဒီနေရာမှာတော့ ကျွန်တော်အပေါ်က အဆင့်မှာ မှတ်ထားဖို့ ပြောခဲ့တဲ့ ဂဏန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။

FTP Password: ဒီနေရာမှာတော့ ကိုယ့်ရဲ့ Myfxbook အကောင့်ရဲ့ ပက်ဝက်ကို ထည့်သွင်းပေးပါ။ ကိုယ့်ရဲ့ Trader ပက်ဝက်ကို ပြောတာမဟုတ်ပါဘူး။ သေချာသတိထားပါ။

Passive mode ဆိုတာရဲ့ ဘေးမှာ အမှန်ခြစ်ပေးပါ။
Enable automatic publishing of reports via FTP ဆိုတာမှာ အမှန်ခြစ်ပေးပါ။

Account: ဒီနေရာမှာတော့ ကိုယ့်ရဲ့ Trader အကောင့်နံပါတ်ကို ထည့်သွင်းပေးရပါမယ်။ MT4 မှာ Login ၀င်တဲ့အခါမှာ အသုံးပြုတဲ့ အကောင့်နံပါတ်ပါ။ 

Refresh every: ဆိုတဲ့နေရာမှာ 5 minutes ကို ရွေးချယ်ပါ။ ကိုယ်အဆင်ပြေတာကိုလဲ ရွေးချယ်နိုင်ပါတယ်။ အချက်အလက်တွေကို ငါးမိနစ်တစ်ကြိမ်ပို့ပေးနေမယ်လို့ ဆိုလိုတာပါ။

အချက်အလက်တွေအားလုံးကို ဖြည့်ပြီးသွားရင် Test ဆိုတာကို နှိပ်ကြည့်ပါ။ 


အပေါ်မှာ ပြထားတဲ့အတိုင်း Report was successfully queued! ဆိုရင် အချက်အလက်တွေ ထည့်သွင်းပေးတာ အားလုံးအဆင်ပြေပါတယ်။


MT4 ရဲ့ Journal မှာလဲ Publisher: Starting,  Publisher: ok ဆိုပြီးတော့ တက်လာတာကိုလဲ တွေ့ရပါလိမ့်မယ်။


ပြီးရင် myfxbook မှာ Connection ဆိုတာမှာ Active ဖြစ်မဖြစ်ဆိုတာကို စစ်ကြည့်ပါ။


တကယ်လို့ Active မဖြစ်သေးဘဲ Pending ပဲ ဖြစ်နေသေးတယ်ဆိုရင် Account History ဆိုတာကို နှိပ်ပြီးတော့ History window မှာ Right Click ထောက်ပြီး All History ကို ရွေးချယ်ပေးပါ။


အဲဒါဆိုရင်တော့ myfxbook မှာ Active ဖြစ်သွားပြီးတော့ ကိုယ့်ရဲ့ Trading နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို တွေ့ရပါလိမ့်မယ်။ အပေါ်က ပုံမှာတော့ ကျွန်တော်အကောင့်ရဲ့ ပိတ်ခဲ့ပြီးသား Trade တွေကို တွေ့ရပါလိမ့်မယ်။


ဒါကတော့ ကျွန်တော့် အကောင့်ရဲ့ Profit ဂရပ်ကို ပြထားတာပါ။ စာဖတ်သူလဲ ကိုယ့်ရဲ့ အချက်အလက်တွေကို myfxbook မှာ ရောက်လာပြီဆိုတာနဲ့ အားလုံးကို စမ်းစစ်ကြည့်နိုင်ပါပြီ။ စာဖတ်သူကိုယ်တိုင်ပဲ လက်တွေ့ myfxbook ကို အသုံးချကြည့်ပါ။ ကိုယ့်အတွက် အများကြီး အထောက်အကူပြုတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ 
  • အွန်လိုင်းမှာ Trading Tips တွေရောင်းတာ၊ Signal တွေကို ရောင်းတာ၊ EA တွေ၊ Auto Trading Bot တွေကို ရောင်းတာတွေ့ဖူးပါလိမ့်တယ်။ သူတို့ရဲ့ စနစ်က ဘယ်လောက်အထိ၊ အတိုင်းအတာအထိ၊ မှန်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အခုလို Trading Result တွေကို တောင်းကြည့်ပါ။ သူတို့အနေနဲ့ ဘာမှ သက်သေမပြနိုင်ဘူးဆိုရင်တော့ မ၀ယ်တာက ပိုပြီးကောင်းပါတယ်။
  • အွန်လိုင်းမှာ အခမဲ့ပေးတဲ့ EA တွေလဲ ရှိပါတယ်။ အဲဒီလို Free EA တွေကိုတော့ Demo အကောင့်မှာ နှစ်လ၊ သုံးလလောက် ထည့်သွင်းအသုံးပြုကြည့်ပါ။ EA ကို ဈေးကွက် အခြေအနေအမျိုးမျိုးနဲ့ ဖြတ်သန်းခိုင်းကြည့်ပါ။ အချိန်ကြာလေလေ ပိုပြီးကောင်းလေလေပါပဲ။ ပြီးရင် myfxbook ကနေ အချက်အလက်တွေကို ရယူပြီး Real အကောင့်မှာ သုံးသင့်၊ မသုံးသင့် သေချာစမ်းစစ်ကြည့်ပါ။ Demo မှာတောင် Result တွေက အခြေအနေ မကောင်းဘူးဆိုရင်တော့ Real အကောင့်မှာ မသုံးသင့်ပါဘူး။
  • Facebook လို လူမှုကွန်ယက်တွေမှာ အမြတ်ရထားတဲ့ ပုံတွေကို လောဘတက်လာအောင်ပြပြီး Trade လုပ်ချင်လာအောင်၊ Trading စနစ်တွေကို ၀ယ်ချင်လာအောင် လုပ်တတ်တဲ့သူတွေလဲ ရှိပါတယ်။ သူတို့တွေကိုတော့  myfxbook မှာ အချက်အလက်တွေကို ထည့်သွင်းခိုင်းပြီးတော့ Public အနေနဲ့ ဘယ်သူမဆို ၀င်ကြည့်လို့ရအောင် လုပ်ခိုင်းကြည့်ပါလား။
အားလုံးပဲ အဆင်ပြေကြပါစေ။ အခက်အခဲရှိတယ်ဆိုရင်တော့ အောက်မှာ ကွန်းမန့်ထားခဲ့ပြီး ပြောခဲ့နိုင်ပါတယ်။
Read More

Position Size Calculator

7:00 AM | ,

Trader တစ်ယောက် Trade တစ်ခုကို ဖွင့်တော့မယ်ဆိုရင် Stop Loss, Take Profit တို့ကို Support, Resistance တွေကနေ သတ်မှတ်တယ်၊ ပြီးရင် Lot ဆိုဒ် ဘယ်လောက်နဲ့ ဖွင့်မယ်ဆိုတာကို ဆုံးဖြတ်ရပါတယ်။ တချို့တွေကတော့ Lot ဆိုဒ်တွေ မှားဖွင့်မိလို့ ဈေးနှုန်းနည်းနည်းပြောင်းတာနဲ့တင် အရှုံးတွေနဲ့ Trade တွေက Close ဖြစ်ကုန်ကြပါတယ်။

ဒီ Indicator လေးကတော့ Trader တစ်ယောက်အတွက် Lot ဆိုဒ်ဘယ်လောက်နဲ့ Trade ဖွင့်ရမယ်ဆိုတာကို အလိုအလျောက် တွက်ချက်ပေးပါတယ်။ Trading Bot တွေလို Trade ကိုတော့ အော်တိုဖွင့်ပေးမှာ မဟုတ်ပါဘူး။ Trader ကနေ ကိုယ်တိုင်ပဲ Trade ကို ဖွင့်ရမှာဖြစ်ပါတယ်။

Indicator ကနေ Lot ဆိုဒ်ကို အောက်က အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ပေးပါလိမ့်မယ်။ အဓိကအချက်တွေကတော့
  1. ကိုယ့်ရဲ့ Trading အကောင့်ထဲမှာရှိတဲ့ ငွေပမာဏ၊ 
  2. Trade တစ်ခုအပေါ်မှာ အဆုံးရှုံးခံနိုင်တဲ့ ငွေပမာဏ (သို့) 
  3. Trade တစ်ခုအပေါ်မှာ အကောင့်ထဲမှာရှိတဲ့ ငွေစုစုပေါင်းရဲ့ အဆုံးရှုံးခံနိုင်တဲ့ ရာခိုင်နှုန်း၊ 
  4. ကိုယ်သတ်မှတ်ထားတဲ့ Stop Loss နေရာတို့ပဲ ဖြစ်ပါတယ်။ 
ပြီးတော့ ကိုယ်သတ်မှတ်ထားတဲ့ Risk/Reward Ratio ပေါ်ကို မူတည်ပြီးတော့ Take Profit နေရာကိုလဲ တွက်ချက်နိုင်ပါတယ်။

တွက်ချက်တဲ့အခါမှာလဲ အရမ်းကို လွယ်ကူပါတယ်။ သူက Entry Level, SL, TP level တွေအတွက် Line တွေကို Chart ပေါ်မှာ အော်တိုထည့်ပေးပါတယ်။ ကိုယ်က အဲဒီ Level မျဉ်းတွေကို ရွှေ့ပေးလိုက်တိုင်း Indicator ကနေ ကိုယ်သတ်မှတ်ထားတာရဲ့ ဘယ်လောက် ဆုံးရှုံးတဲ့နေရာကို ရောက်နေပြီဆိုတာနဲ့ Lot ဆိုဒ်ကို အလိုလို တွက်ချက်ပေးပါလိမ့်မယ်။


Indicator ကနေ ထည့်သွင်းပေးရမယ့် အရေးကြီးတဲ့ Input Parameters တွေကိုလဲ နည်းနည်းပြောပြပေးပါမယ်။ အားလုံးကို ဘာမှမပြင်ဘဲ မူရင်းအတိုင်းလဲ ထည့်သွင်းပေးလဲ ရပါတယ်။

EntryType (default = Instant)
Instant ကို ရွေးထားတယ်ဆိုရင် Entry Level မျဉ်းကို ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်းပဲ ပြထားပေးပါတယ်။ Pending ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ Entry Level အတွက် မျဉ်းတစ်ကြောင်း Chart ပေါ်မှာ ထည့်သွင်းပေးပါလိမ့်မယ်။ အဲဒီမျဉ်းကို ကိုယ်ကြိုက်သလို ရွှေ့ပေးနိုင်ပါတယ်။

EntryLevel (default = 0)
ဒီနေရာမှာ ဘာမှမပြင်လဲ ရပါတယ်။ EntryType မှာ Pending ကို ရွေးချယ်ထားခဲ့တယ်ဆိုရင်တော့ Entry Level မျဉ်းကို ရွေ့ပေးလို့ ရပါတယ်။

StopLossLevel (default = 0)
ဒီနေရာမှာ ဘာမှမပြင်လဲ ရပါတယ်။

TakeProfitLevel (default = 0)
Reward/Risk ratio ကို တွက်ဖို့အတွက် Take Profit level မျဉ်းကို ထည့်သွင်းပေးချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Entry Level နဲ့ သိပ်မကွာတဲ့ ဈေးနှုန်းကို ထည့်သွင်းပေးလိုက်ပါ။ Chart ပေါ်မှာ မျဉ်းပေါ်လာမှ ကိုယ်ကြိုက်တဲ့နေရာကို ရွှေ့ပြောင်းနိုင်ပါတယ်။

Risk (default = 1)
ဒီနေရာမှာတော့ ငွေစုစုပေါင်းရဲ့ Trade တစ်ခုအပေါ်မှာ အဆုံးရှုံးခံနိုင်တဲ့ ရာခိုင်နှုန်းကို ထည့်သွင်းပေးရပါမယ်။ မူရင်းကတော့ 1% ဖြစ်ပါတယ်။ ဒီနေရာမှာတော့ Popular Trader တွေ အကြံပေးတာကတော့ 1%-2% အထိပဲ ဖြစ်သင့်ပါတယ်တဲ့။

MoneyRisk (default = 0)
ရာခိုင်နှုန်းတစ်ခုနဲ့မဟုတ်ဘဲ Trade တစ်ခုမှာ ဒေါ်လာ ၂၀ အဆုံးရှုံးခံမယ်ဆိုရင် ဒီနေရာမှာ 20 ဆိုပြီး ရိုက်ထည့်ပေးရပါမယ်။ ရာခိုင်နှုန်းနဲ့ပဲ အသုံးပြုကြတာ များပါတယ်။

CommissionPerLot (default = 0)
1 lot မှာ ပေးရတဲ့ Broker ကော်မရှင်ကို ထည့်သွင်းပေးနိုင်ပါတယ်။ ကော်မရှင်မပေးရဘူးဆိုရင်တော့ မူရင်းအတိုင်းပဲ ထားနိုင်ပါတယ်။

UseMoneyInsteadOfPercentage (default = false)
အဆုံးရှုံးခံနိုင်တာကို ရာခိုင်နှုန်းနဲ့မသုံးဘဲ ငွေပမာဏနဲ့ တွက်ချင်တယ်ဆိုရင် ဒီနေရာမှာ True ကို ရွေးချယ်ပေးပါ။

UseEquityInsteadOfBalance (default = false)
ကိုယ့်ရဲ့ အကောင့် Balance ငွေပမာဏ (ဒါမှမဟုတ်) Equity ငွေပမာဏကို အခြေခံပြီး တွက်မှာလားဆိုတာကို ရွေးချယ်ပေးဖို့အတွက်ပါ။ ကိုယ်က အကောင့်ထဲကို ဒေါ်လာ ၁၀၀ ထည့်တယ်ဆိုပါစို့။ အကောင့် Balance မှာ ဒေါ်လာ ၁၀၀ ဆိုပြီးပြပါတယ်။ ကိုယ်က Trade ဖွင့်ထားတာရှိပြီး ၁၀ ဒေါ်လာလောက် အနှုတ်ပြနေတယ်ဆိုပါစို့။ အဲဒါဆိုရင် ကိုယ့်ရဲ့ Equity က ဒေါ်လာ ၉၀ ဆိုပြီး ဖြစ်နေပါမယ်။ ကိုယ်က ဘယ်ငွေပမာဏအပေါ်မှာ အခြေခံပြီး Lot ဆိုဒ်ကို တွက်မလဲဆိုတာကို ရွေးချယ်ရပါမယ်။ မူရင်းအတိုင်းကတော့ အကောင့် Balance ကို အခြေခံပြီး တွက်ပါတယ်။

DeleteLines (default = false)
တကယ်လို့ ကျွန်တော်တို့က Indicators ကို မသုံးချင်တော့လို့ ပြန်ဖြုတ်တာ၊ ပြန်ထည့်တာတွေ ပြုလုပ်ရင် Indicators ကနေ Chart ပေါ်မှာ ထည့်သွင်းတဲ့ မျဉ်းတွေကို ဖျက်ခိုင်းဖို့အတွက်ပါ။ မူရင်းကတော့ ကိုယ်သတ်မှတ်ထားတဲ့ TP, SL တွေကို မှတ်မိနေအောင် မဖျက်ပါဘူး။

အခြားဟာတွေကတော့ သိပ်အရေးမကြီးတဲ့ ကိုယ့်အကောင့်ရဲ့ Margin ကိုပြတာ၊ လိုင်းတွေရဲ့ အရောင်တွေပြောင်းတာ၊ Font အရွယ်အစားတွေကို ပြောင်းလဲတာ၊ စာလုံးတွေရဲ့ Position တွေကို ပြောင်းတဲ့ Parameter တွေ ဖြစ်နေလို့ မပြောတော့ပါဘူး။

Main Window

Separate Window

Indicator ကတော့ Main Window ပေါ်မှာ အချက်အလက်တွေဖော်ပြတာ (အပေါ်ပုံ) နဲ့ သီးသန့် Window တစ်ခုမှာ အချက်အလက်တွေကို ဖော်ပြတာ (အောက်ပုံ) ဆိုပြီး နှစ်ခုရှိပါတယ်။ ကိုယ်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ အပေါ်က ပုံနှစ်ခုကို ကြည့်လိုက်မယ်ဆိုရင် Chart ပေါ်မှာ ကိုယ်တိုင် ရွေ့ပြောင်းပေးနိုင်တဲ့ မျဉ်းတွေ၊ Entry Level, Stop Loss, Take Profit Level တွေနဲ့ Trader အနေနဲ့ ဖွင့်ရမယ့် Lot ဆိုဒ်ကို အနီရောင်နဲ့ ပြထားပေးတယ်ဆိုတာ တွေ့ပါလိမ့်မယ်။

Indicator တွေကို ထပ်ပေါင်းထည့်ပြီး အသုံးမပြုတတ်ဘူးဆိုရင်တော့ ဒီလင့်မှာ ပုံတွေနဲ့အတူ ရှင်းပြထားပါတယ်။

တကယ်လို့ Trader အကောင့်မရှိသေးဘူးဆိုရင် အွန်လိုင်းကနေ Forex Trading ပြုလုပ်နိုင်ဖို့အတွက် နာမည်ကြီး Broker တစ်ခုဖြစ်တဲ့ FBS မှာ Trader အကောင့်ဖွင့်တာကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။

Indicator ထည့်သွင်းတာမှာ အခက်အခဲရှိတယ်ဆိုရင်တော့ အောက်မှာ ကွန်းမန့်ရေးပြီး ပြောခဲ့နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
Read More

How To Add and Use Custom Indicators To MT4

5:30 AM |

အခုပို့စ်မှာတော့ ကျွန်တော်တို့ အသုံးပြုလိုတဲ့ MT4 Indicators တွေကို ထပ်ပေါင်းထည့်တာကို ပုံတွေနဲ့အတူ ပြောပြပေးသွားပါမယ်။


၁။ အရင်ဆုံး ကိုယ်ထပ်ပေါင်းထည့်ချင်တဲ့ Indicators တွေကို အရင်ဆုံး Copy ကူးထားလိုက်ပါ။ Indicator ဖိုင်တွေက (***.mq4) File extension နဲ့ ဖြစ်ပါတယ်။ ပြီးရင် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း MT4 မှာ File Menu ကနေ Open Data Folder ဆိုတာကို ဖွင့်လိုက်ပါ။


၂။ ပြီးရင် အပေါ်က ပုံမှာပြထားတဲ့အတိုင်း MQL4 ဖိုင်ကို ဖွင့်လိုက်ပါ။


၃။ ပြီးရင် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Indicators Folder ကို ဖွင့်ပြီးတော့ ကူးထားတဲ့ (***.mq4) ဒါမှမဟုတ် (***.ex4) ဖိုင်တွေကို Paste လုပ်ပြီး ကူးထည့်လိုက်ပါ။ ပြီးရင်တော့ MT4 ကို Restart လုပ်ဖို့အတွက် ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ MT4 ကို ပိတ်ပြီးတော့ ပြန်ဖွင့်ဖို့လိုပါတယ်။


၎။ ထည့်သွင်းလိုက်တဲ့ Indicators တွေကိုတော့ အပေါ်ကပုံမှာပြထားတဲ့အတိုင်း Custom ကနေ Indicators နာမည်အတိုင်း ရှာဖွေထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။


၅။ တချို့ Indicators တွေနဲ့အတူ Templates ဖိုင်တွေပါ တပါတည်း ပါလာတတ်ပါတယ်။ Template ဖိုင်တွေက (***.tpl) File Extension နဲ့ ဖြစ်ပါတယ်။ အဲဒီဖိုင်တွေကိုတော့ templates Folder ထဲကို Copy ကူးယူထည့်ပါ။


၆။ Template ဖိုင်ကိုတော့ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Load Template ကနေ template နာမည်နဲ့ ရှာဖွေထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။

Traders တွေအတွက် အသုံးဝင်မယ့် Indicators တွေကို ဆက်လက်ပြီး ပြောပြပေးပါမယ်။ Indicators တွေ ထည့်သွင်းတာမှာ အခက်အခဲရှိတယ်ဆိုရင် အောက်မှာရေးပြီး ပြောထားခဲ့နိုင်ပါတယ်။
Read More