Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Forex Trading Plan ဆိုတာ

11:30 PM | ,


ဘာကြောင့် ကျွန်တော်တို့ Plan လိုအပ်ပါသလဲ။

အဲ့ဒီ Plan ကို ဘယ်လို ရေးဆွဲမလဲ။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Forex Trading Plan တည်ဆောက်ခြင်း
Forex trading plan တစ်ခုရှိခြင်းဟာ တသတ်မတ် အမြတ်အစွန်းထွက်ရရှိနေသော Trader တစ်ယောက် ဖြစ်လာဖို့ အတွက် အရေးကြီးသော အကြောင်းအချက် များစွာထဲကတစ်ခုပဲ ဖြစ်ပါတယ်။ များလှစွာသော Traders တွေအတွက် Forex Trading Plan တစ်ခုကို တည်ဆောက်ရာတွင် ကိုယ်တိုင်မလုပ်နိုင်တဲ့ အရာတွေ သို့မဟုတ် မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေ နဲ့ ဖန်တီးထားတယ် လို့ မြင်ကောင်း မြင် နိုင်ပါတယ်။ သူတို့ဟာ နောက်ဆုံးတော့ ဒါတွေကို ကောင်းကောင်းကြီးကို လုပ်နိုင်ကြပါတယ်။

ခပ်ပေါ့ပေါ့ တွေးလေ့ရှိတဲ့ အတွေးအခေါ်တွေဟာ Traders တွေကို သူတို့ရဲ့ Trading accounts တွေ ကျရှုံးစေနိုင်တဲ့ ပြဿနာနဲ့ အခြားကိစ္စရပ်တွေကို ပြုလုပ်မိစေပါတယ်။ ဈေးကွက်တွေထဲက ရရှိတဲ့ အောင်မြင်မှု ဆိုတာ စည်းကမ်းဥပဒေရှိခြင်းရဲ့ အခမ်းအနားတစ်ခုပဲလို့ ပြောနိုင်ပါတယ်။ ပြီးတော့ လူအများစုဟာ သူတို့ရဲ့ စိတ်ခံစား လွယ်စွာ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ Trade လုပ်နေကြတယ်ဆိုလျှင် ဆုံးဖြတ်ချက်ချဖို့အတွက် ကိုယ်ပိုင်နည်းဥပဒေသ လုံလုံလောက်လောက် အလွယ်တကူ မရှိကြပါဘူး။ Forex trading plan ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဖေါ်ပြရမယ်ဆိုရင် Trading Plan တစ်ခုဟာ စည်းကမ်းဥပဒေရှိသော Trading လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့အနေနဲ့ တည်ရှိနေနိုင်ဖို့အတွက် လမ်းညွန်ချက်တစ်ခုကဲ့သို့ ပါဝင်ကပြ အသုံးတော်ခံမှာ ဖြစ်ပါတယ်။

အကြိုအဓိပ္ပါယ် ဖွင့်ဆိုချက်အနေနဲ့ ဖေါ်ပြရမယ်ဆိုလျှင် Trading plan ဟာ ကျွန်တော်တို့အား အချို့အရာတွေ အတွက် မိမိကိုယ်ကို တာဝန်ခံမှု အဖြစ် ဆုပ်ကိုင်ထားရန် လုံ့လတစ်ခု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ forex trading success ဖြစ်ဖို့အတွက် လိုအပ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ Trader တစ်ယောက်အတွက် တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ဘယ်သူမှမရှိလို့ပါပဲ။ Markets တွေကို Trade လုပ်သောအခါမှာ ကျွန်တော်တို့မှာ ကျွန်တော်တို့ကိုယ်တိုင်ပဲ တာဝန်ခံမှု ရှိပါတယ်။ the BEST THING FOR YOUR TRADING ACCOUNT, ကျွန်တော်တို့ရဲ့ Trading account အတွက် အကောင်းဆုံး ကံကြမ္မာကို ပြုလုပ်နိုင်ဖို့ အလွန့်အလွန် ခက်ခက်ခဲခဲ ကိစ္စရပ်တွေကို Trading Plan က တတ်နိုင်နေပါတယ်။ ဒါဟာ ၀င်မှတ်တွေ ရှိတဲ့ Trading plan ပါ။ ဘယ်လို အခွင့်အရေးပေးလာတဲ့ အချိန်မှာမဆို ရှိနေတဲ့ ကျွန်တော်တို့ရဲ့ trading account အတွက် အကောင်းဆုံး အရာဟာဘာလဲဆိုတာကို မှတ်ထားပေးမယ့် ရုပ်ပိုင်းဆိုင်ရာ မှတ်တမ်း တစ်ခု ရှိနေမယ် ဆိုတာပါပဲ။

ကျွန်တော်တို့ဟာ ဈေးကွက်ရဲ့ ပြောင်းလဲမှုများစွာကို လွန်ကဲစွာစီစစ်နေခြင်းအားဖြင့် တွန်းတိုးလှုပ်ရှားနေတယ်။ ထိုအခါ ကျွန်တော်တို့ရဲ့ Trading account ဟာ ချိနဲ့နဲ့ ဝေဒနာခံစား နေရသူအဖြစ်သို့ သွားနေကြရတယ်လို့ ခံစားနေရပါရော။ ဒါဟာ အကြီးမားဆုံးသော ၀ိရောဓိ ဖြစ်စေတဲ့ စိတ်ဓါတ်ရေးရာဖြစ်ပေါ်မှုနှင့် အခက်အခဲ အကြပ်အတည်းတစ်ခုပါပဲ။ Trader တွေ ဟာ market technicians တွေကဲ့သို့ သူတို့ရဲ့ စွမ်းရမ်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော် အသုံးပြုနိုင်ခြင်းမရှိခင်မှာပဲ အောင်မြင်ကျော်လွှားချင် နေကြပြန်ပါတယ်။ ဒီအဖြစ်မှန်က ဈေးကွက်မှ ဆုလဒ်အဖြစ် ချီးမြင့်စေတဲ့ patience in Forex trading ဆိုတဲ့ အမြင်သဘောထားကို တိုက်ရိုက် ပက်သက်ဆက်စပ်နေပါတယ်။ Patience သည်းခံနိုင်မှုဟာ အကောင်းဆုံးထဲက တစ်ခုဖြစ်ပြီးတော့ ဘယ် trader မဆိုရယူနိုင်တဲ့ most important virtues အကောင်းဆုံး အရေးကြီးတဲ့ သူတော်ကောင်းတရား လည်း ဖြစ်ပါတယ်။ the best Price Action တွေအတွက် ကိုသာ စိတ်ရှည်သည်းခံ မလောပဲနဲ့ စောင့်ဆိုင်း နေခြင်းသည် ကျွန်တော်တို့ရဲ့ အောင်မြင်မှုနှုံးကို ကြီးပွားတိုးတက်လာအောင် စွမ်းဆောင်ပါတယ်။ ကျွန်တော်တို့ ရဲ့ ယုံကြည်ချက်ကိုလည်းပဲ ထို့အတူ ဖြစ်စေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ တိကျမှန်ကန်ဆုံး နည်းစနစ် တစ်ခုနှင့် Trading လုပ်သောအခါ ယုံကြည်ချက်ကို မြှင့်တင်ရန်အတွက် သဘာဝ အတိုင်း သွားနေတာကြောင့် ဖြစ်ပါတယ်။

ဒါဟာ အားလုံးအတွက် ကောင်းလည်း ကောင်းပါတယ်။ ပိုမို နှစ်သက်စရာလည်း ဖြစ်စေပါတယ်။ ကျွန်တော်တို့ရဲ့ winning percentage ကို တိုးတက်စေသကဲ့သို့ ကျွန်တော်တို့ရဲ့ သည်းခံနိုင်မှုစွမ်းအားကို ထိမ်းသိမ်းနိုင်ဖို့အတွက် စီမံရာလည်း ရောက်ပါတယ်။ ဒီသည်းခံနိုင်မှုဟာ Traders တွေအတွက် အောင်မြင်ဖို့ ပထမဆုံး မြင်ရတဲ့ အကြောင်းအရာ တစ်ခုဖြစ်သလို ပြောင်းပြန်ဆိုရသော် သည်းမခံနိုင်မှုဟာ Traders အများစုရဲ့ ကျဆုံးစေတဲ့ အကြောင်းပြချက် များစွာထဲက တစ်ခုဖြစ်ပါတယ်။ ရွှင်လန်းဝမ်းမြောက်ခြင်း ၀မ်းသာပီတိ သို့မဟုတ် စိတ်ချယုံကြည်မှု လွန်ကဲခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ဖြစ်စဉ် တစ်ခုရဲ့ နောက်ကွယ်က စိတ်ခံစားချက်ဟာလည်းပဲ မကြာခဏ Traders တွေကို ထိုးနက်ပါတယ်။ ဘယ်လို ထိုးနှက်သလဲဆိုတော့ ဥပမာ သူတို့ဟာ သူတို့ရဲ့ Trades တွေထဲမှာ ပိုမိုတိကျသော အခြေအနေ ဖြစ်ပေါ်လာသလိုမျိုး ခံစားရလာတာ ဖြစ်ပါတယ်။ High quality Setup တစ်ခုအတွက် စောင့်ဆိုင်းရန် ကြာရှည် သည်းခံနိုင်မှုမျိုးကို အမြဲတမ်းနီးပါး လုပ်နေရတာကို မလုပ်ချင်လာတဲ့ ခံစားချက်များ ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ။

Traders အများစု ဖြစ်လေ့ရှိသော emotional trading mistake တွေကို ကုစားရန် အကောင်းဆုံးကုသနည်းကတော့ အချိန်အပိုင်းအခြားတစ်ခု သူတို့ရဲ့ trade station မှ အဝေးသို့ လမ်းလျှောက်ထွက်သွားခြင်းအားဖြင့် မိမိတို့ရဲ့ခံစားချက်အပေါ်မှာ မတုန်မလှုပ် သတိရှိစွာ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ ရွှင်လန်းဝမ်းမြောက်ခြင်း သို့မဟုတ် ယုံကြည်ချက်လွန်ကဲခြင်းဆိုတဲ့ ခံစားချက်တွေကိုလည်းပဲ ထို့အတူ ပါဝင်အသိအမှတ်ပြုထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ trading success အားလုံးကို တမင် ဖျက်ဆီးစေနိုင်တဲ့ ၀မ်းသာပီတိဖြစ်သောကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို သည်းခံနိုင်အောင် နာလည်းသဘောပေါက်အောင် အခြားသော နည်းဗျူဟာတွေထဲက တစ်ခုခု ကိုလည်း ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်။ အကယ်၍ note cards တွေကို ပြုလုပ်ရန် ကျွန်တော်တို့ လိုအပ်လာလျှင် ပြီးတော့ ကျွန်တော်တို့ရဲ့ trading desk ပေါ်မှာ သူတို့ကို နေရာချထားမယ်ဆိုရင် ဒီလို ပြောရပါလိမ့်မယ်။ Trades တွေ အောင်မြင်ပြီးနောက် ၀မ်းမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို နားလည်သဘောပေါက်လိုက်ပါ။ သို့မဟုတ် စိတ်ရှည်သည်းခံနေမှုကို မရပ်တန့်ရပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့မှာ winning trade တစ်ခု ရှိခဲ့တယ် ဆိုပါတယ်။ ဒါတွေ အားလုံးဟာ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

winning trade တစ်ခု သို့မဟုတ် winning trades တွေ ဆက်တိုက်ဖြစ်ပေါ်မှု တစ်ခုဖြစ်ပေါ်ပြီး နောက်အချိန်ပိုင်း ဟာ pros traders တွေမှ အပျော်တမ်း traders ကို ခွဲခြားလိုက်တဲ့ အချိန်ထဲက တိကျတဲ့အမှတ်ပါပဲ။ Pro traders တွေဟာ သူတို့ရဲ့ Trading လှုပ်ရှားမှုတွေက သူတို့ရဲ့ စိတ်ခံစားမှုတွေအပေါ် သြဇာလွှမ်းမိုးနေ သလား မလွှမ်းမိုးဘူးလား ဆိုတာနဲ့ သူတို့တွေဟာ ဘယ်လိုခံစားနေရသလဲ ဆိုတာကိုနဲ့ သတိရှိစွာ အမြဲတမ်း နားလည် သဘောပေါက်နိုင်ကြပါတယ်။

ကျွန်တော်တို့ရဲ့ Trading လှုပ်ရှားမှုတွေ အပေါ်မှာ စိတ်ခံစားလွှမ်းမိုးမှုတွေ မရှိရလေအောင် အကောင်းဆုံး နည်းလမ်းများစွာထဲက တစ်ခုကတော့ Trading Plan လို့ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ အရာတစ်ခု ရှိဖို့ပါပဲ။ ဒါဟာ ပေးလာတဲ့ ဘယ်ဈေးကွက်ရဲ့ အလားအလာမျိုးမဆိုထဲက မင်းဘာလုပ်မှာလဲ ဆိုတာကို အခိုင်အမာ လက်ဆုတ်လက်ကိုင်ပြနိုင်သော စည်းကမ်းသတ်မှတ်ချက်များ နဲ့ ဖော်ပြထားပါတယ်။ Traders အများဟာ Trading plan တစ်ခု ရရှိဖို့ ကြံစည်အားထုတ်ခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အစစ်အမှန် အသေအချာ ဘယ်ကနေစရမယ်ဆိုတာ သို့မဟုတ် ဘယ်လိုစရေးရမယ် ဆိုတာ မသိပါဘူး။ ၄င်းဟာ အကျိုးသက်ရောက်မှုရှိစေရန် ခက်ခဲ ရှုတ်ထွေးစေခြင်း သို့မဟုတ် အလွန့်အလွန် ကာလ ရှည်ကြာရန် မလိုအပ်ဘူး ဆိုတာကတော့ တကယ့်အမှန်ပါပဲ။

Trading plan တစ်ခုရဲ့ အခြေခံ point ကတော့ ကျွန်တော်တို့နဲ့အတူ ကျွန်တော်တို့ ကိုယ်တိုင် ရိုးသာမှုကို ထိမ်းသိမ်းဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မလုပ်ရင် ဘာတစ်ခုမှ ဖြစ်မလာပါဘူး။ပြီးတော့ Traders များဟာ ဈေးကွက်ထဲမှာ ပြဿနာတွေ ရှိတယ်ဆိုတာ တိတိကျကျပါပဲ။ ဒီနေရာမှာ ဘယ်သူမှလည်း တာဝန်မခံပါဘူး။ ကျွန်တော်တို့ ရဲ့ ငွေအားလုံး ဆုံးရှုံးတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်ကြောင့် ပါပဲ။ ကျွန်တော်ဟာ pro trader တစ်ယောက် မဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ Boss သို့မဟုတ် တစ်စုံတစ်ယောက်အတွက် Trade လုပ်ပေးလို့ မရပါဘူး ။ ဒါပေမယ့် traders အများစုဟာ အဲ့လို မလုပ်ကြပါဘူး။ ဒါဟာ အောင်မြင်မှုနဲ့ ဝေးကွာပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့ဟာ သူတို့ကိုယ်တိုင်တောင်မှ တာဝန်ခံနိုင်မှု မရှိကြပါဘူး။

ဒါကြောင့်မို့လို့ ထိန်းချုပ်ရန် လိုအပ်တဲ့ Trading plan ကောင်းကောင်းကို တိတိကျကျ ဘယ်လို သတ်မှတ်မလဲ ။ ကောင်းပြီး အလွန့်အလွန် ရှုတ်ထွေးဖို့ရန် မလိုအပ်ပါဘူး။ အရင့်အရင် တိုင်းပဲ စလိုက်ကြပါစို့။ သက်ရောက်မှု ရှိတဲ့ forex trading plan တစ်ခုရဲ့ အရေးကြီးဆုံးသော ရှု့ထောင့်လက္ခဏာ သွင်ပြင်ကတော့ အမှန်တကယ် အဲ့ဒါကို အသုံးပြုဖို့အတွက် ဘယ်နည်းနဲ့ မဆို ကျွန်တော်တို့ ကိုယ်တိုင် အားစိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ထပ်ပြောပါ့မယ်။ THE MOST important aspect of an effective forex trading plan is that you can somehow force yourself to ACTUALLY USE IT အဲ့ဒါကို မလွဲမသွေ မှတ်ထားပါ၊ အကောင်အထည်ဖော်ပါ လို့ အကြီးအကျယ် တိုက်တွန်းပါတယ်။

ကျွန်တော်တို့ Trade တဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့ ဒါကို မြင်ရပါ လိမ့်မယ့်။ ဘယ်နေရာမဆို ဒါကို ချည်နှောင်ထားရပါမယ်။ ဒါကို နေ့တိုင်းဖတ်ရပါမယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် trading plan ရေးထားတဲ့ စာအုပ် ရှိပါတယ် ဆိုပြီးတော့ နောက်တစ်ခါ အဲ့ဒီစာအုပ်ကို ဘယ်တော့မှ ဖွင်ဖို့မရှိတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ။ ဒီလိုလည်း မလုပ်ပါနဲ့ဗျာ။ ဘယ်လိုလဲဆိုတော့ Note book စာအုပ်အနေနဲ့ မရေးချပါနဲ့။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကွန်ပြူတာပေါ်မှာ ရေးရပါမယ်။ ပြီးတော့ လိုအပ်ရင် print out ထုတ်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့ ရဲ့ trading desk ပေါ်မှာ ထားရပါမယ်။ ရေခဲသေတ္တာကဲ့သို့သော အမြဲတမ်းမြင်ရတဲ့ နေရာတွေမှာ ချိတ်ဆွဲထားရပါမယ်။ ဘယ်မှာမဆို ကျွန်တော်တို့ ယူဆောင်သွားရပါမယ်။ ပြီးတော့ you READ IT EVERYDAY နေတိုင်း ဖတ်ရပါမယ်။

Trading plan တစ်ခုမှာ အဓိက ပါဝင်သင့်တဲ့ အရာတွေက ဘာတွေပါလဲ။ ဒါတွေကတော့ အကြမ်းမျဉ်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက် ဘာတွေ ဆက်ပြီးလိုအပ်သလဲ ဆိုတာကတော့ ဆက်လက် ရှာဖွေရဦးမှာပါ။ အကောင်းဆုံး မဖြစ်သေးပေမယ့်လည်း အကောင်းဆုံး ဖြစ်ဖို့ စတင်မှုလေး တစ်ခုပဲ ဖြစ်ပါတယ်။
  1. ကျွန်တော်တို့ရဲ့ Trade တွေကို ၀င်ရမယ့် နည်းဗျူဟာကို အဓိပ္ပါယ် သတ်မှတ်ရပါမယ်။ Define your entry strategy လို့ ဆိုပါတယ်။ အဆင့်တွေ ပေးရပါမယ်။ ဆိုလိုတာကတော့ Trade တွေကို ၀င်မယ့် စံပြုထားတဲ့ စနစ်တစ်ခုပေါ့။ ဥပမာ Trend ရဲ့ လားရာ အတိုင်း reversal pin bar တစ်ခုရဲ့ ဈေးကွက်အပိတ်မှာ သို့မဟုတ် moving average တစ်ခုရဲ့ bounce တစ်ခုရဲ့ အပိတ်မှာ ၀င်လိုက်မယ် ဆိုလိုတာမျိုး။ ဒါမှမဟုတ် မိမိတို့ သီးခြား analyze လုပ်ထားတဲ့ နည်းစနစ်မျိုးကိုလည်း ဆိုလိုပါတယ်။ ဒါကို ကျွန်တော်တို့ အဓိပ္ပါယ်ဖွင့်ဆို ထားနိုင်တာကတော့ သေသေချာချာ စီစစ်ပြုလုပ်ပြီး ထားတာနဲ့ Trades တွေကိုဝင်ဖို့ ကျွန်တော်တို့ အသုံးပြုမှာ ဖြစ်ပါတယ်။ ပြီးတော့ HIGH QUALITY or PERFECT ဆိုရင် A+ လို့ အဓိပ္ပါယ် သတ်မှတ်ပြီးတော့ Quality သို့မဟုတ် Perhaps ပိုနည်းတဲ့ အနေအထား ဆိုရင်တော့ B သို့မဟုတ် C လို့သတ်မှတ်ကြပြီးတော့ Trade ၀င်မယ့် ၀င်မှတ်တွေကို သတ်မှတ်မယ် ဆိုတာမျိုးကိုပါ။
  2. အလားအလာရှိတဲ့ ဘယ် Trade setup မျိုးပေါ်မဆို အဲ့ဒီ Trades တွေကို မ၀င်ခင်မှာ အနာဂတ်ဖြစ်နိုင်ခြေကို မှန်းဆမှုအဖြင့် Risk to Reward ကို သတ်မှတ်ရပါမယ်။ Determine the risk to reward scenario Forex position sizing အကြောင်းကိုလည်းပဲ ကျွန်တော်တို့အနေနဲ့ သေသေချာချာ မခြွင်းမချန် နားလည်ဖြတ်သန်းထားရမှာ ဖြစ်ပါတယ်။
  3. လိုအပ်သော stop-loss အကွာအဝေး ကို သတ်မှတ် ပေးနိုင်ဖို့အတွက် Trade အပေါ်မှာ အကျိုးသက်ရောက်မယ် position size ကို အရင် ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။ Adjust the position size on the trade to meet the necessary stop-loss distance ဆုံးဖြတ်ချက် ချထားပြီးသား position size ဖြင့် အဆင်ပြေစေရန် Stop-loss ကို ဘယ်တော့မှ နောက်က လိုက်ပြီး မထိန်းညှိရပါ။ ဆိုလိုတာကတော့ ကျွန်တော်တို့ရဲ့ Risk ဟာ money management မှ ထွက်လာတာ ဖြစ်တဲ့အတွက် ကိန်းသေ ဖြစ်ပါတယ်။ Stop loss ဟာလည်းပဲ Trading strategy မှ တွက်ထုတ်ထားတာဖြစ်တဲ့အတွက် ကိန်းသေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Trade ၀င်မယ့် position size ကိုသာလျှင် ဒီနေရာမှာ ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ position size ကို မပြောင်းလဲပဲ Stop loss ကို ပြောင်းလဲပါက Trading Strategy ကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီးတော့ ဒါဟာ အစားလောဘကြီးတာနဲ့ တူပါတယ်။
  4. Trade မ၀င်ခင်မှာပဲ ကျွန်တော်တို့ရဲ့ ၀င်လိုက်မယ့် Trade မှ ပြန်ထွက်ရမယ့် အချိန်ရောက်ရင် ထွက်ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းဗျူဟာကို ကြိုတင်သိထားဖို့ပါပဲ။ Know what your exit strategy is BEFORE entering the trade risk reward setup ရဲ့ pre-set တစ်ခုအပေါ်မှာ ထွက်ဖို့အတွက် ကြိုတင်စီစဉ် မှု မရှိဘူး၊ ၄င်း အစီအစဉ်များကို figure out မလုပ်ထားဘူး ဆိုလျှင် ကျွန်တော်တို့ ကိုယ်တိုင်ကို သေသေချာချာ ဘာလုပ်ရမယ် ဆိုတာ မသိတဲ့အတွက် Trading ကို ဘယ်တော့မှ မလုပ်ပါနဲ့ ဆိုတာပါပဲ။ ကျွန်တော်တို့ ဟာ Trade တစ်ခုထဲကို ၀င်ပြီး ပြန်ထွက်ဖို့ ကို စောင့်မကြည့်နိုင်တဲ့ အချိန်တွေကို ဖြတ်သန်းတာထက် ပိုမို ဓမ္မဒိဌာန်ကျတာကတော့ သတ်မှတ်ချက်ဘောင်တွေနဲ့ plan စနစ်တကျရေး ဆွဲပြီး ဘယ်လိုနေရာမှာ exit လုပ်မယ်ဆိုတာကို Trade အားလုံးအတွက် ကြိုတင်စီစဉ်ထားတာကတော့ ကျွန်တော်တို့အတွက် အကောင်းဆုံးအချိန် တွေကို ဖြတ်ကျော်မှုပါပဲ။ 
  5. Trade သည် ပြီးဆုံးသွားသောအခါ ၄င်း Trade ဟာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျွန်တော်တို့ဟာ Trade တစ်ခုမှ ထွက်သွားခဲ့ပြီးနောက် ကျွန်တော်တို့ပြုလုပ်တဲ့ အရာမျိုးတွေလိုမျိုး အချို့သော စည်းမျဉ်းစည်းကမ်း ပြဌာန်းချက်အရာတွေ သို့မဟုတ် price တွေရဲ့ လှုပ်ရှားသွားလာမှု activities တွေ ပါဝင်တဲ့ Trading plan ကို သေချာစွာပြန်လည်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးဆုံးသွားတဲ့ Trades တွေအတွက် ပြန်လည် စီစစ်၍ ပိုမိုကောင်းမွန်သော Trading plan တစ်ခု ဆန်းသစ်တဲ့ သဘောပါပဲ။ 
Traders တွေအတွက် ဆက်ဆက်ထိမခံသော စိတ်ပိုင်းဆိုင်ရာခံစားချက် ဖြစ်ပေါ်လေ့ဖြစ်ပေါ်ထရှိတဲ့ အချိန်တွေ အများကြီး မဖြစ်ရင်တောင် အဲ့ဒီအများထဲက တစ်ခုဟာ Trade တစ်ခု ဖြစ်သွားပြီးတဲ့အခါမှာ အချိန်ပိုင်းတစ်ခု အနေနဲ့ ပေါ်လာတက်ပါတယ်။ ဖြစ်နိုင်ဖွယ်ရှိ၍ အမှန်တကယ် သေသေချာချာ တည်ဆောက်ထားခြင်း မရှိပဲနဲ့ နားလည်ရခက်သော ဈေးကွက်ထဲသို့ ကျွန်တော်တို့အား အမြန်ပြန်လည် ခုန်ဝင်လာနိုင်စေတဲ့ အကြောင်းတရားတွေကတော့ လက်တုန့်ပြန်လိုတဲ့ ခံစားချက်တွေ၊ အချည်းနှီး အလဟဿ ဖြစ်သွားမှုတွေ နှင့် စိတ်ပျက်ခြင်း စိတ်ထိခိုက်ခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ စိတ်ဓါတ်ရေးရာ ထိခိုက်နစ်နာအောင် အကျိုးပြုမယ် ဆိုရင်တောင်မှ ကျွန်တော်တို့အပေါ် သက်ရောက်လာမယ့် အကြောင်းတရားပဲ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော ကျွန်တော်တို့ဟာ ငွေများစွာ ပို၍ ဆုံးရှုံးမယ်ဆိုမယ့် အလားအလာ ရှိနေမယ်ဆိုရင်တောင် ဒီသံသရာဟာ ဆက်လက် လည်ပတ်နေမှာ ဖြစ်ပါတယ်။

Winning trades တွေမှာလည်းပဲ သူတို့ကို ပိတ်တဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်တွေကို မလှုပ်ရှားစေတဲ့ အချိန်ပိုင်းတစ်ခု လိုအပ်ပါတယ်။ Winning trades တွေရဲ့ ဖြစ်ပေါ်လာပြီးနောက် ဈေးကွက်ရဲ့ ထိန်းချုပ်မှု အောက်သို့ သို့မဟုတ် အတွေ့အကြုံရင့်ကျက်တဲ့သူအဖြင့် ခံစားရန် အလွန်လွယ်ကူပါတယ်။ မိမိကိုယ်ကိုယ် စိတ်ကြီးဝင်လာသလိုမျိုးပေါ့။ နားလည်ရခက်သော trade ဆီသို့ ထပ်မံပြီးတော့ traders တွေဟာ မကြာခဏ ပြန်ဝင်နေတာ ဘာဖြစ်လို့ပါသလဲ သို့သော် အဲ့ဒီအချိန် သူတိုဟာ risk တွေ ကြီးမားနေရင်တောင်မှ လုပ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ Trade တွေ အပေါ်မှာ ခံစားကြပါတယ်။ သူတို့ဟာ အဆင်ပြေနေပြီး ရွှင်လန်းဝမ်းမြောက်စွာ ခံစားနေပြီးဆိုရင် သူတို့ ရဲ့ risk တွေကို ပုံမှန်ထက် ပိုမိုထားရန် ဆုံးဖြတ်ကြပါတယ်။ မကြာသေးခင်ကဖြစ်သော သူတို့ရဲ့ အမြတ်တွေ အားလုံးဟာ မျက်စေ့တမှိတ် လျှပ်တပြတ် အတွင်းမှာ အငွေ့ပျံသွားတာ မြင်ရန်မျှသာဖြစ်ပါတယ်။

ဒီ ဆောင်းပါးဟာ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် ကျွန်တော်တို့ရဲ့ Trading plan ထဲမှာ ဘာတွေ ပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းအချို့သော အလွန်ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းနှင့် Forex trading plan တစ်ခုရှိဖို့ ဘာလိုအပ်သလဲဆိုတာကို အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ trading plan တစ်ခု ပြုလုပ်ဖို့ရန် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ နည်းလမ်း မရှိပါဘူး သို့သော်လည်းပဲ 5 ခုသော အယူအဆတွေ ပါဝင်ခဲ့တဲ့ ဒီဆောင်းပါးကတော့ ကြီးမားသော စတင်မှုတစ်ခုပါပဲ။ လွတ်လွတ်လပ်လပ် ခံစားပေါင်းစပ်ကြဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများ သို့မဟုတ် ဖော်ပြခဲ့ပြီးသော အယူအဆများဟာ ကျွန်တော်တို့ရဲ့ forex trading course ထဲက နေပြီးတော့ outline အနေနဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

Trading plan ဆိုတာကို ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ပြရရင် ကျွန်တော်တို့ ရဲ့ တာဝန်ခံမှုကို ထိမ်းသိမ်းရန်နှင့် ဓမ္မဓိဌာန်ကျကျ တွေးခေါ်မှုလမ်းကြောင်းအပေါ်မှာ ထိမ်းသိမ်းရန်ပဲ ဖြစ်တယ်ဆိုတာ အမှတ်ရနေဖို့ပါပဲ ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ဘက် သေနတ်ပြောင်းဝ ပြန်လှည့်လာမယ့် အချိန်အများစုကဲ့သို့ Trading decisions တွေကို trade တစ်ခုကို ဖွင့်နေစဉ်မှာ ဘယ်တော့မှ မချမိစေဖို့ပါပဲ။ Trading decisions တွေကို ကြိုတင် ချမှတ်ရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ trading decisions တွေကို ချမှတ်ဖို့ အကောင်းဆုံး အချိန်ကတော့ ကျွန်တော်တို့ဟာ ဘယ် Trades တွေကိုမှ မ၀င်ရသေးတဲ့ အချိန်ပါပဲ။ logical Forex trading plan တစ်ခုကို ဖန်တီးခြင်းဖြင့် ပြီးဆုံးလိုက်ပါ။ ဒါဟာ ကျွန်တော်တို့ကို ဈေးကွက်ဆီသို့ လမ်းပြသွားပါလိမ့်မယ်။ ဒါဟာ သတိထားရမယ့် အစစ်အမှန် သက်ရောက်မှု နည်းလမ်းမျှသာ ဖြစ်ပါတယ်။ လုံ့လတစ်ခု ပြုလုပ်ပါတယ်။ စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်သော trading mistakes တွေကို ဖယ်ထုတ်သောအခါ၌ ပြုလုပ်သော လုံ့လတစ်ခု ဖြစ်ပါတယ်။

Myanmar Forex Traders Forum မှ ကူးယူဖော်ပြပါသည်။
Read More

Trading ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် ငါးချက်

10:30 PM | ,


Safeguards တွေ မရှိပဲ Forex market ကို trade လုပ်ခြင်းသည် လေထီးခုန်သမား တစ်ယောက်ဟာ လေထီး မပါပဲ ကောင်းကင်ယံ လေယာဉ်ပေါ်မှ ခုန်ချသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ Trading အကြောင်း လုံလုံလောက်လောက် မလေ့လာ ထားသောသူဟာ ငွေကြေး စီမံခန့်ခွဲမှုနည်းစနစ်တွေကို သူတို့ရဲ့ trading plan ထဲသို့ အတူတကွ ကောင်းစွာ ပေါင်းစပ်သင့်ပေသည်။

အောင်မြင်နေသော Trader အားလုံးနီးပါးဟာ သူတို့ရဲ့ ပုံမှန် Trading plan နှင့် Trade လုပ်တဲ့ အချိန်တိုင်းမှာ ငွေကြေးစီမံခန့်ခွဲ ခြင်း နည်းဗျူဟာတစ်ခုကို အသုံးပြုကြပါတယ်။ ပြီးတော့ သူတို့ဟာ သူတို့ရဲ့ Account တွေ ကြီးကြီးမားမား ကျရှုံးဖူးတဲ့ အတွေ့အကြုံရှိခဲ့တယ် ဆိုရင်တော့ ဒါဟာ ပိုပြီးတော့ money management strategy ကို အသုံးပြုမှာ ဖြစ်နိုင်ပါတယ်။

အခြေခံအားဖြင့်ပြောရရင် Forex business ထဲမှာ ကြာရှည် ရပ်တည်နေနိုင်ရန် ကျွန်တော်တို့ရဲ့ အကောင့်ကို ကာကွယ်ဖို့အတွက် safeguards တွေ ထားရှိခြင်းဟာ သမာရိုးကျထက်ကို ပိုမို ကောင်းမွန်ပါတယ်။ Trading plan တစ်ခုသို့ အမှန်တကယ် ပေါင်းစပ်နိုင်တဲ့ ငွေကြေးစီမံခန့်ခွဲမှုအတွက် အချို့သော ယေဘုယျ လမ်းညွန်ချက်တွေဟာ ဘာဆိုတာကို အောက်မှာ ဆက်လက် ဖော်ပြမှာ ဖြစ်ပါတယ်။

Tip #1: မိမိ အဆုံးရှုံးခံနိုင်သော ငွေရင်းဖြင့်သာ Trade လုပ်ပါ။
ငွေကြေးများစွာ ပါဝင်နေတဲ့ Trade လုပ်ခြင်းဟာ ဆုံးရှုံးမှုများစွာ ကိုသယ်ဆောင်နေပါတယ်။ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ အဲ့ဒါကို ဘယ်လိုမြင်အောင် ကြည့်ရမလဲ ဆိုတာကို သိဖို့ပါပဲ။ free-floating currency market ရဲ့ အကြောင်းပြချက်ကတော့ ငွေကြေး Trade လုပ်ခြင်းဟာ ရင်းနှီးမြုပ်နှံခြင်းထက် ပို၍ လောင်းကစားဆန်ခြင်းသို့ အများအားဖြင့် ရောက်ရှိသွားခဲ့တဲ့သူတွေ အတော်အတန် ရှိခဲ့ပါတယ်။ အခုလည်း ရှိနေဆဲပါပဲ။

အဖြေတစ်ခုအနေနဲ့ ဆုံးဖြတ်ရမယ်ဆိုရင် အလုပ်လုပ်နေသော Forex Trader တစ်ယောက်ဟာ ကိုယ့်ရဲ့ Funds တွေအားလုံးကို မိမိအရှုံးခံနိုင်တဲ့ Risk ပမာဏအဖြင့် အားလုံးထားမယ်ဆိုတာကို ဘယ်တော့မှ မတွေးတောသင့်ပါဘူး ဆိုတာကိုပါပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီ Funds ထဲမှာ အပေါင်စာချုပ် သို့မဟုတ် အိမ်လခဘောင်ချာ သို့မဟုတ် မင်းနဲ့ မင်းမိသားစု လိုအပ်ချက်အတွက် အစားအစာ မုန့်ဖိုးအပတ်စဉ် လိုအပ်ချက် ကဲ့သို့သော အဓိကကျတဲ့ အိမ်၊ အသုံးစားရိတ်အတွက် လိုအပ်တဲ့ ငွေတွေ ပါဝင်နေပါတယ်။

ယေဘုယျအားဖြင့် Traders တွေဟာ risk capital အတွက် ခွဲခြားထားတဲ့ ရန်ပုံငွေကိုသာလျှင် Trading forex ကို ပိုမိုကောင်းမွန်စွာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Trading အတွက် သေသေချာချာ တွက်ထုတ်ထားတဲ့ ငွေတွေကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ဘ၀နေထိုင်မှုမှာ ပဓာနကျသော အခြေခံ အတွက် ကျယ်ကျယ်ပြန့်ြ့ပန့် မလိုအပ်တဲ့ ငွေကြေးပမာဏလည်း ဖြစ်ရပါ့မယ်။

Tip #2: ဆုံးရှုံးနိုင်ခြေကို တိုတို နဲ့ ဖြတ်ပါ။ အမြတ်ကိုဆက်လက်ထား ထားပါစို့။
စည်းကမ်းဥပဒေ နည်းလမ်းတစ်ခုအဖြင့် Stop loss တွေကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဆုံးရှုံးနိုင်ခြေကို ထိန်းချုပ်ရန်အတွက် ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး ကြိုးပမ်းအားထုတ်သင့်တယ် ဆိုတာကတော့ အခြေခံကျတဲ့ စိတ်ကူး စိတ်သန်းပါပဲ။

ဒုတိယအားဖြင့် ကျွန်တော်တို့ မှာ winning position အတွင်းမှာ ရှိနေတယ် ဆိုရင် ကျွန်တော်တို့ရဲ့ အမြတ်တွေကို စုပုံလာစေရန် ခွင့်ပြုသင့်ပါတယ်။ ဒီရည်ရွယ်ချက်အတွက် Trader တွေဟာ မကြာခဏ Trading stop တွေကို အသုံးပြုပါတယ်။

ဒီ့အပြင် အမြှော်အမြင်ရှိတဲ့ Trader တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါ ပြောခဲ့ဖူးပါတယ်။ ဘာပြောခဲ့သလဲ ဆိုတော့ “Trading မှာ မင်းဘာလုပ်ရမယ် ဆိုတာ မဟုတ်ပါဘူး။ အမြတ်တွေဟာ သူတို့ဟာ သူတို့ ၀င်လာကြမှာ ဖြစ်ပါတယ်။ ဒါဟာ အစစ်အမှန် ကိစ္စတွေဆိုတော့ မင်းမရှုံးပါဘူး“ ဆိုတာပါပဲ။

Tip #3: များပြားသော leverage ကို အသုံးပြုခြင်းကို ရှောင်ပါ။
Forex ရဲ့ သဘာဝဟာ A venue of exchange for currencies လိုပါပဲ။ မူလ forex position ဟာ ငွေကြေးနှစ်ခုရဲ့ equal value exchange ပါပဲ။ ဒါဟာ လူသုံးကုန် သို့မဟုတ် Stock တွေကို ၀ယ်ယူတာ နှင့် ရောင်းချတာ မဟုတ်တဲ့အတွက် ဘယ်လို အယူအဆမှာ ပဲဖြစ်ဖြစ် မူလအစမှာ ငွေ မလိုအပ်သေးပါဘူး။ သို့သော်လည်း အဲ့ဒီငွေအစား exchange rate တစ်ခုကို ကိုယ်စားပြုပါတယ်။

Online forex brokers အများစုဟာ သူတို့ရဲ့ ကာစတမ်မာတွေကို 500:1 လောက်အထိ ကိုပင် Trade လုပ်နိုင်ဖို့ အတွက် သူ့ထက်ငါပိုကောင်းတဲ့ leverage ratios တွေနဲ့ ကမ်းလှမ်းပါတယ်။ ဒီအဓိပ္ပါယ်က ကျွန်တော်တို့ risk ထားနိုင်စွမ်းတဲ့ ဆုံးရှုံးနိုင်ခြေရှိမှု အကောင့်ထက်ကို ပိုမို၍ အဆများပြားစွာ Trade လုပ်နိုင်သွားတာပါပဲ။ ဆိုလိုတာကတော့ မိမိတို့ရဲ့ အကောင့်ငွေပမာဏဟာ Trade လုပ်နိုင်တဲ့ ငွေပမာဏ မဟုတ်ပဲ Risk ထားနိုင်တဲ့ ပမဏအနေနဲ့ Trading လုပ်နိုင်မှာ ဖြစ်ပါတယ်။ အမြတ်ရတဲ့ လုပ်ငန်း အပေါ်မှာ leverage ရဲ့ ဆက်နွယ်မှုဟာ အလွန့်အလွန် အမြတ်စွန်းထွက်နိုင်စဉ်မှာ လျှင်မြန်စွာပဲ ၄င်းဟာ မင်းအကောင့်ကိုလည်းပဲ ရုတ်တရတ် ကုန်ဆုံးသွားတာကို ဖြစ်နိုင်ပါတယ်။ ဒါဟာ forex မှ ထွက်သွားစေတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ် ။ (US မှာတော့ အမြင့်ဆုံး leverage ဟာ majors တွေ အတွက် 50:1 ဖြစ်ပြီးတော့ minors တွေအတွက်တော့ 20:1 ဖြစ်ပါတယ်။)

ဆုံးရှုံးနိုင်တဲ့ တန်ဖိုးပမာဏကို မိမိစိတ်ထဲမှာ ခိုင်ခိုင်မာမာ မူလကတည်းက သတ်မှတ်ထားတယ် ဆိုပါက Leverage ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သို့မှသာ ကျွန်တော်တို့ အတွက် ကြီးကြီးကျယ်ကျယ် ထိခိုက်နစ်နာ ခံစားရမှာ မဟုတ်ပါဘူး။ အကယ်၍ ကျွန်တော်တို့ ကိုယ်တိုင် ဈေးကွက်ရဲ့ မှားယွင်းတဲ့ side တစ်ဖက်မှာ ရှိနေတယ်ဆိုတာကို သိလိုက်ပြီဆိုလျှင် plan မထားရှိခြင်း တွေဟာ လျော့ကျသွားမှာ ဖြစ်ပါတယ်။ forex traders အားလုံးနီးပါးဟာ ဒါမျိုးကို တစ်ကြိမ် သို့မဟုတ် ထိုထက်ပို၍ ဖြစ်ဖူးကြမှာ ဖြစ်ပါတယ်။

Tip #4: ပူပင်သောက များခြင်းကို ရှောင်ပါ။
ပူပင်ရတဲ့ အကြောင်းရင်းခံက ဘာလဲဆိုတော့ ကျွန်တော်တို့မှာ ဘယ်လိုပေးလာတဲ့ position ပေါ်မဆို ကျွန်တော်တို့ ယူဆခဲ့တဲ့ ဆုံးရှုံးမှု ပမာဏနှင့် အတူခံစားနေတာ ဘယ်လို သက်တောင့်သက်သာ ပါဝင်ပြီးတော့ trade ပြန်လုပ်မလဲ ဆိုတာကိုပါ။

အခြေခံအားဖြင့် ကျွန်တော်တို့ ရဲ့ forex trading positions တွေကြောင့် ကျွန်တော်တို့ ကိုယ်တိုင် စိုးရိမ်နေခဲ့မယ်။ ညအခါ မအိပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အဲ့ဒီ အပူအပင်တွေကြောင့် ဆုံးဖြတ်ချက်များကို ဝေး၀ါးမှားယွင်းစွာ ချမိလိုက်တက်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ဟာ မိမိတို့ အကောင့် Size အတွင်းမှာ ထိမ်းသိမ်းရလွယ်သော အရွယ်အစား ပမာဏကိုသာ Trade ပါလို့ ဆိုလိုပါတယ်။ ဒါတွေနဲ့ အတူ feel comfortable ဖြစ်နိုင်တဲ့ အရွယ်အစားနှင့် position တွေသာ အသုံးပြုနိုင်ဖို့ပေးတဲ့ အကြံပြုချက်များကို သတိပြုရမှာ ဖြစ်ပါတယ်။

Tip #5: လောဘ မကြီးရ။
လောဘကြီးတာ ကောင်းတယ်လို့ Gordon Gecko က ပြောတယ်။ Ivan Boesky ပြီးတော့ တစ်ကြိမ် ပြုပြင်ခဲ့ပါတယ်။ စိတ်ကူးယဉ် Trader ဟာ ပုံစံထုတ်ပါတယ်။ အကောင်းဆုံး ငွေကြေး ဈေးကွက် ရုပ်ရှင် ထဲမှာပါ။ Wall Street ပေါ့။ Nevertheless သို့ပါသော်ငြားလည်း လောဘဟာ အောင်မြင်သော trader တစ်ယောက်ကို ကျရှုံးစေသော အကြောင်းရင်းများစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အမှန်တကယ် ကတော့ လောဘဟာ ဆုံးရှုံးနိုင်ချေများတဲ့ trading errors တွေရဲ့ နံပါတ်တစ်နေရာသို့ ဦးဆောင်နေပါတယ်။ အဲ့ဒီမှာ ပါဝင်တာကတော့ overtrading ဆိုတဲ့ လွန်ကဲစွာ trade လုပ်ခြင်း၊ ဆုံးရှုံးနိုင်ချေ risk ကို ပိုမို ရယူမိခြင်းနှင့် သင့်တော်သော level တွေမှာ အမြတ်ရယူရန် အားနည်းခြင်း တို့ပဲ ဖြစ်ပါတယ်။

အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ ဒါဟာ မလွဲဧကန်ဖြစ်နေတဲ့အချိန်မှာ လောဘနဲ့ အပေးအယူမျှနေရပါမယ်။ Trading Forex ပါဝင်မှုတွေ သင့်လျော်သော အစောင့်အရှောက်တွေနဲ့ အတူ ကျွန်တော်တို့ ရဲ့ Trading plan ထဲသို့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ trading plan ထဲမှာ အထက်ပါ အကြံပြုချက်များကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Myanmar Forex Traders Forum မှ ကူးယူဖော်ပြပါသည်။
Read More

‪‎ကမ္ဘာ့ရွှေဈေး (၅)နှစ်အတွင်း အနိမ့်ဆုံးသို့ထိုးကျသွားခြင်း

10:30 PM |


ဒီနေ့ထုတ်သတင်းစာတွေမှာ အောက်ပါသတင်းတပုဒ်ပါလာပါတယ်။ သတင်းအကျဉ်းကတော့

"မနေ့ကပဲ ကမ္ဘာ့ရွှေဈေးနူန်းဟာ ၅နှစ်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပါတယ်။ တနေ့ကို ရွှေတန်ချိန်ပေါင်းမြောက်များစွာ အရောင်းအဝယ်လုပ်ကြတဲ့ တရုပ်ပြည်က Shanghai_Gold_Exchange နဲ့ အမေရိကန်က New_York's_Comex နေရာတွေမှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ(၁,၁၃၂)ကနေ ဒေါ်လာ(၁,၀၈၉)ကို မိနစ်ပိုင်းအတွင်း ထိုးကျသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာက မကြာခင်ကပဲ အမေရိကန်အစိုးရက ဒီနှစ်ကုန်မှာ ဘဏ်အတိုးနူန်းတွေမြှင့်တင်မယ်လို့ ကြေငြာလိုက်လို့ပါတဲ့"။

ဒီတော့ ရွှေဈေးနဲ့ အမေရိကန်က ဘဏ်တိုးနူန်းမြှင့်လိုက်တာနဲ့ ဘာဆိုင်လို့လဲ။ ဘယ်လိုဆက်စပ်လို့လဲ။

အမေရိကန်ဗဟိုဘဏ်က ဘာလို့အတိုးနူန်းမြှင့်တင်ရတာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။ အဓိကအကြောင်းက ငွေကြေးဖေါင်းပွမှုနူန်း ကြီးထွားလာမှာစိုးလို့ပါ။ ငွေကြေးဖေါင်းပွတယ်ဆိုတာ နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ငွေတွေ အရမ်းများလာရင်ဖြစ်တယ်။ လည်ပတ်နေတဲ့ငွေတွေကို ထိန်းချုပ်ချင်လို့ပါ။

အခုဗဟိုဘဏ်က အတိုးနူန်းမြှင့်တင်လိုက်ပြီ။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို အတိုးနူန်းကြီးကြီးနဲ့ ပိုက်ဆံချေးပေးတော့မယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီးပွားရေးသမားတွေနဲ့ လူတွေကို အတိုးနှုန်းမြင့်မြင့်နဲ့ ပြန်ချေးပေးရတော့မယ်။ အတိုးနှုန်းကြီးလာလို့ ဘဏ်ကငွေချေးသူတွေ လျော့နဲလာမယ်။ ဒီတော့လူတွေလက်ထဲမှာ ငွေနဲလာလိမ့်မယ်။ အကျိုးဆက်က ငွေကြေးဖေါင်းပွမှုလျော့ကျသွားမယ်။

ဒါပေမဲ့ တခြားမကောင်းတဲ့ အကျိုးဆက်တွေလဲဖြစ်လာပါမယ်။ စီးပွားရေးသမားတွေလက်ထဲမှာ ငွေနဲလာလို့ လုပ်ငန်းတွေ မတိုးချဲ့နိုင်တော့တဲ့အတွက် ကုမ္ပဏီတွေရဲ့စီးပွားရေးကျလာမယ်။ အမေရိကန်ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတန်ဖိုးထိုးကျလာမယ်။ အမေရိကန်ရဲ့ စတော့ရှယ်ယာဈေးကျရင် အမေရိကန်စတော့ဈေးကွက်နဲ့ ချိပ်ဆက်ထားတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက စတော့ရှယ်ယာဈေးတွေ ကျလာတော့မယ်။ ဒါက စတော့ရှယ်ယာဈေးတွေ အပေါ်အကျိုးသက်ရောက်မှုပါ။

လူတွေလက်ထဲမှာ ပိုက်ဆံနဲလာလို့ အရင်လိုပစ္စည်းတွေ မဝယ်နိုင်ကြတော့ဘူး။ ရွှေဈေးကျတယ်ဆိုတာ လူတွေရွှေကို အရင်မဝယ်နိုင်ကြတော့ဘူး။ နောက်ပြီး အမေရိကန်လူတွေလက်ထဲမှာ အမေရိကန်ဒေါ်လာငွေတွေ နည်းလာလိမ့်မယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ ရှားပါးလာမှုကြောင့် ဒေါ်လာဈေးတက်ပါလိမ့်မယ်။ ဒါက အမေရိကန်ဒေါ်လာဈေးအပေါ် အကျိုးသက်ရောက်မှုပါ။

နောက်အရေးကြီးတဲ့ အကျိုးဆက်တခုရှိသေးတယ်။ အမေရိကန်လူထုဟာ တကမ္ဘာလုံးက ထုတ်တဲ့လူသုံးကုန်တွေ အီလက်ထရောနစ်ပစ္စည်းတွေ အများဆုံးဝယ်ယူနေတဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးဖြစ်ပါတယ်။ အမေရိကန်တွေမှာ ပိုက်ဆံနဲလာလို့ နိုင်ငံတကာက ပစ္စည်းတွေ မဝယ်ကြတော့ဘူး။ ဒီတော့ နိုင်ငံတကာရဲ့ စီးပွားရေးတွေလဲ ထိခိုက်လာပါလိမ့်မယ်။

ဒီတော့ စီးပွားရေးအကွက်မြင်သူတွေဟာ ဘာလုပ်ကြမလဲ။ Forex_Trading လုပ်တဲ့လူတွေဟာ ဈေးတက်လာတော့မဲ့ အမေရိကန်ဒေါ်လာတွေ အခုကတဲကဝယ်ထားကြတော့မယ်။ စတော့ရှယ်ယာသမားတွေက စတော့ရှယ်ယာတွေ ဈေးကျတော့မယ်ဆိုတာ ကြိုသိနေကြလို့ ဝယ်ထားတဲ့ ရှယ်ယာတွေအပြိုင်ထုတ်ရောင်းကြမယ်။ ရှယ်ယာဈေးတွေ ထပ်ကျလာမယ်။ စီးပွားရေးသမားတွေ ပို့ကုန်တင်ပို့သူတွေဟာ စီးပွားရေးအထိမနာအောင် ပြင်ဆင်ထားကြရတော့မယ်။

အဲဒီလို ဘဏ်အတိုးနူန်းမြင့်လာလိုက်တာလေး တခုကြောင့် စီးပွားရေးလောကမှာ ဘယ်လို ဂယက်ရိုက်ခတ်လာမယ်။ ဘာတွေဖြစ်လာမယ်ဆိုတာ သိနေသူတွေဟာ သူများတကာထက် စီးပွားရေးခြေတလှမ်း သာနေပါလိမ့်မယ်။

‪နောက်ဆက်တွဲမှတ်ချက်
စတော့ဈေးဆက်ကျနေရင် ရွှေ၊ အိမ်ခြံမြေဈေး ပြန်တက်လာနိုင်ပါတယ်။ ဘာကြောင့်လဲ။ လူတွေဟာ ဈေးကျလာတဲ့ စတော့တွေမဝယ်တော့ပဲ ရွှေ အိမ်မြေတွေဖက်လှည့်ပြီး ရင်းနှီးကြမှာလို့ ရွှေ အိမ်မြေဈေးတွေ ပြန်တက်လာနိုင်ပါတယ်။ ဒါကလဲ ဒေါ်လာဈေးကျမှ လူတွေဝယ်နိင်မှာပါ။

အားလုံးဟာ တခုနဲ့တခု ဆက်စပ်နေတယ်ဆိုတာ သိစေချင်လို့ရေးပြတာပါ။
အခုရေးတာ (အထူးသဖြင့် မြန်မာနိုင်ငံအတွက်) အားလုံးမှန်မယ်လို့ မယူဆစေချင်ပါ။ ဖြစ်နိုင်ခြေတွေကို သုံးသပ်ပြတာပါ။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

FBS မှာ 100% Bonus ရယူခြင်း

9:30 PM | ,


အခုတစ်ခါမှာတော့ ငွေထည့်တဲ့ Trader တွေအတွက် FBS ကနေ ပေးထားတဲ့ Promotions တွေထဲက တစ်ခုဖြစ်တဲ့  100% Bonus အကြောင်းနဲ့ အဲဒီ Bonus ကို ဘယ်လိုရယူရတယ်ဆိုတာကို ပြောပြပေးပါမယ်။

အဲဒီ Bonus ကို ရရှိဖို့အတွက် ကိုယ့်ရဲ့ Trader အကောင့်ကို အရင်ဆုံး ငွေဖြည့်သွင်းထားပြီး ဖြစ်ဖို့လိုပါတယ်။ ငွေဖြည့်ရမယ့် ပမာဏကို ဘယ်လောက် အနည်းဆုံးထည့်ရမယ်ဆိုပြီးတော့ ကန့်သတ်ထားတာ မရှိပါဘူး။ ကိုယ့်ဖြည့်လိုက်တဲ့ ငွေပမာဏအတိုင်း FBS ကနေ Bonus ပြန်ပြီး ပေးမှာပါ။


အရင်ဆုံး ကိုယ့်ရဲ့ အကောင့်ကို ငွေမဖြည့်သွင်းရသေးဘူးဆိုရင် ငွေဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အကောင့်ကို ငွေဖြည့်သွင်းပြီးတာနဲ့ FBS ဆိုဒ်မှာ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Promotions and bonuses ကနေ Bonus 100% ဆိုတာကို နှိပ်လိုက်ပါ။ အပေါ်က ပုံမှာ မြှားပြထားတဲ့နေရာကအတိုင်း get bonus ကို နှိပ်လိုက်ရင် ကိုယ့်ဖြည့်သွင်းလိုက်တဲ့ ပမာဏအတိုင်း Bonus ပြန်ရပါပြီ။


Bonus ကတော့ ကိုယ့်ရဲ့ အကောင့်ထဲကို ချက်ချင်းအော်တို ရောက်လာပါတယ်။ ကိုယ်ရဲ့ Bonus ပမာဏကို ပြန်လည်ထုတ်ယူနိုင်ဖို့အတွက် (Trading ကနေရလာတဲ့ အမြတ်ကို ပြောတာမဟုတ်) FBS ကနေ သတ်မှတ်ထားတဲ့ ပမာဏပြည့်အောင် Trading လုပ်နေဖို့ လိုအပ်ပါတယ်။ အဲဒီ ပမာဏကို ပြည့်အောင် Trading လုပ်ပြီးပြီးဆိုရင်တော့ Bonus ငွေကိုပါ ထုတ်ယူလို့ ရပါပြီ။

ဆက်လက်ဖတ်ရန်
Read More

How to Login MT4 wiht FBS Account

9:30 PM | ,


ဒီတစ်ခါတော့ ကိုယ့်ရဲ့ကွန်ပြူတာနေ အွန်လိုင်းကနေ ငွေကြေးအရောင်းအ၀ယ်ကို စတင်နိုင်ဖို့အတွက် MT4 ဆော့ဝဲကို အသုံးပြုပြီးတော့ FBS Trader အကောင့်ကို ဘယ်လို Login ၀င်ရတယ်ဆိုတာကို ပြောပြသွားပါမယ်။


FBS မှာ Trader အကောင့်ကို Register လုပ်တုန်းက အပေါ်က ပုံမှာ ပြထားတဲ့ အချက်အလက်တွေကို သေချာမှတ်ထားဖို့ လိုတဲ့အကြောင်းကို ပြောခဲ့ပါတယ်။ ကိုယ့်အတွက် Account နံပါတ်နဲ့ Trading အတွက် Password တို့ပဲ ဖြစ်ပါတယ်။ MT4 ဆော့ဝဲကို Login ၀င်တဲ့အခါမှာ အဲဒီအကောင့်နံပါတ်နဲ့ Password တွေအတိုင်း ၀င်ရမှာ ဖြစ်ပါတယ်။


ကိုယ်ရဲ့ အီးမေးထဲကိုလည်း အချက်အလက်တွေကို ၀င်ကြည့်ဖို့အတွက် လင့်တွေပါတဲ့ အီးမေးတစ်စောင် ရှိပါတယ်။ အရေးကြီးတဲ့ အချက်အလက်တွေပါ။ PIN Code ဆိုရင် အရမ်းအရေးကြီးပါတယ်။ ငွေထုတ်တဲ့အခါမှာ အဲဒီကုဒ်ကို မေးပါလိမ့်မယ်။


နောက်ဆုံးအဆင့်ကတော့ ကျွန်တော်တို့ရဲ့ Trading ဆော့ဝဲဖြစ်တဲ့ Meta Trader 4 ဆော့ဝဲကို ဒေါင်းလုပ်ယူဖို့အတွက် FBS ဆိုဒ်ကို ၀င်ရောက်ပြီးတော့ အပေါ်က ပုံမှာပြထားတဲ့အတိုင်း Platforms ဆိုတာကို နှိပ်လိုက်ပါ။


Meta Trader 4 ဆော့ဝဲကတော့ Trader တွေအတွက် အရမ်းကို အသုံးများပြီး နာမည်ကြီးတဲ့ ဆော့ဝဲတစ်ခုပါ။ Broker တွေ အားလုံးကလည်း MT4 ဆော့ဝဲကို အသုံးပြုနိုင်အောင် လုပ်ထားပေးကြပါတယ်။ ကွန်ပြူတာအတွက် ဗားရှင်းနဲ့ Mobile Phone (Android, IOS) အတွက်ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတာကို ဒေါင်းလုပ်လုပ်ပြီး ဆော့ဝဲကို တင်ထားလိုက်ပါ။ အခုတော့ ကွန်ပြူတာကို သုံးပြီးတော့ ပြောပြမှာဖြစ်တဲ့အတွက် ကွန်ပြူတာအတွက် ဗားရှင်းကို တင်ထားလိုက်ပါ။

အောက်မှာတော့ FBS Trader အကောင့်ကို MT4 မှာ ဘယ်လို Login ၀င်ရတယ်ဆိုတာကို http://www.zawfx.com မှ ကိုဇော်မိုးဟန်က ဗွီဒီယိုဖိုင်ဖြင့် သေချာရှင်းပြထားတာကို ပြန်လည်ကူးယူပြီး ဖော်ပြထားပါတယ်။


ဆက်လက်ဖတ်ရန်
Read More

CB Bank Visa ဖြင့် FBS Account အတွင်းသို့ ငွေသွင်းခြင်း

6:30 PM | ,


အခုပို့စ်မှာတော့ CB Bank ရဲ့ Visa ကဒ်ကို အသုံးပြုပြီးတော့ FBS Trader အကောင့်ထဲကို ငွေထည့်သွင်းပုံကို ပြောပြပေးသွားပါမယ်။ ဒီပို့စ်ကိုတော့ ကိုလင်းဇေယျာကျော် ရေးသားထားတာကို ကူးပြီးတော့ ပြန်လည်တင်ပြထားပေးခြင်းပဲ ဖြစ်ပါတယ်။

  • ပထမဆုံးအနေနဲ့ ကိုယ့်မှာ ငွေဖြည့်သွင်းဖို့အတွက် CB bank ရဲ့ Visa ကဒ် ရရှိထားပြီးသား ဖြစ်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကဒ်မရှိသေးဘူးဆိုရင်တော့ နီးစပ်ရာ CB bank မှာ Visa ကဒ်ကို အရင် သွားလုပ်ထားဖို့ လိုအပ်ပါတယ်။ ၃ ရက်လောက်ဆိုရင် ကိုယ့်ကဒ်ရပါပြီ။ 
  • ကိုယ့်အနေနဲ့ FBS မှာ ဖြည့်သွင်းလိုတဲ့ ငွေပမာဏကိုလဲ ကဒ်ထဲမှာ ကြိုတင်ဖြည့်ထားဖို့အတွက် လိုအပ်ပါတယ်။ ကဒ်ထဲမှာ လက်ကျန်ငွေ ဒေါ်လာ ၂၀ ကျန်ရှိရမှာဖြစ်တဲ့အတွက် ကိုယ်ထည့်သွင်းလို့တဲ့ ငွေပမာဏထက် ဒေါ်လာ ၂၀ အပိုထပ်ဆောင်းပြီးတော့ ငွေဖြည့်သွင်းထားဖို့ လိုအပ်ပါတယ်။

ကိုယ်ရဲ့ကဒ်ကို ရရှိလာပြီဆိုရင်တော့ www.cbbankcard.com သွားရောက်ပြီးတော့ မိမိကဒ်ပြုလုပ်ထားခဲ့တဲ့ အီးမေးလိပ်စာဖြင့် Register လုပ်ပါ။ ကိုယ့်ရဲ့အီးမေးထဲကို Activation လုပ်ရမယ့် လင့်ကို ပို့ပါလိမ့်မယ်။ အဲဒီလင့်ကို နှိပ်လိုက်ပါက ကိုယ့်ရဲ့အကောင့်ကို Activated လုပ်ပြီး ဖြစ်ပါပြီ။


ပြီးရင်တော့ ကိုယ် Register လုပ်ခဲ့တုန်းက အသုံးပြုခဲ့သော အီးမေးလိပ်စာ၊ Password တို့ဖြင့် Login ၀င်လိုက်ပါ။


ပြီးရင်တော့ အပေါ်ကပုံမှာ မြှားထိုးပြထားတဲ့ Link Card နေရာကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Form မှာ ကိုယ်ကဒ်လုပ်တုန်းက အချက်အလက်များအတိုင်း ဖြည့်စွက်ပါ။ တကယ်လို့ Link Card လုပ်ရာမှာ အခက်အခဲရှိပါက 01-378905 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Link Card လုပ်လို့ အောင်မြင်ပြီးပါက Card Amount Details သို့ သွားရောက်ပြီး မိမိကဒ်နဲ့ ပက်သက်တဲ့ ငွေလက်ကျန် အသေးစိတ် အချက်အလက်များကို အပေါ်က ပုံနံပါတ် (၁) မှာ ပြထားတဲ့အတိုင်း တွေ့မြင်ရပါလိမ့်မယ်။

ဒုတိယအဆင့်အနေဖြင့် မိမိရဲ့ FBS Trader အကောင့်ကို ငွေဖြည့်သွင်းဖို့အတွက် www.fbs.com ကို သွားရောက်ပြီး မိမိအကောင့်ကို Login ၀င်လိုက်ပါ။ တကယ်လို့ ကိုယ့်မှာ Trader အကောင့်မရှိသေးဘူးဆိုရင် ဒီလင့်မှာ သွားရောက်ဖတ်ပြီး Register လုပ်နိုင်ပါတယ်။


ကိုယ့်ရဲ့အကောင့်ကို Login ၀င်ပြီးပြီဆိုတာနဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Financial operations ကနေ Deposit Funds ကနေ အနီရောင်နဲ့ ပြထားတဲ့ Visa,Master ဆိုတာကို နှိပ်လိုက်ပါ။
  • FBS မှာ Visa Card ဖြင့် ငွေဖြည့်သွင်းပါက ချက်ချင်းရောက်ပါတယ်။
  • Charges ကလည်း Zero ဖြစ်ပါတယ်။
  • ကဒ်ထဲမှာ ဒေါ်လာ ၂၀ လက်ကျန်ထားရှိမှာဖြစ်တဲ့အတွက် မိမိကဒ်ထဲမှာရှိတဲ့ငွေထက် ဒေါ်လာ ၂၀ လျော့ပြီး ငွေသွင်းရမှာ ဖြစ်ပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ်ငွေဖြည့်သွင်းချင်တဲ့ ပမာဏကို ရိုက်ထည့်ပါ။ ဘေးမှာ ကိုယ်ဖြည့်မှာက ဒေါ်လာငွေကြေးဖြင့် ထည့်သွင်းမှာဖြစ်လို့ USD ကို ရွေးထားပေးပါ။ အောက်မှာတော့ ကိုယ်ရဲ့ အကောင့်နံပါတ်ကို မှန်၊မမှန်ဆိုတာကို ပြန်စစ်ကြည့်ပြီး Deposit Funds ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ကိုယ့်ကဒ်နံပါတ်နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ပေးပြီး Continue ကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာပြထားတဲ့အတိုင်း One Time Password ကို တောင်းပါလိမ့်မယ်။ အဲဒီ OTP ကိုတော့ မိမိကဒ်လုပ်တုန်းက ချိတ်ထားခဲ့တဲ့ အီးမေးထဲကို ၀င်ကြည့်ပြီးတော့ ဖြည့်စွက်လိုက်ပါ။


အဲဒါဆိုရင်တော့ မိမိငွေဖြည့်သွင်းတာ အောင်မြင်ကြောင်းနဲ့ မိမိငွေထည့်တဲ့ဝက်ဆိုဒ်ကို မကြာမှီ ပြန်လည်ရောက်မယ့် အကြောင်းကို ပြောပါလိမ့်မယ်။


ပြီးရင်တော့ ငွေဖြည့်သွင်းတာကို Approved ဖြစ်ကြောင်းကို ပြောပါလိမ့်မယ်။


FBS မှာလဲ ငွေဖြည့်သွင်းလိုက်လို့ ငွေရောက်လာကြောင်း ပြောလာပါလိမ့်မယ်။

ကိုယ်တိုင်လက်တွေ့လိုက်လုပ်လိုက်မယ်ဆိုရင် ပိုပြီးရှင်းသွားပါလိမ့်မယ်။ တချို့တွေက ငွေထည့်တာ မရဘူး၊ မအောင်မြင်ဘူးဖြစ်တတ်ဆိုပြီး ပြောပါလိမ့်မယ်။ အဲဒါကတော့ ကဒ်ထဲမှာ လက်ကျန်ငွေ ဒေါ်လာ ၂၀ မချန်ထားခဲ့ဘဲ အကုန်ထည့်တတ်ကြလို့ပါ။ ကဒ်ထဲမှာရှိတဲ့ငွေထက် ဒေါ်လာ ၂၀ လျော့ပြီး ငွေသွင်းရင် အားလုံး အဆင်ပြေပါတယ်။

တကယ်လို့ FBS မှာ Trader အကောင့်မရှိသေးဘူးဆိုရင်တော့ ဒီလင့်မှာ သွားရောက်ဖတ်ပြီး အကောင့်လုပ်နိုင်ပါတယ်။

ဆက်လက်ဖတ်ရန်
Read More