အခုမိတ်ဆက်ပေးချင်တာကတော့ Social Trading ကို အသုံးပြုထားတဲ့ eToro အကြောင်းပါပဲ။ "Facebook for Trading" လို့လဲ ပြောကြပါတယ်။ eToro မှာ Trader တစ်ယောက်က အရောင်းအ၀ယ်လုပ်လိုက်ရင် အခြားသူတွေက အဲဒါက ချက်ချင်းမြင်တွေ့နိုင်ပါတယ်။ ပြီးတော့ Trader အချင်းချင်းလဲ နှီးနှောတိုင်ပင် ဆွေးနွေးနိုင်ပါတယ်။ Trader တွေရဲ့ ခန့်မှန်းချက်တွေကိုလဲ ကိုယ့်ရဲ့ Wall မှာ တင်လိုက်ရင် အခြားသူတွေက Like, Comment, Share လုပ်တွေလဲ လုပ်နိုင်ပါတယ်။ အပြန်အလှန် တိုင်ပင်ဆွေးနွေးနိုင်တဲ့အတွက် Trading သီးသန့်နေရာလေးလို့တောင် တင်စားလို့ ရပါတယ်။
နောက်တစ်ခုအနေနဲ့ eToro ရဲ့ အားသာချက်ကတော့ Stock, Forex, Commodities, Stock indices တွေ အားလုံးကို တနေရာတည်းမှာ အရောင်းအ၀ယ် ပြုလုပ်လို့ရတာပါပဲ။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ တော်တော်များများ ရင်းနှီးနေကြပါပြီ။
ဒါပေမယ့် စတော့ဈေးကွက်ကတော့ အခုမှ စတုန်းလို့ ပြောလို့ရပါသေးတယ်။ စတော့အိပ်ချိန်းကနေ အရောင်းအ၀ယ်ပြုလုပ်လို့ ရတာ FMI နဲ့ MTSH နှစ်ခုပဲ ရှိပါသေးတယ်။ ကမ္ဘာတလွှားက နာမည်ကြီးစတော့ရှယ်ယာကတွေကို အရောင်းအ၀ယ်လုပ်ချင်တဲ့သူတွေကတော့ eToro ကနေတဆင့် အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။
eToro ကို 2006 ခုနှစ်မှာ စတင်တည်ထောင်ထားပြီး Cyprus, Israel, UK တို့မှာ တရားဝင်ရုံးတွေ ရှိပါတယ်။ eToro နဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ https://en.wikipedia.org/wiki/EToro မှာ ဆက်လက်ပြီး လေ့လာကြည့်လို့ ရပါတယ်။
eToro ရဲ့ Social Trading Platform
eToro ရဲ့ အားသာချက်တစ်ခုကတော့ Social Trading ကို အသုံးပြုထားတာဖြစ်တဲ့အတွက် Trader အချင်းချင်း ဆက်သွယ်နိုင်တာပါပဲ။ သူ့ရဲ့ Wall ကို သွားရောက်ပြီးတော့ ခန့်မှန်းချက်တွေကို ဖတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ခန့်မှန်းချက်တွေကိုလဲ ပြောပြပြီး အပြန်အလှန် ဆွေးနွေးနိုင်ပါတယ်။ ဘယ်နေ့မှာ ဘယ်ဒေတာတွေ ထွက်မယ်၊ ထွက်လာတဲ့ ရလာဒ်အပေါ်မူတည်ပြီး ဘယ်လိုတွေ ဖြစ်နိုင်တယ် စတာတွေကိုလဲ ရှာဖွေကြည့်နိုင်ပါတယ်။ ကိုယ်က Follow လုပ်ထားမယ်ဆိုရင် သူ Trade အသစ်ဖွင့်လိုက်တာ၊ Post တင်လိုက်တာတွေကို ချက်ချင်းသိရှိနိုင်ပါတယ်။
eToro ရဲ့ နောက်ထပ် Feature တစ်ခုကတော့ Copy Trade လုပ်လို့ရတာပါပဲ။ eToro မှာရှိတဲ့ Trader တစ်ယောက်ရဲ့ Trading အရှုံးအမြတ်၊ Trade တစ်ခု ဘယ်လောက်ကြာကြာကိုင်ထားတတ်လဲ၊ ဘယ် Currency Pair တွေပေါ်မှာ အများဆုံး Trade လေ့ရှိလဲဆိုတဲ့ အချက်အလက်တွေအားလုံးကို Graph တွေ၊ Charts တွေနဲ့ ကြည့်လို့ရပါတယ်။ သူ့ရဲ့ Trading Style ကို သဘောကျတယ်ဆိုရင် ငွေပမာဏတစ်ခုနဲ့ Copy လုပ်ထားမယ်ဆိုရင် သူ Trade Order ဖွင့်ရင် ကိုယ့်ဆီမှာလဲ အချိုးကျတစ်ခုနဲ့ အလိုလို Order ဖွင့်ပေးပါလိမ့်မယ်။ Copy လုပ်ရမယ့် ငွေပမာဏကတော့ Trader တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
Copy မလုပ်ဘဲ အဲဒီ Trader ကို Follow လုပ်မယ်ဆိုရင် သူ့ Trade တွေကို မြင်နေရပြီး ကိုယ်တိုင်ကြိုက်မှ Trade အသစ်ဖွင့်လို့လဲ ရပါတယ်။
How to Register in eToro
eToro မှာ အကောင့်တစ်ခု ဖွင့်ဖို့က အရမ်းကို လွယ်ကူပါတယ်။ အကောင့်ဖွင့်ဖို့အတွက် ဒီလင့်ကို နှိပ်လိုက်ပါ။
အပေါ်မှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ဖြည့်ပေးလိုက်ပါ။ eToro မှာ Trading လုပ်ဖို့အတွက်ပါ ရည်ရွယ်ထားတယ်ဆိုရင်တော့ အချက်အလက်တွေကို အမှန်အကန်ဖြည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ ပြီးရင် Join Now ဆိုတာကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် eToro မှာ အကောင့်တစ်ခု ဖွင့်လို့ ပြီးသွားပါပြီ။
ကိုယ်တိုင်က သတင်းတစ်ခုထွက်သွားပြီးလို့ အဲဒီသတင်းအပေါ်မှာ Trader တွေ ဘယ်လိုသဘော ခန့်မှန်းကျတယ်၊ ဘယ်လို Action ယူကြတယ်ဆိုတာကို သိဖို့အတွက်ပဲဆိုရင် (eToro မှာ Trading မလုပ်ဘူးဆိုရင်) အကောင့်ကို Verify လုပ်ဖို့မလိုပါဘူး။ တကယ် Trade မယ့်သူတွေကတော့ Verify လုပ်တဲ့အဆင့်ကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
eToro ရဲ့ Interface မိတ်ဆက်
အပေါ်မှာ ပြထားတဲ့ပုံကတော့ eToro ကို စစချင်းတွေ့ရမယ့်ပုံပါပဲ။
News Feed
ဖေ့ဘုတ်မှာပါတဲ့ News Feed နဲ့ အတူတူပါပဲ။ သူ့ကိုနှိပ်လိုက်မယ်ဆိုရင် ကိုယ် Follow လုပ်ထားတဲ့ Trader တွေရဲ့ Update News တွေ တက်လာပါလိမ့်မယ်။
Portfolio
Real Portfolio နဲ့ Virtual Portfolio နှစ်ခုကို အပြန်အလှန် ပြောင်းလို့ ရတဲ့နေရာပါ။ eToro မှာလဲ လေ့ကျင့်ဖို့အတွက် demo အကောင့်ပေးထားပါတယ်။ ဒီမှာတော့ demo အကောင့်လို့ မခေါ်ဘဲ Virtual Portfolio လို့ ခေါ်ပါတယ်။ Virtual Portfolio ကို ရွေးလိုက်မယ်ဆိုရင် ဒေါ်လာ 100K ပါတဲ့ Virtual အကောင့်ကို ပြောင်းပေးပါလိမ့်မယ်။
အောက်ဆုံးလိုင်းမှာ AVAILABLE ဆိုပြီး Virtual Money ထည့်ပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီငွေကို အသုံးပြုပြီးတော့ အရောင်းအ၀ယ်ပြုလုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။
Watchlist
Watchlist ဆိုတာက ကိုယ့်အတွက် အရေးပါတဲ့ Pairs တွေ၊ Stock တွေကို အမြန်ကြည့်လို့ရအောင် သီးသန့် List ထဲကို ထည့်ထားတဲ့သဘောပါ။ List ထဲကို ထပ်ပေါင်းထည့်လို့ ရသလို မလိုတော့ဘူးဆိုရင်လဲ List ထဲကနေ ပြန်လည် ထုတ်ပယ်လို့ ရပါတယ်။
အပေါ်က ပုံမှာတော့ APPL (Apple), GOOG (Google) တို့ရဲ့ Stock တွေကို List ထဲမှာ ထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။ ဒီနေ့တစ်နေ့တာအတွက် APPL (Apple), GOOG (Google) တို့ဟာ 1.10% နဲ့ 1.07% အတက်ဖြစ်ခဲ့တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ Sell, Buy ဈေးတွေကိုလဲ ယှဉ်တွဲ ပြထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ eToro ရဲ့ Trader 99% လောက်ရဲ့ Sentiment အခြေအနေအရ Buy အားသန်နေကြတာကိုလဲ တွေ့ရပါလိမ့်မယ်။
Copy People
eToro မှာရှိတဲ့ Trader တစ်ယောက်ရဲ့ Trading Style ကို သဘောကျတယ်ဆိုရင် ငွေပမာဏတစ်ခုနဲ့ Copy လုပ်ထားမယ်ဆိုရင် သူ Trade Order ဖွင့်ရင် ကိုယ့်ဆီမှာလဲ အချိုးကျတစ်ခုနဲ့ အလိုလို Order ဖွင့်ပေးပါလိမ့်မယ်။ Copy လုပ်ရမယ့် ငွေပမာဏကတော့ Trader တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ Copy မလုပ်ဘဲ အဲဒီ Trader ကို Follow လုပ်မယ်ဆိုရင် သူ့ Trade တွေကို မြင်နေရပြီး ကိုယ်တိုင်ကြိုက်မှ Trade အသစ်ဖွင့်လို့လဲ ရပါတယ်။
အပေါ်က ပုံမှာ Trader တစ်ယောက်ရဲ့ Performance ဂရပ်ကို ပြထားပါတယ်။ သူ့ရဲ့ Trading Style ကို သဘောကျလို့ Copy လုပ်ချင်တယ်ဆိုရင် Copy ကို နှိပ်လိုက်ရပါပြီ။ ပြီးရင် ကိုယ့် Copy လုပ်မယ့် ငွေပမာဏကို ရွေးချယ်ပေးပါ။ Virtual Money ကို အသုံးပြုပြီး စမ်းကြည့်နိုင်ပါတယ်။
Copy မလုပ်ဘဲ Follow ပဲ လုပ်ချင်တယ်ဆိုရင်တော့ (+) အပေါင်းလက္ခဏာကို နှိပ်လိုက်ရင် ရပါပြီ။
Trade Markets
eToro မှာ Trade လုပ်နိုင်တဲ့ Stock, Forex, Commodities, Stock indices တွေ အားလုံးကို ရှာဖွေကြည့်နိုင်ပါတယ်။ မိမိစိတ်ကြိုက်ရှာဖွေပြီး Charts တွေနဲ့ ဈေးနှုန်း အပြောင်းအလဲတွေကို တွေ့မြင့်ရပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားတယ်ဆိုရင်တော့ Watchlist ထဲကို ထပ်ပေါင်းထည့်ထားနိုင်ပါတယ်။
Settings
Settings မှာတော့ ကိုယ့်အကောင့်နဲ့ ပက်သက်တဲ့ ဒေတာအချက်အလက်တွေကို ပြင်ဆင်တာ၊ အကောင့်ကို Verify လုပ်ဖို့အတွက် Document တွေ တင်တာ၊ ဖုန်းနံပါတ်အတွက် Verify လုပ်တာတွေ၊ ကိုယ့်အကောင့်ရဲ့ Privacy တွေ ပြင်တာကို ပြုလုပ်နိုင်ပါတယ်။
How to Verify eToro Account
eToro မှာ တကယ့်ငွေအစစ်ထည့်ပြီးတော့ Trading လုပ်မယ်ဆိုရင်တော့ အကောင့်ကို အရင်ဆုံး 100% Verify ဖြစ်အောင် လုပ်ထားဖို့ လိုပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ငွေထည့်ပြီးမှ Verify မဖြစ်တဲ့အတွက် ငွေပြန်ထုတ်မရတာ ဖြစ်နိုင်ပါတယ်။ အရင်ဆုံး Verify ဖြစ်ပြီးမှပဲ ငွေကို ထည့်ဖို့ စဉ်းစားစေချင်ပါတယ်။
အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Complete Profile ဆိုတာကို နှိပ်လိုက်ပါ။
ကိုယ်ဖြည့်သွင်းလို့တဲ့ ငွေပမာဏကို ထည့်သွင်းပါ။ Payment Methods မှာ Credit card, PayPal, Wire Transfer, More ဆိုပြီး ရှိပါတယ်။
How To Withdraw Funds
eToro ကနေ ငွေထုတ်ယူဖို့အတွက် အရင်ဆုံး Verify ဖြစ်ထားပြီးသား လိုပါတယ်။ ကဒ်ကနေ ငွေသွင်းထားတဲ့သူဆိုရင် ကဒ်ရဲ့ရှေ့ဘက်နဲ့ နောက်ကျောဘက်တွေကို Scan လုပ်ပြီး ပို့ပေးရပါမယ်။ ကဒ်နံပါတ် အလယ် ရှစ်လုံးနဲ့ ကဒ်နောက်ကျောက CVV Code ကိုတော့ ဖျက်ထားနိုင်ပါတယ်။
Withdraw Funds ကိုနှိပ်ပြီးတော့ ကိုယ်ထုတ်ယူလို့တဲ့ ငွေပမာဏနဲ့ Payment စနစ်ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။ ငွေထုတ်တာက Verify ဖြစ်သွားပြီးသားဆိုရင် လွယ်ကူပါတယ်။
eToro နှင့် အခြားသိသင့်စရာများ
EUR/USD အတွက် Spread အနေနဲ့ 3 Pips ရှိပြီး GOLD ကတော့ 0.9 ရှိပါတယ်။ အားလုံးအတွက် spread တွေကို ဒီလင့်မှာ http://www.etoro.com/en/customer-service/fees/ သွားရောက်ကြည့်နိုင်ပါတယ်။
ငွေထုတ်ယူဖို့အတွက် Payment စနစ်ပေါ်မူတည်ပြီး အနည်းဆုံး (၃) ရက်ကနေ (၇) ရက်အထိ ကြာမြင့်နိုင်ပါတယ်။
ငွေထုတ်ယူမှုအတွက် ၀န်ဆောင်ခတွေကတော့ (၂၀– ၂၀၀) ဆိုရင် ၅ ဒေါ်လာ၊ (၂၀၀.၀၁ – ၅၀၀) ဆိုရင် ၁၀ ဒေါ်လာ၊ (၅၀၀.၀၁ အထက်) ဆိုရင် ၂၅ ဒေါ်လာ ဖြစ်ပါတယ်။