Social Trading (or) eToro

မြန်မာနိုင်ငံမှာ Forex Trading နဲ့တော့ ရင်းနှီးနေကြပါပြီ။ စတော့ဈေးကွက်ကတော့ အခုမှ စတင်နေဆဲ အခြေအနေမှာပါပဲ ရှိပါသေးတယ်။ အခြားနိုင်ငံတကာက စတော့တွေကို ၀ယ်ယူဖို့အတွက်ဆိုရင်...

FBS မှာ Trader အကောင့်ဖွင့်ရအောင်

မြန်မာကနေ Forex Trading စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။

ShweFx Trading System

Forex Trading System တစ်ခုရှိခြင်းဟာ အမြတ်အစွန်းပုံမှန်ရရှိနေတဲ့ Trader တစ်ယောက် ဖြစ်လာဖို့အတွက် အရေးကြီးသော အကြောင်းအချက်များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲဗျ‬?

သင့်ကို လူတယောက်က အဲဒီမေးခွန်းကို မေးခဲ့လာပြီဆိုရင် ဘယ်လိုဖြေမလဲ?

Forex Trading ဆိုတာ ဘာလဲဗျ‬?

ငွေကြေးလဲလှယ်မှုနှုန်းပြောင်းလဲခြင်းဟာ သင့်ကို Forex ငွေကြေးရောင်းဝယ်ရေး ဈေးကွက်ထဲမှာ အကျိုးစီးပွားရှာနိုင်ဖို့ အခွင့်အရေးတစ်ခုပေးနေပါတယ်။

FBS မှာ 100% Bonus ရယူခြင်း

Forex Tading ကို စိတ်ဝင်စားတဲ့သူတွေအတွက် 100% ယုံကြည့်စိတ်ချရပြီး 100% Deposit Bonus ပေးနေတဲ့ နာမည်ကြီး Broker တစ်ခုဖြစ်ပါတယ်။

Abenomics အကြောင်း တစေ့တစောင်း

8:00 PM | ,


(ပုံကြီး ကြည့်ပြီး လန့်သွားပြီလား... ဟဲဟဲ။ လူရှိန်အောင်ပါ။)

အာဏာရနိုင်ငံရေးသမားတွေ၊ ၀န်ကြီးချုပ် စတာတွေဟာ စီးပွားရေးပေါ်လစီသစ်တွေကို ဖော်ဆောင်လေ့ရှိကြတယ်။ (အင်း.... စကတည်းက ပျင်းစရာတော့ ကောင်းပြီနဲ့ တူပါတယ်.... ဘာတွေ ပြောမလို့လဲ မသိဘူး.... ၀ါး။)

နာမည်ကြီးနိုင်ငံရေးသမားများ ဖော်ဆောင်တဲ့ ပေါ်လစီတွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့နာမည်တွေနဲ့ ပူးတွဲပြီး ကျန်နေလေ့ ရှိတတ်တယ်။ ဥပမာ သမ္မတကလင်တန် ဖော်ဆောင်ခဲ့တဲ့ economics ပေါ်လစီတွေကို Clintonomics လို့ သမုတ်ကြပါတယ်။ မာဂရက်သက်ချာရဲ့ free market အခြေခံပေါ်လစီတွေကိုတော့ Thatcherite policies လို့ ခေါ်ရုံတင်မကဘဲ ၀ါဒတစ်ခုအနေနဲ့ Thatcherisim လို့တောင် အမည်တွင်ကျန်ခဲ့သတဲ့။ အာဂမိန်းမနော်။ ကိုယ့်နာမည်ကြီးနဲ့ ism တစ်ခုကျန်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးတဲ့.... ဘာမှတ်တုန်း။ သက်ချာနဲ့ သိပ်ကို အတိုင်အဖောက်ညီခဲ့တဲ့ အမေရိကန်သမ္မ ရော်နယ်ရေဂင်ရဲ့ မူဝါဒတွေကိုကျတော့ Regonomics လို့ သမုတ်ကြပြန်ပါတယ်။

အခုတခါ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေက ဂျပန်ကို စီးပွားရေးအကြပ်အတည်းထဲက ဆွဲထုတ်ရာမှာ သုံးနေတဲ့ ပေါ်လစီတွေကိုကျတော့ Abenomics ပါတဲ့။ ဒီတော့ ဇာတ်လိုက်ကလေး ''အဘေ Abe'' က နိပွန်းပြည်ကြီးကို ကယ်တင်ဖို့ ဘာတွေ ကြံစည်မင်းလုပ်နေသလဲဆိုတာ တစွန်းတစ စပ်စုကြရအောင်။


''အဘေ Abe'' က ဘာကို ရည်မှန်းထားလဲ ဆိုတော့ အနှစ် (၂၀)လောက် ''တန့်'' နေတဲ့ ဂျပန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဖို့တဲ့။ တန့်နေတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဂျပန်တွေမှာ ဈေးမ၀ယ်ချင်ကြတဲ့ ရောဂါထနေတယ်၊ ဈေးဝယ်မယ်ဆိုရင် လက်တွန့်နေကြတယ်။ နောက်လည်း ဈေးတွေ ကျဦးမှပဲဆိုတဲ့ အတွေးကြီးက လူတိုင်းမှာ စွဲကပ်နေတော့ ၀ယ်လိုအားတွေကျ၊ ဒီတော့ ဈေးကွက်က အရှိန်အဟုန်နဲ့ ကောင်းကောင်းမလည်ပတ်နိုင်၊ မလည်ပတ်နိုင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက လက်တွန့်၊ ရင်းနှီးမယ့်လူတွေ လက်တွန့်တော့ ဈေးကွက်ကြီးက ခြောက်သွေ့နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ အနှစ် (၂၀) လောက်ရှိပြီဆိုဘဲ။ ဒီတော့ ဈေးကွက်ကို ''ဆွ'' ဖို့ ဗျူဟာတွေ ချရတော့တာတာပေါ့။ ပြောတော့လွယ်လိုက်တာအေ။ ဈေးကွက်ဆိုတာဂျီးကို ဘယ်လို ဆွမှာလဲ လင်းစမ်းပါဦး။
ဟုတ်ကဲ့.... ''အဘေ'' က ပေါ်လစီ သုံးခုချလိုက်တယ်။ အဲဒီ ပေါ်လစီသုံးခုကို ဘေးကနေ စောင့်ကြည့်ဘုတော... အဲလေ... ဝေဖန်သူတွေက သူ့နာမည်ကို အစွဲပြုပြီး Abenomics လို့ ခေါ်တယ် ။ Abenomics ရဲ့ အဲဒီပေါ်လစီသုံးခုကိုတော့ Three arrows လို့ တင်စားကြတယ်။ လာထား... မြှားသုံးချောင်းနဲ့ ဇာတ်လိုက်ကလေးက ဘာကို ချိန်ထားသလဲ ကြည့်လိုက်ရအောင်။


Abenomics ရဲ့ ''မြှားသုံးချောင်း'' လို့ ခေါ်ကြတဲ့ ပေါ်လစီသုံးခုကတော့
  1. Monetary policy (ငွေကြေးမူဝါဒ)
  2. Fiscal stimulus (ဈေးကွက်ထဲ ငွေတွေ ရိုက်သွင်းပြီး ၀ယ်လိုအားကို ''ဆွ'' ခြင်း)
  3. Structural reforms (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှု)
အဲဒီ မြှားသုံးခုနဲ့ တို့ဇာတ်လိုက်ကလေး အဘေက ဂျပန်ရဲ့စီးပွားရေးကို ကယ်တင်မယ်ဆိုဘဲ။

(1) Monetary Policy ဆိုတာ ဘာကြီးတုန်း
ဘာကြီးမှ မဟုတ်ပါဘူးအေ။ ဘဏ်မှာ ငွေအပ်ဖူးတယ် မဟုတ်လား။ မြန်မာပြည်မှာ တချို့တွေဆို ဟိုးအရင်ကတည်းက ဘဏ်မှာ ငွေတွေနင်းကန်အပ်၊ အတိုးတွေ ထိုင်ထုတ်ပြီး အလုပ်မလုပ်ဘဲ နေနိုင်ကြတယ်လေ။ အတိုးကလည်း ဘယ်မှာမှမရတဲ့ ၁၃ ရာခိုင်နှုန်းတောင် မဟုတ်လား။ အခုတော့ လျှော့ချဖို့ ပြင်နေပြီဆိုတော့ တချို့လည်း ချိတ်တွေ ညစ်နေကြတယ်တဲ့ (အတိုးလေးနဲ့ ငြိမ့်လာတာကိုးလို့။ ဟင့်... ခုတော့)။

အဲလို ဗဟိုဘဏ်ကနေ အတိုးတွေကို တိုးလိုက် လျှော့လိုက် လုပ်တာဟာ Monetary Policy ဆိုတာကြီးထဲ ပါတာပေါ့။ တနည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ရှိမယ့် ငွေပမာဏကို ထိန်းချုပ်ထားတာ တဲ့။

စီးပွားရေးဆိုတာကြီးရဲ့ သဘောက သင်္ချာလို ဖော်မြူလာ၊ အီကွေးရှင်းတွေ အတိအကျချရုံနဲ့ တိတိကျကျ အဖြေမထွက်တတ်ဘူး လို့ ကြားဖူးတယ် အေ့။ တသမတ်တည်း မနေဘူးပေါ့အေ။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ mindset တွေ trend တွေကို ထည့်စဉ်းစားရသေးတယ် လေ။ အတွင်းအပြင် နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်သေးတယ် တဲ့။ အဲဒီတော့ အစိုးရတွေမှာလည်း ဟိုလိုဒီလို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ကို ဘယ်လို ထိန်းမလဲဆိုတာ အချိန်နဲ့အမျှ ဦးနှောက်စားနေရတာပေါ့။ တိုတိုပြောရရင်တော့ ဗဟိုဘဏ်ကြီးက အတိုးနှုန်းကို မြှင့်လိုက် လျှော့လိုက် ကစားပြီး ကိုယ်လိုချင်တဲ့ ရလာဘ်ကို ဖော်တာဟာ Monetary Policy လို့ ပြောရင် မမှားဘူးပေါ့ ယောက်မရယ်။ 

ဥပမာအားဖြင့် ဘဏ်တိုးနှုန်းတွေ မြင့်နေရင် လူတွေက ပိုက်ဆံတွေကို ဘဏ်မှာအပ်ပြီး အတိုးတွေ ထိုင်ထုတ်နေမှာပေါ့။ ဒါဆိုရင် ငွေတွေက ဘဏ်မှာ ပိုများနေပြီး ဈေးကွက်ထဲမှာ ၀ယ်လိုအားကျမယ်။ အတိုးကို မက်နေတော့ တော်ရုံတန်ရုံ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ လက်တွန့်ကြမယ်။ ဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး အဆောက်အဦးကြီးက ကြာရင် ဒွတ်ခ မရောက်ဖူးလား လို့။

ဒီတော့ ၀ယ်လိုအားကို တက်အောင်လုပ်ချင်ရင် ဘဏ်တိုးနှုန်းကို လျှော့လိုက်ရတယ် တဲ့။ ဒီလိုဆို ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးထိုင်ထုတ်နေမယ့် လူတွေ နည်းသွားမယ်လေ။ ဆက်ပြီး တွေးကြည့်လိုက်ပေါ့ အေရယ်။ ဘဏ်ကနေ ပိုက်ဆံချေးရတာ အတိုးနည်းနည်းဘဲ ပေးရတယ်ဆိုရင် ချေးချင်သူတွေ မများလာဘူးလား။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ ပိုက်ဆံချေးပြီး စီးပွားရေးလှုပ်ငန်းသစ်တွေကို လုပ်လာကြမယ်။ ဈေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပိုများလာမယ်။ ဒီတော့ တန့်နေတဲ့ စီးပွားရေးတွေ ပြန်လည်ပတ်လာမယ်။ အဲဒါကြီးကို (Expansionary Monetary Policy) လို့ ခေါ်တယ်အေ့... တံတွေးစင်သွားရင် ခွေးလွှတ်နော်။


ဒါပေမယ့် အဲလို စီးပွားရေး ပြန်လည်ပတ်လာပြန်ရင်လည်း သတိထားရသေးတယ် တဲ့တော်။ ၀ယ်လိုအားတွေများပြီး ဈေးတွေ စွတ်တက်လာရင် တခါ ဗဟိုဘဏ်က ၀င်ပြီး ထိန်းရပြန်သတဲ့။ ဘယ်လို ထိန်းသလဲဆိုတော့ အတိုးနှုန်းကို တက်လိုက်ရပြန်သတဲ့။

တနည်းအားဖြင့် လူတွေ အသုံးကြမ်းလာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ် မဟုတ်လား။ လူတွေမှာ ဖြုန်းအားကောင်းလာရင် ဈေးကွက်မှာ ပစ္စည်းရှားလာတတ်ပြန်ရော တဲ့။ ဒါကြောင့် ကုန်ဈေးနှုန်းတက်နေတဲ့ တိုင်းပြည်တွေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းကို တက်ပစ်တတ်တာဟာ Inflation ကို ထိန်းတဲ့ နည်းတနည်းဆိုဘဲ။ ဘိလပ်လိုတော့ (Deflationary Monetary Policy) တဲ့။


ညည်းမှတ်မိတယ် မဟုတ်လား... ၂၀၀၇ က စပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆိုတာကြီး စလာတော့ နိုင်ငံတွေ တော်တော်များများ စီးပွားကျပြီး တိုင်ပတ်နေကြတယ် ဆိုတာလေ။ ဆင်လည်း ဆင့်အထွာ ဆိတ်လည်း ဆိတ်အထွာနဲ့ အားလုံး ခေါင်းကိုက်နေကြတာ အခုထိ ဆိုပါတော့။

နိပွန်းပြည်ကြီးလည်း ဘယ်လွတ်ပါ့မလ။ ဒါပေမယ့် ဂျပန်ဈေးကွက်ကြီး ထိုင်းနေတဲ့ ပြသနာ ဖြစ်နေတာက ၂၀၀၇ မှာ စတာမဟုတ်ဘူး၊ အနှစ် (၂၀) လောက်ကိုရှိပြီလို့ အဘေကလေးက ငါ့ကို မနေ့က ရင်ဖွင့်သွားတယ်။ အခုလို စီးပွားကျပ်ချိန်ဆိုတော့ သူ့ခမျာ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့အေ။

၁၉၉၀ နှစ်များမှာ ဂျပန်အိမ်ခြံမြေဈေးကွက် နင်းကန်တက်လာရာကနေ ဈေးကွက်ပြိုလဲမှု ဆိုတာ ဖြစ်ခဲ့သတဲ့။ ဘာလို့လည်း ဆိုတော့ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာ ဂျပု... အဲ... ဂျပန်တွေဟာ ငွေတွေ နင်းကန်စုကြသတဲ့။ အဲဒီတော့ ဘဏ်တွေမှာ ငွေတွေပေါလာပြီး ငွေချေးချင်တဲ့လူတွေအတွက် ကန့်သတ်ချက်တွေ နည်းလာတယ်၊ ငွေချေးရတာ လွယ်လာတယ်။ ဒီတော့ နင်းကန်ချေးကြတော့ကြပေါ့။


ဒီကြားထဲမှာ ဂျပန်ယန်းငွေကလည်း တန်ဖိုးတွေတက်လာတော့ အိမ်ယာမြေတွေ အဆပေါင်းများစွာ ဈေးတက်လာတယ်။ အဲသလို တကယ့်တန်ဖိုးထက် အဆပေါင်းများစွာ ဈေးတက်နေလာတာကို စီးပွားရေးမှာ Bubble လို့ ခေါ်တယ်။ ပူပေါင်းလေးလိုပေါ့အေ။ ကြာရှည်ခံမယ့် တိုးတက်ခြင်းမျိုး မဟုတ်ဘူးပေါ့။ ဈေးတွေ ထိန်းလို့မရအောင် မြောက်လွန်းလာတော့ ဗဟိုဘဏ်က ၀င်ထိန်းရတယ်၊ ဘယ်လို ၀င်ထိန်းသလဲဆိုတော့ အတိုးနှုန်းကို မြှင့်လိုက်ရတယ် တဲ့။ လွယ်လွယ်ရနေတဲ့ ချေးငွေတွေကို ထိန်းလိုက်တဲ့သဘောပေါ့။ အဲဒီတော့ Market panic လို့ခေါ်တဲ့ ဈေးကွက်လန့်တာတွေဖြစ်ပြီး ဈေးတွေ ဗြုန်းဆို ပြုတ်ကျတော့တာဘဲ။ အဲဒီ မြောက်တက်နေတဲ့ ဈေးကွက်ပြိုလဲတာကိုတော့ Bubble burst လို့ ခေါ်သတဲ့။ ပူပေါင်းကလေး ဖောက်ခနဲ ပေါက်သွားသလိုပေါ့အေ။

Bubble burst ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတာပေါ့အေ။ နောက်မှဘဲ အဲ့အကြောင်းကို ဆက်ပြီး အာလူးဖုတ်တော့မယ်။ ဒီမှာတော့ အဘေကလေးအကြောင်းကို မရောက်ဘဲနေမှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောရအောင် (တော်သေးတာပေါ့... လိုရင်းမို့လို့)။

အဲလို Bubble burst ဖြစ်ပြီး ဈေးတွေကျရာကနေ အလုပ်လက်မဲ့နှုန်းများလာပြီး ၀ယ်လိုအားကျလာခဲ့တာ အခု မျက်မှောက်ကာလထိဘဲ တဲ့။ ကုန်ဈေးနှုန်းကျတော့ လူတွေက invest မလုပ်ကြ၊ ဈေးဝယ်နည်းလာကြတယ်။ ဈေးတွေ စွတ်ကျနေမှတော့ တစ်ခုခု ၀ယ်မယ် လုပ်တိုင်း ''ဟင်း... နောက်ဆို ဈေးက ဆက်ကျဦးမှာ၊ ၀ယ်လို့ မဖြစ်သေးပါဘူး'' ဆိုတဲ့ စိတ်ကလေး ညည်းဆိုရင်ရော မ၀င်နိုင်ဘူးလား စဉ်းစားကြည့်။ ငါတို့ အဘေက အခု ဒီပြသာနာတွေ ရှင်းရမှာတဲ့ တော့။

(၂) Stimulus ဆိုတာ ဘာလဲ
အဘေက သူ့အကြံအစည်ကြီးရဲ့ ဒုတိယအဆင့်ကို လုပ်ဖို့ ငွေကြေးဖောင်းပွမှု (Inflation) ကို ၂% ထိ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် တဲ့။ ဟင်... ကယ်တင်ပါမယ်ဆိုမှ ဘယ်နှယ် ငွေကြေးဖောင်းပွအောင် လုပ်ရတာလဲ လို့မထင်လိုက်နဲ့ဦး။ သူ့ဗျူဟာက တမျိုးအေ့... Inflation ဖြစ်အောင်လုပ်တယ်ဆိုတာ ဈေးကွက်ထဲမှာ ငွေစက္ကူတွေ ပေါပေါလောလော ဖြစ်အောင်လုပ်တာမဟုတ်လား ။ ငွေတွေပွလာရင် ငွေတန်ဖိုးကျမယ်လေ။ ဒါကြောင့် ယန်းငွေတွေကို အကန့်အသန့်မရှိ (unlimited yen) ထုတ်ဖို့ ခိုင်းလိုက်သတဲ့။

ဒီလိုနဲ့ ၂၀၁၃ အစပိုင်းမှာ ဂျပန်ဗဟိုဘဏ်က ငွေစက္ကူတွေ နင်းကန်ရိုက်ထုတ်တော့တာပေါ့။ ပြီးရင် အဲ့ငွေတွေကို ဈေးကွက်ထဲကို ရိုက်သွင်းဖို့ အစီအစဉ်ချသတဲ့။ ရိုက်သွင်းတယ်ဆိုတာ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူးနော်... အဲ့ပိုက်ပိုက်တွေကို သုံးပြီး ဗဟိုဘဏ်က ပြည်တွင်းအစုရှယ်ရာတွေ၊ မြေယာ စတာတွေကို လိုက်ဝယ်တာတာတဲ့တော်။ ဒါမှမဟုတ်ရင်လည်း နည်းလမ်းတမျိုးမျိုး ရှာပြီး သုံးလိုက်တာကို ပြောတာ။ အဓိကက အဲ့ငွေတွေ ဈေးကွက်ထဲရောက်ဖို့ဘဲ။

ဒီတော့ ဈေးကွက်ထဲကို အစိုးရငွေတွေ ဒလဟော ၀င်လာပြီး ထိုင်းနေတဲ့ ၀ယ်လိုအား ပြန်ကြွလာရော မဟုတ်လား။ (ဟင်း....မဖြစ်လို့သာ နားထောင်နေရတယ်၊ တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခတ်နေတာဘဲ)။ အဲလို မောင်းသွင်းတာကို stimulus လုပ်တယ်လို့ ခေါ်သတဲ့။ stimulate လုပ်တယ်ဆိုတာ လှုံဆော်တာကို ဆိုလိုတာ မဟုတ်လားအေ။ ဒီတော့ stimulus ဆိုတာ ဈေးကွက်မှာ ၀ယ်အားတက်လာအောင် လှုံဆော်တာကို ပြောတာပေါ့။ ဒီထက် ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့ Quantitative Easing လို့လည်း ခေါ်သတဲ့။ (စင်ပြန်ပြီ... တံတွေး)။


အဲအဲ... ငါပြောတာ ဘယ်ရောက်သွားပြီလဲ... သြော် အင်း... ဒီလိုနဲ့ ဇာတ်လိုက်ကလေး ရှင်ဇိုအဘေရဲ့ ပလန်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွအောင်လုပ်ရတော့တာပေါ့။ အဲလို လုပ်ဖို့ဘဲ ငွေတွေ ဘယ်လောက် သုံးသလဲသိလား။ ဂျပန် GDP ရဲ့ ၁၀% လောက်ထိ နှစ်စဉ် သုံးမတဲ့ အေ့။ ဒါဟာ ဒေါ်လာ ''သန်း'' ထောင်ပေါင်း ၅၀၀ လောက်သော ငွေနဲ့ ညီသတဲ့ (အင်း... ဒေါ်လတွေ သန်း နဲ့ချီပြီး ပြောရတာ တော်တော် အရသာတွေ့နေပုံဘဲ... သူ့ဖြင့် တစ်ပြားတောင် မရှိဘဲနဲ့)။

တစ်ယောက်တည်း ပြော၊ တစ်ယောက်တည်း ထောက်ခံနေရာတာ အာခြောက်လိုက်တာအေ... ရေလေးဘာလေးလည်း တိုက်ပါဦး... ဂွပ်...ဂွပ် (ရေသောက်သံ)။ အင်း... ခုမှဘဲ ရင်ထဲကို အေးသွားတော့တယ်... ညည်းကလည်း အင်းမလှုပ် အဲမလှုပ်... ဟွန်း။ ဒီတော့ ဆက်ရရင် အဲဒီလို ငွေဈေးကို ချပစ်တော့ ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅%နီးပါး တန်ဖိုးကျသွားရော တဲ့။ ညည်းစဉ်းစားကြည့်ပေါ့... အဲလို ငွေဈေးကျတော့ ဂျပန်ပို့ကုန်တွေ ဈေးသက်သာမသွားဘူးလား။ ငါပြောတာ ရှုပ်သွားပြီလား။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပို့တဲ့ကုန်မဟုတ်လား။ နိုင်ငံခြားတိုင်းပြည်တွေက ဒေါ်လာလို နိုင်ငံခြားငွေတမျိုးမျိုးနဲ့ ကိုယ့်ဆီက ၀ယ်ကြရတာလေ။ အဲလို ၀ယ်ဖို့ လိုကယ်မန်းနီးနဲ့ ဒေါ်လာ မလဲလှယ်ရဘူးလား။ အဲလို လှဲလှယ်တဲ့အခါ ကိုယ့်တိုင်းပြည်က ငွေက တန်ဖိုးကျနေရင် ကိုယ့်ကုန်တွေ ဈေးသက်သာနေတာပေါ့။ ငါလည်း ဒီထက်ပိုမရှင်းတတ်တော့ဘူးအေ။ မလည်လည်း လည်တယ်လို့ဘဲ မှတ်လိုက်ပြီ နော်။ 

အဲလို ကိုယ့်တိုင်းပြည်က ပို့ကုန်တွေ ဈေးချိုတော့ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ့်ပစ္စည်းတွေကို ပိုဝယ်ကြရော မဟုတ်လား။ ဒါဆို export လုပ်သူတွေ အဆင်ပြေတယ်လေ။ အဘေက ပလန်က အဲလို export ကို မြှင့်ဖို့လည်း ပါတယ်တဲ့ဟ။ သူ့အကြံကလည်း သိပ်ဆိုးပုံတော့ မရပါဘူးလေ။ လုပ်ငန်းရှင်တွေ အမြတ်များရင် အလုပ်သမားတွေ လုပ်အားခ ပိုများနိုင်တယ်။ အလုပ်ခွင်ထဲက facilities တွေအတွက် ပိုသုံးနိုင်မယ် မဟုတ်လား။


ဒါပေမယ့် ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သူတွေကတော့ ဒီ plan ရဲ့ risk တွေကိုလည်း တင်ပြကြသတဲ့။ တကယ်လို့ ဈေးတွေ ပြန်တက်လာရင် တဖြည်းဖြည်းနဲ့ အတိုးနှုန်းကလည်း ပြန်တတ်လာမှာဘဲ။ Bond လို့ ခေါ်တဲ့ ချေးငွေလက်မှတ်တွေအတွက် အတိုးက မြင့်လာဦးမှာဘဲ။

အဆိုးဆုံးအခြေအနေထိဖြစ်လာနိုင်တာကတော့ အဲဒီအကြွေးတွေကိုပေးဖို့ အစိုးရအနေနဲ့ ငွေစက္ကူတွေ ပိုရိုက်ထုတ်လာရပြန်ဦးမယ်၊ ဒီတော့ တခါ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်ဦးမယ်။ အစိုးရအနေနဲ့ အခွန်တိုးကောက်ရတာတွေ၊ austerity measure လို့ ခေါ်တဲ့ (လူမှုဖူလုံရေးအတွက်) သုံးတဲ့ စရိတ်တွေကို ဟိုဖြတ်ဒီဖြတ်လုပ်ရတာတွေ လုပ်ရပေဦးမယ်၊ ဒါဆို တ၀ဲလည်လည်နဲ့ ဂျာအေး သူ့အမေရိုက်တဲ့ Vicious cycle ကြီး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုတယ်အေ့။



နောက်တစ်ခုက တန်ဖိုးကျ weak ဖြစ်လာတဲ့ ယန်းငွေပြသာနာပေါ့။ ငွေတန်ဖိုးကျလာတော့ သူများနိုင်ငံဆီက ၀ယ်ရတဲ့ import တွေအတွက် ဈေးမကြီးသွားဘူးလား။ အထူးသဖြင့် ၂၀၁၁ စူနာမီနဲ့ ငလျင်ကိစ္စကတည်းက ပိတ်လိုက်ရတဲ့ ဂျပန် နူးကလီးယားစက်ရုံတွေကြောင့် ဂျပန်မှာ energy မလုံလောက်တဲ့ ပြသာနာဖြစ်နေသတဲ့။ ငါတို့ဆီမှာလိုတော့ ဘယ်အဆင့်မှီပါ့မလဲအေ။ သူတို့ခမျာမယ် စွမ်းအင်တွေကို နိုင်ငံခြားက ပိုသွင်းနေရတယ်တဲ့... ကျွတ်ကျွတ်။ တို့ဆီမှာလို ပိုလျှံလို့ ရောင်းတောင် ယူရပြီး ဖယောင်းတိုင်ထွန်းနေရတဲ့ အဆင့်ဆိုတာ နည်းနည်းနောနောလားအေရယ်။ ဒီတော့ ဂျပန်အနေနဲ့ အဲလို နိုင်ငံခြားက ၀ယ်သွင်းရတဲ့ ပစ္စည်းတွေအဖို့ ယန်းငွေ တန်ဖိုးကျနေရင် မကွိုင်ဘူးလားအေ။ (တိဘူးလေ)


ဒါနဲ့ မမေ့ခင် ပြောရဦးမယ်။ stimulus လုပ်ပြီး ရိုက်သွင်းလိုက်တဲ့ငွေတွေကို infrastucture တွေ ဆောက်ရာမှာလည်း သုံးပြီး ဈေးကွက်ကို ဆွဦးမှာ တဲ့။ ဒီအတွက် သုံးဖို့ မှန်းထားတဲ့ ငွေကချည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၁၄ billion တဲ့ အေ့။ billion ဆိုတာ သန်းတစ်ထောင် မဟုတ်လား။ ဒေါ်လာ ၁၁၄ billion ဆိုတာ မြန်မာလို ဘယ်လောက်လဲ အုံးစားကြည့်စမ်းပါ။ အဲဒီငွေတွေကို ကျောင်းတွေ လမ်းတွေ ငလျင်ဒဏ်ခံနိုင်အောင်သုံးတာတွေ ဆောက်ရာမှာ သုံးမယ်လို့ ဆိုတယ်။ သိပ္ပံသုသေတနလုပ်တဲ့နေရာနဲ့ အသစ်တဖန်ပြည်လည်သုံးလို့ရတဲ့ renewable energy တွေ ထုတ်ရာမှာလည်း သုံးမယ်လို့ ဆိုတယ်။


ဒီနေရာမှာ မှတ်ထားဦး တော်ရေ... ဂျပန်ရဲ့ လက်ရှိအကြွေးက ဘယ်လောက်ရှိသလဲဆိုတာ။ တိုင်းပြည် GDP ရဲ့ ၂၄၀% ရှိသတဲ့။ ဒါဟာ စက်မှုနိုင်ငံတွေထဲမှာ အမြင့်ဆုံးပါဘဲ တဲ့။ အကြွေး ၂၄၀% ဆိုတာ ဥပမာ တိုင်းပြည်ဝင်ငွေက တစ်ကျပ်ရှိနေရင် အဲ့တိုင်းပြည်မှတင်နေတဲ့ အကြွေးက ၂ ကျပ်ခွဲလောက် ရှိနေတာကို ပြောတာအေ့။ ဒီလောက် ဆိုရင် မြန်မာပြည်လာပြီး ရှင်ဇိုအဘေက အကြွေးလျှော်ပစ်တယ် ဘာညာဆိုတာ စာဖတ်သူကြီးကို ယုံကြည်လွန်းလို့ ဒါမှမဟုတ်လည်း ဘပြောင်ကို အားပေးချင်လို့ ဒါမှမဟုတ်လည်း ဒေါ်စုကို လေးစားလွန်းလို့ စတဲ့ ဘာညာသာရကာဟာ အာပလာတွေပါဆိုတာ သဘောပေါက်ရဲ့ မဟုတ်လား။ ဘယ်သူက အကျိုးမမြင်ဘဲ အပင်ရေလောင်းမှာတုန်းဟယ်... ကိုယ့်ဖြင့် ဆပ်စရာ အကြွေးတစ်ပုံရှိနေသားနဲ့။

အဘေခမျာမလဲ သနားပါတယ်ဟယ်... လုပ်သာလုပ်နေရတယ်၊ ဝေဖန်သူတွေ အပြောကို ကျော့ကော့အောင် ခံစားနေရရှာ... ''ဒီလို လုပ်နေတာဖြင့် ကြာလှပြီ လိုချင်တဲ့ ရလာဘ်လည်း မထွက်သေးဘူး'' လို့ ဆိုသူက ဆိုတယ်။'' ဒီပလန်ကြီးသာ အလုပ်မဖြစ်ရင် အပိုသုံးမိတဲ့ ငွေနဲ့တင် တိုင်းပြည်အကြွေးဒီထက် နစ်မယ်'' လို့ သုံးသပ်သူက သုံးသပ်သတဲ့။

(၃) Struttural Reforms ဆိုတာကရော ဘာလဲ
အဲဒါက စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ လုပ်မယ့် reform တွေလေ။ ဒီ reform တွေအတွက် အသေးစိတ် စီမံကိန်းတွေ ချမှတ်ဖို့လိုသေးပေမယ့် စတော့ စနေပြီတဲ့။ ဒီမှာ အရေးကြီးတာ တစ်ခုရှိတယ်... ဂျပန်က TTP ဆိုတဲ့ အဖွဲ့ထဲ ၀င်ဖို့ လုပ်နေတယ် အေ့။ TPP ဆိုတာ ဘာလဲဆိုတော့ နိုင်ငံ ( ၁၁) နိုင်ငံ ပါဝင်ဆွေးနွေးနေတဲ့ Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့တဲ့။ အဲဒီအဖွဲ့မှာ ဂျပန်က သူပါ ပါချင်တယ်လို့ ကမ်းလှမ်းထားသတဲ့။

အဲဒါကို ဂျပန်လယ်သမားတွေက စိုးရိမ်နေကြတယ်လေ။ ဘာလို့လဲဆိုတော့ ဒီသဘောတူညီမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ အဆင်ပြေပြေနဲ့ ကုန်သွယ်နိုင်ရေး တဲ့။ ဟင်... ဒါများ ဘာမကောင်းတာလဲ ရှိလဲလို့ ထင်နေပြီ မဟုတ်လား။ ဒီလို အေရဲ့... Tariff ဆိုတဲ့ စကားကို ကြားဖူးတယ် မဟုတ်လား... ကိုယ့်နိုင်ငံထဲ ၀င်လာတဲ့ နိုင်ငံခြားသွင်းကုန်တွေကို စည်းကျပ်ထားတဲ့ အခွန်လေ။


အဲဒီ Tariff ဆိုတာကြီးက အရေးကြီးမှကြီးဘဲ တဲ့။ ဘာလို့လည်းဆိုရင် အဲ့ဒီအခွန်မှမရှိရင် ပြည်တွင်းကို တခြားနိုင်ငံက ကုန်တွေ နင်းကန်ဝင်လာနိုင်တယ်လေ။ ဥပမာပြောရရင်အေ... အခု တရုတ်က solar panel တွေ နင်းကန် ဥရောပကို တင်သွင်းလာတယ်။ တရုတ်ဈေးက အနောက်နိုင်ငံတွေက ထုတ်တဲ့ solar panel တွေနဲ့ ယှဉ်လိုက်ရင် ဈေးတွေက သိပ်ပေါနေတာပေါ့။ ဒီတော့ ဥရောပတိုင်းပြည်တွေက ထုတ်တဲ့ solar panel လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ် မဟုတ်လား။ ဒီတော့ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ရာ အခုဆိုရင် ဥရောပနိုင်ငံတွေက တရုတ် solar panel တွေ အပေါ်မှာ Tariff အများကြီး ကောက်ဖို့ လုပ်နေတယ်လေ။ အဲဒါကို ဘောဂဗေဒမှာ Protectionism လို့ ခေါ်တယ် အေ့။ ပြည်ပသွင်းကုန်တွေပေါ်မှာ Tariff အခွန်ကြီးကြီးကောက်ပြီး မိမိတိုင်းပြည်ထဲက လုပ်ငန်းတွေကို ကာကွယ်ပေးထားပေါ့အေ။

ဂျပန်က အဲဒီ Protectionism ဆိုတာကို ကျင့်သုံးတယ်။ အထူးသဖြင့် လယ်ယာကဏ္ဍမှာပေါ့။ အခု ရှင်ဇိုအဘေက အဲဒီ TPP ထဲကို ၀င်ချင်တယ် ဆိုတော့ TPP ရဲ့ မူကို ကျင့်သုံးရတော့မှာမယ်။ TPP ရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ tariff တွေ လျှော့ချဖို့၊ ဖြစ်နိုင်ရင် tariff တွေ လုံးဝမကောက်ဖို့ ရည်ရွယ်ထားကြတယ်။ ဒီလောက်ဆို ဂျပန် လယ်သမားတွေ ဘာကြောင့် ဒေါကီးနေသလဲ ဆိုတာ ရိပ်မိပြီ မဟုတ်လား။ TPP Agreement သာ လုပ်ဖြစ်လို့ tariff ကို လျော့လိုက်ရင် စိုက်ပျိုးရေးကဏ္ဍအတွက် risk ရှိတယ် လေ။ တခြားနိုင်ငံတွေက agricultural products တွေ ကိုယ့်နိုင်ငံထဲကို လှိမ့်ဝင်လာနိုင်တယ် မဟုတ်လား။ ဂျပန် လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေနိုင်တယ်။ သက်ကြီးပိုင်းလယ်သမားတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုအပေါ် ဒီထက် ပိုမှီခိုလာရနိုင်တယ်။ အစိုးရ ဘဏ္ဍာအတွက် ၀န်ပိနိုင်တာပေါ့။



တချို့ကတော့ tariff တွေ လျော့ချလို့ အစားအသောက်ဈေးတွေကျရင် ကောင်းတယ်။ ၀ယ်လိုအားတက်မယ်။ ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးလာနိုင်တယ် လို့ ဆိုပြန်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ဇိုအဘေ အခုလုပ်နေတဲ့ မူဝါဒတွေဟာ ဂျပန်သမိုင်းမှာ အတော်ကို ရဲတင်းတဲ့ မူဝါဒတွေ လို့ ပညာရှင်တွေက ဆိုသတဲ့။ အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့... ငါတို့ကတော့ လေညာက အနေသာကြီးဘဲနော့။ အကြွေးကလေး ကျေသွားလို့ မိုးမမြင်လေမမြင် ၀မ်းသာပီတိ ဂွမ်းဆီထိနေချိန်မှာ ဂူကလေးတော့ မြင်အောင် သတိကလေး မူထားရမှာပေါ့ အေရယ်... ဟုတ်ဖူးလား။

စာရေးသူ Spring Flowers
Facebook မှ ကူးယူဖော်ပြပါသည်။
Read More

Myfxbook: Online Automated Analytical Tool

8:00 PM | , ,


Forex Trading မှာ အောင်မြင်နေတဲ့သူတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ Keep Records ဆိုတာပါပဲ။ Trader ကောင်းဖြစ်ဖို့အတွက် မှတ်တမ်းထိမ်းကောင်းသူလဲ ဖြစ်ဖို့ လိုပါတယ်တဲ့။ သူတို့ဟာ Trade တစ်ခု အောင်မြင်ခဲ့ရင်လဲ ဘာကြောင့်၊ ဘယ်လိုဆိုတာ သိချင်ကြပါတယ်။ ပိုပြီး အရေးကြီးတာကတော့ ရှုံးတဲ့အခါမှာလဲ ဘာကြောင့် ရှုံးတာလဲဆိုတာကို တိတိကျကျ သိချင်ကြပါတယ်။ ဒါမှလဲ မလိုလားအပ်တဲ့အမှားတွေ ထပ်ပြီး မရောက်လာမှာကိုး။

သူတို့ပြောလေ့ရှိတာကတော့ ပစ်မှတ်ထားမယ့်နေရာ၊ Trade တစ်ခုချင်းစီရဲ့ အ၀င်နဲ့ အထွက်၊ အချိန်၊ Support နဲ့ Resistance နေရာတွေ၊ နေ့စဉ် ဈေးကွက်အဖွင့်နဲ့ အပိတ်၊ ဘာကြောင့် Trade ကို လုပ်ရတယ်၊ သင်ခန်းစာယူခဲ့ပုံ အကြောင်းတွေကို မှတ်ချက်တွေနဲ့တကွ မှတ်တမ်းလို အသေးစိတ် ချပြီးရေးခိုင်းပါတယ်။ ကိုယ်ရဲ့ Trading System တစ်ခုအတွက် အရှုံး ဒါမှမဟုတ် အမြတ်ကို ပြန်စီစစ်နိုင်ဖို့ အတွက်လဲ ဒီအချက်အလက်တွေက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ တကယ်လို့ အမြတ်ထက် အရှုံးကများနေတယ်ဆိုရင် Trading System ကို ပြောင်းလဲဖို့ လိုနေပါပြီ။ နောက် System တွေကိုလဲ သေချာနှိုင်းယှဉ်ကြည့်ပါ။ Forex Trading လုပ်နေတာဟာ လောင်းကစားလုပ်နေတာမဟုတ်ဘဲ စီးပွားရေးလုပ်နေတယ်ဆိုတာနဲ့ ကျွန်တော်တို့ဟာ ကိုယ်တိုင်စာရင်းကိုင် လုပ်နေရတယ်ဆိုတာကို အမြဲတမ်း အမှတ်ရပါ။

Trader အများစုကတော့ အဲဒီလို မှတ်တမ်းတွေကို သိမ်းဆည်းဖို့အတွက် စာအုပ်မှာ ရေးမှတ်ထားတာမျိုးတွေ လုပ်တတ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ အချက်အလက်တွေကို ကိုယ်တိုင်ကူးရေးရတာလေ။ Trade တစ်ခုတည်းကိုပဲ Trade ဖွင့်တဲ့အခါမှာ တစ်ခါရေးလိုက်ရ၊ Trade ပိတ်တဲ့အခါမှာ နောက်ထပ် ထပ်ရေးလိုက်ရ၊ အမြတ်တွေကို သိချင်တဲ့အခါ ပေါင်းလိုက်ရ၊ အရှုံးတွေကို သိချင်လို့ အရှုံးတွေချည်းပဲ လိုက်ပေါင်းလိုက်ရ၊ ငွေဖြည့်တာ၊ ငွေထုတ်တာလုပ်ရင် အဲဒါတွေကို ထည့်ပြီးတွက်ရ၊ ဒီကြားထဲ Trade တစ်ခုချင်းစီအတွက် မှတ်ချက်သဘောတွေကို လိုက်ပြီး ရေးရဦးမယ်ဆိုတော့ ဒီအလုပ်ကြီးက တွေးကြည့်တာနဲ့တင် တော်တော်မလွယ်ဘူးဆိုတာကို သိကြမှာပါ။ အဲဒါကြောင့်လဲ ရေရှည်မှာ ပုံမှန်မှတ်တမ်းထားတဲ့သူ တော်တော်ကို နည်းမယ်ထင်ပါတယ်။ အဲဒီအတွက် ကိုယ့်ရဲ့ Trading System ကို နှိုင်းယှဉ်ကြည့်ဖို့ နေနေသာသာ ဘယ်တုန်းက ဘယ် Trade ကို ဖွင့်ပြီး ဘယ်လို ပိတ်ခဲ့တယ်ဆိုတောင် မမှတ်မိကြတော့ပါဘူး။

အဲဒီလို ကိုယ်တိုင်လိုက်ကူးရေးနေရတဲ့ အချက်အလက်တွေကို အလိုလို အော်တိုစနစ်နဲ့ မှတ်တမ်းတင်ပေးနေပြီး ကိုယ်က ကိုယ်ရဲ့မှတ်ချက်လေးပဲ ရေးလို့ရရင် ကောင်းမှာပဲလို့ တွေးမိကြဖူးလား။

အဲဒါဆိုရင်တော့ စာဖတ်သူအနေနဲ့ ၀မ်းသာလိုက်ပါတော့။ ကိုယ့်ရဲ့ Trading အချက်အလက်တွေကို အဲဒီလို လုပ်ပေးနိုင်တဲ့ Online Automated Analytical Tool ရှိပါတယ်။ MT4 က Trade တစ်ခုချင်းစီရဲ့ အချက်အလက်တွေကို ငါးမိနစ်တစ်ကြိမ် အော်တိုရယူပြီး မှတ်တမ်းပြုလုပ်ထားပေးမှာပါ။ ပိတ်ခဲ့ပြီးတဲ့ Trade တွေရော၊ လက်ရှိ ဖွင့်ထားဆဲ Trade တွေကိုရော အားလုံးကို မှတ်တမ်းရယူထားပါလိမ့်မယ်။ ကိုယ့်ရဲ့ အရှံးအမြတ်တွေကို ဂရပ်တွေနဲ့ သေသေချာချာ စမ်းစစ်ကြည့်လို့ ရပါတယ်။

Trader တွေကတော့ myfxbook ဆိုရင် သိကြမယ် ထင်ပါတယ်။ Trader အများစုကတော့ ဒီဆိုဒ်မှာ Economic Calendar ကို ကြည့်မယ်၊ သတင်းတွေကို ဖတ်မယ်၊ ပြီးတော့ ကိုယ့်မှာဘလော့ရေးထားတာ ရှိတယ်ဆိုရင် ဘလော့အတွက် Widgets တွေကို ယူပြီး အသုံးချတာတွေ ရှိပါတယ်။

Myfxbook ကို နောက်တစ်မျိုးအနေနဲ့ အသုံးပြုလို့ ရတာကတော့ ကိုယ်ရဲ့ Forex Trading Account အတွက် Online Automated Analytical Tool တစ်ခုအနေနဲ့လဲ အသုံးပြုလို့ ရပါတယ်။

အဲဒီလို အသုံးပြုဖို့အတွက်ဆိုရင်တော့ အရင်ဆုံးအနေနဲ့ myfxbook မှာ အကောင့်တစ်ခု Register လုပ်ထားဖို့အတွက် လိုအပ်ပါတယ်။ အကောင့် ပြုလုပ်ဖို့အတွက် ဒီလင့်ကို နှိပ်လိုက်ပါ။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ဖြည့်စွက်ပြီးတာနဲ့ Sign Me Up! ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင်တော့ ကိုယ့်ရဲ့ အီးမေးထဲကို ၀င်ပြီးတော့ myfxbook ကနေ ပို့ထားပေးတဲ့ Activation လင့်ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင်တော့ myfxbook မှာ အကောင့်လုပ်တာ ပြီးသွားပါပြီ။ အရမ်းကို လွယ်ကူပါတယ်။


ပြီးတာနဲ့ ကိုယ့်ရဲ့ Trader အကောင့်နဲ့ myfxbook ကို ချိတ်ဆက်ပေးဖို့ လိုပါတယ်။ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Portfolio ကနေ Add Account... ဆိုတာကို နှိပ်လိုက်ပါ။

myfxbook မှာ ကိုယ့်ရဲ့ Trader အကောင့်ကို ချိတ်ဆက်ပေးရမယ်ဆိုလို့ ကိုယ့်အကောင့်ရဲ့ လုံခြုံရေးကို စိတ်ပူဖို့ မလိုပါဘူး။ Trader Password ကို အသုံးပြုဖို့ မလိုအပ်ပဲ အကောင့်နံပါတ်ကိုပဲ အသုံးပြုမှာဖြစ်လို့ အကောင့်လုံခြုံရေးကတော့ 100% စိတ်ချရပါတယ်။


အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း Add Account ဆိုတာကို ထပ်ပြီးတော့ နှိပ်ပေးပါ။


အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း ဖြည့်ပေးရမယ့် အချက်အလက်တွေကတော့

My Platform is ဆိုတဲ့နေရာမှာ MetaTrader4 (Publisher) ဆိုတာကို ရွေးချယ်ပေးပါ။

My Broker is ဆိုတဲ့နေရာမှာတော့ ကျွန်တော်ကတော့ ယခုလက်ရှိ FBS ကို အသုံးပြုနေတာဖြစ်လို့ FBS ကို ရွေးချယ်လိုက်ပါ။ အခြား Broker ကို သုံးတဲ့သူတွေကတော့ ကိုယ့်ရဲ့ Broker နာမည်ကို ရှာပြီးတော့ ရွေးချယ်ပေးပါ။

ဒီနေရာမှာ နည်းနည်းတော့  ကြော်ငြာဝင်ပါဦးမယ်။ အဲဒါကတော့ FBS အကြောင်းကို မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ မိတ်ဆက်လေးပါ။  FBS မှာ Trader အကောင့် Register လုပ်ပုံလုပ်နည်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

မိတ်ဆက်ပေးချင်တဲ့ FBS ရဲ့ အားသာချက်တွေကတော့
  • နာမည်ကြီး Online Broker ဖြစ်သဖြင့် ယုံကြည်စိတ်ချရပါတယ်။
  • Brokerage Commission မရှိပါဘူး။
  • spread နည်းက အခြား Broker တွေထက် ပိုနည်းပါတယ်။
  • Deposit လုပ်ရင် 100% Bonus ပေးပါတယ်။ ဒေါ်လာတစ်ရာထည့်တယ်ဆိုရင် ကိုယ့်အတွက် Bonus ဒေါ်လာ ၁၀၀ ပြန်ပေးပါတယ်။
  • MT4 ဆော့ဝဲကို အထောက်အပံ့ပေးထားပါတယ်။ 
  • Demo အကောင့်ကိုလဲ အလွယ်တကူ Register လုပ်နိုင်ပါတယ်။ 
  • မြန်မာကနေ စိတ်ဝင်စားတဲ့သူတွေအတွက် ငွေဖြည့်သွင်းမယ်ဆိုရင် မြန်မာအတွက်အဆင်ပြေတဲ့ Perfect Money နဲ့ CB Bank ဘဏ်ကဒ်တွေကို အသုံးပြုနိုင်ပါတယ်။
  • ဖြည့်သွင်းနိုင်တဲ့ ငွေပမာဏတွေကိုလဲ ကိုယ့်ရဲ့အကောင့်အမျိုးအစားပေါ်ကို မူတည်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ Cent အကောင့်မှာဆိုရင် အနည်းဆုံး 1$, Micro အကောင့်မှာဆိုရင် အနည်းဆုံး 5$, Standard အကောင့်မှာဆိုရင် အနည်းဆုံး 100$ ဆိုပြီး ကိုယ့်အတွက် အဆင်ပြေတဲ့ အကောင့်ကို ရွေးချယ်ပြီး Register လုပ်နိုင်ပါတယ်။ 
ဆက်လက်ပြီးတော့ ကိုယ်ရဲ့ Trader အကောင့်ရဲ့ Information တွေကို ဖြည့်သွင်း ပေးရပါမယ်။ သိပ်ပြီးတော့ အရေးမကြီးပါဘူး။ ဒီအလက်အချက်တွေကို နောက်ပိုင်းမှ ပြန်ပြင်လို့လဲ ရပါတယ်။

Choose a name: ဆိုတဲ့နေရာမှာ ကိုယ့်အတွက် အဆင်ပြေမယ့် နာမည်တစ်ခုကို ပေးပါ။
System type: TA (or) FA ကို ရွေးပေးပါ။ ကိုယ်က FA သမားဆိုရင်တော့ FA ကို ရွေးပေးပါ။
Trading type: ဒါကတော့ Manual လား၊ EA တွေကို သုံးတာလား မေးတာပါ။
Account type: ဒါကတော့ Real အကောင့်လား၊ Demo အကောင့်လားဆိုတာကို ရွေးပေးပါ။
Leverage: ကိုယ်သုံးနေတဲ့ Leverage ကို ရွေးချယ်ပေးပါ။

ပြီးရင်တော့ ကိုယ့်ရဲ့ Trading Result တွေကို အခြားသူတွေ ၀င်ရောက်ကြည့်လို့ရအောင် ရှယ်ယာလုပ်မှာလား (Public)၊ ဒါမှမဟုတ် ကိုယ်တစ်ယောက်တည်းပဲ ကြည့်လို့ရအောင် ထားမှာလား (Private) ဆိုတာကို ရွေးချယ်ပေးပါ။ ပြီးရင် Save ဆိုတာကို နှိပ်လိုက်ပါ။


အားလုံးဖြည့်ပြီးသွားလို့ Save ကို နှိပ်လိုက်ရင် အပေါ်က ပုံအတိုင်း တွေ့ရပါလိမ့်မယ်။ အချက်အလက်တွေကို ပြန်ပြင်ချင်တယ်ဆိုရင် Edit ဆိုတာကို နှိပ်ပြီး ပြင်နိုင်ပါတယ်။ နောက်ထပ် အကောင့်တွေရှိသေးလို့ အကောင့်အသစ်နဲ့ ထပ်ပြီး ချိတ်ချင်တယ်ဆိုရင်တော့ Add Account ကို နှိပ်ပြီး ချိတ်နိုင်ပါတယ်။ 

Connection ဆိုတဲ့ နေရာမှာ Pending ဆိုပြီး ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ MT4 မှာ သွားပြီးတော့ အချက်အလက်တွေ ထည့်သွင်းပြီး ချိတ်ဆက်ပေးဖို့ လိုပါသေးတယ်။ အဲဒီအတွက် အပေါ်က ပုံမှာ အနီရောင်နဲ့ ၀ှိုက်ပြထားတဲ့နေရာက ဂဏန်းနံပါတ်ကို သေချာမှတ်ထားပါ။ MT4 မှာ အဲဒီ ဂဏန်းနံပါတ်ကို ထည့်သွင်းပေးရပါမယ်။


ပြီးရင်တော့ ကိုယ့်ရဲ့ MT4 ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် Tools ကနေ Options ဆိုတာကို နှိပ်လိုက်ပါ။


ပြီးရင် FTP ဆိုတာကို နှိပ်ပေးပါ။ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း အချက်အလက်တွေကို ထည့်သွင်းပေးဖို့ အတွက် တွေ့ရပါလိမ့်မယ်။


FTP server: ဆိုတဲ့နေရာမှာ  ftp.myfxbook.com:21 ဆိုတာကို ဖြည့်စွက်ပေးပါ။

FTP path: ဘာမှ ဖြည့်သွင်းပေးဖို့ မလိုပါဘူး။ ဖြည့်သွင်းထားတာရှိရင် ဖျက်ပစ်ပါ။

FTP Login: ဒီနေရာမှာတော့ ကျွန်တော်အပေါ်က အဆင့်မှာ မှတ်ထားဖို့ ပြောခဲ့တဲ့ ဂဏန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။

FTP Password: ဒီနေရာမှာတော့ ကိုယ့်ရဲ့ Myfxbook အကောင့်ရဲ့ ပက်ဝက်ကို ထည့်သွင်းပေးပါ။ ကိုယ့်ရဲ့ Trader ပက်ဝက်ကို ပြောတာမဟုတ်ပါဘူး။ သေချာသတိထားပါ။

Passive mode ဆိုတာရဲ့ ဘေးမှာ အမှန်ခြစ်ပေးပါ။
Enable automatic publishing of reports via FTP ဆိုတာမှာ အမှန်ခြစ်ပေးပါ။

Account: ဒီနေရာမှာတော့ ကိုယ့်ရဲ့ Trader အကောင့်နံပါတ်ကို ထည့်သွင်းပေးရပါမယ်။ MT4 မှာ Login ၀င်တဲ့အခါမှာ အသုံးပြုတဲ့ အကောင့်နံပါတ်ပါ။ 

Refresh every: ဆိုတဲ့နေရာမှာ 5 minutes ကို ရွေးချယ်ပါ။ ကိုယ်အဆင်ပြေတာကိုလဲ ရွေးချယ်နိုင်ပါတယ်။ အချက်အလက်တွေကို ငါးမိနစ်တစ်ကြိမ်ပို့ပေးနေမယ်လို့ ဆိုလိုတာပါ။

အချက်အလက်တွေအားလုံးကို ဖြည့်ပြီးသွားရင် Test ဆိုတာကို နှိပ်ကြည့်ပါ။ 


အပေါ်မှာ ပြထားတဲ့အတိုင်း Report was successfully queued! ဆိုရင် အချက်အလက်တွေ ထည့်သွင်းပေးတာ အားလုံးအဆင်ပြေပါတယ်။


MT4 ရဲ့ Journal မှာလဲ Publisher: Starting,  Publisher: ok ဆိုပြီးတော့ တက်လာတာကိုလဲ တွေ့ရပါလိမ့်မယ်။


ပြီးရင် myfxbook မှာ Connection ဆိုတာမှာ Active ဖြစ်မဖြစ်ဆိုတာကို စစ်ကြည့်ပါ။


တကယ်လို့ Active မဖြစ်သေးဘဲ Pending ပဲ ဖြစ်နေသေးတယ်ဆိုရင် Account History ဆိုတာကို နှိပ်ပြီးတော့ History window မှာ Right Click ထောက်ပြီး All History ကို ရွေးချယ်ပေးပါ။


အဲဒါဆိုရင်တော့ myfxbook မှာ Active ဖြစ်သွားပြီးတော့ ကိုယ့်ရဲ့ Trading နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို တွေ့ရပါလိမ့်မယ်။ အပေါ်က ပုံမှာတော့ ကျွန်တော်အကောင့်ရဲ့ ပိတ်ခဲ့ပြီးသား Trade တွေကို တွေ့ရပါလိမ့်မယ်။


ဒါကတော့ ကျွန်တော့် အကောင့်ရဲ့ Profit ဂရပ်ကို ပြထားတာပါ။ စာဖတ်သူလဲ ကိုယ့်ရဲ့ အချက်အလက်တွေကို myfxbook မှာ ရောက်လာပြီဆိုတာနဲ့ အားလုံးကို စမ်းစစ်ကြည့်နိုင်ပါပြီ။ စာဖတ်သူကိုယ်တိုင်ပဲ လက်တွေ့ myfxbook ကို အသုံးချကြည့်ပါ။ ကိုယ့်အတွက် အများကြီး အထောက်အကူပြုတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ 
  • အွန်လိုင်းမှာ Trading Tips တွေရောင်းတာ၊ Signal တွေကို ရောင်းတာ၊ EA တွေ၊ Auto Trading Bot တွေကို ရောင်းတာတွေ့ဖူးပါလိမ့်တယ်။ သူတို့ရဲ့ စနစ်က ဘယ်လောက်အထိ၊ အတိုင်းအတာအထိ၊ မှန်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အခုလို Trading Result တွေကို တောင်းကြည့်ပါ။ သူတို့အနေနဲ့ ဘာမှ သက်သေမပြနိုင်ဘူးဆိုရင်တော့ မ၀ယ်တာက ပိုပြီးကောင်းပါတယ်။
  • အွန်လိုင်းမှာ အခမဲ့ပေးတဲ့ EA တွေလဲ ရှိပါတယ်။ အဲဒီလို Free EA တွေကိုတော့ Demo အကောင့်မှာ နှစ်လ၊ သုံးလလောက် ထည့်သွင်းအသုံးပြုကြည့်ပါ။ EA ကို ဈေးကွက် အခြေအနေအမျိုးမျိုးနဲ့ ဖြတ်သန်းခိုင်းကြည့်ပါ။ အချိန်ကြာလေလေ ပိုပြီးကောင်းလေလေပါပဲ။ ပြီးရင် myfxbook ကနေ အချက်အလက်တွေကို ရယူပြီး Real အကောင့်မှာ သုံးသင့်၊ မသုံးသင့် သေချာစမ်းစစ်ကြည့်ပါ။ Demo မှာတောင် Result တွေက အခြေအနေ မကောင်းဘူးဆိုရင်တော့ Real အကောင့်မှာ မသုံးသင့်ပါဘူး။
  • Facebook လို လူမှုကွန်ယက်တွေမှာ အမြတ်ရထားတဲ့ ပုံတွေကို လောဘတက်လာအောင်ပြပြီး Trade လုပ်ချင်လာအောင်၊ Trading စနစ်တွေကို ၀ယ်ချင်လာအောင် လုပ်တတ်တဲ့သူတွေလဲ ရှိပါတယ်။ သူတို့တွေကိုတော့  myfxbook မှာ အချက်အလက်တွေကို ထည့်သွင်းခိုင်းပြီးတော့ Public အနေနဲ့ ဘယ်သူမဆို ၀င်ကြည့်လို့ရအောင် လုပ်ခိုင်းကြည့်ပါလား။
အားလုံးပဲ အဆင်ပြေကြပါစေ။ အခက်အခဲရှိတယ်ဆိုရင်တော့ အောက်မှာ ကွန်းမန့်ထားခဲ့ပြီး ပြောခဲ့နိုင်ပါတယ်။
Read More

Position Size Calculator

7:00 AM | ,

Trader တစ်ယောက် Trade တစ်ခုကို ဖွင့်တော့မယ်ဆိုရင် Stop Loss, Take Profit တို့ကို Support, Resistance တွေကနေ သတ်မှတ်တယ်၊ ပြီးရင် Lot ဆိုဒ် ဘယ်လောက်နဲ့ ဖွင့်မယ်ဆိုတာကို ဆုံးဖြတ်ရပါတယ်။ တချို့တွေကတော့ Lot ဆိုဒ်တွေ မှားဖွင့်မိလို့ ဈေးနှုန်းနည်းနည်းပြောင်းတာနဲ့တင် အရှုံးတွေနဲ့ Trade တွေက Close ဖြစ်ကုန်ကြပါတယ်။

ဒီ Indicator လေးကတော့ Trader တစ်ယောက်အတွက် Lot ဆိုဒ်ဘယ်လောက်နဲ့ Trade ဖွင့်ရမယ်ဆိုတာကို အလိုအလျောက် တွက်ချက်ပေးပါတယ်။ Trading Bot တွေလို Trade ကိုတော့ အော်တိုဖွင့်ပေးမှာ မဟုတ်ပါဘူး။ Trader ကနေ ကိုယ်တိုင်ပဲ Trade ကို ဖွင့်ရမှာဖြစ်ပါတယ်။

Indicator ကနေ Lot ဆိုဒ်ကို အောက်က အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ပေးပါလိမ့်မယ်။ အဓိကအချက်တွေကတော့
  1. ကိုယ့်ရဲ့ Trading အကောင့်ထဲမှာရှိတဲ့ ငွေပမာဏ၊ 
  2. Trade တစ်ခုအပေါ်မှာ အဆုံးရှုံးခံနိုင်တဲ့ ငွေပမာဏ (သို့) 
  3. Trade တစ်ခုအပေါ်မှာ အကောင့်ထဲမှာရှိတဲ့ ငွေစုစုပေါင်းရဲ့ အဆုံးရှုံးခံနိုင်တဲ့ ရာခိုင်နှုန်း၊ 
  4. ကိုယ်သတ်မှတ်ထားတဲ့ Stop Loss နေရာတို့ပဲ ဖြစ်ပါတယ်။ 
ပြီးတော့ ကိုယ်သတ်မှတ်ထားတဲ့ Risk/Reward Ratio ပေါ်ကို မူတည်ပြီးတော့ Take Profit နေရာကိုလဲ တွက်ချက်နိုင်ပါတယ်။

တွက်ချက်တဲ့အခါမှာလဲ အရမ်းကို လွယ်ကူပါတယ်။ သူက Entry Level, SL, TP level တွေအတွက် Line တွေကို Chart ပေါ်မှာ အော်တိုထည့်ပေးပါတယ်။ ကိုယ်က အဲဒီ Level မျဉ်းတွေကို ရွှေ့ပေးလိုက်တိုင်း Indicator ကနေ ကိုယ်သတ်မှတ်ထားတာရဲ့ ဘယ်လောက် ဆုံးရှုံးတဲ့နေရာကို ရောက်နေပြီဆိုတာနဲ့ Lot ဆိုဒ်ကို အလိုလို တွက်ချက်ပေးပါလိမ့်မယ်။


Indicator ကနေ ထည့်သွင်းပေးရမယ့် အရေးကြီးတဲ့ Input Parameters တွေကိုလဲ နည်းနည်းပြောပြပေးပါမယ်။ အားလုံးကို ဘာမှမပြင်ဘဲ မူရင်းအတိုင်းလဲ ထည့်သွင်းပေးလဲ ရပါတယ်။

EntryType (default = Instant)
Instant ကို ရွေးထားတယ်ဆိုရင် Entry Level မျဉ်းကို ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်းပဲ ပြထားပေးပါတယ်။ Pending ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ Entry Level အတွက် မျဉ်းတစ်ကြောင်း Chart ပေါ်မှာ ထည့်သွင်းပေးပါလိမ့်မယ်။ အဲဒီမျဉ်းကို ကိုယ်ကြိုက်သလို ရွှေ့ပေးနိုင်ပါတယ်။

EntryLevel (default = 0)
ဒီနေရာမှာ ဘာမှမပြင်လဲ ရပါတယ်။ EntryType မှာ Pending ကို ရွေးချယ်ထားခဲ့တယ်ဆိုရင်တော့ Entry Level မျဉ်းကို ရွေ့ပေးလို့ ရပါတယ်။

StopLossLevel (default = 0)
ဒီနေရာမှာ ဘာမှမပြင်လဲ ရပါတယ်။

TakeProfitLevel (default = 0)
Reward/Risk ratio ကို တွက်ဖို့အတွက် Take Profit level မျဉ်းကို ထည့်သွင်းပေးချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Entry Level နဲ့ သိပ်မကွာတဲ့ ဈေးနှုန်းကို ထည့်သွင်းပေးလိုက်ပါ။ Chart ပေါ်မှာ မျဉ်းပေါ်လာမှ ကိုယ်ကြိုက်တဲ့နေရာကို ရွှေ့ပြောင်းနိုင်ပါတယ်။

Risk (default = 1)
ဒီနေရာမှာတော့ ငွေစုစုပေါင်းရဲ့ Trade တစ်ခုအပေါ်မှာ အဆုံးရှုံးခံနိုင်တဲ့ ရာခိုင်နှုန်းကို ထည့်သွင်းပေးရပါမယ်။ မူရင်းကတော့ 1% ဖြစ်ပါတယ်။ ဒီနေရာမှာတော့ Popular Trader တွေ အကြံပေးတာကတော့ 1%-2% အထိပဲ ဖြစ်သင့်ပါတယ်တဲ့။

MoneyRisk (default = 0)
ရာခိုင်နှုန်းတစ်ခုနဲ့မဟုတ်ဘဲ Trade တစ်ခုမှာ ဒေါ်လာ ၂၀ အဆုံးရှုံးခံမယ်ဆိုရင် ဒီနေရာမှာ 20 ဆိုပြီး ရိုက်ထည့်ပေးရပါမယ်။ ရာခိုင်နှုန်းနဲ့ပဲ အသုံးပြုကြတာ များပါတယ်။

CommissionPerLot (default = 0)
1 lot မှာ ပေးရတဲ့ Broker ကော်မရှင်ကို ထည့်သွင်းပေးနိုင်ပါတယ်။ ကော်မရှင်မပေးရဘူးဆိုရင်တော့ မူရင်းအတိုင်းပဲ ထားနိုင်ပါတယ်။

UseMoneyInsteadOfPercentage (default = false)
အဆုံးရှုံးခံနိုင်တာကို ရာခိုင်နှုန်းနဲ့မသုံးဘဲ ငွေပမာဏနဲ့ တွက်ချင်တယ်ဆိုရင် ဒီနေရာမှာ True ကို ရွေးချယ်ပေးပါ။

UseEquityInsteadOfBalance (default = false)
ကိုယ့်ရဲ့ အကောင့် Balance ငွေပမာဏ (ဒါမှမဟုတ်) Equity ငွေပမာဏကို အခြေခံပြီး တွက်မှာလားဆိုတာကို ရွေးချယ်ပေးဖို့အတွက်ပါ။ ကိုယ်က အကောင့်ထဲကို ဒေါ်လာ ၁၀၀ ထည့်တယ်ဆိုပါစို့။ အကောင့် Balance မှာ ဒေါ်လာ ၁၀၀ ဆိုပြီးပြပါတယ်။ ကိုယ်က Trade ဖွင့်ထားတာရှိပြီး ၁၀ ဒေါ်လာလောက် အနှုတ်ပြနေတယ်ဆိုပါစို့။ အဲဒါဆိုရင် ကိုယ့်ရဲ့ Equity က ဒေါ်လာ ၉၀ ဆိုပြီး ဖြစ်နေပါမယ်။ ကိုယ်က ဘယ်ငွေပမာဏအပေါ်မှာ အခြေခံပြီး Lot ဆိုဒ်ကို တွက်မလဲဆိုတာကို ရွေးချယ်ရပါမယ်။ မူရင်းအတိုင်းကတော့ အကောင့် Balance ကို အခြေခံပြီး တွက်ပါတယ်။

DeleteLines (default = false)
တကယ်လို့ ကျွန်တော်တို့က Indicators ကို မသုံးချင်တော့လို့ ပြန်ဖြုတ်တာ၊ ပြန်ထည့်တာတွေ ပြုလုပ်ရင် Indicators ကနေ Chart ပေါ်မှာ ထည့်သွင်းတဲ့ မျဉ်းတွေကို ဖျက်ခိုင်းဖို့အတွက်ပါ။ မူရင်းကတော့ ကိုယ်သတ်မှတ်ထားတဲ့ TP, SL တွေကို မှတ်မိနေအောင် မဖျက်ပါဘူး။

အခြားဟာတွေကတော့ သိပ်အရေးမကြီးတဲ့ ကိုယ့်အကောင့်ရဲ့ Margin ကိုပြတာ၊ လိုင်းတွေရဲ့ အရောင်တွေပြောင်းတာ၊ Font အရွယ်အစားတွေကို ပြောင်းလဲတာ၊ စာလုံးတွေရဲ့ Position တွေကို ပြောင်းတဲ့ Parameter တွေ ဖြစ်နေလို့ မပြောတော့ပါဘူး။

Main Window

Separate Window

Indicator ကတော့ Main Window ပေါ်မှာ အချက်အလက်တွေဖော်ပြတာ (အပေါ်ပုံ) နဲ့ သီးသန့် Window တစ်ခုမှာ အချက်အလက်တွေကို ဖော်ပြတာ (အောက်ပုံ) ဆိုပြီး နှစ်ခုရှိပါတယ်။ ကိုယ်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ အပေါ်က ပုံနှစ်ခုကို ကြည့်လိုက်မယ်ဆိုရင် Chart ပေါ်မှာ ကိုယ်တိုင် ရွေ့ပြောင်းပေးနိုင်တဲ့ မျဉ်းတွေ၊ Entry Level, Stop Loss, Take Profit Level တွေနဲ့ Trader အနေနဲ့ ဖွင့်ရမယ့် Lot ဆိုဒ်ကို အနီရောင်နဲ့ ပြထားပေးတယ်ဆိုတာ တွေ့ပါလိမ့်မယ်။

Indicator တွေကို ထပ်ပေါင်းထည့်ပြီး အသုံးမပြုတတ်ဘူးဆိုရင်တော့ ဒီလင့်မှာ ပုံတွေနဲ့အတူ ရှင်းပြထားပါတယ်။

တကယ်လို့ Trader အကောင့်မရှိသေးဘူးဆိုရင် အွန်လိုင်းကနေ Forex Trading ပြုလုပ်နိုင်ဖို့အတွက် နာမည်ကြီး Broker တစ်ခုဖြစ်တဲ့ FBS မှာ Trader အကောင့်ဖွင့်တာကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။

Indicator ထည့်သွင်းတာမှာ အခက်အခဲရှိတယ်ဆိုရင်တော့ အောက်မှာ ကွန်းမန့်ရေးပြီး ပြောခဲ့နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
Read More

How To Add and Use Custom Indicators To MT4

5:30 AM |

အခုပို့စ်မှာတော့ ကျွန်တော်တို့ အသုံးပြုလိုတဲ့ MT4 Indicators တွေကို ထပ်ပေါင်းထည့်တာကို ပုံတွေနဲ့အတူ ပြောပြပေးသွားပါမယ်။


၁။ အရင်ဆုံး ကိုယ်ထပ်ပေါင်းထည့်ချင်တဲ့ Indicators တွေကို အရင်ဆုံး Copy ကူးထားလိုက်ပါ။ Indicator ဖိုင်တွေက (***.mq4) File extension နဲ့ ဖြစ်ပါတယ်။ ပြီးရင် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း MT4 မှာ File Menu ကနေ Open Data Folder ဆိုတာကို ဖွင့်လိုက်ပါ။


၂။ ပြီးရင် အပေါ်က ပုံမှာပြထားတဲ့အတိုင်း MQL4 ဖိုင်ကို ဖွင့်လိုက်ပါ။


၃။ ပြီးရင် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Indicators Folder ကို ဖွင့်ပြီးတော့ ကူးထားတဲ့ (***.mq4) ဒါမှမဟုတ် (***.ex4) ဖိုင်တွေကို Paste လုပ်ပြီး ကူးထည့်လိုက်ပါ။ ပြီးရင်တော့ MT4 ကို Restart လုပ်ဖို့အတွက် ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ MT4 ကို ပိတ်ပြီးတော့ ပြန်ဖွင့်ဖို့လိုပါတယ်။


၎။ ထည့်သွင်းလိုက်တဲ့ Indicators တွေကိုတော့ အပေါ်ကပုံမှာပြထားတဲ့အတိုင်း Custom ကနေ Indicators နာမည်အတိုင်း ရှာဖွေထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။


၅။ တချို့ Indicators တွေနဲ့အတူ Templates ဖိုင်တွေပါ တပါတည်း ပါလာတတ်ပါတယ်။ Template ဖိုင်တွေက (***.tpl) File Extension နဲ့ ဖြစ်ပါတယ်။ အဲဒီဖိုင်တွေကိုတော့ templates Folder ထဲကို Copy ကူးယူထည့်ပါ။


၆။ Template ဖိုင်ကိုတော့ အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း Load Template ကနေ template နာမည်နဲ့ ရှာဖွေထည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။

Traders တွေအတွက် အသုံးဝင်မယ့် Indicators တွေကို ဆက်လက်ပြီး ပြောပြပေးပါမယ်။ Indicators တွေ ထည့်သွင်းတာမှာ အခက်အခဲရှိတယ်ဆိုရင် အောက်မှာရေးပြီး ပြောထားခဲ့နိုင်ပါတယ်။
Read More

Broker တစ်ခုကို ရွေးချယ်ခြင်း

8:30 PM | ,


World Market သို့ဝင်ရောက် အရောင်းအ၀ယ်ပြုလုပ်နေသော Trader များ အထူးအလေးနက်ထားပြီး စဉ်းစားသင့်သည့် အချက်များ

(၁) အကောင့်အတွင်းရှိ ငွေကြေးပမာဏအတွက် လုံခြုံစိတ်ချခိုင်မာမှု
ဤအချက်သည် Trader တိုင်းအတွက် အရောင်းအ၀ယ်ပြုလုပ်မည့် အကောင့်မဖွင်လှစ်မီ အခြေခံအကျဆုံး ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ သင့်ကို အရောင်းအ၀ယ်အကောင့် ၀န်ဆောင်မှုပေးမည့် Broker ကုမ္ပဏီ၏ ဂုဏ်သတင်းနှင့် နောက်ခံခိုင်မာမှုကို အလေးအနက်ထားသိရှိရန်လိုအပ်ပါသည်။

(၂) အကောင့်အတွင်း ငွေသားထည့်သွင်းခြင်းနှင့် အကောင့်မှ ငွေသားထုတ်ယူခြင်း
Broker အများစုသည် သင့်၏ အကောင့်အတွင်း ငွေသားထည့်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ကြပါသည်။ ဤသို့ဆိုလျှင် သင်၏ အကောင့်အတွင်းမှ ငွေသားထုတ်ယူမှုကို လည်း အကောင့်အတွင်း ငွေသားထည့်သွင်းခြင်ကဲ့သို့ လျှင်မြန်ချောမွေ့စွာ ဆောင်ရွက်ပေးရာတွင် Broker အချို့သာ ကောင်းမွန်စွာဆောင်ရွက်ပေးကြပါသည်။ ထို့ကြောင် အကောင့်အတွင်းမှ ငွေသားထုတ်ယူခြင်းကဏ္ဍတွင်လည်း အကြိမ်တိုင်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးနိုင်သည့် Broker ကို ရွေးချယ်ရန် အလွန်အရေးကြီးပါသည်။

(၃) Spread & Commission
သင့်၏ ဖွင့်လှစ်မည့် အကောင့်အတွင်း အရောင်းအ၀ယ်ပြုလုပ်သမျှ Trade Transaction များအပေါ် Spread ယူထားပြီးသည့်အပြင် ကော်မရှင်ခ ထပ်မံတောင်းယူခြင်းသည် နည်းလမ်းမကျကြောင်း ဦးစွာသိရှိထားရန်လိုအပ်ပါသည်။ ကမ္ဘာ့ ရင်းနှီမြုပ်နှံမှုဈေးကွက်ကြီတွင် ခိုင်မာမှန်ကန်သော Broker မှန်သမျှသည် Spread ယူလျှင် Commission zero သာဖြစ်ပါသည်။ ထိုအချက်ကိုသိရှိထားလျှင် သင့်ကို အရောင်းအ၀ယ်အကောင့် ၀န်ဆောင်မှုပေးမည့် Broker ကုမ္ပဏီသည် မည့်သည့်အမျိုးအစားဖြစ်သည်ကို charges မည်မျှတက်မည်ကို သိရှိတွက်ချက်နိုင်ပါပြီ။

(၄) Broker ကုမ္ပဏီ၏ Customer service ၀န်ဆောင်မှုအရည်အသွေး
သင့်အကောင့်နှင့် ပတ်သက်၍ဖြစ်စေ၊ ငွေသွင်းငွေထုတ်ကိစ္စဖြစ်စေ၊ သင် Trading ပြုလုပ်နေစဉ်အတွင်း အဆင်မပြေမှု တစုံတရာပေါ်လာပါက သင့်ကို ၀န်ဆောင်မှုပေးနေသော Broker ဆီသို့ အကူအညီ အလွယ်တကူ ဆက်သွယ်တောင်းဆိုနိုင်ပါသလား။ သင်၏ အခက်အခဲ အဆင်မပြေမှုကို သင့် Broker မှ အကောင်းဆုံးထိရောက်လျှင်မြန်စွာ တုံပြန်ဆောင်ရွက်ပေးပါသလား။ သင်၏ အခက်အခဲ အဆင်မပြေမှုများကို အကောင်းဆုံးထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးသော Broker သည်သာလျှင် Customer Service အရည်အသွေးပြည့်ဝသည် ဖြစ်၍ ထို Broker မျိုးကို စိစစ်ရွေးချယ်ရန် အထူးအရေးကြီးကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ကို Kyaw Tun ရဲ့ ပို့စ်ကို ပြန်လည် ကူးယူဖော်ပြပါသည်။

မှတ်ချက်။ ။ ကျွန်တော်ကိုယ်တိုင်ကတော့ FBS မှာ Trader အကောင့်ဖွင့်ထားပါတယ်။ FBS အကြောင်းကို ပိုမို သိရှိလိုပါက ဒီလင့်မှာ ဆက်လက်ပြီး ဖတ်ရှုနိုင်ပါတယ်။
Read More

QE (Quantitative Easing) ဆိုတာ ဘာလဲ။

4:30 PM | , ,


QE ဆိုတာကို အလွယ်ဆုံးရှင်းပြရရင် အစိုးရဗဟိုဘဏ်ကနေ ငွေတွေ ရိုက်ထုတ်လိုက်တာကို ခေါ်ပါတယ်။ ဒါများ ဘာဆန်းသလဲလို့ မေးစရာရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာလေးတွေရှိလို့ ရေးပြလိုက်ပါတယ်။

နိင်ငံတနိုင်ငံမှာ နိုင်ငံခြားပို့ကုန်ကရတဲ့ငွေဟာ နိုင်ငံခြားကတင်သွင်းရတဲ့ ကုန်တွေဝယ်ယူရတဲ့ငွေထက် နဲလာပြီဆိုရင် နိုင်ငံရဲ့ဘတ်ဂျက်မှာလိုငွေပြလာပါပြီ။ သဘောကတော့ အစိုးရလက်ထဲမှာ ပိုက်ဆံနဲသွားပြီ။ ဘတ်ဂျက်လိုငွေကို နိုင်ငံတော်စုဆောင်းထားငွေ National_Reserves ထဲက ထုတ်သုံးရတော့မယ်။ ထုတ်သုံးတဲ့ငွေတွေနဲ့ နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစတာတွေအတွက် ဘတ်ဂျက်ချပေးရမယ်။

ဒါပေမဲ့ နိုင်ငံတော်မှာ လိုငွေပြနေတိုင်း နိုင်ငံ့စုဆောင်းငွေထဲက အမြဲတမ်းထုတ်သုံးနေလို့ မရဘူးလေ။ စုဆောင်းငွေဆိုတာ နိုင်ငံခြားချေးငွေတွေ ပြန်ဆပ်ဖို့ရယ်၊ နိုင်ငံခြားကြွေးမြီတွေအတွက် အတိုးပေးဖို့ရယ်၊ အရေးပေါ်ကိစ္စတွေ ဥပမာအနေနဲ့ နိုင်ငံအချင်းချင်း စစ်ဖြစ်ရင်စတာတွေအတွက် အလုံအလောက် ချန်ထားရပါတယ်။

အဲဒီတော့ အစိုးရဟာ လိုငွေကိုဖြည့်ဆည်းပေးဖို့ နည်းလမ်းတွေ ကြံဆရတော့မယ်။ လိုငွေဖြည့်ဖို့ တနည်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာစေဖို့

(၁) မိမိနိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို ချရမယ်။ ငွေကြေးတန်ဖိုးကျရင် ထုတ်ကုန်တွေကို ဈေးသက်သက်သာသာနဲ့ ပို့နိုင်လို့ နိင်ငံခြားပို့ကုန်တွေကနေ ဝင်ငွေတွေရလာမယ်။

(၂) ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ချေးပေးတဲ့အတိုးကို လျှော့ချပေးရမယ်။ ပုဂ္ဂလိကဘဏ်တွေကလဲ စီပွားရးသမားလုပ်ငန်းရှင်တွေကို အတိုးနဲနဲပဲယူပြီးချေးပေးမယ်။ လုပ်ငန်းရှင်တွေ ဘဏ်ကငွေများများချေးပြီး လုပ်ငန်းမှာရင်းနှီးမြုပ်နံကြလို့ နိုင်ငံ့စီးပွားရေးတက်လာလိမ့်မယ်။

(၃) စီးပွားရေးသမားတွေ လူထုတွေဆီက ကောက်ခံတဲ့အခွန်အခတွေလျှော့ချပေးရမယ်။

အထက်က ရေးပြခဲ့တာတွေလုပ်ဖို့ကလဲ အစိုးရဆီမှာ နိုင်ငံ့အရံငွေဖြစ်တဲ့ စုဆောင်းငွေ အလုံအလောက်ရှိရမယ်။ အလုံအလောက်မရှိဘူးဆိုရင်တော့ အစိုးရအနေနဲ့ လုပ်ဖို့ နည်းလမ်းနှစ်သွယ်ပဲ ကျန်ပါတော့တယ်။

ပထမနည်းက နိုင်ငံခြားကနေ အတိုးနဲ့ငွေထပ်ချေးပေါ့။ အချိန်မှီပြန်မဆပ်နိုင်တဲ့အခါ အတိုးတွေ တက်သထက်တက်လာလို့ အစိုးရတွေဟာ သိပ်မလုပ်ချင်ကြဘူး။ အစိုးရက မလိုအပ်ပဲ နိုင်ငံခြားကငွေချေးရင် အတိုက်အခံတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအစိုးရ ပြုတ်ကျသွားရင် နောက်တက်တဲ့အစိုးရက ပြန်ဆပ်ရလိမ့်မယ်။ နောက်တက်တဲ့အစိုးရကလဲ အရင်အစိုးရလက်ထက်က ချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ လူတွေဆီက အခွန်အခတွေ တိုးကောက်ရတော့မယ်။ နောက်ဆက်တွဲဆိုးကျိုးတွေရှိလို့ နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားကို ကြည့်တဲ့အစိုးရတွေဟာ နိုင်ငံခြားက ငွေချေးတဲ့အလုပ်ကို အတတ်နိုင်ဆုံးရှောင်ကြပါတယ်။

ဒါဆို ဒုတိယနည်းကတော့ QE (Quantitative_Easing) လို့ ခေါ်ပါတယ်။ နိုင်ငံတော်ရဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေ အများကြီးထုတ်လိုက်တာပါ။ ဘယ်လောက်များများအထိ ထုတ်ဝေသလဲဆိုတာကတော့ ဗဟိုဘဏ်က စီးပွားရေးပညာရှင်တွေရဲ့ တွက်ချက်တတ်တဲ့ ကျွမ်းကျင်မှုပေါ်မှာ မူတည်နေပါတယ်။ ပိုက်ဆံတွေ မတရားရိုက်ထုတ်လိုက်လို့ လူတွေလက်ထဲ ပိုက်ဆံအများကြီးရောက်သွားရင် ကုန်ပစ္စည်းတွေ ဈေးတက်လာမယ်။ ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်လာမယ်။

အဲဒီတော့ အစိုးရဟာ နိုင်ငံ့လိုငွေကို ဖြည့်ဆည်းပေးဖို့ ဒီနည်းလမ်းနှစ်ခုထဲက တခုခုတော့ရွေးရလိမ့်မယ်။ မရွေးလို့မရပါဘူး။ ဘတ်ဂျက်မရှိလို့ဆိုပြီး အစိုးရက ဘတ်ဂျက်မချပေးဘူးဆိုရင် အစိုးရရဲ့ ယန္တရားကြီးတခုလုံး ရပ်ဆိုင်းသွားမယ်။ နိင်ငံ့တခုလုံးရဲ့ စီးပွားရေးကျဆင်းလာမယ်။ လူတွေရဲ့စီးပွားရေး ထိခိုက်လာမယ်။ လူတွေမကျေနပ်တော့ ဆန္ဒပြကြမယ်။ ဆူပူအုံကြွမှုတွေဖြစ်လာမယ်။ အစိုးရတောင် ပြုတ်ကျသွားနိုင်တယ်။

ဒီတော့ အစိုးရတွေဟာ ဒုတိယနည်းဖြစ်တဲ့ ဗဟိုဘဏ်ကနေ ပိုက်ဆံတွေအများကြီး ထုတ်လိုက်ပါပြီတဲ့။ ထုတ်လိုက်တဲ့ပိုက်ဆံတွေကို ဗဟိုဘဏ်ထဲမှာပဲ အလှကြည့်သိမ်းထားလို့မရဘူးလေ။ တိုင်းပြည်ရဲ့ စီးပွားရေးအထောက်အကူပြုဖို့ လူတွေလက်ထဲကို အဲဒီပိုက်ဆံတွေရောက်အောင် ဖြန့်ရမယ်။ ဘယ်လိုဖြန့်ရမလဲ။ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို အတိုးမယူပဲ ငွေချေးပေးမယ်။ Zero_Interest ပေါ့။ ပုဂ္ဂလိကဘဏ်တွေကလဲ လုပ်ငန်းရှင်တွေကို အတိုးနဲနဲလေးပဲယူပြီး ငွေချေးပေးကြမယ်။ မကြာခင်ကပဲ Denmark နိုင်ငံနဲ့ Switzerland နိုင်ငံတွေက အစိုးရတွေဆိုရင် Negative_Interst (0.6%)နဲ့ ပုဂ္ဂလိကဘဏ်တွေကို ငွေချေးပေးခဲ့ပါတယ်။ သဘောကတော ပုဂ္ဂလိကဘဏ်တွေက ငွေချေးရင် ဗဟိုဘဏ်ကချေးငွေရဲ့ အတိုး ၀.၆ ရာခိုင်နှုန်း နှစ်စဉ်ပြန်ပေးတယ်။

ဒီ QE (Quantitative_Easing) ကို နိုင်ငံတိုင်းမသုံးရဲကြပါဘူး အစိုးရအနေနဲ့ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးတွေကို အဖက်ဖက်က တွက်ချက်ပြီးမှ လုပ်ရတယ်။ တွက်ထားတဲ့အတိုင်းဖြစ်မလာခဲ့ရင့် နိုင်ငံ့စီးပွားရေးတခုလုံးက မောက်ကမဖြစ်လာနိုင်တာမို့ အင်မတန်ကြီးမားတဲ့ Risk ယူရပါတယ်။ အမေရိကန်နိုင်ငံဟာ စီးပွားရေးကျပြီး အလုပ်လက်မဲ့တွေထူပြောလာလို့ ဒီ QE ကို ၂၀၀၉ ခုနှစ်ကစပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ဒီ QE အတွက် အမေရိကန်ဒေါ်လာ ဘယ်လောက်များများ ထုတ်ဝေပေးလိုက်သလဲဆိုတာ မသိချင်ဘူးလား။ ၂၀၀၉ခုနှစ်ကစလို့ ၆နှစ်ကာလအတွင်း အမေရိကန်အစိုးရဟာ US $3 Trillions။ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၃ထောင်ပါ။ ထုတ်လိုက်တာတွေက ငွေစက္ကူချည်းပဲ မဟုတ်ပါဘူး။ Digital_Money လဲ ပါပါတယ်။ Digital_Money ကိုတော့ ကြုံမှရှင်းပြပါမယ်။

ယနေ့အချိန်မှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးတွေဖြစ်ကြတဲ့ တရုပ်၊ ရုရှားနဲ့ Europe နိုင်ငံတွေမှာ စီးပွားရေး အတော်လေးကျဆင်းနေကြပါတယ်။ အမေရိကန်နိုင်ငံဟာ QE ကြောင့် အခုစီးပွားရေးအတော်လေး တိုးတက်လာပါတယ်။ အလုပ်လက်မဲ့ဦးရေလဲ သိသိသာသာ ကျဆင်းသွားပါပြီ။ မကြာခင်ကပဲ အမေရိကန်အစိုးရက သူတို့ထုတ်ထားတဲ့ အမေရိကန်ဒေါ်လာငွေတွေကို မနက်ဖြန်ကနေ ပြန်လည်စတင်ပြီး သိမ်းယူတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ တချိန်ထဲမှာပဲ Europe နိုင်ငံတွေကလဲ မနက်ဖြန်ကစပြီး လာမဲ့(၁၈)လအတွင်း ယူရိုငွေ Euro ငွေပေါင်း 1.1Trillion ထုတ်ဝေတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ သူတို့လဲ အမေရိကန်ရဲ့ QE အောင်မြင်မှုကို အားကျပြီး လိုက်လုပ်ကြတော့မယ်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ မကြာခင် ဒီ QE စကားလုံးဟာ ကမ္ဘာတလွှားမှာ popular ဖြစ် ရေပန်းစားလာတော့မှာမို့ သိထားသင့်တယ်ထင်လို့ ရေးပြလိုက်ပါတယ်။
မှတ်ချက်။ အမေရိကန်ဟာ သူရဲ့ဒေါ်လာတွေကို ပြန်သိမ်းယူတော့မှာမို့ ဈေးကွက်မှာ ဒေါ်လာတွေ နည်းသွားလိမ့်မယ်။ အကျိုးဆက်ကတော့ မကြာခင် အမေရိကန်ဒေါ်လာဈေး တက်လာနိုင်တယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Slippage အကြောင်း သိကောင်းစရာ

3:30 PM | ,


ဒီနေ့ XAUUSD မှာ Trade တစ်ခုကို ကျွန်တော် T/P နှင့် တကွ S/L ကို ထားပြီး Buy Trade တစ်ခုကို Long လုပ်ထားဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ Price ဟာ ရုတ်တရက် ထိုးကျဆင်းသွားခဲ့ပြီး pips တော်တော်များများကို ဆင်းသွားခဲ့ပါတယ်။ ဥပမာ S/L ကို 1081 မှာ ထားထားတာကို 1073 ရောက်သွားတဲ့ အချိန်ကျမှ Stop Out ဖြစ်သွားပါတယ်။ ကိုယ်အရှုံးခံနိုင်သည့် အကန့်အသတ်အနေဖြင့် ထားထားတဲ့ Risk ထက်ကို အတော်များများ ပိုမိုဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ account ဟာ leverage အတော်များများဖြင့် Trading လုပ်နေတယ်ဆိုပါက မိမိတို့ရဲ့ account ကို ဆုံးရှုံး သွားရဖို့ ရာခိုင်နှုံးအတော်များများ ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဘာကြောင့်ဖြစ်ရပါသလဲဆိုတာကို ကျွန်တော်တို့ ဆက်လေ့လာကြရမှာ ဖြစ်ပါတယ်။

ပထမဦး ဆုံးအနေနဲ့ ဆန်းစစ်ကြည့်ရမှာကတော့ ကျွန်တော်တို့သုံးနေတဲ့ Platform ကိုပါပဲ။ ရုတ်တရက် ထိုးကျသွားတဲ့ Price Action ဟာ ကိုယ်သုံးနေတဲ့ Platform မှာ ရောက်ခဲ့တဲ့ ဈေးသို့ အခြားအခြားသော Platform တွေမှာရော ရောက်ခဲ့သလား ဆိုတာကိုပါပဲ။ Broker platform ပေါ်မူတည်ပြီးတော့ ကွဲပြားတက်တယ်ဆိုတာပါပဲ။ အထူးသဖြင့် volatile ဖြစ်တဲ့အခါဆိုရင် ပိုးဆိုးတက်ပါတယ်။ အငွေ့ပျံလွယ်တဲ့ အခြေအနေပေါ့။ ဈေးတက်လိုက်ကျလိုက် အချိန်တိုတိုအတွင်းမှာ ဈေးအရမ်းကစားတဲ့အချိန်မှာ ဖြစ်တက်တာကို ဆိုလိုပါတယ်။ တစ်ခါတစ်လေ Market အဖွင့်မှာ gap up တို့ gap down ဆိုတဲ့ ဈေးခုန်ကျော်တဲ့အခါလည်း ဖြစ်တက်ပါတယ်။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ account ကို စိတ်ချနိုင်ဖို့ အတွက် ယေဘုယျ အားဖြင့် S/L ကို 100% ယုံကြည် စိတ်ထားလို့ မရနိုင်ပါဘူး ။ အထက်ပါ ဖေါ်ပြခဲ့သော ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်အတွက်ပါ ထည့် စဉ်းစားဖို့ လိုလာတာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုဖြစ်မလဲ။ ကျွန်တော်တို့ Broker တိုင်းကို ယုံကြည်လို့ မရပါဘူး။ အချို့ဈေးပေါပေါ spread ပေးတဲ့ လူလိမ်ပွဲစားတွေ အများကြီး ရှိပါတယ်။

Stock ပဲ ဖြစ်ဖြစ်၊ Forex ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ထားလိုက်တဲ့ S/L တို့ T/P ရောက်တဲ့ အခါကျလျှင် အခြားတစ်ဖက်က ကိုယ့်ကို ဆန့်ကျင်ပြီး ရောင်းမယ့်သူ ၀ယ်မယ့်သူ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဥပမာ ကျွန်တော်တို့က ၀ယ်ထားတဲ့ Trade တစ်ခုကို S/L တို့ T/P တို့ ရောက်လျှင် ပြန်ရောင်းမယ် ဆိုပြီး သတ်မှတ်ထားသော်လည်း အဲ့ဒီ Price ကို ဖြတ်သွားတဲ့ အချိန်က သိပ်မြန်တာရယ် ၀ယ်မယ့်သူ လုံလုံလောက်လောက် မရှိတာရယ်ကြောင့် အဲ့ဒီ Price ကို ကျော်လွန်သွားပြီးမှ ၀ယ်သူ ပေါ်လာလို့လဲ ဖြစ်တက်ပါတယ်။ ဒါဟာ အမှန်တကယ် ဖြစ်တာလဲရှိသလို Broker ကလုပ်တာလည်း ရှိပါတယ်။ တခြား Broker နဲ့ယှဉ်ကြည့်တော့ အဲ့ဒီအချိန်မှာ အဲ့ဒီဈေးကို မရောက်တက်တာလည်းရှိပါတယ်။

နောက်တစ်ခုက illiquidity ဆိုတာက ၀ယ်မည်၊ ရောင်းမည့်သူနည်းပါးတဲ့ အချိန်ပါပဲ။ Trading က နှစ်ဖက် ရောင်းသူဝယ်သူရှိမှ အလုပ်ဖြစ်သွားတက်တာပါပဲ။ Forex လိုမျိုး တကမ္ဘာလုံးက အချိန်နဲ့ တပြေးညီ Trading လုပ်နေကြတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်မျိုးက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တက်ပါတယ်။ ဒါပေမယ့်လည်း ဒါကို အခွင့်ကောင်းယူပြီးတော့ Broker အချို့ကလည်း ရယူအသုံးချတက်ပါတယ်။ ဒါကြောင့်မို့ Broker ရွေးချယ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့လိုပါတယ်။

Slippage ကို အဓိပ္ပါယ်ဖွင့်ဆိုရရင် မိမိတို့ ရည်မှန်းထားသည့် နောက်ကျမှ အလုပ်ပြီးစီးခြင်းလို့ ဆိုရမှာပါ။

Translate slippage to Use over time for: slippage
What is Slippage? Slippage ဆိုတာဘာလဲ။
Slippage is when an order is filled at a price that is different than the requested price.
Slippage ဆိုတာ order တစ်ခုကို requested price ထက်ကို ကွဲပြားခြားနားတဲ့ Price တစ်ခုမှာ filled လုပ်ခြင်းခံရတဲ့ ဖြစ်ရပ်ပါပဲ ။

Trade တစ်ခုရဲ့ မျှော်လင့်ထားတဲ့ဈေးနှုံး နဲ့ အမှန်တကယ် အဲ့ဒီ Trade ရဲ့ အလုပ်ဖြစ်သွားတဲ့ ဈေးနှုံး တွေရဲ့ ကွာခြားချက် ဖြစ်ပေါ်လာပါတယ်။

Slippage ဟာ မြင့်မားသော ဈေးနှုံးကစားတဲ့ အချိန်ပိုင်းတွေမှာ မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ market orders တွေ များစွာပေးတဲ့အခါ၊ ကြီးမားသော orders တွေကို ပြုလုပ်ခိုင်းခံရတဲ့အခါ၊ Trade ရဲ့ ဆုံးဖြတ်မျှော်လင့်ထားသောဈေးနှုံးကို လက်ခံနိုင်ရန် စိတ်ဝင်စားခံရမှု လုံလုံလောက်လောက်မရှိတဲ့ price level တွေမှာ ဖြစ်တက်ပါတယ်။

Slippage ဟာ Forex နှင့် stock trading နှစ်ခုစလုံးမှာ အသုံးပြုလေ့ရှိတဲ့ စကားအသုံးအနှုံး တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးအတွက် တူညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစား trading တစ်ခုစီအတွက် ကွဲပြားခြားနားတဲ့ အခြေအနေတွေမှာ Slippage ကိုတွေရှိရပါတယ်။

Forex မှာဆိုလျှင် order မှာ မူလရည်ရွယ်တာထက် ပိုမိုဆိုးဝါးတဲ့နှုံးတစ်ခုအဖြင့် Limit Order တစ်ခု ဒါမှမဟုတ် Stop Loss တွေ ဖြစ်သွားတယ်ဆိုရင် slippage ဖြစ်ပေါ်လာတာပါပဲ။

Slippage သည် တက်လိုက်ကျလိုက် ဈေးကစားနေသော အချိန်၊ သတင်းအသစ် အဖြစ်အပျက်များ ဖြစ်ကောင်းဖြစ်လာနိုင်သော အချိန်နဲ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တဲ့ သတ်မှတ်ဈေးနှုံးတစ်ခုမှာ order တစ်ခုကို ပြုလုပ်ထားသောအခါမျိုးတွင် မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။

ဒီအခြေအနေမှာ Forex dealers အများစုဟာ နောက်တစ်ကြိမ် အကောင်းဆုံး ဈေးနှုံးမှာမှ Trade ကို ၀င်ကြပါတယ်။

Stocks trading မှာတော့ Slippage ဟာ spread ပြောင်းလဲမှု တစ်ခု ဖြစ်လာတဲ့အခါမှာ မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ ဒီနေရာမှာ trader တွေရဲ့ market order တစ်ခုထားရှိထားမှုဟာ မျှော်လင့်ထားသော ဈေးနှုံးထက်လွဲနေသော ဈေးနှုံးတစ်ခုဖြင့် လက်ခံဆောင်ရွက်တာကို ခံရနိုင်ပါတယ်။

ဒီနေရာမှာ long trade (buy trade) တစ်ခုအတွက်ကတော့ trader တွေအတွက် ၀ယ်ဈေး ask ဟာ မြင့်တက်နေမှာ ဖြစ်ပြီးတော့ short trade (sell trade) အတွက် ရောင်းဈေး bid တွေက နိမ့်ချခံရမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အချိန်မှာ market orders တွေကို ရှောင်နေခြင်းအားဖြင့်

Traders တွေဟာ slippage ဖြစ်ခြင်းမှ သူတို့ကိုယ် သူတို့သာလျှင် ကာကွယ်ကူညီ ရမှာ ဖြစ်ပါတယ်။

စကားစမြည်းအနေနဲ့ ပြောရရင် slippage နှင့်ပက်သက်ပြီး ကျွန်တော်ကြားတာကိုပြောရရင် ဂရုစိုက်ပြီး အလေးထားသင့်တဲ့ အထဲမှာရှိပါတယ်။ အမှန်တကယ် ရှိနေတာ ဖြစ်ပါတယ်။ ပုံမှန် ဈေးကွက် ဖြစ်ပေါ်နေမှုတွေဟာ traders တွေအတွက် ကောင်းသောအရာတွေကို ပေးစွမ်းနိုင်ပါတယ်။ liquidity provider သို့မဟုတ် bank တွေ ဟာ order တွေ ပေးပို့လာတဲ့အခါမှာ သူတို့ဟာ အကောင်းဆုံး ရနိုင်သော ဈေးနှုံး တွေနဲ့ ဖြည့်ပေးခြင်း ခံရပါတယ်။ ဖြည့်ပေးတဲ့ဈေးနှုံးကလဲ price requested ရဲ့ အပေါ် သို့မဟုတ် အောက်မှာရှိတဲ့ ဈေးနှုံးတွေကို ရွေးချယ်ပေးပါတယ်။

ဒီအယူအဆကို မှတ်ကျောက်တင်ရန် ကိန်းဂဏန်းအားဖြင့် ဥပမာပေးရရင် ကျွန်တော်တို့ EURUSD ကို current market rate of 1.3650 မှာ ၀ယ်ဖို့အတွက် အားထုတ်တယ်ဆိုကြပါစို့။ ဒီ order ကို ဖြည့်တဲ့ အခါမှာ potential outcomes အနေနဲ့ 3 ခု ရှိပါတယ်။

Outcome #1 (No Slippage)
တင်ပြခဲ့တဲ့ order နှင့် အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေးဟာ 1.3650 မှာပဲ လက်ခံ ရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းခဲ့တဲ့ ဈေးနှုံး တိတိကျကျပါပဲ) order ဟာ 1.3650 မှာပဲ ပြည့်သွားပါတယ်။

Outcome #2 (Positive Slippage)
တင်ပြခဲ့တဲ့ order နှင့် အကောင်းဆုံး ရနိုင်တဲ့ဝယ်ဈေးဟာ ရုတ်တရတ် ပြောင်းလဲသွားတဲ့ 1.3640 မှာ လက်ခံရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips နည်းနေပါတယ်။) ကျွန်တော်တို့ရဲ့ order ဟာ အကောင်အထည်ဖော်နေပါတယ် ။ order ဟာ ပိုမိုကောင်းမွန်တဲ့ဈေးနှုံး 1.3640 မှာ ပြည့်သွားပါတယ်။

Outcome #3 (Negative Slippage)
တင်ပြခဲ့တဲ့ order နှင့် အကောင်းဆုံးရနိုင်တဲ့ ၀ယ်ဈေးဟာ ရုတ်တရတ် ပြောင်းလဲသွားတဲ့ 1.3660 မှာ လက်ခံရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips များနေပါတယ်) ကျွန်တော်တို့ရဲ့ order ဟာ အကောင်အထည် ဖော်နေပါတယ်။ ဒါကတော့ order ဟာ 1.3660 မှာပဲ အပြည့်သွားမှာ ဖြစ်ပါတယ်။

ဘယ် အချိန်မှာမဆို ကျွန်တော်တို့ရဲ့ order တွေဟာ ကွဲပြားခြားနားတဲ့ price တွေနဲ့ အဖြည့်ခံနေရမှာ ဖြစ်ပါတယ်။ ဒါဟာ slippage ပါပဲ။

Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

မြန်မာ့ငွေတန်ဖိုးကျရင် ပို့ကုန်တင်ပို့သူတွေ ဘာကြောင့်ပျော်ကြသလဲ

7:30 PM |


လူတယောက်ဟာ ပြည်တွင်းမှာ အင်္ကျီတွေချုပ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့နေတယ်ဆိုကြပါစို့။

သူ့ရဲအကျီတထည်ဖြစ်အောင် လုပ်ရတဲ့ကုန်ကျစရိတ် (အင်္ကျီစဖိုး၊ ချုပ်လုပ်ခ၊ ရေဖိုးမီးဖိုး၊ သယ်ပို့ခ)အားလုံးတွက်လိုက်ရင် အင်္ကျီတထည်ကို မြန်မာငွေ၆ထောင်ကျပ် ကုန်ကျပါတယ်။

နိုင်ငံခြားကုမ္ပဏီတခုက အင်္ကျီတထည်ကို ၁၀ဒေါ်လာပေးပြီး အထည်တစ်ရာ မှာယူလိုက်ပါတယ်။ ကျသင့်ငွေစုစုပေါင်း ဒေါ်လာ၁၀၀ ပေးချေပါတယ်။ အဲဒီအချိန်မှာ ငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ကျပ်၁၀၀ဝ ဖြစ်လို့ အထည်တစ်ရာအတွေက် ရောင်းသူရလိုက်တဲ့ မြန်မာငွေဟာ ဒေါ်လာ၁၀၀၀xကျပ်၁၀၀၀=ကျပ်၁၀၀၀၀၀၀(၁၀သိန်း) ဖြစ်ပါတယ်။

သူရင်းထားတဲ့ အင်္ကျီအထည်တစ်ရာရဲ့ ကုန်ကျစရိတ်ဟာ အထည်၁၀၀xကျပ်၆,၀၀၀=ကျပ်၆၀၀,၀၀၀(၆သိန်း) ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ကျပ်၁၀သိန်း-၆သိန်း=ကျပ်၎သိန်း မြတ်လိုက်ပါတယ်။

တလကြာတော့ စောစောက နိုင်ငံခြားကုမ္ပဏီကပဲ အင်္ကျီအထည်တစ်ရာထပ် မှာယူပြန်တယ်။ အရင်ဈေးနဲ့ ဒေါ်လာတစ်ထောင်ပဲ ပေးချေတယ်။ အဲဒီအချိန်မှာ မြန်မာငွေဈေးကျပြီး တစ်ဒေါ်လာကို ကျပ်၁၂၀၀ဈေး ပေါက်နေတယ်။ ရောင်းသူရလိုက်တဲ့ ကျပ်ငွေဟာ ဒေါ်လာ၁၀၀၀xကျပ်၁၂၀၀=ကျပ်၁၂၀၀,၀၀၀(၁၂သိန်း)ဖြစ်သွားတယ်။

အင်္ကျီထုတ်လုပ်ခဟာ အရင်ဈေးပဲဖြစ်လို့ အရင်းဟာ ကျပ်၆သိန်းပါပဲ။ ဒါကြောင့် အခုတခေါက် သူရလိုက်တဲ့အမြတ်ဟာ ကျပ်၁၂သိန်း-၆သိန်း=၆သိန်း ဖြစ်သွားပါတယ်။

အရင်လက အမြတ်ငွေ၎သိန်း မြတ်နေရာကနေ အခု မြန်မာငွေဈေးကျသွားလို့ အခုတခါ ငွေကျပ်၆သိန်း မြတ်သွားပါတယ်။ ကျပ်ငွေဈေးကျလေ သူပိုမြတ်လေပါပဲ။

ဒါကြောင့်မြန်မာငွေဈေးထိုးကျ (ဒေါ်လာဈေးထိုးတက်)ရင် ပို့ကုန်သမားတွေသိပ်ပျော်ကြတယ်။ ဒါပေမဲ့ သွင်းကုန်သမားတွေအတွက်ကတော့ ဒေါ်လာဈေးတက်ရင် အမြတ်နည်းသွားလို့ ဒါမှမဟုတ် အရှုံးပေါ်လို့ မပျော်နိုင်ရှာကြပါဘူး။

ဒီဥပမာလေးက ရိုးရှင်းပေမဲ့ လူတွေသိသင့်တဲ့ စီးပွားရေး အခြေခံသဘောတရားလေးမို့ ရေးပြပေးလိုက်ပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Margin Trading ဆိုတာ

6:30 PM | ,


စတော့ရှယ်ယာတခုကို ဝယ်ချင်ရင် ဝယ်နိုင်မဲ့ငွေအလုံအလောက် ရှိရပါမယ်။ ဥပမာ ငွေကျပ်(၁၀၀)စီတန်တဲ့ စတော့အခုတစ်ထောင်ကို ဝယ်ချင်ရင် လက်ထဲမှာ ငွေကျပ်တစ်သိန်းရှိဖို့လိုတာပေါ့။

တကယ်လို့ လက်ထဲမှာရှိတဲ့ငွေက ကျပ်တစ်သိန်းမပြည့်ဘူး။ "၅၀၀၀၀"ပဲ ရှိနေတယ်ဆိုပါစို့။ အဲဒီစတော့ကို ဝယ်လို့ မရတော့ဘူးလား။ ဝယ်နိုင်တဲ့နည်း ရှိပါတယ်။ အဲဒါကို Margin_Trading လို့ခေါ်ပါတယ်။ Trading_on_Margin လို့လဲခေါ်တယ်။ Buying_on_Margin လို့လဲခေါ်ကြတယ်။ ဘယ်လိုပဲခေါ်ခေါ် "Margin" စကားလုံးပါရင် အဓိပ္ပါယ်က အတူတူပါပဲ။

Maring_Trading ကို လွယ်အောင်ပြောရရင် ရှယ်ယာပွဲစားဆီက ငွေချေးပြီး ရှယ်ယာဝယ်ယူခြင်းပါ။ ရှယ်ယာတန်ဖိုးရဲ့ (၁၀၀%)လုံးကိုတော့ ချေးယူလို့မရပါဘူး။ ရှယ်ယာပွဲစားဆီက ဘယ်လောက်ပဲ ချေးယူနိုင်တယ်ဆိုတာကို အစိုးရက သတ်မှတ်ပေးထားပါတယ်။ ဥပမာ ဝယ်ချင်တဲ့ ရှယ်ယာတန်ဖိုးရဲ့ ၅၀% ထက် ပိုချေးလို့မရဘူးလို့ အစိုးရကသတ်မှတ်ထားရင် ၅၀%နဲ့ သူ့အောက်ပဲ ချေးယူခွင့်ရှိပါတယ်။ ကျန်တဲ့လိုငွေကိုတော့ ဝယ်သူက သူ့ပိုက်ဆံနဲ့ စိုက်ထုတ်ဝယ်ရပါမယ်။ အဲဒီစိုက်ထုတ်ဝယ်ရတဲ့ ပိုက်ဆံကို Margin လို့ခေါ်လို့ Margin_Trading နည်းလို့ပြောကြတာပါ။

"ဟာ ပွဲစားဆီက ငွေချေးပြီး ရှယ်ယာဝယ်လို့ရပြီ ဟန်ကျလိုက်တာကွာ"လို့ထင်စရာရှိပါတယ်။ "Margin_Trading" နည်းဟာ ကောင်းကွက်ရှိသလို မကောင်းတာလဲရှိပါတယ်။ ရှင်းပြပါမယ်။

‪ကောင်းတာက ရှယ်ယာဈေးတက်ရင် ရတဲ့အမြတ်အစွန်းများတယ်။ လက်ထဲရှိတဲ့ ပိုက်ဆံထက်တန်ဖိုးပိုများတဲ့ ရှယ်ယာတွေ အကြွေးနဲ့ဝယ်နိုင်တယ်။

ဥပမာပြောရရင် စောစောက ငွေကျပ်တစ်သိန်းတန်တဲ့ စတော့တစ်ထောင်ကို ဝယ်ချင်တယ်။ စတော့စုပေါင်းတန်ဖိုးတစ်သိန်းရဲ့ ၅၀%ဖြစ်တဲ့ ငွေ၅သောင်းကို ပွဲစားကိုပေးလိုက်ပြီး ကျန်တဲ့လိုငွေ၅သောင်းကို သူ့ဆီကစာချုပ်နဲ့ ချေးယူပြီး စတော့တွေဝယ်လိုက်တယ်။ စတော့ရှယ်ယာ ပိုင်ရှင်တယောက် ဖြစ်သွားပြီ။ မကြာခင်မှာပဲ ကိုယ်ဝယ်လိုက်တဲ့စတော့တွေရဲ့ဈေးဟာ ၂၅%တက်သွားလို့ ထုတ်ရောင်းလိုက်တယ်။ ငွေ"၁၂၅၀၀၀" ရလိုက်တယ်။ ပွဲစားဆီက ချေးထားတဲ့ငွေ "၅၀၀၀၀" ကို ပြန်ဆပ်လိုက်ရင် လက်ထဲမှာငွေ "၇၅၀၀၀" ကျန်ပါတယ်။ စောစောက ရင်းလိုက်ရတဲ့ငွေက ငွေ"၅၀၀၀၀" ပဲရှိတာမို့ အချိန်တိုတိုလေးအတွင်းမှာ အမြတ်"၂၅၀၀၀"ရလိုက်တယ်။ ဟန်ကျလိုက်တာကွာ။

‪‎မကောင်းတာက ရှယ်ယာဈေးကျရင် အရှူံးများတယ်။ ကြာကြာကိုင်ထားရင် ပေးရတဲ့အတိုးကြောင့် အရှူံးပေါ်လိမ့်မယ်။

စောစောကလူက ကံကောင်းပြီး ရှယ်ယာဈေးတက်တာနဲ့ကြုံလိုက်တာကိုး။ အခု ရှယ်ယာဈေး ကျသွားပြီဆိုပါတော့ ဘာဖြစ်မလဲ။ စောစောကဝယ်လိုက်တဲ့ ရှယ်ယာတစ်သိန်းရဲ့တန်ဖိုးဟာ ၂၅%ကျသွားပြီဆိုပါစို့။ အခု ငွေ "၇၅၀၀၀"ပဲ တန်တော့မယ်။ တကယ်လို့ ငွေလိုနေလို့ ပြန်ရောင်းလိုက်တယ်။ ငွေ "၇၅၀၀၀" ပဲ ပြန်ရမယ်။ ပွဲစားဆီက ချေးထားငွေ "၅၀၀၀၀" ကို ပြန်ဆပ်လိုက်ရင် လက်ထဲမှာငွေ "၂၅၀၀၀" ပဲ ကျန်တော့မယ်။ စောစောက ရင်းထားတဲ့ကိုယ့်ပိုက်ဆံက ငွေ"၅၀၀၀၀" မို့ အခုငွေ "၂၅၀၀၀" ရှူံးသွားပြီလေ။

မေးစရာရှိပါတယ်။ ရှယ်ယာဈေးကျနေလို့ ထုတ်မရောင်းဘူးကွာ။ ဆက်ကိုင်ထားလို့ မဖြစ်ဖူးလားလို့။ အဲဒီကျသွားတဲ့ ရှယ်ယာဈေး "၂၅၀၀၀" ကို ဝယ်သူက သူ့ငွေနဲ့ အမြန်ဆုံးပြန်ဖြည့်ပေးဖို့ ပွဲစားက အကြောင်းကြားပါလိမ့်မယ်။ အဲဒါကို "Margin_Call" လို့ခေါ်ပါတယ်။ ။ ကဲ မဖြည့်ဘူးဆိုရင်ကော ဘာလုပ်မလဲ။ စောစောကရှယ်ယာအားလုံးကို အစိုးရဥပဒေအရ ပွဲစားက ဝယ်သူကိုအသိပေးစရာမလိုပဲ ထုတ်ရောင်းနိုင်တယ်။ ပြန်ရောင်းလို့ရတဲ့ ငွေ"၇၅၀၀၀" ထဲက သူချေးပေးထားတဲ့ ငွေ"၅၀၀၀၀"ကို နူတ်ယူထားလိုက်ပြီး ကျန်ငွေ"၂၅၀၀၀"ကို ရှယ်ယာဝယ်သူထံပြန်ပေးလိမ့်မယ်။ ငွေ"၅၀၀၀၀" ရင်းထားတဲ့ဝယ်သူဟာ ငွေ"၂၅၀၀၀" ရှုံးသွားတာအတူတူပါပဲ။ (တကယ်တမ်းကျတော့ "၂၅၀၀၀"မက ရှူံးသွားတာပါ။ ဘာလို့လဲဆိုတော ချေးထားငွေအတွက် အတိုးပေးရသေးတယ်လေ)။

အကြမ်းဖျင်းပြောရရင် ရှယ်ယာဈေးတက်ရင် အမြတ်ကြီးကြီးရနိုင်သလို ရှယ်ယာဈေးကျရင်တော့ အရှူံးလဲကြီးလှပါတယ်။ ဒါကြောင့် ရှယ်ယာအကြောင်းနားလည်သူတွေက ရှယ်ယာဈေးတက်မယ်ထင်ရင် "Margin_Trading"နည်းနဲ့ ပွဲစားဆီက လိုငွေကိုချေးပြီး ဝယ်လိုက်တယ်။ ရှယ်ယာဈေးတက်တာနဲ့ မြန်မြန် ထုတ်ရောင်းပစ်လိုက်တယ်။ အမြတ်ကြီးကြီးကို မြန်မြန်ထက်ထက်ရအောင်ယူလိုက်တယ်။

ရှယ်ယာနားလည်သူတွေဟာ "Margin_Trading"နည်းနဲ့ ဝယ်ထားတဲ့ရှယ်ယာတွေကို လက်ထဲကြာကြာ ကိုင်မထားကြပါဘူး။ ရှယ်ယာဈေးကျရင် အရှူံးကြီးနိုင်တယ်။ ပွဲစားကိုလဲ သူချေးပေးထားတဲ့ငွေအတွက် လစဉ်အတိုးလဲပေးနေရသေးတယ်။ အတိုးကလဲ ရေရှည်မှာထိတာကိုး။

အခုတလော တရုပ်ပြည်မှာ ဖြစ်နေတဲ့ စတော့ရှယ်ယာဈေးကွက် ပြိုလဲကျဆင်းနေတဲ့ကိစ္စမှာ ရှယ်ယာဝယ်ထားသူ တရုပ်လူမျိုးအတော်များများဟာ "Margin_Trading"နည်းနဲ့ ဝယ်ထားကြတာမို့ ရှယ်ယာဈေးတွေလဲ ရုတ်တရက်ထိုးကျရော သူတို့တွေလဲ အရှုံးကြီးရှုံးကြတော့တာပါပဲ။ တချို့ဆို အိမ်ရောင်းပြီး ပွဲစားကိုငွေဖြည့်ပေးရတယ်။

မကြာခင် မြန်မာနိုင်ငံမှာစတော့အိပ်ချိန်းဈေးကွက်ကြီးပေါ်ပေါက်လာတော့မှာမို့ နားလည် ဆင်ခြင်နိုင်အောင် ရေးပေးလိုက်ပါတယ်။

‪မှတ်ချက်။ ဘယ်လိုစတော့ရှယ်ယာအမျိုးအစားကိုပဲ "Margin_Trading"နည်းနဲ့ ဝယ်လို့ရတယ်ဆိုတာကို အစိုးရကသတ်မှတ်ပေးထားပါတယ်။

ရေးသားသူ သိန်းဖေ(ခေတ္တ-စင်္ကာပူ)
Facebook Page မှ ကူးယူတင်ပြခြင်း ဖြစ်ပါသည်။
Read More

Forex Traders တိုင်းသိထားရမည့် Indicators လေးမျိုး

5:30 PM | , ,

အောက်ပါ Indicators အမျိုးအစားလေးမျိုးက Forex Traders တိုင်း မသိမဖြစ်၊သိထားရမည့် Indicators လေးမျိုးလို့ Senior Trader များက ပြောဆိုတတ်ကြပါတယ်။

ကျွန်တော်တို့ဈေးကွက်ကို ၀င်တဲ့အခါမှာ ဒီ Tools လေးခုကိုဆောင်ထားပြီး အသုံးပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပြီး၊ မှန်ကန်တဲ့အချိန်မှ ဈေးကွက်မှာ အရောင်းအ၀ယ်လုပ်နိုင်ခြင်း၊ ရသင့်ရထိုက်တဲ့ အမြတ်အစွန်းကို ရနိုင်ခြင်းတို့အတွက် သေချာတဲ့ အထောက်အကူပေးနိုင်မှာဖြစ်ပါတယ်။

ဒီ Indicator များကတော့
  1. A Trend-Following Tool (ဈေးကွက်က ဘယ်လားရာကိုရွေ့နေလဲဆိုတာ လိုက်ကြည့်ဖို့အတွက်)
  2. A Trend-Confirmation Tool (အထက်ကမိမိကြည့်မိတဲ့လားရာကို အတည်ပြုဖို့အတွက်)
  3. An Overbought/Oversold Tool (အရောင်းလွန်နေလား၊ အ၀ယ်လွန်နေလား ကြည်ဖို့အတွက်)
  4. A Profit-Taking Tool (အမြတ်ယူဖို့အတွက်)
အထက်ကဖေါ်ပြထားတဲ့ အချက် လေးချက်ကို ထပ်မံပြီး ကျွန်တော်နားလည်သလို ထပ်ရှင်းပြပါရစေ။

1. A Trend-Following Tool
Trend Following Tools (ခေါ်) Indicators ဆိုတာကတော့ ဈေးကွက်ကိုဝင်တဲ့အခါမှာ ဈေးကွက်အနေထားလားရာက ဘယ်လိုဖြစ်နေသလဲ၊ တက်နေသလား၊ကျသလား၊ ဒါတွေကို သိဖို့အသုံးပြုရတဲ့ Indicators များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

ဈေးကွက်ကို ၀င်ရာမှာ မိမိဝင်ရောက်မယ့်ဈေးကွက်ရဲ့ အခြေနေကို သိဖို့က နံပါတ်တစ် အရေးကြီးဆုံး ကိစ္စဖြစ်ပါတယ်။ ဈေးကွက်အခြေနေမသိ၊ လားရာမသိဘဲ ဈေးကွက်ထဲ ၀င်မယ်ဆို ကနဦးရင်ဆိုင်ရမှာက မိမိရဲ့ အရင်းအနှီးဆုံးရှုံးမှုဖြစ်ပါမယ်။ ပြီးရင်တော့ မိမိကိုယ်ယုံကြည်မှုဆိုတဲ့ ယုံကြည်မှုကို ဆုံးရှုံးရပါလိမ့်မယ်။

ဥပမာအားဖြင့် အခုမှစမယ့် အတက်လားရာအခြေနေတစ်ခုမှာ (ဘာဒေတာမှလည်း ထွက်စရာမရှိတဲ့ အချိန်မျိုး၊ Trend Reversal လည်း ဖြစ်ဖို့မရှိတဲ့ အခြေနေမျိုးမှာ) မိမိအနေနဲ့ အရောင်းအော်ဒါ Sell Order ကိုပေးမိမယ်ဆိုရင် အခြေနေကတော့ သိပ်ဆိုးသွားပါလိမ့်မယ်။

ဒီနေရာမှာ တစ်ခု အရေးကြီးပြောလိုတာက ဒီအဆင့် (၁) နေရာမှထားတဲ့ Trend Following Tools က Trend တွေကို လားရာကြည့်ဖို့အတွက် အသုံးပြုဖို့သာဖြစ်ပါတယ်။ ဒီအဆင့်လောက်နဲ့ အရောင်း၊ အ၀ယ် ၀င်မလုပ်စေချင်ပါဘူး။ အောက်မှာ ဆက်ဖေါ်ပြမယ့် အဆင့်တွေကို ပြီးဆုံးနားလည်အောင်ဖတ်ပြီး အဆင့်ဆင့်ဈေးကွက်ကို ၀င်ရမှာဖြစ်ပါတယ်။

ဒီအဆင့်မှာ အသုံးပြုလို့ရတဲ့ Indicators များစွာ ရှိပါလိမ့်မယ်။ အရိုးရှင်းဆုံးနဲ့ အသုံးဝင်ဆုံးဖြစ်နိုင်တာက Moving Average Crossover ဖြစ်ပါလိမ့်မယ်။

Moving Average ကို Chart မှာထည့်တာက တစ်ယောက်နဲ့တစ်ယောက်နဲ့တစ်ယောက်တော့ အိုင်ဒီယာ မတူနိုင်ပါဘူး။ ကျွန်တော်ကတော့ အောက်က အတိုင်းထည့်သုံးထားပါတယ်။

1st SMA>> Period 12, Shift 0, Method Simple, Apply to Close, Style 2 Pixel, Color Red
2nd EMA>>Period 26, Shift 0, Method Simple , Apply to Close, Style 2 Pixel, Color Blue

‪ထည့်ရမယ့် Period ကိုတော့ မိမိဘာသာ စမ်းသပ်လေ့လာ ထည့်သွင်းစေလိုပါတယ်။ တစ်ချို့ကတော့ 10/30၊ 50/200 စသဖြင့် ထည့်သုံးကြတာပါတယ်။ ဖတ်နည်းကတော့ အတူတူပဲဖြစ်ပါတယ်။

အထက်က ဖေါ်ပြထားတဲ့ SMA Indicators တွေရဲ့ အခြေခံအသုံးကတော့ Period အတိုလိုင်းက Period အရှည်လိုင်းကို အပေါ်ကနေ အောက်ကို ဖေါက်မယ်ဆိုရင် DownTrend ကို ဂရုစိုက်ရမှာဖြစ်ပြီး၊ အတိုလိုင်းက အရှည်လိုင်းကို အောက်ကနေ အပေါ်ကို ဖောက်ထွက်မယ်ဆို UpTrend ကို သတိထားရမှာဖြစ်ပါတယ်။ (‪မှတ်ချက်။ Time Frame အတိုမှာအဆင်မပြေပါ၊ ဒါ့အပြင် သတိထားရမယ် ပြောခြင်းပဲဖြစ်ပါတယ်။ ကိုယ်တိုင်လေ့လာသုံးစွဲကြည့်ဖို့ တိုက်တွန်းပါတယ်။)


2. A Trend-Confirmation Tool 
အထက်က Trend Following Tool ခေါ် Indicators အရ ကျွန်တော်တို့ဆီမှာ ဈေးကွက်ရဲ့လားရာ အတက်၊ အကျကို ကြည့်ဖို့ Indicators တစ်ခုတော့ ရပြီးဖြစ်ပါတယ်။ ဒါဆို အဲဒီ Trend က ဘယ်လောက်မှန်မမှန် အတည်ပြုဖို့ နောက်ထပ် Tool တစ်ခုဖြစ်တဲ့ Trend Confirmation Tools နဲ့ အတည်ပြုကြမှာဖြစ်ပါတယ်။


Trend Confirmation Tools နဲ့ အတည်ပြုပြီးမှ ဈေကွက်လားရာကို အမှန်သိပြီး Bear လား Bull လားဆိုတာ ယုံကြည်ချက်ရှိရှိ အတည်ပြုပြီး ဈေးကွက်ဝင်နိုင်မှာလည်း ဖြစ်ပါတယ်။


Trend Confirmation Indicator (or) Tool အနေနဲ့ အသုံးများဆုံးကတော့ Moving Average Convergence Divergence (MACD) ပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် 50-day and 200-day moving averages နဲ့ MACD Default Setting နဲ့တွဲသုံးကြတတ်ပါတယ်။

No. 1 နှင့် No. 2 Tools နှစ်ခုကို အဆင်ပြေသလို သုံးလို့ရပါတယ်။ တစ်ခုက Trend Following ယူရင် နောက်တစ်ခုကို Trend Confirmation အနေနဲ့သုံးပေါ့၊ ရပါတယ်။ ဒါ့အပြင် ဒီနှစ်ခုက ကျွန်တော့်အနေနဲ့ နမူနာအဖြင့်ပြထားတာပဲ ဖြစ်ပါတယ်။ ဒီထက်သင့်မယ့် Tools/Indicators တွေများစွာရှိပါသေးတယ်။

3. An Overbought/Oversold Tool
တတိယအချက်အနေနဲ့ မိမိအရောင်းအ၀ယ်လုပ်မယ့် အတွဲများရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အရောင်းအ၀ယ် အနေထားကို Overbought/OverSold ကြည့်ရမှာဖြစ်ပါတယ်။ ၀ယ်လိုအားများနေလား၊ ရောင်းလိုအားများနေလားသိမှလည်း ပစ္စည်းတစ်ခုကို ၀ယ်သင့်လား၊ရောင်းသင့်လားဆိုတာ ဆုံးဖြတ်လို့ လွယ်ကူမယ်ထင်ပါတယ်။

ဒီအချက်ကို သိဖို့ Tools တွေ Indicators တွေများစွာရှိနိုင်ပေမယ့် အသုံးအများဆုံးက RSI (Relative Strength Index) ပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် 3 Day RSI ကို အတိုအနေနဲ့သုံးတတ်ကြပါတယ်။

သူ့မှာ Netural Line က 50 ဖြစ်ပြီး သူ့အထက် 50+ ဆို Buy Zone ထဲရောက်နေတယ်လို့ပြောလို့ရပြီး၊ 50- ဆို Sell Zone ထဲရောက်နေတယ်လို့ပြောလို့ရပါတယ်။ အကြမ်းအားဖြင့် 30 ကို OverSold လို့ သတ်မှတ်ပြီး 70 ကို OverBought လို့နားလည်ထားရင်ရပါပြီ။

4. A Profit-Taking Tool 
ကဲ နောက်ဆုံးအနေနဲ့ အမြတ်ယူဖို့အတွက် အသုံးပြုနိုင်တဲ့ Tools ကို မိတ်ဆက်ပေးပါ့မယ်။ အထက်က အဆင့် ၃ ဆင့်နဲ့ တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း တိုက်ဆိုင်စစ်ဆေး အတည်ပြုလာပြီးတဲ့နောက်မှာတော့ ဒီအဆင့်မှာ ကျွန်တော်တို့ဟာ အမြတ်ရဖို့အတွက် နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။

ဒီအဆင့်မှာ အထက်က ဖေါ်ပြခဲ့တဲ့ RSI ကို အတိုအတွက်သုံးလို့ရသလို၊ ရေရှည်လော့များအတွက် 80 Day RSI ကိုပြောင်းသုံးလို့လည်းဖြစ်ပါတယ်။


အခြား Tool ကို ပြောင်းသုံးမယ်ဆိုရင်တော့ Bollinger Bands ကိုသုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် 20-day Bollinger Bands ကိုတော့ သုံးကြတာတွေ့ပါတယ်။

Bollinger Bands မှာဆိုရင် Bollinger Upper Band, Bollinger Lower Band and Bollinger Middle Band ဆိုပြီး Bands ၃ မျိုးပါပါတယ်။

Middle Band ကတော့ Moving Average သဘောပါပဲ၊ အထွေအထူးမရှိပါဘူး။ Upper Band နဲ့ Lower Band ကိုကြည့်ပြီးတော့ trends and reversals ကို မြင်ရင်ရပါပြီး၊ Bollinger Band ပုံတင်ပေးထားပါတယ်။ ပုံနှင့်တကွကြည့်လိုက်ရင် ဘာကို ဆုံးဖြတ်ရမလည်းဆိုတာ သိမယ်လို့ ယုံကြည်ပါတယ်။

ဒီအထက်က ရေးသားချက်တွေကတော့ ကျနော်ဖတ်ဖူးထားတာကို အားလုံးသိစေ၊ စမ်းသပ်စေ၊ အသုံးချစေ၊ အမြတ်ရစေနိုင်ဖို့ မြန်မာလိုတတ်စွမ်းသမျှရေးသားလိုက်ပါတယ်။ တကယ်လို့ အမှားအယွင်းရှိခဲ့ပါက ကျွန်တော်၏ ပေါ့ဆမှုကြောင့်သာဖြစ်ပါကြောင်း ကြိုတင်ဝန်ခံတောင်းပန်ပါရစေ။

အထူးအနေနဲ့ အထက်က အချက်လေးချက်ကို ဆက်စပ်တွေးတောကြည့်ပါလို့နဲ့ အချက်တစ်ခုစီမှာ နမူနာသုံးထားတဲ့ ပုံကိုလည်းကောင်း၊ အင်တာနက်ဝက်ဆိုဒ်မှလည်းကောင်း ထပ်မံရှာဖွေလေ့လာပါက ပိုမိုအကျိုးများမည်ဟု ယုံကြည်မိပါကြောင်း။

အားလုံးအောင်မြင်ကြပါစေ။

Facebook Group မှ ကိုလင်းဇေယျာကျော် ပို့စ်ကို ကူးယူဖော်ပြပါသည်။
Read More

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား

2:30 AM |


လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။ အင်္ဂုတ္တရနိကယ်မှာ ဒီလို ဟောထားပါတယ်။

ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။

ဗုဒ္ဓက ရှိတယ်၊ ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။

ဥဋ္ဌာနသမ္ဗဒါ
ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။ ဒက္ခ-လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ-ဇွဲကောင်းမှုရှိရမယ်၊ ဥပါယဝီမံသ-နည်းပညာရှိရမယ်။ ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။ ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်သုံးချက် ပါတယ်။ ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစားတော့ ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊ စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာ အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။ ပိဋကတ်တော်တွေထဲမှာပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒီသုံးရပ် ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ရှိရမယ်တဲ့။

အာရက္ခသမ္ဗဒါ
ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့် ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့်မရှိအောင် သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။ ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့ ဗုဒ္ဓကဟောထားတာ။ ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။

ကလျာဏမိတ္တာ
မိတ်ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊ အကျင့်စာရိတ္တကေယင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းတွေ အင်မတန်မှ လိုအပ်ပါတယ်။ ဒီကနေ့ခေတ်ကြည့် စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။ ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်းဥစ္စာတွေ ရရှိလာမယ်။ ထိန်းထိန်းသိမ်းသိမး ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။ သို့သော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံးသွားနိုင်တယ်။

သမ္မဇီဝိတာ
နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ် အရေးကြီးဆုံး တစ်ချက်ကတော့ သမ္မဇီဝိတာ၊ ရလာတဲ့ စည်းစိမ်ဥစ္စာ ကုယ်ထုတ်လုပ်တဲ့ ပစ္စည်း၊ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းဇယား ခိုင်ခိုင်မာမာထားပြီးတော ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။ သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေးပညာလိုပဲ။ ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။ သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။ ထိုနှစ်ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။

မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်ကတည်းက ကြိုးပမ်းအားထုတ်မှု၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု၊ မိတ်ဆွေကောင်းရှိမှု၊ ဝင်ငွေထွက်ငွေမျှမျှတတသုံးစွဲမှု ဆိုတဲ့ အချက်ကြီးလေးချက်ကို ဟောခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင် စီးပွားရေးက တိုတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်လေးချက်ပါပဲ။

အဂ္ဂမဟာပဏ္ဍိတ အရှင် နန္ဒမာလာဘိဝံသ(Ph.D)
မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ

Facebook Page မှ ကူးယူဖော်ပြပါသည်။
Read More

Winning Trading Plan တစ်ခု တည်ဆောက်ရန်

1:30 AM | ,


စီးပွားရေးနယ်ပယ်ထဲမှာ ပြောနေကြ စကားဟောင်းတစ်ခွန်း ရှိပါတယ်။ အဲ့ဒါကတော့ "Fail to plan and you plan to fail" ဆိုတာပါပဲ။ ဒါဟာ ရွှန်းရွှန်းဝေအောင် ပြောတက်သော အဆွယ်ကောင်းသော စကားသံပါပဲ။ သို့သော်လည်း Traders တွေ ပါဝင်တဲ့ အောင်မြင်မှုတွေ ဖြစ်တည်ဖို့ အကြောင်း အလေးအနက်ထားသူတွေရဲ့ အသံလည်းဖြစ်ပါတယ်။ ကျောက်စိုင်ကျောက်ခဲထဲမှာ ထွင်းထားသလိုမျိုး ဒီ စကားလုံး ရှစ်လုံး မှတ်ထားသင့်ပါတယ်။ မပြောင်းလဲသော အခြေခံသဘောတရားတစ်ခုအပေါ်မှာ ငွေရှာခဲ့တဲ့ traders တွေကို မေးကြည့်ပါက သူတို့ဟာ ကျွန်တော်တို့ကို ပြောပါမယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သေသပ်တဲ့ plan တစ်ခု ရေးဆွဲမလား သို့မဟုတ် ကျရှုံးမလား ဆိုတာကိုပါ။

အကယ်၍ ကျွန်တော်တို့မှာ trading သို့မဟုတ် investment plan တစ်ခုရေးထားတာရှိရင် ၀မ်းမြောက်စရာပါပဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ဟာ လူနည်းစုထဲမှာ ရှိနေတာပါ။ ဒါဟာ အောင်မြင်ဖို့ အကြွင်းမဲ့ အာမခံချက်မရှိစဉ်မှာပဲ အဓိက ပိတ်ဆို့မှုတစ်ခုကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ Plan ဟာ ချို့ယွင်းနေတဲ့စနစ် သို့မဟုတ် ကြိုတင်ပြင်ဆင်ထားတာမဟုတ်ပဲ အသုံးပြုမယ်ဆိုရင် အောင်မြင်မှုတွေဟာ ခပ်မြန်မြန်ရမှာ မဟုတ်ပါဘူး။ သို့သော်လည်း plan ရှိနေတဲ့အတွက် အနညှ်းဆုံး ကျွန်တော်တို့ဟာ အစီအစဉ်ဆွဲရန် အနေအထားတစ်ခုထဲမှာ ရှိနေပြီး ကျွန်တော်တို့ရဲ့ လမ်းကြောင်းကို ပြင်ဆင်မွမ်းမံရပါမယ်။ အစီအစဉ်တွေကို မှတ်တမ်းမှတ်ရာများဖြင့် မှတ်တမ်းတင်ခြင်းအားဖြင့် ထပ်တလဲလဲ ကုန်ကျစေမယ့်အမှားတွေကို ဘယ်လိုရှောင်ရှားရမယ်ဆိုတာနဲ့ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ရမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ plan ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ဒီမှာရှိတဲ့ စိတ်ကူးတစ်ချို့ဟာ အစီအစဉ်တွေနဲ့အတူ ကူညီဖို့ပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ ဘေးအန္တရာယ်ကို ရှောင်ခြင်း
Trading ဆိုတာ business တစ်ခုပါပဲ။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် ဒါကို ထိတွေ့ဆက်ဆံရမှာ ဖြစ်ပါတယ်။ စာအုပ်အချို့ကို ဖတ်ခြင်း၊ charting program တစ်ခုကို ၀ယ်ခြင်း၊ brokerage account တစ်ခုကို ဖွင့်ခြင်း နှင့် Trade သို့ စတင်ခြင်းတွဟာ business plan တစ်ခု မဟုတ်ပါဘူး။ ဒါဟာ အန္တရာယ် ဖြစ်ဖို့အတွက် ဆေးဖော်စပ်နည်း ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ Trading plan တစ်ခုမရေးခဲဘူးဆိုလျှင် market သို့ဝင်လိုက်တာနဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်လို့ the T-3 Fibs Protrader Program ရဲ့ developer တစ်ယောက်လည်းဖြစ်၊ အတွေ့အကြုံရင့်ကျက်သော trader တစ်ယောက်လည်းဖြစ်တဲ့ John Novak က ပြောခဲ့ပါတယ်။

Trader တစ်ယောက်ဟာ ဈေးကွက်ဟာ ဘယ်နေရာမှာ ရပ်မယ်၊ ပြန်လှည့်မည့် အလားအလာရှိမယ် ဆိုတာကို တစ်ခါလောက် သိတာနဲ့ သူတို့တွေဟာ သင့်လျော်သလို ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့ဟာ trade လုပ်နေစဉ်မှာ ခိုင်ခိုင်မာမာ plan တစ်ခု ရေးဆွဲသင့်ပါတယ်။ သို့သော်လည်း ဈေးကွက် တခါပိတ်တာနဲ့ ဒီကိစ္စရပ်တွေကို တစ်ခါပြန်လည် သုံးသပ်ရမှာပါ။ ဒါဟာ ဈေးကွက် အခြေအနေနှင့်အတူ ပြောင်းလဲလာတဲ့ Trader ရဲ့ ကျွမ်းကျင်တိုးတက်မှု Level ပါပဲ။ trader တစ်ယောက်စီဟာ သူတို့ရဲ့ ကိုယ်ပိုင်အကောင့် ဖြင့် Trade လုပ်သော အယူအဆနှင့် ရည်မှန်းချက်ထဲကမှ မိမိတို့ရဲ့ ကိုယ်ပိုင် plan ကို ရေးဆွဲသင့်ပါတယ်။ တယောက်ယောက် plan ကို အသုံးပြုခြင်းဟာလည်း ကျွန်တော်တို့ရဲ့ Trading ပုံစံ များကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

စံထားလောက်တဲ့ Master Plan တည်ဆောက်ခြင်း
Trading plan ကောင်းကောင်းတစ်ခုရဲ့ အစိတ်အပိုင်းတွေဟာ ဘာတွေပါလဲ။ ဒီမှာကတော့ plan တိုင်းမှာ ပါဝင်သင့်တဲ့ ပဓာနကျတဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးပါမယ်။ သို့သော်လည်း ဒါဟာ အကောင်းဆုံးမဟုတ်ဘူးဆိုတာတော့ မှတ်ထားပေးပါ။

ကျွမ်းကျင်စွာအကဲဖြတ်ခြင်း - Skill Assessment
ကျွန်တော်တို့ဟာ Trade လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ကျွန်တော်တို့ရဲ့ system တွေကို paper trading ဖြင့် စမ်းသပ်စစ်ဆေး ပြီးပြီလား။ ပြီးတော့ ဒါတွေလုပ်ဖို့ ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှု ရှိပါသလား။ တုံ့ဆိုင်းခြင်း ချီတုံချတုံမရှိပဲ ကျွန်တော်တို့ရဲ့ signals တွေနောက်ကို လိုက်နိုင်ပြီးလား။ markets တွေထဲမှာ Trading လုပ်ခြင်းဟာ အပေးနဲ့ အယူတို့ရဲ့ တိုက်ပွဲတစ်ခုပါပဲ။ ကြီးမားသောအမှားတွေဖြင့် ငွေတွေကို ဆုံးရှုံးစေပြီး plan တစ်ခုကိုမျှမရှိတဲ့ Traders အများစု အနားယူချိန်ကျမှ Pros အစစ်တွေဟာ အဆင်သင့် ပြင်ဆင်ပြီးတော့ အမြတ်တွေကို ရယူကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း - Mental Preparation
ကျွန်တော်တို့ ဘယ်လိုခံစားရပါသလဲ။ ကောင်းသော ညတစ်ညရဲ့ အိပ်စက်ခြင်းကို ကျွန်တော်တို့ ရရှိပါ၏ လော။ ရှေ့လျှောက်စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ဘယ်လိုခံစားမှာလဲ။ အကယ်၍ ကျွန်တော်တို့ဟာ စိတ်ထိခိုက်လွယ်တက်ပြီး markets အတွင်းသို့ တိုက်ပွဲဝင်ရန် စိတ်ဓါတ်ရေးရာ အဆင်သင့်မဖြစ်သေးဘူး ဆိုလျှင် အဲ့ဒီနေ့ကို အနားယူလိုက်တာ အကောင်းဆုံးပါပဲ။ အခြားနည်းဖြင့်ဆိုရလျှင် ကျွန်တော်တို့ရဲ့ ရှုံ့းနေတဲ့အရာကို ရပ်တန့်ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ Traders အများစုမှာ နေ့တစ်နေ့မစတင်ခင်မှာပဲ ဈေးကွက် ဂါထာမန္တရား တစ်ခုထပ်ခါတလဲလဲ ရွတ်ဆိုဖို့ကို အဆင်သင့် ဖြစ်နေပါတယ် ။ ဒါဟာ Trading zone ထဲမှာ ကျွန်တော်တို့ ရှိနေဖို့ကို ဖန်တီးလိုက်ပါတာ ဖြစ်ပါတယ်။

Risk Level ထားပါ - Set Risk Level
ဘယ် trade မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရဲ့ risk ကို ဘယ်လောက် ထားသင့်ပါသလဲ။ သတ်မှတ်တဲ့ trading day တစ်နေ့တာအပေါ်မှာ ကျွန်တော်တို့ရဲ့ အရင်းအနှီးရဲ့ ၁% မှ ၅% ထိ ဘယ်လောက်ကိုမဆို ထားနိုင်ပါတယ်။ ဆိုလိုတာက အဲ့ဒီနေ့မှာ ဘယ်အမှတ်မှာမဆို ဒီပမာဏဆုံးရှုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ Tradking desk မှ ထွက်သွားရမယ် ပြီးတော့ ငြိမ်နေရပါမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ Trading style နှင့် risk သည်းခံနိုင်မှုအပေါ်မှာ မှီခိုနေပါလိမ့်မယ်

ရည်ရွယ်ချက်ပန်းတိုင် ထားပါ - Set Goals
Trade တစ်ခုကို မ၀င်ခင်မှာ တိုးသာ၊ ဆုတ်သာတဲ့ အမြတ်ရရှိနိုင်တဲ့ပစ်မှတ်နှင့် အရှုံး-အနိုင်အချိုးကို ထားပါ။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အနည်းဆုံး အရှုံး-အမြတ်ဟာ ဘာပါလဲ ။ Traders အများစုဟာ အနည်းဆုံးလျာထားချက် အမြတ်ဟာ အရှုံးထက် သုံးဆမရှိပဲနဲ့ trade တစ်ခုကိုဝင်မှာ မဟုတ်ပါဘူး။ For example, ဥပမာအားဖြင့် ရှယ်ယာတစ်ခုမှာ တစ်ဒေါ်လာအရှုံးအနေနဲ့ Stop loss ထားမယ်ဆိုရင် သူ့ရဲ့ ပန်းတိုင်းကတော့ သုံးဒေါ်လာမြတ်ဖို့ပါပဲ။ အပတ်စဉ်၊ လစဉ်နှင့် နှစ်ပတ်လည်အမြတ်ပန်တိုင်ကို ဒေါ်လာပမာဏ သို့မဟုတ် ရင်းနှီးငွေရဲ့ရာခိုင်နှုံးတစ်ခုအဖြစ် ထားပါ။ သူတို့ကို ပုံမှန် ထပ်ပေါင်းထည့်ပါ။

ကျွန်တော်တို့ရဲ့ အိမ်စာတွေကို လုပ်ပါ - Do Your Homework
ဈေးကွက်မဖွင့်ခင်မှာ ကမ္ဘာတစ်ဝန်းလုံးမှာ ဘာတွေသွားနေလဲ။ ပြည်ပဈေးကွက်တွေဟာ တက်နေလား ကျနေလား ။ The S&P 500 or Nasdaq 100 exchange traded funds ကဲ့သို့သော အနာဂတ် ရည်ညွန်းကိန်းတွေဟာ အကြိုဈေးကွက်ထဲမှာ တက်နေသလား ကျနေသလား။ အနာဂတ်ရည်ညွန်းကိန်း ဆိုတာ ဈေကွက်မဖွင့်ခင်မှာ ဈေးကွက်အတိုင်းအတာ ဘယ်လိုဖြစ်မလဲဆိုတာကို ပြသနိုင်တဲ့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စီးပွါးရေး သို့မဟုတ် လုပ်ခလစာ ဘယ်လိုအချက်အလက်တွေဟာ ဘယ်အချိန်မှာ ထွက်ပေါ်လာမလဲပေါ့။ ကျွန်တော်တို့ရဲ့ အရှေ့မှာစာရင်းတစ်ခု ချိန်ဆွဲထားပြီးတော့ အရေးကြီးတဲ့ စီးပွားရေးသတင်းပို့ချက် တစ်ခု မတိုင်မှီ Trade လုပ်ချင်ပါက ဆုံဖြတ်ချက်ချပါ။ Trader အများစုအတွက် report ထွက်လာသည့်တိုင်အောင်စောင့်တာက မလိုအပ်တဲ့ ဆုံးရှုံးမှုတွေကို ရယူတာထက် ပိုမို ကောင်းမွန်ပါတယ်။ Pros တွေဟာ probabilities အပေါ်အခြေခံ၍ Trade လုပ်ကြပါတယ်။ သူတို့ဟာ လောင်းကစား မလုပ်ကြပါဘူး။

Trade ပြင်ဆင်ခြင်း - Trade Preparation
Trading day မတိုင်ခင်မှာ ကျွန်တော်တို့ရဲ့ကွန်ပြုတာကို resident memory တွေကို ရှင်းလင်းဖို့အတွက် reboot ပြန်ချပေးပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသုံးပြုတဲ့ trading system and program တွေ၊ support and resistance levels တွေရဲ့ major and minor label တွေ၊ entry and exit signals တွေ အတွက် ထားထားတဲ့ alerts တွေ နှင့် သေသေချာချာ ပြုလုပ်ထားတဲ့ signals အားလုံးဟာ အလွယ်တစ်ကူ မြင်နိုင်အောင် သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်အောင် ကြည်ကြည်လင်လင် မြင်လွယ်ကြားလွယ်နိုင်အောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Trading area ဟာ စိတ်ပျံ့လွင့်စေခြင်းတွေ မရရှိနိုင်တဲ့နေရာ ဖြစ်သင့်ပါတယ်။ ဒါဟာ စီးပွါးရေးတစ်ခု ဖြစ်တယ်ဆိုတာကို သတိထားပါ။ စိတ်ပျံ့လွင့်စေခြင်းသည် တန်ဖိုး ကြီးနိုင်ပါတယ်။

ထွက်ရမည့် စည်းကမ်းဥပဒေထားခြင်း - Set Exit Rules
Traders အများစုဟာ အာရုံစိုက်မှုရဲ့ ၉၀ရာခိုင်းနှုံး အမှားများကို ပြုလုပ်ပါတယ်။ Buy signals တွေကို ရှာဖွေနေစဉ်မှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်နိုင်မှုထက်ကို ပိုပြီးတော့ကို အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်နှင့် ဘယ်နေရာ ထွက်မယ်ဆိုတာကတော့ အလွန်နည်းနည်းပဲ ဂရုစိုက်ကြပါတယ်။ Traders အများအပြားဟာ သူတို့ဟာ ဈေးကျနေခဲ့လို့ရှိရင် မရောင်းနိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတိုဟာ အရှုံးတစ်ခုကို မလိုချင်ကြလို့ပါပဲ။ ဒါကို ကျော်ဖြတ်ပါ သို့မဟုတ် ကျွန်တော်တို့ဟာ ဒါမျိုးဆိုရင်တော့ သမာရိုးကျ trader တစ်ယောက်ကဲ့သို့ မလုပ်ရပါဘူး။ ကျွန်တော်တို့ရဲ့ stop ကို ထိသွားတာဟာ ကျွန်တော်တို့ မှားနေတယ်ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ဒါကို ကိုယ်တိုင် မရယူပါနဲ့ ။ Professional traders တွေဟာ သူတို့နိုင်တာထက်ကို ရှုံးတာက ပိုများပါတယ် ဒါပေမယ့် ငွေကြေး စီမံခန့်ခွဲခြင်းနှင့် အရှုံးတွေကို ကန့်သတ်ခြင်းအားဖြင့် သူတို့ဟာ နောက်ဆုံးမှာတော့ အမြတ်တွေကို ရှာဖွေမိပါတယ်။

ကျွန်တော်တို့ဟာ Trade တစ်ခုထဲကို မ၀င်ခင်မှာပင် ထွက်ရမယ့် နေရာတွေကို သိသင့်ပါတယ်။ ဒါဟာ Trade အားလုံးအတွက် အနည်းဆုံး နှစ်နေရာ ရှိပါတယ်။ ပထမနေရာကတော့ အကယ်၍ Trade ဟာ ကျွန်တော်တိုကို ဆန့်ကျင်ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ stop loss ဟာ ဘယ်နေရာမှာ ထားမလဲ။ ဒါကို ချရေးရပါမယ်။ စိတ်ကူးယဉ် stops တွေကို အားမထားရပါ။ ဒုတိယကတော့ Trade တိုင်းမှာ profit target တစ်ခုစီ ရှိနေရပါမယ်။ ဒီနေရာမှာ တစ်ကြိမ်မျှလောက်ရပြီးဆိုရင် ကျွန်တော်တို့ရဲ့ position ကို အပိုင်းခွဲပြီး ရောင်းပါ ပြီးတော့ ကျွန်တော်တို့ရဲ့ Stop loss ကို ကျွန်တော်တို့ ဆန္ဒရှိရင် ရှိသလို အရင်းရသည့် နေရာဖြစ်တဲ့ ကျွန်တော်တို့ရဲ့ position ရပ်နားရာနေရာပေါ်သို့ ရွေ့နိုင်ပါတယ်။ အထက်ပါ ဆွေးနွေးခဲ့သကဲ့သို့ ဘယ် Trade မှာမဆို အရှုံးဟာ ကျွန်တော်တို့ ရဲ့ ရင်းနှီးငွေရဲ့ သတ်မှတ်ထားသော ရာခိုင်နှုံးထက်ကို ဘယ်တော့မှ မကျော်လွန်စေရပါ။

ဝင်ရမည့် စည်းကမ်းဥပဒေကို သတ်မှတ်ခြင်း - Set Entry Rules
ဒီခေါင်းစဉ်ဟာ Exit rules ရဲ့ ခေါင်းစဉ်အောက်မှာ လာရတဲ့ အကြောင်းကတော့ exits တွေဟာ entries တွေထက်ကို ပိုမိုအရေးကြီးလို့ပါပဲ။ စံပြုထိုက်တဲ့ entry rule တစ်ခု ကိုစကားလုံး ရွေးချယ်သုံးနှုံးရမယ် ဆိုရင် (signal A ဟာ ပစ်လိုက်တယ်။ သူဟာ အနိမ့်ဆုံး ပစ်မှတ်တစ်ခု ကို သုံးကြိမ် ထိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Stop loss ဟာ အကောင်းဆုံး ဖြစ်ပြီးတော့ ကျွန်တော်တို့ဟာ Support မှာရှိနေပြီ ဆိုတာပါပဲ။ ထို့နောက် X အဆက်သွယ်တွေ သို့မဟုတ် shares တွေကို ဒီမှာ ၀ယ်ပါတယ်။ ) ကျွန်တော်တို့ရဲ့ system ဟာ ထိရောက်မှု ရှိစေရန် လုံလုံလောက်လောက် ရှုတ်ထွေးနေသင့်တယ်။ သို့သော်လည်း လွယ်ကူချောမွေ့စေသော ဖျက်လတ်သော ဆုံးဖြတ်ချက်များချမှတ်ရန် ဖူလုံသော ရိုးရှင်းမှု ရှိရပါမယ်။ အကယ်၍ ကျွန်တော်တို့မှာ အများစုဟာ subjective ဖြစ်ပြီးတော့ တွေ့ဆုံရမည့် ကန့်သတ်ချက် ၂၀ ရှိတယ်ဆိုရင် အမှန်တကယ် trades တွေ ပြုလုပ်ရန်မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ဟာ ဒါကို ခက်ခက်ခဲခဲ ရှာဖွေရပါလိမ့်မယ်။ ကွန်ပြူတာတွေဟာ မကြာခဏ လူတွေထက်ကို ပိုမိုကောင်းမွန်တဲ့ Traders အဖြစ် ပြုလုပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ computer –program generated ဖြစ်တဲ့ New York Stock Exchange အပေါ်မှာ ယခုတွေ့ရှိနေရတဲ့ Trades အားလုံးရဲ့ ၅၀ ရာခိုင်နှုံးနီးပါးက ရှင်းပြပါတယ်။ ကွန်ပြူတာတွေဟာ trade တစ်ခုကိုလုပ်ရန် တွေးတောရန် သို့မဟုတ် ကောင်းကောင်းခံစား တာတွေ မရှိပါဘူး။ အခြေအနေတွေ ပြည့်စုံတယ်ဆိုရင် သူတို့ဟာ ၀င်ပါတယ်။ Trade ဟာ မှားတဲ့ နည်းလမ်းတွေကို သွားတဲ့အခါ သို့မဟုတ် အမြတ်အမှတ်ကို ထိတဲ့အခါမှာ သူတို့ဟာ ထွက်ပါတယ်။ သူတို့ဟာ ဈေးကွက်မှာ ဒေါသထွက်တာတွေ မရှိပါဘူး။ သို့မဟုတ် ကောင်းတဲ့ trades အနည်းငယ် ရရှိပြီးချိန်တွင်လည်း ခံစားချက်ကင်းမဲ့ပါတယ်။ ဆုံးဖြတ်ချက်တိုင်းဟာ ဖြစ်နိုင်စွမ်းတွေရှိတဲ့အပေါ်မှာ အခြေခံပါတယ်။

ပိုမိုကောင်းမွန်သော မှတ်တမ်းများကို ထိမ်းသိမ်းခြင်း - Keep Excellent Records
အားလုံးသော traders ကောင်းတွေဟာ မှတ်တမ်းထိမ်းသိမ်းကောင်းတဲ့သူတွေလည်းပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ Trade တစ်ခုကို အောင်မြင်ခဲ့လျှင် သူတို့ဟာ ဘာကြောင့်နှင့် ဘယ်လိုဆိုတာကို တိတိကျကျ သိချင်ကြပါတယ်။ ပိုမို အရေးကြီးတာကတော့ သူတို့ ရှုံးတဲ့အခါမှာလည်း တူညီစွာ သိချင်ပါတယ်။ ထိုကြောင့် သူတို့ဟာ မလိုလားအပ်တဲ့ အမှားတွေ ထပ်ရောက်မလာစေချင်ကြပါဘူး။ ပစ်မှတ်၊ trade တစ်ခုစီရဲ့ entry and exit၊ အချိန်၊ support and resistance levels၊ နေ့စဉ် opening range၊ နေ့စဉ် market အဖွင့်နှင့် အပိတ်နှင့် ဘာကြောင့် Trade ကို လုပ်ရတယ် ဆိုတာနဲ့ သင်ခန်းစာသင်ယူခဲ့ပုံ အကြောင်းတွေရဲ့ မှတ်ချက် မှတ်တမ်းတွေကဲ့သို့သော အရာတွေကို အသေးစိပ် ရေးချပါ။ အသေးစိပ် system တစ်ခုအတွက် အရှုံး သို့မဟုတ် အမြတ်ကို စီစစ်ဖို့နဲ့ ပြန်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Trading records တွေကိုလည်းပဲ သိမ်းဆည်းသင့်ပါတယ်။ trading system တစ်ခုကို အသုံးပြုခြင်းကြောင့် trade တစ်ခုစီအတွက် ရှုံးသွားတဲ့ ပမာဏပြမယ့် draw-downs ၊ အချိန်တိုတိုနဲ့ အကျိုးများတဲ့ trade တွေကို တွက်ချက်ဖို့ လိုအပ်တဲ့ trade တစ်ခုစီအတွက် ပျဉ်းမျှအချိန်နှင့် အရေးကြီးသော အခြားအရာများ၊ နှင့် buy and hold strategy တစ်ခုနှင့် သူတို့ကို နှိုင်းယှဉ်ပါ။ ဒါဟာ စီးပွါးရေး တစ်ခုဆိုတာနှင့် ကျွန်တော်တို့ဟာ စာရင်းကိုင်များ ဖြစ်ကြတယ်ဆိုတာကို အမှတ်ရပါ။

Post-mortem တစ်ခု ပြီးမြောက်စေခြင်း - Perform a Post-Mortem
Trading day တစ်ရက် ပြီးတိုင်းမှာ အမြတ် သို့မဟုတ် အရှုံးတွေ ပေါင်းထည့်ခြင်းဟာ ဘာကြောင့်နှင့် ဘယ်လိုဆိုတာ သိနေရန်အတွက်က အဓိက အကြောင်းရင်းမဟုတ်သေးပါဘူး။ ကျွန်တော်တို့ရဲ့ trading journal မှာသာ ကောက်ချက်ရေးချရမှာ ဖြစ်ပါတယ်။ သို့မှသာ နောက်တစ်ကြိမ်မှာ သူတို့ကို ကျွန်တော်တို့ ကိုးကားနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ real money ဖြင့် Trading စတင်လုပ်တဲ့အခါမှာ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေကို ရရှိလာတဲ့အခါမှာ ကစားပွဲထဲသို့ emotions တွေလည်း ၀င်လာပါတယ်။ successful paper trading ဟာ အာမခံချက် မပေးပါဘူး။ သို့သော်လည်း successful trading ဟာ system ကို တကယ့် အလုပ်မှာ အသုံးပြုသွားတဲ့အခါ ရရှိတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုမျိုး trader ကို ပေးပါတယ်။ System ပေါ်မှာ ဆုံဖြတ်ချက်ချခြင်းဟာ လုံလောက်သော ကျွမ်းကျင်မှုကို ရရှိခြင်းထက် အနည်းငယ် အရေးကြီးပါတယ်။ ဒါကြောင့်မို့ သံသယဖြင့် ဆုံးဖြတ်ချက်များ သို့မဟုတ် မှန်းဆမှုစက္ကန့်များမရှိပဲနဲ့ trades တွေကိုပြုလုပ်ရန် ကျွန်တော်တို့ဟာ ကျွမ်းကျင်လာပါတယ်။

Trade တစ်ခုမှာ ငွေရရှိဖို့အတွက် အာမခံတဲ့နည်းလမ်းမရှိပါဘူး။ Traders တွေရဲ့ အခွင့်အရေးကတော့ winning and losing system နှင့် သူတို့ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ အခြေခံပါတယ်။ အရှုံးမရှိပဲ အနိုင်ရနေတယ့်အရာဆိုတာ မရှိပါဘူး ။ Pros traders တွေဟာ trade တစ်ခုကို မ၀င်ခင်မှာ သိရမှာက ကံကြမ္မာ ဆိုတာ သူတို့ရဲ့ မျက်နှာသာပေးမှုထဲမှာ ရှိနေပါတယ်။ သို့မဟုတ် သူတို့တွေဟာ ဒီမှာ မရှိပါဘူး။ သူတို့ရဲ့ အမြတ်တွေကို ဆက်လက်ခွင့်ပြုခြင်းအားဖြင့် စီးဆင်းစေ၍ အရှုံးတွေကို တိုတိုနဲ့ ဖြတ်နေပါတယ်။ trader တစ်ယောက်ဟာ အချို့သော စစ်ပွဲငယ်လေးတွေမှာ ရှုံးရမယ်။ ဒါပေမယ့် သူတို့ဟာ စစ်ပွဲကြီးမှာ နိုင်ပါလိမ့်မယ်။ traders အများစုနဲ့ investors အများစုဟာ ဒါကို ဆန့်ကျင်ဘက် ပြုလုပ်နေကြပါတယ်။ ဒီအကြောင်းတွေဟာ သူတို့ကို ဘယ်တော့မှ ငွေဖြစ်မလာစေပါဘူး။

အပြောင်းအလဲမရှိစွာ နေနိုင်နေတဲ့ Traders တွေဟာ Trading ကို စီးပွါးရေးတစ်ခုကဲ့သို့ ဆက်ဆံ ထိတွေ့ပါတယ်။ အပြောင်းလဲမရှိစွာ အောင်မြင်မှုနှင့် Trading game မှာ အသက်ရှင်ကျန်ရစ်မှု ဖြစ်လာစေချင်ရင်တော့ plan တစ်ခုရှိခြင်းဟာ အရေးပါပါတယ်။ ဒါဟာ အာမခံချက် မရှိစဉ်မှာပဲ သူတို့ဟာ ငွေလုပ်နိုင်ပါလိမ့်မယ်။

Myanmar Forex Traders Forum မှ ကူးယူဖော်ပြပါသည်။
Read More